လျို့ဝှက်စာတစ်စောင်နှင့် ကပ်ဘေးနေ့
Vol. 8 Ch. 111
ချန်လွေ့သည် ကျန်ရှိသည့် အစေ့ကို ကြယ်စင်စု ဥယျာဉ်ထဲသို့ ယူသွားကြည့် လိုက်သည်။ အခရာ နတ်မိမယ် ပျံသန်းလာပြီး ၎င်းကို ပျိုးထောင်ပေး၏။ ထင်သည့်အတိုင်းပင် စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။
[ အမည်မသိ အပင် ]
- ရင့်မှည့်ရန် ကြာချိန် = ၁၀ရက်။
- အသီးကိုခူးပြီးလျှင် အပင်သည် အလိုအလျောက် နွမ်းခြောက်သွားမည်။
- ၎င်း၏အစေ့ကို ပြန်စိုက်၍ရသည်။
- တစ်ရက်လျှင် စွမ်အားအမှုန် ၁၀ယူနစ် သုံးစွဲသည်။
- လက်ရှိအခြေအနေ = မရင့်မှည့်သေး။
မိစ္ဆာတလဲသီးသည် အရှိန်အဝါသီးနှင့် ဆင်တူပုံရသည်။မိစ္ဆာသီး၏ လျှံထွက်နေသော အရှိန်အဝါသည် အရှိန်အဝါသီးထက် ပို၍နည်းပါးပြီး အရှိန်အဝါသီးထက် အရှိန်အဝါ တစ်ဝက်သာ ပေးစွမ်းနိုင်သည်။အရှိန်အဝါအပြင် ၎င်းသည် စိတ်ကို နိုးထစေရန် အတွက်လည်း အထူးကောင်းမွန်သည်။၎င်းသည် အတော်လေး ရှားပါးလောက်ပေမည်။
“ အသီးကိုခူးပြီးရင် အပင်သည် အလိုအလျောက် နွမ်းခြောက်သွားမည် ” ဟူသော အသိပေးချက်ကို ချန်လွေ့ တွေးမိလိုက်ပြီး အသီးများထပ်ခူးကာ စားလိုက်ပြန်သည်။ ၎င်းသည် မသေမျိုး မက်မွန်ပန်းခြံအား ဆရာသခင်ဝူခုန်း နှောင့်ယှက်ခဲ့ခြင်းကို သတိရ သွားစေသည်။ ကံဆိုးစွာပင် “မက်မွန်ပင်” တစ်ပင်သာ ရှိပြီး “မသေမျိုးမက်မွန်သီး” ဒါဇင်လောက်သာ ရှိသည်။
ထင်ထားသည့်အတိုင်းပင် အသီးတစ်လုံး ခူးပြီးတိုင်း မိစ္ဆာတလဲပင်၏ အစိတ်အပိုင်းတစ်ခု နွမ်းခြောက်သွားသည်။နောက်ဆုံးအသီးကို ခူးပြီးနောက်တွင် မိစ္ဆာတလဲပင် တစ်ပင်လုံး လုံးဝနွမ်းခြောက်သွားပြီး သစ်ကိုင်ခြောက်များမှ ၎င်း၏အသက် အမြုတေကို ခံစား၍ မရတော့ပေ။
ချန်လွေ့ အကျယ်ကြီး လေချဉ်တက်လိုက်သည်။နှစ်လိုဖွယ်ကောင်းသော “သန့်စင်ခြင်း” အာနိသင်သည် ခန္ဓာကိုယ်တစ်ခုလုံးထံသို့ ပျံ့နှံ့သွားပြီး စိတ်ခွန်အားနှင့် အာရုံငါးပါး သည်လည်း မသိမသာ ပြောင်းလဲသွားလေ၏။
ထိုခံစားချက်ကို နောက်ဆယ်ရက်ကြာလျှင် ထပ်ပြီးခံစားနိုင်ပေသည်။အကြောင်းရင်းမှာ ထိုအစေ့များကို ကြယ်စင်စုဥယျာဉ်ထဲ၌ စိုက်ပျိုးထားပြီး၍ ဖြစ်သည်။အစေ့၅စေ့ စိုက်ပျိုးပြီးနောက်တွင် ချန်လွေ့သည် ကျန်ရှိသောအစေ့များကို သိမ်းဆည်းထားရန် အတွက် အခရာနတ်မိမယ်အား ပေးလိုက်သည်။
မိစ္ဆာတလဲသီးသည် မမျှော်လင့်ထားသည့် ရရှိမှုတစ်ခု ဖြစ်သည်။ ယခုတွင် လူရေးတောင်ကြားရှိ မိစ္တာတလဲပင် သေဆုံးသွားပြီဖြစ်သည်။ယနေ့တွင် ချန်လွေ့၏ အကြီးမားဆုံး ရည်မှန်းချက် ပြီးမြောက်ခဲ့လေပြီ။ချက်ချင်းပင် ချန်လွေ့သည် ကြက်သွေးနီ အစောင့်များကို လူရေးတောင်ကြားမှ ထွက်ခွာရန် ချက်ချင်း အမိန့်ပေးလိုက်သည်။
