မွေးနေ့ပွဲကြီး ၅
Vol. 120 Ch. 1675
ရောက်လာသူများမှာ အနက်ဝတ်လူများသာ ဖြစ်လိမ့်မည်ဟု အပြင်လူ များထင်ပြီး လှည့်ကြည့်လိုက်ရာ အသွင်ပြောင်းဝိညာဉ်သားရဲများဖြစ်နေသည် ကို တွေ့လိုက်ရသည်။
“သခင်မလေး ငါတို့ရောက်ပြီ” အဘိုးကြီးတစ်ယောက်သည် ရှီမာယူယူ ဆီသို့ သွားဖြဲပြီးပြေးလာကာ တရိုတသေဦးညွှတ်လေသည်။
“ဘာလို့အကုန်လုံးထွက်လာကြတာလဲ” ရှီမာယူယူသည် ထိုလူများ မဟုတ်သေးပေ ငှက်မျိုးနွယ်ကိုကြည်ပြီး မေးလိုက်သည်။
သူတို့အကြားက သဘောတူညီချက်က သူမ အမိန့်မရှိဘဲ ထွက်မလာရ ဘူးလေ ဟုတ်တယ်မလား။
“ဒီကောင်စုတ်တွေက ဝန်ထုတ်ဝန်ပိုးကြီးတွေပဲ၊ တစ်ယောက်ပြီးတစ် ယောက်ထွက်လာကြတာ သခင်မလေးရဲ့ လုံခြုံရေးကို ကျုပ်တို့စိတ်ပူလို့ နောက်ဆုံးတော့ ထွက်လာပြီး သူတို့ကို ဖျက်ဆီးပစ်မလို့ ဆုံးဖြတ်လိုက်တာပဲ” အဘိုးကြီးသည် အန္တရာယ်မပြုသောအပြုံးဖြင့် ပြောလေသည်။
“သူတို့အကုန်လုံးကို ဖျက်ဆီးပစ်မယ်ဟုတ်လား သူတို့အင်အားကို မြင်ပြီး လို့လား” ရှီမာယူယူသည် သဘောကျသော လေသံဖြင့် မေးလိုက်သည်။
အဘိုးကြီးသည် ထိတ်လန့်သွားသည်။ သူတို့သည် အခုလေးတင်မှရောက် လာသော လူများ၏ အားကိုအာရုံစိုက်မကြည့်မိပေ။ သူတို့သည် လူတစ်စုထပ် ရောက်လာသည်ကို မြင်သည်နှင့် ရှီမာယူယူ၏ ဘေးကင်းမှုကို စိုးရိမ်သဖြင့် ပြေးလာရုံသာဖြစ်သည်။
သူသည် အရင်က စိုးရိမ်မှုမရှိပေ။ သို့သော် သူတို့ကို ကြည့်လိုက်ပြီး နောက်တွင် အံ့ဩသွားသည်။
“ဒီမှာ ဘာလို့ စံတင်အထွဋ်သခင်တွေ ဒီလောက်များနေတာလဲ” အဘိုး ကြီးသည်လည်း ထိုအဆင့်တွင်ရှိသည်။ သို့သော် တခြားသူများမှာ ထိုသို့မဟုတ် ပေ။ အားလုံးကိုခြုံကြည့်လျှင်လည်း ထိုအဆင့်ရှိသော ငှက်မျိုးနွယ်မှာ လက် တစ်ဆုပ်စာသာရှိသည်။
ရှီမာယူယူအား ရှင်းပစ်ရန် တစ်ဖက်လူမှာ ထိုမျှများပြားသော လူများ လွှတ်လိမ့်မည်ဟု ထင်မထားကြပေ။
