ထိုနှစ်က အဖြစ်အပျက်ကို စစ်ဆေးခြင်း ၁
Vol. 120 Ch. 1676
သို့သော် ရှီမာယူယူတွင် မျှော်လင့်ချက်မရှိခဲ့ပေ။
ထိုလူများသာ သူမကို အမှန်တကယ်နားလည်ပါက သူမ၏ စုံစမ်းနိုင်မှုကို သိသင့်သည်။ ထို့အပြင် သူတို့တွင် ကြောက်လန့်မှုမရှိသည်မှာ သူတို့သည် ပြင်ဆင်လာခြင်းဖြစ်နိုင်သည်။ ထိုအနက်ဝတ်လူများ၏ သတိကြီးသောနည်းနာ အရ သဲလွန်စတစ်ခုမှပင် မချန်ထားခဲ့ပေ။
ဖြစ်ချင်တော့ ရှီမာယူယူသည် သူတို့၏ အသိစိတ်ပင်လယ်ကို ကာထား သည့် အတားအဆီးကို ရှာတွေ့လေသည်။ သူမ အတင်းဖျက်ရန်ကြိုးစားလိုက် သည်နှင့် သူတို့၏ စိတ်များလည်း ကြေမွကွဲကြေသွားမည်ဖြစ်သည်။
ထိုမျှသာမဟုတ်ပေ။ ဝန်ခံလျှင်လည်း သေမည်ဖြစ်သည်။ သူတို့အတွက် တွန်းလှန်ရန် နည်းလမ်းမရှိပေ။
ထို့ကြောင့်ပင် သူတို့သည် အားစိုက်ထုတ်သောငြား မည်သည့် သတင်းမှ မရခဲ့ပေ။
“တကယ်တော့ ငါတို့က ဘာအကျိုးမှမရှိတာမဟုတ်ဘူး” ရှီမာဟော်ရွှမ်း သည် ရှီမာကျိယွင် စိတ်တိုသည်ကို မြင်သည်နှင့် ပြောလိုက်သည်။
“အဘိုးကြီး ဘာတွေစဉ်းစားနေတာလဲ” ရှီမာကျိယွင် မေးလိုက်သည်။
“ပြည်နယ် ၁၆ ကမျိုးနွယ်တွေက ဘယ်လောက် အားကောင်းလဲဆိုတာ ငါတို့သိတာပဲ၊ အနက်ဝတ်လူတွေကလည်း သူတို့ထဲမှာရှိနေတယ် ဒီလိုမျိုး အံ့ဖွယ်အဆင့်ကိုမှ အဆင့်မြင့်တဲ့လူအများကြီး ခေါ်လာနိုင်တာ သူတို့ရဲ့ စွမ်းအားက သာမာန်ထက်ကျော်လွန်နေတာပဲ၊ သူတို့ကို မွေးထုတ်ဖို့ကလည်း ပုံမှန်မျိုးနွယ်တွေထက် အားကောင်းမှဖြစ်မယ်လို့ ဆိုလိုတာပဲ၊ ငါမှန်းမိတာက လျှို့ဝှက်မိသားစုအပြင် ဒီလိုစွမ်းရည်က ဘယ်သူ့မှာမှမရှိနိုင်ဘူး” ရှီမာဟော်ရွှမ်း ခွဲခြိမ်းစိတ်ဖြာလေသည်။
“ဘိုးဘိုးကြီး ဒါကို တုနန်မျိုးနွယ်လုပ်တယ်လို့ ခံစားရတာလား” ရှီမာယူယူ မေးလိုက်သည်။
“ယီမျိုးနွယ်က တုနန်မျိုးနွယ်နဲ့ ဆက်နွယ်နေတာ ဖြစ်နိုင်တယ် ဒါပေမဲ့ ဒီ အနက်ဝတ်လူတွေတော့မဟုတ်ဘူး” ရှီမာလျူရွှမ်း ပြောလိုက်သည် “ဒီအနက် ဝတ်လူတွေက ငှက်မျိုးနွယ်တွေကို ဂယက်ထအောင်လုပ်ချင်တာပဲ အဲဒါ ကြောင့် သူတို့ရဲ့နောက်ခံက ငါတို့သိတာထက် ကျော်လွန်တဲ့ရည်ရွယ်ချက်တွေ ရှိနေမှာပဲ”
