← Chapters

မနာလိုခြင်း တော်ဝင်မိသားစု။လျို့ဝှက်ဆန်းကြယ်သော နောက်ယောင်ခံလိုက်သူ

Vol. 8 Ch. 120

မနာလိုခြင်း တော်ဝင်မိသားစု။လျို့ဝှက်ဆန်းကြယ်သော နောက်ယောင်ခံလိုက်သူ

Vol. 8 Ch. 120

တော်ဝင်အမျိုးသမီးသည် အသံတိတ်ည စိမ့်မြေဆီ ခေါ်လာလိမ့်မည်ဟု ချန်လွေ့ လုံးဝ မထင်ထားခဲ့ပေ။

ပုံမှန်အတိုင်းဆိုလျှင် အသံတိတ်ည စိမ့်မြေဆီသို့ သုံးရက်အတွင်း မည်သူမျှ မရောက်နိုင်ပေ။တော်ဝင်အမျိုးသမီးသည် အထူးနည်းလမ်းများကို အသုံးပြုခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

“ အသံတိတ်ည စိမ့်မြေက အကျယ်ကြီးပဲ။ကျွန်မတို့က အစွန်အဖျားကိုပဲ ရောက်နေသေးတာ။ ”

ချန်လွေ့ အနည်းငယ် ညည်းညူရင်း မေးလိုက်သည်။

“ နောက်ကလိုက်လာတဲ့သူတွေကို မျက်ခြေမဖြတ်နိုင်သေးဘူးလား။ ”

တော်ဝင်အမျိုးသမီးသည် ချန်လွေ့ကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်သည်။

“ ရစ်ချတ်။ရှင်က တကယ့်ကို ပါးနပ်တာပဲ။အမှန်အတိုင်းပြောရရင် ဆေးရည်မည်းနဲ့ ကျုံးထျန်ရွှမ် အရှိန်အဝါ သစ်သီးတွေကို ရှင်ထုတ်ပြတာတောင် ရှင့်ရဲ့ဆရာကို လုံးဝ ကျွန်မ လုံးမယုံကြည်သေးဘူး။ဒါပေမဲ့လည်း ရှင့်မှာ အဲဒါတွေမရှိရင်တောင် ထူးခြားတဲ့ ကိုယ်ပိုင် ပါရမီ ရှိနေတာပဲ။ကျွန်မရှင့်ကို ဘုရင်မ ကတ်သရင်းဆီ အကြံပြုပေးမယ်။ ရှင်ထင်ထားတာထက် ပိုရလိမ့်မယ်လို့ ကျွန်မ အာမခံတယ်။ ”

ချန်လွေ့ အနည်းငယ် အံ့ဩသွားပြီး အသာလေး ပြုံးလိုက်သည်။

“ ပိုပြီးတော့ ရနိုင်တယ်လား။လျို့ဝှက်ဆန်းကြယ်တဲ့ မိန်းမလှရောလား။ ”

“ နတ်ဆိုးဘုံမှာ တန်ဖိုးရှိနေသရွေ့ မရနိုင်တာ မရှိဘူး။ ”

တော်ဝင်အမျိုးသမီး၏ အဖြေသည် အလွန်ပါးနပ်လှသည်။အသိအမှတ်ပြုခြင်းလည်း မဟုတ်။ငြင်းပယ်ခြင်းလည်း မဟုတ်ပေ။

ရှီရာလည်း ထိုကဲ့သို့ ပုံစံမျိုး ပြောခဲ့ကြောင်း ချန်လွေ့ သတိရလိုက်သည်။အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် ချန်လွေ့သည် သူဌေးမတစ်ယောက်ကို ရုတ်တရက် သတိရသွား၏။

“ စိတ်မကောင်းပါဘူး။ကျုပ်ဘာကို ရနိုင်မလဲဆိုတာတော့ သေချာ မသိဘူး။ဒါပေမဲ့ သေချာတာကတော့ ကျုပ် သဘောတူလိုက်ရင် ထင်ထားတာထက် ပိုပြီး ဆုံးရှုံးရမယ် ဆိုတာပဲ။ ”

