မူမမှန်သော ခရစ္စတီးနား
Vol. 9 Ch. 124
ချန်လွေ့ အစိတ်စိတ်အမွှာမွှာ ဆွဲဖြဲခံရတော့မည်ကို မြင်ပြီး ခရစ္စတီးနား၏ လက်ထဲရှိ သတ္တုလုံးနှစ်လုံး အရောင်တောက်သွားသည်။ရုတ်တရက် ချန်လွေ့သည် ထူးဆန်းသော လှုပ်ရှားမှုများ ပြုလုပ်လိုက်ပြီး ငှက်ပျံသည်ကိုပင် အတုခိုးကာ အမူအရာ လုပ်ပြ လိုက်သည်။ မဟုတ်ဘူး။ဒါက ဝိုင်ဗန်ပျံတာ ဖြစ်မယ်။ တစ်ခါတစ်ရံ ချန်လွေ့သည် သွားများကိုပင် ဖြဲပြနေလိုက်သည်။ ချန်လွေ့သည် အတော်လေး ရယ်စရာ ကောင်းနေသည်။ ဒီလူက ဒီလိုအန္တရာယ်နဲ့ ကြုံရလို့ ဦးနှောက်ပျက်သွားတာ များလား။
ထို့နောက်တွင် ထူးဆန်းသောအရာတစ်ခု ဖြစ်ပျက်သွားခဲ့သည်။ထိုဝိုင်ဗန်များသည် အမှန်တကယ်ပင် တိုက်ခိုက်တော့မည့် အမူအရာများကို ရပ်တန့်လိုက်ကြပြီး ရယ်စရာကောင်းသည့် လုပ်ဆောင်မှုကို အာရုံစိုက်ကြည့်ကာ ရံဖန်ရံခါ ရှူးရှူးရှဲရှဲ အသံပြုနေလိုက်သည်။
ထိုရှူးရှူးရှဲရှဲ အသံများ၌ ရန်လိုမှုများ ကြီးကြီးမားမား လျော့ကျသွားကြောင်း ခရစ္စတီးနား သိလိုက်ပြီး ပို၍ပင် အံ့အားသင့်သွားသည်။
ဒီလို အံ့ဩဖွယ်ရာ သားရဲထိန်းကျောင်းအစွမ်းမျိုး တကယ်ရှိတာလား။ သူ နည်းနည်းလေး လှုပ်ရှားလိုက်တာနဲ့ ဝိုင်ဗန်လိုမျိုး ကြမ်းကြုတ်တဲ့ နတ်ဆိုးသားရဲတွေကို ရန်လိုမှု လျော့သွားအောင် တကယ် လုပ်လိုက်နိုင်တာလား။
မဖြစ်နိုင်ဘူး။ဒါက ဒီလောက်ရိုးရှင်းရင် နတ်ဆိုးဘုံရဲ့ ကောင်းကင်ပေါ်မှာ ဝိုင်ဗန်စီးတဲ့ သားရဲထိန်းကျောင်းသမားတွေ ပြည့်နှက်နေမှာပေါ့။
“ ခီဂူက ဒီလိုကိုက်ရတာ ကြိုက်တယ်။ပြီးတော့ ကိုက်ပြီးရင် မလွှတ်တော့ဘူး။မဂ္ဂဒါရဲ့ တင်ပါးမှာ မွေးရာပါ အမှတ်အကြီးကြီးရှိတယ်။သူ့ရဲ့နာမည်ကို ဦးလေး ထက္ကာ ပေးခဲ့တယ်လို့ ပြောဖူးတယ်။ဘယ်သူက တက္ကာလဲ။ ”
ယခုတွင် ချန်လွေ့သည် အမှောင်လမြို့ ကောင်းကင်တိုက်ပွဲ၌ ပါဝင်ခဲ့ရပြီး ဝိုင်ဗန်ငယ် လေးနှစ်ကောင်ကို သိကျွမ်းခဲ့ရသည်ကို အမှန်တကယ်ပင် ဝမ်းသာနေမိသည်။ တစ်ချိန်တည်းမှာပင် ပျင်းသည့်အခါတိုင်း ထိုဝိုင်ဗန်နှစ်ကောင်နှင့် အမြဲစကားပြောခဲ့သည် ကိုလည်း ဝမ်းသာနေသည်။ သို့မဟုတ်ပါက နဂါးနိုင်သူရဲကောင်း ဆိုလျှင်တောင် ယခုတွင် နဂါးနိုင်သူရဲကောင်း၏ အရိုးများ အပါအဝင် အရာအားလုံး ရှိတော့မည် မဟုတ်ပေ။
