← Chapters

မိန်းမလှတစ်ယောက်၏သေခြင်း။မီးလျှံများကြားထဲမှ မျက်ရည်တစ်စက်

Vol. 8 Ch. 108

မိန်းမလှတစ်ယောက်၏သေခြင်း။မီးလျှံများကြားထဲမှ မျက်ရည်တစ်စက်

Vol. 8 Ch. 108

“ မစ္စစ်-နာလီနီ။စားဖို့အချိန်ရောက်ပါပြီ။ ”

ချန်လွေ့သည် မှင်စာပုံစံနှင့် ချဉ်းကပ်ပြီး ခြင်းတောင်းကို နာလီနီရှေ့၌ ချထားလိုက်သည်။

ထိုအမျိုးသမီးသည် ဖြေးဖြေးချင်း မော့ကြည့်လိုက်သည်။သူ၏ ညစ်ပတ်ပြီး ဒဏ်ရာများ ပြည့်နေသော မျက်နှာတွင် ဘယ်ဘက်မျက်လုံးတစ်လုံးသာ ရှိတော့ကြောင်းကို တွေ့သွားပြီး ချန်လွေ့ အံ့ဩသွားသည်။ထိုမျက်လုံးသည် ချန်လွေ့ကို သာမန်မျှသာ တစ်ချက်ကြည့်လိုက်သည်။နာလီနီ ဘာမှမပြောခဲ့ပေ။

နာလီနီ၏ရှေ့တွင် ခြင်းတောင်း သုံးလေးခြင်း ရှိနေသည်ကို ချန်လွေ့ သတိထားမိ သွားသည်။ထိုထဲရှိ စားစရာများသည် လုံးဝ ပုံပျက်ခြင်း မရှိပေ။သူတို့သည် နာလီကို တစ်နေ့နှစ်နပ် ပို့ပေးသည်။နာလီနီသည် အစာအငတ်ခံ၍ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြံရွယ်ထားပုံရသည်။သို့သော်လည်း အကျဉ်းထောင်တွင် ထွင်းထားသော မှော်အစီအရင် များသည် သူ၏စွမ်းအင် ကုန်ဆုံးမှုကို လျှော့ချပေးနေသည်။သို့မဟုတ်ပါက နာလီနီ အစောကြီး သေဆုံးသွားပေမည်။

ဤမှော်အစီအရင်သည် သေချင်နေသည့် အကျဉ်းသားအတွက် နှိပ်စက်သည်ထက် ပို၍ ရက်စက်လှသည်။

“ မစ္စစ်-နာလီနီ။ခင်ဗျား တကယ်ပဲ သေချင်တာလား။ ”

ထိုမှင်စာသည် ခြင်းတောင်းကို ချထားပြီး ထွက်မသွားကြောင်း နာလီနီ တွေ့လိုက်ပြီး အေးစက်စက်နှင့် ပြောလိုက်သည်။

“ ငါ့ကို မစ္စစ်လို့ မခေါ်နဲ့။ ”

သူ၏အသံတွင် အင်အားအနည်းငယ်သာ ရှိသော်လည်း စက်ဆုပ်မှုသည် အတိုင်းသား ပေါ်လွင်နေသည်။

“ နည်းနည်းစားပြီး ရေနည်းနည်း သောက်လိုက်ပါဦး။ ကျုပ်တို့ သေချာ စကား ပြောလို့ရမယ်။ ”

“ နင့်ကို ဟိုကောင်ကြီး သေသေချာချာ လွှတ်လိုက်တာလား။ဒီတစ်ခေါက် သူက တကယ်ပဲ မှင်စာတစ်ကောင် လွှတ်လိုက်တာပဲ။ ”

နာလီနီ၏ လက်ဝါးသည် အင်အားမဲ့နေပုံရသည်။သူ့ကိုယ်သူ ထောက်ပံ့နိုင်ရန်အတွက် တံတောင်ဆစ်ကိုသာ သုံးရသည်။

“ အချိန်မဖြုန်းနဲ့တော့။လက်စွပ် ဘယ်မှာလဲဆိုတာကို ပြောမှာ မဟုတ်ဘူးလို့ ပြောပြီးပြီလေ။ ”