မူလက အရိပ်နက်အင်ပါယာသည် ကောင်းမွန်သော ရွေးချယ်မှုတစ်ခု ဖြစ်ခဲ့သည်။ သို့သော်လည်း အသီနာသည် အမှောင်လမြို့မှ ထွက်သွားမည် မဟုတ်ပေ။ရှီရာနှင့် အဲလစ်တို့သည်လည်း ချန်လွေ့၏ ရင်ဘတ်ထဲ၌ နေရာတစ်ခုစီ ရှိကြပြီး အဲဒက်စ်ကဲ့သို့ မိတ်ဆွေလည်း ရှိသည်။သံယောဇဉ် များစွာရှိနေသည့်အတွက် ချန်လွေ့သည် အမှောင်လမြို့ကို လက်မလွှတ်နိုင် ဖြစ်နေသည်။အရေးကြီးဆုံးမှာ [ အလင်းအမှောင် သော့ခလောက် ] မဖြုတ်ရသေးသည့် ပါ့ဂ်လီအိုဖြစ်ပြီး ရေကန်ပြာမှ သူ ထွက်မသွားနိုင်ပေ။ သဟဇီဝစာချုပ် ချုပ်ဆိုထားသည့်အတွက် အသီနာကို အရိပ်နက်အင်ပါယာဆီ ခေါ်သွား လျှင်တောင် ချန်လွေ့၏အသက်အန္တရာယ် စိုးရိမ်ရပေသည်။

“ ရှင့်ရဲ့ရွေးချယ်မှုကို နှမြောမိတယ်။ ”

တော်ဝင်အမျိုးသမီး သက်ပြင်းချလိုက်သည်။

“ ဒါပေမဲ့လည်း ရှင့်ရဲ့ ရိုးသားမှုကို အသတိအမှတ်ပြုပါတယ်။ဒီနေ့ ရှင် အသက်ရှင် နိုင်ပါစေလို့ မျှော်လင့်ပါတယ်။အနာဂတ်မှာ ကျွန်မတို့တွေ အစောကြီး.....ရန်သူတွေ မဖြစ်ပါစေနဲ့လို့ မျှော်လင့်တာပဲ။ ”

ချန်လွေ့ စိတ်ထဲ၌ ပြောလိုက်သည်။

ချီးကို ရိုးသားတာလား။ဖြေရှင်းရခက်တာက မင်းရဲ့ ဉာဏ်ပညာက ကြောက်စရာ ကောင်းနေလို့ပဲ။မဟုတ်ရင် ဟန်ဆောင်အညံ့ခံတဲ့ နည်းဗျူဟာ၊ဟန်ဆောင်ဒဏ်ရာရတဲ့ နည်းဗျူဟာ ဒါမှမဟုတ် ရုပ်ချောတဲ့ နည်ူဗျူဟာတွေ သုံးလိုက်ပြီ။ကံဆိုးတာကတော့ အခုဆိုရင် ထွက်ပြေးဖို့တောင် ပြဿနာရှိနေပြီ။

တော်ဝင်အမျိုးသမီးသည် ချန်လွေ့ကို အသံတိတ်ညစိမ့်မြေ အတွင်းထဲသို့ ခေါ်သွား လိုက်သည်။မြောက်မြားလှစွာသော နတ်ဆိုးမိကျောင်းများ၊လမ်းတစ်‌လျှောက်ရှိ ဧရာမ တုတ်ချောင်း‌ကောင်များကို ချန်လွေ့ မြင်တွေ့ခဲ့ရသည်။ဤသတ္တဝါများသာ ကမ္ဘာပေါ်၌ရှိခဲ့လျှင် အစွမ်းထက်သားရဲများအဖြစ် နာမည်တွင်သွားခဲ့ပေမည်။ သို့သော်လည်း ၎င်းသည် ဤနေရာတွင် အစာကွင်းဆက်၏ အလယ်အောက်ပိုင်း၌သာ ရှိနေသည်။ကမ္ဘာပေါ်ရှိ ငါးထက် နှစ်ဆကြီးသော ငါးတစ်ကောင်ကို အစွမ်းထက် အိမ်မြှောင် တစ်ကာင်က အလွယ်တကူပင် ဆုတ်ဖြဲလိုက်သည်ကို ချန်လွေ့ မြင်ခဲ့ရသည်။ အစွမ်းထက် အကာအကွယ် ရှိသည့် အပင်စား ဧရာမ ကုန်းလိပ်သည်လည်း ကြောက်မက်ဖွယ်ရာ ပုစဉ်းကောင်များ၏ စားသုံးခြင်းကို ခံရပြီးနောက်တွင် အခွံလွတ်သာ ကျန်ခဲ့တော့သည်။

