← Chapters

ဖွင့်ပြောခြင်းနှင့် မှန်းဆခြင်း

Vol. 10 Ch. 150

ဖွင့်ပြောခြင်းနှင့် မှန်းဆခြင်း

Vol. 10 Ch. 150

ရှီလန်တောင် မြေအောက်လောကရှိကျောက်ပြားတစ်ခုပေါ်၌ ဖြစ်သည်။

လူနှစ်ယောက်သည် တစ်သားတည်း ဖြစ်နေသကဲ့သို့ အချင်းချင်းနီးကပ်နေကြသည်။ ရံဖန်ရံခါ တီးတိုးသံများကိုလည်း ကြားနေရသည်။သူတို့နှစ်ယောက်သည် နှစ်လုံးသား တစ်စုံ ရစ်ပတ်ခြင်း၏ ချိုမြိန်မှုထဲ၌ နစ်မြုပ်နေကြပြီး အချိန်ကာလကို လုံးဝမေ့လျော့နေကြသည်။

အသီနာသည် ချန်လွေ့၏ပုခုံးပေါ်သို့ မှီလိုက်သည်။သူတို့နမ်းရှိုက်ပြီးနောက် အသီနာသည် ချန်လွေ့အနားသို့ မည်ကဲ့သို့ရောက်ရှိသွားကြောင်း မမှတ်မိတော့ပေ။ချန်လွေ့၏ ပုခုံးသည် အလွန်သက်တောင့်သက်သာရှိပြီး စိတ်အေး‌စေသည်ကိုသာ ခံစားရသည်။သူ၏ခါးပေါ်ရှိ လက်တစ်ဖက်ကိုမူ အသီနာလျစ်လျူရှုထားလိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ်ပါ။သူက ငါ့ကို နမ်းပြီးပြီ။ပြီးတော့လည်း တစ်ကြိမ်မကဘူး....

“ အချစ်ရဆုံး အသီနာဝေးလ်စ်။အခု မင်းကိုကိုင်ထားတဲ့ကောင်က အဲ့ဒီအားနည်းတဲ့ လူသားပဲဆိုရင် ခုနကလို အပြုအမူမျိုး လုပ်နိုင်ပါဦးမလား။ ”

“ ဟမ့်။င့ါကို ဘယ်သူလို့နင်ထင်တာလဲ။ ”

အသီနာ ခေါင်းမော့ပြီး မကျေမနပ် ဖြစ်သွားသော်လည်း ချန်လွေ့သည် အသီနာကို ပို၍တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။“စွမ်းအားပြန်လည်မရရှိသေး”သည့် အတွက် ကြောင့် အသီနာသည် ချန်လွေ့လက်ထဲမှ မလွတ်မြောက်နိုင်သေးပေ။အသီနာလည်း ရွေးချယ်စရာမရှိတော့ဘဲ သက်တောင့်သက်သာ နားနေတော့သည်။

ချန်လွေ့သည် အတိတ်က အသီနာနှင့် ဖြတ်သန်းခဲ့သည့် အခိုက်အတန့်များကို ပြန်လည်သတိရလိုက်ပြီး နှလုံးသားထဲ၌ နွေးထွေးသည့် ခံစားချက်တစ်ခု ပျံ့နှံ့သွားသည်။ စွဲလမ်းမှုဆိုတာက တဒင်္ဂထိတွေ့မှု ဒါမှမဟုတ် လှုံ့ဆော်မှုပဲ။ကြင်နာမှုက နွေးထွေးမှု ဆက်ဖြစ်တာနဲ့ တိုးပွား‌စေတာပဲ။

ချန်လွေ့ ယခုတစ်ခေါက် ပြန်လာခြင်းမှာ အသီနာနှင့်စကားပြောပြီး သူ၏ရည်ရွယ်ချက်ကို သေသေချာချာ ဆုံးဖြတ်ရန်ဖြစ်သည်။သို့သော်လည်း ယခုတွင် ထိုသို့ပြုလုပ်ရန် မလိုအပ်တော့ပေ။

