← Chapters

အမြင့်ဆင့်နတ်ဆိုးများ၏ အစွမ်းထက်ဆုံး တိုက်ပွဲ

Vol. 9 Ch. 133

အမြင့်ဆင့်နတ်ဆိုးများ၏ အစွမ်းထက်ဆုံး တိုက်ပွဲ

Vol. 9 Ch. 133

အရတ်စ်၏အစွမ်းသည် အမှန်တကယ်ပင် အလွန်အံ့ဩစရာ ကောင်းလှသည်။ သူ၏ အဟုန်နှင့်အားသည် ဘာနကယ်ထက် အနည်းငယ် သာလွန်နေသည်။သို့‌သော်လည်း ပင်လယ်လှိုင်းကြမ်း၌ လေ့ကျင့်ခဲ့သည့် ချန်လွေ့ကို ခြိမ်းခြောက်ရန် မလုံလောက်ပေ။

ထိုအချိန်က ချန်လွေ့သည် စစ်မှန် တိုးမြှင့်ဆေးရည် တစ်တွဲလုံးကို သောက်ပစ်ခဲ့ပြီး ဘာနကယ်အား ခက်ခက်ခဲခဲ တိုက်ခိုက်ကာ ကံကောင်း၍ အနိုင်ရခဲ့သည်။ယနေ့တွင် အရတ်စ်ကို ကိုယ်ပိုင် အစွမ်းအစဖြင့် တိုက်ခိုက်ချင်သည့်အတွက် ချန်လွေ့သည် မည့်သည့် တိုးမြှင့်ဆေးရည်ကိုမျှ မသောက်ထားခဲ့ပေ။အမှန်တကယ် ပိုင်ဆိုင်သည့် အစွမ်းအစ သည်သာ အယုံကြည်ရဆုံး အထောက်အပံ့ပင် ဖြစ်သည်။

ထို့ပြင် အရတ်စ်နှင့် တိုက်ခိုက်ခြင်းသည် အစသာဖြစ်သည်။နတ်ဆိုးဘုရင်၊ မဟာ နတ်ဆိုးဘုရင်၊နတ်ဆိုးအရှင်သခင် စသည်တို့ ရှိနေသေးသည်။အသံတိတ်ညစိမ့်မြေမှ ပြန်လာပြီးနောက် ချန်လွေ့သည် ပို၍ပင် စိတ်ပိုင်းဖြတ်ထားလိုက်သည်။

ဘာနကယ်နှင့် တိုက်ခိုက်နေစဉ် ချန်လွေ့သည် မိုင်ဇာအခြေအနေ၏ အမြင့်ဆုံးအဆင့်ကို ရောက်ရှိသွားသည့် ခံစားချက်တစ်ခု ဖြစ်သွားသည်။ဝိုင်ဗန်အသိုက်ထဲ၌ ကျူးကျူးလွန်လွန် ဖြစ်ပြီးနောက် အပိုစွမ်းအားတစ်ခု ရရှိသွားသကဲ့သို့ ချန်လွေ့ ခံစား‌နေရသည်။ အထူးဆန်းဆုံးမှာ ခရစ္စတီးနား‌၏သွေးသည် ချန်လွေ့အသက်ကို ကယ်တင်နိုင်ခဲ့ရုံသာမက ဖော်ပြ၍မရနိုင်သည့် ထူးဆန်းသော စွမ်းအားတစ်ခုကိုပါ ပေးစွမ်းခဲ့ခြင်းပင် ဖြစ်သည်။

ယခု‌တွင် ချန်လွေ့၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအားများ ပြည့်လျှံ‌နေသည်။နားလည် သဘောပေါက်ရန်သာ လိုအပ်နေသည်။ထို့ကြောင့် ချန်လွေ့သည် တကယ့်တိုက်ပွဲမှ တစ်ဆင့် မိုင်ဇာအခြေအနေ၏ အမြင့်ဆုံးအဆင့်ကို လုံးဝဆုပ်ကိုင်နိုင်ရန်နှင့် အလီယော့သ် အခြေအနေသို့ အဆင့်တက်နိုင်ရန် အခွင့်အရေးကို ဖမ်းဆုပ်နိုင်ရန်ကိုပင် လိုအပ်နေသည်။