“ငှက်မျိုးနွယ် မင်းတို့ ဒီနေ့ကိစ္စကို ဝင်မပါတာကောင်းလိမ့်မယ် မင်းတို့ ငှက်မျိုးနွယ်က အားကောင်းပေမဲ့ ခုရေတွင်းတူး ခုရေကြည်သောက်လို့မရဘူး ကွ မင်းတို့ ဘေးကိုဖယ်နေလိုက်တာကောင်းမယ်”
“ဟင်း ငါတို့သခင်မလေးကို လုပ်ကြံရဲတာ မင်းတို့တော်တော်အတင့်ရဲနေ တာပဲ၊ ငါတို့ငှက်မျိုးနွယ်က လက်စားချေမှာကိုမကြောက်ဘူးလား” အဘိုးကြီး သည် ပြန်အော်လေသည်။
“မင်းတို့ငှက်မျိုးနွယ်က သူမ ဒီနေ့သေသွားရင် စည်းလုံးဦးမှာတဲ့လား ပြီးတော့ ငါတို့က ဘယ်သူလဲဆိုတာကိုတောင်မသိတာ ဘယ်သူ့ကိုသွားပြီး လက်စားချေမှာလဲ” ထိုလူပြုံးလိုက်သည် “မင်းတို့ ငှက်မျိုးနွယ်က အံ့စရာပဲ ဒါပေမဲ့ ကွာတာတစခုက မင်းတို့ရဲ့မျိုးနွယ်အကြီးအကဲကို ခေါ်မလာဘူးပဲ”
“အဲလိုဆိုရင်တောင် ငါတို့သခင်မလေးရဲ့ ဆံပင်ကိုတောင် ထိဖို့အိပ်မက် မမက်နဲ့” အဘိုးကြီးသည် မပြုံးနိုင်တော့ဘဲ ရှီမာယူယူ၏ အရှေ့တွင် တည်တံ့ စွာဖြင့် ရပ်နေသည်။
“အိုး… မင်း ငါ့ကိုသတ်တာ ကြက်သွေးရောင်မီးတောက်ကြောင့် ဖြစ်လိမ့် မယ်လို့ ထင်ထားဘူးပဲ၊ မင်းက ငှက်မျိုးနွယ်ကို ခလောက်ဆန်စေချင်နေတာ အဲဒါကြောင့် ဂယက်ထအောင်လုပ်နေတာမလား မင်းနောက်ကလူကဘယ်သူ လဲလို့ တွေးလိုက်ဦးမယ် တုနန်မျိုးနွယ်လား မဟုတ်ရင် ဝူရန်မျိုးနွယ်လား အခု ဆိုရင် ရွှမ်ချုံးမျိုးနွယ်တော့ မဖြစ်နိုင်ဘူး”
“ဟင်း မင်းက ငါတို့သရုပ်မှန်ကိုတောင် မမှန်းနိုင်တာ ငရဲရောက်လို့ မင်း မှန်းတာမှန်ရင်တော့ ကောင်းချီးပေးခံရမှာပါ”
ရှီမာယူယူသည် သက်ပြင်းတစ်ခါချလိုက်ကာ ပြောလိုက်သည် “ကြည့်ရ တာ ဒီနေ့မေးခွန်းတောင် မမေးနိုင်တော့ဘူးထင်တယ် အဒေါ်ရှင်းတို့ကိုပဲ ထပ် ပြီးဒုက္ခပေးရတော့မယ်”
သူမ ပြောပြီးသည်နှင့် လောကအသေးတံခါးဖွင့်လိုက်ရာ ဖန်ရှင်းသည် တခြားသူများကို ခေါ်ပြီးထွက်လာသည်။
“ဖန်မျိုးနွယ်က လူတွေ” ကြည့်လိုက်သည်နှင့် သူသည် ဖန်ရှင်းတို့ကို မှတ်မိသည်။