ခံစားချက် ပြောင်းလဲမှုများသည် လွန်စွာပြင်းထန်လှပြီး မသေချာမရေရာမှု များစွာရှိသည်။တစ်ခါတစ်ရံ၌ ပြီးပြည့်စုံသည့် အကြံအစည်တစ်ခုသည်ပင် ပြောင်းလဲမှု အသေးလေးတစ်ခုကြောင့် ပျက်စီးသွားနိုင်သည်။

အသီနာသည် ခံစားချက်ကို လုပ်ရပ်နှင့် ပြသခဲ့ပြီးပြီ ဖြစ်သည်။ချန်လွေ့ ကတိတည်မည့်အချိန် ရောက်လေပြီ။

“ အသီနာ ”

ချန်လွေ့သည် အသီနာ၏ဆံနွယ်များကို ညင်သာစွာ နမ်းရှိုက်ပြီး သက်ပြင်းရှိုက်လိုက်သည်။

“ ပြီးခဲ့တဲ့ တစ်လက ငါတို့သဘောတူထားတဲ့အတိုင်းဆို ငါမင်းကို ဖွင့်ပြောစရာတွေ ရှိတယ်။ ”

“…”

“ ဒါဆို နင်က တကယ်ပဲ ဝတ်ရုံဂိုဏ်းခေါင်းဆောင် အက်ဂ်ယောပေါ့။ ”

စိတ်ပြင်ဆင်ထားသော်လည်း ချန်လွေ့ပြောပြသည့်အခါ အသီနာ လန့်ပြီးရင်း လန့်သွားသည်။

“ ဒီတစ်ခေါက် နင် အမှောင်လမြို့ဆီ ပြန်ပြီးတော့ အရတ်စ်ကို အနိုင်ယူခဲ့တယ်.....”

“ ရွိုင့်စ်နဲ့ အရတ်စ်က ရှင့်ဆီမှာ အညံ့ခံလိုက်တယ်ပေါ့။ ”

“…”

“ နင်ကအခု နတ်ဆိုးဘုရင်ဖြစ်ဖို့ ခြေတစ်လှမ်းပဲ လို‌တော့တာလား။ ”

အသီနာ အံ့အားသင့်စွာ ပြောလိုက်သည်။

“ မဟာဆရာသခင်ရဲ့ အမွေအနှစ်က တကယ့်ကို မယုံနိုင်စရာပဲ။ ”

နတ်ဆိုးဘုရင်နှင့် အမြင့်ဆင့်နတ်ဆိုးကြားတွင် အခက်အခဲတစ်ခုရှိသော်လည်း ချန်လွေ့သည် လူသားတစ်ယောက်ဖြစ်သည်။သာမန်နတ်ဆိုးများကဲ့သို့ ကန့်သတ်ချက် မရှိပေ။မဟာဆရာသခင်၏ အမွေအနှစ်နှင့် ပေါင်းစပ်လိုက်သည့်အခါ ချန်လွေ့သည် အသီနာထက်ပို၍ တိုးတက်ရန် နေရာအကျယ်ကြီးရှိလေသည်။အသီနာသည် ပါ့ဂ်လီအိုကဲ့သို့ မနာလို မဖြစ်ဘဲ( အများဆုံး အားကျတာလောက်ပဲ ) ချန်လွေ့အတွက် အတော်လေးပျော်နေသည်။သျှောင်နောက် ဆံထုံးပါ ဆိုသလိုပင် ဖြစ်သည်။

“ မင်းလည်း နတ်ဆိုးဘုရင်အဆင့် ရောက်တော့မှာပဲ။နတ်ဆိုးဘုရင် အရင်ဘယ်သူဖြစ်မလဲ ငါတို့ပြိုင်လို့ရတယ်။ ”

