← Chapters

လူမိုက်၏ ဆုံးဖြတ်ချက်

Vol. 9 Ch. 126

လူမိုက်၏ ဆုံးဖြတ်ချက်

Vol. 9 Ch. 126

ချန်လွေ့ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။

“ သတ်မှတ်ချက်ကို နည်နည်း ပြောင်းလိုက်ရအောင်။ ”

“ ရှင့်ကို တစ်ကြိမ်ဖြည့်ဆည်းပေးတာက မလုံလောက်ဘူးလား။ ”

ခရစ္စတီးနား၏ အထင်အမြင်သေးမှု ပိုမိုကြီးထွားလာသည်။

“ ဒါမှမဟုတ် အခြားဟာတွေကို လိုချင်သေးတာလား။ ”

“ မင်းကျိန်ထားတာကို မှတ်မိလား။ကိုယ့်ကို ထိခိုက်အောင်မလုပ်ဘူး ဆိုတာလေ။ ”

ချန်လွေ့ ခေါင်းခါလိုက်သည်။

“ အရိပ်နက်ဝတ်ရုံကို မင်းယူသွား။မင်းရဲ့အစွမ်းပြန်ရလာတဲ့အခါကျရင်သာ ကျိန်ထား တာကို ဖြည့်ဆည်းပေး။အတိုးအနေနဲ့ ကိုယ် ဘရော့ခ်ကို အချိန်ဆွဲထားပေးမယ်။ ”

ခရစ္စတီးနား လုံးဝရင်ထဲမထိသွားဘဲ လှောင်ပြုံးပြုံးလိုက်သည်။

“ ရှင့်ရဲ့ဉာဏ်ပညာနဲ့ ဘာလို့ဒီလို တုံးအတဲ့ဆုံးဖြတ်ချက်မျိုး လုပ်တာလဲ။ဒါက ရှင့်ကိုယ်ရှင် အထင်ကြီးနေသလို ကျွန်မကိုလည်း အထင်ကြီးနေတာပဲ။ရှင်က ကျွန်မထင်ထားတာထက် ပိုပြီးတုံးအတယ်လို့ ပြောရမယ်။ ”

ချန်လွေ့သည် အဝတ်အစားများကို ဖြည်းဖြည်းချင်း ပြန်ဝတ်လိုက်သည်။

“ ဒါကတော့ ကိုယ့်ကို မင်းရဲ့အလှတရားနဲ့ လုံးဝ သိမ်းပိုက်နိုင်ခဲ့လို့လို့ မှတ်လို့ရပါတယ်။ ”

ခရစ္စတီးနား လှောင်ပြုံးပြုံးလိုက်ပြန်သည်။

“ ကြင်နာတတ်သလို လုပ်ပြီးတော့ ကျွန်မရဲ့ နှလုံးသားကို ရချင်တာလား။ပြီးတော့ ကျွန်မဆီကနေရော အရိပ်နက်အင်ပါယာ ကနေပါ ထပ်ပြီးရယူမယ်ပေါ့။ ရှင့်ရဲ့ အကြံအစည် အလုပ်ဖြစ်မယ်ဆိုတာ သေချာလား။ ”

“ တော်တော်အတွေးများတဲ့ မိန်းမပဲ။မင်းရဲ့ဦးနှောက်က နည်းနည်းလောက် ပိုပြီးရိုးရှင်းလို့ မရဘူးလား။ ”

ချန်လွေ့ အော်ပြောလိုက်သည်။

“ ကိုယ်မင်းရဲ့နှလုံးသားကို ရချင်တယ်။အဲ့ဒီတော့ မင်းဘာလုပ်မလဲ။မင်းက ကိုယ့်ရဲ့ ပထမဆုံး မိန်းမ။အလှဆုံးမိန်းမပဲ။မဖြစ်နိုင်တာတွေ အများကြီး မရှိဘူးဆိုရင် မင်းကို ကိုယ်တကယ် လိုချင်တယ်။အဲ့ဒီလောက်ကို ရိုးရှင်းတာ။အရိပ်နက်အင်ပါယာလား။ အကြံအစည်လား။ဘာလား။ဘာမှ စောက်ဂရုမစိုက်ဘူး။ ”

