အလိမ်ပေါ်သွားခြင်းနှင့် လိုက်ဖမ်းခြင်း
Vol. 8 Ch. 113
ရာ့ခ်ျ..ထိုနာမည်ကို ဘာနကယ် ကြားဖူးပုံရပြီး ထိုအဇရူပဒေဝတာကိုလည်း ရင်းနှီးနေ သကဲ့သို့ ခံစားရသည်။
“ မင်း ခုနကလုပ်တာ တော်တယ်။ကြယ်ကြွေတမန် အင်ပါယာဆီ ပြန်ရောက်တာနဲ့ ငါမင်းကို ဆုချမယ်။ ”
“ ကျေးဇူးပါပဲ။ဆာာ။ ”
အဇရူပဒေဝတာသည် ရုန်းကန်ကာ ထထိုင်ပြီး ပြောလိုက်သည်။
“ ကျွန်တော်တို့ ညီအစ်ကို နည်းနည်းလောက်ပဲ လွတ်မြောက်ခဲ့တာ။ဆာ။လိုက်ရာမြို့ မြောက်ဘက်ကို အထက်လူကြီးတွေက စစ်ကူတွေ လွှတ်ပေးမယ်လို့ ဆာပြောခဲ့တယ် မဟုတ်လား။ဘာလို့ တစ်ယောက်ကိုမှ မတွေ့ရတာလဲ။ ”
ရာ့ခ်ျပြောသည်ကို ကြားလိုက်သည့်အခါ ဘာနကယ် အံကြိတ်လိုက်မိသည်။ယနေ့တွင် သူသည် နေ့တစ်ဝက်လုံး အသည်းအသန် တိုက်ခိုက်ခဲ့ရသော်လည်း ထိုကောက်ကျစ်သည့် အကြံအစည်ကို မည်သည့် မျိုးမစစ်ကောင် လုပ်ခဲ့သည်ကို မသိသေးပေ။
“ အဲဒါက ငါမဟုတ်ဘူး။အယောက်ဆောင်ကောင်ပဲ။ငါတို့အားလုံး သူရဲ့လှည့်ကွက်ထဲ ရောက်သွားတာ။ ”
ဘာနကယ်သည် မျက်နှာမှုန်ကုတ်ရင်း ပြောလိုက်သည်။
“ ဒါပေမဲ့လည်း ဒီနေ့တိုက်ပွဲက လုံးဝဆုံးရှူံးတာတော့ မဟုတ်ဘူး။ နတ်ဆိုးဘုရင်ရဲ့ စွမ်းအားကို ငါနည်းနည်းလေး နားလည်သွားတယ်။ မဟာနတ်ဆိုးမှာ သန္ဓေပြောင်းသွေးမျိုးဆက် မရှိဘူးဆိုရင် ပုံမှန်အားဖြင့်တော့ အမြင့်ဆင့်နတ်ဆိုးက သူတို့ရဲ့ အကန့်အသတ်ပဲ။ဒီကို အခွင့်အရေးမျိုးက ရခဲတယ်။နတ်ဆိုးဘုရင်အဆင့်ကို ငါရောက်နိုင်ခဲ့ရင် လိပ်ပြာနီနယ်မြေမှာ ငါ့အတွက်နေရာ မရှိရင်တောင် ချော်ရည်ပြာ နယ်မြေဆီမှာ ခိုလှုံလို့ရတယ်။ရာ့ခ်ျ။မင်း ငါ့နောက်လိုက်ခဲ့။ငါမင်းကို ကောင်းကောင်း ဆက်ဆံမှာပါ။ ”
“ ဟုတ်ကဲ့ပါ။ဆာ။ ”
နတ်ဆိုးဘုရင် စွမ်းအား၏ သဘောတရား အချို့အား ဘာနကယ်ပြောသည်ကို ကြားလိုက်သည့်အခါ ရာ့ခ်ျ၏ မျက်လုံးထဲ၌ ထူးဆန်းသော အလင်းရောင် တောက်ပသွားသည်။
“ ဆာက ချော်ရည်ပြာနယ်မြေနဲ့ ရင်းနှီးတာလား။ဒီအတိုင်းသွားမယ်ဆိုရင် သူတို့တွေ ကျွန်တော်တို့ကို အထင်မသေးဘူးလား။ ”
