← Chapters

မွေးနေ့ပွဲကြီး ၄

Vol. 120 Ch. 1674

မွေးနေ့ပွဲကြီး ၄

Vol. 120 Ch. 1674

ထွက်လာသော ထိုအနက်ဝတ်လူများမှာ ရာဂဏန်းခန့်ရှိကာ တစ်ယောက်ချင်းစီမှာ သန်မာလှသည်ဟု ရှီမာလျူရွှမ် ခန့်မှန်းမိသည်။

ရှီမာမျိုးနွယ်၏ အရင်လိုအားနှင့်ဆိုလျှင် ထိုလူများနှင့်တွေ့လျှင် အဆုံး သတ်လှနိုင်မည်မဟုတ်ပေ။ သူတို့ဘက်တွင် လူပိုများသော်လည်း တကယ့် သခင်များရှေ့မှောက်တွင်တော့ ထိုပမာဏသည် အရေးမကြီးတော့ပေ။

သို့သော် အခုချိန်တွင် ထိုရာချီသော လူများသည် များစွာ သက်ရောက်မှု မရှိပေ။

“သခင်ကြီး” ကျန်းခွန်သည် ချက်ချင်းပင် ဦးညွှတ်ကာ အနက်ဝတ်လူအဖွဲ့ ကို ဦးဆောင်လာသောလူအား နှုတ်ဆက်လိုက်သည်။

“အသုံးမကျတဲ့ကောင်” အနက်ဝတ်လူသည် ကျန်းခွန်အား အထင်သေး စွာ ကြည့်လိုက်သည်။ ဒီလောက်ကိစ္စသေးသေးလေးကိုတောင် ကောင်းကောင်း မကိုင်တွယ်နို်ငဘူး။ ရှီမာမျိုးနွယ်နဲ့ သူ့ကြားမှာ ရန်ငြိုးရန်စ ရှိတာကြောင့်သာမဟုတ်ရင် ချက်ချင်းပဲ သူ့လည်ကိုချိုးလိုက်ပြီ။

ကျန်းခွန်သည် ကြိမ်းမောင်းခံလိုက်ရသော်လည်း မငြင်းဆန်ရဲဘဲ ကြက် ကလေး ခေါင်းဆိတ်သလို ညိတ်လေသည်။ ဆန့်ကျင်ဘက်အနေနှင့် ဝိညာဉ် စိမ်းဂိုဏ်းသခင်သည် ဒေါသထွက်ကာ ပြန်ပြောမည်အပြုတွင် ကျန်းခွန်က တားလိုက်လေသည်။

ကျန်းခွန်သည် သူမကို ခေါင်းယမ်းပြလိုက်သည်။ ဂိုဏ်းသခင်သည် ဒေါသ ထွက်သွားသော်လည်း ပါးစပ်ပိတ်သွားတော့သည်။

ရှီမာယူယူသည် စိတ်ဝင်တစားကြည့်နေသည်။ ဒီဂိုဏ်းသခင်က ကျန်းခွန် ကို တကယ်ပဲ ခံစားချက်ရှိတာပဲ။

“မင်းက ဘယ်သူလဲ” ရှီမာလျူဖန် မေးလိုက်သည်။

“မင်းအသက်ကို ယူမယ့်သူ” အနက်ဝတ်အဖွဲ့ကို ဦးဆောင်လာသော လူ သည် အေးစက်စွာနှာမှုတ်လေသည် “သွားတော့ ရှီမာမျိုးနွယ်က ဘယ်သူ့ကိုမှ အရှင်မထားနဲ့”

“မင်းကများ တိမ်တိုက်အစောင့်တွေ လာကြ” ရှီမာလျူယွမ်သည် လက် ကို ဝေ့ယမ်းလိုက်ရာ အရင်အစောင့်များသည် နောက်ဆုတ်သွားပြီး တိမ်တိုက် အစောင့်များသည် ပျံလာပြီး အနက်ဝတ်လူများနှင့် တိုက်ခိုက်လေသည်။

