← Chapters

မမျှော်လင့်ဘဲ လူပျိုရည်ပျက်သွားခြင်း

Vol. 9 Ch. 125

မမျှော်လင့်ဘဲ လူပျိုရည်ပျက်သွားခြင်း

Vol. 9 Ch. 125

သူတို့နှစ်ယောက် အိပ်ယာခင်းပေါ်သို့ တစ်ပြိုင်နက်တည်း လဲကျသွားပြီး အဝတ်အစားများလည်း အလျင်အမြန် ပျောက်ဆုံးသွားကြသည်။

မည်မျှပင် တုံးအစေကာမူ မည်သည့်အရာ ဖြစ်ပျက်နေကြောင်း ချန်လွေ့သိသည်။ သို့သော်လည်း ထိုကဲ့သို့ ရုတ်တရက် ဆန္ဒပြင်းပြသော အမူအရာမျိုးကို လုံးဝ မထင်ထားခဲ့ပေ။

ချန်လွေ့အား ဆွံ့အသွားစေသည်မှာ ယောက်ျားဖြစ်နေသော်လည်း ပြုသမျှနုခံနေရပြီး ခုခံ၍လည်း မရခြင်းပင်။

ထိုအချိန်၌ ခရစ္စတီးနားသည် ဇာမျက်နှာလွှားကို ဖယ်ရှားလိုက်တော့သည်။

ပထမဆုံးခံစားရမိသည်မှာ နဂါးငွေ့တန်းကဲ့သို့ အနက်ရောင် မျက်လုံးများ ဖြစ်သည်။ ထို့နောက်တွင် ထူးထူးကဲကဲ နူးညံ့လှသော မျက်နှာအသွင်အပြင်များ တဖြည်းဖြည်း ထင်ရှားလာခဲ့သည်။ခရစ္စတီးနားသည် ၁၇နှစ်၊၁၈နှစ် အရွယ်ခန့်ရှိသည့်ပုံစံ ပေါက်နေ သော်လည်း မျက်လုံးများတွင် ထူးထူးခြားခြား ရင့်ကျက်မှု ရှိနေသည်။ပုံမှန်အားဖြင့် နက်ရှိုင်းပြီး အမြော်အမြင်ရှိသော မျက်လုံးတစ်စုံအတွင်း၌ ရာဂစိတ်ပြင်းထန်သည့် အလင်းရောင် တောက်ပနေလေသည်။

လုံးဝပြီးပြည့်စုံတယ်။

ခရစ္စတီးနား၏ ပြိုင်ဘက်ကင်း အလှတရားကို ဖော်ပြရန်အတွက် ပို‌ကောင်းသည့် ဂုဏ်ပုဒ်တစ်ခုကို ချန်လွေ့ ရှာမတွေ့နိုင်တော့ပေ။ချန်လွေ့၏ နှလုံးခုန်နှုန်းသည်လည်း အလိုအလျောက် မြန်ဆန်သွားတော့သည်။

အမှောင်လမြို့၏ ပထမဆုံးမိန်းမလှဖြစ်သော မင်းသမီးရှီရာသည်ပင် ခရစ္စတီးနား အရှေ့တွင် အနည်းငယ်နိမ့်ကျသွားသည်။

ပြီးပြည့်စုံခြင်းသည် သူ၏မျက်နှာသာ မဟုတ်ဘဲ ကျောက်စိမ်းဖြူကဲ့သို့ ခန္ဓာကိုယ်လည်း ပါဝင်နေသည်။ခရစ္စတီးနား၏ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုချင်းစီသည် နတ်ဘုရား၏ အပြောင်မြောက်ဆုံး လက်ရာကဲ့သို့ပင် ဖြစ်နေသည်။

အသက်ရှူမှားလောက်တဲ့ အလှတရားပဲ။

ချန်လွေ့ သတိလစ်လုမတတ် ဖြစ်သွားချိန်၌ နွေးထွေးသော အနီရောင် နှုတ်ခမ်း တစ်စုံသည် သူ၏ပါးစပ်ကို လာထိသွားရာ ခန္ဓာကိုယ်တစ်ခုလုံးသို့ ထူးခြားသော ခံစားချက်တစ်ခု ဖြတ်သန်းသွား၏။သူတို့နှစ်ယောက် တစ်ချိန်တည်းမှာပင် ခိုက်ခိုက်တုန် သွားကြသည်။ခရစ္စတီးနား၏ လှုပ်ရှားမှုများသည် အစပိုင်းတွင် အနည်းငယ် ကိုးရိုးကားရား ဖြစ်နေသော်လည်း နောက်ပိုင်းတွင် ဖြည်းဖြည်းချင်း ကျင့်သားရသွားသည်။

