← Chapters

အကောင်းဆုံးလုပ်ပါ။ကောင်မလေး။လိုလီလေး၏ သံသယနှင့် သန္နိဋ္ဌာန်

Vol. 10 Ch. 140

အကောင်းဆုံးလုပ်ပါ။ကောင်မလေး။လိုလီလေး၏ သံသယနှင့် သန္နိဋ္ဌာန်

Vol. 10 Ch. 140

ချာလီစ် စကားပြောရန် ပြင်လိုက်စဉ် ဘေးနားမှ မှင်စာသည် သူ့ကိုကို ရုတ်တရက် ဆွဲပြီး တီးတိုးပြောလိုက်သည်။

ကိုယ့်ကိုယ် ဟုတ်လှပြီ ထင်နေသည့် ချာလီစ် တုန်လှုပ်သွားပြီး သာမန်အရပ်အမြင့်ရှိသည့် ဝတ်ရုံနှင့်လူသည် မြင့်သထက် မြင့်လာသည်ဟု ခံစားလိုက်ရသည်။ယမန်နေ့က ချာလီစ်သည် ပြိုင်ကွင်း၌ ရှိမနေသော်လည်း ယနေ့မနက်တွင် မြို့ထဲ၌ လောလောလတ်လတ် ဆွေးနွေးနေကြသည့် အစွမ်းထက်ဆုံး နတ်ဆိုးအကြောင်း ကြားခဲ့ရသည်။သူ၏အရှေ့ရှိလူသည် အမှန်တကယ်ပင် အရတ်စ်ကို အနိုင်ယူခဲ့ပြီး ဘဏ္ဍာရေးအရာရှိ ဂျိုးဆက်ပ်ထံမှ ပြိုင်ကွင်းကို အရယူခဲ့သည့် ဝတ်ရုံဂိုဏ်းခေါင်းဆောင် အက်ဂ်ယောပင် ဖြစ်သည်။

ထို့ပြင် ဝတ်ရုံဂိုဏ်းတွင် အင်ပါယာအစောင့် အရန်တပ်ဖွဲ့ဟူသော မေ့ထား၍မရသည့် ဂုဏ်ပုဒ်တစ်ခုလည်း ရှိသည်။သူတို့၏နောက်ကွယ်၌ အမှောင်လမြို့အရှင်မ ရှီရာ ရှိနေသည်။တစ်ကိုယ်တည်း စွမ်းအားဖြစ်စေ၊နောက်ခံဖြစ်စေ ချာလီစ်သည် အက်ဂ်ယောထက် ကြီးကြီးမားမား နိမ့်ကျနေသည်။မိသားစုအကြီးအကဲသာ ထိုလူနှင့် သူ ပြဿနာတက်ခဲ့ကြောင့်သိလျှင် သေချာပေါက် ကြီးလေးသည့်အပြစ်ဒဏ် ခံရပေလိမ့်မည်။

နတ်ဆိုးဘုံ၌ ပို၍အစွမ်းထက်သူတစ်ယောက်ကို ရန်စမိခြင်းသည် အကြီးမားဆုံး ရာဇဝတ်မှုပင် ဖြစ်သည်။ချာလီစ် ကြက်သီးထသွားပြီး အမြန်တောင်းပန်လိုက်သည်။

“ တောင်းပန်ပါတယ်။ခုနက..... ”

ချန်လွေ့သည် ချာလီစ်ကို လျစ်လျူရှုထားပြီး အေးစက်စက်နှင့် ပြောလိုက်သည်။

“ မင်းမှာ စက္ကန့် ၃၀ အချိန်ရသေးတယ်။ ”

ချာလီစ်သည် ခီရာကို ကြည့်လိုက်သည်။နောက်‌ဆုံး၌ သူအံကြိတ်ကာ ထွက်သွားတော့သည်။

“ လူကြီးမင်း။စစ်တုရင်နှစ်စုံ မယူတော့ဘူးလားရှင့်။ ”

