← Chapters

အဆောင်ပစ္စည်း အရိပ်နက်ဝတ်ရုံ နှင့် ဝိုင်ဗန်အသိုက်ဆီ တယ်လီပို့ သွားခြင်း

Vol. 9 Ch. 123

အဆောင်ပစ္စည်း အရိပ်နက်ဝတ်ရုံ နှင့် ဝိုင်ဗန်အသိုက်ဆီ တယ်လီပို့ သွားခြင်း

Vol. 9 Ch. 123

ထူးဆန်းစွာပင် ဘရော့ခ်၏အမြင်ဖြင့် ချန်လွေ့နှင့် သစ်ပင်နောက်မှတဲကို မတွေ့နိုင်သလို ဖြစ်နေသည်။၎င်းသည် သတ္တုထိုတန်မ်တိုင်များ၏ လျို့ဝှက်ဆန်းကြယ်သော အစွမ်း များကြောင့် ဖြစ်ပေမည်။

ဘရော့သည် ချန်လွေ့ကို မမြင်နိုင်သော်လည်း နတ်မိစ္ဆာမျက်လုံး၏ အာရုံကို အခြေခံကာ ဖြည်းဖြည်းချင်း ချဉ်းကပ်လာတော့သည်။ချန်လွေ့ စိုးရိမ်နေသော်လည်း အသံမထွက် ရဲပေ။နောက်ဆုံး၌ ဘရော့ခ်သည် သတ္တုထိုတန်မ်တိုင်များ၏ ပတ်ဝန်းကျင်သို့ ရောက်လာပြီ ဖြစ်သည်။ရုတ်တရက် ထိုတန်မ်တိုင် ၆လုံးသည် မျက်စိကျိန်းလောက်သည့် အလင်းရောင်များ ထုတ်လွှတ်လိုက်ပြီး ဟက်ဇာဂရမ် အစီအရင်တစ်ခု ဖြစ်သွားသည်။

( ဟက်ဇာဂရမ် = အနားတူတြိဂံနှစ်ခုကို တစ်ခုနှင့်တစ်ခု ဖြတ်ခြင်းကြောင့် ဖြစ်ပေါ်လာသည့်ပုံ။ )

ဟက်ဇာဂရမ် အစီအရင်အတွင်း၌ ထိုတန်မ်တိုင် တစ်ခုစီတွင် ခရမ်းရောင်မီးတောက်များ လောင်ကျွမ်းနေတော့သည်။

မီးတောက်အတွင်း၌ မီးများဖုံးလွှမ်းနေသော ခရမ်းရောင်ငှက်များ၏ ခန္ဓာကိုယ်သည် ထင်ရှားသထက် ထင်ရှားလာသည်။သူတို့သည် တစ်ချိန်တည်းမှာပင် ကျည်ကျည် ကျာကျာ မြည်လိုက်ပြီး ဘရော့ခ်ကို တိုက်ခိုက်တော့သည်။

ထိုတန်မ်များကြောင့် ဘရော့ခ်သည် တိုင်များကိုမမြင်ရဘဲ ဧရာမ ခရမ်းရောင်ငှက် ၆ကောင်ကိုသာ မြင်ရသည်။ထို့ကြောင့် ဘရော့ခ် ရုတ်တရက်အနည်းငယ် လန့်သွားသည်။ သူ လက်နှစ်ဖက် ဝှေ့ရမ်းလိုက်ရာ ကန့်လန့်ဖြတ်မျဉ်းများ ပါဝင်သည့် ဖောက်ထွင်း မြင်ရသောဖန်သား စက်ဝိုင်းများ ပေါ်ထွက်လာသည်။၎င်းသည် ဖန်သားဖြင့် ဖန်တီး ထားသည့် အကာအရံတစ်ခုကဲ့သို့ပင် ဖြစ်ပြီး ဘရော့ခ်၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းလိုက်သည်။ ခရမ်းရောင်များသည် သလင်းကျောက်များကို အရှိန်ပြင်းထန်စွာဖြင့် ဝင်တိုက်လိုက်သည်။ သို့သော်လည်း နူးညံ့ပြီး ကြေမွလွယ်ပုံပေါ်သည့် ဖန်သားအကာအရံသည် အမှန်တကယ် အလွန့်အလွန် ခိုင်မာနေသည်။ထို့ကြောင့် ငှက်များသည် ချက်ချင်း မဖောက်ထွင်း နိုင်ကြပေ။