တိမ်တိုက်အဖွဲ့ဝင်များ လှုပ်ရှားသည်ကို မြင်ဖူးသည်မှာ ရှီမာယူယူ အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ သူတို့၏ အားအင်သည် သာမာန်အစောင့် များထက် သန်မာပြီး စာချုပ်သားရဲများမှာလည်း အားကောင်းကြရာ အားနှစ်ခု ပေါင်းလိုက်သောအခါ ပို၍သန်မာလာကြသည်။ အနက်ဝတ်လူများနှင့် တိုက်ခိုက်ရသည်မှာလည်း အားလျော့သွားခြင်းမရှိပေ။

“အဖေ ဦးလေးယွမ် ဒီနေ့က ဘိုးဘိုးကြီးရဲ့မွေးနေ့ပဲ ဧည့်သည်တွေကို လှောင်စရာတွေ ကြည့်ခိုင်းတာမကောင်းဘူး” ရှီမာယူယူ ပြောလိုက်သည်။

“အင်း သိတယ် တိုက်ပွဲကိုအရှိန်တင်လိုက်တော့” ရှီမာလျူယွမ် အမိန့်ပေး လေသည်။

တိမ်တိုက်အစောင့်အဖွဲ့ဝင်များ ကြားသောအခါ ချက်ချင်းပင် နောက်ဆုတ်ကာ စာချုပ်ရှေးဟောင်းဝိညာဉ်သားရဲများကို ခေါ်ထုတ်လိုက်၏။

ရှေးဟောင်းဝိညာဉ်သားရဲများစွာ ပေါ်လာခြင်းသည် ထိုနေရာရှိလူများကို အလွန်ပင် အံ့အားသင့်သွားစေသည်။ ရာချီသော ရှေးဟောင်းဝိညာဉ်သားရဲများ မှာ ရင်မျိုးနွယ်တွင်ပင် မရှိပေ။

တိမ်တိုက်အစောင့်များသည် ပြန်ဖွဲ့စည်းကာ ရှေးဟောင်းရောင်ဝါများ ထုတ်လိုက်သည်နှင့် သူတို့၏ တိုက်ပွဲစွမ်းအားမှာ ပိုသန်မာလာသည်။

“မင်းတို့လည်းသွားပြီးတော့ ကိစ္စကို မြန်မြန်အဆုံးသတ်လိုက်တော့” ရှီမာလျူရွှမ်သည် အစောကနောက်ဆုတ်သွားသော အစောင့်များကိုပါ ပြော လိုက်သည်။

ထိုအစောင့်များသည်လည်း သူတို့၏ ရှေးဟောင်းဝိညာဉ်သားရဲများထုတ် ကာ တိုက်ခိုက်လေသည်။

ရှေးဟောင်းဝိညာဉ်သားရဲများစွာ ပေါ်ထွက်လာသော ရှေ့မှမြင်ကွင်း သည် သူတို့စိတ်များကို တဆတ်ဆတ်တုန်စေကာ ရှေးဟောင်းဝိညာဉ်သားရဲ များကို ထုတ်လိုက်သည်နှင့် အားလုံးသည် ယုံကြည်ရခက်ခက်နှင့် ကြည့်မိကြ လေသည်။

“ခေါင်းဆောင်ရှီမာ ခင်ဗျားမှာ ရှေးဟောင်းဝိညာဉ်သားရဲတွေ ဒီလောက် အများကြီးရှိနေတာပဲ” လူတစ်ယောက်သည် အားကျသည့်လေသံဖြင့် ပြော လေည်။

“ဟားဟား အကုန်လုံးကို ယူယူက ရှေးဟောင်းသတ္တုတွင်းကို သွားတုန်း ကယူလာတာလေ အဲတုန်းက ဒါတွေကသတ္တုရိုင်းတုံးတွေပဲရှသေးတာ အဲဒါ တွေကိုဖွင့်လိုက်တော့ ဒီလိုမျိုးရှေးဟောင်းဝိညာဉ်သားရဲတွေ အများကြီးထွက် လာလိမ့်မယ်လို့ ထင်မထားဘူး၊ အဲတုန်းက ကျုပ်တို့လည်း အံ့ဩသွားတာပဲ” ရှီမာကျိယွင်သည် ကျယ်လောင်စွာရယ်မောလေသည်။