ချာလီစ်သည် စိတ်ထဲ၌ တစ်စုံတစ်ခု ရေရွတ်လိုက်ပြီး နောက်လှည့်မကြည့်ဘဲ လှေကားအောက်သို့ ဆင်းသွားသည်။ခီရာ၏ အသံပင် သူ့ကို မတားဆီးနိုင်ခဲ့ပေ။ မိန်းမလှများ အရေးကြီးသည်မှာ မှန်သော်လည်း ကိုယ့်အသက်ထက် အရေးမကြီးပေ။

ဘေးနားမှ ဈေးဝယ်သူနှစ်ဦးလည်း ခီရာကို အနည်းငယ် စိတ်ဝင်စားနေသည်။ သို့သော်လည်း စိတ်ပျက်လက်ပျက်နှင့် ထွက်သွားသည့် ချာလီစ်ကိုမြင်သွားသည့်အခါ ဝတ်ရုံနှင့်လူ၏ သရုပ်ကို အနည်းအကျဉ်း ခန့်မှန်းမိသွားခဲ့သည်။ဤကဲ့သို့ တိုးတက် လာနေသည့် အစွမ်းထက်ပုဂ္ဂိုလ်သည် ခီရာအား စိတ်ဝင်စားနေသည်ဟု သူတို့ထင်လိုက်ပြီး ဆက်မနေရဲတော့ဘဲ ခပ်သုတ်သုတ် ထွက်သွားသည်။အရတ်စ်အား အက်ဂ်ယော အောင်နိုင်မှုသည် အညှိုးတစ်ခုခုကြောင့်လေလား၊သို့မဟုတ် ရင်သပ်ရှုမောဖွယ် ကဝေမကြောင့်လေလား ဟူ၍ အတင်းအဖျင်း သတင်းများလည်း ထွက်လာသည်။ စိတ်ကူးရှိရာအတိုင်း တွေးတောကြပြီးနောက် သူတို့လည်း “ အလိုက်တသိ ” ထွက်သွားလိုက်ကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဒုတိယထပ်၌ ချန်လွေ့အပြင် ခီရာနှင့် ခါဂူလီတို့သာ ကျန်တော့သည်။

မယ်လွန်မိသားစုမှ ချာလီစ်သည် မပေါက်ကွဲလိုက်ရဘဲ ထွက်ခွာသွားရသည်။ သနားစရာပင်ဖြစ်သည်။သို့သော်လည်း အခြားဧည့်သည်များ ထွက်ခွာသွားခြင်းကို ချန်လွေ့ အံ့အားသင့်သွားသည်။သူ၏အစွမ်း ဤမျှလောက် ကြီးမားနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ချန်လွေ့သည် ဈေးလာဝယ်သူကို မောင်းထုတ်ခဲ့သည်။ မတရားခံရသည့် ခီရာကို ချန်လွေ့ကြည့်ရင်း ပိုက်ဆံထုတ်လိုက်သည်။

“ ဒီ စစ်တုရင်နှစ်စုံ ယူမယ်။ ”

ခီရာ၏မျက်လုံးများ တောက်ပသွားပြီး ရုတ်တရက် ပြုံးကို ငွေအိတ်ကို ယူလိုက်သည်။ထို့နောက် စစ်တုရင် နှစ်စုံကို ထုတ်ပိုးပြီး ကမ်းပေးလိုက်သည်။

“ အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ကျွန်မကို ကယ်တင်ပေးတဲ့အတွက်လည်း ကျေးဇူးပါပဲ။လူကြီးမင်းက မှော်စစ်တုရင် နှစ်စုံ ဝယ်တဲ့အတွက်ကြောင့် မင်းသမီးလက်လီ စတိုးဆိုင်ရဲ့ ကြယ်တစ်ပွင့် အဖွဲ့ဝင် ဖြစ်သွားပါပြီ။မှတ်ပုံတင်ဖို့အတွက်တော့ ကိုယ်ရေး ကိုယ်တာ အချက်အလက် လိုအပ်တယ်။ကြယ်တစ်ပွင့် အဖွဲ့ဝင်တွေက ပစ္စည်းတွေကို လျှော့ဈေးနဲ့ ဝယ်လို့ရမယ်။နောက်ပိုင်းမှာ လူကြီးမင်းရဲ့ သုံးစွဲငွေပမာဏ ပိုတိုးလာတာနဲ့ အမျှ အဖွဲ့ဝင်ကို ပိုမြင့်တဲ့အဆင့်တွေအထိ အဆင့်မြှင့်လို့ရပြီးတော့ လျှော့ဈေးတွေ၊ ကမ်းလှမ်းမှုတွေကို ပိုပြီးတော့ ခံစားနိုင်မှာပါ။ ”

