← Chapters

ထင်မြင်ချက်နှင့် သတိပေးချက်

Vol. 10 Ch. 136

ထင်မြင်ချက်နှင့် သတိပေးချက်

Vol. 10 Ch. 136

နိဗ္ဗာန်သွေးတဲ့လား။

[ နိဗ္ဗာန် ] ဟူသည့် အသုံးအနှုန်းကို ဘရော့ခ်ထံမှ ချန်လွေ့ ကြားခဲ့ဖူးသည်။သို့သော်လည်း ထိုအချိန်၌ သေလုမျောပါးဖြစ်နေသည့်အတွက် ချန်လွေ့ ရှင်းရှင်းလင်းလင်း မကြားခဲ့ရပေ။

ပါ့ဂ်လီအို၏ အမူအရာကို ကြည့်လျှင် ချန်လွေ့ကို ပြန်လည်ရှင်သန်စေခဲ့သည့် ခရစ္စတီးနား၏ နိဗ္ဗာန်သွေးသည် မရိုးရှင်းလှသည်မှာ အသေအချာပင် ဖြစ်သည်။

“ မြန်မြန်။ကျုပ်ကို ပြောပြ။အဲ့ဒီ နိဗ္ဗာန်သွေး ဆိုတာက ဘာကြီးလဲ။ ”

“ မလောနဲ့။ငါ့မှတ်ဉာဏ်က သိပ်မကောင်းဘူးဆိုတာ မင်းလည်းသိသားပဲ။ငါပြောတာ ဖြည်းဖြည်းချင်း နားထောင်။ ”

အဆိပ်နဂါးသည် အတွေးများကို စုစည်းရင်း ပြောလိုက်သည်။

“ အက်စ်မိုဒက်စ် မိသားစုမှာ သွေးမျိုးဆက် ပါရမီ သုံးမျိုးရှိတယ်။ ပထမတစ်ခုက [ဒြပ်စင်အားနည်းခြင်း] ပဲ။ အဲ့ဒါက ပြိုင်ဘက်ရဲ့ ဘယ်မှော်ပညာကိုမဆို အားနည်းစေ နိုင်တယ်။လုံးဝ ပယ်ဖျက်နိုင်အောင်လည်း လုပ်နိုင်တယ်။ ဒုတိယတစ်မျိုးကတော့ [စစ်ရုပ်သေး] ပဲ။ အဲဒါကတော့ ပါရမီတွေရဲ့ လျို့ဝှက်နည်းလမ်းတွေကို အသုံးပြုပြီးတော့ နာကျင်မှု၊မောပန်းမှုမရှိတဲ့ အစွမ်းထက်တိုက်ခိုက်ရေး စက်ရုပ်တွေကို ဖန်တီးတာပဲ။သူတို့ လုံးဝမပျက်စီးသရွေ့ ဒါမှမဟုတ် သခင်ဖြစ်သူ မသေဆုံးသရွေ့ သူတို့က ဆက်ပြီး တိုက်ခိုက်နိုင်တယ်။ အဲဒါက တော်တော်လေး ဖြေရှင်းရခက်တယ်။ ”

ပါ့ဂ်လီအိုပြောသည့် ထိုသွေးမျိုးဆက် ပါရမီနှစ်မျိုးကို ခရစ္စတီးနား သုံးခဲ့ဖူးသည်ကို ချန်လွေ့ မြင်ဖူးသည်။၎င်းတို့သည် အမှန်တကယ်ပင် အစွမ်းထက်လှသည်။ထို့နောက်တွင် တတိယပါရမီ [ နိဗ္ဗာန် ] အကြောင်း အဆိပ်နဂါး ဆက်ပြောသည်ကို ချန်လွေ့ နားထောင်နေလိုက်သည်။

[ နိဗ္ဗာန် ] သည် နိုးထရအလွယ်ဆုံး ပါရမီ ဖြစ်သည်။နိုးထပြီးနောက်တွင် ၎င်းသည် အက်စ်မိုဒက်စ် တော်ဝင်မိသားစု၏ စိတ်ဝိညာဉ်ကို ပို၍အစွမ်းထက်စေနိုင်သည်။ထို့ပြင် သူတို့၏ ရုပ်ရည်သည်လည်း ပို၍နုပျိုကာ ချောမောလှပသွားသည်။