“ဘာလို့ ဒီလောက် အံ့ဩနေတာလဲ ပျောက်ဆုံးနယ်မြေမှာ ဘာတွေဖြစ် ခဲ့လဲဆိုတာမသိဘူးလား ငါတို့မိသားစုရဲ့ယူယူက ဖန်မျိုးနွယ်ရဲ့ သခင်မလေး ဆိုတာကို မသိဘူးလား” ရှီမာလျူဖန်သည် သက်ပြင်းနှစ်ကြိမ်မျှချလိုက်သည် “ဒီလိုဆိုမှတော့ မင်းတို့က ကိုယ့်သေတွင်းကိုယ်လာတူးတာပဲ သတ္တိရှိလိုက်တာ”
“အဒေါ်ရှင်း ဒီလူတွေကို ရှင်းဖို့ အဒေါ်တို့ကိုပဲ ဒုက္ခပေးရတော့မယ်” ရှီမာယူယူသည် ဖန်ရှင်းကို ပြောလိုက်သည် “ဒီနေ့က ကျွန်မဘိုးဘိုးကြီးရဲ့ မွေးနေ့ဖြစ်နေတာ အဒေါ်ရှင်း ဒီကိစ္စတွေကို မြန်မြန်ရှင်းပေးလို့ရမလား ကျွန်မ တို့ဧည့်သည်တွေကို ဇာတ်ပွဲမကြည့်စေချင်လို့”
“ဟုတ်ကဲ့ပါ သခင်မလေး” ဖန်မျိုးနွယ်မှ အဖွဲ့ဝင်နှစ်ယောက်သည် ရှီမာယူယူ၏ ဘေးတွင်နေခဲ့ပြီး တခြားသူများသည် အနက်ဝတ်လူများနှင့် တိုက်ခိုက်လေသည်။
ထိုသနားစရာ အနက်ဝတ်လူများသည် အခုမှရောက်ကာ သူတို့၏ ဂုဏ် ကိုပင် မဖော်လိုက်ရဘဲ ဖန်မျိုးနွယ် ရှင်းလိုက်ရာ လေထဲတွင်သာ ပျောက်ကွယ် သွားလေသည်။
ကျန်လူများကို တိမ်တိုက်အစောင့်များကို ပေးလိုက်သည်။
ရှီမာယူယူသည် ခေါင်းပေါ်မှ ကံကောင်းလေးကို ဆွဲယူလိုက်ပြီး ရှီမာလျူရွှမ်ဘေးတွင်ရပ်ပြီး တိုက်ပွဲကို ကြည့်နေသည်။
မကြာမီတွင် ထိုလူများ ရှုံးနိမ့်သွားကြပြီး အဖမ်းခံလိုက်ရသည်။ ဖန်မျိုးနွယ်မှ ရှင်းလိုက်သောသူများသည် အသက်ပင်မရှင်ခဲ့ပေ။
အစမှအဆုံးထိ ရှီမာလျူရွှမ်နှင့် ရှီမာယူယူတို့ မျိုးဆက်သာ ထွက်လာကြ ပြီး ထို့ထက်ကြီးသောမျိုးဆက်မှာ ထွက်လာဖို့မတန်သောကြောင့် ထွက်မလာခဲ့ ပေ။
တိုက်ပွဲပြီးသွားသည်နှင့် ပွဲအခမ်းအနားမှာလည်း ပြီးလုနီးပါးဖြစ်ကာ ဧည့်သည်များသည် စတင်ထွက်ခွာကြလေသည်။ ရှီမာမျိုးနွယ်အတွင်း ဖြစ်သွား သော ပွဲများသည် မကြာမီတွင် တောမီးသဖွယ်ပျံ့နှံ့သွားလေသည်။ ရှီမာမျိုးနွယ် အတွင်း ရှေးဟောင်းဝိညာဉ်သားရဲများရှိသည့် သတင်းများပါရှိနေရာ သူတို့ သည် အဆန်းတကြယ်ဖြစ်နေကြသည်။ သူတို့သည် အဂ္ဂိရတ်ပြိုင်ပွဲတွင် ပထမ ဆုများကိုသိမ်းပိုက်သွားပြီး သတ္တုတွင်းကိုလည်း ရှာတွေ့ခဲ့သေးသည်။