“ အဲလိုဖြစ်မှာ မဟုတ်ဘူး။ ”
ဘာနကယ်၏ လေသံသည် ခိုင်မာနေသည်။
“ ချော်ရည်ပြာနယ်မြေရဲ့ ခေါင်းနှစ်လုံးနဂါးဗိုလ်ခြေ ရဲ့ လက်ထောက်ခေါင်းဆောင် လာဗတ်နဲ့ငါ အဆက်အသွယ် လုပ်ဖူးတယ်။ချော်ရည်ပြာအရှင်သခင်မှာ လူခေါ်ဖို့ ရည်ရွယ်ချက်ရှိတယ်လို့ သူပြောခဲ့ဖူးတယ်။ခေါင်းနှစ်လုံးနဂါးလီဂန်က ချော်ရည်ပြာအရှင် လက်အောက်မှာရှိတဲ့ လျို့ဝှက် လက်ရွေးစင် တပ်ဖွဲ့တစ်ခုပဲ။နတ်ဆိုးဘုရင်စွမ်းအားကို ငါဖမ်းဆုတ်နိုင်ရင် ချော်ရည်ပြာအရှင်က ငါ့ကို အရေးပါတဲ့သူတစ်ယောက်ဖြစ်အောင် သေချာပေါက် လုပ်မှာပဲ။ပြောလို့မရဘူး။ခေါင်းဆောင်ဖြစ်ဖြစ် လက်ထောက်ခေါင်းဆောင် ပဲဖြစ်ဖြစ် အရေးကြီးတဲ့ ရာထူးတစ်ခုခု ရသွားနိုင်တယ်။ ”
လာဗတ်။ခေါင်းနှစ်လုံးနဂါးဗိုလ်ခြေ ဟုတ်လား။
တကယ့်ရာ့ခ်ျသည် ယခုတွင် မြို့တော်ဝန်စံအိမ်၌ အဖမ်းခံထားရသည်။သူ၏ရှေ့တွင် မြင်းခိုးခဲ့သော သူရဲကောင်းသည် ရုပ်ဖျက်ထားသည့် ချန်လွေ့ပင် ဖြစ်သည်။
ဘာနကယ်၏ စကားများသည် သိုလှောင်ဂိုဒေါင်ထဲရှိ ခေါင်းနှစ်လုံးနဂါး တံဆိပ်ပြား အပြာကို ချန်လွေ့အား သတိရသွားစေခဲ့သည်။ထိုတံဆိပ်ပြားကို အမှောင်လမြို့ရှိ မှောင်ခိုစီးပွားရေးသမား ဆယ်ဗာထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။ဆယ်ဗာသည် ချော်ရည်ပြာ နယ်မြေဆီသို့ အကြိမ်များစွာ လူကုန်ကူးခဲ့ဖူးသည်။သူခိုးဓားပြများနှင့်တွေ့သည့်အခါ ထိုတံဆိပ်ပြားကို ပြလိုက်သည်နှင့် သူခိုးဓားပြများ၏ ပိုင်နက်ကို အန္တရာယ်ကင်းကင်းနှင့် ဖြတ်သွားနိုင်သည်။ ထို့ပြင် လာဗတ်ဟူသော နာမည်သည်လည်း ဆယ်ဗာ၏ ပြောစကားများနှင့် တိုက်ဆိုင်ပေသည်။
လတ်စသတ်တေ့ အဲဒါက ချော်ရည်ပြာအရှင် ပိုင်တဲ့ လျို့ဝှက်တပ်ဖွဲ့ကိုး။ဒါကြောင့် ဂါ့စ်လည်း အဲဒီတံဆိပ်ပြားရဲ့ ဇစ်မြစ်သရုပ်ကို မသိတာပဲ။
၎င်းသည် မမျှော်လင့်ထားသည့် နောက်ထပ် သတင်းတစ်ခုပင် ဖြစ်သည်။
“ ကြောင်မနေနဲ့။ ဒီနေရာကို ရှင်းလင်းလိုက်ဦး။ဒီညငါတို့တွေ သစ်တောဘေးမှာ နားကြမယ်။ ”