ချန်လွေ့သည် အသီနာ၏မျက်လုံးထဲရှိ ယှဉ်ပြိုင်ချင်စိတ်ကိုမြင်ပြီး တခစ်ခစ် ရယ်လိုက်သည်။

“ ရှုံးတဲ့သူက နိုင်တဲ့သူကို တစ်နေ့လုံးနမ်းရမယ်။ဒါ‌ပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ငါ အသားယူခံ ရတယ်လို့ ခံစားရတယ်။ခုနကငါ အသက်ရှူကြပ်တော့မလို့ပဲ။ ”

သူက အသားယူခံရတယ်တဲ့။

အသီနာ၏အကြည့်သည် ရုတ်တရက် မကျေမနပ်ဖြစ်သွားကာ ထိုလူလိမ်ကို လက်သီးတစ်ချက် ပြင်းပြင်းထိုးထည့်လိုက်သည်။ သို့သော်လည်း သူ၏ “ အင်အားပြန်လည်မရရှိသေးသည့်”အတွက် ထိုလက်သီးချက် သေးသေးလေးတွင် အင်အား အများကြီး ရှိမနေခဲ့ပေ။၎င်းသည် ချန်လွေ့ကို သာယာကြည်နူးစွာ ပြုံးသွားစေခဲ့သည်။

ပြန်လည်မွေးဖွားခြင်းနှင့် စူပါစနစ်တို့သည် မည်သူ့ကိုမှ ဖွင့်ပြော၍မရသည့် ချန်လွေ့၏ အကြီးမားဆုံး လျို့ဝှက်ချက်များ ဖြစ်ကြသည်။“ မဟာဆရာသခင် အမွေအနှစ် ” သည် စူပါစနစ်၏ တည်ရှိမှုနှင့် စွမ်းအားတိုးလာရသည့် အကြောင်းရင်းကို ရှင်းပြနိုင်သော ဆင်ခြေတစ်ခုပင် ဖြစ်သည်။သို့သော်လည်း ထို့အပြင် အသီနာကို ချန်လွေ့ မဖုံးကွယ်ထားချင်လည်း ကိစ္စတစ်ခုလည်း ရှိနေသည်။

ခုနက ချန်လွေ့သည် လိုင်ရာမြို့အကြောင်းနှင့် အသံတိတ်ည စိမ့်မြေအကြောင်းကို မပြောခဲ့ပေ။အမှောင်လမြို့မှ အတွေ့အကြုံများကိုသာ ပြောပြခဲ့သည်။အမှန်တရားသည် အနှေးနှင့်အမြန် ပေါ်ထွက်လာရပေမည်။နောက်ဆုံး၌ ချန်လွေ့ ဖွင့်ပြောတော့မည် ဖြစ်သည်။

“ အသီနာ... ”

“ အင်း...”

“ တကယ်လို့... ”

“ အမ် ”

“ တကယ်လို့....ငါပြောတာက...တကယ်လို့...ငါ တခြားမိန်းမတစ်ယောက်ကို..... ”

အသီနာ၏ မှိတ်လုနီးပါးဖြစ်သည့် မျက်လုံးများ ပွင့်သွားသည်။ချန်လွေ့ဘက်မှ အသီနာ၏ ဆံပင်ကိုသာ မြင်နိုင်သော်လည်း အသီနာ၏မျက်လုံးထဲရှိ စိတ်မသာယာမှုကို ခံစားနိုင် လေသည်။

ဤကဲ့သို့အခြေအ‌နေ၌ အသီနာ၏ စိတ်အခြေအနေကို ပျက်စီးအောင် လုပ်မိသည့်အတွက် ချန်လွေ့ကိုယ့်ကိုယ်ကို မုန်းတီးနေခဲ့သည်။သို့သော်လည်း ခရစ္စတီးနားနှင့် ဖြစ်ပျက် ခဲ့သည်ကို ချန်လွေ့ မဖုံးကွယ်ထားချင်ပေ။ချန်လွေ့ ရွေးချယ်ထားသည့် မိန်းမဖြစ်‌သည့် အလျောက် အသီနာသည် ထိုအကြောင်းကို သိခွင့်ရှိသည်။ချန်လွေ့၏အမြင်တွင် အမှန်တရားသည် မုသားထက် ရက်စက်သော်လည်း လှည့်စားခြင်းသည် ဖုံးကွယ်ခြင်း ထက် ပို၍ရှက်စရာကောင်းသည်။