များမကြာမီတွင် ရှီမာမျိုးနွယ်၏ လုပ်ဆောင်ချက်များသည် ပေါ်ပေါ်ထင် ထင်ဖြစ်လာသည်။ သူတို့သည် အဂ္ဂိရတ်ပညာ၊ တည်ဆောက်မှုနှင့် ဝိညာဉ် ရှာဖွေမှုများတွင် ကောင်းစွာတင်ဆက်ပြသည်။ ဤတစ်ကြိမ်တွင် အားလုံးသည် ရှီမာမျိုးနွယ်မှာ တိတ်တဆိတ် အဆင့်မြှင့်နေကြောင်းကို သိလိုက်ရသည်။
“ရှီမာမျိုးနွယ်က ဒီလိုသတင်းကို သိုသိုသိပ်သိပ် ဖုံးကွယ်ထားလိမ့်မယ်လို့ ထင်မထားဘူး၊ ဒီလိုနှစ်ဆယ်ဂဏန်းလောက်နဲ့ ဒီလောက်ကြီးအင်အားကြီးလာ တယ်ဆိုမှတာ့ နောက်ကိုဘယ်လောက်တောင် ကြီးလာဦးမလဲမသိဘူး” ဟော်ကျန့်ကျန်းသည် ပြန်သွားပြီး သတင်းကြားသောအခါ အလွန်ပင် ခံစားမိ သွားသည်။
“အဲတုန်းက ကျန်းမျိုးနွယ်မှာဖြစ်တဲ့ ကိစ္စတုန်းကဆိုရင် ရှီမာမျိုးနွယ်က အဆင့်နိမ့်သေးတဲ့မျိုးနွယ်တစ်ခုပဲရှိသေးတယ် အဲတုန်းကနဲ့ဆိုရင် ဘယ်နနှစ် ကြာသွားပြီလဲ ဒီလောက်ကြီး အားကောင်းလာလိမ့်မယ်လို့ ထင်မထားဘူး” စူးလျိုနျန်သည်လည်း အလွန်ပင် စိတ်လှုပ်ရှားမိသည်။
“သတိထားမိလား ရှီမာမျိုးနွယ်က အကြာကြီးအမြင့်ကိုမတက်နိုင်တာ အဲဒါကြောင့် သူတို့ရဲ့ပျမ်းမျှအားကလည်း တိုးမလာဘူး၊ သူတို့ အခုထိုးထောင် တက်လာနိုင်တဲ့အပြင် အပြင်အထောက်အကူတွေကိုပါ တည်ဆောက်နိုင်လိုက် ပြီ” ဟော်ကျန့်ကျန်း ပြောလိုက်သည်။
“ရှင်ပြောတာမှန်တယ် ဒီအပြင်အထောက်အကူတွေနဲ့ပါ ပေါင်းလိုက်ရင် သူတို့ရဲ့ အားကပိုပြီးအားကောင်းလာမှာပဲ၊ အချိန်တစ်ခုကြာရင်တော့ သူတို့ အတွင်းပိုင်းအားလည်း ကောင်းလာမယ်ဆိုရင် နာမည်ကြီးဂိုဏ်းတစ်ခုဖြစ်လာ မှာ သိပ်မကြာဘူး” စူးလျူနျန် ပြောလိုက်သည် “ဒါတွေအကုန်လုံးက ယူယူ့ ကြောင့်ပဲ ကျွန်မတို့မှာသာ ဒီလိုမျိုးအားကောင်းတဲ့ ဂျူနီယာသာရှိမယ်ဆိုရင်…”
“အစ်မ ရှီမာယူယူက ရှီမာမိသားစုရဲ့ အပြောင်းအလဲတွေကို ယူလာပေး တယ်လို့ထင်ထာတား” စူးယန်သည် သူ့အစ်မအား ပြောချိန်တွင် ရန်လိုမှုများ ပျောက်ကွယ်သွားခဲ့လေပြီ။