ဘာနကယ်သည် “ရာ့ခ်ျ” ကြောင်ကြည့်နေည့်ပုံစံကို သဘောမကျပေ။
“ ဟုတ်ကဲ့ပါ။ဆာ။ ”
အဇရူပဒေဝတာ သတိပြန်ဝင်လာပြီး စတင် အလုပ်လုပ်ကာ အတော်လေး သန့်ရှင်း နေသည့် မြေနေရာအား ရှင်းလင်းတော့သည်။
ထို့နောက်တွင် အဇရူပဒေဝတာသည် ခါးမှ ဝိုင်ပုလင်းကို ယူလိုက်ပြီး သောက်ရန် ပြင်လိုက်စဉ် ဘေးနားမှ ဘာနကယ်ကို ရုတ်တရက် သတိရသွားကာ မျက်နှာချိုသွေး၍ ကမ်းပေးလိုက်သည်။
ဘာနကယ်သည် ၎င်းကိုလက်ခံပြီး အဆို့ကိုဖွင့်လိုက်သည်။ရုတ်တရက် သူ၏နှလုံးသား မြန်ဆန်သွားသည်။ အဇရူပဒေဝတာတွေက ဝိုင်ကို ချစ်မြတ်နိုးကြတယ်။အဲဒါကြောင့် ဝိုင်ပုလင်း ဆောင်ထားကြတာက ပုံမှန်ပါပဲ။ဒါပေမဲ့ ဒီပုလင်းက သားရေအိတ်မဟုတ်ဘဲနဲ့ ကြွေထည် ဖြစ်နေတယ်။ အသက်လုပြီးပြေးနေရတဲ့ ဒီအဇရူပဒေဝတာက ဘယ်လိုလုပ်ပြီးတော့ ဒီဝိုင်ပုလင်းကို ဘာမှမဖြစ်အောင် ဘယ်လိုထားထားနိုင်တာလဲ။ သာမန်အဇရူပဒေဝတာမှာ ဈေးကြီးတဲ့ သိုလှောင်ကိရိယာ ရှိနိုင်လို့လား။
“ မင်း အရင်သောက်။ ”
ဘာနကယ်သည် ပုလင်းကို အဇရူပဒေဝတာထံ ပြန်ပေးလိုက်သည်။
ဘာနကယ် သံသယဖြစ်နေသည်ကို ချန်လွေ့သိသည်။ထို့နောက် ချက်ချင်းပင် ပျော်ရွှင်သည့် အမူအရာ လုပ်လိုက်သည်။ချန်လွေ့သည် ဝိုင်ပုလင်းကို ချက်ချင်း ပြန်ယူလိုက်သည်။သူ သောက်တော့မည့် အချိန်၌ အန္တရာယ်အငွေ့အသက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ သူသည် ရာ့ခ်ျအနေနှင့် ဟန်ဆောင်၍ မရတော့ပေ။ ရင်ဘတ်ဆီသို့ ရောက်လာသည့်ဓားကိုရှောင်တိမ်းရန်အတွက် ချန်လွေ့သည် ခန္ဓာကိုယ်ကို အနည်းငယ် ယိမ်းလိုက်သည်။
“ မင်းဆက်ပြီးတော့ ဟန်ဆောင်လို့ မရတော့ဘူးဟုတ်..... ”
ဘာနကယ် အထင်သေးစွာ ပြောပြီး ထူးဆန်းစွာ တည်ငြိမ်နေသည့် အဇရူပဒေဝတာကို ကြည့်လိုက်သည်။
ခုနက ဘာနကယ်သည် ချန်လွေ့ကို စမ်းသပ်နေသည်သာမဟုတ်ဘဲ အသေသတ်ရန် ရည်ရွယ်ခဲ့သည်။ထိုအဇရူပဒေဝာသည် အတုအယောင် ဟုတ်ဟုတ် မဟုတ်ဟုတ် အတူတူ ခေါ်သွားရလျှင် ဝန်ထုတ်ဝန်ပိုးသာ ဖြစ်ရပေမည်။ရှင်းပစ်ခြင်းသည် အကောင်းဆုံးပင် ဖြစ်သည်။