ချန်လွေ့ အသာလေး ခေါင်းညိတ်လိုက်သည်။လိုလီလေးသည် သူ‌သင်ပေးခဲ့သည့် နည်းဗျူဟာများကို သေသေချာချာ လေ့လာခဲ့ပုံရသည်။အဖွဲ့ဝင် အစီအစဉ်သည် အတော်လေး ကောင်းမွန်သည်။ချန်လွေ့ ပြောလိုက်သည်။

“ ဝတ်ရုံဂိုဏ်းက အက်ဂ်ယော။ ”

ခီရာဘေးနားမှ ခါဂူလီသည် ထိုစကားကိုကြားပြီး တုန်လှုပ်သွားသည်။ခုနက သူ၏အထင် မှန်နေပေသည်။အမြင့်ဆင့်နတ်ဆိုး စွမ်းအားများ ထုတ်လွှတ်နေသည့် ဝတ်ရုံနှင့်လူသည် ဝတ်ရုံဂိုဏ်းခေါင်းဆောင် အက်ဂ်ယောပင် ဖြစ်သည်။ထိုနာမည်သည် တိုက်ပွဲတစ်ပွဲ ပြီးသွားပြီးနောက် အမှောင်လမြို့ကို တုန်လှုပ်သွားစေခဲ့သည်။

ခီရာသည်လည်း ယမန်ညက ပြိုင်ကွင်းရှိ တိုက်ပွဲကို ကြားခဲ့သည်။ခီရာသည် ရိုရိုသေသေနှင့် ပြုံးပြရင်း ပြောသည်။

“ လူကြီးမင်းက ဆာ-အက်ဂ်ယောကိုး။ကျွန်မ ရိုင်းပြမိသွားတယ်။လူကြီးမင်းက အခုမှ ကျွန်မတို့ရဲ့ဆိုင်ကို ပထမဆုံး ရောက်ဖူးတာပဲ ဖြစ်ရမယ်။ကျွန်မတို့မှာ အကန့်အသတ်နဲ့ ထုတ်တဲ့ ပစ္စည်းတွေ အများကြီး ရှိပါတယ်။ကြည့်ကြည့်ပါ။ ”

ဒီအကန့်အသတ်ထုတ် ပစ္စည်းတွေက ငါလုပ်ထားတာတွေပဲ မဟုတ်လား။ ချန်လွေ့ ခေါင်းခါလိုက်သည်။ထို့နောက် ထွက်ခွာသွားရန် ပြင်လိုက်စဉ် အောက်ထပ်မှ ရင်းနှီးသည့် အသံတစ်သံကို ချန်လွေ့ ကြားလိုက်ရသည်။

“ ခီရာ။ငါပြန်လာပြီ။ ”

ထိုအသံသည် ချန်လွေ့ကို နွေးထွေးသွားစေသည်။ ခဏအကြာ၌ အဲလစ်၏ပုံရိပ် ထွက်ပေါ်လာသည်။

အဲလစ်သည် ယခင်ကကဲ့သို့ပင် လှပပြီး ရှည်လျားသည့် ရွှေရောင်ဆံပင် ကောက်ကောက်နှင့် နူးညံ့သော အသွင်အပြင် ရှိနေပြီး ခရမ်းရောင် မျက်လုံးများသည် စကားပြောနေသကဲ့သို့ပင် ဖြစ်‌နေသည်။သို့သော်လည်း လိုလီလေး ယခင်လကထက် အနည်းငယ် အလေးချိန် ကျသွားပုံရသည်။မင်းသမီး လက်လီစတိုးဆိုင် အကြောင်းကို တွေးတောနေခြင်းကြောင့် ဖြစ်ပေမည်။