ပြန်လည်မွေးဖွားလာပြီးနောက်၌ပင် ချန်လွေ့သည် အချစ်ရေးရာ၌ ‌ရူးကြောင်ကြောင် လူသစ်တစ်ယောက်သာ ဖြစ်နေသေးသည်။သူသည် ပန်းများအကြား၌ အေးအေး ဆေးဆေး မြူးတူးပျော်ပါးသော ချစ်သူကောင်လေးတစ်ယောက် ဖြစ်လာလိမ့်မည် မဟုတ်ပေ။

ချန်လွေ့အသက်အောင့်ပြီး အသီနာ ဒေါသထွက်မည်ကို ကြောက်ကြောက်လန့်လန့်နှင့် စောင့်ဆိုင်းနေသည်။ထိုစဉ် အသီနာ ရုတ်တရက် သက်ပြင်းချလိုက်သည်။

“ နင်က ရိုးသားတဲ့ လူအပဲ။ ”

အသီနာ မျက်လုံးပိတ်လိုက်ပြီး ချန်လွေ့၏ပုခုံးပေါ်သို့ မှီထားလိုက်ပြန်သည်။

“ တကယ်တော့ ငါသိနေပြီးသားပါ။ ”

ချန်လွေ့ ထိတ်လန့်သွားသည်။ သူသိနေတာတဲ့လား။သူက ခရစ္စတီးနားကို သိတာလား။ ဝိုင်ဗန်အသိုက် အကြောင်းကို သိတာလား။မိစ္ဆာသစ်သီးက အနာဂတ် ကြိုမြင်နိုင်တဲ့ အထူးစွမ်းရည်ကို နိုးထသွား‌စေတာလား။မဖြစ်နိုင်ဘူး။

“ မယ်ဒူဆာအသိုက်ကနေ တယ်လီပို့ခုန်ခဲ့တာက ဒီလက်စွပ်ကြောင့်ဟုတ်။ ”

အသီနာ၏ မျက်လုံးများသည် သူ့ကိုဖက်ထားသည့် ချန်လွေ့၏ဘယ်လက်ရှိ အမှောင်ဆန္ဒဆီသို့ ရောက်ရှိသွားသည်။

“ မဟာ စကြာလူဆီဖာရဲ့ ချစ်သူ ရွှယ်ဟန်ဘယ်ဖီဂေါက နတ်မိစ္ဆာမျက်လုံးရဲ့စွမ်းအားနဲ့ လူစီဖာတော်ဝင်မိသားစုသွေးကိုရောပြီးတော့ လျို့ဝှက်ဆန်းကြယ်တဲ့ လက်စွပ်တစ်ကွင်း ဖန်တီးခဲ့တယ်။အဲ့ဒီမှာ ထူးဆန်းတဲ့စွမ်းအားတွေ အများကြီးရှိတယ်လို့ ပြောကြတယ်။ တယ်လီပို့ခုန်တာလည်း ပါတာပေါ့။ဒီလက်စွပ် ပျောက်ဆုံးသွားတာ တော်တော်ကြာပြီ။ နတ်မိစ္ဆာမျက်လုံးစွမ်းအားကို အာရုံခံနိုင်တဲ့ ဘယ်ဖီဂေါမိသားစုကလွဲရင် မှတ်မိတဲ့သူ မရှိသလောက်ပဲ။ငါ့ရဲ့အဖေက ဒါကို ကံကောင်းပြီး ရသွားခဲ့တာ။လွန်ခဲ့တဲ့ ၃နှစ်တုန်းက ငါပဲ လက်စွပ်ကို အမှောင်လမြို့ဆီ ပို့ဆောင်ပေးခဲ့တာ။ ”