ချန်လွေ့၏ပထမဆုံးအနမ်းကို အဲလစ်က တုတ်နှင့်ရိုက်ကာ “ သတိလစ် ”အောင်လုပ်ပြီး ခိုးယူသွားခဲ့ခြင်းဖြစ်သည်။ယခုတစ်ကြိမ်ကိုသာ တကယ့်အနမ်းဟု သတ်မှတ်၍ရပေသည်။ ထို့ပြင် ချန်လွေ့၏ ရင်ဘတ်ကိုလည်း ဝိုင်းဝန်းသော အရာနှစ်ခုက ဖိထားလေသည်။ မိန်းမလှလေး တစ်ယောက်ကို ပွေ့ဖက်ရသည့် ထိုခံစားချက်သည် ပြောမပြနိုင် လောက်အောင်ပင် ဖြစ်သည်။

ခရစ္စတီးနား၏ ဝင်သက်ထွက်သက်သည် အခြားတစ်ယောက်၏ ‌စိတ်ဆန္ဒကို နှိုးဆွ ပေးသည့် ထူးထူးခြားခြား သက်ရောက်မှု ရှိနေပုံရသည်။ထိုသက်ရောက်မှုသည် သူတို့နမ်းရှိုက်နေရင်း ပို၍ပြင်းထန်လာသည်။ချန်လွေ့၏မျက်လုံးများလည်း စတင် ပြောင်းလဲလာပြီး သူ၏အောက်ပိုင်းသည်လည်း ထူးထူးခြားခြား တောင့်တင်း လာခဲ့သည်။ပြန်လည်မွေးဖွားလာစဉ်ကတည်းက ဖိနှိပ်ထားသည့် စိတ်ဆန္ဒများသည် မီးညှိလိုက်သော ဖောက်ခွဲရေးပစ္စည်းများကဲ့သို့ ပေါက်ကွဲထွက်သွားကုန်တော့သည်။ ချန်လွေ့၏ လှုပ်ရှားမှုများလည်း ပိုမို သွက်လက်သွားသည်။

ခဏအကြာတွင် ခရစ္စတီးနား၏ အသက်ရှူသံ ပြင်းပြင်းထဲ၌ နာကျင်မှုနှင့် ညည်းတွားသံများ ရောနှောပါဝင်လာသည်။တဖြည်းဖြည်းနှင့် ထိုညည်းသံများတွင် ပျော်ရွှင်စရာလက္ခဏာတစ်ခု ပါဝင်လာသည်။ တဖြည်းဖြည်းနှင့် ၎င်းသည် ထိုလောကငယ် လေးထဲရှိ အဓိကတေးသွား ဖြစ်လာခဲ့သည်။

မှော်တဲအိမ်တွင် ခုခံမှုစွမ်းရည် များများစားစား ရှိမနေပေ။သို့သော်လည်း ဝိုင်ဗန်ဘုရင်၏ အမိန့်ကြောင့် ဝိုင်ဗန်များသည် တဲအိမ်အနား မကပ်ရဲကြပေ။ဝိုင်ဗန်ဘုရင်၏ အမြင်တွင် ချန်လွေ့ကို အမှန်တကယ် ယုံကြည်၍ရသည်ဟု ထင်မှတ်နေသည်။အကြောင်းရင်းမှာ ခေါင်း၉လုံး မြွေများအကြောင်းကို ချန်လွေ့ သိပြီးသော်လည်း သူ၏အဖော်နှင့်အတူ ချက်ချင်း မထွက်ပြေးသွားဘဲ နည်းဗျူဟာတစ်ခုစဉ်းစားရန် နေနေသည့်အတွက် ကြောင့်ပင် ဖြစ်သည်။