အရတ်စ်သည် အဆက်မပြတ် စွမ်းအားကို အသုံးပြုသော်လည်း ပြိုင်ဘက်ဖြစ်သူကို မလှုပ်ရှားနိုင်သေးပေ။သူ၏မျက်လုံးရှိ တိုက်ခိုက်ချင်စိတ် ပို၍ပြင်းထန်လာပြီး လက်ထဲ၌ အရိုးရှည်ကောက်ရိတ်ဓား တစ်လက် ပေါ်ထွက်လာသည်။ထိုကောက်ရိတ်ဓားသည် နတ်ဆိုးများ ပုံမှန်သုံးကြသည့်ပုံစံမျိုးနှင့် အနည်းငယ် ကွဲပြားနေသည်။အစွန်းနှစ်ဖက်တွင် ဓားသွားရှည်ရှိပြီး ဓားသွားပေါ်၌ ခရမ်းရောင်အကြောင်းဖျော့ဖျော့လေး ရှိနေသည်။ ထိုကောက်ရိတ်ဓားသည် တိုက်ပွဲပေါင်းများစွာ ဖြတ်သန်းလာခဲ့ပြီး ရန်သူ့သွေးများ စွန်းထင်းနေကြောင်း သိသာထင်ရှားနေသည်။

ထိုကဲ့သို့ နှစ်ဖက်ဓားသွားပါသည့် ကောက်ရိတ်ဓားမျိုးကို တစ်နေရာရာ၌ တွေ့ဖူးကြောင့် ချန်လွေ့ သတိရလိုက်သည်။ ဟုတ်တယ်။အရတ်စ်နဲ့ ပထမဆုံး တွေ့တုန်းက ငါအရှိန်အဝါအဖြစ် ကူးပြောင်းလိုက်တဲ့ ရုပ်ထုက ဒီလိုလက်နက်မျိုး ကိုင်ထားတာပဲ။ ဒါပေမဲ့ အဲဒီရုပ်ထုက အမျိုးသမီး မဟာနတ်ဆိုးပဲ။

အရတ်စ် ရှေ့သို့ခုန်လိုက်ပြီး ချန်လွေ့ဆီသို့ ဝှေ့ရမ်းလိုက်သည်။ရွှီခနဲအသံထွက်နေသည့် ကောက်ရိတ်ဓားသွားသည့် အမှန်တကယ်ပင် အသံအလွန်ကျယ်လောင်ပြီး အမြန်နှုန်း မှာလည်း ထင်ထားသည်ကို ပိုမြန်နေသည်။

ချန်လွေ့ ပြင်ဆင်ထားခဲ့သည်။ထို့ကြောင့် ခန္ဓာကိုယ်ကို အသာလေးယိမ်းလိုက်ရာ ကောက်ရိတ်ဓား လွဲသွားသည်။ထိုကောက်ရိတ်ဓား၏ လေအားကြောင့် ပြိုင်ကွင်း၏ ကျောက်ကြမ်းပြင်တွင် ကြီးမားသော အက်ကြောင်းတစ်ခု ဖြစ်သွားသည်။ အလွန် ကြောက်လန့်စရာ ကောင်းလှသည်။ချန်လွေ့သည် မဟာနတ်ဆိုးနှင့် တိုက်ခိုက်ရာ၌ အတွေ့အကြုံရင့်ကျက်နေပြီ ဖြစ်သည်။အရိုးရှည်လက်နက်များသည် အနီးကပ်တိုက်ခိုက် ရာ၌ အသုံးမတည့်‌ကြောင်း သိသည့်အတွက် ချန်လွေ့နောက်မဆုတ်ဘဲ အရတ်စ်နား ကပ်လိုက်သည်။

အရိုးရှည်လက်နက်၏ ဝိသေသလက္ခဏာကို ကောင်းကောင်းအသုံးချရန်အတွက် အကွာအဝေးတစ်ခုထားရန် အရတ်စ် တယ်လီပို့ခုန်သင့်သည်ဟု ချန်လွေ့ မှန်းဆ ထားခဲ့သည်။ထို့နောက်တွင် ချန်လွေ့သည် တယ်လီပို့ ပြန်ခုန်ရန်ကြာချိန်ကို အခွင့်ကောင်းယူပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်မည် ဖြစ်သည်။