ထိုအချိန်တွင် နောက်ထပ် ဝိုင်ဗန်တစ်အုပ် ဆင်းသက်လာသည်။
၎င်းကို အခြားသူများထက် ခန္ဓာကိုယ် အရွယ်အစား သိသိာသာ ကြီးမားသည့် ဝိုင်ဗန်တစ်ကောင် ဦးဆောင်လာသည်။ထိုဝိုင်ဗန်၏ခန္ဓာကိုယ်သည် ညိုဖျော့ဖျော့ အရောင်ရှိပြီး ကြွေးခွံများသည် အပြာနက်ရောင်ဟပ်နေကာ အမြှီးတွင်လည်း ကင်းမြီးကောက်ကဲ့သို့ ဆူးထစ်တစ်ခု ရှိနေသည်။
ထို ညိုပြာပြာဝိုင်ဗန်ကို တွေ့သည့်အခါ အခြားဝိုင်ဗန်များ လမ်းဖယ်ပေး လိုက်ကြသည်။ သူတို့၏ တောင်ပံများ ချထားကာ ဦးညွတ်လိုက်ပြီး ဘုရင်အပေါ် ရိုသေကျိုးနွံမှုများ ပြသလိုက်သည်။
[ သရုပ်ခွဲမျက်လုံး ] ၌ ညိုပြာပြာ ဝိုင်ဗန်၏ စွမ်းအားကို “ မဆုံးဖြတ်နိုင် ” ဟူ၍ ပြသထားသည်။
၎င်းသည် ဤအသိုက်၏ ဝိုင်ဗန်ဘုရင်ဖြစ်ကြောင်း ချန်လွေ့ သေချာနေပြီး အလျင်အမြန်ပင် အသိစိတ်ဖြင့် ပြောလိုက်သည်။
“ လေးစားရတဲ့ ဘုရင်မင်းမြတ်။ကျုပ်က ခီဂူနဲ့ မန္ဂဒါတို့ရဲ့ အပေါင်းအဖော် တစ်ယောက်ပါ။အဝေးတစ်နေရာကနေ လာပြီးတော့ သူတို့ရဲ့အိမ်ကို လာရှာတာပါ။ ”
ဝိုင်ဗန်ဘုရင်သည် ချန်လွေ့ကို ခဏစိုက်ကြည့်လိုက်ရာ ချန်လွေ့စိတ်ထဲ၌ အေးစက် သွားသည်။ထို့နောက် ဝိုင်ဗန်ဘုရင် ဟိန်းဟောက်လိုက်သည်။
“ မင်းတို့လို လှည့်ဖြားတတ်တဲ့ နတ်ဆိုးတွေက ငါ့ရဲ့လူတွေကို ဖမ်ဆီးပြီးတော့ သတ်ပစ်တယ်။မင်းငါ့ကို တိုက်ရိုက် ဘယ်လိုဆယ်နွယ်နိုင်တာလဲဆိုတာတော့ မသိဘူး။ ဒါပေမဲ့ ငါမင်းကို လုံးဝယုံကြည်မှာ မဟုတ်ဘူး။ ”
ထိုဟိန်းသံသည် မူလက ရင်းနှီးမှုဖော်ပြနေသော ဝိုင်ဗန်များကို တစ်ဖန်ပြန်ရန်လို သွားစေသည်။
ဝိုင်ဗန်ဘုရင်၏ ဉာဏ်ပညာနှင့် ခွန်အားသည် သာမန် အရွယ်ရောက်ပြီး ဝိုင်ဗန်များ ထက်ပို၍ သိသိသာသာ ပိုမြင့်သည်။ဘုရင်၏ ရန်လိုမှုနှင့် ရင်ဆိုင်ရသည့်အတွက် ချန်လွေ့သည် မွေးကတည်းက ဝိုင်ဗန်များနှင့် ဆက်သွယ်စကားပြောနိုင်သည့် စွမ်းရည်ရှိကြောင်း