တော်ဝင်အမျိုးသမီးသည် ‌ထိုသတ္တဝါများကို ရန်မပြုဘဲ ရှောင်တိမ်းသွားသည်။ တစ်ခါတစ်ရံ အစွမ်းထက် နတ်ဆိုးသားရဲ တစ်ကောင်အနား ရောက်သည့်အခါ သူထုတ်လွှတ်နေသည့် စွမ်းအင်များသည် သားရဲများကို ထွက်ပြေးသွားစေသည်။

တဖြည်းဖြည်းနှင့် မှောင်လာတော့သည်။

ရွံ့ဗွက်အိုင်သည် ညအခါ၌ အလွန်အေးလှသည်။ရံဖန်ရံခါတွင် သတ္တဝါများကို အော်ဟစ်သံ များကို အဝေးမှ ကြားနေရသည်။

ချန်လွေ့သည် ရထားလုံးပေါ်ရှိ မှော်အိမ်ကို မမြင်ရတော့ပေ။ထိုပစ္စည်း၏ အထူး ဝိသေသလက္ခဏာမှာ ပိုင်ရှင်သည် နေရာလွတ်၏ အတွင်းပိုင်းကို ထိန်းချုပ်နိုင်ခြင်း ဖြစ်သည်။သို့သော်လည်း အပြင်ပိုင်းခုခံမှုသည် မလုံလောက်သည့်အတွက် တစ်ယောက်ယောက် စောင့်ကြပ်နေရခြင်း ဖြစ်သည်။ထို့ကြောင့် ၎င်းသည် ဤကဲ့သို့ နေရာမျိုး၌ မသင့်တော်ပေ။

တော်ဝင်အမျိုးသမီးသည် မှော်နေရာလွတ် ကိရိယာတစ်မျိုးဖြစ်သည့် တဲအိမ်တစ်လုံးကို အသုံးပြုခဲ့သည်။အပြင်ဘက်၌ သေးငယ်ပုံထင်ရသော်လည်း အတွင်းဘက်မှ ၁၀စတုရန်းမီတာနီးပါး ကျယ်ဝန်းသည့် သီးသန့်နေရာလွတ် တစ်မျိုးဖြစ်သည်။မြေပြင်ကို ထူထဲသည့် ကော်ဇောဖြင့် ဖုံးလွှမ်းထားပြီး တဲအတွင်း၌ ကြမ်းခင်းအိပ်ယာများ၊ မှော်အလင်းရောင်များ အစရှိသည့် လိုအပ်သောအရာအားလုံး ရှိနေသည်။ထိုတဲအိမ်၏ အကြီးမားဆုံး လုပ်ဆောင်ချက်မှာ တဲ၏အပြင်ဘက်မှ အတွင်းဘက်မှနေ၍ အချိန်မရွေး ကြည့်နေနိုင်ခြင်းပင် ဖြစ်သည်။

ထိုကဲ့သို့ မှော်ကိရိယာ အမျိုးအစားများသည် အလွန်တန်ဖိုးရှိလှပြီး သာမန်လူများ မြင်တွေ့ရန် ခဲယဉ်းလှသည်။သို့သော်လည်း ဤလျို့ဝှက်ဆန်းကြယ်ပြီး ချမ်းသာ ကြွယ်ဝသည့် တော်ဝင်အမျိုးသမီး၌ နှစ်ခုပင် ရှိနေသည်။အရိပ်နက်အင်ပါယာ၏ တော်ဝင်သွေးမျိုးဆက်ဆိုသည့် အတိုင်းပင် ဖြစ်သည်။

နှစ်နာရီကြာတိုင်း တဲထဲ၌ သူတို့နှစ်ယောက် အနားယူကြသည်။တော်ဝင်အမျိုးသမီးသည် အရှိန်အဝါ သစ်သီးတစ်လုံးစားပြီးနောက် မျက်လုံးမှိတ်ပြီး ထိုင်ချကာ အစာချေဖျက် နေလိုက်သည်။တော်ဝင်အမျိုးသမီး၏ ခန္ဓာကိုယ်မှ စွမ်းအင်ယဲ့ယဲ့လေး ထွက်နေသည့် အတွက် ချန်လွေ့ မဆင်မခြင် မလုပ်ရဲပေ။

