← Chapters

လူသတ်ချင်စိတ်နှင့် လျို့ဝှက်ကြံစည်မှု

Vol. 10 Ch. 142

လူသတ်ချင်စိတ်နှင့် လျို့ဝှက်ကြံစည်မှု

Vol. 10 Ch. 142

အဇရူပဒေဝတာ စကားလုံးစီနေသည်ကို နားထောင်ရင်း ချန်လွေ့အချိန်မဖြုန်းခဲ့ပေ။ ချန်လွေ့သည် တံခါးအတွင်းသို့ ဝင်သွားပြီး မိုင်းလုပ်သားတစ်ယောက်ကို ဆွဲကိုင်ကာ မေးလိုက်သည်။

လိုင်ရာမြို့သို့ ချန်လွေ့သွားပြီးနောက်တွင် အသီနာသည် လုကမ်းတောင်ဆီ ပြန်လာကာ မိုင်းလုပ်သားများကို ရှီလန်တောင်ခြေဆီသို့ ဦးဆောင်ရွှေ့ပြောင်းခဲ့ခြင်း ဖြစ်သည်။ မိစ္ဆာနီများလည်း သူတို့ကိုထပ်ပြီး မနှောင့်ယှက်ခဲ့ပေ။ထို့ပြင် စိတ်ဝိညာဉ်နဂါးလည်း ပေါ်မထွက်လာခဲ့ပေ။ထို့ကြောင့် မိုင်းလုပ်သားတို့၏ဘဝသည် ထူးထူးခြားခြား တည်ငြိမ် နေခဲ့သည်။

ရှီလန်တောင်သည် လုကမ်းတောင်ရှိ ပြင်ပမိုင်းတွင်းနှင့် အလွန်ဝေးကွာလှသည်။ မိုင်းတူးခြင်းသည် အလွန်အဆင်မပြေ ဖြစ်နေပြီး ပြင်ပမိုင်းတွင်းသည်လည်း လုံးဝ ကုန်ခမ်းလုနီးပါး ဖြစ်နေခဲ့သည်။ချန်လွေ့သည် မိုင်းလုပ်သားများကို တာဝန်ပြီးမြောက်ရန် အတွက် တွန်းအားမပေးခဲ့သော်လည်း သုံးလတစ်ကြိမ် ပို့ဆောင်ရေး အချိန်သည် ဖြည်းဖြည်းချင်း နီးကပ်လာပြီ ဖြစ်သည်။သူတို့သည် အမှောင်လမြို့က သတ်မှတ် ထားသည့် ပမာဏကို တင်ပို့ရမည်ဖြစ်သည်။သို့မဟုတ်ပါက ပြင်းပြင်းထန်ထန် အပြစ်ဒဏ် ခံရပေမည်။ထို့ကြောင့် ရဲတင်းသည့် အချို့မိုင်းလုပ်သားတို့သည် အဓိကတွင်း၌ မိုင်းတူးရန် အကြံရရှိခဲ့ခြင်း ဖြစ်သည်။

အန္တရာယ်ရှိ သတ္တဝါများကို ပေါ်ထွက်လာနိုင်ခြင်းကို မစဉ်းစားဘဲ သူတို့သည် အဓိကတွင်းသို့ တိတ်တဆိတ်သွားကာ စူးစမ်းလေ့လာခဲ့သည်။

မိုင်းလုပ်သားများကို စိတ်ဝိညာဉ်နဂါး တိုက်ခိုက်လိမ့်မည်မဟုတ်ကြောင်း ချန်လွေ့ သိသည်။ ၏သို့သော်လည်း အဓိကတွင်း အောက်လွှာသည် ပေါ့သေးသေးကိစ္စ မဟုတ်ပေ။ထိုနေရာ၌ အရင်းအမြစ် အလွန်ကြွယ်ဝလှသော်လည်း နတ်ဆိုးသားရဲများမှာ ပို၍ပင်ကြောက်မက်ဖွယ် ကောင်းလှသည်။ရှီလန်တောင်သည် မူလက ကြယ်ကြွေတမန် အင်ပါယာရှိ အကြီးမားဆုံး မိုင်းတွင်းဖြစ်သည်။သို့သော်လည်း အသက်အန္တရာယ်ရှိသည့် အတွက်ကြောင့် တဖြည်းဖြည်းနှင့် စွန့်ပစ်ခံလိုက်ရသည်။နှစ်၄၀၀ကျော် သွားပြီဖြစ် သော်လည်း ထိုပြဿနာကို မဖြေရှင်းနိုင်သေးပေ။