အဲလစ်သည် တောက်ပစွာ ပြုံးနေသည်။ကိစ္စကောင်းတစ်ခု ဖြစ်ခဲ့ပုံရသည်။သူအလွန် စိတ်လှုပ်ရှားနေပုံပေါ်သည်။ဝတ်ရုံနှင့်လူကို ခီရာမိတ်ဆက်ပေးသည့်အခါ အဲလစ်သည် မင်းသမီး အမူအကျင့်အတိုင်း ပြန်ဖြစ်သွားသည်။

“ ရှင်က အဲဒီမျိုးမစစ်ကောင် ဂျိုးဆက်ပ်ရဲ့ တပည့်ကို အနိုင်ယူခဲ့တဲ့ ဝတ်ရုံဂိုဏ်း ခေါင်ဆောင်လား။ရှင်က အခုမြို့ထဲမှာ နာမည်ကြီးနေတယ်။ဒီမှာ ကြယ်သုံးပွင့် အဖွဲ့ဝင်ကတ်။မင်းသမီးက‌ ဂုဏ်ပြုတယ်လို့ သဘောထားလိုက်။နောက်လည်း လာအားပေးဦး။ ”

“ ကျေးဇူးတင်ပါတယ်။မင်းသမီးလေး။ ”

ချန်လွေ့သည် စီးပွားရေးကို ပို၍တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့သည့် အဲလစ်ကို စိတ်ထဲ၌ ချီးကျူးလိုက်သည်။ချန်လွေ့သည် အသံကို တမင်သက်သက် ခြောက်ကပ်ကပ် ပြောပြီး ၎င်းကို လက်ခံရန် လက်ကမ်းလိုက်သည်။

ကြယ်သုံးပွင့် အဖွဲ့ဝင်ကတ်ကို လက်ခံရန် ချန်လွေ့ လမ်းကမ်းလိုက်သည့်အခါ လိုလီလေး၏နှာခေါင်း ရုတ်တရက် လှုပ်လှုပ်ရွရွဖြစ်သွားသည်။အဲလစ်သည် ချန်လွေ့ကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး သံသယဖြင့် သေသေချာချာ အနံ့ခံလိုက်သည်။

“ ဒီအနံ့ကို ရင်းနှီးနေသလိုပဲ။ ”

ဒါမဖြစ်နိုင်ဘူး။ သူက တအားကို အာရုံခံကောင်းလွန်းနေတယ်။ ချန်လွေ့ ထိတ်လန့် သွားသည်။

ချန်လွေ့သည် [ ရုပ်ဖျက်ခြင်း ] အခြေအနေကို ဖယ်ရှားထားသည့်အတွက် အမြင့်ဆင့်နတ်ဆိုးစွမ်းအင် ထုတ်လွှတ်နေသည်။အဲလစ်သည် အမှန်တကယ်ပင် တစ်စုံတစ်ခု လွဲနေကြောင်း ခံစားနေရလေသည်။

စွမ်းအင်နှင့် အနံ့ကြားတွင် အနည်းငယ် ကွဲပြားမှုတစ်ခု ရှိပေသည်။သို့သော်လည်း လီလိုလေး၏ အာရုံခံသည် ချန်လွေ့အား ကြောက်လန့်စေခဲ့သည်။ ဒါက လူစီဖာ တော်ဝင်မိသားစုရဲ့ အသစ်နိုးထလာတဲ့ စွမ်းအားများလား။ငရဲခွေးလိုမျိုး “ ပါရမီ ” လား။

လိုလီလေး၏ သံသယအကြည့်ကို ရင်ဆိုင်ရပြီးနောက် ပြင်းပြင်းထန်ထန် စွပ်စွဲခံ ရတော့မည်ဟု ချန်လွေ့၏ မသိစိတ်က ပြောပြနေသည်။ချန်လွေ့သည် ကျောဘက်၌ အေးစက်စက် ခံစားသွားရသည်။ချန်လွေ့ ဆက်မနေရဲတော့ဘဲ ဦးညွတ်ကာ အောက်ထပ်သို့ အမြန်လမ်းလျှောက် သွားလိုက်သည်။

အဲလစ်သည် အလျင်အမြန် ထွက်သွားသည့် ဝတ်ရုံဂိုဏ်းခေါင်းဆောင်ကို သံသယဖြင့် ကြည့်လိုက်သည်။ထို့နောက် ခေါင်းစောင်းပြီး ခဏစဉ်းစားသည်။အဲလစ် ရေရွတ် လိုက်သည်။