ခရစ္စတီးနား၏နှလုံးသား အနည်းငယ် တုန်လှုပ်သွားပြီး ချန်လွေ့၏မျက်လုံးထဲ၌ ဟာကွက်များ၊ဟန်ဆောင်မှုများကို ရှာကြည့်ခဲ့သည်။သို့သော်လည်း‌ နောက်ဆုံး၌ ဘာမျှမတွေ့ခဲ့ရပေ။

“ ကိုယ်ရဲ့စွမ်းအားနဲ့......အများကြီးတော့ ကတိပေးလို့မရဘူး။ အများကြီးကိုလည်း မပြောင်းလဲ နိုင်ဘူး။ဒါပေမဲ့ တစ်နေ့ကျရင်တော့ နတ်ဆိုးဘုံတစ်ခုလုံးကို တုန်လှုပ် စေနိုင်တဲ့ စွမ်းအားနဲ့ အရိပ်နက်အင်ပါယာဆီကို သွားမယ်။ပြီးရင် မင်းက ဧကရီရဲ့ ဆက်ခံသူဖြစ်ဖြစ်၊ မင်းက ထီးနန်းကို ဆက်ခံပြီးနေရင်ပဲဖြစ်ဖြစ် ကိုယ်မင်းကို ခိုးယူသွားမယ်။ ”

ခရစ္စတီးနား မယုံနိုင်လောက်အောင် ဖြစ်သွားပြီး အချိန်အတော် ကြာပြီးမှသာ ပြောလိုက်သည်။

“ လုံးဝကို မိုက်မဲတာပဲ။ ”

“ ကိုယ်က အစကတည်းက ပညာရှိတဲ့လူတစ်ယောက် မဟုတ်ခဲ့ပါ‌ဘူး။ ကိုယ်က ရိုးရိုးလူတစ်ယောက်ပဲ။မင်းရဲ့လူ။အဲဒီအဖြစ်အပျက် အစကတည်းက ဦးဆောင်နေခဲ့တာ မင်းပဲဆိုပေမဲ့....... ”

ချန်လွေ့သည် စိတ်ပိုင်းဆိုင်ရာ ဝန်ထုတ်ဝန်ပိုးအချို့ ကင်းလွတ်သွားပုံရပြီး ပြုံးပြ လိုက်သည်။

“ ....ယောက်ျားတစ်ယောက်ရဲ့ သဝန်တိုစိတ်နဲ့ ပိုင်ဆိုင်ချင်စိတ်ကို အထင်မသေးနဲ့။ အဲဒီအတောအတွင်းမှာ မင်းကိုထိရဲတဲ့ အခြားယောက်ျားတစ်ယောက် ရှိမယ်ဆိုရင် အရိပ်နက်အင်ပါယာ တစ်ခုလုံးကို ကိုယ်ဖျက်ဆီးပစ်မယ်။ ”

“ ရှင်က ကိုယ့်ကိုယ်ကို အထင်ကြီးနေတဲ့ လူယုတ်မာပဲ။ ”

ရုတ်တရက် ခရစ္စတီးနားသည် ဒေါသကို မထိန်းနိုင်တော့ လုနီးပါး ဖြစ်သွားပြီး နဂိုကတည်းက ရှိနေခဲ့သည့် သောကများလည်း အကြောင်းရင်းမရှိဘဲ လျော့ကျ သွားခဲ့သည်။

ချန်လွေ့ ပုခုံးတွန့်ကာ ခရစ္စတီးဘေးနားရှိ မီးခိုးဖျော့ရောင် ဝတ်ရုံကို စိတ်ဝင်တစားနှင့် ကောက်ကိုင်လိုက်သည်။