“ ခင်ဗျား အဲဒီလက်စွပ်ကို လန်နွန်ဆီ ပေးခဲ့တာ မဟုတ်လား။ ”

ချန်လွေ့ သက်ပြင်းချလိုက်သည်။

“ အဲဒီကောင်နဲ့ မထိုက်တန်ဘူး။ ”

“ ငါ့ကို စာနာတဲ့ မိန်းမတစ်ယောက်ကသာ ဒီလိုလေသံနဲ့ပြောရင် ပိုပြီး လှည့်ဖြားနိုင်ဦးမယ်။ ”

နာလီနီသည် စက်ဆုပ်စွာ ပြောလိုက်သည်။

ချန်လွေ့ ခဏတာ တိတ်ဆိတ်သွားပြီး မေးကြည့်လိုက်၏။

“ ခင်ဗျား ဒီနေရာကနေ ထွက်သွားချင်လား။ ”

“ အဲဒီအတွက် ပေးဆပ်ရမှာက လက်စွပ် ဘယ်မှာရှိလဲဆိုတာကို ပြောပြရမှာ မဟုတ်လား။ ”

နာလီနီသည် အသံအက်အက်ဖြင့် ဟားတိုက်ရင်း ပြောလိုက်သည်။

“ ဒီလိုလှည့်ကွက်လေးက လုံးဝ အသုံးမဝင်ဘူး။အရင်တစ်ခေါက်က ငါပြောပြီးပြီ မဟုတ်လား။အဲဒီ မျိုးမစစ်ကောင်ကြီးကို ပြောလိုက်။ဒီညစ်ပတ်တဲ့ ခန္ဓာကိုယ် ပြာဖြစ်သွားရင် ငါ့ရဲ့ဝိညာဉ်က ငရဲမှာ သူ့ကို ထာဝရ ကျိန်ဆဲနေမှာပဲလို့။ ”

“ ဘာမှ မပေးဆပ်ရပါဘူး။ ”

ချန်လွေ့၏ ဘယ်လက်ထဲရှိ အလင်းလက်စွပ် ရုတ်တရက် တောက်ပသွားပြီး နာလီနီကို မျက်လုံးဖွင့်မနိုင် ဖြစ်သွားစေသည်။အလင်းရောင်နှင့် အသားကျသွားသည့်အခါ မှင်စာသည် သန္ဓေပြောင်း မဟာနတ်ဆိုး၏ လူသားအသွင် ဖြစ်သွားသည်ကို နာလီနီ တွေ့လိုက်ရသည်။ချန်လွေ့၏ အခြားလက်ဝါးထဲ၌ လက်စွပ်တစ်ကွင်း ရှိနေ၏။

ငွေလက်စွပ်သည် ထူးဆန်းသော မှော်ထွင်းစာ ထွင်းထားပြီး လက်စွပ်အလယ်၌ ခရမ်းရောင်ကျောက်မြက် စီခြယ်ထားသည်။

နာလီနီ တုန်လှုပ်သွားပြီး ရှေ့သို့ တရွတ်တိုက် သွားလိုက်ကာ အကျဉ်းထောင်ထဲမှတစ်ဆင့် ရင်းနှီးသည့် လက်စွပ်ကို ကြည့်နေလိုက်သည်။

“ ဒီလို အရှိန်အဝါ အတက်အကျက.....ဟုတ်တယ်။ဒါက ခရမ်းမီးတောက်နှလုံးပဲ။ ”

နာလီနီသည် ထို “မဟာနတ်ဆိုး”ကို တအံ့တဩနှင့် ကြည့်လိုက်သည်။

“ နင်ဘယ်လို ရလာတာလဲ။ ”

“ ကျုပ်က....လန်နွန်ရဲ့ မိတ်ဆွေ တစ်ယောက်ပါ။ ”

ချန်လွေ့ ခဏစဉ်းစားပြီး ရိုလန်အတွက် လိမ်ညာရန် ဆုံးဖြတ်လိုက်သည်။

“ သူ့ကို လိုင်ရာမြို့မှာ ဝရမ်းထုတ်ထားတယ်။အဲဒါကြောင့် သူဒီကို ပြန်လာလို့ မရဘူး။ ကျုပ်ခင်ဗျားကို လာကယ်တာ။ ”