“ ညီအစ်ကိုတို့။ ရန်သူရဲ့ စစ်ကူတွေ လာနေကြပြီ။အရင်ဆုံး ပြန်ဆုတ်ခွာပြီးတော့ လိုင်ရာမြို့ မြောက်ဘက်မှာ ပြန်စုစည်းကြမယ်။အဲဒီမှာ အကူအညီတွေ ရှိမှာပဲ။ ”
လက်ထဲတွင် သစ်ပင် ရှိနေသည့်အတွက် အစီအစဉ်က အောင်မြင်မှုနားနီးကပ်နေပြီ ဖြစ်သည်။မြောက်ဘက်ရှိ အကူအညီများမှာ “ဘာနကယ်” ပြောခြင်းသာ ဖြစ်သည်။ ချန်လွေ့နှင့် မဆိုင်ပေ။ သူသိသမျှမှာ အချိန်ကျရောက်လာလျှင် “အထက်လူကြီးများ” မှ အကူအညီများ လွှတ်လိုက်နိုင်မည် ဖြစ်သည်။
သူ၏အမိန့်ကို ကြားသည်နှင့် အစောင့်များသည် စတင်ဆုတ်ခွာတော့သည်။ ထင်ထားသည့်အတိုင်းပင် လမ်းတစ်လျှောက်၌ ရော့စ်ဦးဆောင်သည့် ကာကွယ်ရေး တပ်ဖွဲ့များနှင့် ရင်ဆိုင်ခဲ့ကြရသည်။နှစ်ဖက်စလုံး အနီးကပ် တိုက်ခိုက်ကြတော့သည်။ ချန်လွေ့သည် တိတ်ဆိတ်စွာပင် ကာကွယ်ရေးအဖွဲ့ထဲမှ တစ်သောက်အသွင် ရုပ်ဖျက် လိုက်ပြီး ကြက်သွေးနီအစောင့်များ နောက်လိုက်ကာ လိုင်ရာမြို့ဆီသို့ ဦးတည် သွားတော့သည်။
ထိုအချိန်တွင် လိုင်ရာမြို့တော်ဝန် စံအိမ်အတွင်းရှိ ဧည့်သည်များသည် ခန်းမထဲမှ ထွက်သွားကြပြီး ဝင်းထဲ၌ စုစည်းနေကြရသည်။ခန်ဒါကြီးသည် စွမ်းအားထုတ်ပြီး ခန္ဓာကိုယ်ထဲမှ ထလာမည့်အဆိပ်ကို ချုပ်ထိန်းရန် ပြင်လိုက်ရာ ခေါင်းမူးနောက်လာပြီး နဖူးမှ ချွေးသီးချွေးပေါက်များ ကျဆင်းလာတော့သည်။သူ၏စိတ်ကို လန်းဆန်းစေသည့် နဂါးအမွှေးတိုင်သည်ပင် အကျိုးသက်ရောက်မှု မရှိတော့ပေ။
“ မြို့တော်ဝန်။ကြက်သွေးနီ အစောင့်တွေက လူရေးတောင်ကြားကနေ ဆုတ်ခွာလာပြီ။ သူတို့က လမ်းမှာ ရော့ရဲ့ ကာကွယ်ရေးတပ်ဖွဲ့နဲ့ ရင်ဆိုင်တွေ့နေတယ်။ ”
ခန်ဒါကြီး၏စိတ် နိုးထသွားပြီး ကြောက်အားလန့်အားနှင့် မေးလိုက်သည်။
“ မိစ္ဆာတလဲပင် ဘာဖြစ်သွားလဲ။ ”
“ ဘယ်မိစ္ဆာတလဲပင်လဲ။ ”
သတင်းလာပို့သည့် အစောင့်သည် လူရေးတောင်ကြားရှိ လျို့ဝှက်ချက်များကို မသိသည်မှာ သေချာနေသည်။
ခန်ဒါ စိုးရိမ်လာသည်။
“ လူရေးတောင်ကြားက ငါတို့စောင့်ကြပ်နေတဲ့ဟာကွ။သောက်ရူး။ ”
“ အဲဒါကတော့.....ကျွန်တော်လည်း ဘာမှ မကြားဘူး။ ”
“ သောက်ရူး။သိအောင်သွားလုပ်ခဲ့။ ”
ရင်ထဲ၌ နမိတ်မကောင်းသည့် ခံစားချက်များ နီးကပ်လသလို ခံစားနေရသော်လည်း ခန်ဒါကြီးသည် မျှော်လင့်ချက် ငွေချည်တစ်မျှင်ကို ဆုပ်ကိုင်ထားဆဲပင် ဖြစ်သည်။
ခဏကြာပြီးနောက် -
“ မြို့တော်ဝန်။ရော့စ်ကို ဆရာသခင် လတ်ဇ် ဖမ်းခေါ်လာပါပြီ။ ”
ခန်ဒါကြီး အမြန်ပြောလိုက်သည်။