ထိုပါရမီသည် လက်တွေ့ အသုံးမဝင်နိုင်သည်ဟု ထင်ရသော်လည်း အမှန်တကယ်၌ လျို့ဝှက်ဆန်းကြယ်သည့် စွမ်းအားတစ်မျိုး ပါရှိသည်။[ နိဗ္ဗာန် ] ပါရမီကို ၅ကြိမ် နိုးထ၍ရသည်ဟု ပြောကြသည်။“ နုပျိုပြီး ချောမောလှပသည့် ” လုပ်ဆောင်ချက်သည် ပထမဆုံး အကြိမ်၌ ဖြစ်သည်။[ နိဗ္ဗာန် ] ပါရမီ တစ်ကြိမ်ထပ်ပြီး နိုးထတိုင်း စွမ်းအား ကြီးကြီးမားမား တိုးတက်သွားသည်။သို့သော်လည်း အန္တရာယ်နှင့် ကျဆုံးနိုင်ချေမှာလည်း အတော်လေး မြင့်မားလှသည်။တစ်ချက်မှားရုံဖြင့် အလောင်းပါ မကျန် သေဆုံးသွားရ ပေမည်။အက်စ်မိုဒက်စ် ဘိုးဘေးများမှလွဲ၍ သမိုင်းကြောင်း၌ [ နိဗ္ဗာန် ] ပါရမီ ၅ကြိမ် ပြီးမြောက်ခဲ့သူ တစ်ယောက်သာ ရှိခဲ့သည်။ ထိုသူသည် နတ်ဆိုးအရှင်သခင် ဆယ်ယောက်ကို တစ်ပြိုင်နက်တည်း သတ်ပစ်ခဲ့ပြီးနောက် အစအနမကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။[ နိဗ္ဗာန် ] ပါရမီ ၄ကြိမ်ပြီးမြောက်ခဲ့သည့် အက်စ်မိုဒက်စ် တော်ဝင်မိသားစုဝင် ပါရမီရှင် တစ်ယောက်လည်း ရှိခဲ့ဖူးသည်။သို့သော်လည်း ၅ကြိမ် ပြီးမြောက်ရန် ကြိုးစားသောအခါ၌ [ နိဗ္ဗာန် ] မီးတောက်ကြောင့် လောင်ကျွမ်း ပြာကျသွားခဲ့သည်။

အလွန့်အလွန် အန္တရာယ်များပြီး သာမန် အက်စ်မိုဒက်စ် တော်ဝင်မိသားစုတို့၏ အကန့် အသတ်ရှိသည့် အလားအလာနှင့် စိတ်စွမ်းအားတို့ကြောင့် ပထမအကြိမ် [ နိဗ္ဗာန် ] ပါရမီ ပြီးမြောက်ခြင်းသည် အခြေခံအားဖြင့် စည်းတစ်ခု ဖြစ်သွားခဲ့သည်။ထို့ကြောင့် မူလက အစွမ်းထက်ဆုံး သွေးမျိုးဆက်ပါရမီ ဖြစ်ခဲ့သည့် ထိုပါရမီသည် တဖြည်းဖြည်းနှင့် အနိမ့်ဆုံးဖြစ်သွားပြီး [ စစ်ရုပ်သေး ] ပါရမီက နေရာအစားဝင်လိုက်သည်။

ချန်လွေ့သည် ရုတ်တရက် သဘောပေါက်သွားသလို ဖြစ်သွားသည်။ မိစ္ဆာတလဲသီးက [နိဗ္ဗာန်] ပါရီရဲ့ သက်ရောက်မှုနဲ့ အောင်မြင်နိုင်ချေကို တိုးတက်စေနိုင်တဲ့ အထူး ပစ္စည်းတစ်မျိုး ဖြစ်မယ်။ ခရစ္စတီးနားကလည်း [ နိဗ္ဗာန် ] ပါရမီ နိုးထဖို့အတွက် အရေးကြီးဆုံး အခိုက်အတန့်ကို ရောက်နေတာပဲ ဖြစ်ရမယ်။ ဒါကြောင့် ဧကရီ ကတ်သရင်းက လိုင်ရာမြို့မှာ မိစ္ဆာတလဲသီး ရှိတယ်ဆိုတဲ့ သတင်းလည်းရရော ခရစ္စတီနားကို ချက်ချင်းပင် မြို့တော်ကနေ အမြန်သွားခိုင်းလိုက်တာကိုး။ အခုတော့ အရှိန်အဝါသစ်သီးရဲ့ သက်ရောက်မှုက မိစ္ဆာတလဲသီးထက်ကို ပိုသာနေခဲ့တဲ့ပုံပဲ။ ဒါပေမဲ့လည်း.....ထူးခြားတဲ့ “ ဘေးထွက်ဆိုးကျိုး ” တစ်ခုတော့ ရှိနေခဲ့တဲ့ပုံပဲ။