“တုန်လိုင်မျိုးနွယ်ကရော သမီးကတုန်လိုင်မျိုးနွယ်နဲ့ ရန်ငြိုးရှိနေတာ သူတို့က ဒီနည်းလမ်းနဲ့ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်တာလား”
“တုန်လိုင်မျိုးနွယ်လည်း ဖြစ်နိုင်တယ် ဒါပေမဲ့ တခြားလျှို့ဝှက်မိသားစု လည်းဖြစ်နိုင်တယ်” ရှီမာဟော်ရွှမ်း ပြောလိုက်သည် “ဒါပေမဲ့ အခု သမီးက ဖန်မျိုးနွယ်ရဲ့ ကာကွယ်မှုအောက်မှာ ရှိတယ်ဆိုတာကို သူတို့သိတော့ သမီးကို အလွယ်တကူ လုပ်ကြံတော့မှာမဟုတ်ဘူး”
“သမီးက သူတို့ကို လာစေချင်နေတာ အဲဒါမှ အနည်းဆုံးတော့ သဲလွန်စ နည်းနည်းဖြ်စဖြစ်တွေ့နိုင်မှာ” ရှီမာယူယူ သက်ပြင်းချလေသည် “ဪ ဟုတ်သားပဲ လျှို့ဝှက်မိသားစုက တစ်ခုခုဖြစ်နေတယ်လို့ ထင်တယ်”
“ဘာလို့လဲ”
ရှီမာယူယူသည် ပျောက်ဆုံးနယ်မြေတွင်ရှိစဉ်က လျှို့ဝှက်မိသားစုများ၏ မူမမှန်မှုများကို တွေ့ခဲ့သည့်အကြောင်းကို ပြောပြလိုက်သည်။ ပြီးနောက် သူမ သည် သူမ၏ ခန့်မှန်းချက်ကို ပြောပြလိုက်သည် “တုန်လိုင်လီက တုနန်ဟော် ကို အရမ်းမုန်းနေတာ၊ ဒါပေမဲ့ ခဏလေးနဲ့ စေ့စပ်လိုက်တယ် ပြီးတော့ သူတို့ တွေက ကြက်သွေးရောင်ပုလဲတွေ့ဆုံပွဲမှာတုန်းက အရမ်းထင်ပေါ်လွန်းတယ် အဲဒါကြောင့် ရည်ရွယ်ချက်တစ်ခုခုရှိရမယ်လို့ ထင်တယ်၊ သမီးကဖျက်ဆီးပစ် လိုက်လို့သာရယ်”
“အဲလိုဖြစ်နိုင်တယ် တကယ်သာအဲလိုဆိုရင် သူတို့က သမီးကို သူတို့ရဲ့ ရန်သူလို့ပဲ သေချာပေါက်တွေးသွားမှာပဲ” ရှီမာဟော်ရွှမ်းသည် သူမအား စနောက်ခဲသည်။
“သမီးနဲ့ ရွှမ်ချုံးမျိုးနွယ်က သခင်လေးတို့က ဆက်ဆံရေးကောင်းကြ တယ်မဟုတ်ဘူးလား သူ့ကိုဘာလို့သွားမမေးတာလဲ” ရှီမာကျိယွင် မေးလိုက် သည်။
“အရင်တစ်ခေါက် သမီးရွှမ်ချုံးမျိုးနွယ်မှာရှိတုန်းက ပြဿနာအကြီးကြီး ဖြစ်ခဲ့တာ၊ အခု သူက သမီးနဲ့တွေ့ချင်ပါ့မလားဆိုတာ မသေချာဘူး ပြီးတော့ အနက်ဝတ်လူကိစ္စကတော့ အရင်ကရွှမ်ချုံးမျိုးနွယ်ိကု တစ်ခါမှ သံသယမဝင်ဖူး ဘူး ဒါပေမဲ့ အရင်တစ်ခေါက် ဖြစ်တာကိုကြည့်ရင် ရွှမ်ချုံးမျိုးနွယ်က လုံးဝ မပတ်သက်တာတော့မဟုတ်ဘူး သမီးသ သူတို့ကိုသွားရှာလိုက်ရင် သတိပေး သလိုဖြစ်သွားမှာပဲ” ရှီမာယူယူသည် ရွှမ်ချုံးဟော်ကို တွေးလိုက်သည်နှင့် အနည်းငယ် ရှုပ်ထွေးမိသည်။