“ မြန်မြန်လုပ်။ရော့စ်ကို ဒီနေရာ ခေါ်လာဖို့ သူ့ကိုပြောလိုက်။ ”
လာ့ခ်စ်သည် ရော့စ်ကို ဆွဲခေါ်ရင်း ဝင်လာသည်။ရော့စ်သည် ခန်ဒါကြီးကို မြင်လိုက်ပြီး အမြန်ပြောလိုက်သည်။
“ မြို့တော်ဝန်။ ကျုပ်က ကာကွယ်ရေးတပ်ဖွဲ့ကို ဦးဆောင်ပြီးတော့ ကြက်သွေးနီ အစောင့်တွေကို လိုက်ဖမ်းနေတာပါ။ဘာလို့ ကျုပ်ကို ရာထူးဖြုတ်ပစ်တာလဲ။ ”
“ လိုက်ဖမ်းတယ် ဟုတ်လား။မင်းက သူတို့အတွက် ကာကွယ်ပေးနေတာပဲ။ ”
ခန်ဒါကြီး ပင့်သက်ရှိုက်ပြီး ရော့စ်ဆီသွားကာ ကုတ်အင်္ကျီကော်လာကို ဆုပ်ကိုင် လိုက်သည်။
“ ငါ့ကိုပြောစမ်း။မင်း ဘာအဆိပ် သုံးခဲ့တာလဲ။ဖြေဆေးက ဘာလဲ။ ”
“ မြို့တော်ဝန်။ခင်ဗျားဘာပြောနေလဲဆိုတာကို ကျုပ်မသိပါဘူး။ ”
ရော့စ်သည် လုံးဝကို ဘာပြောရမှန်းမသိ ဖြစ်နေသည်။
“ အခုထိကို မင်းက ဟန်ဆောင်နေသေးတာပဲ။ ”
ရော့စ်၏ မျက်နှာပေါ်သို့ လက်ဝါးတစ်ချက် ဖြန်းခနဲရောက်လာပြီး ချက်ချင်းပင် ကြက်သေသေသွားသည်။ ရော့စ်သည် အလယ်ဆင့်နတ်ဆိုးဖြစ်သော်လည်း နတ်ဆိုးဘုရင်၏ အစွမ်းနဲ့ယှဉ်သည့်အခါ အကာအကွယ်မဲ့နေခဲ့သည်။ ခန်ဒါကြီးသာ ဖြေဆေးနာမည်ကို မပြောခိုင်းချင်လျှင် ထိုလက်ဝါးချက်နှင့်အတူ ရော့စ်၏အသက်ပါ ပါသွားပေလိမ့်မည်။
“ ရော့စ်။ခရမ်းနှလုံး လက်စွပ်ကို မင်းဝှက်ထားတာ ငါခွင့်လွှတ်နိုင်တယ်။နာလီနီကို တိတ်တဆိတ်ခေါ်သွားဖို့ ဘာနကယ်နဲ့ ပူးပေါင်းတာကိုလည်း ခွင့်လွှတ်နိုင်တယ်။ဒါပေမဲ့ မင်းငါ့ကို ဖြေဆေးပေးရမယ်။ ”
ခန်ဒါကြီးရဲ့ ငေါက်သံကို ဝင်းအပြင်မှ လူများပင် ကြားနေရသည်။
ယခုမှပင် ရော့စ်သည် ခေါင်းပေါ်ရှိ စွတ်စွဲချက်သည် မည်မျှအထိကြီးမားကြောင်း သဘောပေါက်သွားတော့သည်။ရော့စ်လည်း မတရားသည့်အတွက် ချက်ချင်းပင် အော်ပြောလိုက်သည်။
“ ကျုပ်က နာလီရော၊ခရမ်းနှလုံး နဲ့ရော ဘာမှမပတ်သက်ပါဘူး။ဘာနကယ်နဲ့ ပူးပေါင်းဖို့ဆို ပိုပြီးဝေးသေးတယ်။ကျုပ် ချောက်ချခံရတာပဲ ဖြစ်ရမယ်။ ”
ခန်ဒါသည် စာတစ်စောင်ကို ရော့စ်၏မျက်နှာပေါ်သို့ ပစ်ထည့်လိုက်သည်။ ချက်ချင်းဖတ်ကြည့်လိုက်ရာ ရော့စ်၏မျက်နှာအမူအရာ ဆိုးရွားသွား၏။
“ မြို့တော်ဝန်။ကျုပ်ပြောတာယုံပါ။တရားရုံးမှာ ကျုပ် ကယ်လီရာကို တည့်တည့် ရင်ဆိုင်နိုင်ပါတယ်။ ”
ထိုအချိန်၌ တစ်စုံတစ်ယောက် သတင်းလာပို့တော့သည်။
“ မြို့တော်ဝန်။ ဆရာသခင် ရောဘတ်က ကြက်သွေးနီအစောင့်အဖွဲ့ရဲ့ ခံတပ်ထဲမှာ ဘာနကယ်ကို တွေ့ခဲ့တယ်။သူက ဘာနကယ်ကို ဖမ်းဖို့လုပ်တော့ ဘာနကယ်က အဖမ်းမခံတဲ့ဘဲ ခုခံတဲ့အတွက် ရောဘတ် ဒဏ်ရာအပြင်းအထန် ရသွားခဲ့တယ်။ အဲဒီအချိန်မှာပဲ ခံတပ်ထဲမှာ ကယ်လီရာရဲ့ အလောင်းကိုတွေ့ခဲ့တယ်။သူ့ကို ဘာနကယ်ပဲ သတ်လိုက်တာဖြစ်မယ်။အခုတော့ ဘာနကယ် ထွက်ပြေးသွားပြီ။ ”