အရတ်စ်နားသို့ ချန်လွေ့ ချဉ်းကပ်လိုက်သည့်အခါ ရုတ်တရက် အန္တရာယ်ကို ခံစားလိုက်ရပြီး ချက်ချင်း နောက်ဆုတ်လိုက်ရာ ခုတ်ချက်နှစ်ချက်သည် သူ၏ရင်ဘတ်ကို လွဲချော်သွားခဲ့သည်။အရတ်စ်၏ လက်ထဲရှိ အရိုးရှည် ကောက်ရိတ်‌ဓားသည် အရိုးတို ကောက်ရိတ်ဓား နှစ်လက်အဖြစ် ချက်ချင်း ပြောင်းလဲသွားခြင်းပင် ဖြစ်သည်။ မြည်ဟည်းသံများထွက်လာပြီး ချန်လွေ့ကို တင်းတင်းကြပ်ကြပ် ပိတ်ဆို့ထားလိုက်သည်။

ခြေလှမ်းမှားသွားပြီးနောက် ချန်လွေ့သည် ရုတ်တရက် ဟန်ချက်ပျက်သွားသည်။ သူတို့နှစ်ယောက် တိုက်ခိုက်နေရင်း ချန်လွေ့၏ ခြေထောက်သည် နောက်သို့ ဆက်လက် ရွေ့လျားနေ၏။ဤကဲ့သို့ နိမ့်ကျသည့် အခြေအနေမှ ချန်လွေ့ ရုန်းထွက်ချင်နေခဲ့သည်။

မဟာနတ်ဆိုးများသည် လက်နက်ကျွမ်းကျင်မှု ပါရမီ ရှိကြသည်။ထိုပါရမီသည် အရတ်စ်၏ လက်ထဲ၌ အပြည့်အဝ အစွမ်းပြနေလေသည်။ကြက်ခြေခတ် ခုတ်ချက် များသည် ပိုက်ကွန်တစ်ခုကဲ့သို့ ဖြစ်သွားသည်။ချန်လွေ့ မည်သို့ပင် ရှောင်တိမ်းစေကာမူ ပိတ်မိသွားသည်။အရတ်စ် ဖြတ်သွားလိုက်သည်နှင့် မြေပြင်တွင် ကြက်ခြေခတ် အက်ကြောင်းများ ပြည့်နှက်သွားသည်။

ပရိသတ်အများစုသည် အရတ်စ်ကို ထောက်ခံကြသည့်အတွက် ကျယ်လောင်စွာ ‌အားပေးလိုက်ကြသည်။သို့သော်လည်း အရတ်စ်သည် သတိလက်လွတ် မနေပေ။ ဤရန်သူသည် အတော်လေး နိမ့်ကျနေသော်လည်း ထိုကဲ့သို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုမျိုးကို လုံးဝ မကြောက်နေပေ။ယခင်တစ်ခေါက်ကဲ့သို့ အစွမ်းထက် အလင်းဖြူလုံး တိုက်ကွက်ကို ကြံစည်နေခြင်း ဖြစ်ပေမည်။

ချန်လွေ့သည် အရတ်စ်၏ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုများကို တည်တည်ငြိမ်ငြိမ်ပင် ရင်ဆိုင်ခဲ့သည်။အခွင့်အရေးတစ်ခု တွေ့သွားသည့်အခါ နိမ့်ကျနေသည့် အခြေအနေကို ပြောင်းလဲရန်အတွက် ချန်လွေ့သည် အရတ်စ်၏ နံရိုးအောက်ပိုင်းကို ထိုးလိုက်သည်။ အရတ်စ် ရှောင်လိမ့်မည်မဟုတ်ဟု မထင်ထားမိခဲ့ပေ။အရတ်စ်၏ ကောက်ရိတ်ဓားသည် ချန်လွေ့၏ ပုခုံးထံ ရောက်ရှိသွားသည်။၎င်းသည် နှစ်ဖက်စလုံး ထိခိုက်သည့် နည်းဗျူဟာ တစ်ခု ဖြစ်သည်။