ခုနက ချန်လွေ့၏ ခံစားချက် မှန်နေသည်။တော်ဝင်အမျိုးသမီး၏ စွမ်းအားသည် အမှန်တကယ်ပင် ဖြည်းဖြည်းချင်း လျော့ကျနေသည်။အရှိန်အဝါအသီး စားသည်နှင့်အမျှ သူ၏စွမ်းအားများ ကျဆင်းလာသည်။သို့သော်လည်း [ သရုပ်ခွဲမျက်လုံး ] ကို အသုံးပြုလိုက်သည့်အခါ “ မဆုံးဖြတ်နိုင် ” ဟူ၍သာ ပြသနေသည်။

ချန်လွေ့သည် လွန်စွာ ပျင်းရိနေသည်။လိုင်ရာမြို့၌ ရှိနေစဉ်က ချန်လွေ့သည် ကျန်ရှိသည့် သတ္တုရိုင်း အပြုန်းများအားလုံးကို အရှိန်အဝါအဖြစ် ကူးပြောင်းပြီးသွားလေပြီ။ယခုတွင် အရှိန်အဝါ စုစုပေါင်းသည် ၁၁သိန်းခန့် ရှိနေပြီ ဖြစ်သည်။သို့သော်လည်း ကံဆိုးစွာပင် ချန်လွေ့ အသုံးမပြုနိုင်ပေ။

“ ခုနက ရှင်ဘာညည်းနေတာလဲ။ ”

အရှိန်အဝါသစ်သီးစားပြီးနောက် တော်ဝင်အမျိုးသမီးသည် ကြမ်းပြင်ပေါ်၌ တင်ပျဉ်ခွေထိုင်နေပြီး မေးလိုက်သည်။

“ ပျင်းတဲ့အခါ ညည်းတဲ့ သီးချင်းပါပဲ။ ”

ချန်လွေ့ ပြုံးဖြီးဖြီး လုပ်လိုက်သည်။

“ ခင်ဗျား ကြားဖူးလောက်မှာ မဟုတ်ဘူး။ကျုပ်ကိုယ်တိုင် ဖန်တီးထားတာ။ ”

ထိုနာမည်ကြီး သီချင်းသည် ကမ္ဘာပေါ်မှ ဖြစ်သည်။ဤနေရာ၌ ယခုမှ သီဆိုဖူးခြင်း ဖြစ်သည်။ထို့ကြောင့် ချန်လွေ့သည် ဗြုန်းစားကြီး ကိုယ်တိုင် မူပိုင်ခွင့် ယူလိုက်သည်။

“ ရှင်ပြောတာမှန်တယ်။ကျွန်မ တစ်ခါမှ မကြားဖူးဘူး။ဒါပေမဲ့ ဒါက နားဝင်ချိုတဲ့ သံစဉ် ရှိတယ်ဆိုတာ ကျွန်မပြောနိုင်တယ်။ရှင့်ရဲ့ ညည်းသံက တခြားစီပဲ။ရှင်က အဲဒီသီချင်းကို ဖန်တီးထားတယ်ဆိုတာ ယုံရခက်ခက်ပဲ။ ”

ချန်လွေ့ရှက်သွားပြီး “ ခင်ဗျားက ရသခံစားနိုင်မှုမှ မရှိတာ ” ဟု ပြောချင်ခဲ့သည်။ သို့သော်လည်း တော်ဝင်အမျိုးသမီးသည် သိုလှောင်လက်စွပ်ထဲမှ တစ်စုံတစ်ခုကို ထုတ်ကာ ဇာမျက်နှာလွှားနောက်သို့ ထားလိုက်သည်။ထို့နောက် ညင်သာစွာ မှုတ်လိုက်ရာ ချန်လွေ့ ခုနက ညည်းခဲ့သော သီချင်းသံ ထွက်ပေါ်လာသည်။

၎င်းသည် အမှားလုံးဝမရှိဘဲ တိကျနေရုံသာမက ကီးလွတ်သွားသည့် နေရာအချို့ကိုလည်း ပြန်လည် အမှန်ပြင်ပေးထားတယ်။၎င်းတွင် မူလသီချင်း၌ တွေ့ရသည့် နာဝင်ချိုမှုနှင့် လေးနက်သည့် ဆွဲဆောင်မှုတို့ပင် ပါဝင်နေပြီး တော်ဝင်အမျိုးသမီးသည် တကယ့် မူရင်းဖန်တီးရှင်သဖွယ် ဖြစ်နေသည်။