ဝိုင်ဗန်ဘုရင်၏ လက်ခံမှုသည် မမျှော်လင့်ဘဲ အမြင့်တစ်ခုအထိ ရောက်ရှိသွားကြောင်း ချန်လွေ့မသိပေ။လက်ရှိတွင် ချန်လွေ့၏ ဦးနှောက်ထဲ၌ အသိစိတ် အရိပ်အယောင် ရှိနေတုန်းပင်ဖြစ်ပြီး သူလုပ်နေသည့်အရာကို သိသည်။သို့ရာတွင် သူ၏ခန္ဓာကိုယ်သည် အလိုအလျောက် ပြင်းပြင်းထန်ထန် လှုပ်ရှားနေသည်။

ချန်လွေ့ကဲ့သို့ပင် ခံစားရနေသည့် အခြားတစ်ယောက်မှာ သူ၏ခန္ဓာကိုယ်အောက်တွင် လဲလျောင်းနေသည့် ခရစ္စတီးနားပင် ဖြစ်သည်။ခရစ္စတီးနားသည် ဖြူဖွေးသော အသားအရေသည် အဆက်မပြတ် “ စိတ်လှုပ်ရှားမှု ”ကြောင့် ပန်းရောင်သမ်းသွားပြီး ချွေးများလည်း စို့လာသည်။

ချန်လွေ့ အမြင်မှားသည်လား မသိပေ။သို့စိတ်လှုပ်ရှားမှု တစ်ခုခုကြောင့် ခရစ္စတီးနား၏ နှုတ်ခမ်းများ မည်းနက်သွားသည်။သူ၏ကျောဘက်တွင်လည်း ရွှေရောင်ဖျော့ဖျော့ တောက်ပနေသာ ဖောက်ထွင်းမြင်ရသည့် တောင်ပံနက်တစ်စုံ ပေါ်ထွက်လာသည်။ ၎င်းသည် သူ၏ကျောက်စိမ်းဖြူ ခန္ဓာကိုယ်နှင့် လုံးဝဆန့်ကျင်ဘက်ပင်ဖြစ်နေပြီး ထူးခြားသော ဆွဲဆောင်မှုတစ်ခုကို ပေးစွမ်းလေသည်။

မည်သည့်အသွင် ဖြစ်‌ပါစေ သူတို့၏ လှုပ်ရှားမှုများသည် အတူတူပင်ဖြစ်ပြီး ယောက်ျားတစ်ယောက်၏ ကြမ်းတမ်းပြင်းထန်သော ဆောင့်ချက်ကို ကွေးကောက်သော ခန္ဓာကိုယ်တစ်ခုက ကြိုဆိုခြင်းပင် ဖြစ်သည်။

စွဲမက်စရာညည်းသံများလည်း ကျယ်သထက် ကျယ်လာခဲ့သည်။ပူလောင်နေသည့် ဝင်သက်ထွက်သက်များအောက်တွင် သူတို့နှစ်ယောက်သည် သဘာဝအ‌လျောက်ဖြစ်သော မှောက်မှားမှုထဲ၌ အထိန်းအကွပ်မဲ့ ပျောက်ဆုံးသွားကြတော့သည်။

အချိန်မည်မျှကုန်ဆုံးသွားကြောင်းလည်း မသိပေ။

တဲအိမ်ထဲရှိ စိတ်ဆန္ဒပြင်းပြမှုသည် နောက်ဆုံး၌ ငြိမ်းသွားတော့သည်။

ထို့နောက် အချိန်အကြာကြီး တိတ်ဆိတ်သွားတော့သည်။

ခရစ္စတီးနား၏ ပထမဆုံးအကြိမ် ဖြစ်သည်မှာ အသေအချာပင်ဖြစ်သည်။သို့သော်လည်း သူ၏စိတ်ဆန္ဒများသည် မထင်ထားလောက်အောင် ပြင်းထန်သည်။ဆယ်စုနှစ်ချီ ဖိနှိပ်ထားသည့် ဆန္ဒများ ချက်ချင်း ပေါက်ကွဲထွက်လာသကဲ့သို့ပင် ဖြစ်သည်။နှစ်ဘဝလုံး လူပျိုဖြစ်ခဲ့ရသည့် ချန်လွေ့အတွက်လည်း ပထမဆုံးအကြိမ်ပင် ဖြစ်သည်။သို့သော်လည်း ချန်လွေ့သည် ခရစ္စတီးနား ကြောက်မက်ဖွယ်ရာ ဆန္ဒများကို အမှန်တကယ်ပင် ဖြည့်ဆည်း‌ပေးနိုင်ခဲ့သည်။ချန်လွေ့သည် ခရစ္စတီးနား၏ လောင်ကျွမ်းနေသည့် ဆန္ဒများကို ငြိမ်းသတ်လုနီးပါး ဖြစ်သွားခဲ့သည်။