ချန်လွေ့၏ တုံ့ပြန်မှုသည် အလွန်အမင်း မြန်ဆန်လှသည်။ခန္ဓာကိုယ် တစ်ချက်လှည့် လိုက်ရုံပဲ ထိုခုတ်ချက်၏ ထိခိုက်မှုကို အနိမ့်ဆုံးအထိ လျှော့ချနိုင်ခဲ့ပြီး အရတ်စ် နံရိုးအောက်ပိုင်းကို တည့်တည့် ထိုးထည့်လိုက်သည်။အထိုးခံလိုက်ရသည့် နေရာတွင် ကြီးမားသော အဆုံးမဲ့ဒီရေတစ်ခု ရိုတ်ခတ်သွားသကဲ့သို့ အရတ်စ် ခံစားလိုက်ရပြီး ညည်းညူလိုက်သာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။ထိုခြေလှမ်းသည် တမင် ကျားကန်ထားသည့်အတွက်ကြောင့် မြေပြင်တွင် အက်ကွဲကြောင်းများ ရုတ်တရက် ပေါ်ထွက်လာသည်။

တစ်ချိန်တည်းမှာပင် နောက်ထပ် ကောက်ရိတ်ဓားတို တစ်လက်သည် အဆိပ်ရှိ မြွေတစ်ကောင်ကဲ့သို့ ချန်လွေ့၏ခါးကို ဖြတ်သွားပြီး ထိသွားသည့်အတွက် သွေးများ ထွက်လာသည်။

ဒုတိယ ခုတ်ချက်ကို ချန်လွေ့ မမျှော်လင့်ထားခဲ့ပေ။အရတ်စ်၏ တိုက်ပွဲ တုံ့ပြန်မှုကိုလည်း ချန်လွေ့ အံ့အားသင့်သွားသည်။သူသည် လက်သီးတစ်ချက်အတွက်နှင့် ခုတ်ချက်နှစ်ချက် ခံလိုက်ရသည်။ချန်လွေ့သည် နိမ့်ကျနေသည့် အခြေအနေ၌ မဟုတ်တော့သည့်အတွက် ချက်ချင်းပင် ပြင်းပြင်းထန်ထန် တိုက်ခိုက်တော့သည်။အရတ်စ်၏ မျက်လုံးထဲရှိ စိတ်ဝိညာဉ်သည်လည်း ပို၍ အစွမ်းထက်လာသည်။သူ၏လက်နှစ်ဖက်သည် လက်နက် များဖြင့် တစ်သားတည်း ဖြစ်သွားသကဲ့သို့ပင် ဖြစ်သွားပြီး မြည်ဟည်းသံများထဲ၌ မြောက်မြားလှစွာသော ရောင်ခြည်များကို ဖန်တီးကာ ချန်လွေ့၏ လှိုင်းကြမ်းစွမ်းအားနှင့် ရိုက်ခတ်သွားတော့သည်။

တကယ့်စစ်မှန်သည့် ပြင်းထန်လှသော တိုက်ပွဲကြီး စတင်လေပြီ။

ရိုက်ခတ်သံများ၊မြည်ဟည်းသံများနှင့် အော်သံများ အဆက်မပြတ် ထွက်ပေါ်လာပြီး မယုံနိုင်စရာ ဖျက်ဆီးမှု လက္ခဏာများသည် ပြိုင်ကွင်းထဲ၌ အလျင်အမြန် ကျယ်ပြန့်လာခဲ့သည်။

ပြိုင်ကွင်း၏ ထောင့်လေးဖက်တွင် သေရွာပြန် တစ်ယောက်စီရှိပြီး ပရိသတ်ကို ကာကွယ်ရန်အတွက် အကာအကွယ် မှော်အစီအရင်ကို အသက်သွင်းပြီး ထိန်းချုပ် နေကြသည်။၎င်းသည် အမြင့်ဆင့်နတ်ဆိုးတိုက်ပွဲတစ်ခု၌ မလုပ်မနေရ ဖြစ်သည်။ ပရိသတ်များသည် သူတို့၏ လှုပ်ရှားမှုများကို သေသေချာချာ မမြင်ရတော့ပေ။ သို့သော်လည်း အကာအကွယ် မှော်အစီအရင်မှ လက်ခံရရှိသည့် ဒဏ်များ၊ တိုက်ခိုက်ခြင်း များကြည့်၍ မှန်းဆနိုင်နေသေးသည်။အလွန်ကျယ်လောင်သည့် အသံအတွင်း၌ ကြောက်မက်ဖွယ်ရာ လှိုင်းလုံးကြီးများ ရှိနေသည်ဟု ပရိသတ်များ ခံစားလိုက်ရသည်။ သူတို့ ရောက်ရှိသည့်နေရာတိုင်းတွင် ထူထဲသည့် အင်္ဂတေ‌ကြမ်းပြင် ကွဲအက်သွားပြီး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်။