အမှန်တကယ်တွင် ချန်လွေ့ မသိသေးသည်မှာ အရှိန်အဝါသစ်သီး၌ ဘေးထွက်ဆိုးကျိုး ရှိနေခြင်း မဟုတ်ဘဲ မိစ္ဆာသစ်သီးတွင် စိတ်ဆန္ဒကိုဖိနှိပ်နိုင်သည့် အထူးလုပ်ဆောင်ချက် တစ်ခု ရှိနေခြင်းသာ ဖြစ်သည်။သို့သော်လည်း မိစ္ဆာသစ်သီး ဖြစ်စေ၊အရှိန်အဝါသစ်သီး ဖြစ်စေ အားလုံးသည် ယခုတွင် သူ၏ ကြယ်စင်စုဥယျာဉ်ထဲ၌ ရှိနေပြီ ဖြစ်သည်။

ချန်လွေ့ သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ ဒါက သွေးနဲ့ ပြန်လည်ရှင်သန်တာနဲ့ ဘာဆိုင်လို့လဲ။ ”

“ အက်စ်မိုဒက်စ်ရဲ့ ခန္ဓာကိုယ်က ဇာမဏီနက်ပဲ။အဲ့ဒီငှက်မှာ လျို့ဝှက်ဆန်းကြယ်တဲ့ ပြန်လည်မွေးဖွားခြင်း စွမ်းအားရှိတယ်။ဒါပေမဲ့လည်း အက်စ်မိုဒက်စ် တော်ဝင်မိသားစု တိုင်းရဲ့ သွေးထဲမှာ ဒီလိုမျိုး လျို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားမျိုး မရှိကြဘူး။အဖိုးတန် နိဗ္ဗာန်သွေးကို ပိုင်ဆိုင်ဖို့အတွက် အနည်းဆုံးတော့ ဒုတိယမြောက်နိဗ္ဗာန်ကို ပြီးစီးရမယ်။ နိဗ္ဗာန်သွေးက အရမ်းကို ရှားပါးပြီးတော့ တော်တော်လေး အဖိုးတန်တယ်။ပြန်လည် ရှင်သန်ခြင်းနဲ့ ပြည်လည်ဖြည့်တင်းခြင်း ဆိုတဲ့ အစွမ်းတွေရှိတယ်။အဲ့ဒါက သက်တမ်း ကိုတောင် ရှည်စေနိုင်တယ်။ဒါပေမဲ့ အဲဒါကို တစ်ဖက်လူ ဆန္ဒအလျောက်ပေးမှပဲ ရနိုင်တာ။ သူ့ရဲ့သွေးကို အတင်းယူမယ်ဆိုရင်တော့ ဘာမှအကျိုးမရှိဘူး။ ”

ပါ့ဂ်လီအို စကားပြောပြီးနောက် ပြုံးစိစိ လုပ်နေလိုက်သည်။

“ မင်းရခဲ့တာ နိဗ္ဗာန်သွေးပဲ ဖြစ်ရမယ်။အခုငါ့ကို အမှန်အတိုင်း ပြောပြ။မင်းနဲ့ အဲဒီတော်ဝင် အမျိုးသမီးတို့ တစ်ခုခု ဖြစ်ခဲ့သေးလား။မဟုတ်ရင် သူမင်းကို ဒီလိုအဖိုးတန်တဲ့သွေးကို ပေးမှာ မဟုတ်ဘူး။ငါက မင်း ဒီတစ်ခေါက်ခရီးသွားနေတုန်း အသီနာကို ခေါ်သွားတာက အခွင့်အရေးယူမလို့လို့ ထင်ခဲ့တာ။ အက်စ်မိုဒက်စ် တော်ဝင်မိသားစုကနေ မိန်းမလှ တစ်ယောက်ကို မင်း ရလာမယ်လို့ မထင်ထားခဲ့မိဘူး။ ”