ဘာမှမဟုတ်သကဲ့သို့ ပေါ့ပါးနေသည့် ထိုဝတ်ရုံသည် တော်ဝင်မိသားစုများ၏ ဒဏ္ဍာရီလာ အဆောင်ပစ္စည်း ၇ခုထဲမှတစ်ခုဖြစ်သည့် အရိပ်နက်ဝတ်ရုံဖြစ်ပြီး အင်ပါယာ၏ ရတနာလည်း ဖြစ်သည်။၎င်း၏အရေးပါမှုသည် ကြယ်ကြွေတမန်အင်ပါယာအတွက် ကြယ်ကြွေတမန်ဓားနှင့် ညီမျှပေသည်။

အရိပ်နက်အင်ပါယာရှိ မဟာကတ်သရင်းသည် လက်မထပ်ရသေးပေ။ ထို့ကြောင့် ဆက်ခံသူ ထင်ထင်ရှားရှားမရှိပေ။ခရစ္စတီးနားသည် အဆောင်ပစ္စည်းကို အသုံးပြု နိုင်သည်။တော်ဝင်မိသားစု လက်စွပ်လည်းရှိနေပြီး တော်ဝင်အမျိုးသမီး ဟူသော ဂုဏ်ပုဒ်လည်း ရှိနေသည်။ထို့ကြောင့် ခရစ္စတီးနားသည် မဟာကတ်သရင်း တိတ်တဆိတ် မွေးစားထားသည့် ဆက်ခံသူဖြစ်ပြီး အနာဂတ်၌ ဧကရီဖြစ်လာမည်ဟု ချန်လွေ့ အတည်ပြုနိုင်လုနီးပါး ဖြစ်ခဲ့သည်။ထို့ကြောင့်ပင် ဘရော့ခ်သည် ခရစ္စတီးနားကို သတ်ချင်နေခြင်း ဖြစ်သည်။

ထိုကိစ္စသာမဖြစ်ခဲ့လျှင် ခရစ္စတီးနား၏ ထိန်းချုပ်မှုအောက်မှ လွတ်သွားလျှင် ချန်လွေ့ ပထမဆုံးလုပ်ဆောင်မည်မှာ အန္တရာယ်များသည့် အသံတိတ်ညစိမ့်မြေမှ အမြန်ထွက်ပြေး ရန်ပင် ဖြစ်သည်။

ဒါပေမဲ့ လက်စားချေတာ မခံရအောင်လို့ အခု အရစ္စတီးနား အားနည်းနေတဲ့အချိန်မှာ သတ်လိုက်ရင်ကောင်းမလား။ဒါမှမဟုတ် သူ့ကို ဘရော့ခ် သတ်အောင်လို့ ထားခဲ့ရမလား။

၎င်းတို့အားလုံး မဖြစ်နိုင်ပေ။ ချန်လွေ့သည် သူ့ဘဝ၏ ပထမဆုံးမိန်းမကို တစ်ယောက်တည်းချန်ထားပြီး ကိုယ်လွတ်ရုံးထွက်ပြေးမည် မဟုတ်ပေ။သူချစ်မိသွားသည့် မိန်းမလှလေးကို ပြာအဖြစ်သို့ အရောက်မခံနိုင်ပေ။

မတော်တဆသည် ကံတရား၏အစ ဖြစ်ပေလိမ့်မည်။အဆုံးသတ်၌ သူစိမ်းများ ဖြစ်သွား နိုင်သော်လည်း ချန်လွေ့သည် ၎င်းကို မျှော်လင့်ချက်တစ်ခုအနေဖြင့် မှတ်ယူလိုက်သည်။

ချန်လွေ့သည် ဝတ်ရုံကို ခရစ္စတီးနား၏ ခေါင်းအုံးဘေး၌ ချထားလိုက်သည်။ထို့‌နောက် အပြစ်ကင်းမဲ့သည့် မျက်နှာကို အင်တင်တင်နှင့် ကြည့်လိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။

“ မင်းရဲ့ ခင်ပွန်းလောင်းကို သတ်ခွင့်မပြုနိုင်ဘူး။ပြီးတော့လည်း ကိုယ်က အင်ပါယာ ၃ခုထဲမှာ နေတော့မှာ မဟုတ်ဘူး။ ”