တိုက်ပွဲသည် မြေပြိုနိုင်မည်ဟု သူတို့ နဂိုက ထင်ထားခဲ့သော်လည်း တိုက်ပွဲပြင်းအားသည် သူတို့မျှော်လင့်ထားသည်ထက် အမှန်တကယ်ပင် ကျော်လွန်နေသည်။

ရှီရာသည် ပြိုင်ကွင်းထဲ၌ အစွမ်းအထက်ဆုံး ပရိသတ်တစ်ယောက် ဖြစ်သော်လည်း ကြည့်နေရင်း မျက်မှောင်ကြုတ်နေသည်။ သူတို့နှစ်ယောက် တိုက်ခိုက်တာက ခုခံတာ မရှိဘူး။ တိုက်ခိုက်တာ ချည်းပဲ။ သူတို့က ဒဏ်ရာရမှာကို ဂရုမစိုက်ဘဲ ဉာဏ်တိမ်တဲ့ နွားထီးနှစ်ကောင်လိုမျိုး အသည်းအသန် တိုက်ခိုက်နေကြတယ်။ ဒီအက်ဂ်ယော ကတော့....သူ့ရဲ့ အစွမ်းတိုးတက်နှုန်းက တကယ့်ကို အံ့ဖွယ်ပဲ။ဒါပေမဲ့ သူရဲ့အကွက်တွေနဲ့ ဉာဏ်ပညာက မကောင်းဘူး။အရတ်စ်က တိုက်ခိုက်တာကို ပိုအားသာတ သူသေသေ ချာချာ သိတယ်။ဒါပေမဲ့ အဲ့ဒါတောင် သူက တည့်တည့် တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့တယ်။

ချန်လွေ့မှာ ဒီလိုအစွမ်းရှိမယ်ဆိုရင် နည်းဗျူဟာသုံးပြီး အနိုင်ရသွားလောက်ပြီ။ ချန်လွေ့၏နာမည်ကို တွေးလိုက်သည့်အခါ မင်းသမီးရှီရာ၏ မျက်လုံးထဲ၌ ရှားပါးသည့် နူးညံ့မှုတစ်ခု ဖြတ်ခနဲ အရောင်လက်သွားသည်။သို့သော်လည်း ကွင်းထဲရှိ “ နွားထီး ” နှစ်ကောင်ထဲတွင် ချန်လွေ့ရှိနေသည်ကို ရီရာ မသိခဲ့ပေ။

ရှီရာ၏အစွမ်းသည် ချန်လွေ့နှင့်အရတ်စ်တို့ထက် အတော်လေးမြင့်မားသည့်အတွက် သူ၏အမြင် ပိုသာနေသည်။သို့သော်လည်း အခြားသူအားလုံးသည် ရှီရာကဲ့သို့ပင် ခံစားရမည်မဟုတ်ပေ။အရတ်စ်နှင့်တစ်ခါ သရေကျခဲ့ပြီး နောက်ပိုင်း၌ ရှုံးနိမ့်ခဲ့သည့် ဆာရာဒို၌ လုံးဝကွဲပြားသည့် အမြင်တစ်ခု ရှိနေသည်။

ခါရွန်မိသားစုရှိ အစွမ်းအထက်ဆုံး အမြင့်ဆင့်နတ်ဆိုးသည် ပုံရိပ်နှစ်ခု တိုက်ခိုက် နေသည်ကို နီးနီးကပ်ကပ် စိုက်ကြည့်နေသည်။အကာအကွယ် မှော်အစီအရင် လှုပ်ရှားသွားသည်နှင့်သမျှ သူ၏မျက်လုံးများလည်း တုန်လှုပ်သွားသည်။ သူတို့ နှစ်ယောက်က ရူးသွပ်နေတာပဲ။အရတ်စ်အပြင်ကို အက်ဂ်ယောကပါ ကိုယ့်အသက်ကိုယ် ဂရုမစိုက်တဲ့ အရူးတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။သူက တကယ်ပဲ အရတ်စ်နဲ့ တိုက်ခိုက်နေနိုင်သည်။ငါသာဆိုရင် ၅မိနစ်အတွင်းမှာ ငါ့ရဲ့အကွက်ကို ပြောင်းလိုက်ပြီ။