ချန်လွေ့ ရှက်သွားသည်။ပါ့ဂ်လီအို၏ ပါးစပ်သည် အလွန် အဆိပ်အတောက် ဖြစ်လှသည်။ ယခုတစ်ခေါက်တွင် အသီနာသည် ချန်လွေ့နှင့်အတူ ရှီလန်တောင်ဆီသို့ အမှန်တကယ် သွားရောက်ခဲ့သည်။အာရုံပျက်၍ မရနိုင်ခြင်းသာ မဟုတ်ခဲ့လျှင် သူတို့၏ အခြေအနေအရ “အဟွာ” လုပ်လိုက်နိုင်ပေသည်။ခရစ္စတီးနားနှင့် သူသည် “တစ်စုံတစ်ခု” ပြုလုပ်ခဲ့ သော်လည်း ၎င်းသည် မတော်တဆသာ ဖြစ်သည်။

“ ငါထင်တာ မှန်နေတဲ့ပုံပဲ။ မင်းက တကယ် စက်ဆုပ်စရာကောင်းပြီးတော့ ကံကောင်းတဲ့ ကောင်ပဲ။ ”

ပါ့ဂ်လီအို၏အပြုံးသည် သရော်သည့်ဟန် ပို၍ပေါ်လာသည်။

“ အက်စ်မို‌ဒက်စ်ကို ကာမ တော်ဝင်မိသားစုလို့ ခေါ်ကြတယ်။သူက ဒုတိယမြောက် “နိဗ္ဗာန်” ပြီးမြောက်သွားတဲ့ တော်ဝင်အမျိုးသမီး တစ်ယောက်ပဲ။ဒီလို မိန်းမလှမျိုးကို ထိန်းနိုင်ဖို့က မလွယ်ဘူး။ဒါပေမဲ့လည်း ငါမင်းကိုမပြောခဲ့ရတဲ့ ကောင်းတာတစ်ခု ရှိတယ်။ မင်းနဲ့ငါက အသက်မျှဝေနေတယ်ဆိုတော့ မင်းမှာလည်း နဂါးတွေရဲ့ အစွမ်းထက်စွမ်းရည် တစ်ခု ပိုင်ဆိုင်ထားတယ်။အဲ့ဒါကမင်းကို မိန်းမလှလေးတွေနဲ့ ပိုပြီး စွမ်းဆောင်နိုင်ဖို့ လုံလောက်ပါတယ်။မင်းလည်း ခံစားမိမယ်လို့ ထင်ပါတယ်။ဒီလိုမိန်းမလှမျိုးကို မင်းထိန်း နိုင်တာက ငါ့ရဲ့ သဟဇီဝ ကျေးဇူးကြောင့်လည်း ပါတယ်။ ”

တဲအိမ်ထဲ၌ မည်သည့်အတွက်ကြောင့် အကြိမ်ပေါင်းများစွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း နောက်ဆုံး၌ ချန်လွေ့ သိသွားသည်။၎င်းသည် ဝိညာဉ်ကူးပြောင်းလာသူတစ်ဦး၏ ခံစားခွင့်ဟု ချန်လွေ့ ထင်မှတ်ထားခဲ့သည်။နဂါးတစ်ကောင်နှင့် ချုပ်ဆိုထားသည့် သဟဇီဝစာချုပ်ကြောင့်ဟု သူလုံးဝ မထင်ထားခဲ့ပေ။

ပြီးတော့ နိဗ္ဗာန်သွေး.....ခရစ္စတီးနားက တကယ်ပဲ ငါ့ကို ဒီလိုအဖိုးတန်တဲ့ နိဗ္ဗာန်သွေးနဲ့ ကယ်တင်ခဲ့တယ်။

အခုတော့ သူ့ရဲ့သွေးက ငါ့ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေပြီ။ဒါက “ အကြွေးကျေ” ဖို့ အတွက်ပဲလား။အဲ့ဒီအချိန်တုန်းက သူကို ငါ့ရဲ့ “ တုံးအမှု ” ကူးစက်ခံလိုက်ရတာ ဖြစ်မယ်။

ငတုံးကောင် နဲ့ ငတုံးမ.......