အမြန်ရှင်းပြလိုက်သည်။ပြိုင်ပွဲတစ်ခုတွင် သားရဲမုဆိုးဆီမှာ ဝိုင်ဗန်ငယ် နှစ်ကောင်ကို ကယ်တင်ခဲ့ပြီး ထိုအချိန်မှစ၍ သူတို့နှင့် အရင်းနှီးဆုံး အပေါင်းအဖော်များ ဖြစ်သွားကြောင်း၊အသံတိတ်ညစိမ့်မြေရှိ သူတို့၏အိမ်ကို ကူညီရှာပေးရန် ကတိပေးခဲ့ ကြောင်းလည်း ချန်လွေ့ ပြောလိုက်သည်။
မန္ဂဒါနှင့် ခီဂူတို့၏ လက္ခာဏာများနှင့် ပုံမှန်အပြုအမူများကို ချန်လွေ့ပြောနေသည့် အခါတွင် ဝိုင်ဗန်ဘုရင်နှင့်အတူ ဆင်းသက်လာကြသော ဝိုင်ဗန်နှစ်ကောင်သည် တိုးတိုးလေး မာန်ဖီလိုက်သည်။ထို ဝိုင်ဗန်နှစ်ကောင်သည် မဂ္ဂဒါ၏ မိဘများ ဖြစ်နေတော့သည်။သူတို့၏ ပျောက်ဆုံးနေသောကလေး၏တည်နေရာကို ရှာတွေ့ သွားသည့်အတွက် ဝိုင်ဗန်ဘုရင်၏ မာန်ကြောင့် ကြောက်လန့်နေသော်လည်း အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။
ချန်လွေ့သည် အခြေအနေကို အခွင့်ကောင်းယူပြီး ဤနေရာသို့ မဂ္ဂဒါ၊ခီဂူတို့နှင့်အတူ လာခဲ့ကြောင်း ထပ်ဖြည့်ပြောလိုက်သည်။သို့သော်လည်း သူတို့သည် လိုင်ရာမြို့ကို မဖြတ်သွားနိုင်သည့်အတွက် ရှီလန်တောင်၌ ထားခဲ့ကြောင်းလည်း ချန်လွေ့ ပြောလိုက်သည်။
ဝိုင်ဗန်ဘုရင် စဉ်းစားချင့်ချိန်နေဆဲပင် ဖြစ်သည်။သူ၏ ဉာဏ်ရည်သည် သာမန် ဝိုင်ဗန်များထက် ပိုမြင့်သော်လည်း ပါ့ဂ်လီအိုကဲ့သို့ နဂါးအသိဉာဏ်မျိုးအထိ မရောက်နိုင် သေးပေ။ထို့ကြောင့် ဝိုင်ဗန်ဘုရင်သည် ဝိုင်ဗန်များနှင့် စကားပြောနိုင်သည့် ထို “နတ်ဆိုး ” အမှန်ပြောနေ မနေကို မဆုံးဖြတ်နိုင်ပေ။
“ ချန်လွေ့ဆိုတဲ့ ကျုပ်က သွားရယ်၊လက်သည်းရယ် နဲ့အတူ ကျိန်ဆိုတယ်။ ”
ချန်လွေ့ ပါးစပ်ဟပြီး ဘယ်လက် မြှောက်လိုက်သည်။၎င်းသည် မဂ္ဂဒါထံမှ ချန်လွေ့ သိရှိထားခြင်းဖြစ်သည်။ဝိုင်ဗန်များသည် သွားနှင့်လက်သည်းများကို တန်ဖိုးအထားဆုံး ဖြစ်သည်။
“ ကျုပ်က ဝိုင်ဗန်တွေကို ကျွန်ပြုတဲ့ တခြားသူတွေနဲ့ လုံးဝမတူပါဘူး။ကျုပ်ရဲ့စိတ်ထဲမှာ ဝိုင်ဗန်တွေက အယုံကြည်ရဆုံး မိတ်ဆွေ နဲ့ အပေါင်းအဖော် ပါပဲ။ ”