“သူမက သူတို့ကိုပြန်ခေါ်လာတာလား” အားလုံးသည် ရှီမာယူယူကို ကြည့်လိုက်ချိန်တွင် အကြည့်များပြောင်းသွားကြလေသည်။

“ဟုတ်တယ် ယူယူက သူမအဖေရဲ့ အရည်အချင်းကိုဆက်ခံတာပဲ သူမ က ဝိညာဉ်ရှာဖွေတဲ့နေရာမှာ ပါရမီပါတယ်” ရှီမာကျိယွင်သည် ရွှင်လန်းအားရ စွာ ပြောလေသည်။

“သူမက တည်ဆောက်မှုနဲ့ အဂ္ဂိရတ်သခင်မဟုတ်ဘူးလား ဝိညာဉ်ရှာဖွေ သူသခင်ပါဖြစ်နေမယ်လို့ ထင်မထားဘူး” လူတစ်ယောက်သည် သတိထားမိ ကာ တိုးညင်းစွာ ပြောလေသည်။

“ဟုတ်တယ် ကျုပ်ကသူမကို ဆုံးမပါတယ်၊ သူမကို လောဘမကြီးနဲ့လို့ ပြောပါတယ်၊ သူမ တစ်ခုတည်းကိုပဲ အာရုံစိုက်ပြီးလေ့လာလို့ရပါတယ် ဒါပေမဲ့ သူမအရည်အချင်းက အရမ်းကောင်းနေတော့ အကုန်လုံးကိုသင်နေတာနဲ့ ထား လိုက်တော့တာ”

အားလုံးသည် ထိုအကြောင်းကို ကြားသောအခါ စိတ်ထဲမှ မျက်လုံးလှိမ့် ပြီး သက်ပြင်းချလိုက်သည်။

“ဒါပေမဲ့ ရှေးဟောင်းသတ္တုတွင်းက ရှေးဟောင်းဝိညာဉ်တွေက နေရာ တကာမှာ ရှာနေကြတာ၊ အစ်ကိုကြီးတို့ ဒီလောက်များတဲ့ ရှေးဟောင်းဝိညာဉ် သားရဲတွေကို စာချုပ်တည်ထောင်လိုက်တာ ပြဿနာမဖြစ်နိုင်ဘူးလား” ဟော်ကျန့်ကျန်းသည်လည်း အံ့ဩနေကာ စိတ်ရင်းဖြင့် စိတ်ပူမိသည်။

“အဲကိစ္စကိုတော့ စိတ်မပူပါနဲ့ ကြီးမြတ်သောဝူလင်းကလည်း ကျုပ်တို့မှာ ရှေးဟောင်းဝိညာဉ်သားရဲတွေ ဒီလောက်အများကြီးရှိတာသိတယ်”

“သူတို့သိတယ်လား”

“ဟုတ်တယ်” ရှီမာကျိယွင် ခေါင်းညိတ်လိုက်သည်။

ကံကောင်းလေးသည် ရှီမာယူယူအနောက်လိုက်နေရာ ကြီးမြတ်သော ဝူလင်းသည် သူတို့အခြေအနေကို စောင့်ကြည့်နေသည်မှာ သေချာသည်။ ရှီမာမျိုးနွယ်တွင် စာချုပ်ရှေးဟောင်းဝိညာဉ်သားရဲများ ရှိကြောင်းကို သိ သော်လည်း သူ ဘာမှမပြောခဲ့ပေ။

“တောင်ကြားသခင် မင်္ဂလာဆောင်တုန်းက ကြားခဲ့တာ ရှေးဟောင်း ဝိညာဉ်သားရဲတွေက လက်ဆောင်ပို့ပေးကြတယ်တဲ့ သူတို့က သခင်မလေး ယူယူကြောင့် ပို့ပေးတာဆိုပဲ သူမက ရှေးဟောင်းဝိညာဉ်သားရဲတွေနဲ့ ဆက်ဆံ ရေးကောင်းကြတာလား” လူတစ်ယောက် မေးလိုက်သည်။