နာလီနီသည် ခရမ်းမီးတောက်နှလုံး လက်စွပ်ကိုစိုက်ကြည့်ပြီး မျက်လုံး ညှိမှိုင်း လာသည်။ထို့နောက် ခေါင်းခါပြီး ဆက်မပြောပေ။

ထွက်ပြေးနိုင်မည်မဟုတ်ကြောင်း နာလီနီ စိုးရိမ်နေမည်ကို ချန်လွေ့ တွေးမိသွားပြီး ထပ်ပြောလိုက်သည်။

“ ဒီမှာ လုံခြုံရေး တင်းကြပ်တယ်။ဒါပေမဲ့ မနက်ဖြန်က ခန်ဒါကြီးရဲ့ မွေးနေ့။ အဲဒီအချိန်ကျရင်ကျုပ် ပရမ်းပတာ ဖြစ်အောင် ဖန်တီးပြီးတော့ ခင်ဗျားကို ကယ်ထုတ် သွားလို့ရတယ်။ ”

နာလီနီသည် ချန်လွေ့ကိုကြည့်ပြီး ပြောလိုက်သည်။

“ ဒီလိုလုပ်စရာ မလိုပါဘူး။ ”

“ ဘာလို့လဲ။ ”

ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။

“ ခင်ဗျားရဲ့ ဒဏ်ရာတွေက ဖြည်ဖြည်းချင်း ပြန်ကောင်းနိုင်ပါတယ်။ ဘဝသစ် ပြန်စချင်တာပဲဖြစ်ဖြစ် လက်စားချေချင် တာပဲဖြစ်ဖြစ် မျှော်လင့်ချက်ရှိဖို့အတွက် အသက်ဆက်ရှင်ဖို့ လိုအပ်တယ်လေ။ ”

“ နင်က လန်နွန်ရဲ့ မိတ်ဆွေဆိုတာကို ငါအခု တကယ်ယုံကြည်ပါပြီ။ငါဘာလို့ အဲဒီ မျိုးမစစ်ကောင်ကြီးရဲ့ ကစားစရာ ဖြစ်သွားရတာလဲဆိုတာ သိလား။ ”

ချန်လွေး တိုးတိုးလေး ပြောလိုက်သည်။

“ ကျုပ် နည်းနည်း ကြားဖူးတယ်။ ”

“ အဲဒီယောက်ျားက င့ါကိုဆေးခတ်ပြီး မျိုးမစစ်ကောင်ကြီးဆီ ပေးလိုက်ကတည်းက ငါ အသေကောင် ဖြစ်နေပြီ။ ”

ရင်ထဲရှိ အနာကျင်ရဆုံးအရာများကို ပြောနေသည့်အချိန်တွင် နာလီနီ၏ လေသံသည် အံ့ဩစရာကောင်းလောက်အောင် တည်ငြိမ်နေ၏။သို့သော်လည်း ထိုအထဲတွင် ရွံရှာစက်ဆုပ်မှုနှင့် မုန်းတီးမှုများကို ချန်လွေ့ ကြားနေရသည်။

“ ငါနဲ့လန်နွန် ဖောက်ပြန်တာကလည်း...”

နာလီနီ ဖြည်းဖြည်း ပြော‌လိုက်သည်။

“....လက်စားချေဖို့အတွက်ပဲ။ငါမသေခင် ဇိမ်ခံတာလို့လည်း ပြောလို့ရတယ်။ ”

“ လန်နွန်က အပေါ်ယံမှာပဲ ရာဂစိတ် ပြင်းထန်တာ။သူ့နှလုံးသားထဲမှ နက်ရှိုင်းတဲ့ ဒဏ်ရာရှိနေတယ်။အဲဒီ ဒဏ်ရာကြောင့်ပဲ......ငါသူနဲ့ ဖောက်ပြန်ဖို့ ရွေးချယ်ခဲ့တာ။ အဲဒီယောက်ျားရယ်၊မျိုးမစစ်ကောင်ကြီးရယ် အပြင် လန်နွန်က ငါ့ရဲ့ တတိယမြောက် ယောက်ျားပဲ။သူထွက်သွားတော့ ငါ့ကိုပါ တစ်ခါတည်း ခေါ်သွားဖို့ ပြောခဲ့တာ။သူက ပျော်ပါးတတ်တဲ့သူ ဖြစ်ဖို့ အရည်အချင်းမပြည့်မှီဘူး။ငါလည်း သဘောမတူခဲ့ဘူး။ငါသူ့ကို ခရမ်းမီးတောက်နှလုံး လက်စွပ် အတင်းယူခိုင်းခဲ့တယ်။ပြီးတော့ ငါ့ကိုယ်ငါ သတ်သေမယ် လို့လည်း သူ့ကို ခြိမ်းခြောက်ခဲ့တယ်။ဘာလို့လဲ သိလား။ ”