“ မဖြစ်နိုင်ဘူး။စိတ်ထင်တာပဲဖြစ်မယ်။ငါ တကယ်ပဲ အသီနာကို သတိရတယ်။အဲဒီကောင် ကိုရောပဲ.....။သူ ပုံပြင်ပြောတာ မကြားရတာ တော်တော်ကြာပြီ။သူလုပ်တဲ့ စားစရာတွေ လည်း မစားရတာ ကြာပြီ။ပြီးတော့ အဲဒီပျော်စရာတွေရော..... ”

ပျော်စရာအကြောင်း ပြောနေရင်း အဲလစ် တစ်စုံတစ်ခု တွေးမိလိုက်ကာ မျက်နှာနီသွားတော့သည်။

“ မင်းသမီးလေး ”

ခီရာ၏အသံကြောင့် အဲလစ် သတိပြန်ဝင်လာပြီး ရောက်လာခဲ့စဉ်က စိတ်လှုပ်ရှားမှုများကို သတိရလိုက်သည်။အဲလစ်သည် ဘေးဘီဝဲယာ၌ မည်သူမှမရှိစေရန် သေချာကြည့်လိုက်ပြီး ရင်ဘတ်ကိုကော့ပြကာ ထူးထူးဆန်းဆန်း ပြုံးလိုက်သည်။

“ ခီရာ။နင်ပြောတဲ့ နှိပ်နည်းက တကယ် အလုပ်ဖြစ်တယ်။ဒီမှာ ပိုပြီးကြီးလာတယ်။ ခါဂူလီ။နင်ရော မထင်ဘူးလား။ ”

ခီရာ ပြုံးပြလိုက်သည်။

“ ဟုတ်တယ်။တကယ်အလုပ်ဖြစ်တယ်။မင်းသမီးလေး။ဆက်ပြီး လုပ်သင့်တယ်။ ”

ခါဂူလီ အကြာကြီး ကြည့်နေသော်လည်း မင်းသမီးလေး၏ ရင်ဘတ်၌ ယခင်ကနှင့်ယှ ဉ်လျှင် ကြီးကြီးမားမား ပြောင်းလဲမှုများကို မမြင်ရပေ။သို့သော်လည်း ပါးနပ်စွာ ခေါင်းညိတ်လိုက်သည်။

လိုလီလေး ကျေနပ်သွားသည်။သူသည် ခီရာ၏ ရင်ဘတ် ဖွံ့ဖြိုးမှုကို ရုတ်တရက် ငေးကြည့်ပြီး ထိုနေရာ၌ ထိတ်လန့်စရာကောင်းအောင် ဖွံ့ဖြိုးလာသည့် အချစ်ရဆုံး သူငယ်ချင်းဖြစ်သူအား သတိရမိသွားသည်။အဲလစ်သည် ဖိအား ကြီးကြီးမားမား ခံစားလိုက်ရပြီး ခရမ်းရောင်မျက်လုံးများထဲ၌ တိုက်ခိုက်ချင်စိတ် ရုတ်တရက် ထွက်ပေါ်လာသည်။

တောက်။မဖြစ်ဘူး။အသီနာနဲ့ အဲဒီကောင် ပြန်မရောက်လာခင် ငါပိုပြီး အစွမ်းထက် ရမယ်...အဲ..မှားလို့...ငါ ပိုပြီးကြီးလာရမယ်။

အကောင်းဆုံးလုပ်။ကောင်မလေး။

နင့်ရဲ့ အံ့ဩလောက်စရာ ရင်ဘတ်နဲ့ ဟိုကောင့် မျက်စိကျိန်းသွားအောင်လုပ်။

“ ဟတ်ချိုး ”

မင်းသမီးလက်လီစတိုး၌ ထူးထူးဆန်းဆန်း နှာချေပြီးပြီးနောက် ချန်လွေ့သည် ထပ်ပြီး မထိန်းထားနိုင်တော့ဘဲ မင်းသမီးလက်လီစတိုး တံခါးအပြင်ဘက်၌ ပြင်းပြင်းထန်ထန် နှာချေလိုက်ပြန်တော့သည်။ချန်လွေ့သည် ယခုတွင် “ လူသိထင်ရှား ပုံရိပ် ”တစ်ခု ဖြစ်နေပြီး သူ၏ပုံရိပ် ချက်ချင်း ပျက်ယွင်းသွားတော့သည်။

ခဏကြာပြီးနောက်...