“ယူယူက ကြီးမြတ်သောဝူလင်းနဲ့က ဘာမှမပတ်သက်ပါဘူး ဒါပေမဲ့ သူ့ သားက သူမကို တော်တော်လေးချစ်တယ် သူမဘေးမှာပဲ အမြဲနေနေတာပဲ” ရှီမာကျိယွင် ပြောလိုက်သည်။

အားလုံးကြည့်လိုက်ရာ ကံကောင်းလေးသည် ဝိညာဉ်စေတီထဲမှထွက် လာပြီး ရှီမာယူယူ၏ ခေါင်းပေါ်တွင်ထိုင်ကာ ပွဲကိုပျော်ရွှင်စွာကြည့်နေသည့် အချိန်နှင့် တိုက်ဆိုင်လေသည်။

တချို့မှာ ကြီးမြတ်သောဝူလင်းကို အရင်ကတွေ့ဖူးကြကာ ယခုတွင်မူ ကြီးမြတ်သောဝူလင်း အငယ်စားလေးကိုတွေ့လိုက်ရသဖြင့် အံ့ဩနေကြသည်။

သို့သော် သူတို့သည် စာချုပ်စွမ်းအားကိုတော့ မခံစားမိပေ။

“သူက သခင်မလေးယူယူနဲ့ စာချုပ်မတည်ထောင်ထားဘူးမလား”

“မလုပ်ထားဘူး သူက ကြီးမြတ်သောဝူလင်းရဲ့ တစ်ဦးတည်းသောသား လေ ဘယ်လိုလုပ်သူနဲ့ သွားစာချုပ်တည်ထောင်ရဲမလဲ သူက ယူယူ့ကိုချစ်လို့ တွယ်ကပ်နေရုံတင်ပဲ”

ထိုသို့ပြောပြီးနောက် အားလုံးသည် အတွေးများစွာဝင်သွားသည်။ သို့သော် ရှီမာယူယူအပေါ် နားလည်မှုသည်တော့ ခြေတစ်လှမ်းရှေ့တိုးသွား သည်။

ရှေးဟောင်းဝိညာဉ်သားရဲများနှင့် စာချုပ်ချုပ်ထားသူများ ရှိသော်လည်း မလိုက်နိုင်ခဲ့ပေ။ ရှေးဟောင်းဝိညာဉ်သားရဲများနှင့် ထိုကဲ့သို့ ဆက်ဆံရေး ကောင်းသူမှာ မည်သူမှမရှိပေ။

သူတို့တောင်မှ ဘာလို့ဒီလိုဆက်ဆံရေးမရှိရတာလဲ။

ရှီမာမျိုးနွယ်တွင် ရှေးဟောင်းဝိညာဉ်သားရဲများ ရှိသည်ဆိုသည့် သတင်း သည် လူထုကိုချပြဖူးခြင်းမရှိသဖြင့် မည်သူမှမသိခဲ့ပေ။ ယခုလို ရုတ်တရက် ပေါ်ထွက်လာခြင်းကြောင့် အနက်ဝတ်လူများသည် ပြင်ဆင်ထားခြင်းမရှိပေ။

တိုက်ပွဲမှာ တစ်ဖက်သတ် လုနီးပါးပင်။ အနက်ဝတ်လူများ ယီမျိုးနွယ်နှင့် ဝိညာဉ်စိမ်းဂိုဏ်းသည် အင်အားပေါင်းလိုက်သော်လည်း ရှီမာမျိုးနွယ်နှင့် မယှဉ် နိုင်ပေ။ ထိုအစား သူတို့သည် ရှီမာမျိုးနွယ်ကို ရှုံးတော့မလိုပင်ဖြစ်နေသည်။

“မင်းတို့မှာ ဒါတွေရှိတာနဲ့ပဲ ဒီကိစ္စကို ကျော်သွားနိုင်မယ်မထင်နဲ့” အနက် ဝတ်လူသည် အချက်ပြပြီးနောက် နှာမှုတ်လေသည် “ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့ ဒီနေ့ မလွတ်ဘူးမှတ်”