“ဒီကိစ္စကို စုံစမ်းဖို့ ငါ့ကိုသာ အပ်ထားလိုက်တော့” ရှီမာကျိယွင် ပြော လိုက်သည်။
“အင်း သမီး သတင်းရလိုရငြားကြည့်ရင်းနဲ့ သွားလည်လိုက်ဦးမယ်”
“သမီးသွားလည်ချင်တယ်ဆိုရင် ဒီဟာကိုကိုင်တွယ်ဖို့ သမီးကိုပဲ အပ်ထား လိုက်တော့မယ်” ရှီမာကျိယွင်သည် ပြောရင်းနှင့် ဖိတ်စာကို သူမလက်ထဲသို့ ထည့်ပေးလိုက်သည်
ရှီမာယူယူ ဖွင့်ပြီး အထဲသို့ကြည့်လိုက်သည်။ ထိုအရာသည် ပြည်နယ် ၅ ယွမ်မျိုးနွယ်၏ ဖိတ်စာဖြစ်ကာ အမျိုးမျိုးသော ကျွမ်းကျင်သူများ စုဝေးမှုနှင့် ပညာများဖလှယ်ရန် ညီလာကိုဖိတ်ကြားစာဖြစ်သည်။
ထိုကဲ့သို့ညီလာခံမျိုးကို တိုင်းပြည်အတွင်းတွင် မကြာခဏပြုလုပ်လေ့ရှိ သည်။ သို့သော် အများစုမှာ သူတို့နှင့်ရင်းနှီးသောသူများ သို့မဟုတ် အလွန် ထူးချွန်သည့်လူများကို ဖိတ်ကြားကြသည်။ အရင်ကဆိုလျှင် သူတို့သည် ရှီမာ မျိုးနွယ်ကို ဖိတ်ကြားခြင်းမရှိခဲ့ပေ။ သို့သော် ယခုအချိန်တွင် ရှီမာမျိုးနွယ်၏ နေရာမှာ မြင့်တက်လာပြီး ရှီမာယူယူကဲ့သို့ အရည်အချင်းရှိသူပင် ပေါ်ထွက် လာခဲ့သည်။ ထို့ကြောင့် သူတို့သည် ဖိတ်စာပေးခြင်းဖြစ်သည်။
“ပြည်နယ် ၅ ကယန်မျိုးနွယ်လား” ရှီမာယူယူသည် စာလုံးများကိုကြည့် ပြီး အကြည့်မှာလေးနက်လာသည်။
“ဘာလဲ ယန်မျိုးနွယ်ကဘာဖြစ်လို့လဲ” ရှီမာဟော်ရွှမ်းမေးလိုက်သည်။
“ဒါကိုကြည့်လိုက်” ရှီမာယူယူသည် သတင်းတချို့ထုတ်ပြီး သူတို့ကိုပေး လိုက်သည် “အရင်တစ်ခေါက် ရွှမ်ယွမ်ဆိုင်မှာတုန်းက သတင်းတချို့ရခဲ့သေး တယ်”
“ယန်မျိုးနွယ်ဝင်တွေက သမီးအမေကို အဆိပ်ခတ်တဲ့ထဲမှာပါနေတာ လား” ရှီမာကျိယွင်သည် တခြားသူများကို လှည့်ပတ်ကြည့်ပြီး အလွန်အံ့ဩနေ သည်။
သူမက တကယ်ပဲ ဒီလိုသတင်းကိုတောင် စုံစမ်းခိုင်းထားတယ်။ သူမက အမေဖြစ်သူအစား လက်စားချေမလို့လား။