ချန်လွေ့ ခေါင်းခါလိုက်သည်။ထိုအချိန်၌ အကောင်းဆုံးမှာ အသံတိတ် နားထောင်ရန်သာ ဖြစ်လေ၏။

“ ဘာလို့လဲဆိုတော့ သူ့နှလုံးသားက ငါနဲ့ရှိမနေလို့ပဲ။အဲဒါကြာင့် သူ့နောက်လိုက်လည်း ဘာမှမထူးဘူး။ ”

နာလီနီ ခဏရပ်ပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

“ အရေးအကြီးဆုံးကတော့ ငါ့နှလုံးသားက လုံးဝသေဆုံးသွားခဲ့ပြီ။ ”

“ ဒါပေမဲ့ အဲဒီမျိုးမစစ်ကောင်ကြီးလည်း ကြာကြာနေရမှာ မဟုတ်ပါဘူး။ သူက နတ်ဆိုးဘုရင်အဆင့် ရောက်နေပေမဲ့ တစ်ယောက်ယောက် လုပ်ကြံမှာကို သူအမြဲတမ်း ကြောက်နေတာ။ ”

နာလီနီ အေးစက်စက် ပြောလိုက်သည်။

“ ဒါပေမဲ့ ငါ့ကိုယ်ငါ အဆိပ်ခတ်မယ်လို့ သူထင်ထားခဲ့မှာ မဟုတ်ဘူး။သူငါ့ကို ဖျက်ဆီး တုန်းက ခရမ်းရင့်ဂယက်ပန်း လို့ခေါ်တဲ့ အဆိပ်နှေးတစ်မျိုး သူမိသွားခဲ့ပြီ။သူငါ့ကိုပိုပြီး ဖျက်ဆီးလေလေ အဆိပ်ပိုပြီး ပြင်းလေလေပဲ။အဲဒီအဆိပ်က တော်တော်လေး ထူးခြားတယ်။ပုံမှန်ဆိုရင်တော့ ဘာလက္ခဏာမှ မပြဘူး။ နဂါးအမွှေးတိုင် ရနံ့နဲ့တွေ့တဲ့ အခါကျရင် အ‌ဆိပ်ထလာပြီးတော့ တစ်နာရီအတွင်းမှာ အဆများစွာ ပြင်းထန်လာမယ်။ ဖိနှိပ်ဖို့ ပိုပြီးကြိုးစားလေလေ အဆိပ်ပိုပြီး ပျံ့နှံ့လေလေပဲ။နဂါးအမွှေးတိုင်က တော်တော်လေး ရှားပါတယ်။ပြီးတော့ အထူးအ‌ခြေအနေတွေမှာပဲ သုံးတာ။ဥပမာ ပြောရရင် မနက်ဖြန် မွေးနေ့လိုမျိုး။ဒါမှမဟုတ် မြို့တော်ကနေ တစ်ယောပ်ယောက် လာတဲ့အချိန်မျိုးပေါ့......