တော်ဝင်နန်းတော် ကောင်စီခန်းမ၌

ရှီရာသည် အရှေ့မှ ဝတ်ရုံနှင့်လူကို သေသေချာချာ ကြည့်လိုက်သည်။ရှီရာ စပြီး စကားမပြောချေ။သူ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည့် စွမ်းအင်ရေးရေးလေးသည် မမြင်ရသည့် ဖိအား ခံစားရစေသည်။

“ အင်ပါယာအစောင့် အရန်တပ်ဖွဲ့ ” ခေါင်းဆောင် အက်ဂ်ယောကို ပထမဆုံး တွေ့ဆုံသည့်အခါ အကျိုးရလာဒ်များဖြင့် ကတိပေးကာ စည်းရုံးရမည့်အစား ရှီရာနှင့် ဂျိုးဆက်ပ်တို့သည် ခြိမ်းခြောက်၍သိမ်းသွင်းသည့် နည်းလမ်းမျိုးကို အသုံးပြုခဲ့ကြသည်။

သူတို့မသိခဲ့သည်မှာ သူတို့အရှေ့မှလူသည် ထိုနည်းလမ်းမျိုးနှင့် ရင်းနှီးလွန်း နေခြင်းပင် ဖြစ်သည်။အစပိုင်းတွင် စွမ်းအားလုံးဝ မရှိခင်ကပင် ချန်လွေ့သည် သယအကြီးအကဲ၏ “သတ်ဖြတ်ချင်စိတ်” ကို ကျင့်သားရနေခဲ့ပြီ ဖြစ်သည်။ထိုဖိအားသည် ချန်လွေ့အား ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်သည့် နွေးထွေးမှုကို ပေးစွမ်းသည်။

အသံတိတ်ညစိမ့်မြေ၌ “ သေခြင်းတရား ” ကို ခံစားရပြီးနောက် ချန်လွေ့၏ စိတ်ထား အနည်းငယ် ပြောင်းလဲသည်။ မိတ်ဆွေများ၊ ရင်းနှီးသူများကို တွေ့ရသည့်အခါ ချန်လွေ့သည် နီးကပ်မှုကို ခံစားရသည်။မင်းသမီးလက်လီစတိုး၌ အဲလစ်အား တွေ့ခဲ့သည့် အခါတွင်လည်း ထိုကဲ့သို့ပင် ခံစားခဲ့ရသည်။

ချန်လွေ့သည် နာကျင်မှုမှ သာယာမှု ခံစားရသူ မဟုတ်ပေ။သို့မဟုတ်ပါက ဘုရင်မအား ကြာပွတ်ပေးပြီး အစွမ်းထုတ်ပြစေလိုက်မည် ဖြစ်သည်။ဤကဲ့သို့ တစ်မျိုးတစ်မည် အခြေအနေကို ဖယ်ရှားရန်အတွက် ချန်လွေ့ ရုတ်တရက် ပြောလိုက်သည်။

“ အမှောင်လမြို့ဆီ ပြန်မခင်တုန်းက အရှင်မက ကျုပ်ကို သူ့လိုမျိုး ယုံကြည်မှာ မဟုတ်ဘူးလို့ ကျုပ်မိတ်ဆွေတစ်ယောက် ပြောခဲ့တယ်။ ”

ရှီရာ ခဏတာ တိတ်ဆိတ်သွားပြီး နောက်ဆုံး၌ ပြောလိုက်တော့သည်။

“ ကံမကောင်းစွာနဲ့ပဲ ကျွန်မရှင့်ကို အခုမယုံကြည်နိုင်သေးဘူး။ရှင့်အပေါ်မှာရှိတဲ့ သံသယကိုတောင် မဖျောက်နိုင်သေးဘူး။ဒါပေမဲ့လည်း ရှင်က ယုံကြည်ရတယ်လို့ ပြသပြီး သွားတဲ့အတွက် သူ့ကိုယုံကြည်တဲ့အနေနဲ့ ရှင့်ကို ယုံကြည်ဖို့ ကြိုးစားမှာပါ။အရင်ဆုံး ကျွန်မကိုပြော။အခုလက်ရှိ သူ့ရဲ့အခြေအနေ ဘယ်လိုရှိလဲ။ ”