ချန်လွေ့ ကြက်သေသေသွားသည်။ကြည့်ကြည့်မည်ဆိုလျှင် “ အမှောင်ဆန္ဒ ” သည် ထိသာထင်ရှားမှုမရှိပေ။“ တော်ဝင်ရတနာ ”ဟူ၍ သုံးနှုန်းရန် ခက်ခဲလှသည်။ ဒါကြောင့် ခရစ္စတီးနား ဒီလက်စွပ်ကို မှတ်မိတဲ့သူ အများကြီးမရှိဘူးလို့ ပြောတာကိုး။ လွန်ခဲ့တဲ့မျိုးဆက်နှစ်ဆက်တုန်းက ကြယ်‌ကြွေတမန်အင်ပါယာရဲ့ မင်းသမီး ရွှယ်ဟန် ဘယ်ဖီဂေါက ဘယ်ဖီဂေါ တော်ဝင်မိသားစုရဲ့ အထက်တန်းစား တစ်ယောက်ပဲ ဖြစ်ရမယ်။အဲ့ဒါကြောင့် ပျင်းရိခြင်းမိသားစုဝင် ရိုမန်ကလည်း အဲ့ဒီလက်စွပ်ကို သတိထားမိတာကိုး။

လွန်ခဲ့သော သုံးနှစ်တုန်းက ဒီလက်စွပ်ကို အမှောင်လမြို့ဆီ အသီနာ ပို့ဆောင်ခဲ့တယ်။ ဒါကို သူ မှတ်မိတာ အံ့ဩစရာမရှိပါဘူး။ဒါပေမဲ့ ဒါက ခရစ္စတီးနားကို သိနေတာနဲ့ ဘာဆိုင်လို့လဲ။

ချန်လွေ့ ထပ်ပြောရန်ပြင်လိုက်စဉ် ရုတ်တရက် နိုးကြားသွားသည်။အသီနာလည်း ထိုကဲ့သို့ဖြစ်သွားသည်။အသီနာသည် ချန်လွေ့၏ ပွေ့ဖက်မှုမှ အမြန်ထလိုက်သည်။ ဒိုဒိုမှာမူ ခန္ဓာကိုယ်ကို ရေအိုင်ငယ်လေးအဖြစ် ပြောင်းလဲပြီးသွားလေပြီ။ဒိုဒိုသည် ရေအိုင်တစ်ခုနှင့် လုံးဝအတူတူပင် ဖြစ်သည်။

အသံသည် တဖြည်းဖြည်း နီးကပ်လာသည်။ အလင်းရောင်မှိန်မှိန်အောက်တွင် မြေဒြပ်စင်ကောင် တစ်ကောင်သည် အဝေးတစ်နေရာမှ ပြေးလာနေကြသည်။ ၎င်း၏နောက်တွင် ပြိဿသုံးလေးယောက် လိုက်ဖမ်းနေကြဟန်တူသည်။

ချန်လွေ့ အကြံတစ်ခု ရလိုက်သည်။သူ အသီနာကို ခေါ်ပြီး ကျောက်ပြားပေါ်မှဆင်းကာ မြေဒြပ်စင်ကောင်၏ လမ်းကြောင်းကို ပိတ်ဆို့ထားလိုက်သည်။မြေဒြပ်စင်ကောင်သည် [D] အဆင့် စွမ်းအားများရှိသည်။သို့သော်လည်း စွမ်းအားကုန် သုံးသည့်တိုင် ချန်လွေ့နှင့် အသီနာတို့၏ ပူးပေါင်းမှု မဖောက်ထွက်နိုင်ခဲ့ပေ။