မမျှော်လင့်ဘဲ ပြဿနာတစ်ခုကို ဘာနကယ် ရှာတွေ့သွားခဲ့သည်။
“ မင်းက ဘယ်သူလဲ။ ”
ဘာမကယ်သည် “ရာ့ခ်ျ”ကို အရိုးရှည် ကောက်ရိတ်ဓားဖြင့် ချိန်ထားလိုက်သည်။
ဒီအဇရူပဒေဝတာက တကယ့်ကို ကြောက်စရာကောင်းတဲ့ အကြံသမားပဲ။ခုနက ဝိုင်ထဲမှာ တစ်ခုခုရှိနေတာဖြစ်မယ်။ ငါ့ရဲ့ မြန်ဆန်တဲ့ သတိစိတ်ကြောင့် မဟုတ်ရင် ငါအခု သူ့အကွက်ထဲ ရောက်သွားလောက်ပြီ။
အမှန်တကယ်တွင် ချန်လွေ့သည် မည်သည်ကိုမှ မလုပ်ခဲ့ပေ။ဝိုင်ပုလင်းထဲ၌ ဝိုင်များနှင့်....အဆိပ်နဂါး ပါ့ဂ်လီအို၏ အဆိပ်များ ပါဝင်နေသည်။ သာမန် သားရည်အိတ်ထဲတွင် ၎င်းကို ထည့်ထားနိုင်မည် မဟုတ်ပေ။ ဆေးပညာရှင်များ အသုံးပြုကြသည့် မှော်တိုးမြှင့် အဆင့်မြင့် ဆေးပုလင်းသာမဟုတ်လျှင် ကြွေထည်သည်ပင် ခဏအကြာ၌ တိုက်စားခံရပေလိမ့်မည်။ထိုဆေးပုလင်းကပင် အဆိပ်ပုလင်းဖြစ်သည်ဟု ပြောပြနေခြင်းပင် ဖြစ်သည်။
ဘာနကယ်၏ သတိထားမှုသည် ချန်လွေ့ ထင်ထားသည်ထက် ပိုနေသည်။ဤတိုက်ပွဲကို ရှောင်လွဲ၍မရတော့ကြောင်း ချန်လွေ့ သိလိုက်ပြီး ကြယ်စွမ်းအင်များကို တိတ်တဆိတ် စုစည်းကာ အသာလေး ပြောလိုက်သည်။
“ ငါက မင်းကို သတ်ချင်နေတဲ့သူပဲ။ ”
“ မင်းက အမြင့်ဆင့်နတ်ဆိုး ဖြစ်ရမယ်။မဟုတ်ရင် ခုနကဟာကို မင်းရှောင်နိုင်မှာ မဟုတ်ဘူး။ ”
ဘာနကယ်၏ မျက်လုံးများ ဖြတ်ခနဲ အေးစက်သွား၏။
“ ဒါကမင်းရဲ့ နဂိုအသွင်မဟုတ်ဘူး။အခုထိ ဆက်ပြီးဟန်ဆောင်ဖို့ လိုသေးလို့လား။ ”
မဟာနတ်ဆိုး၏အထင်သည် အမှန်တကယ်ပင် မှန်ကန်ခဲ့သည်။ ချန်လွေ့သည် အမှန်တကယ်ပင် ရုပ်ဖျက်ခဲ့သည်။သို့သော်လည်း အဇရူပဒေဝတာပုံစံသည် တိုက်ခိုက်ရန်အတွက် မသင့်တော်သည့်အတွက် ခန္ဓာကိုယ်ကို ပုံမှန်အတိုင်း ပြန်ပြောင်း လိုက်သည်။ သို့ရာတွင် မျက်နှာကိုမူ အခြားသူတစ်ယောက် အသွင်ပြောင်းလိုက်သည်။ အခြားသူဆိုသည်မှာ ကမ္ဘာပေါ်၌ နေထိုင်ခဲ့သည့် သာမန်အိုတာခု တစ်ယောက်ဖြစ်သော ချန်လွေ့ပင် ဖြစ်သည်။