ရှီရာသည် အက်ဂ်ယောကို မြှောက်ပင့်ရန် မကြိုးစားဘဲ ချန်လွေ့၏ အခြေအနေကို အရင်ဆုံးမေးခဲ့သည်။ချန်လွေ့ ရင်ထဲထိသွား၏။ရှီရာသည် ရှီလန်တောင်ဆီ သွားသည့် လူသား မိုင်းတွင်းအရာရှိကို အမှန်တကယ် မြင့်မြင့်မှန်းထားပုံရသည်။

“ ကျုပ်နဲ့သူကြားမှာ ဘယ်လိုပတ်သက်မှုမျိုး ရှိနေလဲ‌ဆိုတာကို တော်ဝင်မင်းသမီး သိထားပြီးလောက်ပါပြီ။ ”

ထိုသို့ပြောရခြင်းသည် ချန်လွေ့ကိုယ်တိုင်အတွက် ကသိကအောက် ဖြစ်စေသည်။

“ မနေ့က ကျုပ် မသေခဲ့ဘူး။ဒီတော့ သူလည်း ကျန်းကျန်းမာမာနဲ့ အသက်ရှင် နေပါတယ်။တော်ဝင်မင်းသမီးရဲ့ အဓိကရည်ရွယ်ချက်အတွက်တော့.....မနေ့ညပြိုင်ကွင်း တိုက်ပွဲက မလုံလောက်သေးဘူးလား။ကျုပ်က အရေးကြီးတဲ့ ညှိနှိုင်းမှုအရာတစ်ခုကို ရထားပြီးပြီလေ။ ”

ရှီရာ ချက်ချင်း တုံ့ပြန်လိုက်သည်။

“ ပြိုင်ကွင်းကို ‌ပြောတာလား။ ”

“ ဝတ်ရုံဂိုဏ်းက အခုဆိုရင် နန်းတော် အင်ပါယာအစောင့်အဖွဲ့ရဲ့ အရန်တပ်ဖွဲ့ ဖြစ်နေပြီ။ ကျုပ် ရယူထားတဲ့ ပြိုင်ကွင်းကို တော်ဝင်မင်းသမီး သိမ်းယူသင့်ပါတယ်။ ”

ရှီရာ စိတ်လှုပ်ရှားမိသွားသည်။ပြိုင်ကွင်းသည် ကြီးမားသည့် ဝင်ငွေအရင်းအမြစ် တစ်ခုဖြစ်ပြီး အမှောင်လမြို့၏ အထင်ကရ နေရာတစ်ခု ဖြစ်သည်။လွန်ခဲ့သော နှစ်ပေါင်း၃၀ခန့်က ရှီရာ၏ ခမည်းတော် အမှောင်လမြို့အရှင်သခင်သည် လိပ်ပြာနီ အရှင်သခင် ဂျို့ရှ်ကို ကောင်းကင်တိုက်ပွဲတစ်ခု၌ ရှုံးနိမ့်ခဲ့ရသည်။၎င်းသည် အလွန် ကြီးမားသည့် ဂုဏ်သိက္ခာကျဆင်းမှုပင် ဖြစ်သည်။ရှီရာသည် မိမိလက်ထဲသို့ ထိုပြိုင်ကွင်း ခပ်မြန်မြန် ပြန်ရောက်လာသည်ကို မယုံနိုင်ဖြစ်နေသည်။

အမှန်တကယ်ပြောရလျှင် ပြိုင်ကွင်းကို အက်ဂ်ယောတစ်ဦးတည်းသာ ပိုင်ဆိုင်သည်။ အင်ပါယာအစောင့် အရန်တပ်ဖွဲ့သည် ဂုဏ်ပုဒ် သက်သက်သာ ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းဖြင့် အက်ဂ်ယောသည် စိတ်ရင်းကို ပြသနေခြင်း ဖြစ်သည်။ကိစ္စများသည် ရှီရာထင်းထားသည်ထက် ပို၍ချောမွေ့နေလေသည်။

“ ကျေးဇူးအများကြီး တင်ပါတယ်။ ”

ရှီရာ မတ်တပ်ရပ်ပြီး အက်ဂ်ယောကို အသာလေး ခေါင်းညိတ်ပြကာ လေးစားသမှု ပြုလိုက်သည်။

“ အဲဒါပဲ မဟုတ်သေးဘူး.... ”

ချန်လွေ့ ပြန်ဦးညွတ်ပြီး ပြောသည်။

“ တော်ဝင်မင်းသမီး တစ်ခု သိဖို့လိုသေးတယ်။ဒီမနက် ကျုပ် ပြိုင်ကွင်းကို သိမ်းယူတုန်းက ဘဏ္ဍာရေးအရာရှိ ဂျိုးဆက်ပ်က ကျုပ်ကို မှော်စက်ဝိုင်းကနေ ဆက်သွယ်ခဲ့တယ်။ကျုပ် သူ့နဲ့ ပူပေါင်းဖို့ သဘောတူခဲ့သည်။အပေါ်ယံမှာတော့ ကျုပ်က တော်ဝင်မင်းသမီးရဲ့ လက်အောက်မှာပဲ။ပြီးတော့ ပြိုင်ကွင်းကလည်း ကျုပ်ရတဲ့ ဆုလာဒ်တစ်ခုပဲ။ ”

ရှီရာ အနည်းငယ် တုန်လှုပ်သွားပြီး ချန်လွေ့ကို သေချာကြည့်ကာ ခေါင်းညိတ်လိုက်သည်။

“ ရှင်လုပ်တာ တော်တယ်။ရှင့်ရဲ့ ယုံကြည်မှုအတွက် ထပ်ပြီး ကျေးဇူးတင်ပါတယ်။ဒါက တကယ်အရေးကြီးတဲ့ လျို့ဝှက်ချက်တစ်ခုပါ။ကျွန်မဆိုလိုတာကို ရှင်နားလည်မယ်လို့ ထင်ပါတယ်။ ”

ချန်လွေ့ တမင် ခေါင်းခါလိုက်သည်။

“ အထင်မလွဲပါနဲ့။တော်ဝင်မင်းသမီး။ကျုပ်က ကျုပ်ရဲ့ မိတ်ဆွေလုပ်ခိုင်းတာကို လုပ်နေရုံပါ။ဒီလိုဖြစ်လာတာတွေက သူမှန်းဆထားတဲ့အတိုင်းပါပဲ။ ”

ရှီရာ၏ မျက်လုံးများ အရောင်တောက်သွားသည်။

“ ချန်လွေ့၏ ဂျိုးဆက်ပ်ရဲ့ ဒီခြေလှမ်းကိုတောင် မှန်းဆနိုင်တယ်လား။သူက တကယ့်ကို အမြော်အမြင်ရှိတာပဲ။ဒီတော့ သူ့မှာ အစီအစဉ်တစ်ခု ရှိမှာပေါ့။ ”

“ အဲ့လိုမျိုးပါပဲ။ ”

ကိုယ့်ကိုယ်ကို ချီးကျူးနေသူ ရှက်သွားသည်။သို့သော်လည်း ယနေ့ပြိုင်ကွင်း၌ ဂျိုးဆက်အား “ အဝေးမှတွေ့ဆုံ ” ခဲ့ရပြီး ဝတ်ရုံဂိုဏ်း၌ လျို့ဝှက်ဆန်းကြယ်သည့် အမှောင်နတ်သူငယ် စကိုင်းနှင့် တွေ့ဆုံ့ခဲ့ရသည့်အတွက် ဤအဖြစ်အပျက်များသည် ချန်လွေ့၏ မူလအစီအစဉ်ကို အနည်းငယ်ပို၍ ပြီးပြည့်စုံသွားစေသည်။

ဤအစီအစဉ်သည် အမှောင်လတစ်မြို့လုံး၏ အနာဂတ်ကံကြမ္မာနှင့် ဦးတည်ရာကို သက်ရောက်မှုရှိနိုင်ချေ များလှသည်။

All Chapters