“ ဒီတော့......အက်စ်မိုဒက်စ် တော်ဝင်မိသားစုက အဲ့ဒီမိန်းမလှလေးရဲ့ အဆင့်က ဘယ်လောက်လဲ။ဒုတိယ [ နိဗ္ဗာန် ]ကို ပြီးမြောက်သွားပြီဆိုတော့ သူက အနည်းဆုံးတော့ မင်းရဲ့ လက်ရှိ အမြင့်ဆင့်နတ်ဆိုးထက် သာမှာပဲ။ မင်းရဲ့ နည်းလမ်းတွေက တကယ့်ကို ပါးနပ်တာပဲ။ ”

နဂါးငပျင်းသည် အခြားလောကမှ သတင်းထောက်ကဲ့သို့ပင် အတင်းအဖျင်းစကားနောက် လိုက်နေတော့သည်။

“ နတ်ဆိုးဘုရင်လား။ ”

ချန်လွေ့ အတွေးထဲ၌ နစ်မျောနေသည်ကို ပါ့ဂ်လီအို မြင်လိုက်ပြီးနောက် မျက်လုံး အရောင်တောက်သွားသည်။

“ မဟာနတ်ဆိုးဘုရင်လား။ ”

ချန်လွေ့ သက်ပြင်းချပြီး ခေါင်းခါလိုက်သည်။ အခုတော့ ဒါကိုစဉ်းစားလို့ ဘာမှအကျိုး မရှိဘူး။ငါ့ရဲ့အစွမ်းကို အရင်‌ဆုံး တိုးတက်အောင် လုပ်ရမယ်။တစ်နေ့ကျရင်တော့ ငါသူ့ရဲ့ ရှေ့မှာ နည်းလမ်းကျကျနဲ့ ပြန်ပေါ်လာမယ်။

“ နတ်ဆိုးဧကရာဇ်တော့ မဖြစ်နိုင်ဘူး။ ”

ပါ့ဂ်လီအိုသည် ချန်လွေ့ ခေါင်းခါနေသေးသည်ကို မြင်လိုက်ရသည်။ ထို့နောက် ပါ့ဂ်လီအို သည် သူ၏အသံကိုမြှင့်လိုက်ပြီး နဂါးကို မနာလိုအောင် လုပ်သည့် ချန်လွေ့ကို ဖမ်းဆုပ်လိုက်သည်။

“ သူတောင်းစား။မဟုတ်မှလွဲရော။အဲဒီတော်ဝင်အမျိုးသမီးက နတ်ဆိုး အရှင်သခင် အဆင့် များလား။ ”

ချန်လွေ့ အာရုံပျံနေခဲ့ပြီး ထိုလုပ်ရပ်ကြောင့် နိုးထသွားခဲ့သည်။ ထို့ကြောင့် နှုတ်ထဲမှ လွှတ်ခနဲ ပြောလိုက်သည်။

“ ခင်ဗျား ဘယ်လိုသိတာလဲ။ ”

“ငါ အနှစ်၂၀၀၀လောက်အိပ်ပျော်သွားပြီးတော့ နတ်ဆိုးဘုံကြီး ပြောင်းလဲသွားတာလား။”

ပါ့ဂ်လီအို အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားသည်။ထို့နောက် ချန်လွေ့လက်ကို လွှတ်လိုက်ပြီး ချန်လွေ့ကို ခေါင်းခေါက်လိုက်သည်။

“ သူက နတ်ဆိုးအရှင်သခင်ဆိုတာ သေချာရဲ့လား။ ”

“ မင်းရဲ့ အသေးအဖွဲအစွမ်းနဲ့ဆို အပျော်ယောက်ျား ဆိုရင်တောင် သူမင်းကို ကြည့်တောင် ကြည့်မှာ မဟုတ်ဘူး..... ”

“ လခွမ်းပဲ။ခင်ဗျားကမှ အပျော်ယောက်ျား။ ”

ချန်လွေ့ စိတ်ရှုပ်ရှုပ်နှင့် ပြောလိုက်သည်။

“ သူက နတ်ဆိုးအရှင်သခင် ဟုတ်မဟုတ်တော့ မသေချာဘူး။သူက နတ်ဆိုးဧကရာဇ် နောက်ဆုံးအဆင့်လောက်တော့ ဖြစ်နိုင်တယ်။အဲ့ဒီအချိန်တုန်းက ကျုပ်သေလုမျောပါး ဖြစ်နေခဲ့တာ။သူ နောက်ထပ် [ နိဗ္ဗာန် ] ပြီးစီးသွားတာ ထင်တယ်။ကျုပ်တို့ကို လိုက်ဖမ်း နေတဲ့ နတ်ဆိုးဧကရာဇ်က ချက်ချင်းပဲ ကြောက်လန့်ပြီး ထွက်ပြေးသွားတယ်။ ”