နောက်မှရောက်လာသော ပြိဿတစ်ယောက်သည် ယခင်တိုက်ပွဲ၌ ရဲရင့်စွာ ကူညီပေးခဲ့သော ချန်လွေ့နှင့် အသီနာတို့ကို မှတ်မိသွားပြီး ရင်းနှီးသည့် အမူအရာအနေဖြင့် ရင်ဘတ်ကို ပုတ်လိုက်သည်။ချန်လွေ့လည်း ရင်ဘတ်ပုတ်ပြီး [ သရုပ်ခွဲမျက်လုံး ] အသုံးပြုကာ ပြောသည်။

“ မိတ်တွေတို့။ကျုပ် လာကူညီတာပါ။ ”

ထို့နောက် ချန်လွေ့ အသံမြှင့်လိုက်သည်။

“ ဒိုဒို။မင်းဆက်ပြီးတော့ အလုပ်မလုပ်ဘဲ နေမယ်ဆိုရင် ငါမင်းကိုဒီမှာပဲ ချန်ထားလိုက် တော့မယ်။ ”

ထိုသို့ပြောပြီးသည်နှင့် ဖောက်ထွင်းမြင်ရသော “ ကြိုး ”သည် ရေအိုင်ထဲမှ ခုန်ထွက် လိုက်သည်။ရေအိုင်ကို ကျောခိုင်းထားသည့် မြေဒြပ်စင်ကောင် သတိလက်လွတ် ဖြစ်သွားကာ ကြိုးတုပ်ခံလိုက်ရတော့သည်။

ချန်လွေ့သည် ပြိဿများကို ပို၍စည်းရုံးချင်သည်။ထိုမြေဒြပ်စင်ကောင်ကို သတ်ပစ်ရန် ချန်လွေ့ပြင်လိုက်စဉ် ၎င်းမှအသံတစ်သံ ရုတ်တရက်ထွက်လာသည်။[ သရုပ်ခွဲမျက်လုံး ]က ၎င်းကို ဘာသာပြန်ပေးလိုက်သည်။

“ ဒ့ါခ်ကို လွှတ်လိုက်။ ”

ချန်လွေ့ ကြောင်သွားပြီး လုပ်ရပ်များကို ရပ်တန့်လိုက်သည်။သူအရင်က တွေ့ခဲ့ရသည့် မြေဒြပ်စင်ကောင်များအားလုံးတွင် အသိစိတ်တစ်ခုတည်းသာရှိပြီး ၎င်းမှာ သတ်ရန်ပင် ဖြစ်သည်။ဤတစ်ယောက်သည် အနည်းငယ် ထူးခြားနေသည်။ချန်လွေ့ သေချာကြည့်သည်။ဤမြေဒြပ်စင်ကောင်သည် အမှန်တကယ်ပင် အနည်းငယ် ထူးခြားနေသည်။၎င်း၏မျက်လုံးထဲရှိ အလင်းရောင်သည် အဖြူရောင်ဖြစ်ပြီး အဝါဖျော့ရောင် မဟုတ်ပေ။၎င်း၏ မျက်လုံး‌ထောင့်တွင်လည်း သတ္တုရိုင်းအပြုန်းမှ သလင်းကျောက် အကြွင်းအကျန်ကဲ့သို့ ရှိမနေပေ။

ချန်လွေ့သည် [ အရှိန်အဝါ ကူးပြောင်းခြင်း ]ကို အသက်သွင်းပြီး ၎င်းပေါ်တွင် စမ်းကြည့်သည်။ဘာမျှမဖြစ်ပေ။စိတ်ရှုပ်နေပုံပေါ်သည့် ပြိဿကိုကြည့်ပြီး ချန်လွေ့ ပြောလိုက်သည်။

“ မိတ်ဆွေတို့။ဒီရန်သူကို မသတ်ပါနဲ့ဦး။ကျုပ်မှာ ဆက်သွယ်ပြောဆိုနိုင်တဲ့ စွမ်းရည် ရှိတယ်။ကျုပ်အခု ခင်ဗျားတို့ကို စကားပြောနေသလိုပဲ။သူ့ကို စစ်မေးလို့ရမလား ကြည့်လိုက်မယ်။ ”