ချန်လွေ့ ခဏတာ ဆွံ့အသွားသည်။အကြွင်းမဲ့စွမ်းအားအရှေ့၌ လှည့်ကွက်အားလုံး အသုံးမဝင်ကြပေ။ကံကောင်းစွာပင် ချန်လွေ့သည် သူ့ကိုယ်သူ မှန်ကန်ကြောင်း မကြိုးစားမိခဲ့ပေ။ သို့မဟုတ်ပါက ကိုယ့်ပေါင်ကိုယ်လှန်ထောင်း နေသလိုပင် ဖြစ်နေပေ လိမ့်မည်။

တော်ဝင်အမျိုးသမီးသည် တီးမှုတ်ခြင်းကို ရပ်တန့်လိုက်သည်။

“ တောင်းပန်ပါတယ်။ကျွန်မက ဂီတကို တော်တော်လေး ‌သဘောကျတာ။အခု သီချင်းတစ်သစ်တစ်ပုဒ်ကြားလို့ မနေနိုင်ဘဲ ကျွန်မရဲ့မကျွမ်းကျင်မှုကို ပြလိုက်မိတယ်။ ရှင့်မှာ တခြားသီချင်းတွေ ရှိသေးလား။ ”

ဒါကို မကျွမ်းကျင်ဘူးလို့ သတ်မှတ်တာလား။

ချန်လွေ့ ရှက်သွားပြီး ပုန်းအောင်း ချင်မိသွားသည်။ယခုတစ်ခေါက်တွင် ချန်လွေ့သည် ရင်းနှီးသည့် နောက်ထပ်သီချင်းတစ်ပုဒ်ကို သေသေချာချာ ဆိုညည်းပြလိုက်သည်။

နားထောင်ပြီးနောက် တော်ဝင်အမျိုးသမီး ချက်ချင်း မတီးမှုတ်ဘဲ ခဏတာ တိတ်ဆိတ်သွားသည်။ထို့နောက် အချိန်ခဏကြာမှာသာ စတင်တီးမှုတ်တော့သည်။ စိမ့်မြေ၏ မြူနှင်များကြားထဲ၌ တေးသံသာသာသည် ငြိမ်သက်စွာ လွင့်ပျံနေပြီး နတ်မိမယ်တစ်ယောက် ညအမှောင်ထဲ တစ်ယောက်တည်း လမ်းလျှောက်ကာ အမှောင်ထု၏ အထီးကျန်မှုကို ပွေးဖက်နေသကဲ့သို့ပင် ဖြစ်နေသည်။

တေးသံ တဖြည်းဖြည်း တိတ်ဆိတ်သွားနောက်တွင် ချန်လွေ့သည် ခဏတာမျှ ဟာတာတာ ခံစားလိုက်ရသည်။ချန်လွေ့သည် တော်ဝင်အမျိုးသမီးကို ချီးကျူးရပေမည်။

ပါရမီရှင်။သူက တကယ့်ပါရမီရှင်ပဲ။သူတစ်ခေါက်ပဲ နားထောင်ပြီးတော့ သီချင်းရဲ့ တေးသွားကို သဘောပေါက်သွားတယ်။

“ ဒီသီချင်းကို ကျွန်မ တကယ် သဘောကျတယ်။ဒါကို ဘယ်လိုခေါ်လဲ။ ”

တော်ဝင်အမျိုးသမီး ရုတ်တရက် မေးလိုက်သည်။

“ လရောင်အောက် တစ်ကိုယ်တည်း ကခုန်ခြင်း။ဒါကို လူသားတေးသမား တစ်ယောက် ဖန်တီးထားတာ။ ”

ပညာရှင်တစ်ယောက်အရှေ့၌ ချန်လွေ့ ဟန်မဆောင်ရဲတော့ပေ။ထို့နောက် မဝံ့မရဲ မေးကြည့်လိုက်သည်။

“ ဒီသီချင်းက အထီးကျန်တယ်လို့ ခင်ဗျား မထင်ဘူးလား။ ”

“ ကျွန်မ အထီးကျန်နေတာလားလို့ ရှင်မေးချင်နေတာလား။ဒီလိုမျိုးတွေကို ကျွန်မ အများကြီး မြင်ဖူးတယ်။ရှင် ဒါကိုအသုံးချပြီးတော့ ကျွန်မတို့ရဲ့ ဆက်‌ဆံရေးကို တိုးတက်အောင် လုပ်မယ်ဆိုရင်တော့ ရှင့်အပေါ်ကို ကျွန်မနဂိုကရှိခဲ့တဲ့ ခင်မင်မှု နည်းနည်းလေးပါ ဆုံးရှုံးသွားနိုင်တယ်။ ”