“အဲတုန်းက ဘာတွေဖြစ်ခဲ့လဲဆိုတာ မသိရင်တော့ ဒီအတိုင်းပဲကျော်သွား မမိမှာ သမီးအမေကို ကောင်းကောင်းဆက်ဆံတဲ့သူကို ပြန်ကျေးဇူးဆပ်မယ် အဲလိုပဲ သမီးအမေကို အဆိပ်ခတ်တဲ့သူကိုလည်း အလွတ်မပေးဘူး” ရှီမာယူယူ သည် တိုးညင်းစွာပြောလိုက်သည်။
ရှီမာကျိယွင်သည် သတင်းကိုသူမဆီသို့ ပြန်ပေးပြီး ပြောလိုက်သည် “သမီး လုပ်ချင်သလိုလုပ်ပါ ဘယ်လိုပဲဖြစ်ဖြစ် အခုတော့ စီစဉ်စရာမလိုသေးဘူး”
သူမသာ မိခင်ဖြစ်သူအစား လက်စားချေလိုပါက သူတို့အတွင် တားရန် အကြောင်းပြချက်မရှိပေ။
ထို့အပြင် သူမတွင်လည်း ထိုသို့လုပ်ပိုင်ခွင့်ရှိသည်။
“သမီးအဖေကိုပါ ခေါ်သွားချင်လား” ရှီမာဟော်ရွှမ်း မေးလိုက်သည်။
“မခေါ်ဘူး သမီးဘာသာသွားမယ်” ရှီမာယူယူ ခေါင်းခါယမ်းလိုက်သည် “အဲလူတွေက သမီးအဖေကိုသိကြတယ် သူနဲ့လည်း ရန်ငြိုးတွေရှိထားတယ်ဆို တော့ သူသွားလိုက်ရင် မကောင်းဘူး တစ်ခုခုဆိုရင် သူအရင်ကအကြောင်းသိ လာရင် သမီးလှုပ်ရှားဖို့ခက်သွားမယ်”
“….”
ဒီကောင်မလေးက သူတို့အသိုက်ကို ဖျက်ဆီးပစ်ဖို ကြံနေတာလား။
“အဟွတ် အဟွတ် ဒီကိစ္စမှာပါနေတဲ့လူတွေကို ရှင်းပစ်တာနဲ့တင် လုံလောက်ပါတယ် မျိုးနွယ်တစ်ခုလုံးကို အပြစ်ပေးဖို့မလိုပါဘူး” ရှီမာဟော်ရွှမ်း သည် သူမကို သတိပေးလိုက်သည်။
“သမီးသိပါတယ်” ရှီမာယူယူ ပြောလိုက်သည် “မျိုးနွယ်က ဝင်မပါရင် သမီးလည်း အရမ်းကြိုးပမ်းမှာမဟုတ်ပါဘူး သမီးက တခြားသူတွေကို လက်လွတ်စပယ် သတ်တတ်တဲ့သူမဟုတ်ပါဘူး”
“ယူယူက အမြဲတမ်း ဒီလိုကိစ္စတွေကိုပဲ ဖြေရှင်းနေရတာပဲ ဒီအဘိုးကြီး ကတော့ ပူညံပူညံကိုလုပ်လွန်းတယ်” ရှီမာကျိယွင် နှာမှုတ်လိုက်သည် “သမီး ဆီမှာ ဖန်မျိုးနွယ်ရှိတယ်ဆိုပေမဲ့ အစောင့်တွေနည်းနည်းလောက် ထပ်ခေါ်သွား တာကောင်းလိမ့်မယ် သွားပြီးပျော်လိုက်ပါ ဒီကတခြားကိစ္စတွေကို ငါတို့ပဲ တာဝန်ယူထားလိုက်မယ် သတင်းတစ်ခုခုရရင် ပြောဦး”
ရှီမာယူယူသည် ရှီမာကျိယွင်၏ ကာကွယ်ပေးတတ်မှုကို ခံစားရကာ နှုတ်ခမ်းမှာ အပြုံးသဖွယ်တွန့်ကွေးသွားလေသည်။ သူမ ပြန်ဖြေလိုက်သည် “ဟုတ်ကဲ့ပါ”
စစ်ဆေးမေးမြန်းသည့်နေရာမှ ထွက်လာပြီးနောက် ရှီမာလျူရွှမ်ဆီသို့ သွားကာ သူမ ထွက်သွားမည်ဖြစ်ကြောင်း ပြောလိုက်သည်။