ဘရော့ခ်၏ ကျောချမ်းဖွယ်အသံသည် ထူထဲသော တောအုပ်တစ်ခုလုံး၌ ပဲ့တင်ထပ် သွားသည်။

“ ခရစ္စတီးနား။ဒီလိုလှည့်ကွက်မျိုးက ငါ့ကို ဘာမှမဖြစ်စေနိုင်ဘူးဆိုတာကို မင်း သိသင့်တယ်။မင်းသာ ပါးနပ်တယ်ဆိုရင် အပြင်ထွက်လာလိုက်။ငါမင်းကို ထိခိုက်အောင် မလုပ်ဘူးလို့ ကတိပေးတယ်။မဟုတ်လို့ကတော့ မင်းကိုငါ့မိန်းမဖြစ်ဖို့ ဧကရီဆီမှာ သွားတောင်းမယ်။ ”

ခရမ်းရောင်ငှက်များပေါ်ရှိ မီးတောက်များသည် ပို၍ပင် တောက်လောင်လာသည်။ ဖန်သားအကာအရံလည်း မခံနိုင်တော့ဘဲ ပြင်းထန်သည့်ရိုက်ခတ်မှုများကြောင့် အက်ကွဲကြောင်းများ ပေါ်ထွက်လာတော့သည်။ဘရော့ခ် ဟွန်းခနဲ အသံပြုလိုက်ပြီး ဖန်သားအကာအရံကို ရုတ်တရက် ဖယ်ရှားလိုက်သည်။ဧရာမငှက်များသည် ချက်ချင်းပင် ဘရော့ခ်ကို ဝိုင်းရံသွားပြီး ခရမ်းရောင် အလင်းလုံးအဖြစ် ပြောင်းလဲသွားကာ ဘရော့ခ်ကို တင်းတင်းကြပ်ကြပ် ပိတ်လှောင်ထားလိုက်သည်။

ခဏအကြာတွင် အလင်းလုံး မခံနိုင်တော့ဘဲ စတင်တုန်ခါလာတော့သည်။ ရုတ်တရက် ချန်လွေ့သည် ခန္ဓာကိုယ်ဘေးနားကို ဖြတ်သွားသည့် လေပြေလေညှင်းလေးကို ခံစား လိုက်ရသည်။ချန်လွေ့ ပြန်လှည့်ကြည့်လိုက်ရာ တဲအိမ် ရှိမနေတော့ပေ။ထို့နောက်တွင် အလင်းရောင် ဖျော့ဖျော့လေး တစ်ခုသည် ခရမ်းရောင်အလင်းလုံးဆီသို့ အရောင်ထိုး နေပြီး အလင်းရောင်အနက် အလွှာတစ်ခုဖြစ်သွားကာ ခရမ်းရောင်အလင်းလုံးကို ဖုံးလွှမ်းလိုက်သည်။၎င်းသည် အလယ်ဗဟို၌ ဘရော့ခ်ကို ပိတ်လှောင်ထားရင်း စတင် အမြန်လှည့်ပတ်တော့သည်။မြေပြင်တုန်ခါသွားပြီး မြေငလျင်လှုပ်သကဲ့သို့ပင် အက်ကွဲကြောင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတော့သည်။မီတာ၁၀၀ ပတ်လည် အတွင်း၌ သစ်ပင်များအားလုံး ပြိုလဲသွားသည်။ကျိုးပဲ့နေသော သစ်တုံးများ၊သစ်ရွက်များ၊ သဲများနှင့် ကျောက်တုံးများပါ လည်ပတ်နေတော့သည်။

ချန်လွေ့သည် အန္တရာယ်ကင်းသော နေရာဆီသို့ ဆုတ်ခွာပြီးသွားပြီ ဖြစ်ပြီး မျက်စိမှင်တက်စေသည့် တိုက်ပွဲကို အံ့အားသင့်စွာ ကြည့်နေလိုက်သည်။၎င်းသည် သူ၏ယခင်လောကမှ အမြင်ပိုင်းဆိုင်ရာ အထူးပြုလုပ်ချက် သုံးထားသည့် ရုပ်ရှင်မြင်ကွင်း မဟုတ်ဘဲ တကယ့်စွမ်းအားပင် ဖြစ်သည်။

ခရမ်းနက် အလင်းလုံးသည် ပို၍မြန်မြန် လည်ပတ်နေပြီး တုန်ခါမှုသည်လည်း ပို၍ ပြင်းထန်လာသည်။ထို့နောက် ချန်လွေ့သည် ကျယ်လောင်လှသော အော်သံတစ်ခု ကြားလိုက်ရပြီး အလင်းလုံးပေါ်၌ မြောက်မြားလှစွာသော အက်ကွဲကြောင်းများ ပေါ်ထွက်လာကာ သွေးနီရောင် အလင်းစူးစူးများ ထွက်ပေါ်လာတော့သည်။