ချန်လွေ့၏ အေးခဲနေသည့် အမူအရာကိုကြည့်ပြီး တော်ဝင်အမျိုးသမီး၏ မျက်လုံးထဲ၌ ရယ်မောသည့်အရိပ်အယောင် ပေါ်ထွက်လာသည်။

“ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ဒီသီချင်း နှစ်ပုဒ်အတွက် ကျေးဇူးပါပဲ။ကျွန်မ အထီးကျန်တဲ့အချိန် ဒီသီချင်းကို တီးမှုတ်ကြည့်နိုင်ပါတယ်။အမှန်အတိုင်းပြောရရင်.....ကျွန်မက တော်တော် လေးကို အလုပ်များနေခဲ့တာ။အထီးကျန်ဖို့ အချိန်တောင် မရှိဘူး။ဒါက သီချင်း တီးမှုတ်တာ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် ဖြစ်လိမ့်မယ်။ ”

အထီးမကျန်နိုင်လောက်အောင် အလုပ်များနေတာတဲ့လား။

ရှီရာပြောခဲ့သည်ကို ချန်လွေ့ ရုတ်တရက် တွေးမိသွားသည်။

“ နောက်ဆုံးတစ်ခေါက် ငါပြုံးခဲ့တာကို မမှတ်မိတော့ဘူး။ ”

တစ်နည်းနည်းဖြင့် ထိုစကားနှစ်ကြောင်းမှ ခံစားချက်တစ်ခုတည်းကို ယဲ့ယဲ့လေး ခံစားနေရပေသည်။ချန်လွေ့ ချက်ချင်း ခေါင်းခါလိုက်ပြီး ထူးဆန်းသော ဆက်နွှယ်မှုများအကြောင်းကို ဆက်ပြီး မစဉ်းစားတော့ပေ။

“ ကျုပ်အခု အေးပြီး ဗိုက်ဆာနေပြီ။တစ်ခုခုစားဖို့ လုပ်ပေးပါလား။ဒီသီချင်းနှစ်ပုဒ်ကို အလကားတော့ မယူဘူး မဟုတ်လား။ ”

“ ဒီသီချင်းနှစ်ပုဒ်က စားစရာ နည်းနည်းလောက်ပဲ တန်တာလား။သီချင်းချစ်သူရဲ့ မျက်လုံးထဲမှာတော့ ဒါက အဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခုပဲ။ ”

တော်ဝင်အမျိုးသမီး ခေါင်းခါလိုက်သည်။

“ အနည်းဆုံးတော့ ဒီသီချင်းနှစ်ပုဒ်ကို ကျွန်မ ပိုင်သွားပြီ။ ”

ချန်လွေ့ ခေါင်းခါလိုက်သည်။

“ ဒီသီချင်းနှစ်ပုဒ်အတွက် ကျုပ်ကို လွှတ်ပေးဖို့ တောင်းဆိုချင်ခဲ့တာ။ဒါပေမဲ့ စဉ်းစား ကြည့်လိုက်တော့ ကျုပ်က ဒီသီချင်းနှစ်ပုဒ်ထက် ပိုပြီးတော့ တန်ဖိုး ရှိတာပဲ။အဲဒါကြောင့် ကျုပ်လည်း မပြောဘဲ နေလိုက်တာပါ။ ”

တော်ဝင်အမျိုးသမီး အသာလေး ပြုံးလိုက်မိသည်။

“ ရှင်က တကယ့်ကို ထူးခြားတဲ့သူ တစ်ယောက်ပဲ။ရှင့်ရဲ့ခံစားချက်တွေက ကျွန်မဆီကိုပါ ကူးစက်သွားတယ်။ရှင်နဲ့တူတူ ရှိနေရင် အေးအေးသက်သာတဲ့ ရှားပါးညခံစားချက်တစ်ခု ခံစားရတယ်။အမှန်အတိုင်းပြောရရင် ရှင့်ရဲ့ ဉာဏ်ပညာနဲ့ အကောင်းမြင်စိတ်ကို လေးစားပါတယ်။မဖြစ်နိုင်တာတွေ အများကြီးမရှိဘူးဆိုရင်တော့ ဘယ်သူသိနိုင်မလဲ။ရှင် ကျွန်မရဲ့ နှလုံးသားကို လှုပ်ခတ်သွားအောင် လုပ်နိုင်ရင် လုပ်နိုင်မှာ။ ”