“ သူ့ဘေးနားမှာ ဆေးရည်ဆရာသခင်မရှိရင် သေချာပေါက်ကို သူသေမှာပဲ။ ”

နာလီနီသည် ကိုယ့်ကိုယ်ကို သနားကာ ဟားတိုက်ရင်း ပြောလိုက်သည်။

“ ငါ့က ဆေးဖော်စပ်သမားလုပ်ဖို့ ရည်မှန်းထားတာ။ကံမကောင်းစွာနဲ့ပဲ ငါ့ရဲ့ ဗဟုသုတ အားလုံးကို ဒီမှာပဲ သုံးလိုက်တယ်။ငါက တကယ့်ကို သနားစရာပဲ... ”

ချန်လွေ့သည် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည်။ထို့နောက် သူမေးလိုက်၏။

“ ကျုပ် ခင်ဗျားကို ဘယ်ကို ကူညီပေးနိုင်မလဲ။ရော့စ်ကို သတ်ပေးရမလား။ ”

“ မလိုပါဘူး။အဲဒီလူနဲ့ငါနဲ့ ဘာမှမပတ်သက်တော့ဘူး။ ”

နာလီနီ ခေါင်းငုံ့ပြီး သံကြိုးများကို ကြည့်လိုက်သည်။

“ နင်င့ါကို ကူညီပေးချင်ရင် မှော်အစီအရင်နဲ့ သံကြိုးတွေကို ဖျက်ဆီးပေး။ ငါ့ခြေလက်တွေရဲ့ အရိုးတွေလည်း ကြေမွနေပြီ။ငါ့မျက်လုံးကလည်း တစ်ဖက်ကန်းနေပြီ။ ဒါတွေမရှိရင်တောင် ခရမ်းရင့်လှိုင်းပန်း အဆိပ်က အရိုးထဲစိမ့်ဝင်နေပြီးတော့ အတွင်း အင်္ဂါတွေကလည်း ပုပ်ဆွေးနေပြီ။ဆေးမရှိတော့ဘူး။ရယ်စရာကောင်းတာက အဲဒီ အဘိုးကြီး ငါ့ကို နှိပ်စက်တုန်းက အဆိပ်တွေအများကြီးကို အတင်းသောက်ခိုင်း ခဲ့တယ်။အဲဒါက ခရမ်းရင့်လှိုင်းပန်း အဆိပ်ရဲ့ လက္ခဏာတွေကို အဟန့်အတား ဖြစ်စေခဲ့တယ်။ဒီသံကြိုးတွေက ငါ့ကိုခွန်အားကို ထိန်းချုပ်ပြီးတော့ မှော်အစီအရင်က ငါ့အသက်ကို ထိန်းသိမ်းထားတယ်။ အဲဒီမျိုးမစစ်ကောင်ကြီးက ငါ့ကိုမြန်မြန် မသေစေချင်ဘူး။ သူငါ့ကို လက်စွပ် ဘယ်မှာလဲဆိုတာ စစ်မေးပြီးတော့ နှိပ်စက်ချင်နေတာလေ။ ”

နာလီနီ အမှန်တကယ် သေချင်နေကြောင်း ချန်လွေ့သိလိုက်ပြီး စိတ်ထဲ၌ သက်ပြင်းချ လိုက်သည်။ ရိုမန်က တကယ့်ချီးထုပ်ပဲ။အစကတည်းကနေ သူ့ကို အတင်းခေါ်ထုတ် သွားသင့်တာ။

“ မေးခွန်းနည်းနည်း မေးလို့ရမလား။ ”

နာလီနီ ခေါင်းညိတ်လိုက်သည်။

“ အခုနောက်ပိုင်း လိုင်ရာမြို့မှာ တင်းကြပ်တဲ့ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ထားတယ်။ မြို့တော်ကနေ တော်ဝင်မျိုးနွယ်တစ်ယောက် လာမယ့်ပုံပဲ။အခြေအနေ အတိအကျကို ကျုပ်သိချင်တယ်။ ”

“ လိုင်ရာမြို့ရဲ့ လူရေးတောင်ကြားမှာ ရှားပါးတဲ့ မိစ္ဆာတလဲပင်တစ်ပင် တွေ့တယ်လို့ မ‌သာကောင်ကြီး ပြောတာ ကြားဖူးတယ်။အဲဒါက ရင့်မှည့်တော့မှာ။အဲဒီအသီးက အတော်လေး ရှားပါးပြီးတော့ မြို့တော်က အရေးကြီးပုဂ္ဂိုလ်တစ်ယောက်အတွက် အထူး လုပ်ဆောင်ချက် တစ်ခုရှိတယ်။မျိုးမစစ်‌ကောင်ကြီးက မျက်နှာသာ ရမယ့်အရေးကို လက်လွှတ်ခံမှာ မဟုတ်ဘူး။အဲဒါကြောင့် သူချက်ချင်းပဲ မြို့တော်ကို သတင်းပို့ လိုက်တယ်။မြို့တော်ကလည်း ဒါကိုအရေးထားပြီးတော့ အထူးသံတမန်တစ်ယောက် လွှတ်ပြီး လာယူခိုင်းတယ်။မိစ္ဆာတလဲပင်က တော်တော်လေး ထူးခြားတယ်။အသီးခူးပြီးရင် အပင်က နွမ်းခြောက်သွားတာ။ပြီးတော့ အဲဒါကလည်း တစ်သက်မှာတစ်ခါပဲ ရင့်မှည့်တာ။ ”