ဧရာမငှက်များလည်း တစ်စစီဖြစ်သွားကာ မြေပြင်ပေါ်သို့ ကျလာပြီး ထိုတန်မ်တိုင် အကျိုးအပဲ့များအဖြစ်သို့ ပြန်လည်ရောက်ရှိသွားသည်။

ခရစ္စတီးနား၏ ဝတ်ရုံနှင့်ပုံရိပ်သည် ချန်လွေ့နောက်၌ ထွက်ပေါ်လာသည်။ ခရစ္စတီးနားသည် လဲကျတော့မတတ် ဖြစ်နေပြီး ချက်ချင်းပင် ချန်လွေ့ ထိန်းထားပေး လိုက်သည်။သူ မောဟိုက်နေပြီး ခန္ဓာကိုယ်လည်း အနည်းငယ် တုန်ခါနေသည်ဟု ချန်လွေ့ ခံစားလိုက်ရသည်။‌အတော်လေးပြင်းထန်သည့် ထိခိုက်မှုကို ခံစားလိုက်ရဟန် တူသည်။

ဘရော့ခ်သည်လည်း စိတ်မရှည်တော့သည့် ပုံစံ ဖြစ်နေသည်။သူ၏ အပေါ်ပိုင်း ငွေချပ်ကာ၌ မြောက်မြားလှစွာသော အက်ကွဲကြောင်းများရှိနေပြီး ပုံစံပျက်ယွင်းနေကာ နှုတ်ခမ်းဒေါင့်မှလည်း သွေးများ ထွက်နေသည်။ဘရော့ခ်၏မျက်လုံးများလည်း မည်းနက် နေပြီး နတ်မိစ္ဆာမျက်လုံးကို အပြည့်အဝ အသက်သွင်းလိုက်သည့် လက္ခဏာဖြစ်သည်။ ထို့နောက် သူ၏လက်ထဲ၌လည်း သွေးနီရောင် ဓားတစ်လက် ပေါ်ထွက်လာသည်။ ဘရော့ခ်၏ ခန့်ညားသောမျက်နှာ ရှုံ့တွသွားခဲ့သည်။သူ၏ဒေါသသံ၌ ရှားပါးသော သက်ရောက်မှုတစ်ခု ပါဝင်နေသည်။

“ အရိပ်နက်ဝတ်ရုံ။အဲ့ဒါက တကယ်ပဲ အရိပ်နက်တော်ဝင်မိသားစုရဲ့ ထိပ်တန်း အဆောင် ပစ္စည်းတစ်မျိုးပဲ။မင်းက ဘယ်လိုလုပ် အရိပ်နက်ဝတ်ရုံကို သုံးနိုင်ရတာလဲ....မင်းက ဘယ်သူလဲ။ ”

တော်ဝင်မိသားစု၏ ထိတ်တန်း အဆောင်ပစ္စည်းများသည် သီးခြားအသိစိတ် ရှိကြသည်။ ပုံမှန်အားဖြင့် ဘုရင် သို့မဟုတ် အမြင့်ဆုံးအုပ်စိုးသူကိုသာ အသိအမှတ်ပြုကြသည်။ ဥပမာပြောရလျှင် ကြယ်ကြွေတမန် အင်ပါယာရှိ ဘုရင်ခံ အိုဆိုင်ဒန်ကို အဆောင် ပစ္စည်းက ယခုထိ အသိအမှတ်မပြုသေးပေ။အလွန်အမင်း ရှားပါးသော ဖြစ်ရပ်များလည်း ရှိသည်။အဆောင်ပစ္စည်းများ၏ အသိအမှတ်ပြုခြင်းကို ခံရသူများသည် အဆောင် ပစ္စည်း၏ ပိုင်ရှင်အစစ် ဖြစ်လာပြီး တော်ဝင်မိသားစု၏ အုပ်စိုးသူ ဖြစ်လာသည်။

“ ဧကရီ ကတ်သရင်းက ဒီအရိပ်နက်ဝတ်ရုံကို ကျွန်မဆီ ကိုယ်တိုင်ပေးခဲ့တာ။ရှင် ကျွန်မကို ထပ်ပြီး တိုက်ခိုက်ရဲမယ် ဆိုရင် တိုင်းပြည်ကို သစ္စာဖောက်မှုနဲ့ ရှင်အပြစ်ပေး ခံရလိမ့်မယ်။ ”