ချန်လွေ့သည် ပုံမှန်ယောက်ျားများကဲ့သို့ ပြင်းပြင်းထန်ထန် မမောပန်းနေဘဲ အားအင်တက်ကြွနေပေသည်။သူ၏ “ ခန္ဓာကိုယ် ” ထဲရှိ စွမ်းအားများသည် ထူးထူးခြားခြား ပြောင်းလဲသွားပုံရသည်။ချန်လွေ့သည် ‌၎င်းကို အံ့အားသင့်သွားသည်။

သို့သော်လည်း ယခုအချိန်သည် ၎င်းကိုစဉ်းစားရန်အချိန် မဟုတ်သေးပေ။

မြေပြင်ပေါ်တွင် ကျန်ခဲ့သည့် ဇိမ်ခံခြင်းလက္ခဏာများ ရှိနေသေးသော်လည်း၊ ပြင်းထန်သော ဆောင့်ချက်များကြောင့် အ‌သားအရေ နီမြန်းနေဆဲပင်ဖြစ်သော်လည်း ခရစ္စတီးနားသည် စိတ်အားထက်သန်မှုမှ ပြန်လည်ကောင်းမွန်သွားပြီ ဖြစ်သည်။သူ၏ ကျောဘက်ရှိ တောင်ပံများလည်း ပျောက်ကွယ်သွားပြီး အနက်ရောင်နှုတ်ခမ်းသည်လည်း အနီရောင် ပြန်ပြောင်းသွားသည်။

ခရစ္စတီးနား၏ နဂါးငွေ့တန်းသဖွယ် မျက်လုံးများထဲတွင် ဒေါသ၊ဝမ်းနည်းမှုနှင့် ရှုပ်ထွေးသော ခံစားချက်အမျိုးမျိုး ရှိနေသည်။သူတို့အားလုံးသည် ထူးဆန်းသော တိတ်ဆိတ်မှု အနေဖြင့် ပေါင်းစပ်သွားပြီး ပုံမှန်အတိုင်း တည်ငြိမ်သည့် တိတ်ဆိတ်မှုနှင့် လုံးဝကွဲပြားနေလေသည်။

ပထမဆုံးအနမ်းကို အဲလစ် ရယူသွားလိမ့်မည်ဟု မထင်ထားသကဲ့သို့ပင် ဖြစ်သည်။ ချန်လွေ့သည် သူ၏လူပျိုဘဝကို အဆုံးသတ်မည့်သူမှာ အသီနာမဟုတ်ဘဲ မကြာသေးခင်မှ တွေးခဲ့ရသည့် သဘောထားကွဲလွဲနေသော အရိပ်နက်တော်ဝင်အမျိုးသမီး ခရစ္စတီးနား ဖြစ်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ထို့ပြင် ခရစ္စတီးနားသည်လည်း သူ၏နာမည်ရင်းပင် မဟုတ်ပေ။

တိတိကျကျ ပြောရမည်ဆိုလျှင် ချန်လွေ့သည်လည်း “ ခံရသူ ”ပင် ဖြစ်သည်။ သို့သော်လည်း ချန်လွေ့သည် ဤကိစ္စ၌ လိပ်ပြာမလုံပေ။ဤကိစ္စတွင် ခံစားရသူများသည် မိန်းမများသာ ဖြစ်ကြသည်။ထို့ပြင် ခရစ္စတီးနား၏ အခြေအနေတွင် တစ်ခုခု ထူးဆန်းနေသည်။၎င်းသည် လုံးဝ မတော်တဆ တစ်ခုသာ ဖြစ်သည်။

မည်သို့ပင် ဆိုစေကာမူ မတော်တဆ ဖြစ်ပျက်သွားခဲ့လေပြီ။

ချန်လွေ့သည် သိုလှောင်ခန်းထဲမှ စောင်ပါးပါးလေး တစ်ထည်ထုတ်ပြီး ပြီးပြည့်စုံလှသည့် ခန္ဓာကိုယ်ကို ညင်ညင်သာသာ ဖုံးလွှမ်းပေးလိုက်သည်။