“ဟုတ်တယ်” စူးလျိုနျန်သည် အရင်ကရှီမာမိသားစု၏ အခြေအနေကို ပြောပြလိုက်သည်။ ရှီမာမိသားစုသည် ထိုနှစ်များတွင် သိုသိုသိပ်သိပ်နေလာခဲ့ ရာမှ ပြောင်းလဲမှုတချို့ရှိလာခဲ့သည်။ သူ့မိသားစုသည် ရင်းနှီးရာ ရှီမာမိသားစု အား အာရုံစိုက်ကြည့်နေသဖြင့် ထိုသေးငယ်သော အပြောင်းအလဲများကို သိနေ ခြင်းဖြစ်သည်။
ရှီမာမျိုးနွယ် သန်မာလာနေသည်ကို သူတို့သိကြသည်။ သို့သော် သူတို့၏ ဝှက်ဖဲကိုပြလိုက်ချိန်တွင် အံ့ဩရလောက်သည့် အခြေအနေထိဖြစ်လိမ့်မည်ဟု ထင်မထားပေ။
“ဒီရှီမာယူယူက အရမ်းကံကောင်းတာပဲ” စူးယူ၏ တိုးညင်းသော စကား လုံးများသည် အနည်းငယ် အားကျသံပါနေသည်။
“အိုး.. ဒါက ကောင်းတာတော့မဟုတ်ဘူး” စူးယန် ပြောလိုက်သည်။
“ဟူး…” ဟော်ကျန့်ကျန်းနှင့် စူးလျိုနျန်တို့နှစ်ယောက်လုံး သက်ပြင်းချ လိုက်သည်။ သူတို့သုံးယောက်မှာ ဘာကြောင့် ရုတ်တရက် မျက်မှောင်ကြုတ် သွားသလဲဆိုသည်ကိုတော့ စူးယူမသိပေ။
သူတို့အပြင် တခြားသူများမှာလည်း ရှီမာမျိုးနွယ်အကြောင်း၊ သူတို့၏ ရှေးဟောင်းဝိညာဉ်သားရဲများ၊ သူတို့၏ ရှေးဟောင်းပစ္စည်းများ အစရှိသဖြင့် ပြောကြလေသည်။ အချိန်တစ်ခုကြာပြီးနောက် ရှီမာ၏နာမည်သည် လမ်းနှင့် လမ်းကြားများတွင် ကြားလာရသည်။
ရှီမာမျိုးနွယ်ကတော့ ရှီမာကျိယွင်၏ မွေးနေ့ပွဲပြီးသည့်နောက် ဂုဏ်ပြုပွဲ သို့ လာကြသည့် ဧည့်သည်များသည် တစ်ယောက်ပြီးတစ်ယောက် အိမ်ပြန်ကြ လေသည်။ သို့သော် အနည်းငယ် ကွာသွားသလိုပင်။ ရှီမာယူယူ၏ စကားအရ ထိုလူများသည် ပြုံးပြီးမျှော်ကြည့်ကြသည်။
ဧည့်သည်များကို ပို့ပြီးနောက် ရှီမာကျိယွင်သည် ရှီမာယူယူကိုခေါ်ကာ ထိုနေ့က ဖမ်းမိသောလူများကို စစ်ဆေးရန် ခေါ်သွားလေသည်။
အစပိုင်းက ရှီမာယူယူသည် မသွားချင်ပေ။ သို့သော် ရှီမာကျိယွင်က သူမ ကို ခေါ်သွားသည်။ ထို့အပြင် အံ့ဖွယ်အာရုံကိုထည့်လိုက်ပါက သူတို့အဖြေကိုရ ရန်ပို၍ သက်ရောက်မှုရှိနိုင်သည်။
***