ရွိုင့်စ်၏ စိတ်ထဲ၌ အလွန်အံ့အားသင့်သွားသည်။ပြိုင်ကွင်းထဲတွင် အက်ဂ်ယော၏ သရုပ်မှန်ကို သူ့ထက်ပိုသိသူ မရှိပေ။လွန်ခဲ့သောတစ်လခန့်က အက်ဂ်ယော၏ အစွမ်းကိုပင် သူသေသေချာချာ သိခဲ့သည်။ထိုစဉ်က ချန်လွေ့ကို လမ်းဆုံးအထိ သူလိုက်ဖမ်းခဲ့ပြီး ချန်လွေ့က ရေကန်ပြာရှိနဂါးကို ဆင့်ခေါ်လိုက်သည့်အတွက် သူအညံ့ခံခဲ့ရသည်။တစ်လအတွင်းမှာပင် “သခင်”၏ စွမ်းအားသည် သူမော့ကြည့်ရသော အမြင့်တစ်ခုအထိ ရောက်ရှိသွားခဲ့လေပြီ။

အလွန်အံ့အားသင့်နေကြသည့် အခြားသူများမှာ “ အက်ဂ်ယော ” ကို အစိတ်စိတ်အမွှာမွှာ ဆွဲဖြဲချင်သည့် ငြိမ်ဝပ်ပိပြားရေးအရာရှိ အဲလန်၊ ခေါင်းဆောင်ကို စိန်ခေါ်ရန် ဆုံးဖြတ် ထားသည့် ဝတ်ရုံဂိုဏ်း လက်ထောက်ခေါင်းဆောင်ဖြစ်သည့် အမှောင်နတ်သူငယ် ဂျက်စီ နှင့် အက်ဂ်ယောအား မထောက်ခံကြသည့် ပရိသတ်အများအပြား ဖြစ်သည်။ပရိသတ် အားလုံး တစ်ပြိုင်နက်တည်း ခံစားလိုက်မိသည်။ အချိန်၂နာရီက အလကားမဖြစ်သွားဘူး။ ဒါက အစွမ်းထက်ဆုံး အမြင့်ဆင့်နတ်ဆိုး နှစ်ယောက်ရဲ့ ရှားရှားပါးပါး တိုက်ပွဲပဲ။

အဆက်မပြတ် ဆူညံသံများအောက်တွင် အချိန်ကုန်ဆုံးသွားပြီး ပြိုင်ကွင်းအလယ်ပိုင်း လည်း ပျက်စီးသွားခဲ့လေပြီ။

တိုက်ခိုက်သံများ၏ စည်းချက် ဖြည်းဖြည်းချင်း နှေးကွေးသွားသည်။ ပြင်းထန်လှသည့် တိုက်ပွဲအတွင်းရှိ ပုံရိပ်နှစ်ခုသည် ချက်ချင်းပင် နောက်ဆုတ်ပြီး အချင်းချင်း ဝေးကွာအောင် ပြုလုပ်လိုက်သည်။

အရတ်စ်၏ သတ္တုချပ်ကာလည်း ဆိုးဆိုးဝါးဝါး ပုံပျက်နေပြီး လက်သီးအရာများ ပြည့်နှက်နေသည်။သူ၏နှုတ်ခမ်းစောင်းမှ သွေးများထွက်နေပြီး မောဟိုက်နေသည်။ သို့သော်လည်း ခန္ဓာကိုယ်ပေါ်ရှိ နတ်ဆိုးမီးတောက်သည် ပို၍တောက်ပစွာ လောင်ကျွမ်း နေပြီး သွေးနီရောင်မျက်လုံးများထဲမှ ထူးထူးဆန်းဆန်း ရောင်ခြည်တစ်ခု ထုတ်လွှတ် နေသည်။ စိတ်လှုပ်ရှားမှုပေတည်း။