“ နတ်ဆိုးဘုံကို တုန်လှုပ်စေနိုင်တဲ့ စွမ်းအား ပိုင်ဆိုင်တဲ့အချိန်အထိ အဝေးတစ်နေရာမှာ ကိုယ်လေ့ကျင့်နေမယ်။အဲ့ဒီမတိုင်ခင်တော့ ကိုယ် ဘရော့ခ်ကို အချိန်ဆွဲထားပေးမယ်။ ကိုယ့်ကိုပြော။မင်းရဲ့အစွမ်းတွေ ပြန်ရဖို့ အချိန်ဘယ်လောက်လိုလဲ။ ”

ခရစ္စတီးနား ပြန်မဖြေပေ။ချန်လွေ့ ခေါင်းခါပြီး လှည့်ထွက်သွားလိုက်သည်။

“ ဒါဆိုလည်း မင်းအကောင်းဆုံး ကြိုးစားပါ။ကိုယ် ဘရော့ခ် သတ်တာ မခံရသေးခင် အထိပေါ့။ ”

“ ဒီလိုငြီးငွေ့စရာ ကြင်နာမှုမျိုးနဲ့ဆိုရင် ရှင်ဘယ်တော့မှ စစ်မှန်တဲ့ အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာမှာမဟုတ်ဘူး။ပိုပိုပြီး အားနည်းသွားမှာ။ ”

ခရစ္စတီးနား၏အသံ နောက်မှ ထွက်ပေါ်လာသည်။

ချန်လွေ့၏ပုံရိပ် ရပ်တန့်သွားပြီး နောက်လှည့်လိုက်သည်။

“ ဟုတ်မှာပါ။ဒါပေမဲ့လည်း အဲ့ဒီအားနည်းချက်တစ်ခုကြောင့် ကိုယ်ပိုပြီး အစွမ်းထက် လာနိုင်တယ်။အကြောက်တရား ကင်းမဲ့လာနိုင်တယ်။ ”

ခရစ္စတီးနား၏ နှလုံးသား လှုပ်ခါသွားသည်။ချန်လွေ့၏ မျက်လုံးထဲကို ယခုမှ သူအပြည့်အဝ ကြည့်ဖူးခြင်း ဖြစ်သည်။

“ ကျွန်မ တစ်ရက်လုံး လှုပ်နိုင်မှာ မဟုတ်ဘူး။ ”

ခရစ္စတီးနား၏အသံ တိုးနေသော်လည်း ချန်လွေ့ ကြားလိုက်ရသေးသည်။ချန်လွေ့ ရုတ်တရက် ပြုံးလိုက်သည်။

“ တစ်ရက်ကတော့ မခက်လောက်ပါဘူး။ဘရော့ခ် ကိုယ်တို့ကို ဒီနေရာမှာ ရှာမတွေ့ နိုင်လောက်ဘူး။မင်းပိုမြန်မြန် သက်သာဖို့အတွက် ကိုယ်တို့.....အဲဒါကို နောက်တစ်ခါ ထပ်လုပ်ဖို့ လိုသေးလား။ ”

“ သွားတော့။အခုထွက်သွား။ ”

ခရစ္စတီးနား အံကြိတ်ရင်း အော်ပြောလိုက်သော်လည်း သူ၏မျက်လုံးထဲရှိ ခြောက်ကပ် တိတ်ဆိတ်နေမှုသည် ရှင်းမပြတတ်လောက်အောင် ပျောက်ကွယ်သွားလေသည်။

ချန်လွေ့ ပြုံးစိစိလုပ်ရင်း တဲတံခါးကိုမကာ ထွက်သွားလိုက်သည်။

“ မသာ။သောက်ရူး။နားမလည်နိုင်တဲ့လူ.... ”