“ ကျုပ် မြင့်မြင့်ကြီး မမှန်းရဲပါဘူး။ဥပမာ ပြောရရင် ကျုပ်က ဒီလိုအရာကြီးကို သယ်ထား နေရတုန်းလေ။ ”

ချန်လွေ့သည် ရွှေသလင်းကျောက် လက်ထိပ်ကို မပြလိုက်သည်။

“ ဒါမရှိဘူးဆိုရင် ကျုပ်တို့တွေ မိတ်ဆွေလိုမျိုး ဖြစ်နေကြပြီ။ ”

“ မိတ်ဆွေ ဟုတ်လား။ ”

တော်ဝင်အမျိုးသမီးသည် ချန်လွေ့ကို အသာလေး ကြည့်လိုက်သည်။

“ အရိပ်နက်အင်ပါယာဆီ ရှင်ဝင်မယ်ဆိုရင်တော့ ဒီလိုနေ့ရက်မျိုး ဖြစ်လာနိုင်ပါတယ်။ ”

“ အစီအစဉ်တွေက ပြောင်းလဲမှုတွေနဲ့ လိုက်မမှီပါဘူး။ဒီလိုပြောဖို့ စောပါသေးတယ်။ ”

ချန်လွေ့သည် ဤလမ်းကြောင်း လုံးဝမပိတ်ချင်သေးပေ။ထို့ကြောင့် မပြတ်မသား ပြောလိုက်သည်။

“ အသားကင်ဖို့ တောရိုင်းအသားတွေ လေဒီ ပြင်ဆင်ထားရင် အကောင်းဆုံးပဲ။ ဘယ်သူသိနိုင်မလဲ။ဒီကမွှေးရနံ့တွေကြောင့် နဂါးတွေ၊ သားရဲကြီးတွေ ရောက်လာပြီးတော့ ကျုပ်ကို ခင်ဗျားရဲ့ ပိုင်ဆိုင်မှုကနေ ကယ်တင်သွားရင် သွားနိုင်တယ်။ ”

“…”

တစ်ည ကုန်ဆုံးသွားလေပြီ။တော်ဝင်အမျိုးသမီးသည်လည်း နှစ်နာရီတစ်ခါ အရှိန်အဝါ သစ်သီးတစ်လုံး စားနေသည်။ချန်လွေ့သည် သုံးရက်အိပ်ထားပြီးပြီဖြစ်၍ မပင်ပန်းနေပေ။ တော်ဝင်အမျိုးသမီးသည် သစ်သီး၇လုံး စားပြီးသွားပြီ ဖြစ်ပြီး သူ၏အစွမ်းသည် အဆင့် တစ်ခုလုံးအထိ ကျဆင်းသွားသည်။ချန်လွေ့ အမြင်မှားနေသည်လား မသိပေ။ တော်ဝင်အမျိုးသမီးသည် အရပ်ပိုပုလာသည်ဟု ထင်ရသည်။သို့သော်လည်း [ သရုပ်ခွဲ မျက်လုံး ] တွင် တော်ဝင်အမျိုးသမီး၏ စွမ်းအားကို “ မဆုံးဖြတ်နိုင် ” ဟူ၍ပင် ပြသနေသည်။ချန်လွေ့ စိတ်ထဲ၌ ထိတ်လန့်သွားသည်။ကံကောင်းစွာပင် ချန်လွေ့ အလောတကြီး မလုပ်ခဲ့ပေ။ချန်လွေ့တွင် အဆိပ်နဂါးထံမှ အဆိပ်အနည်းငယ် ရှိနေသေးသည်။သို့သော်လည်း ဘာနကယ်ထံမှ သင်ခန်းစာ ရထားသည့်အတွက် ချန်လွေ့ မဆင်မခြင် မလုပ်ရဲပေ။ဤတော်ဝင်အမျိုးသမီးသည် ဘာနကယ်ထက် အဆတစ်ရာ ပါးနပ်လှသည်။ထို့ကြောင့် ချန်လွေ့သည် မည်သည်ကိုမျှ အမှားခံ၍ မရပေ။