ခရစ္စတီးနား အသံတွင် မာန်အရိပ်အယောင် ပါဝင်နေသည်။သို့သော်လည်း သူ၏ ဒဏ်ရာများ ဆိုးဝါးလှသည့်အတွက် ၎င်းသည် အတော်လေး အားနည်းနေပုံရသည်။

“ မင်းကမှ သစ္စာဖောက်။အရှင်မက အင်ပါယာရဲ့ အဖိုးတန် အဆောင်ပစ္စည်းကို အခြား တစ်ယောက်ဆီ ဘာလို့ပေးသုံးမှာလဲ။မင်း အဲ့ဒါကို ခိုးလာတာပဲ ဖြစ်မယ်။ ”

ဘရော့ခ်၏ မည်းနက်နေသော မျက်ဝန်းထဲ၌ ကြက်သီးထစရာ သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေ၏။

“ အရှင်မရဲ့ အယုံကြည်ရဆုံး ဗိုလ်ချုပ်တစ်ယောက်အနေနဲ့ အခိုးခံရတဲ့ အဆောင် ပစ္စည်းကို ပြန်ယူပြီးတော့ သစ္စာဖောက်ကို သတ်ပစ်မယ်လို့ ကျိန်ဆိုတယ်။ ”

ဘရော့ခ်သည် ခိုင်ခိုင်မာမာ ရပ်တည်ထားပြီး ခရစ္စ‌တီးနားအတွက် နေရာမချန်ထားခဲ့ပေ။ တိုင်းပြည်သစ္စာဖောက်ခြင်းနှင့် သစ္စာဖောက်ကို သတ်ဖြတ်ခြင်းတို့သည် ဟိတ်ဟန် ထုတ်သည့် ဆင်ခြေများသာဖြစ်ကြောင်း ချန်လွေ့ သတိထားမိသည်။အကယ်၍ ခရစ္စတီးနားသာ ဘုရင်မ ဆိုလျှင်တောင် ဘရော့ခ်သည် သူ့ကို ယနေ့အဆုံးသတ်ရန် ဆုံးဖြတ်ပြီးသွားပြီ ဖြစ်သည်။

ဗိုလ်ချုပ်တစ်ယောက်သည် ဧကရီ ယုံကြည်ထားသည့် တော်ဝင်အမျိုးသမီး တစ်ယောက်ကို အမှန်တကယ် သတ်ဖြတ်ချင်နေခြင်း ဖြစ်သည်။အကြောင်းရင်းကို မသိရသော်လည်း ဘရော့ခ်သည် မိမိကိုယ်တိုင်ကိုသာမက မည်သူ့ကိုမျှ ချမ်းသာပေးမည် မဟုတ်ကြောင်း ချန်လွေ့သိသည်။

ခရစ္စတီးနားသည် မငြင်းခုံနေဘဲ ချန်လွေ့၏ လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။ခရစ္စတီးနား၏ လက်ထဲ၌ ထူးခြားသော စွမ်းအားတစ်ခု ရှိနေသည်ဟု ချန်လွေ့ ခံစားလိုက်ရပြီး သူ၏ဝိညာဉ်ကို ခရစ္စတီးနားက တင်းတင်း ကြပ်ကြပ် ဆုပ်ကိုင်ထားသကဲ့သို့ပင် ဖြစ်နေသည်။ချန်လွေ့လည်း လွတ်မြောက်ရန် မရုန်းထွက်ပေ။

“ အခုတော့ ရှင့်ရဲ့ကံအပေါ်မှာပဲ မူတည်တော့တယ်။ ”

ရုတ်တရက် ချန်လွေ့သည် လက်ဝါးထဲ၌ တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး ၎င်းသည် လက်စွပ်တစ်ကွင်း ဖြစ်နေ၏။

ကျိုးပဲ့သွားသော သတ္တုထိုတန်မ်များ ရုတ်တရက် ပေါက်ကွဲသွားရာ ဘရော့ခ်သည် ခန္ဓာကိုယ်ကို ကာကွယ်ရန်အတွက် ချက်ချင်းပင် လက်ကိုကြက်ခြေခတ်၍ ကာလိုက်သည်။ထိုကဲ့သို့ အာရုံလွင့်ပျံ့နေသောအချိန်၌ ခရစ္စတီးနားနှင့်ချန်လွေ့တို့၏ ပုံရိပ်သည် ရုတ်တရက် ဝေဝါးကာ ရှုံ့တွသွားသည်။တစ်ခုခုလွဲနေကြောင်း ဘရော့ခ် သိလိုက်သည်။