ခန့်မှန်းလို့ မရနိုင်တဲ့ အစွမ်းရှိတဲ့ မိန်းမလှ၊ ထိပ်တန်းဉာဏ်ပညာ၊ အရိပ်နက်ဝတ်ရုံ၊ ထူးဆန်းတဲ့ လျို့ဝှက်ချက် နည်းလမ်းတွေ၊မဟုတ်မှလွဲရော.....ထူးထူးဆန်းဆန်း ကိစ္စ တစ်ခုကို ချန်လွေ့ ရုတ်တရက် တွေးမိသွားသည်။ သို့သော်လည်း ၎င်းသည် မဖြစ်နိုင် လွန်းသည့်အတွက် ထိုထင်မြင်ချက်ကို ချန်လွေ့ ချက်ချင်း ပယ်ချလိုက်သည်။

ခရစ္စတီးနားက အဲဒီမိန်းမရဲ့ ဆွေမျိုး ဒါမှမဟုတ် သီးသန့်တပည့်တစ်ယောက်ပဲ ဖြစ်ရမယ်။

“ တကယ်လို့ သူက တကယ်ပဲ နတ်ဆိုးဧကရာဇ်ဆိုရင်တောင် မင်းရခဲ့တဲ့ နိဗ္ဗာန်သွေးက ဒုတိယနိဗ္ဗာန် မဖြစ်နိုင်ဘူး။ ပြီးတော့လည်း အကျိုးအမြတ်တွေက မင်းမှာအခုရှိနေတာ ထက် ပိုသာနိုင်တယ်။ ”

ပါ့ဂ်လီအို တွေးဆနေပြီးနောက် ချန်လွေ့အား ဆွဲချကာ ထိုင်ခိုင်းလိုက်သည်။

“ ငါ့ကို အဲဒီအဖြစ်အပျက် အပြည့်အစုံပြောပြ။ ”

ချန်လွေ့လည်း ပါ့ဂ်လီအိုအား အဖြစ်အပျက်တစ်ခုလုံးကို အစအဆုံး ပြောပြလိုက် တော့သည်။ ကိုယ်ရေးကိုယ်တာ ကိစ္စများကိုတော့ ဖိဖော့၍သာ ပြောပြသည်။

အဆိပ်နဂါး ခဏစဉ်းစားပြီး ပြောလိုက်သည်။

“ အဲ့ဒီတုန်းက မင်းတကယ့်ကို ကြီးကြီးမားမား အန္တရာယ်ကျရောက်နေခဲ့တာပဲ။ နတ်ဆိုးဧကရာဇ်အဆင့်ဆိုတာက မင်းအခု ယှဉ်နိုင်တဲ့အရာ မဟုတ်ဘူး။အဲ့ဒီဘရော့ခ်က လီဗျာသန် တော်ဝင်မိသားစုဝင်တစ်ယောက်ပဲ။လီဗျာသန် သွေးမျိုးဆက် ပါရမီကလည်း သုံးမျိုးရှိတယ်....”

ပါ့ဂ်လီအို ပြောသည့်စကားအရ မနာလိုခြင်း လီဗျာသန် တော်ဝင်မိသားစုတွင် သွေးမျိုးဆက်ပါရမီ သုံးမျိုးရှိပြီး ၎င်းတို့မှာ [ ရေကျွမ်းကျင်မှု ] ၊ [ နတ်မိစ္ဆာမျက်လုံး ] နှင့် [ဝိညာဉ်လက်ထိပ်] တို့ ဖြစ်ကြသည်။

[ ရေကျွမ်းကျင်မှု ] သည် ရေမှော်ပညာကို တိုက်ရိုက် အသုံးပြုနိုင်သည်။သွေးမျိုးဆက် ပါရမီ ပို၍မြင့်မြင့် နိုးထလေလေ အသုံးပြုနိုင်သည့် မှော်အဆင့် ပိုမြင့်လေလေ ဖြစ်သည်။ထို့ပြင် ၎င်းသည် သာမန်မှော်ပညာရှင်များ၏ ရေမှော်အားများကိုပင် ဖိနှိပ်နိုင် လေသည်။