ပထမဆုံးအကြိမ်အဖြစ် နတ်ဆိုးဘုံ၌ ချန်လွေ့သည် ဤမျက်နှာဖြင့် ပေါ်ထွက်လာခြင်း ဖြစ်သည်။
ဘာနကယ်သည် အသားလေး မျက်မှောင်ကြုတ်လိုက်သည်။ ဒီကောင်က အရမ်းထူးဆန်းတဲ့ အသွင်ပြောင်းစွမ်းရည် ရှိတယ်။ကံကောင်းပြီးတော့ ငါမသိသွားခဲ့ဘူး ဆိုရင် ငါ့ရဲ့ထိပ်သီး အမြင့်ဆင့်နတ်ဆိုး အမြင်နဲ့တောင် ဘာဟာကွက်ကိုမှ မတွေ့ရဘူး။
ဘာနကယ်သည် ဉာဏ်ပြေးသည့်အတွက် အလျင်အမြန်ပင် တုံ့ပြန်လိုက်သည်။ သူ၏မျက်နှာပေါ်ရှိ အမူအရာသည် ပို၍ပင် တုန်လှုပ်သွားသည်။ ဒီကောင်ပြခဲ့တဲ့ အစွမ်းတွေ၊လှည့်ကွက်တွေနဲ့ အသွင်ပြောင်းစွမ်းရည်....မဟုတ်မှလွဲရော သူက ဒီနေ့ အဖြစ်အပျက်မှာ ငါ့ပုံစံဟန်ဆောင်ခဲ့တဲ့သူများလား.....
“ မင်းက ဘယ်သူလဲ။ ”
ဘာနကယ် အော်ပြောလိုက်သည်။
“ ဒီနေ့မြို့မှာ ပြဿနာဖြစ်အောင် လုပ်တာ မင်းမဟုတ်လား။ မင်းကို ဘယ်သူ လွှတ်လိုက်တာလဲ။ ”
ဘာနကယ်၏ အတွေးထဲ၌ ဖြစ်သည်။ ဒီဖြစ်ရပ်နောက်ကွယ်မှာရှိတဲ့သူက ကောက်ကျစ် စဉ်းလဲတယ်။သူ့ကိုယ်သူ အန္တရာယ်ထဲ ကျတဲ့အထိ မိုက်မဲမှာ မဟုတ်ဘူး။ဒါပေမဲ့ ငါ့ရှေ့မှာရှိတဲ့ သူကလည်း အဓိကသော့ချက်တစ်ခု ဖြစ်ရမယ်။ငါသူ့ကို ဖမ်းနိုင်ရန် ဒီနေ့အဖြစ်အပျက်အတွက် ပြန်ပြင်ဖို့ နေရာရနိုင်တယ်။
ဘာနကယ်၏ တုံ့ပြန်မှုသည် ချန်လွေ့ ထင်ထားသကဲ့သို့ မဟုတ်ပေ။သို့သော်လည်း ချန်လွေ့ အပိုပြောမနေတော့ပေ။သူ၏လက် တုန်ခါသွားပြီး လက်ထဲမှ ဝိုင်ပုလင်းကို ဘာနကယ်ဆီသို့ အမြောက်သဖွယ် ပစ်ထည့်လိုက်သည်။ဘာနကယ်လည်း သတိဖြင့် တယ်လီပို့ ခုန်လိုက်သည်။ထို့နောက်တွင် မြေပြင်ပေါ်သို့ ဖိတ်ကျသွားသည့် ဝိုင်များသည် မည်းနက်နေပြီး အနီးအနားရှိ သစ်ပင်များပါ ချက်ချင်းခြောက်သွေ့ပြီး အငွေ့ပျံသွားသည်ကို တွေ့လိုက်ရသည်။ဘာနကယ် တုန်လှုပ်သွား၏။
ခဏကြာအောင် သူ ကြက်သေသေသွားသည်။တစ်ဖက်လူသည် ခုန်ပြီး လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။တစ်ဖက်လူသည် အားနည်းနေပုံပေါ်သော်လည်း ဘာနကယ် သတိမလွတ်ရဲပေ။ဘာနကယ်တစ်ကိုယ်လုံး နတ်ဆိုးမီးတောက်များ ကျွမ်းလောင်သွားပြီး ထိုလက်သီးချက်ကို ကောက်ရိတ်ဓားဖြင့် ခုခံလိုက်သည်။