“ သိပ်ကောင်းတယ်။ ”
ခန်ဒါကြီးသည် ရော့စ်ကိုကြည့်လိုက်ပြီး သူ၏အကြည့်များသည် ပို၍ မည်းမှောင်လာသည်။
“ အခုတော့ လူသေက သက်သေမခံနိုင်တော့ဘူး။ မင်းအခုချက်ချင်း ဖြေဆေးမပေးဘူးဆိုရင်တော့ နတ်ဆိုးဘုရားသခင် အရှေ့မှာပဲ ကယ်လီရာကို သွားရင်ဆိုင်တော့။ ”
ခန်ဒါကြီး၏ သတ်ဖြတ်ချင်သည့် ပုံစံကိုမြင်ရင်း ရော့စ်သည် မတရားခံရသည် ဟူ၍သာ ခံစားရခဲ့ပြီး တိတ်တဆိတ် အံကြိတ်လိုက်သည်။ ကယ်လီရာနဲ့ ငါနဲ့က ဘာမှ ပြဿနာမရှိဘူး။ မတွေ့ဖြစ်တာ များတယ်။ ဘာအကြောင်းမှမရှိဘဲနဲ့ သူငါ့ကိုဘာလို့ ချောက်ချရတာလဲ။
ယခုတွင် ကယ်လီရာသည် “ သေသွားပြီ ” ဖြစ်သည့်အတွက် ထိုကျိန်စာသည် အမှန်တကယ်ပင် သက်ရောက်မှုရှိလှသည်။
ယခုတွင် လူသေသည် သက်သေမခံနိုင်တော့ပေ။ ခန်ဒါကြီးအပေါ် ရော့စ်၏ နားလည်မှုအရဆိုလျှင် ထိုကဲ့သို့မတရားစွပ်စွဲမှုများသည် သူ့အပေါ် လုံးဝရောက်ရှိ ပေတော့မည်။
ကယ်လီရာ၏စာထဲတွင် စာသား အနည်းငယ်သာ ပါသည်။
ဘာနကယ်က ခန်ဒါကြီးရဲ့မွေးနေ့မှာ ပုန်ကန်ပြီးတော့ အရေးကြီးတာတစ်ခုခုကို ယူသွားတယ်။ ရော့စ်နဲ့ ဘာနကယ် ပူးပေါင်းပြီးတော့ ခန်ဒါကြီးကို တိတ်တဆိတ် အဆိပ်ခတ်ခဲ့ပြီးတော့ နာလီနီကို ခေါ်ထုတ်သွားတယ်။သူတို့တွေ ရှေ့ဆက်တိုးပြီးတော့ မြို့တော်ဝန်နေရာကိုယူဖို့ ကြံနေကြတယ်။ ဘာနကယ်နဲ့ ရော့စ်တို့ရဲ့ လျို့ဝှက် အကြံအစည်ကို ကယ်လီရာ သိသွားပြီးတော့ ဘာနကယ် လိုက်ဖမ်းတာ ခံရတယ်။အဲဒါကြောင့် သူက ခန်ဒါကြီးဆီကနေ အကာအကွယ် တောင်းခဲ့တယ်။
ရိုးရှင်းလှသည်။ထိုကဲ့သို့ ရိုးရှင်းသည့် စကားလုံးများကပင် ရော့စ်ကို အဆုံးမရှိသော ကြမ္မာဆိုး အသူရာချောက်နက်ထဲသို့ ပို့ဆောင်ပေးခဲ့လေပြီ။
လိုင်ရာမြို့၌ ကြက်သွေးနီအစောင့်များ ရောက်နေသည်မှာ ၂နှစ်ရှိပြီဖြစ်သည်။အဖွဲ့နှစ်ခု တိုက်ခိုက်နေကြသည်ကို ရော့စ် သိသည်။ သို့သော်လည်း သူကိုယ်ပိုင် ပါဝင်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ရော့စ်သည် စိတ်ထဲ၌ ကျိန်ဆဲလိုက်တော့သည်။ အဲဒီခွေးကောင် ကယ်လီရာ။မင်းနဲ့ ဘာနကယ်ကြားမှာ ပြဿနာရှိတော့ ဘာဖြစ်လဲ။ဘာလို့ ငါ့ကိုငါ ဆွဲထည့်ရတာလဲ။
ယခုတွင် ရော့စ် မည်ကဲ့သို့ပင် ရှင်းပြရင် ကြိုးစားကြိုးစား ဖုံးကွယ်သည်ဟူ၍သာ သတ်မှတ်ခံရပေမည်။အသက်ကယ်နိုင်ရန်အတွက် နောက်ထပ်အစီအစဉ်တစ်ခု ထပ်စဉ်းစားရန် လိုအပ်နေပုံရသည်။
ထိုအချိန်တွင် နောက်ထပ် အရေးပေါ် သတင်း ရောက်လာပြန်သည်။