ပြိဿများ ခေါင်းညိတ်လိုက်ကြသည်။ထိုမြေဒြပ်စင်ကောင်ကို ချန်လွေ့တို့အဖွဲ့က နှိမ်နင်းခဲ့သည်။ ပြိဿတို့၏ စည်းမျဉ်းအရ ချန်လွေ့သည် အကျဉ်းသားကို ကိုင်တွယ်ပိုင်ခွင့်ရှိသည်။

“ မင်းနာမည်က ‌ဒါ့ခ်လား။ ”

ချန်လွေ့သည် အဆက်မပြတ် ရုန်းကန်နေသည့် မြေဒြပ်စင်ကောင်ကို [ သရုပ်ခွဲမျက်လုံး ] သုံးပြီး မေးလိုက်သည်။

မြေဒြပ်စင်ကောင် အတော်လေး အံ့အားသင့်သွားပုံရသည်။

“ မင်းဘယ်လိုသိတာလဲ။မင်းဘာလို့ ငါနဲ့စကားပြောနိုင်ရတာလဲ။ မင်းလည်း ဒြပ်စင်ကောင်ပဲလား။ ”

ဒြပ်စင်ကောင်အချင်းချင်းသာ စကားပြော၍ရသည်ဟု မြေဒြပ်စင်ကောင် ယူဆထားခဲ့သည်။

“ ငါက ဒြပ်စင်ကောင် မဟုတ်ဘူး။ငါ့မှာ တခြားသတ္တဝါတွေနဲ့ ဆက်သွယ်ပြောဆိုနိုင်တဲ့ စွမ်းရည်ရှိတယ်။ဒါပေမဲ့ ထူးဆန်းတာ တစ်ခုရှိတယ်။တခြားဒြပ်စင်ကောင်တွေနဲ့ ငါဘာဖြစ်လို့ ဆက်သွယ်စကားပြောလို့ မရတာလဲ။သူတို့က မင်းလိုမျိုးမဟုတ်ဘူး။ သူတို့ ခေါင်းထဲမှာ သတ်ဖြတ်ချင်စိတ်ပဲ ရှိတယ်။ ”

“ ဟုတ်တယ်။သူတို့အားလုံးက ဗီဇပြောင်းသွားကြတာ။ဒီလိုဖြစ်တာက မြေဒြပ်စင်ဘုရင် ကြောင့်ပဲ။တချို့မြေဒြပ်စင်ကောင်တွေက ဗီဇပြောင်းတာကို လက်မခံကြတဲ့အတွက် ဖျက်ဆီးခံလိုက်ရတယ်။အဲ့ဒါကြောင့် ထာ့ခ်က ငါတို့ကိုဦးဆောင်ပြီးတော့ အဲ့ဒီနေရာကနေ ထွက်ပြေးလာခဲ့တာ။ ”

