← Chapters

မွေးနေ့ပွဲကြီး ၃‌

Vol. 120 Ch. 1673

မွေးနေ့ပွဲကြီး ၃‌

Vol. 120 Ch. 1673

ကျန်းခွန်ပြောလိုက်သည်နှင့် ထိုနေရာရှိလူများသည် ရုတ်ရုတ်သဲသဲဖြစ် သွားကြသည်။

ဧည့်သည်များသည် အဆိပ်ခတ်ခံရမည်ကို စိုးရိမ်ကြကာ သူတို့၏ အံ့ဖွယ် အာရုံကို တစ်ယောက်ပြီးတစ်ယောက် စမ်းသပ်ကြလေသည်။ ရှီမာမျိုးနွယ် သည်လည်း ဧည့်သည်များပါ ဝင်ပတ်သက်သွားမည်ကို စိုးရိမ်သဖြင့် အမြန်ပင် သမားတော်များခေါ်ပြီး စမ်းသပ်ခိုင်းလိုက်သည်။

“ဒီလို မင်းကို ဘယ်သူလုပ်ခိုင်းလို့လဲ” ထိုနေရာမှလူတင်မကဘဲ ယီမျိုးနွယ်မှလူများပါ ထိတ်လန့်သွားသည်။

“ဟင်း ငါ့မှာလည်း ငါ့အစီအစဉ်နဲ့ငါရှိတယ် ဘယ်လိုပဲလုပ်လုပ် ရလဒ်က တော့ အတူတူပဲ” ကျန်းခွန် ရယ်မောလိုက်သည် “သခင်ယီ ငါတို့ရည်ရွယ်ချက် က အတူတူပဲလေ”

“ဒီလိုလုပ်လိုက်တာ လူဘယ်လောက်ကို ပြစ်မှားမိလိုက်လဲဆိုတာကို သိရဲ့လား” ထိုနေရာရှိ လူများသည် သူတို့နှင့် အားညီမျှသူသာမက ပို၍ သန်မာသည့်သူများပါရှိကြောင်း ယီမျိုးနွယ် သတိထားမိသည်။ သူတို့သာ အားလုံးကို အပြစ်လုပ်လိုက်မိပါက အားလုံးသည် သူတို့နှင့်စာရင်းရှင်းလာနိုင် သည်။ ထိုသို့ဆိုလျှင် ယီမျိုးနွယ်သည် ယန်းမျိုးနွယ်ကဲ့သို့ပြင် အဆုံးသတ်ရ မည်ဖြစ်သည်။

ရှီမာလျူရွှမ်သည် ကျန်းခွန်အား အရင်ကြည့်ပြီးနောက် ယီမျိုးနွယ်ဘက် သို့ အာရုံပြောင်းကြည့်လိုက်ပြီး စိတ်ထဲမှ ခန့်မှန်းနေမိသည်။

ဧည့်သည်တွေကို လုပ်တဲ့ကိစ္စက ယီမျိုးနွယ်နဲ့ ဘာမှမပတ်သက်တဲ့ပုံပဲ။ လမ်းတစ်ဝက်တွင် တိုက်ခိုက်လုပ်ကြံမှုနှင့် အဆိပ်ခတ်ခြင်းများသည် သူတို့လုပ် ခြင်းမဟုတ်ဘဲ တခြားသူမှလုပ်ခြင်းဖြစ်သည်။

“ရှီမာလျူယွမ် ဘာတွေစဉ်းစားနေတာလဲ မင်းတို့ရှီမာမျိုးနွယ်က အညံ့ခံ လိုက်တာနဲ့ ငါတို့ ချက်ချင်းပဲ အဆိပ်ဖြေဆေးပေးလိုက်မယ်” ကျန်းခွန်‌ ပြော လေသည် “ဒီအဆိပ်အတွက် အဆိပ်ဖြေဆေးက ငါတို့မှာပဲရှိတယ်”

“မတိုက်ခိုက်ရဘဲ အညံ့ခံစေချင်တာလား စဉ်းတောင်မစဉ်းစားနဲ့” ရှီမာလျူယွမ်သည် အေးစက်စွာ နှာမှုတ်လိုက်သည်။