အရုဏ်တက်ချိန်၌ သူတို့နှစ်ယောက် စကားစမြည်ပြောရင်း စားစရာအချို့ စားခဲ့ကြသည်။ ရုတ်တရက် တော်ဝင်အမျိုးသမီး မတ်တပ်ရပ်လိုက်ပြီး လက်ဝှေ့ရမ်းလိုက်ရာ ချက်ချင်း မီးငြိမ်းသွားသည်။တစ်ခုခုလွဲနေကြောင်း ချန်လွေ့ သိသွားပြီး ချက်ချင်း ပါးစပ်ပိတ် လိုက်တော့သည်။တော်ဝင်အမျိုးသမီးသည် ချန်လွေ့ကို ဆွဲကိုင်ပြီး အလင်းအမြန်နှုန်းဖြင့် သစ်နီတောအုပ်သို့ရောက်အောင် ပြေးသွားလိုက်သည်။ တော်ဝင်အမျိုးသမီးသည် ချန်လွေ့ကို သစ်ပင်နောက်တွင်ထားပြီး ပျောက်ကွယ်သွားတော့သည်။

အသံတိတ်ည စိမ့်မြေဆီသို့ တော်ဝင်အမျိုးသမီး ရောက်လာရခြင်းမှာ နောက်လိုက် သူများကို ရှင်းပစ်ရန်နှင့် “ ကျုံးထျန်ရွှမ် အရှိန်အဝါ သစ်သီး ” စွမ်းအားကို စုပ်ယူရန်အတွင် အန္တရာယ်ကင်းသော နေရာတစ်ခု ရှာရန်ဖြစ်ကြောင်း ချန်လွေ့စိတ်ထဲ၌ ယူဆလိုက်သည်။

ရှိခိုးကောင်က နောက်မှာရှိနေတဲ့ နက်ဝါငှက်ကို မသိဘဲ ပုစဉ်းရင်ကွဲနောက် လိုက်နေတယ်။ဒါ‌က အခွင့်အရေးပဲ။ဒါပေမဲ့ ငါ့ရဲ့ လက်ရှိအစွမ်းနဲ့ဆို ရွှေသလင်းကျောက် ခြေထိပ်လက်ထိပ်တွေ မရှိတော့ရင်တောင် နက်ဝါငှက်ဖြစ်မှာ မဟုတ်ဘူး။ တော်ဝင် အမျိုးသမီးက လမ်းတစ်လျှောက်လုံး ယဉ်ကျေးနေခဲ့ပြီးတော့ သူတို့နှစ်ယောက် ကြားမှာလည်း အဆင်ပြေရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့တယ်။ဒါပေမဲ့လည်း တကယ့်စိတ်ရင်းကို ပြောနိုင်ဖို့က ခက်ခဲတယ်။

ချန်လွေ့သည် အကျဉ်းသားတစ်ယောက်သာ ဖြစ်နေသေးသည်။တန်ဖိုး မရှိတော့သည်နှင့် “ ဖော်ရွေတတ်သည့် ” တော်ဝင်အမျိုးသမီးသည် သူ့ကို မည်သို့ ဆက်ဆံမည်ဖြစ်ကြောင်း မည်သူမှ မသိနိုင်ပေ။

ယခုတွင် ဖြေရှင်းရခက်သည်မှာ သူ၏လက်ထဲ၌ “ အမှောင်ဆန္ဒ ” ရှိ‌မနေခြင်းပင် ဖြစ်သည်။သူ၏အစွမ်းဖြင့် ဤကဲ့သို့ မရင်းနှီးသည့် အသံတိတ်ည စိမ်မြေမှ ထွက်ပြေးလွတ်မြောက်နိုင်ချေ သုညသာ ရှိသည်။

နာရီဝက် ကြာပြီးနောက် တော်ဝင်အမျိုးသမီး ပြန်မလာသေးပေ။ရွှေသလင်းကျောက် ခြေထိတ်လက်ထိပ်ကို ကူးပြောင်းရန် ချန်လွေ့ သည်းမခံနိုင်တော့သည့် အချိန်တွင် [သရုပ်ခွဲမျက်လုံး] ၌ အသိပေးချက်တစ်ခု ပေါ်ထွက်လာသည်။ချန်လွေ့ အရှေ့၌ တစ်စုံတစ်ယောက် ပေါ်ထွက်လာသည်။

အံ့အားသင့်စွာပင် [ သရုပ်ခွဲမျက်လုံး ] ၌ ဖော်ပြသည်မှာ တော်ဝင် အမျိုးသမီး မဟုတ်နေပေ။

မျိုးနွယ် = မနာလိုခြင်း တော်ဝင်မိသားစု။

စွမ်းအားအကဲဖြတ်မှု = မဆုံးဖြတ်နိုင်။

All Chapters