မြေဒြပ်စင်ဘုရင်တဲ့လား။

ချန်လွေ့ ပင့်သက်ရှိုက်လိုက်သည်။ ဒီမြေအောက်လောကမှာ မြေဒြပ်စင်ဘုရင် ရှိနေတယ်။

ဒြပ်စင်ဘုရင်များသည် အစာကွင်းဆက်ထိပ်ပိုင်းတွင် ရှိကြပြီး နတ်ဆိုးဘုံ၌ အဆင့်အမြင့်ဆုံး တည်ရှိမှုဖြစ်ကြောင်း ပါ့ဂ်လီအို ပြောသည်ကို ချန်လွေ့ကြားခဲ့ဖူးသည်။ ၎င်းသည် အခြားဒြပ်စင်ကောင်များကို လွှမ်းမိုးနိုင်သည့် စွမ်းအားဖြင့် မွေးဖွားလာပြီး ပြင်းထန်သည့်စွမ်းအားများကိုလည်း ပိုင်ဆိုင်သည်။သက်ဆိုင်ရာ သီးခြားမှော်ပညာများကို အကန့်အသတ်မရှိ အသုံးပြုနိုင်သည်။လျို့ဝှက်ဆန်းကြယ်သည့် စည်းမျဉ်းဥပဒေ တစ်ခုကြောင့် တစ်ကြိမ်တွင် ဒြပ်စင်ဘုရင်တစ်ယောက်သာ မွေးဖွားရသည်။ တစ်နည်းပြောရလျှင် ‌နတ်ဆိုးဘုံတစ်ခုလုံး၌ မြေဒြပ်စင်ဘုရင် တစ်ယောက်သာ ရှိခြင်းဖြစ်သည်။နောက်ထပ် မြေဒြပ်စင်ဘုရင် မွေးဖွားလာရန်အတွက် အခြေခံအကျဆုံး သတ်မှတ်ချက်မှာ အရင်မြေဒြပ်စင်ဘုရင် သေဆုံးရမည်ဖြစ်သည်။

မြေဒြပ်စင်ဘုရင်နှင့် ရေဒြပ်စင်ဘုရင်ကဲ့သို့သော အခြားဒြပ်စင်ဘုရင်များလည်း ရှိကြသည်။

ဒြပ်စင်ဘုရင် မွေးဖွားလာသည့်အချိန်တွင် နတ်ဆိုးအရှင်သခင် အဆင့် ရှိနေပြီ ဖြစ်သည်။ဒြပ်စင်ကောင်များတွင် အသက်ဆိုသည့်အရာ မရှိပေ။အချိန်ကြာလာလေလေ သူတို့စုဆောင်းထားသည့်စွမ်းအားများ ပို၍အစွမ်းထက်လာလေလေ ဖြစ်သည်။သူတို့သည် ထာဝရအသက်ရှင်သူများ မဟုတ်ပေ။အကြောင်းရင်းအမျိုးမျိုးကြောင့် သေဆုံး နိုင်ပေသည်။

ဒြပ်စင်ကောင်များကို ထိန်းချုပ်ပြီး တခြားသတ္တဝါတွေအား သတ်ခိုင်းသည့် တရားခံသည် မြေဒြပ်စင်ဘုရင် ဖြစ်နိုင်ပေသည်။

သို့သော်လည်း ဒြပ်စင်ကောင်များ၌ ကိုယ်ပိုင်စည်းမျဉ်းများ ရှိကြသည်။သူတို့သည် အခြားမျိုးနွယ်များ၊အဖွဲ့အစည်းများကို မနှောင့်ယှက်တတ်ကြပေ။ဘုရင်တစ်ယောက် ဖြစ်သည့်အလျောက် ၎င်းကိုမသိစရာ အကြောင်းမရှိပေ။ထို့ပြင် မြေဒြပ်စင်ဘုရင်၌ နတ်ဆိုးအရှင်သခင် စွမ်းအားရှိသည့်အတွက် အခြားသတ္တဝါများကို သုတ်သင်ချင်လျှင် ‌အစောကြီးကတည်းက အလွယ်တကူ ကိုင်တွယ်နိုင်သည်။ဘာလို့ ပြိဿနှင့်မယ်ဒူဆာကို တောင် မရှင်းပစ်နိုင်ရတာလဲ။

ချန်လွေ့စိတ်ထဲ၌ မေးစရာအများအပြား ရှိနေသည်။သူ၏အရှေ့ရှိ ဒါ့ခ်သည် အရေးကြီးသည့် အကျဉ်းသားတစ်ယောက် ဖြစ်သည်မှာ အသေအချာပင် ဖြစ်သည်။၎င်းကို သေသေချာချာ စစ်မေးရန်အတွက် နေရာတစ်ခု ရှာရမည်ဖြစ်သည်။

All Chapters