“ဘာလို့လဲ ဒီဧည့်သည်တွေရဲ့ သေရေးရှင်ရေးကို ဂရုမစိုက်ဘူးလို့တော့ မပြောနဲ့နော် ဟားဟားဟား အားလုံးပဲ ကြားလိုက်လား ရှီမာမျိုးနွယ်က ခင်ဗျား တို့ သေရေးရှင်ရေးကို ဂရုမစိုက်ဘူး အဲဒါကို သူတို့ မိသားစုခေါင်းဆောင်ရဲ့ မွေးနေ့ကို ဂုဏ်ပြုချင်သေးတာလား”

တချို့ဧည့်သည်များ၏ မျက်နှာများမှာ ပြောင်းလဲသွားသည်။ သို့သော် မည်သူမှ ဘာမှမပြောပေ။ သူတို့သည် ရှီမာမျိုးနွယ်၏ ဆုံးဖြတ်ချက်ကို စောင့် နေသည်။

တချို့မှာ တစ်ခုခုလုပ်ချင်သည့် ပုံပေါ်လေသည်။ သို့သော် အများစုမှာ မလှုပ်မယှက်ရှိနေသည်ကို မြင်သောအခါ အများထဲမှ တစ်ဦးတည်း ထိုးထွက် ပြီး ရှီမာမျိုးနွယ်အား အပြစ်တင်ရန် ခက်နေသည့်ပုံပင်။ ပြီးနောက် ရှီမာမျိုးနွယ် သည် ယုံကြည်ချက်အပြည့်ရှိသော မျက်နှာထားများဖြစ်နေသဖြင့် အများစုမှာ ပို၍ ယုံကြည်ချက်ရှိလာကာ ပြဿနာမဖြစ်နိုင်ဟု စဉ်းစားကြလေသည်။

“အဆိပ်ခတ်တဲ့လူက ဒီလူမလား” ရှီမာလျူယွမ် ကြည့်လိုက်ရာ ချက်ချင်း ပင် အစောင့်တစ်ယောက်သည် ရှီမာမျိုးနွယ်ကဲ့သို့ ဝတ်ဆင်ထားသော လူတစ် ယောက်ကို ကြိုးချည်ပြီး ခေါ်လာသည်။

ရှေ့သို့ခေါ်လာသော လူကိုကြည့်ပြီး ကျန်းခွန်၏ မျက်နှာမှာ ပြောင်းလဲ သွားလေသည်။

“မင်းတို့တွေ အဆိပ်မမိကြဘူးလား” သူ အော်လိုက်သည်။

“ဒီလို လူတစ်ယောက်လောက်နဲ့ ငါတို့ရှီမာမျိုးနွယ်ကို အဆိပ်ခတ်ချင်တာ လား မင်းက ငါတို့ကိုတော်တော်လေး လျော့တွက်ထားတာပဲ” ရှီမာလျူဖန် သည် ရွှင်လန်းအားရစွာ ပြောလေသည် “ဒီအကြောင်းပြောကြတာပေါ့ မင်းတို့ မှာ ဘာရှိသေးလဲ မြန်မြန်ထုတ်သုံးတော့ မဟုတ်ရင် ဒီအခွင့်အရေးလွတ်သွား ရင် စကားပြောဖို့အခွင့်အရေးတောင် မရှိတော့မှာစိုးရတယ်”

ဘာရှိဦးမှာလဲ။ သူတို့ရဲ့ အစီအစဉ်ကြီးကိုတောင် ရွှံ့ထဲနှစ်ချလိုက်ပြီပဲ ဘာ အကွက်ထုတ်သုံးရဦးမှာလဲ။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ သူ အောင်မြင်တယ်လို့ သေချာပေါက် သတင်းပြန်ပို့တယ်လေ သူက ဘယ်လိုလုပ် အဖမ်းခံရမှာလဲ” သူသည် မယုံနိုင် စွာဖြင့် ခေါင်းကိုခါယမ်းလေသည်။