[ နတ်မိစ္ဆာမျက်လုံး ] ကို “ မရဏ ညာမျက်လုံး ” ဟူ၍ သိကြသည်။၎င်းသည် အစွမ်းထက်ဆုံး ပုံရိပ်ယောင် နှင့် ညှို့ငင်ခြင်း မျက်လုံးဖြစ်သည်။၎င်း၏စွမ်းအားသည် ပဟေဠိ ဆန်လှသည်။

‌[ ဝိညာဉ်လက်ထပ် ] သည် ကျွန်-သခင် စာချုပ်နှင့် ဆင်တူပြီး အခြားသူများကို ကျွန်ပြုနိုင်သည့် အစွမ်းဖြစ်သည်။ သို့သော်လည်း ပို၍အစွမ်းထက်သည်။ ထို့ပြင် အရေအတွက်လည်း အကန့်အသတ်မရှိပေ။ထိန်းချုပ်သူသည် နေရာအကန့်အသတ်များကို လျစ်လျူရှုပြီး အထိန်းချုပ်ခံများကို လွတ်လွတ်လပ်လပ် အပြစ်ပေးနိုင်သည်။ သတ်နိုင်သည်။

“ မင်းကအခု အမြင့်ဆင့်နတ်ဆိုး ထိပ်သီးပိုင်း ရောက်ရှိသွားပြီ။နောက်တစ်ဆင့်က နတ်ဆိုး ဘုရင်ပဲ။မင်းသိရမယ့်အရာတွေ ရှိနေတယ်။ ”

အဆိပ်နဂါး တည်ကြည်သွားပြီး ချန်လွေ့အား အသိပညာအသစ်တစ်ခု ပြောပြလိုက်သည်။

နတ်ဆိုးဘုံရှိ စွမ်းအားများ၏ ကြီးစဉ်ငယ်လိုက်မှာ နတ်ဆိုးဒိပ်၊နတ်ဆိုးအရှင်သခင်၊ နတ်ဆိုးဧကရာဇ်၊မဟာနတ်ဆိုးဘုရင်၊နတ်ဆိုးဘုရင်၊အမြင့်ဆင့်နတ်ဆိုး၊အလယ်ဆင့်နတ်ဆိုး နှင့် အနိမ့်ဆင့်နတ်ဆိုးတို့ ဖြစ်ကြသည်။သို့သော်လည်း အမြင့်လွှာ၊အလတ်လွှာနှင့် အနိမ့်လွှာဟူသည့် အခြားအပိုင်းအခြားတစ်ခုလည်း ရှိသေးသည်။အနိမ့်ဆင့်နတ်ဆိုး၊ အလယ်ဆင့် နတ်ဆိုးနှင့် အမြင့်ဆင့် နတ်ဆိုးတို့သည် အနိမ့်လွှာ ဖြစ်ကြသည်။ နတ်ဆိုးဘုရင်နှင့် မဟာနတ်ဆိုးဘုရင်တို့သည့် အလတ်လွှာ ဖြစ်ကြသည်။နတ်ဆိုး အရှင်သခင်နှင့် နတ်ဆိုးဧကရာဇ်တို့သည် အမြင့်လွှာ ဖြစ်ကြသည်။နတ်ဆိုးဒိပ်သည် နတ်ဘုရားတစ်ပိုင်းနှင့် ညီမျှသည့်အတွက် ထိုအထဲ၌ မပါဝင်ပေ။

အလားအလာ၏ အထက်ကန့်သတ်ချက် လုံလောက်သည်နှင့် အနိမ့်လွှာကို လေ့ကျင့်ပြီး ရောက်ရှိရန် မခက်ခဲလှပေ။ဥပမာအနေဖြင့် မဟာနတ်ဆိုးများသည် ပုံမှန်လေ့ကျင့်ရုံဖြင့် အမြင့်ဆင့်နတ်ဆိုးသို့ ရောက်ရှိနိုင်သည်။သို့သော်လည်း အထက်ကန့်သတ်ချက် မရှိသည့် တော်ဝင်မိသားစုသည်ပင် အလတ်လွှာဖြစ်သော နတ်ဆိုးဘုရင်နှင့် မဟာနတ်ဆိုး ဘုရင်ဆီသို့ လေ့ကျင့်ရုံဖြင့်သာ မရောက်နိုင်ပေ။အလတ်လွှာသို့ ရောက်ရှိရန်အတွက် စွမ်းအား “ စည်းမျဉ်း ” တစ်ခုခုကို နားလည်သဘောပေါက်ရပေမည်။နတ်ဆိုးဧကရာဇ်နှင့် နတ်ဆိုးအရှင်သခင် အဆင့်သို့ ရောက်ရှိရန်အတွက် ပို၍အဆင့်မြင့်သည့် နားလည် သဘောပေါက်မှုများ လိုအပ်ပေသည်။