ခရစ္စတီးနား ရေရွတ်လိုက်သည်။ စိတ်ထဲရှိသည့်အတိုင်း လုပ်ဆောင်ခြင်းသည် အကောင်းဆုံး လွှတ်လိုက်သည့် နည်းလမ်းဖြစ်သည်။ထို့ပြင် အရှိန်အဝါ သစ်သီးများ၏ သက်ရောက်မှုများကိုလည်း ခရစ္စတီးနား လုံးဝစုပ်ယူ ပြီးသွားလေပြီ။ တစ်ရက် ပြန်ကောင်းနှုန်း အချိန်သည် သူမျှော်လင့်ထားသည်ထက် ၅၀% ကျော်လွန်နေသည်။ သို့သော်လည်း နောက်ဆုံး ရလာဒ်သည် တစ်ဖက်ကမ်းလွန် နေသည်။

ဒီလူရဲ့ “ မိုက်မဲမှု ” ကို ငါယုံကြည်ရမလား။

ဉာဏ်ပညာနှင့်အတွေ့အကြုံများက ဘရော့ခ်သည် သူတို့ကို အမှန်တကယ် ရှာတွေ့ သွားနိုင်ကြောင်း ခရစ္စတီးနားအား ပြောပြနေသည်။သူတို့၏အစွမ်းသည် အလွန်ကွာခြား လှသည့်အတွက် ချန်လွေ့သည် တစ်ရက်မပြောနှင့်။တစ်မိနစ်ပင် အချိန်ဆွဲထားနိုင်မည် မဟုတ်ပေ။ သို့သော်လည်း ယုတ္တိလွန်နေသည့် မသိစိတ်က ထိုလူယုတ်မာသည် အမှန်တကယ် လုပ်နိုင်မည်ဟု ခရစ္စတီးနားကို ပြောပြနေသည်။တစ်ရက်တည်းသာ မဟုတ်ဘဲ ပို၍ပင် အချိန်ဆွဲနိုင်ပေလိမ့်မည်.........

ရုတ်တရက် ခရစ္စတီးနားသည် ထူးထူးခြားခြား ခံစားသွားရသည်။၎င်းသည် ရွံ့ထူသော ဗွက်အိုင်အတွင်း၌ မာကျောသောမြေပြင်ကို တက်နင်းမိသွားသကဲ့သို့ပင် ဖြစ်သည်။ အနည်းငယ် ပင်ပန်းနေသည့်အခါ၌ မှီစရာသစ်ပင် ရှိနေသကဲ့သို့လည်း ဖြစ်နေသည်။ သို့သော်လည်း ခရစ္စတီးနားသည် ၎င်းတို့ကို စကားလုံးဖြင့် မဖော်ပြတတ်ပေ။

အစွမ်းပြန်ရလာသည့်အချိန်၌ ခရစ္စတီးနားသည် ထိုသောက်ရူးကို ခရစ္စတီးနား သတ်ပစ်ကောင်း သတ်ပစ်ပေလိမ့်မည်။ထပ်နိုးလာပြီးလျှင် ထိုကဲ့သို့ ထူးထူးခြားခြား ခံစားချက် ပျောက်ကွယ်သွား‌ကောင်း ပျောက်ကွယ်သွားပေလိမ့်မည်။တစ်စွန်းတစ်စ ကျန်နေသေးနိုင်သော်လည်း ၎င်းသည် ပလ္လင်၏အေးစက်မှုက တဖြည်းဖြည်း အစားထိုးသွားသည့် အရာများကဲ့သို့ပင် ဖြစ်သွားပေလိမ့်မည်။သို့သော်လည်း ထိုအချိန်၌ ခရစ္စတီးနားသည် မကြုံစဖူး အေးချမ်းနေသည်။သူ၏စိတ် ပို၍အပန်းပြေသွားပြီး ထူးကဲသော ပျော်ရွှင်မှုပြီးပြီးနောက် ပြင်းထန်သည့် ပင်ပန်းနွမ်းနယ်မှုမျိုး ခံစားရရန် မလိုတော့ပေ။ ထို့နောက်တွင် ခရစ္စတီးနားသည် မျက်လုံးကို ညင်ညင်သာသာ မှိတ်လိုက်သည်။