“ လူရေးတောင်ကြားက မိစ္ဆာတလဲပင် နွမ်းခြောက်သွားပြီးတော့ အသီးတွေလည်း မရှိတော့ဘူး။ဆရာသခင် ပေါင်လျူဖမ်းထားတဲ့ ကြက်သွေးနီအစောင့်ကို စစ်မေးကြည့်ရင်း သိလိုက်ရတာ။အသီးကို ဘာနကယ် ယူလိုက်တာဖြစ်မယ်။ ”
ခန်ဒါကြီး ဒေါသထွက်သွားပြီး ချက်ချင်းပင် ခရမ်းရောင် သွေးတစ်လုတ် ထွေးထုတ် လိုက်သည်။ထို့နောက် မြေပြင်ပေါ်သို့ လဲကျသွားပြီး တိုက်စားသည့် ခရမ်းရောင်မီးခိုးများ ထုတ်လွှတ်နေတော့သည်။ခန္ဓာကိုယ်ထဲရှိ အဆိပ်များ၏ အစွမ်းကို မြင်နေရသည်။ သို့သော်လည်း ခန်ဒါကြီးသည် ၎င်းကို ဂရုမစိုက်နိုင်တော့ပေ။
သွားပြီ။အားလုံးသွားပြီ။
မိစ္ဆာတလဲပင်က တော်တော်လေး ထူးခြားတယ်။လုံးဝ ပြန်စိုက်လို့မရဘူး။မြေကြီးကနေ ဖယ်ရှားလိုက်တာနဲ့ အသီးအပါအဝင် အရာအားလုံး ခြောက်သွေ့သွားမှာ။မဟုတ်ရင် ဟိုးကတည်းကနေ အင်ပါယာဆီကို ပြောင်းရွှေ့စိုက်ပျိုးမှာပေါ့။မိစ္ဆာတလဲသီးကိုလည်း အထူးနည်းလမ်းကိုသုံးပြီးတော့ ခူးရမယ်။ထိမ်းသိမ်းထားရမယ်။အရိပ်နက်အင်ပါယာရဲ့ တော်ဝင်မျိုးနွယ်တွေပဲ ဒီလျို့ဝှက်နည်းလမ်းကို သိကြတာလို့ ပြောကြတယ်။အဲလိုမှ မဟုတ်ရင် အသီးခူးပြီး ၅မိနစ်အတွင် အာနိသင် ပျောက်သွားလိမ့်မယ်။
ဒါဆိုရင် ဘာနကယ်က ဘယ်လိုလုပ်ပြီး ဒီလျို့ဝှက်နည်းလမ်းကို သိသွားတာလဲ။
ဤကိစ္စနှင့် ပတ်သက်ပြီး သံသယ အချို့ ရှိနေသည်။သို့သော်လည်း ယခုတွင် မိစ္ဆာတလဲပင် သေဆုံးသွားပြီဖြစ်၍ အရာအားလုံး အဓိပ္ပာယ်မရှိတော့ပေ။ဘာနကယ်ကို ပြန်ဖမ်းပြီး လျှင်တောင် မည်သည်ကိုမှ ပြန်လုပ်၍ မရတော့ပေ။
အင်ပါယာကလူတွေ မကြာခင် ရောက်လာတော့မှာ။ အဲဒီအချိန်ကျရင် မြို့တော်ဝန် နေရာရော၊ ငါ့အသက်ရော၊ငါ့တစ်မိသားစုလုံးရော......တကယ့်ကို အားလုံး သွားပြီ။
လောကကြီး ချာချာလည်ပတ်နေသည် ဟူ၍သာ ခန်ဒါကြီး ခံစားရနေတော့သည်။ နောက်ထပ် သွေးနှစ်လုတ် အန်ထုတ်လိုက်ရာ ခန္ဓာကိုယ်ကို ထောက်ပံ့ပေးထားသည့် ခွန်အားများ လုံးဝကုန်ဆုံးသလို ခံစားသွားရသည်။ယခင်က ဖိနှိပ်ထားသည့် အဆိပ်သည် ယခုတွင် တစ်ကိုယ်လုံးကို ပျံ့နှံ့နေတော့သည်။ခန်ဒါကြီး ပြိုလဲတော့မည် အချိန်တွင် ဘေးနားမှ လာ့ခ်စ်သည် အပြေးလာပြီး ထိန်းထားပေးလိုက်သည်။
ရော့စ် ရုတ်တရက် လှုပ်ရှားပြီး တယ်လီပို့ခုန်လိုက်သည်။
ခန်းမ တံခါးအရှေ့၌ ချက်ချင်း ပြန်ပေါ်လာသည်။လာ့ခ်စ် လိုက်ဖမ်းရန် ပြင်လိုက်စဉ် “ဖြေဆေး”ဟု ရော့စ် အော်ပြောသည်ကို ကြားလိုက်ရသည်။
ထိုသို့ပြောရင်း ရော့စ် ဆေးတစ်ပုလင်းကို ပစ်ထည့်ပေးလိုက်သည်။လာ့ခ်စ်လည်း အလျင်အမြန်ပင် တယ်လီပို့ခုန်ပြီး ဖြေဆေးကို ဖမ်းလိုက်သည်။တစ်ချိန်တည်းမှာပင် ရော့စ်ကို တားဆီးရန် အစောင့်များကို အသံအကျယ်ကြီးနှင့် အမိန့်ပေးခဲ့သည်။ လာ့ခ်စ်သည် ပုလင်းကို ခန်ဒါကြီးဆီ ယူလာခဲ့သည်။