နတ်ဆိုးဘုံ၌သာ မဟုတ်ဘဲ မြေပြင်ပေါ်ရှိ လူသားတို့၏ “ စစ်သည် ” ၊ “ ဆရာသခင် ” နှင့် “ သူတော်စင် ” အမည်ရှိသည့် အလွှာသုံးခုသည်လည်း ထိုကဲ့သို့ပင် ဖြစ်သည်။ အဆင့် တစ်ခုချင်း၏ ခြားနားချက်သည် အဆင့်တူခြားနားချက်ထက် ပို၍ပင် ကြီးမားလှသည်။

ချန်လွေ့ သေသေချာချာ နားထောင်ခဲ့သည်။ပါ့ဂ်လီအို၏ ပြောပြချက်သည် အလွန် အဖိုးတန်သည့် အကိုးအကား တစ်ခုဖြစ်သည်။သို့သော်လည်း သူ၏လေ့ကျင့်ရေးသည် လူသားလောကနှင့် နတ်ဆိုးဘုံတို့ရှိ နည်းလမ်းများကဲ့သို့ မဟုတ်နေပေ။၎င်းသည် အခြားဒိုင်မန်းရှင်းတစ်ခုမှ ထူးခြားသော စနစ်တစ်ခု ဖြစ်နေသည်။အကြွင်းမဲ့စွမ်းအား မှာတော့ အတူတူပင် ဖြစ်သည်။လမ်းကြောင်းသာ အတော်လေး ကွဲပြားနေခြင်း ဖြစ်သည်။

“ မဟာဆရာသခင်ရဲ့ အမွေအနှစ်က ဘယ်လိုအဆင့်တက်လဲဆိုတာ ငါမသိဘူး။ ဒါပေမဲ့လည်း အလတ်လွှာရဲ့ နတ်ဆိုးဘုရင်နဲ့ မဟာနတ်ဆိုးဘုရင်တို့က စွမ်းအား စည်းမျဉ်းတွေကို နားလည်သဘောပေါက်ကြတယ်‌ဆိုတာကို မင်းသိရမယ်။အဲ့ဒါကြောင့် သူတို့အများစုမှာ အထူးစွမ်းအင် တိုက်ခိုက်ရေးအစွမ်းတွေ ရှိကြတယ်။မင်းရဲ့ [အရုဏ်ဦးပစ်ချက်]လို အစွမ်းတွေက မထူးခြားလောက်ဘူး။ဒီတော့ မင်းသေချာပေါက် သတိထားရမယ်။အမြင့်လွှာ နယ်ပယ်အတွက်ဆိုရင်တော့....ဘရော့ခ် ကျွမ်းကျင်သွားခဲ့ တာက သူ့ရဲ့ သွေးမျိုးဆက်ပါရမီနဲ့ ပေါင်းစပ်သွားတဲ့ နတ်မိစ္ဆာပိုင်နက် အတုတစ်ခုပဲ။ နတ်ဆိုးအရှင်သခင်တစ်ယောက် ခင်းကျင်းလိုက်တဲ့ တကယ့်နတ်မိစ္ဆာပိုင်နက်က မင်းစဉ်းစားနိုင်တာထက် လွန်ကဲနေတယ်။အဲဒါကြောင့် နောက်ပိုင်းကျရင် မင်း သတိထားပြီး လုပ်ရမယ်။အမြဲတမ်း ကံကောင်းနိုင်မှာ မဟုတ်ဘူး။ အစွမ်းပိုထက်ချင် တာက မမှားဘူး။ဒါပေမဲ့ အသက်ရှင်နေမှပဲ အစွမ်းထက်နိုင်ဖို့ အခွင့်အရေး ရှိမှာ။ ”

ပ့ါဂ်လီအို၏ တကယ့်စိတ်ရင်းကို သဘောပေါက်သည့်အတွက် ချန်လွေ့ ခေါင်းညိတ် လိုက်သည်။

သူတို့နှစ်ဦး တဖြည်းဖြည်း စကားဆက်‌ပြောနေရင်း မသိမသာနှင့် တစ်ညတာ ကုန်ဆုံးသွားခဲ့သည်။

All Chapters