အဓိကတွင်းထဲသို့ မိုင်းလုပ်သားများ ဝင်ရောက်သွားသည့်အခါ ကြောက်မက်ဖွယ်ရာ စိတ်ဝိညာဉ်နဂါးနှင့်ထပ်ပြီး မကြုံတွေ့ခဲ့ကြရပေ။သူတို့ ကံကောင်းသွားခဲ့ကြသည်။ သို့သော်လည်း သတ္တုရိုင်းအပြုန်း အခန်းထဲရှိ သတ္တုရိုင်းတစ်ဝက်သည် မည်သည့်အကြောင်းကြောင့်မသိဘဲ ပျောက်ဆုံးနေသည်ကို သူတို့တွေ့ခဲ့ရသည်။ သူခိုးဓားပြများ သယ်ယူသွားခြင်းလည်း ဖြစ်နိုင်သည်။သို့ရာတွင် သတ္တုရိုင်းအပြုန်းရှိ အညစ်အကြေးများသည် အတော်လေး ဒုက္ခပေးလှသည်။၎င်းသည် သတ္တုရိုင်း၏ အရည်အသွေးကို ကြီးကြီးမားမား ထိခိုက်နိုင်သည်။ထို့ကြောင့် ၎င်းတို့ကို သူခိုးဓားပြများ မည်သည့်အတွက်ကြောင့် ယူသွားကြောင်း မည်သူမှမသိကြပေ။

သတ္တုရိုင်းများကို သူယူသွားပြီး တစ်ချို့တစ်ဝက်ကို ရှီရာထံ ပေးအပ်ခဲ့သည်ဟု မိုင်းလုပ်သားများကို ချန်လွေ့ ပြောပြလိမ့်မည် မဟုတ်ပေ။အသီနာ မည်သည့်နေရာ ရောက်နေကြောင်းသိရရန် ချန်လွေ့စိုးရိမ်နေခဲ့သည်။

“ အသီနာနဲ့ ဂါဒီတို့က အဓိကတွင်းဆီ ဘာဖြစ်လို့ သွားတာလဲ။သူတို့သွားတာ ဘယ်လောက်ကြာပြီလဲ။ ”

“ ဆာ-ချန်လွေ့။ ”

အသံတစ်သံ ထွက်လာပြီး ၎င်းမှာ ဒုတိယခေါင်းဆောင် ကော်နာ ဖြစ်နေသည်။ အမှောင်နတ်သူငယ်ထံမှ သတင်းပို့ချက်ကို ရရှိပြီးနောက် ကော်နာသည် တောင်နံဘေးရှိ မိုင်းတွင်းမှ အလျင်အမြန် ဆင်းလာခဲ့ခြင်း ဖြစ်သည်။

“ကော်နာ။မင်းလာတာနဲ့ အတော်ပဲ။ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ငါ့ကိုပြော။အသီနာ ဘယ်မှာလဲ။ ”