“ခြိမ်းခြောက်တာတို့ လာဘ်ထိုးတဲ့ နည်းလမ်းတွေရှိတယ်ဆိုတာ ရှင် မသိဘူးလား” ရှီမာယူယူသည် သူ့ကို ငတုံးတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့် လိုက်သည် “ဒါပေမဲ့ ဒီလူက ရှင်တို့ ဝိညာဉ်စိမ်းဂိဏ်းကမဟုတ်ဘူး ယီမျိုးနွယ် အပြင် ရှင်တို့အနောက်မှာ တခြားသူတွေရှိသေးတယ်”

“ဘာ” အံ့ဩမှုအဖြစ်ဆုံးမှာ ပေါ်ပေါက်သွားသည့် ဝိညာဉ်စိမ်းဂိုဏ်း မဟုတ်ဘဲ ယီမျိုးနွယ်သာဖြစ်သည်။

“ဟားဟားဟား မင်းတို့ ယီမျိုးရိုးနာမည်နဲ့လူတွေ အကုန်လုံးကို အမြတ် ထုတ်သွားကြတာပဲ” ရှီမာလျူဖန်သည် ဗိုက်ကိုလက်ဖြင့် ဖိကာ ရယ်မောလေ သည်။

“ကျန်းခွန် သူတို့ပြောတာတွေက အမှန်ပဲလား”

“အကြီးအကဲယီ ကျုပ်တို့နောက်ကွယ်မှာ လူရှိတယ် ဒါပေမဲ့ အဲဒါက ကျုပ်တို့ ပူးပေါင်းမှုနဲ့ဘာမှမဆိုင်ဘူးလေ ကျုပ်တို့ ရည်ရွယ်ချက်က ရှီမာ မိသားစုနဲ့ ရှီမာယူယူကို သတ်ဖို့ပဲ တခြားသူတွေကို ဘာများစိတ်အရှုပ်ခံပြီး စစ်ဆေးနေတော့မှာလဲ” ကျန်းခွန်သည် နှာရှုတ်ပြီး ပြောလေသည်။

“ဟင်” ယီမျိုးနွယ် နှာမှုတ်လိုက်သည်။ သို့သော် ဘာမှမပြောပေ။

“ရှီမာလျူယွမ် အဆိပ်မိတဲ့သူမရှိဘူးဆိုရင်တောင် မင်းတို့ ဒီနေ့ သေမင်း လက်က မလွတ်စေရဘူး အကြီးအကဲယီ ဒီနေ့ သူတို့ကို ညှာတာပေးဖို့မလိုဘူး အဲဒါကြောင့် ပြတ်ပြတ်သားသား ရှင်းပစ်သင့်တယ်” ကျန်းခွန် ပြောလိုက်သည်။

ယီမျိုးနွယ်သည်လည်း ယနေ့နောက်ပြန်ဆုတ်မရနိုင်တော့သည်ကို သိ သည်။ ပြီးနောက် သူတို့သည်လည်း ညှာတာရန် အစီအစဉ်မရှိတော့ပေ။ သူ လက်ဝေ့ယမ်းလိုက်သည်နှင့် အစောကထွက်လာသော အစောင့်များသည် ရှီမာ မျိုးနွယ်ကို တိုက်ခိုက်လေသည်။

ရှီမာမျိုးနွယ်၏ အစောင့်များသည်လည်း အားမနည်းပေ။ သူတို့သည် သူတို့၏ အကြံဆိုးရှိသည့်ဧည့်သည်များဆီသို့ အဖွဲ့လိုက်ထွက်သွားကာ တိုက် ခိုက်လေသည်။

ကံကောင်းစွာပင် အစောင့်များသည် သတိကောင်းကြသဖြင့် တိုက်ခိုက် ရာတွင် မည်သည့် အားနည်းချက်ကိုမှ အဖြစ်မခံဘဲ ရှီမာအိမ်တော်ကို အထိခိုက် မခံပေ။

“ခေါင်းဆောင် အပြင်ကဝိညာဉ်သိုင်းတွေက တော်တော်လှနေတယ် ဒီလို အရောင်အသွေးစုံတဲ့ မြင်ကွင်းက ခေါင်းဆောင်ရဲ့မွေးနေ့မှာ မီးပန်းဖောက် လိုက်သလိုပဲ” ရှီမာချီချီသည် ပြုံးပြီးပြောလေသည်။