ချန်လွေ့သည် တဲအိမ်ထဲမှ ထွက်သွားလိုက်သည်။ လှပသော ကာလသားအိပ်မက်ကို တွေ့ကြုံခံစားခဲ့ရသကဲ့သို့ ဖြစ်သည်။

ယနေ့မှစ၍ ချန်လွေ့သည် တကယ့် ယောက်ျားတစ်ယောက် ဖြစ်သွားလေပြီ။

ခရစ္စတီးနားသည် ပြိုင်ဘက်ကင်းသည့် မိန်းမလှတစ်ယောက် ဖြစ်သည်။သာမန် ယောက်ျားတစ်ယောက်သာဖြစ်ပြီး နှစ်ဘဝလုံး လူပျိုဖြစ်ခဲ့သည့်အလျောက် ချန်လွေ့သည် ခရစ္စတီးနား၏ ပြီးပြည့်စုံသော မျက်နှာအသွင်အပြင်နှင့် ခန္ဓာကိုယ်ကို မက်မောမိသည်ကို မငြင်းနိုင်ပေ။အထူးသဖြင့် ကျူးလွန်ပြီးမှ ခံစားခဲ့ရသည့် အံ့ဩဖွယ်ရာ ခံစားချက်ကို ချန်လွေ့ တစ်ဘဝလုံး မေ့လိမ့်မည် မဟုတ်ပေ။

ခရစ္စတီးနားသည် အလွန်လှပသည့် အမျိုးသမီးတစ်ယောက် ဖြစ်သည်။သူ၏ ဉာဏ်ပညာနဲ့ အလှတရား နှစ်ခုစလုံးသည် ဤလောက၌ ရှားပါးပေသည်။ထို့ပြင် ခရစ္စတီးနားသည် အရိပ်နက် အင်ပါယာ၏ နောက်ထပ် ဧကရီတစ်ယောက် ဖြစ်လာဖို့များလေသည်။

လက်ရှိအခြေအနေနှင့် စွမ်းအားသည် ခရစ္စတီးနားနှင့် အလွန်ဝေးကွာနေကြောင်း ချန်လွေ့ သေသေချာချာ သိသည်။အကယ်၍ ခရစ္စတီးနားကို ရင်ထဲထိအောင် လုပ်နိုင်လျှင်တောင် ချန်လွေ့နှင့် ခရစ္စတီးနားတို့ အမှန်တကယ် အတူတူရှိနိုင်မည် မဟုတ်ပေ။

ပိုအစွမ်းထက်ရမယ်။ငါပိုပြီးမြန်မြန် အစွမ်းထက်ဖို့ လိုတယ်။ဒီအဖြစ်အပျက်က အမှားတစ်ခု ကြောင့်ပဲဖြစ်ဖြစ် ကံတရားကြောင့်ပဲဖြစ်ဖြစ်ပါ။ အနာဂတ်မှာ.... အနည်းဆုံးတော့ ခရစ္စတီးနားကို ရွေးချယ်ခိုင်းနိုင်မယ့် အစွမ်းတော့ ရှိဖို့ လိုအပ်တယ်။ဂီတကို ချစ်မြတ်နိုးပေမဲ့ အထီးကျန်ဖို့တောင် အချိန်မရှိတဲ့ ဒီမိန်းမလှလေးကို သူ့ကိုယ်သူအတွက် အမှန်တကယ် ရွေးချယ်နိုင်ဖို့ အခွင့်အရေးတစ်ခု ပေးမယ်။

သို့သော် အသီနာအတွက်လည်း လွယ်ကူလိမ့်မည် မဟုတ်ပေ။သူတို့၏ ပတ်သက်မှုသည် မရေမရာ ဖြစ်နေသေးသည့်အတွက် ဖောက်ပြန်ခြင်း၊သစ္စာဖောက်ခြင်းမျိုး မဖြစ်ပေ။ သို့သော် ချန်လွေ့သည် အပြစ်ရှိသလို ခံစားနေရသေးသည်။