သွားနှင့်လက်သည်းများဖြင့် ချန်လွေ့ “ကျိန်ဆို”သည်ကို မြင်ပြီး ဝိုင်ဗန်ဘုရင်၏ အမူအရာ ပြောင်းလဲသွားတော့သည်။သို့သော်လည်း ချန်လွေ့ကို အပြည့်အဝ မယုံကြည်သေးသည့် အတွက် ဝိုင်ဗန်ဘုရင်၏ လေသံသည် စိမ်းကားနေဆဲပင် ဖြစ်သည်။
“ ချန်လွေ့။ငါမင်းကို ဝိုင်ဗန်တွေရဲ့ မိတ်ဆွေတစ်ယောက် အနေနဲ့ အသိအမှတ် ပြုလိုက်မယ်။ဒါပေမဲ့ ငါတို့ရဲ့အသိုက်က အခုဆိုရင် အကြီးမားဆုံး ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရတယ်။ဒီအန္တရာယ်ကို မဖယ်ရှားမပြီးမချင်း မန္ဂဒါနှင့် ခီဂူကို ပြန်မခေါ်လာနဲ့။ ”
“ ဘယ်လိုအန္တရာယ်မျိုးလဲ။ဝိုင်ဗန်ရဲ့ အရင်းနှီးဆုံး အပေါင်းအဖော်တစ်ယောက် အနေနဲ့ ခင်ဗျားတို့အားလုံးကို ကျုပ် ကြိုးစားပြီး ကူညီပေးချင်ပါတယ်။ ”
ဤနေရာမှ ထွက်သွားလျှင် အန္တရာယ်ရှိသည့် ဘရော့ခ်နှင့် ရင်ဆိုင်ရနိုင်သည်။ထို့ကြောင့် ချန်လွေ့သည် အမှောင်ဆန္ဒကို နောက်တစ်ကြိမ် သုံး၍ရမည့်အချိန်အထိ ဤနေရာ၌ နေနေရန် လိုအပ်ပေသည်။ထိုအချိန်မတိုင်ခင်အထိ ဝိုင်ဗန်အသိုက်သည် အကောင်းဆုံး အကာအကွယ် တစ်ခုပင် ဖြစ်သည်။
အမှောင်ဆန္ဒသည် ယခုတစ်ခေါက် အတော်ဝေးဝေး တယ်လီပို့ သွားခဲ့ပေမည်။ နတ်မိစ္ဆာမျက်ဆုံးဖြင့်ပင် ဘရော့ခ်သည် ဝိုင်ဗန်အသိုက်ကို ခပ်မြန်မြန် ရှာမတွေ့နိုင်ပေ။ ထို့ပြင် ဘရော့ခ်သည် အန္တရာယ်အရှိဆုံးနေရာ၌ သူတို့ နေနေမည်ဟု ထင်မှတ်လိမ့်မည် မဟုတ်ပေ။
“ မင်းက အားနည်းလွန်းတယ်။ငါတို့ရဲ့ ရန်သူတွေက အတော်လေးအစွမ်းထက်တဲ့ ဟိုက်ဒြာ နှစ်ကောင်ပဲ။သူတို့က ဝိုင်ဗန်အသိုက်ကို သိမ်းပိုက်ချင်နေတာ။ငါတို့တွေ တိုက်ပွဲသုံးလေးပွဲ တိုက်ပြီးတော့ ရဲရင့်တဲ့ စစ်သည်တွေ အများကြီး ဆုံးရှုံးခဲ့ရပြီးပြီ။ ”
ဟိုက်ဒြာသည် အလွန်ကြီးမားသော နတ်ဆိုးသားရဲတစ်ကောင် ဖြစ်သည်။သူတို့တွင် ခိုင်မာသော ခြေလက်များ ရှိကြပြီး မြွေခေါင်းပုံစံ ခေါင်း၉လုံး ရှိသည်။သူတို့၏ အစွမ်းသည် နဂါးများထက် တစ်ဆင့်နိမ့်သည်။သို့သော်လည်း သူတို့၏ ဉာဏ်ရည်သည် နဂါးများထက် ပို၍နိမ့်ကျပေသည်။