ချန်လွေ့ အသာလေး ခေါင်းညိတ်ပြီး ဆိတ်ဆိတ်နေလိုက်သည်။ ထို့နောက် မေးကြည့်လိုက်သည်။

“ ခရမ်းမီးတောက်နှလုံး လက်စွပ်က ဘာသုံးလို့ရတာလဲ။ ”

“ ဒီလက်စွပ်ကို လွန်ခဲ့တဲ့နှစ်၃၀၀တုန်းက မြို့တော်ရဲ့ ပျက်စီးသွားတဲ့ မိသားစု တစ်စုဆီကနေ မျိုးမစစ်ကောင်ကြီး ယူလာခဲ့တာ။ဒီလက်စွပ်က ယောက်ျားလေးရဲ့ စွမ်းဆောင်ရည်ကို တိုးစေတယ်။မျိုးမစစ်ကောင်ကြီးက တဏှာစိတ် လွန်ကဲတယ်။ ပြီးတော့လည်း သူက လိင်ကိစ္စမှာ မစွမ်းဆောင်နိုင်တော့ဘူး။အဲဒီလက်စွပ်မရှိရင် အခြားမိန်းမတွေကို သူဖျက်ဆီးဖို့ မဖြစ်နိုင်တော့ဘူး။ ”

နာလီနီသည် မာန်မချပေ။

“ ဒါပေမဲ့ ခရမ်းမီးတောက်နှလုံး လက်စွပ်ရဲ့ လျို့ဝှက်ချက်က ဒါထက်ကို ပိုတယ်။ ရှေ့ဟောင်းရတနာမြေပုံတစ်ခုနဲ့ သက်ဆိုင်တဲ့ပုံပဲ။ဒါပေမဲ့ အသေးစိတ်ကိုတော့ ငါလည်းသေချာ မသိဘူး။နင်ဒါကို သိမ်းထားချင်သိမ်းထား။ဒါမှမဟုတ် ဖျက်ဆီးပစ်လိုက်။ အဲဒီ မျိုးမစစ်ကောင်ကြီးရဲ့ လက်ထဲ ‌မရောက်သွားရင်ရပြီ။ ”

ကြည့်ရတာ ဒီ “အချစ်ရူးလက်စွပ်”က နာမည်နဲ့ ထိုက်တန်တဲ့ပုံပဲ။ အရေးကြီးဆုံး တန်ဖိုးကတော့ အဲဒါက ရတနာဟောင်းတစ်ခု ဖြစ်တယ်ဆိုတာပဲ။ဒါပေမဲ့ အခုတော့ အဲဒါက ချန်လွေ့အတွက် အသုံးမဝင်ဘူး။

“ စိတ်ချပါ။ ”

ချန်လွေ့ လက်ဝှေ့ရမ်းပြီး ခရမ်းမီးတောက်နှလုံး လက်စွပ်ကို သိမ်းထားလိုက်သည်။ ထို့နောက် လျှပ်စီးကဲ့သို့ပင် အလျားလိုက် သုံးလေးချက် ထိုးနှက်လိုက်ရာ ခိုင်မာလှသည့် သံချောင်းများသည် တံခါးပုံစံ ချက်ချင်းပင် ပြတ်တောက်သွား၏။ချန်လွေ့ အထဲဝင်သွားပြီး နာလီနီ၏ ခြေလက်ပေါ်ရှိ သံကြိုးများကို ဖြတ်တောက်ပေးလိုက်သည်။