ဘရော့ခ်သည် ပေါက်ကွဲမှုဒဏ်ကို ဂရုမစိုက်နိုင်တော့ဘဲ ခုန်လိုက်ရာ ချန်လွေ့တို့ နှစ်ယောက်နားသို့ ချက်ချင်း ရောက်ရှိသွားသည်။သူ၏လက်ထဲ၌ အနီရောင် အလင်း တောက်ပနေပြီး ချန်လွေ့တို့၏ ခါးဆီသို့ ခုတ်ပိုင်းလိုက်သည်။

ထိုအချိန်၌ အမှောင်ဆန္ဒသည် တယ်လီပို့ ပြီးသွားပြီ ဖြစ်သည့်အတွက် ထိုခုတ်ချက် လွဲချော်သွားသည်။

ဘရော့ခ် ဒေါသထွက်သွားပြီး ဒေါသပြေစေရန်အတွက် သွေးနီဓားဖြင့် ခုတ်ရမ်းလိုက်ရာ နောက်ဘက်မှ သစ်ပင်များအားလုံး ခါးနေရာမှ ပြတ်ထွက်သွားတော့သည်။ အရေးကြီးသော အခိုက်အတန့်၌ ချန်လွေ့သည် အမှောင်ဆန္ဒ၏ တယ်လီပို့ အစွမ်းကို သုံးပြီး ခရစ္စတီးနား၏ လက်ကိုကိုင်ကာ ဘရော့ခ်၏ မိစ္ဆာလက်ထဲမှ ယာယီ လွတ်မြောက် နိုင်ခဲ့သည်။သူတို့ “လက်ကိုင်”ထားရသည့် အကြောင်းအရင်းမှာ ခရစ္စတီးနားက ချန်လွေ့၏ လက်ကို “ ရင်းရင်းနှီးနှီး ” ဆွဲကိုင်ထား၍ ဖြစ်သည်။ချန်လွေ့ လက်လွှတ်၍ မရပေ။

ခဏတာ မူးဝေပြီးနောက် သူတို့နှစ်ယောက်သည် မရင်းနှီးသော နေရာတစ်ခု၌ ပေါ်ထွက်လာခဲ့သည်။

ရှေ့တွင် အလွန်ကြီးမားသော ရေကန်ကြီးတစ်ကန် ရှိနေသည်။အရောင်နှင့် စူးရှရှ အနံ့ကို ကြည့်ခြင်းဖြင့် ထိုရေတွင် သေစေနိုင်သည့် အဆိပ် ရှိနေကြောင်း ချန်လွေ့ ပြောနိုင်သည်။ ရေကန်တစ်ဝိုက် ရွှံ့ဗွက်ထဲ၌ အတော်လေး ရှားပါးသည့် သစ်ပင်ကြီးများရှိနေပြီး သစ်တောထဲ၌လည်း အစိမ်းရောင် မြူများ ရွေ့လျားနေ၏။ အဆိပ်တွေပဲ။ရေ၊သစ်ပင်၊မြူနှင်းနဲ့ ငါတို့‌တွေ တက်နင်းထားတဲ့ ရွှံ့ဗွက်တွေမှာတောင် အဆိပ်တွေ ရှိနေတယ်။

သို့သော်လည်း ချန်လွေ့ကို ပိုပြီးအံ့အားသင့်စေသည်မှာ သစ်တောထဲ၊ရေကန်ဘေးနှင့် ကောင်းကင်မှာပင် သတ္တဝါ အမြောက်အမြား ရှိနေခြင်း ဖြစ်သည်။

၎င်းတို့တွင် စိမ်းညိုညို ကြေးခံများ၊အလွန်ကြီးမားသော အတောင်ပံကြီးများ၊ထက်မြက် လှသည့် အဆိပ်သွားများနှင့် ကြံ့ခိုင်လှသော ခြေလက်များ ရှိကြသည်။

ချန်လွေ့သည် ထိုသတ္တဝါများနှင့် ရင်းနှီးသည်ထက် ပိုလေသည်။ ဝိုင်ဗန်တွေ။ ဒါဇင်လောက်ရှိတယ်။မဟုတ်ဘူး။ပိုပြီးတော့များတယ်။

ဝိုင်ဗန်အများစုသည် [ သရုပ်ခွဲမျက်လုံး ]၏ ဝန်းကျင်ထဲ၌ ရှိမနေသော်လည်း သူတို့၏ အသွင်အပြင်ကိုကြည့်လျှင် အများစုမှာ မန္ဂဒါနှင့်ခီဂူ ကဲ့သို့ အရွယ်မရောက်သေးသည့် ဝိုင်ဗန်များမဟုတ်ကြောင်း သိနိုင်သည်။သူတို့သည် အရွယ်ရောက်ပြီးသည့် ခွန်အားကို အမှန်တကယ်ပိုင်ဆိုင်သည့် ကြောက်စရာ နတ်ဆိုးသားရဲများ ဖြစ်ကြသည်။