“ဟင်း ဟုတ်သားပဲ” ရှီမာကျိယွင်သည် ထိုစကားကို တော်တော်လေး သဘောကျမိသည်။ ထိုလူများသည် သူတို့၏ ရှီမာမိသားစုကို ပြဿနာလာရှာရဲ သည်။ ရက်အများကြီးထဲမှ သူ့မွေးနေ့တွင် လုပ်ရန် ရွေးချယ်ထားသည်မှာ အလွန်ပင် ဒေါသထွက်စရာကောင်းသည်။

ထိုကဲ့သို့ အခြေအနေကြားမှာပင် နောက်ပြောင်ကာ ရယ်မောနေသော သူတို့ကိုမြင်သောအခါ ဧည့်သည်များသည် အနည်းငယ် အံ့ဩမိသည်။ ဒီရှီမာ မျိုးနွယ်က အင်အားစုအသေးလေးပဲကို။ ပြည်နယ် ၁၆ ကလူတွေနဲ့ ရင်ဆိုင်ရ တာကို ဘာလို့များ ဒီလောက်တည်ငြိမ်နိုင်တာလဲ။

“အစ်ကိုကြီးကျိယွင် တစ်ခုခုလိုတာရှိရင် ကျုပ်တို့လည်း ကူလို့ရတယ်” ဟော်ကျန့်ကျန်း ပြောလိုက်သည်။

“ဟားဟား မင်းတို့အားလုံးက ရှီမာမျိုးနွယ်ရဲ့ ဧည့်သည်တွေပဲ ဧည့်သည် တွေကို ဘယ်လိုလုပ် ခိုင်းရမှာလဲ ယီမျိုးနွယ်က လူနည်းနည်းပဲလွှတ်လိုက်တာ ပါ မျိုးနွယ်တစ်ခုလုံး လွှတ်လိုက်တာ မဟုတ်ဘူး ရှီမာမျိုးနွယ်က ဖြေရှင်းနိုင်ပါ တယ် အားလုံးပဲ လာခဲ့ကြ စားစရာရှိတာ စား သောက်စရာရှိတာ သောက်ကြပါ ပွဲတော်ကို ဆက်လုပ်ကြတာပေါ့” ရှီမာကျိယွင်သည် အားလုံးကို ပြုံးပြီး ပြော လိုက်သည်။

ဧည့်သည်များသည် တစ်ယောက်နှင့် တစ်ယောက် ကြည့်မိကြသည်။ တစ်ယောက်ချင်းစီ၏ အကြည့်များအားလုံးသည် တလက်လက် အရောင် တောက်နေကြသည်။ ရှီမာမျိုးနွယ်က ဘယ်တုန်းက ဒီလို အတင့်ရဲလောက် အောင် သန်မာလာတာလဲ။ လူငယ်မျိုးဆက်ထဲမှာ ပါရမီရှင်ရှိတယ်ဆိုရင် တောင် မိသားစုကြီးတစ်ခုလုံးကို စိန်ခေါ်နိုင်လောက်တဲ့အထိတော့ မဟုတ်ဘူး မလား။

သို့သော် ရှီမာမျိုးနွယ်ရှိ လူများ၏ ပုံစံကိုကြည့်ရသည်မှာ သူတို့သည် ယီမျိုးနွယ်ကို စိတ်အနှောင့်အယှက်မဖြစ်သည့်ပုံပင်။ အိမ်ရှင်တောင် ဂရုမစိုက် မှတော့ ဧည့်သည်ဖြစ်တဲ့ သူတို့က ဘာပြောနိုင်ဦးမှာလဲ။ အဲတော့ သူတို့လည်း ဝိုင်သောက်ပြီး စားသောက်ရမှာပဲပေါ့။

ဤတစ်ကြိမ်တွင် သူတို့သည် အမှတ်တရစားသောက်ဆိုင်မှ စားဖိုမှူးများ ကို အထူးတလည် ဖိတ်ကြားထားခဲ့သည်။ အတွင်းဒေသတွင် ဆိုင်ခွဲများ ဖွင့်ပြီး နောက် လူအများသည် အမှတ်တရစားသောက်ဆိုင်သို့ သွားရသည်ကို နှစ်သက် ကြသဖြင့် အားလုံးသည် ယနေ့ပွဲကို သဘောကျကြလေသည်။