“ ခင်ဗျားတကယ်ပဲ မထွက်သွားချင်ဘူးလား။ခင်ဗျားကို ကယ်ဖို့ အရင်က ကတိပေး ထားတာ ရှိနေတုန်းနော်။ ”

နာလီနီ ထပ်ပြီးငြင်းဆန်လိုက်ပြန်၏။သူ၏ ခန္ဓာကိုယ်အားအင်သည် ဖြည်းဖြည်းချင်း စုစည်းလာပြီး အရောင့်ဖျော့ဖျော့လေး တောက်လာကာ ရုတ်တရက်ပင် မီးတောက်အဖြစ် ပြောင်းလဲသွားသည်။၎င်းသည် တိုးမြှင့်ပေးသည့် နတ်ဆိုးမီးတောက်မျိုး မဟုတ်ဘဲ အလွန်အမင်း ဖျက်ဆီးမှုစွမ်းအားကြီးသည့် မီးတောက်အစစ်အမှန် ဖြစ်သည်။

မှိန်နေသည့် မြေအောက်အကျဉ်းခန်းထဲ၌ လင်းလက်လက် မီးရောင်သည် အတော်လေး မျက်စိကျိန်းလှသည်။၎င်းသည် နာလီနီ၏ နောက်ဆုံးသော အသက်နှင့်ဝိညာဉ် တောက်ပခြင်းပင်ဖြစ်သည်။

နာလီနီ၏ခန္ဓာကိုယ်မှ ကျွမ်းလောင်သည့် အနံ့တစ်ခုထွက်လာပြီး နာကျင်မှုကြောင့် ထိန်းချုပ်မရဘဲ တွန့်လိမ်နေ၏။သို့သော်လည်း သူ၏မျက်လုံးထဲ၌ မည်သည့်ခံစားမှု မည်သည့်ဝမ်းနည်းမှုမျိုးမှ ရှိမနေပေ။စိတ်သက်သာရာ ရသွားသည့် ငြိမ်းချမ်းမှုသာ ရှိနေသည်။

ချန်လွေ့သည် ဘာမှမလုပ်နိုင်ဘဲ လက်သီးဆုပ်၍သာ ရပ်ကြည့်နေရသည်။နာလီနီ၏ စွန်းထင်းနေသည့် ခန္ဓာကိုယ်ကို လောင်ကျွမ်းစေခြင်းသည်သာ ဖြူရော်ရော်ဝိညာဉ်ကို အမှန်တကယ် လွတ်လပ်စေနိုင်ပေလိမ့်မည်။

“ လန်နွန်ကို ပြောချင်တာ ရှိသေးလား။ ”

ချန်လွေ့ မေးလိုက်မိသည်။

“ တကယ်လို့... ”

မီးတောက်များ လွှမ်းခြုံခံနေရသည့် နာလီနီသည် စကားတစ်လုံးသာ ပြောနိုင်ပြီး ဆက်မပြောတော့ပေ။မီးတောက်များအတွင်းရှိ လူသားပုံရိပ်မှ မျက်ရည်တစ်စက် ကျလာသည်ကို ချန်လွေ့ သေသေချာချာ မြင်လိုက်ရသည်။

အစမှအဆုံးအထိ အဆိုးဝါးဆုံး အတွေ့အကြုံများကို ပြောသည့်အချိန်၌ပင် နာလီနီသည် မျက်ရည်တစ်စက်မှ မကျခဲ့ပေ။သို့သော်လည်း နောက်ဆုံး၌ မျက်ရည်တစ်စက် ကျခဲ့ရသည်။

ထိုမျက်ရည်ကို မီးတောက်ပင် အငွေ့ပျံအောင် မလုပ်နိုင်ခဲ့ပေ။

ချန်လွေ့ လက်သီးဆုပ်လိုက်ပြီး ဤမြင်ကွင်းမျိုးကို တစ်သက်မေ့တော့မည် မဟုတ်ကြောင်း သိလိုက်သည်။မီးတောက် ငြိမ်းသွားသည်နှင့်အမျှ နာလီနီ၏ ခံစားရမှု များလည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။