ခန်ဒါကြီးသည် ၎င်းကို တုန်ရီစွာ သောက်လိုက်သော်လည်း နောက်ထပ် သွေးတစ်လုတ် ထပ်အန်ပြန်သည်။ ထို့နောက်သူသည် လာ့ခ်စ်၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။
“ ဒါက ရိုးရိုးဖြေဆေးပဲ။ ”
“ တစ်မြို့လုံးကို အသိပေးလိုက်။ဘာနကယ်နဲ့ ရော့စ်ကို တွေ့တာနဲ့ သတ်ပစ်။ ”
ခန်ဒါကြီး ပင့်သက်အနည်းငယ် ရှိုက်လိုက်သည်။သူ၏စိတ်သည် ကျောက်တုံးကဲ့သို့ လေးလံနေပြီး စကားမပြောနိုင်တော့ပေ။လက်နှင့်ခန္ဓာကိုယ်မှ ခရမ်းရောင်မီးခိုးများ ထွက်လာပြီး အရေပြားသည် ပြာအဖြစ်သို့ စတင်တိုက်စားလာသည်။
မီးခိုးများကြားထဲမှ ရင်းနှီးသည့် အသံတစ်သံ ကြားသယောင်ထင်ရသည်။ ရှင့်ရဲ့ ညစ်ပတ်ပြီး အိုဟောင်းတဲ့ ခန္ဓာကိုယ် ပြာဖြစ်သွားတဲ့အထိ ကျွန်မရဲ့ ဝိညာဉ်က ထာဝရကျိန်ဆဲနေမှာပဲ.....
ရော့စ်သည် သူ၏အစွမ်းအစများကို အဆုံးစွန်အထိ ထုတ်လွှတ်လိုက်သည်။ ဒဏ်ရာများကိုပင် မကြည့်နိုင်တော့ဘဲ မြို့တော်ဝန်စံအိမ်မှ ထွက်ပြေးတော့သည်။ ထိုအချိန်တွင် ခန်ဒါကြီး၏ သတ်ဖြတ်ခြင်းအမိန့်သည် လုံးလုံး မပျံ့နှံ့သေးပေ။ထို့ကြောင့် လမ်းတစ်လျှောက်တွင် ရော့စ်ကို မည်သူမှ မတားဆီးခဲ့ပေ။ကာကွယ်ရေးအင်အားစု ခေါင်းဆောင် ထိတ်လန့်တကြား ပြေးလွှားနေသည်ကိုသာ သူတို့ကြည့်နေခဲ့သည်။ သို့သော်လည်းယနေ့တွင် မြို့ထဲ၌ ဖရိုဖရဲ တော်တော်လေး ဖြစ်ခဲ့ပြီဖြစ်သည်။အရေးပေါ် အခြေအနေတစ်ခု ရှိ၍သာဖြစ်မည်ဟု သူတို့ထင်ခဲ့ကြသည်။
လူအများရှေ့၌ ဖြေဆေးကို ပစ်ပေးခြင်းသည် သူ၏ပစ်မှုကို အတည်ပြုလိုက် သကဲ့သို့ ဖြစ်သွားသည်။သို့သော်လည်း သူဂရုမစိုက်နိုင်တော့ပေ။မြို့တော်ဝန်၏ စံအိမ်၌ နေနေခြင်းသည် သေကြောင်းကြံခြင်းသာ ဖြစ်သည်။အပြစ်ကင်းမဲ့ခြင်းနှင့် ရာထူး ပြန်ရရှိရန်အတွက် ရှင်သန်ရပေမည်။ လက်ရှိအခြေအနေသည် အတော်လေး ရှုပ်ထွေးလှပြီး နောက်ကွယ်၌ တရားခံတစ်ယောက် သေချာပေါက် ရှိပေလိမ့်မည်။ ထွက်ပြေးနေရင်း ရော့စ်သည် ထိုတရားခံကို ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုနေတော့သည်။
သူ့ဆီသို့ တစ်ယောက်ယောက် ပြေးလာသည်။ ထိုသူသည် ဝတ်ရုံဝတ်ထားပြီး မျက်နှာမမြင်ရပေ။သို့သော်လည်း သူ၏ပုံစံသည် နတ်ဆိုးဘုံရှိ တွေ့မြင်နေကျ ပုံစံပင် ဖြစ်သည်။အရေးကြီးတစ်ခုခု ဖြစ်သကဲ့သို့ပင် ထိုသူသည် ရော့စ်ထံသို့ ပြေးလာသည်။