ရှီမာယူယူသည် လေထဲတွင်ရပ်ပြီး ကြည့်နေသော်လည်း မလှုပ်ရှားပေ။ သူမသည် ရှောင်ချီတို့ကို ခေါ်ထုတ်ပြီးနောက် လေဟာပြင်အတားအဆီးပြုလုပ် လိုက်သဖြင့် ပစ်လိုက်သောဝိညာဉ်သိုင်းများသည် သူမကို လုံးဝထိခိုက်မှုမဖြစ် စေပေ။

ထိုအစောင့်များမှာ ရှင်းရန်လွယ်မည်ဟု ယီမျိုးနွယ်ထင်ထားသည်။ သို့သော် ထင်ထားသည်ထက် ခက်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူတို့သည် ရှီမာမျိုးနွယ်ကို မယှဉ်ပြိုင်နိုင်ပေ။

“ရှီမာမျိုးနွယ်မှာ စာချုပ်သားရဲတွေကို လွှမ်းမိုးနိုင်ပြီး စာချုပ်တည်ထောင် တဲ့သူရဲ့ အားကိုလည်း တိုးစေနိုင်တဲ့ ဝိညာဉ်သိုင်းရှိတယ်လို့ ကြားတယ် ဒီနေ့ ကိုယ်တိုင် မျက်လုံးနဲ့ကြည့်လိုက်တော့မှ အဲဒီသတင်းနဲ့ထိုက်တန်တယ်တာပဲ” အောက်မှဧည့်သည်သည် အားကျစွာဖြင့် ပြောလေသည်။

အစပိုင်းတွင် ရှီမာမျိုးနွယ်၏ အားသည် ယီမျိုးနွယ်ထက်အားနည်းသည် ကို မြင်ရသည်။ သို့သော် သူတို့သည် စာချုပ်သားရဲများခေါ်ထုတ်ပြီး ပူးပေါင်း လိုက်သောအခါ အားများစွာတက်လာပြီး ယီမျိုးနွယ်သည် လုံးဝမယှဉ်နိုင်တော့ ပေ။ ထိုအစား သူတို့လူတစ်ဝက်ကျော် အသတ်ခံလိုက်ရလေသည်။

ရှီမာယူယူသည် ခေါင်းမာစွာ ခုခံနေသော ကျန်းခွန်ကို ကြည့်လိုက်သည် “အခု ရှင့်နောက်ကွယ်ကလူကို မဆက်သွယ်ဘူးလား”

ကျန်းခွန်သည် တစ်ဖက်သတ်အခြေအနေကိုကြည့်ပြီး ယီမျိုးနွယ်ကို မယုံရဲတော့ပေ။ သူသည် ကျောက်စိမ်းပြားထုတ်ပြီး ချေလိုက်သည်။ ပြီးနောက် သူ၏ ဇနီးသည်ကို ပြန်ဆွဲပြီး တိုက်ပွဲကိုဝင်မပါခိုင်းတော့ပေ။

ထိုအချိန်တွင် လေဟာပြင်ထဲတွင် ပုံမှန်မဟုတ်သော လှုပ်ရှားမှုဖြစ်လာ သည်။ ရှီမာယူယူ ကြည့်လိုက်ရာ လေထဲတွင် တံခါးတစ်ချပ်ပေါ်လာသည်ကို မြင်လိုက်ရသည်။ အနက်ဝတ်ထားသော လူတစ်စုသည် အားလုံးရှေ့တွင် ပေါ် လာသည်။

ရှီမာယူယူသည် ထိုလူများကို မြင်သောအခါ မျက်လုံးများကို ကျဉ်းမြောင်း လိုက်သည်။ အနက်ဝတ်လူများသည် အလယ်ပိုင်းဒေသတွင် ပြဿနာရှာခဲ့ သည့် လူများနှင့် တူသည်။

***

All Chapters