ဟိုက်ဒြာများ၏ ခန္ဓာကိုယ်တွင်လည်း သေစေနိုင်သည့်အဆိပ် ပါရှိသည်။ထို့ပြင် သူတို့၏ ရုပ်ပိုင်းဆိုင်ရာနှင့် မှော်ဆိုင်ရာ ခုခံမှုများသည် အလွန်မြင့်မားလှသည်။အချို့ သန္ဓေပြောင်း ဟိုက်ဒြာများသည် အထူးမှော် တိုက်ခိုက်မှုကိုပင် အသုံးပြုနိုင်ကြသည်။ခေါင်း၉လုံးစလုံးကို မဖြတ်တောက်လျှင် ၎င်းကိုလုံးဝရှင်းပစ်နိုင်မည် မဟုတ်ပေ။သူတို့၏ အားနည်းချက်ဟု သတ်မှတ်နိုင်သည့် တစ်ခုတည်းသောအရာမှာ သူတို့၏လှုပ်ရှားမှုများသည် အတော်လေး နှေးကွေးနေခြင်း ဖြစ်သည်။
အသံတိတ်ညစိမ့်မြေရှိ ဟိုက်ဒြာနှစ်ကောင်သည် လင်မယား ဖြစ်သည်။သူတို့၏ ခန္ဓာကိုယ်အမျိုးအစားကြောင့် ဝိုင်ဗန်များကဲ့သို့ပင် အဆိပ်ပတ်ဝန်းကျင်ကို သဘောကျ ကြသည်။ယခင်က ဟိုက်ဒြာနှင့် ဝိုင်ဗန်တို့သည် ပြဿနာ မတက်ကြပေ။ဟိုက်ဒြာ လင်မယား နေနေသည့် အဆိပ်ရွှံ့ဗွက်အိုင် ခမ်းခြောက်သွားပြီး ဟိုက်ဒြာအမ ဥဥပြီးသည့်အတွက်ကြောင့် ဖြစ်သည်။ထို့ကြောင့် သူတို့သည် ဝိုင်ဗန်အသိုက်ကို သိမ်းပိုက်ရန် အကြံရလာခြင်း ဖြစ်သည်။
နှစ်ဖက်စလုံး တိုက်ပွဲများ ဆင်နွှဲခဲ့သည်။နှစ်ဖက်စလုံးသည် အဆိပ်သတ္တဝါများ ဖြစ်ကြ၍ အဆိပ်သက်ရောက်မှုသည် မသိသာပေ။သို့သော်လည်း ဟိုက်ဒြာ၏အစွမ်းသည် ဝိုင်ဗန်တို့ထက် ပိုသာသည့်အတွက် ဝိုင်ဗန်များသည် အရေအတွက်များပြီး ဟိုက်ဒြာကို အနိုင်ရနိုင်သော်လည်း ဝိုင်ဗန်များပင် ကြီးကြီးမားမား သေကြေပျက်စီးခဲ့ရသည်။ ထိုတိုက်ပွဲ၌ ခီဂူ၏မိဘများ သေဆုံးခဲ့ကြရသည်။
အရွက်ရောက်ပြီး ဟိုက်ဒြာတစ်ကောင်သည် နတ်ဆိုးအရှင်သခင်အထိ ရောက်နိုင်ပြီး အနိမ့်ဆုံး မဟာနတ်ဆိုးဘုရင် အဆင့် ရောက်နိုင်သည်။ချန်လွေ့သည် ဗျူဟာ ကောင်းကောင်းတစ်ခုကို ချက်ချင်း စဉ်းစား၍မရသည့်အတွက်ကြောင့် ဤသို့ ပြောလိုက်သည်။
“ မိတ်ဆွေ။ကျုပ်ကို အချိန်ခဏပေးပါ။ဟိုက်ဒြာနှစ်ကောင်ကို ဘယ်လို ရှင်းပစ်ရမလဲ ဆိုတာ ကျုပ်စဉ်းစားလိုက်ဦးမယ်။ ”