ကော်နာ မျက်မှောင်ကြုတ်ပြီး ပြောသည်။

“ ဆာ-ချန်လွေ့။ဒီလိုပါ။မစ်-အသီနာက မိုင်းတွင်းရုံးခန်းဆီသွားဖို့ ကျုပ်တို့ကို ဦးဆောင် သွားခဲ့တယ်။အခြေအနေတွေ တဖြည်းဖြည်း တည်ငြိမ်သွားတယ်။ဒါပေမဲ့လည်း မိုင်းလုပ်သားတစ်ဖွဲ့က သုံးလတစ်ကြိမ် မိုင်းတွင်းတင်ပို့မှုကို ဖြည့်ဆည်းဖို့အတွက် အဓိကတွင်း အောက်လွှာဆီကို သွားခဲ့ကြတယ်။အစပိုင်းမှာတော့ အခြေအနေတွေ တည်ငြိမ်နေတုန်းပဲ။ကြောက်စရာ စိတ်ဝိညာဉ်နဂါးလည်း မပေါ်ထွက်လာဘူး။ အဲဒါကြောင့် မိုင်းလုပ်သားတွေလည်း မိုင်းစပြီးတူးကြတယ်။နောက်တော့ နတ်ဆိုး သားရဲတွေ ပေါ်ထွက်လာပြီးတော့ မိုင်းလုပ်သားတွေ အထဲမှာ ပိတ်မိသွားတယ်။အသီနာနဲ့ ခေါင်းဆောင် ဂါဒီတို့က မိုင်းလုပ်သားတွေကို သွားကယ်ခဲ့တယ်။ဒါပေမဲ့လည်း သူတို့ ပြန်မရောက်လာခဲ့ဘူး။သူတို့ကို သွားရှာဖို့ လွှတ်လိုက်တဲ့သူတွေလည်း ပျောက်ကွယ်သွား ခဲ့တယ်။ကျုပ် အမှောင်လမြို့ဆီကို အရေးပေါ်သတင်း ပို့မလို့ပဲ။အဲ့ဒီအချိန် ဆရာ ပြန်လာတာပဲ။အမှောင်လမြို့ဆီ လူတွေလွှတ်လိုက်ပါ။ဆရာ။ ”

“ အောက်လွှာကို အသီနာ ဘယ်တုန်းက သွားခဲ့တာလဲ။ ”

“ မနေ့ညတုန်းကပဲ။ဒီမနက် သူပြန်မရောက်လာသေးဘူး။ ”

တစ်ညတောင်ရှိသွားပြီလား။

ချန်လွေ့၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။အမှောင်လမြို့ဆီသို့ သတင်းပို့ရန် အတွက်လည်း အချိန်မလုံလောက်ပေ။ကုန်ဆုံးသွားသည့် မိနစ်တိုင်းသည် အသီနာအား ပို၍ပင် အန္တရာယ်ကျရောက်စေနိုင်လေသည်။သူ ချက်ချင်းပြောလိုက်သည်။

“ အောက်လွှာကို ရောက်ဖူးတဲ့ မိုင်းလုပ်သားတစ်‌ယောက်ကိုသွားရှာခဲ့။ငါ အဲဒီအောက် ဆင်းပြီးတော့ တစ်ချက်သွားကြည့်မယ်။ ”

ကော်နာ သိမ့်သိမ့်တုန်သွားသည်။

“ အဲဒီမှာ အရမ်းအန္တရာယ်များတယ်။ဆာ-ချန်လွေ့။ကျုပ်တို့တွေ တစ်ယောက်ယောက် လွှတ်ပြီး အမှောင်လမြို့ဆီ အမြန်အကြောင်းကြား သင့်တယ်။ ”

ချန်လွေ့ ဒေါသထွက်လာသည်။

“ ငါက မိုင်းတွင်းအရာရှိ။အဲ့ဒီကို သွားဖို့ အခုချက်ချင်း တစ်ယောက်ယောက်စီစဉ်ပေးဖို့ ငါမင်းကို အမိန့်ပေးနေတယ်။အောက်လွှာက်ု ငါကိုယ်တိုင် သွားမယ်။ ”

ကော်နာ အံကြိတ်လိုက်သည်။

“ ကျုပ် အောက်လွှာကို ရောက်ဖူးပါတယ်။ကျုပ် ဆရာနဲ့လိုက်သွားမယ်။ ”

“ ကောင်းပြီလေ။အရမ်း နောက်မကျသေးဘူး။အခုပဲ သွားရအောင်။ ”

ကော်နာသည် ချက်ချင်းပင် ကိစ္စတချို့ကို အစောင့်နှင့်ဆွေးနွေးပြီးနောက် ချန်လွေ့အား တောင်ပေါ်သို့ ခေါ်ဆောင်သွားသည်။လမ်းတစ်လျှောက်တွင် မိုင်းလုပ်သားများ အဆင်မပြေ ဖြစ်နေသည်ကိုမြင်ပြီး ချန်လွေ့ ကိုယ့်ကိုယ်ကို အပြစ်တင်လိုက်သည်။

ဒါက ငါ မိုင်းတွင်းအရာရှိ တာဝန်ကို မကျေပွန်ခဲ့လို့ပဲ။ငါက မိစ္ဆာနီတွေကို ရှင်းပစ်ဖို့ အတွက်ပဲ စီစဉ်ထားခဲ့တာ။မိုင်းတွင်း တင်ပို့ရေးကြောင့် တစ်ခုခု ဖြစ်သွားခဲ့လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။အသီနာ တစ်ခုခုဖြစ်သွားရင်တော့ ငါရလာခဲ့တဲ့ အောင်မြင်မှုတွေ အကုန်လုံး အဓိပ္ပာယ်မဲ့သွားမှာပဲ။ဘယ်လိုပဲဖြစ်ဖြစ် အသီနာကိုငါ အန္တရာယ်ကင်းကင်းနဲ့ ပြန်ခေါ်လာမယ်။

ကော်နာ လမ်းလျှောက်နေရင်း အဓိကတွင်းရှိ အခြေအနေကို ချန်လွေ့အား ရှင်းပြနေလိုက်သည်။အောက်လွှာမိုင်းတွင်းများကို ထူးဆန်းသော သတ္တဝါများ တိုက်ခိုက်ခဲ့သည်။၎င်းတို့သည် ယင်ကောင်နှင့် အနည်းငယ်တူပြီး ခန္ဓာကိုယ်မှ အသားနှင့်သွေးကို စုပ်ယူကာ အရိုးသာ ကျန်စေနိုင်သည်။၎င်းသည် ကြောက်မက်ဖွယ် ကောင်းလှသည်။ပြဿနာအဖြစ်ဆုံးမှာ သူတို့သည် အရေအတွက်များလှပြီး သတ်ပစ်ရန် ခက်ခဲလှခြင်းပင် ဖြစ်သည်။

အဓိကတွင်းတွင် မှော်မီးတောက်များ ထွန်းညှိထားသော်လည်း နက်မှောင်နေဆဲပင် ဖြစ်သည်။အဓိကတွင်းထဲသို့ ချန်လွေ့ ယခုမှ ဝင်ရောက်ဖူးခြင်း မဟုတ်ပေ။သူ အကြံတစ်ခု ရသွားပြီး အလင်းလက်စွပ်တစ်ကွင်း ဝတ်လိုက်သည်။သူ၏လက်ထဲ၌ မှော်သံလိုက် အိမ်မြှောင်တစ်ခု ပေါ်ထွက်လာပြီး လမ်းတစ်လျှောက်ရှိ လမ်းကြောင်းများနှင့် ညွှန်းဆိုမှတ်များကို စတင်မှတ်သားတော့သည်။

အထက်လွှာသည် အလွန်ကျယ်ဝန်းလှသော်လည်း ကော်နာသည် ထိုနေရာနှင့် အတော်လေး ရင်းနှီးနေသည်။သူတို့သည် အသက်မရှူနိုင်လောက်သည့် လမ်းပေါင်း များစွာကို ဖြတ်သန်းပြီးနောက် အဆုံးမရှိသော ဝင်ပေါက်တစ်ခုဆီသို့ ရောက်ရှိ လာကြတော့သည်။

“ ဆာ။ဒါက အောက်လွှာရဲ့ဝင်ပေါက်ပါ။အစကတော့ ပင့်စက်ကြီးတွေ ရှိတယ်။ အဲဒါကြောင့် ဝင်တာထွက်တာ အဆင်ပြေခဲ့တယ်။ဒါပေမဲ့လည်း လွန်ခဲ့တဲ့ နှစ်လေးရာတုန်းက မူလချိပ်ပိတ်ကို နတ်ဆိုးသားရဲတွေ ချိုးဖောက်ခဲ့တဲ့အတွက် အဲဒီအချိန်တုန်းက မိုင်းတွင်းအရာရှိလည်း ရွေးစရာမရှိတော့ဘဲနဲ့ ပင့်စက်တွေကို ဖျက်ဆီးပစ်ခဲ့ရတယ်။အဲ့ဒါကြောင့် အခုဆိုရင် တစ်ခုတည်းရှိတော့တဲ့ အရေးပေါ် လမ်းကြောင်းကနေပဲ အောက်ဆင်းလို့ ရတော့မယ်။ဒီအရေးပေါ်လမ်းကြောင်းမှာလည်း ချိပ်ပိတ်ရှိတယ်။နတ်ဆိုးဘုရင်အဆင့်အောက် သတ္တဝါတွေပဲ ဖြတ်သွားနိုင်တယ်။ ဒီချိပ်ပိတ်က မြေအောက်မှာ‌ နေထိုင်တဲ့ နတ်ဆိုးဧကရာဇ်အဆင့် နတ်ဆိုးသားရဲတွေ ဝင်ရောက်မှာကိုလည်း တားဆီးပေးတယ်။နတ်ဆိုးဧကရာဇ်အဆင့်ထက် ပိုမြင့်ရင်တော့ အရေးပေါ်လမ်းကြောင်းကို ဖောက်‌ထွက်နိုင်တယ်။အရေးပေါ်လမ်းကြောင်းကို သူတို့ ဖျက်ဆီးလိုက်ရင် အောက်လွှာနဲ့ အဆက်အသွယ် လုံးဝပြတ်တောက်သွားမယ်။ နှစ်ထောင်ချီ မိုင်းတူးထားတဲ့ အကြီးမားဆုံးမိုင်းတွင်းကို လက်လျှော့လိုက်တာနဲ့ အတူတူပဲ။အဲဒါကြောင့် ဒီလမ်းကြောင်းက ဒီနေ့အထိ ရှိနေတာ။အနာဂတ်မှာ နတ်ဆိုးသားရဲတွေကို ရှင်းပစ်နိုင်အောင်လို့ပေါ့။ ”

“ ကောင်းပြီလေ။ဆင်းကြတာပေါ့။ ”

ချန်လွေ့ တစ်ချက်ကြည့်လိုက်သည်။ဝင်ပေါက် အချင်းသည် နှစ်မီတာအောက်လျှော့ပြီး အလွန့်အလွန် နက်ရှိုင်းလှသည်။မိုင်းလုပ်သားများသည် ‌ဤလမ်းကြောင်းကိုသုံးပြီး အောက်လွှာသို့ တိတ်တဆိတ် မိုင်းသွားတူးတတ်ကြသည်။

ကော်နာ၏မျက်လုံးများ ဖြတ်ခနဲ အရောင်လက်သွားသည်။ချန်လွေ့ သတိမထားမိ ခဲ့သော်လည်း ထူးဆန်းသော အငွေ့အသက်တစ်ခုကို ပြင်းပြစွာ ခံစားမိလိုက်သည်။

လူသတ်ချင်စိတ်ပဲ။

ကော်နာက တကယ်ပဲ လူသတ်ချင်စိတ် ထုတ်လွှတ်လိုက်တာလား။

ခ‌ဏသာဖြစ်သော်လည်း ချန်လွေ့ အမိအရ ဖမ်းနိုင်ခဲ့သည်။

“ ကော်နာ။မင်းအရင်ဆင်း။ငါ လိုက်ခဲ့မယ်။ ”

ချန်လွေ့ အရင်ဆင်းချင်သော်လည်း စိတ်ပြောင်းလိုက်သည်။

ထင်ထားသည့်အတိုင်းပင် ထိုသတ်ဖြတ်ချင်စိတ် ပြန်ပေါ်လာသည်။ချန်လွေ့သည် [ သရုပ်ခွဲမျက်လုံး ] ကို အသက်သွင်းလိုက်သည်။

မျိုးနွယ် = [ အမှောင်နတ်သူငယ် ]

စွမ်းအားအကဲဖြတ်မှု = [ E ]

ကော်နာသည် ကြောက်ရွံ့သည့်ပုံစံ ပြသလိုက်သည်။

“ ကျုပ် မလိမ်ပါဘူး ဆရာ။ကျုပ်နည်းနည်း ကြောက်နေတယ်။ဆရာ အရှေ့ကနေ သွားလို့ရမလား။ကျုပ် အနောက်ကနေ မီးထိုးပေးမယ်လေ။ ”

ကြောက်တာရော သတ်ချင်တာရော တစ်ခါတည်း ခံစားနေရတာလား။

ချန်လွေ့သည် ကော်နာသည် အသာလေး ဖြတ်ခနဲကြည့်လိုက်သည်။

“ ကော်နာ။ဒီမှာ ငါတို့နှစ်ယောက်ပဲ ရှိတော့တယ်။မင်းဆက်ပြီးတော့ ဟန်ဆောင်နေစရာ မလိုတော့ဘူးလို့ ထင်တယ်။ ”

ကော်နာ ခဏတာ တိတ်ဆိတ်သွားပြီးနောက် ခေါင်းခါလိုက်သည်။

“ မိုင်းတွင်းအရာရှိ ဆိုတဲ့အတိုင်းပါပဲ။ကျုပ်ဘယ်နေရာ မှားသွားလဲဆိုတာကို တကယ် မသိသေးဘူး။ ”

ထင်ထားတဲ့အတိုင်း ဒါက လျို့ဝှက်ကြံစည်မှုပဲ။ မိုင်းလုပ်သားများထဲ၌ တစ္ဆေနီသူလျှိုများ ရှိနေကြောင်း ချန်လွေ့ မူလက မှန်းဆမိခဲ့သည်။ထိုအချိန်၌ အခြေအနေသည် အရေးတကြီး ဖြစ်နေခဲ့သည်။ထို့ပြင် မရင်းနှီးသည့် မိုင်းလုပ်သားများကြား၌ သူလျှိုများကို ရှာတွေ့ရန်လည်း အလွန်ခဲယဉ်းလှသည်။ထို့နောက်တွင် သူ၏အားထုတ်မှုကြောင့် တစ္ဆေနီခေါင်းဆောင်နှင့် ကြိုးကိုင်သူတို့ လုံးဝပျောက်ကွယ်သွားသည်။ထို့ကြောင့် သူလျှိုတစ်ယောက် ရှိနေလျှေင်တောင် များများစားစား လုပ်နိုင်မည် မဟုတ်ပေ။ တစ်ယောက်ကို သတိမထားမိလိမ့်မည်ဟု ချန်လွေ့ လုံးဝ မထင်ထားမိခဲ့ပေ။

ယခုအခြေအနေကို ကြည့်ရလျှင် အဓိကတွင်းရှိ မိုင်းလုပ်သားများကို အသီနာ “သွားကယ်ခြင်း” သည်လည်း ကြိုတင်ကြံစည်မှုကြောင့် ဖြစ်ပေမည်။

“ ဒါကငါ့ရဲ့ အလိုလိုသိစိတ်ကြောင့်ပါ။ ”

ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။

“ ငါ့မှာ ဘာစွမ်းအားမှမရှိလို့ ဒီလိုသိစိတ်က တိကျတာများတယ်။ငါ ဒီနေ့ စမ်းကြည့်လိုက် တာပဲ။ထပ်ပြီးမှန်သွားမယ်လို့ မထင်ထားမိခဲ့ဘူး။ ”

“ မင်းမှာ ဒီလိုအာရုံခံ စွမ်းရည် ရှိမယ်လို့ မထင်ထားခဲ့ဘူး။ကံမကောင်းတာကတော့ ဒါကမင်းကို ပိုပြီးမြန်မြန်သေစေတာပဲ။ ”

ကော်နာ ခေါင်းယမ်းလိုက်သည်။

“ မင်းအောက်ကို မဆင်းရင်လည်း သေမှာပါပဲ။အောက်က နတ်ဆိုးသားရဲတွေ သတ်တာကို မခံရရင်တောင် ငါမင်းကို အဆုံးသတ်ပေးလို့ရတယ်။ ”

“ ငါ့ရဲ့အလိုလိုသိစိတ်က ငါ့ကိုသေစေနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ”

ချန်လွေ့ သက်ပြင်းချလိုက်သည်။

“ ငါမသေခင်....မေးခွန်းနည်းနည်း မေးချင်တယ်။ရမလား။ ”

“ တည်ငြိမ်ဟန်ဆောင်လည်း အသုံးဝင်မှာ မဟုတ်ဘူ။မင်းဘာလုပ်နိုင်လည်း ဆိုတာ ငါသိတယ်။ ”

အမှောင်နတ်သူငယ် နှာခေါင်းရှုံ့ပြီး နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်ခွာသွားပြီး ချန်လွေ့နှင့်ဝေးကွာအောင် ပြုလုပ်လိုက်သည်။

“ ဘယ်ဆေးရည်မှ သုံးဖို့ မစဉ်းစားနဲ့။ငါ့လက်ထဲမှာရှိတဲ့ ဒူးလေးက မင်းရဲ့လည်မျိုကို ချိန်ထားတာ။မင်းလှုပ်တာနဲ့ ချက်ချင်း အလောင်းကောင် ဖြစ်သွားမယ်။အခုတော့ အနိုင်ရသူတစ်ယောက် အနေနဲ့ လူသေတစ်ယောက်ရဲ့ နောက်ဆုံးဆန္ဒကို ငါ ဖြည်းဆည်းပေးမယ်။ ”

‌သူ၏ နောက်ဆုံးအကြံအစည်ကို ကော်နာ မြင်သွားသကဲ့သို့ ချန်လွေ့ မျက်နှာပျက် သွားသည်။ချန်လွေ့ ခပ်တောင့်တောင့် နေပြီး မလှုပ်ရဲတော့ပေ။

“ ပထမဆုံးမေးခွန်းက အသီနာနဲ့ ဂါဒီကို မင်းလှည့်စားခဲ့တာလား။ ”

“ ပြောရရင်တော့ သူတို့က မိုင်းလုပ်သားတွေကို ကိုယ်တိုင်စပြီး‌တော့ သွားကယ်ခဲ့ ကြတာ။ငါသူတို့ကို မလှည့်စားခဲ့ဘူး။ ”

ကော်နာကျေနပ်သွားပုံရသည်။

“ ဒါပေမဲ့လည်း မိုင်းလုပ်သားတွေကို အောက်လွှာမှာ မိုင်းသွားတူးဖို့ကို ငါပဲ ဆွပေးခဲ့တာ။ အဲဒါကြောင့် ငါအပြည့်အဝ တာဝန်ယူရမယ်။ ”

“ ဒါဆိုရင် အသီနာနဲ့ ဂါဒီတို့က တကယ်ပဲ အောက်ဆင်းသွားကြလား။ ”

ချန်လွေ့ ချက်ချင်းပင် ဒုတိယမေးခွန်း မေးလိုက်သည်။

“ သူတို့ဘာလို့ မနေ့ညတုန်းက ပြန်မလာတာလဲ။ ”

“ ....ဒါက ရှင်းပါတယ်။ ”

အရေးပေါ်လမ်းကြောင်း၏ ဝင်ပေါက်ကို ကော်နာ လက်ညှိုးထိုးပြလိုက်သည်။

“ သူတို့ဆင်းသွားတော့ လမ်းကြောင်းရဲ့ မှော်အစီအရင်ကို ငါဖျက်ဆီးခဲ့တယ်။အခုတော့ ဝင်ပဲဝင်လို့ရတော့တယ်။ထွက်လို့ မရတော့ဘူး။နတ်ဆိုးဧကရာဇ်အဆင့် အစွမ်းရှိတဲ့ သူတွေပဲ ချိပ်ပိတ်ကို ချိုးဖောက်နိုင်မှာ။မဟုတ်ရင် ‌အ‌မှောင်လမြို့ဆီကို အကူအညီသွား တောင်းရင်တောင် ဘာမှအကူအညီဖြစ်မှာ မဟုတ်ဘူး။ ”

တစ်လမ်းသွား ဆိုပါလား။နတ်ဆိုးဧကရာဇ်ပဲ ဒါကို ဖယ်ရှားနိုင်တယ်တဲ့လား။ ချန်လွေ့ ရင်မောသွားပြီး မေးလိုက်သည်။

“ မင်းက နတ်ဆိုးဧကရာဇ်လား။မင်းမှာ ဘယ်လိုလုပ် မှော်အစီအရင်ကို ဖျက်ဆီးနိုင်တဲ့ စွမ်းအား ရှိရတာလဲ။ ”

“ ဘယ်ဟုတ်မလဲ။ ”

ကော်နာ အလွန်ကျေနပ်သွားသည်။

“ ဒါပေမဲ့ ငါ့ရဲ့သခင်ပေးထားတဲ့ မှော်ကိရိယာက ဒီလိုမျိုး လုပ်နိုင်တယ်။အသီနာက အမြင့်ဆင့်နတ်ဆိုးဆိုရင်တောင် ဒီအောက်မှာ လမ်းဆုံးပဲရှိတယ်။ ”

ချန်လွေ့ အံ့အားသင့်စွာပြောလိုက်သည်။

“ သခင် ဟုတ်လား။ဂျိုးဆက်ပ်လား။ခါနီတာလား။ဒါမှမဟုတ် လိပ်ပြာနီအရှင်လား။ ”

ကော်နာ အထင်သေးစွာ ပြောလိုက်သည်။

“ ဒီလို မဆိုစလောက်လူတွေက ငါ့သခင်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ပြီးတော့လည်း အဲဒီတစ္ဆေနီကောင်တွေက အင်ပါယာမှာ ပထမဆုံးဗိုလ်ချုပ်ရဲ့ သမီးကို သတ်ပစ် လောက်အောင် ဘာလို့တုံးအရမှာလဲ။ ”

ချန်လွေ့ ထိတ်လန့်သွားသည်။ကော်နာ၏ “ သခင် ” သည် ဂျိုးဆက်ပ်လည်းမဟုတ် လိပ်ပြာနီအရှင်လည်း မဟုတ်ဘဲ ပို၍အစွမ်းထက်ပြီး လျို့ဝှက်ဆန်းကြယ်သူတစ်ယောက် ဖြစ်နေသည်။ဤကဲ့သို့ မိုင်းတွင်းသေးသေးလေးကို ချုပ်ကိုင်နေသည့် ဆိုးယုတ်‌သော ကြိုးကိုင်နေသူ တစ်ယောက်ထက်ပို၍ ရှိနေလေသည်။ထို့ပြင် အနီးအနား၌လည်း နောက်ထပ်မှော်ဆက်သွယ်ရေးမျှော်စင်တစ်ခုရှိ နေပေမည်။

“ မင်းရဲ့ သခင်က ဘယ်သူလဲ။ ”

ကော်နာ နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။

“ မင်းဒါကို သိစရာမလိုဘူး။မင်းကိုငါ နောက်ဆုံးအနေနဲ့ တစ်ခု အလကား ဖြေပေးမယ်။ငါ့မှာ နောက်ထပ်သရုပ် တစ်ခုရှိတယ်။ အဲဒါက မိစ္ဆာနီအဖွဲ့ရဲ့ သူလျှိုပဲ။ မိစ္ဆာနီတွေ ကံမကောင်းတာတစ်ခုခု ဖြစ်သွားခဲ့တယ်။ခေါင်းဆောင် စနိုးဒင်က လိပ်ပြာနီ နယ်မြေကနေ ထွက်လာပြီ။သိပ်မကြာမီ ရှီလန်တောင်ဆီကို ရောက်တော့မယ်။ အဲဒီအချိန်ကျရင် လိပ်ပြာနီနယ်မြေက မိစ္ဆာနီတွေကို ထိန်းချုပ်ပြီး အင်ပါယာ ပထမဆုံးဗိုလ်ချုပ်ရဲ့သမီးကို သတ်ပစ်လိုက်တဲ့သတင်းက ပျံ့နှံ့သွားမှာပဲ။ ဗိုလ်ချုပ် ဂျော့ခ်ျမှာ သမီးတစ်ယောက်တည်းသာရှိတယ်။အဲ့ဒါ‌ကြောင့် သူသေချာပေါက် ဒေါသ ပေါက်ကွဲသွားမှာပဲ။ကြယ်ကြွေတမန် အင်ပါယာရဲ့ မခိုင်ခံ့တဲ့ မျှခြေကလည်း ပျက်စီးသွားဖို့ များတယ်။ဒီလို ဖရိုဖရဲဖြစ်မှာကို ငါ့ရဲ့သခင်က အကျေနပ်ဆုံး ဖြစ်နေမှာပဲ။ ”

“ မင်းရဲ့သခင်က ကြယ်ကြွေတမန် အင်ပါယာက မဟုတ်ဘူး။ ”

ချန်လွေ့ သဘောပေါက်သွားသည်။ကော်နာ၏လက် လှုပ်ရှားသွားပြီး မြှားနှစ်ချောင်းသည် ချန်လွေ့ လည်ပင်းဆီသို့ လျှပ်စီးကဲ့သို့အမြန်နှုန်းဖြင့် ရောက်ရှိသွားတော့သည်။

“ ငါ ပုန်း‌အောင်းနေတာကြာပြီ။အားနည်းတဲ့သူတစ်ယောက်ကို မရင်ဆိုင်ရတာ ကြာပြီ။ ”

ကော်နာသည် အောင်နိုင်သည့်ခံစားချက်ကို ခံစားရင်း စကားကြောမရှည်တော့ဘဲ အဆုံးသတ်လိုက်တော့သည်။

All Chapters