ဆုံးပါးသွားသူများသည် ထွက်ခွာသွားကြပြီး အရေးအကြီးဆုံးများမှာ အသက်ရှင်နေသူများ ဖြစ်သည်။အခြားသူများ၏ နာကျင်မှုနှင့် အဖြစ်ဆိုးကို မြင်ရသည့် အတွက်ကြောင့်ပင် လက်ရှိအရာများအားလုံးကို တန်ဖိုးထားသင့်ပေသည်။ချန်လွေ့သည် သူချစ်ရသည့် မိန်းမကို မည်သည့်အခါတွင်မှ မခံစား‌စေရ၊နောင်တမရစေရဟု စိတ်ထဲ၌ သန္နိဠာန် ချလိုက်သည်။

ထို့နောက် ချန်လွေ့သည် မှင်စာအသွင် ပြန်ပြောင်းလိုက်ပြီး လှောင်အိမ်ကို အနည်းငယ် ဖုံးကွယ်ကာ ပြန်လာလိုက်သည်။

လူရေးတောင်ကြားက မိစ္ဆာတလဲပင်။မြို့တော်ဝန်ရဲ့မွေးနေ့။မြို့တော်ကနေ ဧည့်သည်တွေ ရောက်လာဦးမယ်။ကြက်သွေးနီအစောင့်တွေ...။ဒါတွေအားလုံးက အတွဲလိုက် ဆက်စပ် နေတယ်။ ပြီးတော့ အချိန်ကလည်း သိပ်မရှိဘူး။ငါဘယ်လို ကြံရမလဲ။

မည်သို့ပင် ကြံစည်ပါစေ ဘာနကယ်အပြင် သတ်ရမည့်စာရင်းထဲ၌ နောက်ထပ် တစ်ယောက်ရှိနေသေးသည်။ထိုသူသည် နာလီနီကို သစ္စာဖောက်ခဲ့သည့် ရော့စ်ပင် ဖြစ်သည်။

၎င်းသည် အနည်းငယ် အပိုဖြစ်နိုင်သော်လည်း ချန်လွေ့လုပ်ရန် ဆုံးဖြတ်ခဲ့သည်။

မျက်တစ်ဖက် မှင်စာသည် မြေအောက်အကျဉ်းခန်း ဂိတ်တံခါးမှ ခုန်ထွက်သွားသည့်အခါ အကျဉ်းခန်းထဲရှိ သတ်ဖြတ်ချင်စိတ်နှင့် မသာယာမှုများ ယူဆောင်လာသကဲ့သို့ပင် အဇရူပဒေဝတာ အစောင့်များ သိမ့်သိမ့်တုန်သွားသည်။

ထိုညတွင် ကြကသွေးနီအစောင့် ရာ့ခ်ျသည် “တူ”အရက်ဆိုင်သို့ ရောက်လာပြန်သည်။ နှစ်ရက်ဆက်တိုက် အလကားသောက်နေရသည့် အဇရူပဒေဝတာသည် အလွန်ပျော်ရွှင် နေသည်။ သို့သော်လည်း ရာ့ခ်ျသည် ဒေါင့်နားခုံ၌ ရော်ဘင်ကို မ‌တွေ့ဘဲ မျက်နှာမရှင်းလင်းသည့် ဝတ်ရုံနှင့် လူတစ်ယောက်ကိုသာ တွေ့ခဲ့သည်။

“ မင်းက ရာ့ခ်ျလား။ရော်ဘင် မင်းကို ရှာဖို့ပြောခဲ့တယ်။ငါ့နဲ့လိုက်ခဲ့။ ”

ရာ့ခ်ျလည်း ခဏစဉ်းစားပြီး အရက်ဆိုင်မှထွက်ကာ လူပြတ်သည့် လမ်းကြားထဲသို့ လိုက်သွားခဲ့၏။

မည်သူမှ မရှိကြောင်း တွေ့လိုက်သည့်အခါ ထိုသူသည် ခေါင်းပေါ်မှ ဝတ်ရုံကို ချွတ်လိုက်သည်။ ရာ့ခ်ျမြင်သွားသည့်အခါ တုန်လှုပ်သွားသည်။သူ၏သတိသည် ကြောက်ရွံ့ခြင်းအဖြစ် ပြောင်းလဲသွားပြီး ချက်ချင်း ဦးညွှတ်လိုက်သည်။

“ ဆာ-ကယ်လီရာ ”

All Chapters