ထိုအချိန်၌ ထူးဆန်းသော အသံတစ်သံ နောက်ဘက်မှ ထွက်ပေါ်လာသည်။ချန်လွေ့ လှည့်ကြည့်လိုက်ရာ ခရစ္စတီးနား ပြင်းပြင်းထန်ထန် တုန်ခါနေပြီး လက်ထဲရှိ သတ္တုလုံး နှစ်လုံးလည်း ပြုတ်ကျနေသည်ကို တွေ့လိုက်ရသည်။ခရစ္စတီးနား၏ ခန္ဓာကိုယ် လှုပ်ရမ်းနေပြီး ပြုတ်ကျတော့မလို ဖြစ်နေသည်။ချန်လွေ့ သွားကူရန် ပြင်လိုက်စဉ် ခရစ္စတီးနားသည် ကိုယ့်ကိုယ်ကိုယ် ပြန်လည်တည်ငြိမ်အောင် လုပ်လိုက်သည်။ ခရစ္စတီးနားသည် လက်မြှောက်ပြီး ချန်လွေ့ကို တားဆီးလိုက်သည်။
“ မလာခဲ့နဲ့။ ”
ချန်လွေ့ သက်ပြင်းချလိုက်သည်။
ဒီမိန်းမက တကယ်ကြီး ထွက်မပြေးဘဲနဲ့ စိတ်ရှည်ရှည် စောင့်နေမယ်လို့ ငါမထင် ထားခဲ့ဘူး။သူ ခုနက ဝိုင်ဗန်တွေနဲ့ငါ စကားပြောတာကို မြင်သွားမှာပဲ။
ခရစ္စတီးနား ပင့်သက်ရှိုက်ပြီး တုန်ခါမှုများ ဖြည်းဖြည်းချင်း ပြန်တည်ငြိမ်သွားသည်။ ထို့နောက် ခရစ္စတီးနားသည် လေသံကို အတင်းတည်ငြိမ်အောင် ထိန်းချုပ်ပြီး ပြောလိုက်သည်။
“ ရှင်တကယ်ပဲ ရွှေသလင်းကျောက် ခြေထိပ်လက်ထိပ်တွေကို ဖယ်ရှားနိုင်ခဲ့တာပဲ။ခုနက ရှင်ကျွန်မကို ထွက်ပြေးခိုင်းတာက ရှင့်ရဲ့ အံ့ဩဖွယ်ရာ သားရဲထိန်းကျောင်း အစွမ်းကို မြင်သွားမှာ စိုးရိမ်လို့လား။ပြီးတော့လည်း ရှင် ဘာအဆိပ်ဖြေဆေးမှကိုလည်း မသောက်ဘူး။ရှင်က ဝိုင်ဗန်တွေရဲ့အဆိပ်ကို လုံးဝမကြောက်တာများလား။ ”
ဒဏ်ရာပြင်းပြင်းထန်ထန် ရထားသော်လည်း ကိစ္စအများကြီးကို ခရစ္စတီးနား သတိထားမိလိမ့်မည်ဟု ချန်လွေ့ မထင်မှတ်ထားခဲ့ပေ။ချန်လွေ့သည် ရိုးရှင်းစွာပင် အကြောင်းပြချက်တစ်ခု ဖန်တီးလိုက်သည်။
“ အဲ့ဒါက ကျုပ်ဆရာ သင်ထားပေးတဲ့ သားရဲထိန်းကျောင်းအစွမ်းပါ။ဒါပေမဲ့ အခုမှ သုံးဖူးတာ။ဒီလိုအစွမ်းထက်ဆုံး နတ်ဆိုးသားရဲတွေနဲ့ ရင်ဆိုင်ရရင် အချိန်မရွေး သူတို့ရဲ့အစာ ဖြစ်သွားနိုင်တယ်လေ။ကျုပ် တကယ်ကို ယုံကြည်မှုမရှိခဲ့တာပါ။ကျုပ်သာ ဒီလောက်အစွမ်းထက်မယ်ဆိုရင် ဝိုင်ဗန်တစ်အုပ်ကို ဦးဆောင်ပြီးတော့ လိုင်ရာမြို့ကို တစ်ခါတည်းသွားပြီးရင် ကြက်သွေးနီအစောင့်တွေကို အဆုံးသတ်လိုက်မှာပေါ့။ ကျုပ်ဘာလို့ ခင်ဗျားရဲ့လက်ထဲကို ရောက်သွားရမှာလဲ။ ”
ခရစ္စတီးနား အထင်သေးစွာဖြင့် ဟွန်းခနဲ အသံပြုလိုက်သည်။
“ ဒါဆို ရှင်ကျွန်မကို သွားခိုင်းတာ ကျွန်မက ဝိုင်ဗန်တွေထက် ပိုပြီး ကြောက်စရာ ကောင်းလို့လား။ ”