အရွယ်ရောက်ပြီးသား ဝိုင်ဗန်တစ်ကောင်၏ တိုက်ခိုက်ရေးစွမ်းအားသည် အမြင့်ဆင့် နတ်ဆိုးတစ်ယောက်နှင့်ညီမျှပြီး သန္ဓေပြောင်းကောင်များသည် ပို၍ပင် စွမ်းအားကြီး ကြသည်။

ရုတ်တရက် ချန်လွေ့သည် ကံဆိုးခြင်းနတ်ဘုရား ဝင်ပူးနေသည်ဟု ခံစားလိုက်ရသည်။ ဘာနကယ်ကို အဆုံးသတ်ပြီးနောက် တယ်လီပို့ ခုန်လိုက်သည့် အချိန်မှစ၍ ချန်လွေ့သည် ကံဆိုးနေခဲ့သည်။ပထမဦးစွာ ချန်လွေ့သည် အဓိကနေရာသို့ တယ်လီပို့ ခံလိုက်ရသည်။ ဒေလီယာနှင့် တိုးပြီး ထွက်ပြေးနိုင်မည့် မျှော်လင့်ချက်ကို မြင်ခဲ့ရသည့်အတွက် တော်ပေ သေးသည်။သို့သော်လည်း ကြောက်မက်ဖွယ် ဉာဏ်ပညာရှိသည့် တော်ဝင်အမျိုးသမီးက သူ့ကို အသံတိတ်ည စိမ့်မြေဆီသို့ ခေါ်ဆောင်လာခဲ့သည်။

အသံတိတ်ညစိမ့်မြေ၌ သူတို့သည် ကြောက်မက်ဖွယ်ရာ ဘရော့ခ်နှင့် တွေ့ကြုံခဲ့ရသည်။ အတော်လေး ကြိုးစားအားထုတ်ပြီးနောက် အမှောင်ဆန္ဒကို ပြန်ရ၍ နောက်ထပ် တယ်လီပို့ ခုန်လိုက်သည့်အခါ၌ အမှန်တကယ်ပင် ဝိုင်ဗန်အသိုက်ထဲ ရောက်သွားတော့သည်။

တော်ဝင်အမျိုးသမီးကို လိမ်ညာခဲ့စဉ်က အသံတိတ်ညစိမ့်မြေသို့လာပြီး ဝိုင်ဗန်များကို ဖမ်းဆီးချင်ခဲ့သည်ဟု ပြောခဲ့သည်ကို ချန်လွေ့ သတိရသွားသည်။ယခုတွင် ၎င်းသည် “အမှန်တကယ် ဖြစ်လာလေပြီ။” ဒါက ဒဏ္ဍာရီထဲကအတိုင်း “ လိုတရ ” တာလား။ ဝိုင်ဗန်တစ်ကောင်သည် ကျူးကျော်သူများကို သတိထားမိသွားပြီး ပြင်းပြင်းထန်ထန် ဟိန်းဟောက်လိုက်တော့သည်။

မူလက ခရစ္စတီးနားသည် ချန်လွေ့ကို ဆွဲကိုင်ပြီး ထွက်ပြေးချင်ခဲ့သည်။ရုတ်တရက် သူ၏ ခန္ဓာကိုယ် ပို၍ ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။တစ်စုံတစ်ခုကို ကြိုးစားပမ်းစား ထိန်းချုပ်နေသကဲ့သို့ပင် ဖြစ်သည်။ခရစ္စတီးနားသည် ချန်လွေ့၏ လက်မောင်းကို ကိုင်ထားပြီး ခန္ဓာကိုယ်ကို ထိန်းထားလိုက်သည်။

ခုနက ဘရော့ခ်နှင့် တိုက်ခိုက်ခဲ့စဉ်က ရရှိခဲ့သည့် ဒဏ်ရာများသည် ထင်ထားသည်ထက် ပို၍ပြင်းထန်‌နေပုံရသည်။