နှစ်တစ်ရာကျော်အတွင်း သူ့ကို စိတ်လှုပ်ရားမှုပေးနိုင်သည့် ပြိုင်ဘက်တစ်ယောက်နှင့် ပထမဆုံး တွေ့ကြုံရခြင်း ဖြစ်သည်။ထိုသူသည် ယခုအချိန်အထိပင် သူနှင့်ထိပ်တိုက် တိုက်ခိုက်နိုင်လေသည်။

ချန်လွေ့သည် မောဟိုက်နေရင်း မျက်လုံးထဲ၌ အရောင်တောက်နေသည်။ထိုကဲ့သို့ တိုက်ခိုက်မှုမျိုးသည် စွမ်းအင် တော်တော်များများ ကုန်ဆုံးစေသည်။၎င်းသည် ခံနိုင်ရည်၊ စိတ်စွမ်းအားနှင့် ခန္ဓာကိုယ်တို့အတွက် ကြီးမားလှသော စိန်ခေါ်မှု တစ်ရပ်ပင် ဖြစ်သည်။သူ၏ကြယ်စွမ်းအား အတော်များများ ကုန်ဆုံးသွားပြီး ဝတ်ရုံလည်း အစိတ်စိတ် အမွှာမွှာ ဖြစ်သွားလေပြီ။ခန္ဓာကိုယ်၌ ဒဏ်ရာများ ပြည့်နှက်နေသော်လည်း ဒဏ်ရာ ပြင်းပြင်းထန်ထန် မရှိနေပေ။အယ်ခိတ်အခြေအနေ၏ ခန္ဓာသန့်စင်မှုသည် သူ၏ ခန္ဓာကိုယ်ကို ထူးထူးခြားခြား ဖြစ်စေခဲ့သည်။ထို့ပြင် သူ၏တိုက်ပွဲ ဖြတ်လတ်မှုသည်လည်း တကယ့်တိုက်ခိုက်မှုကြောင့် ပို၍ပို၍ အစွမ်းထက်လာသည်။သူသတိမထားမိလိုက်ခင် မှာပင် သူ၏အလိုအလျောက် တုံ့ပြန်မှုသည် ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ပြီး ထိခိုက်မှုကို လျော့ကျအောင် လုပ်နေနိုင်သည်။

ဘရော့ခ်ကဲ့သို့ မယှဉ်နိုင်သူတစ်ယောက်နှင့် ကြုံတွေ့ခဲ့လျှင် ချန်လွေ့ ထိုကဲ့သို့ လုပ်ဆောင်နိုင်မည် မဟုတ်သည်မှာ အသေအချာပင် ဖြစ်သည်။

အရတ်စ်၏ စွမ်းအားသည် အမှန်တကယ်ပင် ဘာနကယ်ထက် မြင့်မားလှသော်လည်း သူတို့၏ ဝိသေသ လက္ခဏာများသည် လုံးဝကွဲပြားနေသည်။ ဘာနကယ်၏ အားသာချက်မှာ ခုခံမှု ဖြစ်သည်။အဆင့်မြှင့်ထားသည့် [ အရုဏ်ဦးပစ်ချက် ] သည်ပင် ဘာနကယ်၏ အကြွင်းမဲ့ခုခံခြင်းကို မဖောက်ထွင်းနိုင်ပေ။သို့သော်လည်း တိုက်စစ်သည် အကောင်းဆုံးခံစစ် ဖြစ်သည့်အတွက် အရတ်စ်သည် လုံးဝမခုခံပေ။တိုက်ခိုက်ချင်စိတ် ကြောင့်ဖြစ်စေ၊စွမ်းအားကြောင့်ဖြစ်စေ၊နည်းလမ်းကြောင့်ဖြစ်စေ အရတ်စ်သည် ချန်လွေ့ တွေ့ဆုံခဲ့ဖူးသည့် အဆင့်တူပြိုင်ဘက်များထဲ၌ အစွမ်းအထက်ဆုံး ဖြစ်သည်။