“ မိန်းမတွေ သိပ်ပြီးထူးချွန်နေတာက ကောင်းတဲ့အရာတစ်ခု မဟုတ်ဘူး။ ”
ချန်လွေ့ ခေါင်းခါလိုက်သည်။သို့သော်လည်း သားရဲထိန်းကျောင်းခြင်းနှင့် အဆိပ်ပြီးခြင်း တို့အစား ထိုအကြောင်းကို ခရစ္စတီးနား မေးလိုက်သည့်အတွက် ချန်လွေ့ တစ်မျိုးတစ်မည် ခံစားလိုက်ရသည်။
ခရစ္စတီးနားသည် မကျေမနပ်ဖြင့် ပြန်ပြောလိုက်သည်။
“ ရှင်က မိန်းမတွေကို အထင်သေးတာလား။ ”
“ မဟုတ်ပါဘူး။ ”
ချန်လွေ့ ခါးသီးစွာ ပြုံးလိုက်သည်။
“ ဒါပေမဲ့လည်း နတ်ဆိုးဘုံမှာရှိတဲ့ မိန်းမတိုင်းမှာ ခင်ဗျားလိုဉာဏ်ရှိမယ်ဆိုရင် ယောက်ျားတွေအားလုံး အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး။ ”
“ အဲဒါက ယောက်ျားတွေ အသုံးမကျလို့ပဲ။ ”
ခရစ္စတီးနားသည် အထင်သေးစွာဖြင့် ဟွန်းခနဲ အသံပြုလိုက်ပြန်သည်။ပုံမှန်အားဖြင့် ရေကဲ့သို့တည်ငြိမ်နေသာ သူ၏အသံတွင် ညုတုတု အရိပ်အယောင် ပါဝင်နေခဲ့သည်။
မတည်မငြိမ်ဖြစ်သွားကြောင်း ခရစ္စတီးနား ချက်ချင်း သတိထားမိလိုက်ပြီး ရင်ဘတ်ထဲ၌ ကြောက်ရွံ့မှု မြင့်တက်လာတော့သည်။ရုတ်တရက် သူ၏ခန္ဓာကိုယ် တုန်လှုပ်သွားပြန်ပြီး တုန်ခါမှုများ ပို၍ပြင်းထန်လာတော့သည်။
“ လေဒီ။ကျုပ်မှာ ဖြည့်တင်းဆေးရည် တစ်ပုလင်းရှိတယ်..... ”
“ မလိုဘူး။ ”
ခရစ္စတီးနားသည် ထူးထူးဆန်းဆန်း အော်ဟစ်လိုက်ပြီး ပြင်းပြင်းထန်ထန် မောဟိုက် နေတော့သည်။ထို့နောက် တုန်တုန်ယင်ယင်ဖြင့် မှော်တဲအိမ်ကို မြေပြင်ပေါ်၌ ချထားလိုက်သည်။
“ မြေပြင်ပေါ်က မိုးကြိုးလုံးနှစ်လုံးကို အားနဲ့အသက်သွင်းပြီးတော့ သုံးစက္ကန့်ကြာရင် ပြင်းပြင်းထန်ထန် ပေါက်ကွဲသွားမယ်။လိုရမယ်ရ ယူထားလိုက်။သေချာမှတ်ထား။ ဘာပဲဖြစ်ဖြစ်.....တဲထဲမဝင်လာနဲ့။ ”
ပြောပြီးနောက် ခရစ္စတီးသည် တုန်လှုပ်မှုများကို အတင်းဖိနှိပ်ပြီး တဲအိမ်ထဲ လမ်းလျှောက်သွားလိုက်သည်။လမ်းလျှောက်နေရင်း ယိုင်တိယိုင်တိုင် ဖြစ်သွားကာ ရှေ့သို့ လဲကျသွားသည်။ချန်လွေ့လည်း ကြည့်မနေနိုင်တော့ဘဲ သွားကူပေးလိုက်သည်။ ထိမိလိုက်သည့် အစိတ်အပိုင်းများသည် အဝတ်အစား ကြားခံနေသော်လည်း ထူးထူးဆန်းဆန်း ပူလောင်နေသည်ဟု ချန်လွေ့ ခံစားလိုက်ရသည်။ထို့နောက် ချန်လွေ့ သက်ပြင်းချလိုက်သည်။