ရော့စ်သည် အန္တရာယ်တစ်ခုခုကို ခံစားမိခဲ့သည်။ သူ၏စွမ်းအားသည် အလယ်ဆင့်နတ်ဆိုး၌ အစွမ်းထက်ဆုံး မဟုတ်သော်လည်း ဇနီးလောင်းကို သစ္စာဖောက်၊ ဖော်လံဖား၍သာ ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဖြစ်လာခဲ့သည်။မည်သို့ပင် ဆိုစေကာမူ ရော့စ်သည် မဟာနတ်ဆိုး တစ်ယောက် ဖြစ်နေသေးသည်။
အန္တရာယ် အာရုံသည် ဖြည်းဖြည်းချင်း နီးကပ်လာသည်။ ချက်ချင်းပင် ရော့စ် တစ်ကိုယ်လုံးရှိအင်အားများ စုစည်းသွားပြီး အသက်ဆက်ရှင်ချင်စိတ်သည် သူ၏ အဆင့်ထက် ကျော်လွန်သွားစေသည်။လူနှစ်ယောက် အချင်းချင်း ဖြတ်သွားသည့်အခါတွင် ရော့စ်သည် ချက်ချင်းပင် ခပ်ဝေးဝေးနေရာတစ်ခုသို့ တယ်လီပို့ ခုန်လိုက်သည်။
ထိုသူသည် ခေတ္တရပ်တန့်သွားပြီး နောက်ပြန်လှည့်မကြည့်ဘဲ စတင်ပြေးတော့သည်။
ရှေ့ဘက်ရှိ လမ်းဘေး၌ ရပ်နေသည့် မှင်စာ၏ အမြင်တွင် ရော့စ်သည် သူ့ရှေ့သို့ တယ်လီပို့ခုန်လိုက်သည်။ ရော့စ်၏ ခန္ဓာကိုယ်သည် ပြေးနေသည့်ပုံစံသာရှိနေသေးသည်။ အီနားရှားကြောင့် သူ၏ခန္ဓာကိုယ်သည် ရှေ့သို့အနည်းငယ် ယိုင်သွားပြီး ဦးခေါင်းသည် ရုတ်တရက် မြေပေါ်သို့ ကျသွားသည်။
ရော့စ်၏ အလောင်းသည် မြေပြင်ပေါ်သို့ ကျသွားပြီး သွေးများ စွန်းထင်းနေတော့သည်။ သူ၏မျက်နှာပေါ်၌ ကြောက်မက်ဖွယ် အမူအရာ ရှိနေ၏။
မှင်စာသည် အလွန်ကြောက်လန့်သွားပြီး အော်ဟစ်လိုက်သည်။ဝတ်ရုံနှင့်လူသည်လည်း ပျောက်ကွယ်သွားတော့သည်။
အမှန်တကယ်တွင် ဝတ်ရုံနှင့်လူသည် မြောက်ဘက်သို့ ဘာနကယ် ထွက်သွားပြီး အဓိကပစ်မှတ်ကို သွားရှာသည်ကို ကြားခဲ့သည်။ ခန်ဒါကြီးလက်မှ ရော့စ် လွတ်မြောက်လာမည်ဟု သူ မထင်ထားခဲ့ပေ။လမ်းတစ်လျှောက်၌လည်း ရော့စ်နှင့် ဆုံမည်ဟု သူမထင်ထားခဲ့ပေ။
ကံကြမ္မာရယ်၊ မီးတောက်ထဲက မိန်းကလေးရယ်နဲ့ မီးတောက် အရည်မပျော်နိုင်တဲ့ မျက်ရည်စက်ရယ်က သူ့ကို လမ်းညွှန်လိုက်တာဖြစ်မယ်။
ချန်လွေ့သည် မတုံ့ဆိုင်းဘဲ အားကုန်သုံးကာ ဓားကိုဝှေ့ရမ်းလိုက်သည်။
ထိုခုန်ချက်သည် ရော့စ်ကို အမှန်တကယ် မထိခဲ့ပေ။ကိုယ်ပျောက် ဓားချီလေပြင်း တစ်ခုသာ ရော့စ်၏ လည်ပင်းကို ဖြတ်သွားခဲ့သည်။
သို့သော်လည်း ၎င်းသည် လုံလောက်နေပြီ ဖြစ်သည်။
တစ်ချက်တည်းဖြင့် ရော့စ် ခေါင်းပြတ်သွား၏။
၎င်းသည် မီးတောက်ထဲရှိ မျက်ရည်စက်ကို ချန်လွေ့ဂုဏ်ပြုသည့် နည်းလမ်းဖြစ်သည်။
ချန်လွေ့သည် အခြားသူများ၏ လက်ထဲ၌သာ သေခြင်းရှင်ခြင်းကို မှီခိုနေရသည့် အားနည်းသော လူတစ်ယောက် မဟုတ်တော့ပေ။ ကြီးနိုင်ငယ်ညှဉ်းဖြစ်သည့် ဤလောကကို ချန်လွေ့ မပြောင်းလဲနိုင်သလို ပြောင်းလဲ၍လည်း မဖြစ်နိုင်ပေ။ ဤလောကဖြစ်ဖြစ် အခြားလောကဖြစ်ဖြစ် အတူတူသာ ဖြစ်သည်။အခြားသူများအမြင်၌ ရယ်စရာကောင်းသည်ဖြစ်စေ၊ အပိုဖြစ်စေ လုပ်ရမည်ဟု ခံစားရသည့် ကိစ္စများကို ကိုယ်ပိုင်အစွမ်းအစသုံး၍ ဆောင်ရွက်သွားခြင်းဖြစ်သည်။ ဒါက နတ်ဆိုးဘုံမှာ ပြန်လည် မွေးဖွားလာတဲ့ ချန်လွေ့ဆိုတဲ့ ငါပဲ။