“ ခရစ္စတီးနား။ကိုယ် တောင်းပန်ပါတယ်။ဒါက မတော်တဆပါ။မင်းကိုယ့်ကို အခု တကယ်ပဲ သတ်ချင်နေတာကို သိပါတယ်။ဒါပေမဲ့ မင်းရဲ့စွမ်းအားက လုံးဝမရှိတော့ဘူး။ အဲဒါက အရှိန်အဝါ သစ်သီး ၃လုံးကို တစ်ခါတည်း စားလိုက်လို့လား။ ”

[ သရုပ်ခွဲမျက်လုံး ] တွင် ခရစ္စတီးနား၏ စွမ်းအားကို အနိမ့်ဆင့်နတ်ဆိုး [ F ] ဟူ၍ ပြသထားသည်။“ မဆုံးဖြတ်နိုင် ” မှ [ F ] အထိ ကျဆင်းသွားခြင်းသည် မဖြစ်နိုင်သည့်အရာ ဖြစ်သည်။ပြဿနာတစ်ခုခု ရှိရပေမည်။

ခရစ္စတီးနား ဘာမျှမပြောပေ။ချန်လွေ့ မှန်းဆခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။ပြဿနာမှာ “ကျိုးထျန်ရွှမ် အရှိန်အဝါ သစ်သီး” ၃လုံးဆီမှ ဖြစ်သည်။

အရှိန်အဝါသစ်သီးသည် မိစ္ဆာတလဲသီးထက် အစွမ်းပိုထက်သည်။မူလက ၎င်းသည် ခရစ္စတီးနား၏ လျို့ဝှက်ကျင့်စဉ် လေ့ကျင့်ရေးအတွက် ကောင်းမွန်သော အရာတစ်ခု ဖြစ်ခဲ့သည်။သို့သော်လည်း အရှိန်အဝါသစ်သီးနှင့် မိစ္ဆတလဲသီးကြားတွင် ခြားနားချက် တစ်ခု ရှိနေသေးသည်။မိစ္ဆာတလဲသီးတွင် လျို့ဝှက်ကျင့်စဉ်ကြောင့် ထွက်ပေါ်လာသည့် ပြင်းထန်သော စိတ်ဆန္ဒကို ဖြိုခွဲဖိနှိပ်နိုင်သည့် နိုးထခြင်းသက်ရောက်မှုတစ်ခု ရှိသည်။ ထိုလုပ်ဆောင်ချက်သည် အရှိန်အဝါ သစ်သီးများ၌ မရှိနေပေ။

ပထမဆုံး အရှိန်အဝါသစ်သီးကို စားလိုက်စဉ်က ခရစ္စတီးနားသည် ပြဿနာကို သတိထားမိသွားသည်။သို့သော်လည်း ခရစ္စတီးနားသည် ဆန္ဒကို အစွမ်းထက်သည့် စိတ်စွမ်းအားနှင့် ခွန်အားဖြင့် ဖိနှိပ်ထားခဲ့သည်။ထို့ကြောင့် သစ်သီးတစ်လုံးကို ခြေဖျက်သည့်အချိန်သည် မူလခန့်မှန်းထားသည့် တစ်နာရီမှ အမြင့်ဆုံး ၂နာရီအထိ တိုးသွားလေသည်။

ထိုအတိုင်း အောင်အောင်မြင်မြင် ပြီးမြောက်သွားခဲ့လျှင် မည်သည့်ပြဿနာများ ဖြစ်လာမည် မဟုတ်လောက်ပေ။

သို့ရာတွင် မမျှော်လင့်ထားသည့် အပြောင်းအလဲများ ဖြစ်ပျက်သွားသည်။ မယှဉ်ပြိုင်နိုင်လောက်သည်အထိ ခရစ္စတီးနား၏အစွမ်း နိမ့်ကျသွားသောအချိန်၌ ဘရော့ခ်သည် အသံတိတ်ညစိမ့်မြေဆီသို့ ကိုယ်တိုင် ခြေရာခံလိုက်လာခဲ့‌လေသည်။