ပြင်းထန်သော စွမ်းအင်အဟုန် တစ်ခုကို ချန်လွေ့ ခံစားလိုက်ရသည်။ထိုကဲ့သို့ သာမန်ခုခံမှုသည် ခိုင်မာသည့်ဒိုင်းကာကဲ့သို့ပင် ဖြစ်နေသည်။တောင်တစ်တောင်ကို လက်သီးဖြင့် ထိုးသကဲ့သို့ပင် ဖြစ်နေပြီး လုံးဝ မတုန်လှုပ်သွားပေ။ချန်လွေ့ တစ်ကိုယ်လုံး ပြင်းထန်စွာ ပြန်ကန်သွားပြီး နောက်သို့လွင့်ထွက်သွားသည်။ချန်လွေ့သည် လေထဲမှာပင် ကျွမ်းထိုးပြီး မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။
ဘာနကယ်၏ ခုခံစွမ်းရည်သည် ထက်ထားသည်ထက် ပိုသာနေသည်။ ခုနက ဘာနကယ်သည် ထိပ်သီး အမြင့်ဆင့်နတ်ဆိုး နှစ်ယောက်ဖြစ်သည့် လာ့ခ်စ်နှင့် ပေါ်လိုတို့၏ ပူးပေါင်းတိုက်ခိုက်မှုကိုပင် ဟာကွက်မရှိ ခုခံနိုင်ခဲ့ပြီး အလစ်ဝင်တိုက်ကာ တစ်ယောက်ကို သတ်ပစ်နိုင်ခဲ့သည်။၎င်းတို့သည် ကံကောင်း၍ မဟုတ်ခဲ့ပေ။
ဘာနကယ်လည်း ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားနေရသည်။ထိုလက်သီးချက်၏ စွမ်းအားသည် အဆုံးမဲ့ လှိုင်းလုံးကြီးကဲ့သို့ပင် ဖြစ်နေသည်။၎င်းသည် ကောက်ရိတ်ဓား၏ ခုခံမှုကို ဖောက်ထွင်းသွားပြီး ခန္ဓာကိုယ်ထဲသို့ တစ်လှိုင်းပြီးတစ်လှိုင်း ပြေးဝင်လာသည်။ ၎င်းသည် သူ့ကို အနောက်မဆုတ်စေခဲ့သော်လည်း သူ၏ခြေထောက်သည် မြေကြီးထဲ၌ နစ်နေပြီဖြစ်သည်။ကံကောင်းစွာပင် ပြိုင်ဘက်ဖြစ်သူကို အချိန်မီ ခုခံနိုင်ခဲ့သည်။ သို့မဟုတ်ပါက နောက်ကျသည့် အကျိုးဆက်သည် ပို၍ပြင်းထန်နိုင်ပေသည်။
တစ်ယောက်တစ်ယောက် စွမ်းရည်များကို စူးစမ်းလေ့လာနေရင်း သတိထားကြ တော့သည်။[ အရှိန်အဝါပစ်ချက် ] ကို အရတ်စ် ဆွဲဖြဲလိုက်သည်ကို မတွက်ဘဲ အဆိပ်နဂါးနှင့် ရိုမန်အပြင် ဘာနကယ်သည် ချန်လွေ့ ရင်ဆိုင်ဖူးသည့် အစွမ်းထက်ဆုံး ရန်သူပင် ဖြစ်သည်။
