← Chapters

ထိတ်လန့်ဖွယ်။နတ်ဆိုးဘာသာစကား ပြောနိုင်သည့် မယ်ဒူဆာ

Vol. 10 Ch. 144

ထိတ်လန့်ဖွယ်။နတ်ဆိုးဘာသာစကား ပြောနိုင်သည့် မယ်ဒူဆာ

Vol. 10 Ch. 144

ယိုယွင်းနတ်ဆိုးယင်ကောင်များသည် အရွယ်အစား သိပ်မကြီးလှသော်လည်း စွမ်းအားနှင့် အမြန်နှုန်းသည် အလွန်ထိတ်လန့်စရာ ကောင်းလှသည်။ပါးစပ်မှ အဆိပ်ပြင်းအရည် များကိုပင် မှုတ်ထုတ်နိုင်သည်။သို့သော်လည်း ချန်လွေ့အတွက်မူ ယိုယွင်းနတ်ဆိုး ယင်ကောင်များ၏ အဆိပ်သည် မည်သည်မျှ သက်ရောက်မှုမရှိဘဲ အရှိန်အဝါအဖြစ်သာ ကူးပြောင်းသွားပေလိမ့်မည်။

ထိုအချိန်၌ သွေးဆာသော နတ်ဆိုးယင်ကောင် အုပ်လိုက်ကြီး ပြေးဝင်လာ တော့သည်။ချန်လွေ့သည် [ ဖျက်ဆီးခြင်း အရှိန်အဝါ ခုတ်ချက် ] ကို ယိုယွင်းနတ်ဆိုး ယင်ကောင်အပေါ်၌ အသုံးပြုကြည့်ပြီး ကြယ်စွမ်းအားကို တိုးမြှင့်ကာ နေရာပြန့်အစွမ်းကို အသက်သွင်းလိုက်ပြန်သည်။

“ [ ဖျက်ဆီးခြင်း အရှိန်အဝါ ခုတ်ချက် ] ”

[ ဖျက်ဆီးခြင်း အရှိန်အဝါ ခုတ်ချက် ] အဝန်းအဝိုင်းထဲ ရောက်ရှိလာသည့် ယိုယွင်းနတ်ဆိုးယင်ကောင်သည် မြောက်မြားလှစွာသော အရှိန်မြန် ခုတ်ပိုင်း အားများကြောင့် ချက်ချင်းပင် ခုတ်ပိုင်းခံလိုက်ရသည်။သို့သော်လည်း ၎င်းသည် အခြားသွေးဆာသော နတ်ဆိုးယင်ကောင်များကဲ့သို့ မကြေမွသွားပေ။၎င်းသည် လေထဲ၌ ယိုင်တိယိုင်တိုင် ပျံသန်းနေပြီး အရှိန်လည်း ရုတ်တရက် နှေးကွေးသွားကာ ကြောက်လန့်ဖွယ် စူးစူးရှရှအသံများ ထွက်ပေါ်လာသည်။

အုပ်စုဖွဲ့တိုက်ခိုက်မှုသည် အတော်လေး စွမ်းအားနိမ့်သည့် ရန်သူအုပ်စုကို တိုက်ခိုက်ခြင်း၌သာ အကျိုးသက်ရောက်မှုရှိသည်မှာ အမှန်တကယ်ပင် ဖြစ်သည်။ အစွမ်းထက်သည့် တစ်ကောင်တည်းသော ပြိုင်ဘက်ကို ရင်ဆိုင်သည့်အခါ၌ အစွမ်းထက်ဆုံး ပစ်မှတ်တစ်ခုတည်း တိုက်ခိုက်မှုကို အသုံးပြုခြင်းသည်က ပို၍ကောင်းမွန်ပေသည်။

“ [ အရှိန်အဝါ ဓားသွား ] ”

ယိုယွင်းနတ်ဆိုးယင်ကောင် ပြန်မသက်သာသေးခင်မှာပင် ထက်မြက်လှသည့် အားကဲ့သို့ ဓားသွားတစ်ခုက ၎င်းကို ခေါင်းကို ခုတ်ပိုင်းလိုက်သည်။စူးရှရှအသံများကြား၌ ၎င်းသည် ပြင်းပြင်းထန်ထန် ခုတ်ပိုင်းခံထိသွားသည်။အံ့အားသင့်စွာပင် ထိုနတ်ဆိုးယင်ကောင်၏ ခန္ဓာကိုယ်သည် ထင်ထားသည်ထက်ပို၍ ဒဏ်ခံနိုင်နေသည်။သတ္တုကိုပင် ဖြတ်တောက် နိုင်သည့် [ အရှိန်အဝါဓားသွား ]သည် ၎င်းကို နှစ်ပိုင်းမပြတ်သွားစေခဲ့ဘဲ အပေါက်ကြီး တစ်ပေါက် ဖြစ်သွားစေကာ ထိုအထဲမှ မနှစ်မြို့စရာအနံ့ရှိသော အရည်များ ထွက်လာတော့သည်။ချန်လွေ့ တုံ့ဆိုင်းမနေဘဲ ၎င်းကို ဆယ်နှစ်ချက်ခန့် အဆက်မပြတ် ခုတ်ပိုင်းလိုက်သည်။ နောက်ဆုံး၌ ယိုယွင်းနတ်ဆိုး ယင်ကောင်လည်း မခံနိုင်တော့ပေ။ [အရှိန်အဝါ ဓားသွား]သည် ၎င်းသည် အပိုင်းပိုင်းပြတ်သွားစေပြီး တစ်ခါတည်း သတ်ပစ်လိုက်သည်။