ဤကဲ့သို့ ခွန်အားသက်သက်ချည်း ယှဉ်ပြိုင်သည့်အခါတွင် ဘာနကယ်နှင့် တိုက်ခိုက်စဉ်က ခံစားခဲ့ရသော ခံစားချက်သည် ပို၍ပို၍ ပြင်းထန်လာသည်။ဓားနှစ်ချောင်း ပွတ်တိုက် ခြင်းကြောင့် ထွက်ပေါ်လာသည့် မီးပွင့်များ ကဲ့သို့ပင် ဖြစ်သည်။ပွတ်တိုက်မှုအားတိုး လာသည့်သည်နှင့်အမျှ မီးပွင့်များ ပို၍ပြင်းထန်စွာ တောက်လောင်လာပြီး နောက်ဆုံး၌ တကယ့်မီးတောက် ဖြစ်သွားတော့သည်။

ထိုအချိန်၌ လူသားခန္ဓာကိုယ်ထဲရှိ မြောက်မြားလှစွာသော ကြယ်မှုန်များ အလွန်အမင်း သန့်စင်သွားပြီး တောက်ပနေသည်။တစ်ပွင့်တိုင်းသည့် အကြိမ်ထောင်ပေါင်းများစွာ သန့်စင်ထားသကဲ့သို့ ဖြစ်နေသော်လည်း ချောချောမွေ့မွေ့ ပူးပေါင်း ဆောင်ရွက်နေသည်။ ထိုအချိန် အတောအတွင်းတွင် ထိုကြယ်မှုန်များ ထုတ်လွှတ်သော အလင်းရောင်သည် သုံးဖက်မြင် ခန္ဓာကိုယ်တစ်ခုလုံးထံ ပြည့်နှက်သွားသည်။ဤမျှသာမက ခန္ဓာကိုယ်မှ ဖောက်ထွက်တော့မည့် ခံစားချက်တစ်ခုကိုလည်း ယဲ့ယဲ့လေး ခံစားနေရသည်။

ချန်လွေ့သည် ပင်လယ်လှိုင်းကြမ်းနှင့် မြေဆွဲအားလေ့ကျင့်ရေးမှ တစ်ဆင့် သဘောတရား တော်တော်များများကို စုဆောင်းထားပြီးလေပြီ။ယခုတွင် သူသည် ခံစားချက်အသစ်ကို သေသေချာချာ ဆုပ်ကိုင်ထားသည်။အသံတိတ်ညစိမ့်မြေ၌ စုပ်ယူခဲ့သည့် ပြင်ပအား တချို့သည်ပင် စတင်ပေါင်းစည်းလာပြီး ခန္ဓာကိုယ်၏ တကယ့်စွမ်းအားအဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲသွားသည်။

“ မင်းလိုမျိုး တဲ့တိုးဆန်တဲ့ ပြိုင်ဘက်တစ်ယောက်နဲ့ ရင်ဆိုင်ရမယ်လို့ ငါမထင်ထားခဲ့ဘူး။ ဒီလိုတိုက်ပွဲမျိုးကို ငါတကယ် သဘောကျပေမဲ့လည်း ငါ့မှာ အင်အား သိပ်မကျန်တော့ဘူး။ မင်းရဲ့ ခံနိုင်ရည်နဲ့ ခန္ဓာကိုယ်က ငါ့ထက်ပိုပြီး စွမ်းတယ်‌ဆိုတာ အသေအချာပဲ။ဒီလိုပဲ ဆက်ပြီးတိုက်ခိုက်မယ်ဆိုရင် ငါအရင်ဆုံး ရှုံးနိမ့်သွားလိမ့်မယ်။ ”

အရတ်စ်သည် မဖုံးကွယ်ထားဘဲ ပြောလိုက်ရာ လူအုပ်များကြားထဲ၌ ပွက်လောရိုက် သွားတော့သည်။အရတ်စ်က အက်ဂ်ယောလောက် မစွမ်းဘူးဆိုတာကို ကိုယ်တိုင်ဝန်ခံ လိုက်တာပဲ။

“ မင်းကို လေးစားသမှုပြသတဲ့အနေနဲ့ မင်းရဲ့ခေါင်းကိုဖြတ်ဖို့ ငါ့ရဲ့အစွမ်းအထက်ဆုံး တိုက်ခိုက်ရေး အစွမ်းကိုသုံးပြီးတော့ ဒီတိုက်ပွဲကို အဆုံးသတ်လိုက်မယ်။ ”

All Chapters