ပတ်ဝန်းကျင်သာ ဤကဲ့သို့မဟုတ်လျှင် ခရစ္စတီးနားနှင့် နီးနီးကပ်ကပ် နေရသည့် အရသာ ချန်တွေ့ တိတ်တဆိတ် ခံစားနေမည် ဖြစ်သည်။သို့သော်လည်း အနီးအနားရှိ ဝိုင်ဗန်များ၏ အရေအတွက်သည် ပို၍တိုးလာသည့်အတွက် ချန်လွေ့၌ ထိုကဲ့သို့ အချိန်ရှိမနေပေ။

ဝိုင်ဗန်များ၏ ကြမ်းတမ်းမှုကို ချန်လွေ့သိသည့်အတွက် မဆင်မခြင် မလုပ်ရှားရဲပေ။ [သရုပ်ခွဲမျက်လုံး] မှတစ်ဆင့် ဝိုင်ဗန်များ၏ ဟိန်းသံ အဓိပ္ပာယ်ကို ကြားလိုက်ရသည်။ “ကျူးကျော်သူတွေ။သတ်ပစ်။ ”

ခရစ္စတီးနားသည် တုန်ခါနေသည်ကို အတင်းခံပြီး သိုလှောင်လက်စွပ်ထဲမှ သစ်ကြားသီး အရွယ် သတ္တုလုံးနှစ်လုံး ထုတ်လိုက်ကာ နောက်ဆုံးလက်ကျန် အင်အားဖြင့် တိုက်ခိုက်ရန် ပြင်လိုက်သည်။ပုံမှန်အခြေအနေ၌ဆိုလျှင် ဝိုင်ဗန်ပိုများလျှင်တောင် ခရစ္စတီးနား ဂရုစိုက်မည် မဟုတ်ပေ။သို့သော်လည်း သူ၏အစွမ်း အကြီးအကျယ် ထိခိုက်သွားပြီး အခြေအနေလည်း အတော်လေး ဆိုးဝါးနေသည့်အတွက် သူအစိုးရိမ် နေဆုံးအရာ ဖြစ်လာတော့မည် ထင်ရပေသည်။

ထိုအချိန်၌ “ ရစ်ချတ် ” သည် ခရစ္စတီးနား၏ လက်မောင်းကို အသာလေး လွှတ်ကာ တီးတိုးပြောလိုက်သည်။

“ သူတို့ကို အာရုံပြောင်းဖို့ ကျုပ်နည်းလမ်းတစ်ခု ရှာလိုက်မယ်။အခွင့်အရေးရရင် ထွက်ပြေးသွားလိုက်။ ”

“ ရစ်ချတ် ” နှင့် သူသည် အပေါ်ယံတွင် ရန်သူများ မဟုတ်ကြသော်လည်း မိတ်ဆွေ များလည်း သေချာပေါက် မဟုတ်ကြသည့်အတွက် ခရစ္စတီးနား အနည်းငယ် ထိတ်လန့် သွားသည်။ခရစ္စတီးနားသည် ချန်လွေ့အပေါ် သတ်ဖြတ်ချင်စိတ်ကို တစ်ခါမျှ မဖယ်ရှားခဲ့ပေ။သူထိန်းချုပ်နေသောသူသည် ဤကဲ့သို့ အခြေအနေ၌ ထိုကဲ့သို့စကားများ ပြောလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ခရစ္စတီးနားသည် မိမိ၏ ဉာဏ်ပညာကို အမြဲပင် ဂုဏ်ယူနေခဲ့သော်လည်း ချန်လွေ့၏ လုပ်ရပ်ကို အမှန်တကယ်ပင် နားမလည်နိုင်ခဲ့ပေ။ ခရစ္စတီးနား၏ ခံစားချက်များကိုသာ ချန်လွေ့ သိသွားလျှင် သေချာပေါက် ဂုဏ်ယူသွား ပေမည်။အစကတည်းမှ ယခုအထိ ချန်လွေ့ကို ခရစ္စတီးနား၏ ဉာဏ်ပညာက တင်းတင်း ကြပ်ကြပ် ဖိနှိပ်ထားလေသည်။ယခုတွင် ချန်လွေ့သည် ခရစ္စတီးနား နားမလည်နိုင်သည့် လုပ်ရပ်တစ်ခုကို လုပ်နိုင်ခဲ့လေပြီ။