ဘာနကယ်၏အမြင်တွင် ရန်သူသည် အမြင့်ဆင့်နတ်ဆိုး အလတ်ပိုင်း စွမ်းအားသာ ရှိသည်။အထွတ်အထိပ်ရောက်ရင်း အဝေးကြီးလိုအပ်သေးသည်။ သို့သော်လည်း ထိုသူပြသခဲ့သည့် စွမ်းအားသည် နတ်ဆိုးဘုရင်အဆင့်နီးပါး ရောက်နေသည့် သူကိုယ်တိုင် ကိုပင် ရှုံးနိမ့်စေခဲ့သည်။ရန်သူကို လျှော့တွက်၍မဖြစ်ပေ။
ဘာနကယ်၏ ခိုင်မာသည့် ခုခံမှုကို ချန်လွေ့ စမ်းပြီးသွားသော်လည်း ကြောက်ရွံ့ခြင်း လုံးဝမပြခဲ့ပေ။ချန်လွေ့ အော်ဟစ်ပြီး ထပ်တိုက်ခိုက်ပြန်သည်။ပင်လယ်လှိုင်း စွမ်းအားသည် သူ၏လက်သီးထံမှ တစ်ခုပြီးတစ်ခုထွက်လာပြီး ဘာနကယ်အား တိုက်ခိုက်တော့သည်။ဘာနကယ်၏ ခုခံမှုသည် ခန္ဓာကိုယ်ကိုသုံးကာ ခုခံသည့် ကယ်လီရာနှင့် လုံးဝမတူပေ။ဘာနကယ်၏ ခုခံမှုသည် ခွန်အားနှင့် အစွမ်း ပေါင်းစပ်ထားခြင်း ဖြစ်သည်။ကောက်ရိတ်ဓား လွှဲလိုက်ခြင်းသည် တိုက်စစ်ထက် ခံစစ် ဖြစ်သော်လည်း တစ်ချိန်တုံး ကျောက်ဆိုင်အဖြစ် မြဲမြံစွာ ရပ်တည်နေခဲ့သည်။
ဤကဲ့သို့ တိုက်စစ်နှင့် ခံစစ် ရိုက်ခတ်မှုထဲ၌ အသစ်တစ်စုံတစ်ရာကို ချန်လွေ့ အသာလေး ခံစားခဲ့ရသည်။၎င်းသည် ဓားကို ထက်မြက်အောင်လုပ်ရာ၌ ထွက်လာသည့် မီးပွင့်များကဲ့သို့ပင် ဖြစ်သည်။၎င်းသည် တဒင်္ဂသာ ဖြစ်သော်လည်း ဓားသွားကို ပို၍ထက်မြက်အောင် လုပ်လေလေ စွမ်းအားပိုကြီးလေလေဖြစ်ပြီး ထွက်ပေါ်လာသည့် မီးပွင့်များလည်း ပို၍ပူလောင်လေလေပင် ဖြစ်သည်။
ဤခံစားချက်အသစ်ကို ဆုပ်ကိုင်ပြီး ကျွမ်းကျင်သွားလျှင် ကနဦးတစ်ဆို့မှုကို ဖောက်ထွင်း နိုင်ပေမည်။၎င်းသည် ခက်ခဲသည့် အခြေအနေကို နားလည်သဘောပေါက်ရန်အတွက် အရေးကြီးသည့် ခြေလှမ်းတစ်လှမ်း ဖြစ်သည်။
သို့သော်လည်း တိုက်ပွဲသည် အစွမ်းလျှိုထားပြီး တိုက်ခိုက်ခြင်းမဟုတ်ဘဲ သေခြင်း ရှင်ခြင်းကြား၌ ယှက်သန်းလျှောက်လှမ်းနေခြင်းပင် ဖြစ်သည်။ချန်လွေ့၏ လှိုင်းလုံး စွမ်းအားသည် အစွမ်းထက်သော်လည်း ကြယ်စွမ်းအား အလွန်အမင်း သုံးစွဲရသည်။ [နက္ခတ်သဏ္ဍာန်] ၌ အထူးပြန်ပြည့်စွမ်းရည် ရှိသော်လည်း ပြန်ပြည့်နှုန်းသည် ကုန်ဆုံးနှုန်းထက် ပို၍သာလွန်ရန် လိုအပ်ပေသည်။