ရော့စ်ကတော့ သေပြီ။ဘာနကယ်ပဲ ကျန်တော့တယ်။
ဤတာဝန်ကိုပြီးစီးပြီးနောက်တွင် အရတ်စ်ကို ရင်ဆိုင်ရန်အတွက် အမှောင်လမြို့ဆီ ပြန်သွားရမည် ဖြစ်သည်။ထိုမတိုင်ခင် ချန်လွေ့သည် အသီနာကို တွေ့ရန် မရည်ရွယ်ထားပေ။ စစ်စာချုပ်ကို ကျော်ဖြတ်သွားနိုင်ပြီးသည်နှင့် ချန်လွေ့သည် အသီနာနှင့်အတူ ဘဝအကြောင်း စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။
ဘာနကယ်၏ လက်ရှိစိတ်ခံစားချက်သည် ရော့စ်ထက် ပို၍ဆိုးနေသည်။ကယ်လီရာ၏ အလောင်းကို ကြက်သွေးနီအစောင့် ခံတပ်၌ တွေ့ရှိခဲ့ရသည်။အခြေအနေကို သူသဘောမပေါက်သေးခင်မှာပင် ရောဘတ်သည် စစ်တပ်တစ်အုပ်နှင့်အတူ ခံတပ်ကို ဝိုင်းရံထားခဲ့သည်။ယခင်က ထိုရောဘတ်သည် သူနှင့်အတူ သောက်ခဲ့သေးသည်။ သို့သော်လည်း ယခုတွင် သူ့ကို ဆန့်ကျင်နေပြီ ဖြစ်သည်။ထို့နောက် ရောဘတ်သည် အပေါ်ထပ်ရှိ ကယ်လီရာ အလောင်းကို တွေ့သွားသည့်အခါ သူ့ကိုဖမ်းဆီးရန် ချက်ချင်း အမိန့်ပေးခဲ့သည်။
ဘာနကယ်သည် အဖမ်းခံမည်မဟုတ်ပေ။ဖရိုဖရဲ ဖြစ်နေချိန်အတွင်း ဘာနကယ်သည် ရောဘတ်ကို ဒဏ်ရာရအောင် လုပ်ခဲ့ပြီး ဖမ်းဆီးခံထားရသည့် အဖွဲ့ဝင် သုံးလေးယောက်နှင့်အတူ ထွက်ပြေးခဲ့သည်။လမ်းတစ်လျှောက်တွင် လူရေးမြို့မှ ဆုတ်ခွာလာသည့် ကြက်သွေးနီအစောင့်များနှင့် ပူးပေါင်းခဲ့သည်။ သူတို့သည် ဘာနကယ်နှင့်အတူ မြို့မြောက်ဘက်သို့ ဆုတ်ခွာကြတော့သည်။လမ်းထဲ၌ ဘာနကယ်သည် အဖြစ်အပျက်တစ်ခုလုံးကို မေးကြည့်လိုက်ရာ သူ၏မျက်နှာသည် ကြောက်ရွံ့မှုဖြင့် ဖြူဖျော့သွားတော့၏။
ဖြစ်ပုံမှာ သူသည် ကယ်လီရာကို ကိုယ်တိုင်သတ်ခဲ့သည်။
“အထက်လူကြီးများ”၏ အမိန့်အတိုင်း သူသည် ကြက်သွေးနီ အစောင့်အဖွဲ့ကို ဦးဆောင်ကာ လူရေးတောင်ကြားကို တိုက်ခိုက်ခဲ့သည်။
သူသည် တာဝန်ကို ပြီးစီးအောင် လုပ်နိုင်ခဲ့သည်။ယခုတွင် သူသည် ကျန်ရှိသည့် အဖွဲ့ဝင်များအား လိုင်ရာမြို့ မြောက်ဘက် ထွက်ပေါက်သို့ ဆုတ်ခွာနိုင်ရန် ဦးဆောင်နေသည်။
ဟုတ်ပါတယ်။ငါက တကယ်ပဲ အဖွဲ့ဝင်တွေကို “ဆုတ်ခွာနိုင်ဖို့” “ ဦးဆောင် ” ပေးနေတာ။မေးစရာရှိတာက ငါဘာလို့ ဒီလူတွေနဲ့ ထွက်ပြေးရမှာလဲ။“ ဇာတ်လိုက် ” ဖြစ်တဲ့ငါက ခုနကဖြစ်ခဲ့တာတွေ တစ်ခုမှကို မသိဘူး။
ဒီနေ့ငါက မြို့တော်ဝန် ခန်ဒါကြီးရဲ့ မွေးနေ့ဧည့်ခံပွဲကို တက်နေတာ မဟုတ်လား။ ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားရတာလဲ။