← Chapters

အစီအစဉ်ချခြင်း နှင့် ဘေးကျပ်နံကျပ် အခြေအနေ

Vol. 10 Ch. 141

အစီအစဉ်ချခြင်း နှင့် ဘေးကျပ်နံကျပ် အခြေအနေ

Vol. 10 Ch. 141

မျက်စိတစ်မှိတ် အတွင်းမှာပင် ရှီရာ ပြန်လည်တည်ငြိမ်သွားပြီး အသာလေး မေးလိုက်သည်။

“ ချန်လွေ့က ရှင့်ကို ဒီအစီအစဉ်အကြောင်း ပြောပြပြီးပြီလား။ ”

“ အင်း။သူက ဝတ်ရုံဂိုဏ်းနဲ့အဓိကပတ်သက်တဲ့ အကြောင်းရင်းတွေကိုပဲ ပြောပြခဲ့တာ။ ”

ရှီရာ၏မျက်လုံးထဲ၌ ထူးထူးဆန်းဆန်း အရောင်တောက်နေသည်ကိုမြင်ပြီး ရှီရာစိတ်ပူ နေသည်ဟု ချန်လွေ့ မှန်းဆနိုင်ခဲ့သည်။ချန်လွေ့ ပြုံးပြီး ပြောလိုက်သည်။

“ ဒါပေမဲ့ ကျုပ်က ဒီလိုအကြံအစည်တွေကို စိတ်မဝင်စားပါဘူး။ဝတ်ရုံဂိုဏ်းကလည်း တိုက်ဆိုင်သွားလို့သာ။တကယ်တော့ ဝတ်ရုံဂိုဏ်းကိစ္စကို ကျုပ်တစ်ခုမှ မကိုင်တွယ်ခဲ့ဘူး။ အဲဒီလို ပျင်းစရာကိစ္စတွေအတွက်လည်း ကျုပ်အားကုန်မခံနိုင်ဘူး။ကျုပ်မှာ ရည်မှန်းချက် တစ်ခုပဲ ရှိတယ်။အဲဒါက အစွမ်းပိုထက်ဖို့ပဲ။ ”

ချန်လွေ့တွင် အခြားအကြံအစည်မရှိလျှင် ဝတ်ရုံဂိုဏ်းပျောက်ကွယ်သွားသည်မှာ ကြာလေပြီ။ ရှီရာ အနည်းငယ်ပို၍ စိတ်အေးသွားသည်။ ဒီ အက်ဂ်ယောက အမှောင်လ မြို့မှာ တစ်ခါမှ မပေါ်ထွက်လာခဲ့ဖူးဘူး။သူက ရုတ်တရက်ကြီး ပေါ်ထွက်လာပြီးတော့ အရတ်စ်ကိုပါ အနိုင်ယူခဲ့တယ်။ဒီလူရဲ့ ဇစ်မြစ်ကို မသိသေးဘူး။သူဘယ်မှာနေလဲ ဆိုတာကိုလည်း လျို့ဝှက်ထားတယ်။ပြီးတော့ ဝတ်ရုံဂိုဏ်းကလည်း ကြီးထွားလာ နေတယ်။တစ်ချက်မှားရင် ငါ့ကို အကြီးအကျယ် ထိခိုက်စေနိုင်တယ်။ဒါပေမဲ့လည်း သူက ကိုယ်ပိုင်အစွမ်းထက်ဖို့ ကြိုးစားနေတဲ့သူ တစ်ယောက်ပဲဆိုရင် ဘာမှပြဿနာ မဖြစ်လောက်ဘူး။ပြီးတော့လည်း အက်ဂ်ယောက ချန်လွေ့နဲ့ သဟဇီဝစာချုပ် ချုပ်ထား တာပဲလေ။( ရှီရာအထင်)

“ ကောင်းပြီလေ။ဒါဆိုရင် ချန်လွေ့ရဲ့ နည်းဗျူဟာကို ပြောပြပေးပါ။ ”

“ ပြောရရင် အရှည်ကြီးပါပဲ။သူယူလာခိုင်းတဲ့စာကို အရှင်မ ဖတ်ကြည့်သင့်ပါတယ်။ ”

အက်ဂ်ယောသည် စာတစ်စောင် ထုတ်ပြီး ရှီရာကို ပေးလိုက်သည်။ရှီရာသည် သတိလက်လွတ်မနေဘဲ လက်ထဲ၌ စွမ်းအားသုံးကာ စာကိုဖွင့်လိုက်တယ်။သို့သော်လည်း မည်သည့်ထူးထူးခြားခြားအရာမျှ ဖြစ်မသွားခဲ့ပေ။

ထို့နောက် ရှီရာ ဖြည်းဖြည်းချင်း ဖတ်လိုက်သည်။သူ၏မျက်လုံးများ တောက်ပသွားပြီး လွှတ်ခနဲပြောလိုက်မိသည်။

“ ချန်လွေ့က တကယ့်ကို မယုံနိုင်စရာပဲ။ရှီလန်တောင်မှာ အောင်မြင်မှုတွေ အများကြီး ရရှိခဲ့သလို အတော်လေး ပါးနပ်တဲ့ နည်းဗျူဟာကိုလည်း ဆောင်ရွက်ခဲ့တယ်။ အက်ဂ်ယော။အခု ကျွန်မရှင့်ကို အင်ပါယာအစောင့် အရန်တပ်ဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် တရားဝင် ခန့်အပ်လိုက်ပြီ။ပြိုင်ကွင်းကတော့ ရှင့်လက်ထဲမှာ ရှိနေဦးမယ်။ရှင့်ရဲ့တာဝန်က ဝတ်ရုံဂိုဏ်းကို အမှောင်လမြို့မှာ အကြီးမားဆုံး အင်အားစု ဖြစ်အောင် လုပ်ဖို့ပဲ။ ကျွန်မရှင့်ကို အပြည့်အဝ ထောက်ပံ့ပေးမယ်။ ”

အင်ပါယာအစောင့် အရန်တပ်ဖွဲ့ခေါင်းဆောင်တာဝန်သည် မသိသာမထင်ရှားသော်လည်း ၎င်း၏တကယ့်စွမ်းအားသည် အသေးအဖွဲ မဟုတ်ပေ။၎င်းသည် တိုက်ခိုက်ရေးတပ်ဖွဲ့ အသစ်တစ်ခု၏ တပ်မှူးနှင့် ညီမျှသည်။ရှီရာသည် အမှန်တကယ်ပင် သူအသုံးပြုသည့် လူများသည် သံသယမဖြစ်သည့် အထက်လူကြီး တစ်ယောက်ပင် ဖြစ်သည်။စာကို ဖတ်ပြီးသည်နှင့် ချက်ချင်း ဆုံးဖြတ်လိုက်သည်။၎င်းသည် အလွန်ပင် ရဲတင်းလှသည်။

“ နောက်ဆုံးမေးစရာ တစ်ခုရှိတယ်။ရှင်က အင်ပါယာအစောင့်အရန်တပ်ဖွဲ့ ခေါင်းဆောင် ဆိုတော့ ရှင့်ရဲ့မူလဇစ်မြစ်ကို ကျွန်မ သိခွင့်ရှိသင့်တယ်။ ”

“ အက်ဂ်ယော ” ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။

“ တော်ဝင်မင်းသမီး။ကျုပ်မိသားစုက ကြိုမမြင်နိုင်ခဲ့သည် ကံခေမှုကြောင့် ဂုဏ်သိက္ခာ ဆုံးရှုံးခဲ့ရတာပါ။ကျုပ်မိသားစုရဲ့ ဂုဏ်သိက္ခာ ပြန်မရမချင်း ကျုပ်မျက်နှာဖုံးကို မချွတ်ဘူးလို့ ကျုပ်သစ္စာဆိုထားတယ်။ကျုပ်ရဲ့ နောက်ကြောင်းကိုလည်း ဘယ်သူ့ကိုမှ ပြောပြမှာ မဟုတ်ဘူး။ကျုပ်နဲ့အရတ်စ် ပြဿနာဖြစ်ရတာကလည်း ဒီကနေပဲ စတင်ခဲ့တာ။ အရှင်မ ယုံကြည်ပေးတာကို ကျေးဇူးတင်ပေမဲ့လည်း ကျုပ်လုံးဝ မရှင်းလင်းနိုင် သေးတဲ့အတွက် တောင်းပန်ပါတယ်။ခေါင်းဆောင်ရာထူးကို ချန်လွေ့ဆီကိုပဲ ပေးလိုက် သင့်တယ်။ကျုပ် ခဏလောက် လေ့ကျင့်ဖို့သွားရဦးမယ်။ဒါပေမဲ့ စိတ်ချပါ။ဝတ်ရုံဂိုဏ်းမှာ အလုပ်လုပ်နိုင်တဲ့သူ မရှိသလောက်ပါပဲ။လိုအပ်တဲ့အခါ ကျုပ်လာပြီးတော့ ကိစ္စကြီးတွေကို ကိုယ်တွယ်မှာပါ။ကျုပ်မိတ်ဆွေရဲ့ အစီအစဉ် အောင်မြင်ဖို့ သိပ်မကြာတော့ဘူးလို့ ကျုပ်ထင်တယ်။အတွင်းရေးကိစ္စတွေအတွက်တော့ စိတ်ချပါ။‌တော်ဝင်မင်းသမီး။ကျုပ် ဘာလုပ်ရမလဲ‌ဆိုတာ သိပါတယ်။ ”

အက်ဂ်ယော၏ ပွင့်လင်းသည့် အပြုအမူနှင့် လေ့ကျင့်ရေးအတွက် ကြိုးစား အားထုတ်မှုများသည် ရှီရာကို ပို၍စိတ်အေးသွားစေသည်။သံသယဖြစ်စရာ ဇစ်မြစ် အတွက်ကိုမူ သဟဇီဝစာချုပ် ရှိနေသရွေ့ ရှီရာ စိတ်ချလက်ချ နေ၍ရလေသည်။

“ ဒီလိုဆို‌မှတော့ ကျွန်မရှင့်ကို အတင်း မတိုက်တွန်းတော့ပါဘူး။ဒါပေမဲ့လည်း ရှင့်ကို အရန်တပ်ဖွဲ့ ခေါင်း‌ဆောင်အဖြစ် ရာထူးတိုးပေးတာကတော့ ပြောင်းလဲမှာ မဟုတ်ဘူး။ တစ်နေ့ကျရင် ရှင့်မိသားစုရဲ့အရင်ဂုဏ်သိက္ခာကို ပြန်ရနိုင်မယ်လို့ မျှော်လင့်ပါတယ်။ တစ်ခုခုလိုအပ်ရင် ကျွန်မကို အချိန်မရွေး ပြောလို့ရပါတယ်။ ”

“ ကျေးဇူးတင်ပါတယ်။အရှင်မ။ ”

အက်ဂ်ယော ဦးညွှတ်ပြီး ပြောလိုက်သည်။

“ အရှင်မဆီ ကျုပ်ကို ချန်လွေ့ ယူလာခိုင်းတဲ့ နောက်ထပ်ပစ္စည်းနှစ်မျိုး ရှိသေးတယ်။ တစ်ခုကတော့ ဒီသိုလှောင် လက်ပတ်ပဲ။နောက်တစ်ခုကိုတော့ ထုတ်ပြဖို့ အဆင်မပြေဘူး။ ဂိုဒေါင်လို နေရာလွတ်အကြီးကြီး လိုအပ်တယ်။ကြီးလေကောင်းလေပဲ။ ”

ရှီရာသည် သိုလှောင်လက်ပတ်ကို ယူကာ စားပွဲပေါ်တင်ပြီး ဖွင့်ကြည့်လိုက်ရာ “ မှော်မှုန် ” အမြောက်အမြား တွေ့လိုက်ရသည်။လက်ရှိတွင် ဂါ့စ်နှင့် ခါခါတို့၏ လျို့ဝှက်အပင်စိုက် နည်းဗျူဟာ အတော်လေး အောင်မြင်နေပြီး စိုက်ပျိုးဧရိယာ ချဲ့ထွင်ရန် ပြင်ဆင် နေကြသည်။ထိုအမှုန်များသည် ဆောင်းတွင်း၌ မီးသွေးလာပို့ပေးသကဲ့သို့ပင် အလွန် ကောင်းမွန်လှသည်။အမှောင်လမြို့ရှိ နှစ်ရှည်လများစွဲကပ်နေခဲ့သည့် စားစရာပြဿနာကို ဖြေရှင်းနိုင်မည်ဆိုလျှင် ခါခါ၏ မမျှော်လင့်ထားသည့်ပါရမီကို ချန်လွေ့ ရှာတွေ့ခဲ့သည် ဆိုလျှင်တောင် ရှီရာ၏စိတ်ထဲ၌ ဂုဏ်ပြုရမည့်သူမှာ ခါခါမဟုတ်ဘဲ ချန်လွေ့သာဖြစ်သည်။

ရှီရာ၏အမိန့်အောက်တွင် ခါဂူရွန်သည် အက်ဂ်ယောအား နန်းတော်ထဲရှိ အသုံးမပြုသော ဂိုဒေါင်ကျယ်ကြီး‌ဆီသို့ ခေါ်သွားသည်။ခဏကြာပြီးနောက် အက်ဂ်ယော ပြန်ထွက်လာပြီး ရှီရာကို နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။

“ ဂိုဒေါင်ကျယ်ကြီး တစ်ခုတည်းနဲ့တောင် မဆံ့ဘူးလား။ဒီလောက်တောင် များတာလား။ ”

ရှီရာ အတော်လေး အံ့အားသင့်သွားသည်။

“ ရော့ခ်။ဒီလို သံရိုင်းတွေက အရည်အသွေးကောင်းတယ်ဆိုတာ သေချာရဲ့လား။ ”

ခါဂူရွန်ဘေးမှ အဇရူပဒေဝတာသည် ရိုရိုသေသေ ပြန်ဖြေသည်။

“ သေချာပါတယ်။အရှင်မ။ဒီသံရိုင်းတွေက ရှီလန်တောင်မှာရှိတဲ့ အရည်အသွေးမြင့် မိုင်းတွင်းဆီကနေ ရလာတာပဲ ဖြစ်ရမယ်။ပြီးတော့ ဒီသံရိုင်းတွေမှာ စိတ်ရှုပ်စရာ ဘာအညစ်အကြေးမှ ရှိမနေဘူး။သာမန်နည်းလမ်းတွေသုံးပြီး အလွယ်တကူ ထုတ်ယူလို့ ရတယ်။အားလုံးက ဒီအတိုင်းချည်းပဲ။ဒီ သံရိုင်းတွေနဲ့ အကောင်းဆုံး လက်နက်‌တွေ၊ ချပ်ကာတွေ လုပ်လို့ရတယ်။တစ်ဆင့်တက်ပြီး မှော်ကိရိယာတွေ လုပ်မယ်ဆိုရင်လည်း သူ့ရဲ့မှော်အစွမ်းက တော်တော်လေး ကောင်းမယ်။ ”

အဲဒီလူက တကယ့်ကို အံ့ဩစရာပဲ။တစ်လတည်းနဲ့ နှစ်လေးရာကြာရှိနေသည့် သတ္တုရိုင်းအပြုန်း ပြဿနာကို ဖြေရှင်းနိုင်ခဲ့တယ်။သူခိုးဓားပြတွေရဲ့ ခေါင်းဆောင်တွေကို လှည့်စားပြီးတော့ အချင်းချင်း ပြန်သတ်အောင် လုပ်ခဲ့တယ်။အဲ့ဒါကြောင့် သူခိုးဓားပြ တွေကို အင်အားက အောက်ဆုံးအထိ နိမ့်ကျသွားတယ်။သူက အက်ဂ်ယော အနိုင်ရသွား ပြီးရင် ဂျိုးဆက်ပ် ခင်းမယ့်နည်းဗျူဟာကို ကြိုမြင်ခဲ့ပြီးတော့ ဆန့်ကျင်တုံ့ပြန် နိုင်ခဲ့တယ်။သူ့ကို ငါယုံကြည်ခဲ့တာက မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်ခဲ့တဲ့ပုံပဲ။

“ တည်ရှိမှု အဓိပ္ပာယ်ကို တန်ဖိုးက အဆုံးအဖြတ်ပေးသည် ” ဆိုလျှင် သူပြသခဲ့သည့် တန်ဖိုးသည် မျှော်မှန်းထားသည်ထက် ကျော်လွန်နေလေပြီ။

အမှန်တကယ်တွင် ရှီရာသည် ချန်လွေ့ကို အထင်ကြီးနေခြင်းဖြစ်သည်။သူခိုးဓားပြ ခေါင်းဆောင်များကို အချင်းချင်း သတ်ဖြတ်ရန် လှည့်စားခြင်းသည် ချန်လွေ့ကြောင့်ဟု တစ်နည်းတစ်ဖုံ သတ်မှတ်၍ရသော်လည်း ဂျိုးဆက်ပ်၏ ဗျူဟာကို ကြိုမြင်ပြီး ဆန့်ကျင်တုံ့ပြန်ခြင်းသည် အမှန်တကယ်ပင် ချန်လွေ့၏ဉာဏ်ပညာကြောင့် ဖြစ်သည်။

ရှီရာ စိတ်ထဲ၌ အံ့အားသင့်သွားသော်လည်း မျက်နှာပြန်တည်ငြိမ်သွားသည်။

“ သိပ်ကောင်းတယ်။ရှင်အရင်ဆုံး ထွက်သွားလို့ရပြီ။ဒီကိစ္စ ဘယ်သူ့ကိုမှ ပြောပြလို့ မဖြစ်ဘူး။ ”

အဇရူပဒေဝတာ ဦးညွှတ်ပြီး ထွက်သွားသည်။ခါဂူရွန်ကို ရှီရာ ပြောလိုက်သည်။

“ ရှင်ကအခု လဝက်အတွင်း စစ်တပ်နဲ့ လက်နက်ကိရိယာတွေကို ပြန်စုစည်းရမယ်။ နောက်အကျဆုံးဆိုရင်တော့ တစ်လလောက်ပေါ့။ပြီးရင် ရှီလန်တောင်ဆီသွားပြီး သူခိုးဓားပြ အုပ်စုတွေကို ရှင်းပစ်ဖို့အတွက် အသင့်ပြင်ထား။ဒီတစ်ခေါက် အနောက်ဘက် မှာရှိတဲ့ ပုန်းကွယ်နေတဲ့ ဘေးအန္တရာယ်တွေအားလုံးကို လုံးဝအပြတ်ရှင်းနိုင်ရမယ်။ ”

“ ဟုတ်ကဲ့ပါ။အရှင်မ။ ”

ခါဂူရွန် ထွက်သွားပြီးနောက် ရှီရာသည် စာကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ သူ၏မျက်လုံးများသည် နောက်ဆုံး စကား လုံးကို ကြည့်နေသည်။

“ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဦး။ ”

၎င်းသည် သာမန်နှုတ်ဆက်ခြင်းမျိုး၊သတိပေးခြင်းမျိုး ဖြစ်သည်။သို့သော်လည်း ၎င်းသည် တော်ဝင်မင်းသမီး၏ အေးခဲနေသော မျက်လုံးများကို နွေးထွေးသွားစေသည်။၎င်းသည် ချန်လွေ့၏ “ တန်ဖိုး ” ဆိုသည့်အရာနှင့် လုံးလုံးမသက်ဆိုင်ပုံရသည်။

ထိုကိစ္စများအား ချန်လွေ့ ကိုင်တွယ်ပြီးနောက်တွင် ပြိုင်ကွင်းဆီပြန်ကာ အရတ်စ်ကို အမိန့်အချို့ ပေးခဲ့သည်။ထို့နောက် ပုန်းအောင်းနေသည့် အခြားဝိုင်ဗန်သုံးကောင်နှင့်အတူ နတ်ဆိုးဘုရင်အဆင့် ဝိုင်ဗန်ကိုစီးကာ ဆင်ခြေဖုံးဆီ သွားပြီးနောက် ရှီလန်တောင်သို့ ပျံသန်းသွားလိုက်သည်။

ယခင်နေ့ရက်များ၌ ကိစ္စအများအပြား ဖြစ်ပျက်ခဲ့ပြီး ချန်လွေ့သည် အသက်ပင် မရှူနိုင်လောက်အောင် ဖြစ်လာခဲ့သည်။ခဏမျှ အနားယူရန် လိုအပ်ပြီး ခက်ခဲသော အချိန်များကို ကျော်ဖြတ်၍ အဆင့်တက်ရန်အတွက် အာရုံစိုက်ရပေမည်။ထိုအတွက် ရှီလန်တောင်သည် သင့်တော်သည့် နေရာတစ်ခုပင် ဖြစ်သည်။

သို့သော်လည်း ထိုမတိုင်ခင်တွင် ချန်လွေ့သည် အရေးကြီး ကတိတစ်ခုကို ဖြည့်ဆည်း ပေးရဦးမည်ဖြစ်ပြီး ကိစ္စတချို့ကိုလည်း ရှင်းလင်းရဦးမည် ဖြစ်သည်။

နတ်ဆိုးဘုရင်အဆင့် ဝိုင်ဗန်၏ ပျံသန်းစွမ်းရည်သည် အလွန်အစွမ်းထက်လှသည်။ ချန်လွေ့သည်လည်း လမ်းကြောင်းကို ရင်းနှီးနေပြီဖြစ်သည့်အတွက် ပထမတစ်ခေါက် ရှီလန်တောင်သို့ သွားခဲ့ခြင်းနှင့်ယှဉ်လျှင် အတော်လေး အချိန်ကုန် သက်သာသွားခဲ့သည်။

မနက်ပိုင်း၌ မိုးသစ်တောမည်းဆီသို့ ပျံသွားလိုက်ရာ သစ်သားအိမ်ငယ်လေးကို ချန်လွေ့ ပြန်တွေ့လိုက်ရသည်။သို့သော်လည်း ယခုအချိန်တွင် အသီနာသည် ရှီလန်တောင်ခြေရှိ မိုင်းတွင်းရုံးခန်း၌ ရှိနေလောက်သည်။ထို့‌ကြောင့် ချန်လွေ့သည် အသီနာကို ထိုနေရာ၌ ပထမဦးစွာ ရှာဖွေသင့်ပေသည်။ဝိုင်ဗန်သည် မိုးသစ်တောမည်းအပေါ်၌ ဝိုင်းပတ်ပျံသန်းနေ ပြီး‌နောက် ရှီလန်တောင်ဆီသို့ ပျံသွားလိုက်တော့သည်။

အသီနာ။ ကိုယ်လာနေပြီ။

ကျန်ရှိသည့် သူခိုးဓားပြများသည် ဝါလန်တောင်တွင် စခန်းချနေဆဲပင် ဖြစ်နိုင်သည်။ အသီနာလည်း မိုင်းတွင်းကို စောင့်ကြပ်နေပြီး “ ကယ်လီရာ ” သည်လည်း အထပ်ထပ် အမိန့်ပေးထားသည့်အတွက် သူခိုးဓားပြများသည် မဆင်မခြင် မလုပ်ရဲလောက်ပေ။

ချန်လွေ့သည် မိုင်ဇာအခြေအနေ၏ အမြင့်ဆုံးအဆင့်ကို ရောက်သွားပြီ ဖြစ်သော်လည်း နတ်ဆိုးဘုရင်အဆင့် ရန်သူများကို မယှဉ်နိုင်သေးပေ။အလီယော့သ် အခြေအနေသို့ တက်လှမ်းနိုင်သည်နှင့် သူသည် နတ်ဆိုးဘုရင်အဆင့်များကို ယှဉ်ပြိုင်နိုင်လေပြီ။ ဤနတ်ဆိုးဘုရင်အဆင့် ဝိုင်ဗန်များနှင့်ဆိုလျှင် မိစ္ဆာနီ ခေါင်းဆောင် ပြန်လာလျှင်ပင် အနိုင်ရရှိရန် ချန်လွေ့ ယုံကြည်ချက်ရှိသည်။

လိပ်ပြာနီနယ်မြေမှ အမှောင်လမြို့သို့ ဂျိူးဆက်ပ် ပြန်လာမည့်အချိန်သည် သူခိုးဓားပြများကို ချန်လွေ့ရှင်းပစ်ပြီး အနောက်ဘက်လမ်းကြောင်းကို ရှင်းလင်းသည့် အချိန် ဖြစ်ပေလိမ့်မည်။ထိုအချိန်ရောက်လာသည့်အခါ ချန်လွေ့သည် ဂျိုးဆက်ပ်ကို တုံ့ပြန်ရန် အခွင့်အရေးမပေးဘဲ ငြိမ်ဝပ်ပိပြားရေး အရာရှိရာထူးကို တစ်ခါတည်း ရယူ‌ပြီး အဲလန်နှင့် ဂျိုးဆက်ပ်တို့ကို ပဍိပက္ခဖြစ်စေနိုင်‌ပေမည်။

အဲလန်နှင့် ဂျိုးဆက်ပ်တို့သည် အပေါ်ယံ၌ ရန်သူအဖြစ်ဟန်ဆောင်နေကြပြီး လျို့ဝှက် ကြံစည်နေကြကြောင်း ရွိုင့်စ်ထံမှ ချန်လွေ့ သိထားခဲ့သည်။သို့သော်လည်း ချန်လွေ့သည် အဲလန်၏စိတ်သဘောထားကို ကောင်းကောင်းသိသည်။မီကတ်စ်၏ သေဆုံးမှုနှင့် အရတ်စ်၏တိုက်ခိုက်မှုတို့ကြောင့် အက်ကြောင်းတစ်ခု ဖြစ်သွားရပေမည်။အကယ်၍ ချန်လွေ့သည် ဂျိုးဆက်ပ်၏ မူလ “ အကြံပြချက် ” အတိုင်း ငြိမ်ဝပ်ပိပြားရေး အရာရှိရာထူး ရသွားမည်ဆိုရင် ထိုအက်ကြောင်း ပို၍ကျယ်လာပေလိမ့်မည်။၎င်းသည် ချန်လွေ့စဉ်းစား ထားသည့် အဲလန်ကိုအသုံးချပြီး ဂျိုးဆက်ပ်ကို သုတ်သင်ရန် အစီအစဉ်ပင် ဖြစ်သည်။

နတ်ဆိုးဘုရင်အဆင့် ဝိုင်ဗန်များသည် အာရုံစိုက်ခံကြရသည့်အတွက် ချန်လွေ့သည် ဝိုင်ဗန်များကို ရှီလန်တောင်ပေါ်၌ မဆင်းသက်ခဲ့ဘဲ အတော်လေးခေါင်သည့် တောအုပ်၌ဆင်းသက်လိုက်သည်။ထို့နောက် စားစရာ အမြောက်အမြား ချန်ထားခဲ့ပြီး လျှောက်မသွားရန်နှင့် ရည်ရွယ်ချက် မပေါ်သွားစေရန် ချန်လွေ့အမိန့်ပေးလိုက်သည်။ မည်သို့ပင် ဖြစ်စေ ရှီလန်တောင်တစ်ဝိုက်တွင် တောင်တန်းများမှလွဲပြီး အခြားအရာများ ရှိမ‌နေပေ။

ဝိုင်ဗန်များကို ဆင်းသက်စေပြီးနောက် ချန်လွေ့သည် လမ်းတစ်လျှောက်လုံး ပြေးသွားသည်။ရှီလန်မိုင်းတွင်းနှင့် နီးကပ်လာမှသာ ချန်လွေ့ အရှိန်လျှော့ပြီး တောင်ခြေသို့ လမ်းလျှောက်သွားလိုက်သည်။

ရှီလန်တောင်ခြေတွင် လုကမ်းတောင်၌ ယာယီနေခဲ့ကြသည့် မိုင်းလုပ်သားများ ကိုယ်ပိုင်အိမ် နယ်မြေ‌သို့ ပြန်လာကြသည်။သူတို့သည် အတော်လေး အဆင်ပြေနေပုံ ရသည်။ဂိတ်ပေါက်ကို မိုင်းတွင်းရုံးခန်း အစောင့်နှစ်ယောက် စောင့်ကြပ်နေသည်။

အတော်ကြာ ပျောက်ကွယ်သွားခဲ့သည့် မိုင်းတွင်းအရာရှိကို မြင်သည့်အခါ အစောင့်နှစ်ယောက် အနည်းငယ် အံ့အားသင့်သွားကြသည်။လူသား မိုင်းတွင်းအရာရှိသည် အဆိပ်ပညာ လေ့လာရန်အတွက် အပြင်ထွက်သွားခဲ့ကြောင်း ကြားလိုက်ရာ သူတို့ နှစ်ယောက် အံ့ဩလေးစားသွားကြသည်။

“ ‌ဆာ။ခဏစောင့်ပါ။ကျုပ် အထက်လူကြီးကို သတင်းသွားပို့လိုက်ပါ့မယ်။ ”

အမှောင်နတ်သူငယ်အစောင့် ဦးညွှတ်ပြီး တောင်နံဘေးသို့ ခပ်သုတ်သုတ် သွားလိုက်သည်။

တောင်နံဘေးရှိ မိုင်းတွင်းရုံးခန်းဆီသို့ ထိုအမှောင်နတ်သူငယ် သွားနေကြောင်း တွေ့သွားပြီးနောက် ချန်လွေ့သည် အခြားအစောင့်တစ်ယောက်ကို မေးလိုက်သည်။

“ အသီနာက မိုင်းတွင်းရုံးခန်းမှာလား။ ”

အဇရူပဒေဝတာအစောင့်သည့် တောင်ထိပ်သို့ လက်ညှိုးထိုးပြလိုက်ပြီး အနည်းငယ် ကြောက်နေပုံရသည်။

“ မိန်းကလေး အသီနာနဲ့ ကပ္ပတိန် ဂါဒီတို့ အဲ့ဒီကို သွားကြတယ်။အဓိကတွင်းဆီကို။ ”

ချန်လွေ့ တုန်လှုပ်သွားသည်။ အဓိကတွင်းထဲကို မဝင်ဖို့ အသီနာကို ငါသေသေချာချာ ပြောခဲ့တယ် မဟုတ်လား။

“ ပြောစမ်း။ဘာတွေဖြစ်သွားတာလဲ။ ”

အဇရူပဒေဝတာသည် မူလကတည်းက စကားကို ရှင်းရှင်းလင်းလင်း မပြောနိုင်ပေ။ အဘယ်ကြောင့် ဤအားနည်းသည့် လူသားထံမှ ကြောက်မက်ဖွယ်ရာ ခံစားချက် ခံစားနေရကြောင်း သူ မသိပေ။သူ သိမ့်သိမ့်တုန်သွားသည်။ချန်လွေ့သည် ပို၍ပို၍ စိုးရိမ်လာပြီး ရင်ထဲ၌ နိမိတ်မကောင်းသည့်ခံစားချက် ပိုမိုကြီးထွားလာတော့သည်။

All Chapters