အမှန်တကယ်တွင် ချန်လွေ့၏ အကြံအစည်သည် အလွန်ရိုးရှင်းသည်။[ သရုပ်ခွဲမျက်လုံး ] ကိုသုံးကာ ဝိုင်ဗန်များကို ဆက်သွယ်စကားပြောမည် ဖြစ်သည်။အဆင်မပြေလျှင် ကိုယ်တိုင်လည်း အဆိပ်ပြီးသည့်အတွက် ထွက်ပြေးရန် ကြိုးစားပေမည်။ခရစ္စတီးနားကို ထွက်သွားခိုင်းရသည်မှာ ဝန်ထုတ်ဝန်ပိုးတစ်ခု ပြုတ်ကျသွားရန်ဖြစ်သည်။ အကြောင်းရင်းမှာ ချန်လွေ့သည် ထိုကဲ့သို့ ပါးနပ်လွန်းလှသည့် မိန်းမတစ်ယောက်ကို ရင်ဆိုင်ခြင်းထက် ဝိုင်ဗန်အုပ်လိုက်ကြီးကိုသာ သွားရင်ဆိုင်လိုက်မည် ဖြစ်၍ပင်။ အန္တရာယ်များကို ချန်လွေ့တစ်ယောက်တည်း ရင်ဆိုင်နေသည်ကို ကြည့်ရင်း ခရစ္စတီးနား၏ရင်ထဲ၌ တစ်မျိုးတစ်မည် ခံစားလိုက်ရသည်။ချန်လွေ့တွင် အခြား အစီအစဉ် တစ်ခုခု ရှိလိမ့်မည်ဟု ခရစ္စတီးနား သိသော်လည်း ထိုကဲ့သို့ ထူးထူးခြားခြား ခံစားနေရဆဲပင် ဖြစ်သည်။အလုပ်များလွန်း၍ ဖြစ်ပေလိမ့်မည်။ခရစ္စတီးနားသည် ထိုကဲ့သို့ ခံစားချက်မျိုးနှင့် ဝေးကွာနေသည်မှာ အတော်လေး ကြာမြင့်ပြီ ဖြစ်သည်။

ချန်လွေ့ ချဉ်းကပ်လာသည်ကို ဝိုင်ဗန်များ မြင်လိုက်သည့်အခါ ဝိုင်းအုံလာပြီး ဒေါသတကြီးနှင့် စတင်ဟိန်းဟောက်တော့သည်။ခရစ္စတီးနားလည်း လက်သီးကို ပို၍ တင်းတင်းကြပ်ကြပ် ဆုပ်ထားလိုက်သည်။သို့သော်လည်း နောက်ဆုံး၌ အခြေအနေကို အခွင့်ကောင်းယူပြီး ထွက်မပြေးသွားခဲ့ပေ။ ဒီလူ ဘာလုပ်မလဲ ကြည့်ရတာပေါ့။

ထိုဝိုင်ဗန်များသည် ခန္ဓာကိုယ်မှ အဆိပ်များ ထုတ်လွှတ်ရုံသာမက သူတို့၏ အစွမ်းသည်လည်း အမြင့်ဆင့်နတ်ဆိုးနှင့်ညီမျှသည့် [ D ] ဖြစ်သည့်အတွက် ချန်လွေ့ အတော်လေး ထိတ်လန့်သွားသည်။နတ်ဆိုးဘုရင်အဆင့် [ D ] ရောက်နေသည့် ဝိုင်ဗန်များလည်း တစ်ကောင်နှစ်ကောင် ရှိကြသည်။ဆက်သွယ်ပြောဆိုခြင်း မအောင်မြင်လျှင် ထွက်ပြေးရန်အတွက်ပင် ပြဿနာတက်နိုင်၏။

[ သရုပ်ခွဲမျက်လုံး ] သည် ဘာသာပြန်ပေးရုံသာ ဖြစ်သည်။နတ်ဆိုးသားရဲများ အားလုံးသည် ရင်းရင်းနှီးနှီး ဆက်ဆံကြသည် မဟုတ်ပေ။ရှီလန်တောင်၌ တွေ့ခဲ့ရသည့် ဆဲဘရတ်စ်သည် အကောင်ဆုံး ဥပမာပင် ဖြစ်သည်။

အခြေအနေသည် အမှန်တကယ်ပင် ဆိုးဝါးလှသည်။ချန်လွေ့ ရင်းရင်းနှီးနှီး ဆက်ဆံ သော်လည်း ဝိုင်ဗန်များဆီမှ ပြန်လာသောစာများအားလုံးသည် ကြမ်းကြုတ်သည့် ရန်လိုစိတ်များသာ ဖြစ်ကြသည်။ဝိုင်ဗန်များသည် ချန်လွေ့ကြောင့် လုံးဝမလှုပ်ရှား သွားပေ။၎င်းသည်လည်း သဘာဝ ကျပေသည်။ ခြင်္သေ့တွေက ဘာလို့ သိုးတစ်ကောင် လာညှိနှိုင်းတာကို လက်ခံမှာလဲ။

All Chapters