“အဖေလည်းလိုက်မယ်” ရှီမာလျူရွှမ်သည် မစဉ်းစားဘဲ တောင်းဆိုလိုက် သည်။
“အဖေ မသေလူနဲ့ အနက်ဝတ်လူတွေအကြောင်းကို အဖေ့ကို စစ်ဆေး စေချင်တယ်လို့ ဘိုးဘိုးကြီးက ပြောနေတာ” ရှီမာယူယူ ပြောလိုက်သည် “အဲလူတွေက သမီးကိုသတ်ချင်နေတာ အဲဒါကြောင့် ဖြေရှင်းလို့မရဘူး သမီး ဘယ်သွားသွား စောင့်ကြည့်ခံနေရမှာပဲ တစ်ယောက်ယောက်က သမီးကိုသတ် ချင်တယ်လို့ တွေးမိရင် သမီးတော့…”
“ဟုတ်ပြီ အဖေစစ်ဆေးလိုက်မယ် ဒါပေမဲ့ သမီးတစ္ဆေလောကကိုသွားရင် တော့ အဖေ့ကိုခေါ်သွားရမယ်လို့ ကတိပေးရမယ်” ရှီမာလျူရွှမ်သည် သူမ ဆံပင်ကို ပုတ်လိုက်သည်။
“ဟုတ်ကဲ့ စိတ်ချပါ အမေ အတွေ့ချင်ဆုံးကလည်း အဖေပဲဖြစ်မှာ အဖေ မပါဘဲ သွားဖို့မဖြစ်နိုင်ဘူး ဟုတ်ပြီလား” ရှီမာယူယူသည် ပြုံးရင်းနှင့် ပြေးထွက် လာလိုက်သည်။
“ဒီကောင်မလေးတော့…” ရှီမာလျူရွှမ်သည် သဲ့သဲ့ပြုံးမိသည် “သမီးလုပ် ချင်တာကိုသာ သွားလုပ်ပါ”
“သခင်လေး သခင်မလေးက ဘာလုပ်ချင်တာလဲ” ရှီမာလျူရွှမ်၏ အနောက်မှအစေခံလေးသည် မေးလိုက်သည်။
“ယွမ်မျိုးနွယ်က ဖိတ်စာပေးတယ်လို့ မပြောဘူးလား၊ ယွမ်မျိုးနွယ်က သခင်မလေးက ခဲ့လော့ကို အဆိပ်ခတ်တယ်လို့ ငါသံသယဝင်တယ်၊ သူမသာ အဲလိုလုပ်တယ်ဆိုရင် စဉ်းစားကြည့်ဖို့တောင်မလိုဘူး ဒါပေမဲ့ အခု သူမက သူမ နဲ့မလိုက်ခိုင်းဘူးဆိုတော့ ကြောက်တာက ဒီကောင်မလေး…” ရှီမာလျူရွှမ်၏ မျက်လုံးသည် နူးညံ့မှုများပြည့်နေသည် “ဒါပေမဲ့ သူမ ဘာပဲလုပ်ချင်လုပ်ချင် လုပ်ပါစေ စောင့်ကြည့်ဖို့သာ လူလွှတ်ထားပေးလိုက် တစ်ခုခုဖြစ်ရင် ချက်ချင်း သတင်းပြန်ပို့ သူမ အသက်အန္တရာယ်မရှိသရွေ့ သွားဆော့ပါစေ”
သားသမီးကို မိဘများထက် နားလည်သူမရှိဟု ပြောကြသည်။
“ဟုတ်ကဲ့ပါ သခင်လေး” အနောက်မှ အစေခံသည် ပြန်ဖြေလိုက်သည်။
“သူမ ပြောတာမှန်တယ် မသေလူနဲ့ အနက်ဝတ်လူတွေရဲ့ကိစ္စကို မဖြေရှင်းနိုင်ရင် သူမက အမြဲတမ်းအန္တရာယ်ဖြစ်နေမှာ သွားပြီးလုပ်စရာရှိတာ လုပ်ချေ ငါဖန်ကျိရှင်းနဲ့ ကိစ္စတချို့သွားဆွေးနွေးလိုက်ဦးမယ်” ရှီမာလျူရွှမ် သည် ပြောပြီးသည်နှင့် ပျောက်သွားလေသည်။
***