သူပြောလိုက်ချိန်တွင် အကြည့်များသည် ရှီမာယူယူအပေါ်ရောက်နေကာ အားကောင်းလှသော လူသတ်မည့်အကြည့်များသည် သူမအားမုန်းတီးစိတ်ကို ပေါ်လွင်နေသည်။

ရှီမာယူယူသည် သူ၏ အကြည့်များကြောင့် ကြောက်လန့်သွားခြင်းမရှိ ပေ။ သို့သော် သူမ၏ သိချင်စိတ်ကို မထိန်းနိုင်တော့ပေ။

ဒီလူတွေက သူမဆီကိုလာတာ သေချာနေတာပဲ။ ဒီတစ်ခေါက်ရော နောက်ကွယ်က ဘယ်သူလဲ။

သေစမ်း သူမမှာ မသိနိုင်တဲ့ရန်သူတွေ များလိုက်တာ။

ထိုလူ အချက်ပြပြီးမကြာလိုက်.. လေဟာပြင်ထဲတွင် လှုပ်ရှားမှုနောက် တစ်ခုဖြစ်လာသည်။ သည်တစ်ကြိမ်တွင် လူအများအပြားထွက်လာခြင်း မဟုတ်ပေ။ ဒါဇင်မျှသာဖြစ်သည်… သို့သော် ထိုနေရာရှိလူများ မျက်နှာ အမူအရာပြောင်းသွားကြလေသည်။

ထိုလူများသည် စံတင်အထွဋ်ကျွမ်းကျင်သူများဖြစ်သည်။

ယခုချိန်တွင် ရှီမာလျူယွင်ပင် မျက်မှောင်ကြုတ်လိုက်သည်။

ရှီမာကျိယွင်သည် ရှေ့ထွက်လိုက်ချင်သော်လည်း ရှီမာယူယူသည် နောက်လှည့်ကာ သူ့ကိုပြုံးပြလေသည် “ဘိုးဘိုးကြီး ဒီနေ့ကဘိုးဘိုးကြီးရဲ့ မွေးနေ့လေ ဧည့်သည်တွေကို ပစ်ထားလို့ဘယ်ဖြစ်မလဲ အဲလူတွေကိုပဲ ရှင်းခိုင်း လိုက်ပါ ဘိုးဘိုးကြီးရှေ့ထွက်ဖို့မလိုပါဘူး”

ရှီမာကျိယွင်သည် ရှီမာယူယူ၏ ဝှက်ဖဲကိုသိသည်။ စဉ်းစားပြီးနောက်တွင် သူ မလှုပ်ရှားတော့ပေ။ သူသည် ဧည့်သည်များကို နှုတ်ဆက်လိုက်သည် “လာပါ အကုန်လုံး ဆက်စားကြပါ”

သူတို့ အေးအေးလူလူဖြစ်နေသည်ကို မြင်သည်နှင့် ဧည့်သည်များသည် ပြုံးပြီး ဆက်စားသောက်ကြလေသည်။

ရှီမာယူယူ စကားပြောပြီးသည်နှင့် ရှီမာလျူရွှမ်ဆီသို့ သွားကာ ထွက်လာ သော အနက်ဝတ်လူများကို ကြည့်လိုက်သည်။ သူမသည် စိတ်မရှည်စွာ ပြော လိုက်သည် “ဒီနောက်ကွယ်မှာ တခြားသူရှိသေးတာလား၊ ရှိရင်လည်း ထပ်ခေါ် လိုက်လေ၊ မခက်မတွေ့ဘူးဆို ခေါ်လိုက် အတူအဆုံးသတ်လိုက်တာပေါ့”

“ငါတို့သခင်ကို ဘယ်သူက မလေးမစားလုပ်ရဲတာလဲ” သူမ စကားဆုံး သည်နှင့် လူတစ်စုသည် အဘက်ဘက်မှ အလျင်စလိုပျံလာသည်။

***

All Chapters