ဤလောက၌ ပြန်လည်မွေးဖွာပြီးနောက်တွင် ချန်လွေ့သည် အသက်ရှင်သန် နိုင်ရန်အတွက် ရုန်းကန်ရင်း အလုပ်များနေခဲ့သည်။ယောက်ျားတစ်ယောက် ဖြစ်သည့် အလျောက် ချန်လွေ့သည် ရှီရာနှင့် ခီရာ ကဲ့သို့သော မိန်းမလှများထံသို့ သာမန် ထိုအတွေးသေးသေးလေး ရှိခဲ့သည်။သို့သော်လည်း သူ၏နှလုံးသားကို အမှန်တကယ် လှုပ်ရှားသွားစေသူမှာ အသီနာ ဖြစ်သည်။မူလက ချန်လွေ့သည် ဤကဲ့သို့ သဘောထား ကြီးပြီး ချစ်စိတ်ပြင်းပြသည့် လူကြမ်းမလေးနှင့်သာ ဘဝတစ်လျှောက်လုံး အတူတူနေချင် ခဲ့သည်။သို့ရာတွင် ဘဝသည် မတော်တဆ အမျိုးမျိုး ပြည့်နှက်နေလေသည်။ဥပမာ ယနေ့ကဲ့သို့ပင် ဖြစ်သည်။

အမှန်တကယ် မယားပြိုင်ယူ ဓလေ့သည် နတ်ဆိုးဘုံ၌ သာမန်ပင် ဖြစ်သည်။ အစွမ်းထက်သည့် မိန်းမများ၌ပင် ယောက်ျား သုံးလေးယောက် ရှိသည်။အိုတာခု တစ်ယောက် ဖြစ်သည့်အလျောက် ချန်လွေ့သည် စိတ်ကူးယဉ်ခြင်းကို မြတ်နိုးပြီး အတိတ်သို့ အချိန်ဖြတ်ကူးကာ ရှေးဧကရာဇ် တစ်ယောက်အနေဖြင့် မိန်းမများ၊ ကိုယ်လုပ်တော်များ အမြောက်အမြားထားရန် တွေးခဲ့ဖူးသည်။သို့သော်လည်း ခရစ္စတီးနားနှင့်.....ဖြစ်ပျက်ခဲ့ခြင်းသည် အမှန်တကယ်ပင် မတော်တဆ တစ်ခုသာ ဖြစ်သည်။

အနာဂတ်တွင် သူတို့နှစ်ယောက် တစ်ခုခုဖြစ်လာနိုင်မနိုင် ချန်လွေ့ သေချာမသိပေ။ သို့သော်လည်း မည်ကဲ့သို့ပင် ဖြစ်စေကာမူ ချန်လွေ့သည် အသီနာကို အမှန်အတိုင်း ပြောပြပြီး တောင်းပန်မည် ဖြစ်သည်။

ခရစ္စတီးနားသည် ပြန်ဖြည့်တင်းနေသည့် အခြေအနေတစ်ခုသို့ ရောက်နေရာ တစ်ရက်ခန့် လှုပ်ရှားနိုင်မည် မဟုတ်ပေ။ထို့ကြောင့် ချန်လွေ့သည် အမှောင်ဆန္ဒကို တစ်ခါတည်းသုံးပြီး ခရစ္စတီးနားကို ခေါ်သွားကာ ထွက်ပြေးရန် မဖြစ်နိုင်ပေ။ချန်လွေ့သည် ဝိုင်ဗန်အသိုက်တွင် တစ်ရက်လုံး ခုခံရမည်ဖြစ်သည်။

တယ်လီပို့ပြီးသည့်အချိန်မှစ၍ တဲအိမ်ထဲ၌ ကျူးလွန်ခြင်း အပါအဝင် ယခုစကားပြော ပြီးသည့်အချိန်အထိ သုံးလေးနာရီ ကုန်ဆုံးသွားပြီဖြစ်သည်။နေဝင်ချိန်ရောက်ရန် နာရီပေါင်း ၂၀ကျော် လိုနေသေးသည်။ရှည်လည်းမရှည် တိုလည်းမတိုသော်လည်း ကံအကောင်းရလာဒ်မှာ သူတို့ကို ဘရော့ခ် အချိန်မီ မတွေ့သွားဘဲ ခရစ္စတီးနား၏အစွမ်း ပြန်လည်ရရှိသွားခြင်းပင် ဖြစ်သည်။