ဘရော့ခ်သည် လီဗျာသန် တော်ဝင်မိသားစု၏ မျိုးဆက်ဖြစ်သည်။သူသည် မရိုးရှင်းပေ။ အစွမ်းထက်ပြီး ရည်မှန်းချက် ကြီးမားသည်။အခြားသူအောက်တွင် အလုပ်လုပ်မည့် သူတစ်ယောက် မဟုတ်သည်မှာ အသေအချာပင် ဖြစ်သည်။သို့သော်လည်း သူသည် အရိပ်နက် ဧကရာဇ်၏ တစ်ဦးတည်းသော သ‌မီးတော်ကို လက်ထပ်ယူထားသည့်အတွက် သူ၏အပေါ်ယံ သရုပ်ဆောင်မှုသည် ကွက်တိပင်ဖြစ်သည်။သူ၏အဆက်အသွယ်များမှာ ကျယ်ပြန့်လှပြီး စစ်တပ်၌လည်း ဂုဏ်ဩဇာကြီးမားသည်။ထို့ကြောင့် သူ့ကို အလွယ်တကူ မရှင်းပစ်နိုင်ပေ။ခရစ္စတီးနားသည် ၎င်းကို အသေအချာသိသည်။

ခရစ္စတီးနား၏ လျို့ဝှက်ကျင့်စဉ် လေ့ကျင့်ရေးကို လွန်ခဲ့သော နှစ်ဝက်ခန့်က တိတ်တဆိတ် စတင်ခဲ့ခြင်း ဖြစ်သည်။၎င်းသည် အတော်လေး အန္တရာယ်များသည်။သို့သော်လည်း အင်ပါယာ၃ခု၏ အခြေအနေသည် တဖြည်းဖြည်းချင်း အထိန်းအကွပ် ကင်းမဲ့လာသည့် အတွက် ဖြစ်လာသမျှ အဆိုးဆုံးကို ရင်ဆိုင်ရန်နှင့် နတ်ဆိုးဘုံရှိ အစွမ်းထက်ဆုံးသူကိုပင် ရင်ဆိုင်ရန်အတွက် သေချာစဉ်းစားပြီးနောက် အရဲစွန့်ကာ ဆက်လက်ဆောင်ရွက်ရန် ဆုံးဖြတ်ချက် ချခဲ့သည်။

ထိုအချိန်မှာပင် လိုင်ရာမြို့မှ မိစ္ဆာတလဲသီးအကြောင်းကို ခရစ္စတီးနား ကြားခဲ့သည်။ မိစ္ဆာတလဲသီးသည် အလွန်ရှားပါးလှပြီး သူ၏လေ့ကျင့်ရေးအတွက် အကောင်းဆုံး အထောက်အကူပစ္စည်းဖြစ်သည်။ယခုတွင် သူ၏လျို့ဝှက်ကျင့်စဉ် လေ့ကျင်ရေးသည် အရေးကြီးသော အဆင့်၌ ရောက်နေပြီဖြစ်၍ မိစ္ဆာတလဲသီး ပေါ်ပေါက်လာခြင်းသည် ကောင်းချီးပေးခံရသကဲ့သို့ပင် ဖြစ်သည်။ ထို့ကြောင့် ကိုယ်တိုင်သွားရန် ဆုံးဖြတ် ခဲ့လေသည်။

ခရစ္စတီးနားဟူသော သရုပ်သည် လိုင်ရာမြို့သို့လာရန် သူသုံးခဲ့သည့် “ ကိုယ်ပွား ” တစ်ခုပင်ဖြစ်သည်။ဘရော့ခ်၏ ညီမဖြစ်သူ ဒေလီယာကိုပင် အကာအကွယ် အနေဖြင့် ခေါ်ဆောင်လာခဲ့သည်။သို့သော်လည်း ဘရော့ခ်သည် သံသယမရှင်းသေးဘဲ လမ်း တစ်လျှောက်၌ နောက်လိုက်ရန် လူများ လွှတ်ခဲ့သည်။ဘရော့ခ်၏ ရည်ရွယ်ချက်မှာ အစွမ်းထက်ပြီး လျို့ဝှက်ဆန်းကြယ်သည့် တော်ဝင်အမျိုးသမီး ခရစ္စတီးနားကို သုတ်သင်ရန်ဖြစ်သည်။

လိုင်ရာမြို့သို့လာရာ လမ်းတွင် ခရစ္စတီးနားသည် အမှောင်ဆန္ဒ ဝတ်ဆင်ထားပြီး လူစီဖာ တော်ဝင်မိသားစုဝင် တစ်ယောက်ဖြစ်ဟန်တူသည့် လူတစ်ယောက်နှင့် တွေ့ဆုံခဲ့သည်။ ထို့နောက်တွင် ထိုလူသည် ခရစ္စတီးနားကို ပို၍ပို၍ အံ့အားသင့်သွားစေခဲ့သည်။

ဘရော့ခ်ကိုယ်တိုင် လိုက်လာသည့်အတွက် အခြေအနေသည် အရေးတကြီး ဖြစ်သွားသည်။ထို့ကြောင့် ခရစ္စတီးနားသည် အရှိန်အဝါသစ်သီး ၃လုံးကို တစ်ပြိုင်နက် စားရန် ဆုံးဖြတ်ချက်ချလိုက်ရသည်။သို့သော်လည်း အရှိန်အဝါသစ်သီး ၃လုံး၏ စွမ်းအား အထူးသဖြင့် ထွက်ပေါ်လာသည့် ပြင်းထန်သော စိတ်ဆန္ဒများသည် ခရစ္စတီးနား ထင်ထားသည်ထက် လွန်ကဲနေပေသည်။နောက်ဆုံးတွင်တော့ အကြီးမားဆုံး မတော်တဆမှု တစ်ခုသည် မလွှဲမရှောင်သာပဲ ဖြစ်ပျက်သွားတော့သည်။

“ မင်းရဲ့နာမည်အရင်း ပြောပြပါလား။ ”

“ ခုနက မင်းတီးမှုတ်တဲ့ တူရိယာက ဘယ်လို တူရိယာမျိုးလဲ။ ”

ထိုသူ၏ ထပ်တလဲလဲ အသံ ထွက်လာပြန်သည်။ထိုသူသည် ပျင်းရိဖွယ် မေးခွန်းများစွာကို မေးခဲ့ပြီးပြီ ဖြစ်သည်။ ထိုသူ၏ ရည်ရွယ်ချက်မှာ သူ့ကို မသတ်ခင် သတင်း အချက်အလက်များ ပိုရရှိရန်ပင် ဖြစ်သည်။

သူတို့နှစ်ယောက်သည် ‌ပါးနပ်ကြသည်။ ထို့‌ကြောင့် ဤကဲ့သို့ မတော်တဆ ပတ်သတ်မှုသည် ပျင်းရိဖွယ် ခံစားချက်မျိုး ဖြစ်မလာစေနိုင်ဘဲ အမုန်းတရားများသာ ဖြစ်လာစေနိုင်ကြောင်း သိကြသည်။ အကယ်၍ ချန်လွေ့သာ ခရစ္စတီးနား၏ အစွမ်းကိုမသိလျှင် ဆန္ဒကိုဖြည့်ဆည်းရန်အတွက် ခရစ္စတီးနားကို ကျွန်အနေဖြင့် “သိမ်းပိုက်”ချင်စိတ် ရှိနိုင်ပေသည်။သို့သော်လည်း ချန်လွေ့သည် ခရစ္စတီးနား၏ အစွမ်းကို သေချာသိသည်။ထို့ပြင် သူ့ကို ထိန်းချုပ်နိုင်မည်မဟုတ်ကြောင်းလည်း ချန်လွေ့သိသည်။ ထို့ကြောင့် လက်စား‌ချေရန်အတွက် အစွမ်းပြန်မရရှိသွားခင် ခရစ္စတီးနားကို ချန်လွေ့ သတ်ပစ်ရန် လိုအပ်ခြင်း ဖြစ်သည်။

ချန်လွေ့နေရာတွင် ခရစ္စတီးနား ဆိုလျှင်လည်း ထိုကဲ့သို့ပင် ရွေးချယ်မည်ဖြစ်သည်။ သေခြင်းကို မရှောင်လွှဲနိုင်ပေ။

ချန်လွေ့ ပြောစရာစကားမဲ့နေချိန်၌ ခရစ္စတီးနား ပြောသည်ကို ကြားလိုက်သည်။

“ ကျွန်မကိုယ်ကျွန်မ ထပ်ပြီး အထင်ကြီးမိသွားပြန်ပြီ။ကျွန်မကို ရှင် သိမ်းပိုက် လိုက်နိုင်သလို ဟန်ဆောင်ပြီးတော့ အပေါစားနည်းလမ်းတွေနဲ့ ရှင့်ကိုကျေနပ်အောင် လုပ်လိုက်ရမှာ။ကျွန်မ အသက်ရှင်နိုင်အောင်လို့ပေါ့။ပြီးရင်တော့ ကျွန်မရဲ့အစွမ်း ပြန်ရလာတဲ့ အခါကျရင် ရှင့်ကို အပိုင်းပိုင်းဖြစ်အောင် ဆွဲဖြဲပစ်မယ်ပေါ့။ဒါပေမဲ့လည်း ရုတ်တရက်ကြီး ကျွန်မ အဲ့ဒီလိုမျိုး မလုပ်နိုင်တော့ဘူး။အခုအချိန်မှာတော့ ကျွန်မက အားနည်းတဲ့မိန်းမ တစ်ယောက်ပါပဲ။ ”

ချန်လွေ့ ဆွံ့အသွားပြီး သက်ပြင်းချလိုက်သည်။

“ ကိုယ်မင်းကို သေချာပေါက် သတ်မယ်လို့ ဘာလို့ထင်နေတာလဲ။ ”

“ ကျွန်မရဲ့ ဉာဏ်ပညာကို မစော်ကားနဲ့။ပြီးတော့ ရှင်လည်း လေကုန်မခံနဲ့တော့။ ကျွန်မဆီကနေ ရှင် ဘာသတင်းအချက်အလက်မှ ရမှာမဟုတ်ဘူး။ ”

ခရစ္စတီးနား၏ မျက်လုံးများထဲတွင် ယဲ့ယဲ့လေး အထင်အမြင်သေးသွားပုံရသည်။

“ ကျွန်မရဲ့ခန္ဓာကိုယ်က.... ”

“.....တော်တော်လေး အရသာရှိတယ် မဟုတ်လား။ဒါက ပထမဆုံးအကြိမ်ဆိုတော့ ကျွန်မ မသုံးလိုက်ရတဲ့ တော်ဝင်မိသားစုရဲ့ ဖိုမဆက်ဆံမှု နည်းစနစ်တွေ အများကြီး ရှိသေးတယ်။ကျွန်မ မသေခင် အရာအားလုံးကို လက်လွှတ်ပြီးတော့ ရှင့်ကိုလုံးဝ ကျေနပ်အောင် လုပ်ပေးမယ်။ရှင့်ကို ကျွန်မ တော်ဝင်မိသားစုရဲ့ တကယ့်အရသာ၊ အက်စ်မိုဒက်စ်ရဲ့ “ ကာမ ” ကို မြည်းခွင့်ပေးမယ်။ဒါပေမဲ့ သတ်မှတ်ချက် တစ်ခုတော့ရှိတယ်။ ”

“ ဘာတစ်ခုလဲ။ ”

“ အရိပ်နက်ဝတ်ရုံကို တော်ဝင်မိသားစုဆီ သွားပြန်ပေးပေးပါ။ဒီအဆောင်ပစ္စည်းက အက်စ်မိုဒက်စ် တော်ဝင်မိသားစုကလွဲရင် တခြားသူတွေအတွက် အသုံးမဝင်ဘူး။တော်ဝင် မိသားစုဆီကနေလည်း ရှင်ထပ်ပြီး တောင်းဆိုလို့ ရပါတယ်။ ”

အသက်နှင့်ခန္ဓာကိုယ်ကို အသုံးချကာ အလဲအလှယ်လုပ်ရန် ပြောနေစဉ် ခရစ္စတီးနားသည် အသက်မဲ့သော ရေကန်ကဲ့သို့ ထူးထူးခြားခြား တည်ငြိမ်နေပုံရသည်။ခရစ္စတီးနားသည် အသေကောင်ပမာ တည်ငြိမ်နေလေသည်။

မြေအောက်အကျဉ်းခန်းထဲ၌ နောက်ဆုံးအသက်ဓာတ်ကို လောင်ကျွမ်းသွားသည့် မီးတောက်အား ချန်လွေ့ သတိရသွားပြီး မတွေးတတ်လောက်အောင် သိမ့်သိမ့်တုန် သွားသည်။

All Chapters