ဘာနကယ်သည် တိုက်ခိုက်ရေး၌ အလွန် အတွေ့အကြုံရှိသည်။ပြိုင်ဘက်ဖြစ်သူ၏ တိုက်ခိုက်ရေးစွမ်းအား စတင်အားနည်းလာသည်ကို ခံစားရသည့်အခါ၌ တန်ပြန် တိုက်ခိုက်ရန် ပြင်ဆင်တော့သည်။တစ်ဖက်လူသည် အားဖြင့် ပြန်မတိုက်ခိုက်ဘဲ နောက်လှည့်ကာ ထွက်ပြေးသွားသည်မည်ဟု ဘာနကယ် မထင်ထားခဲ့ပေ။
ဘာနကယ်သည် သစ်တောကို သုံးလေးကြိမ်ပတ်ပြီး လမ်းတစ်လျှောက်လုံး လိုက်ဖမ်း တော့သည်။မြင်းချည်ထားသည့် သစ်ပင်ဆီသို့ ချန်လွေ့သွားပြီး မြင်းစီးကာ ထွက်ပြေးတော့မည်ကို ဘာနကယ် မြင်လိုက်သည်။ချန်လွေ့သည် အခြား မြင်းတစ်ကောင်ကို သတ်ပစ်ချင်ခဲ့သည်။သို့သော်လည်း ဘာနကယ် ရောက်လာသည့် အတွက် အချိန်မှီမလုပ်နိုင်တော့ဘဲ ချက်ချင်းပင် မြင်းစီးကာ ထွက်ပြေးတော့သည်။ မြင်းသည်လည်း အလွန်လျင်မြန်စွာ စတင်ပြေးလွှားတော့သည်။၎င်း၏ ခံနိုင်ရည်သည် အဝေးကြီးခရီးသွားနိုင်သည့် မြေနဂါးများနှင့် မယှဉ်နိုင်သော်လည်း သာမန် နတ်ဆိုးသားရဲထက် သာလွန်ပေသည်။နေ့တစ်ဝက်ခန့် ပြေးလွှားပြီးသော်လည်း ၎င်းသည် ပျံသန်းနေသကဲ့သို့ပင် ပြေးနိုင်နေသေးသည်။
ထိုသူကို မိအောင်ဖမ်းရမည်ကို ဘာနကယ်သိသည်။သို့မဟုတ်ပါက လိပ်ပြာနီနယ်မြေသို့ ပြန်ရောက်သည့်အခါ သတင်းပို့စရာ ရှိမည်မဟုတ်ပေ။ဘာနကယ်သည် အလျင်အမြန်ပင် နောက်မြင်းတစ်ကောင်ကိုစီးပြီး အမှီလိုက်တော့သည်။အံ့အားသင့်စွာပင် ဘာနကယ်သည် သားရဲထိန်းကျောင်း ဆရာသခင်တစ်ယောက်ဖြစ်သော်လည်း သူ၏အရှေ့မှ မျိုးမစစ် ကောင်သည် ပို၍သာနေသည်။သူ နတ်ဆိုးမီးတောက်သုံးပြီး မြင်းကိုအရှိန်တင်ရန် မနှိုးဆော်ခဲ့လျှင် ဖုန်များကြားထဲ၌ ကျန်နေပေလိမ့်မည်။
ပို၍ဆိုးသည်မှာ ထိုမျိုးမစစ်ကောင်သည် ဆေးပုလင်းများ ကပျာကယာသောက်ရင်း ပြေးနေခြင်းပင် ဖြစ်သည်။သူ၏ သိုလှောင်ကိရိယာထဲ၌ ဆေးပုလင်းမည်မျှ သိုလှောင်ထားကြောင်း မသိပေ။ထိုသူသည် ဘာနကယ်ထံသို့ ပုလင်းများကို အဆုံးမရှိ ပစ်ထည့်နေတော့သည်။
သူက ဆေးဆိုင်တစ်ခုလုံး သယ်လာတာလား။ ဘာနကယ်သည် အံကြိတ်ကာ ချန်လွေ့နောက်သို့ နီးနီးကပ်ကပ် လိုက်တော့သည်။