“ ခင်ဗျားရဲ့ ဒဏ်ရာတွေက တော်တော်ပြင်းထန်တာလဲ။ဘာလို့ အကြမ်းခံနိုင်သလို ဟန်ဆောင်နေရတာလဲ။ကျုပ် ခင်ဗျားကို အထဲ ခေါ်သွားပေးမယ်။ ”
ခရစ္စတီးနားသည် ပို၍ပင် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားပြီး စကားပင် မပြောနိုင်တော့ပေ။ထို့ကြောင့် ချန်လွေ့သည် ခရစ္စတီးနားကို တဲအိမ်ထဲသို့ ကူညီပြီး ခေါ်သွားလိုက်သည်။တဲအိမ်ထဲ၌ ကော်ဇောများ၊ အိပ်ယာခင်းများရှိသည့် အခြား နေရာလွတ်တစ်ခု ရှိနေသည်။၎င်းသည် ပြင်ပအရာများနှင့် လုံးဝသက်ရောက်မှုမရှိပေ။ အပြင်ဘက်မှ အဆိပ်များပင် အတွင်းထဲသို့ မထိုးဖောက် မဝင်ရောက်နိုင်ပေ။
ချန်လွေ့သည် ခရစ္စတီးနားကို အိပ်ယာခင်းပေါ်၌ လှဲလျောင်းစေလိုက်သည်။သို့သော်လည်း ခရစ္စတီးနားသည် ချန်လွေ့၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး မလွှတ်သေးပေ။ခရစ္စတီးနား၏ ခန္ဓာကိုယ်အပူချိန် တိုးလာပြန်သည်ဟု ချန်လွေ့ ခံစားလိုက်ရသည်။
“ ခရစ္စတီးနား။ခင်ဗျားရဲ့ ခန္တာကိုယ်က တကယ် ပြင်းထန်တာပဲ။ပြီးတော့လည်း ခင်ဗျားက အဖျားတက်နေတယ်။ လက်အရင်လွှတ်လိုက်ပါ။ ခင်ဗျားအတွက် ဆေးရည်တွေ ယူလာပေးမယ်။ ”
ချန်လွေ့သည် လက်အဖက်ခံထားရသည့် ပုံစံကို အနည်းငယ် ကသိကအောက် ဖြစ်သွားသည်။
ခရစ္စတီးနားသည် လက်မလွှတ်သေးပေ။ ခိုက်ခိုက်တုန်နေရင်း ခရစ္စတီးနားသည် ရုတ်တရက် သက်ပြင်းချလိုက်ပြီး ထူးထူးဆန်းဆန်း ပြောလိုက်သည်။
“ ကျွန်မက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေသေးတာပဲ။ ”
ခရစ္စတီးနား၏အသံတွင် ဝေဒနာများနှင့် အားကိုးရာမဲ့ခြင်းများ ပြည့်နှက်နေသည်။
ထို့နောက်တွင် ဖိနှိပ်ထားခံရသည့် အားတစ်ခု ရုတ်တရက် လျော့ရဲသွားသည်။
ချန်လွေ့ မတုံ့ပြန်နိုင်ခင်မှာပင် တဲတံခါးသည် ရုတ်တရက်ပင် သူ့အလိုလို ပိတ်သွားသည်။
ထို့နောက်ချက်ချင်းပင် ပူလောင်နေသည့် ခန္ဓာကိုယ်တစ်ခုသည် ချန်လွေ့နား ကပ်လာသည်။