အသံတိတ်ညစိမ့်မြေသည် အလွန်ကျယ်ဝန်းလှသည်။သို့သော်လည်း အမှောင်ဆန္ဒ၏ တယ်လီပို့အကွာအဝေးမှာ အကန့်အသတ်ရှိသည်။ထို့ပြင် ဘရော့ခ်၏ အိပ်မက်ဆိုး မျက်လုံး၌ ပစ်မှတ်အား အသေမှတ်သည့် အစွမ်းရှိကြောင်း ခရစ္စတီးနား ပြောခဲ့ဖူးသည်။ထို့ကြောင့် ချန်လွေ့သည် ကံတရားကို လုံးဝမှီခို၍ မရပေ။ထို့ပြင် ဤနေရာသို့ အချိန်မရွေး ကျူးကျော်နိုင်သည့် ကြောက်စရာ နတ်ဆိုးသားရဲများ ဖြစ်ကြသော ဟိုက်ဒြာများလည်း ရှိနေသည်။ထို့ကြောင့် မလှုပ်ရှုားနိုင်သည့် ခရစ္စတီးနား အဖို့ ၎င်းသည် ကြီးမားသည့် ခြိမ်းခြောက်မှု တစ်ရပ်ပင် ဖြစ်သည်။

ယခုတွင် ချန်လွေ့သည် ဖြစ်လာနိုင်သည့် အန္တရာယ်အခြေအနေတိုင်းအတွက် ၂၄နာရီ ကြာအောင် ထိန်းထားနိုင်ရန်အတွက် စဉ်းစားရပေတော့မည်။ထို့နောက်တွင် ခရစ္စတီးနား အစွမ်းပြန်ရလာပြီး မသတ်ခင် ချန်လွေ့ အလျင်အမြန် ထွက်ပြေးမည် ဖြစ်သည်။

ဘရော့ခ်သည် နတ်ဆိုးဧကရာဇ် အဆင့်ရောက်နေပြီ ဖြစ်သည်။အကယ်၍ သူသာ ဤနေရာသို့ အမှန်တကယ် ခြေရာခံမိသွားလျှင် ချန်လွေ့သည် တစ်မိနစ်ပင် အချိန်ဆွဲနိုင်မည် မဟုတ်ပေ။ထို့ကြောင့် ချန်လွေ့သည် နည်းဗျူဟာများအပေါ်၌ အမှီပြုရပေတော့မည်။

ချန်လွေ့ စဉ်းစားနေရင်း ခေါင်းမော့ကြည့်လိုက်ရာ အဝေးတစ်နေရာမှ ဝိုင်ဗန်ဘုရင် စိုက်ကြည့်နေသည်ကို မြင်သွားသည်။မှော်တဲအိမ်အတွင်း၌ ဖြစ်ပျက်ခဲ့သည်ကို မည်သူမှ မတွေ့နိုင်ကြောင်း သိသော်လည်း ချန်လွေ့ အနည်းငယ် မလုံမလဲ ဖြစ်နေသည်။

“ ချန်လွေ့။မင်းစဉ်းစားနေတာ တော်တော်လေးကြာတယ်။အခု ပြန်ထွက်လာပြီဆိုတော့ မင်း အစီအစဉ်တစ်ခု ရလာပြီလား။ ”

ဝိုင်ဗန်ဘုရင် ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။

ချန်လွေ့၏မျက်နှာပေါ်တွင် ရှားရှားပါးပါး ရှက်သွေးဖြာသွားသည်။အမှန်အတိုင်း ပြောရမည်ဆိုလျှင် တဲအိမ်ထဲ၌ ချန်လွေ့ “ တွေးတော ” နေခြင်းသည် ခန္ဓာကိုယ် အောက်ပိုင်းကိုသာ အသုံးပြုနေခြင်း ဖြစ်သည်။

All Chapters