အသီနာဘက်တွင် ယိုယွင်းနတ်ဆိုးယင်ကောင် တစ်ကောင် လျော့သွားပြီး သွေးဆာသော နတ်ဆိုးယင်ကောင် အများအပြားလည်း လျော့ပါးသွားသည့်အတွက် ပို၍ဖိအားလျော့ သွားသည်။မယ်ဒူဆာ၏ ခံစစ် စက်ဝိုင်းသည်လည်း အရွယ်အစားနှစ်ဆဖြစ်သွားပြီး ရန်သူများကို အောင်အောင်မြင်မြင် တားဆီးနိုင်ခဲ့သည်။

[ အရှိန်အဝါ ဓားသွား ] သည် ဆယ်မိနစ် အကန့်အသတ်ရှိသည့်အတွက် ယိုယွင်းနတ်ဆိုး ယင်ကောင်ကို သတ်ပြီးနောက် ချန်လွေ့သည် အသီနာဆီ အလျင်အမြန်သွား လိုက်သည်။ဒိုဒို၏ အကူအညီနှင့်အတူ ချန်လွေ့သည် နောက်ထပ် ယိုယွင်းနတ်ဆိုး ယင်ကောင် တစ်ကောင်ကို သတ်ပစ်လိုက်နိုင်သည်။

ကျန်ရှိသည့် ယင်ကောင်သည် အခြေအနေမဟန်ကြောင်း သတိထားမိလိုက်ပြီး ထွက်ပြေးရန် ပြင်လိုက်စဉ် မြှားတစ်ချောင်းက ၎င်း၏တောင်ပံကို လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ထိသွားသည်။နတ်ဆိုးယင်ကောင်၏ လှုပ်ရှားမှု နှေးကွေးသွားပြီး ၎င်းကို အသီနာခုတ်ပိုင်းလိုက်ရာ နာကျင်သည့်အသံထွက်လာပြီး ဘေးဘက်သို့ ပြုတ်ကျ သွားသည်။ ချန်လွေ့သည်လည်း ချက်ချင်းပင် [ အရှိန်အဝါ ဓားသွား ] ဖြင့် ကြက်ခြေခတ် ခုတ်ပိုင်းလိုက်ရာ နောက်ဆုံး ယိုယွင်းနတ်ဆိုးယင်ကောင်သည် အပိုင်းပိုင်း ပြတ်သွား တော့သည်။

ယိုယွင်းနတ်ဆိုးယင်ကောင်များ အသတ်ခံလိုက်ရပြီးနောက်တွင် အနည်းငယ်သာ ကျန်ရှိတော့သည့် သွေးဆာသော နတ်ဆိုးယင်ကောင်များက ထွက်မပြေးသေးဘဲ အကြောက်အလန့်မရှိ ဆက်လက်တိုက်ခိုက်နေကြသည်။နောက်ဆုံး၌ သူတို့အားလုံး အဆုံးသတ်သွားခဲ့သည်။

ဘေးကျပ်နံကျပ်အခြေအနေသည် နောက်ဆုံး၌ ပြီးဆုံးသွားလေပြီ။အသီနာ၏ တိုက်ခိုက်ရေးအသွင်လည်း ရုတ်တရက် ပျောက်ကွယ်သွားပြီး နတ်ဆိုးမီးတောက်လည်း ငြိမ်းသွားသည်။

အသီနာသည် ပြင်းပြင်းထန်ထန် မောဟိုက်နေပြီး ဓားကိုသုံးကာ အားအင်ကုန်ခမ်း နေသည့် ခန္ဓာကိုယ်ကို ထောက်ပံ့ထားလိုက်သည်။သူသည် အစွမ်းထက်သော်လည်း တစ်ညလုံးတိုက်ခိုက်ခဲ့ရသည့်အတွက် စွမ်းအားအတော်များများ ကုန်ဆုံးနေပြီ ဖြစ်ပြီး ခြေကုန်လက်ပမ်းကျလုနီးပါး ဖြစ်နေသည်။

အသီနာသည် အနားကပ်လာသည့် ချန်လွေ့ကိုကြည့်ရင်း မျက်လုံးများ ရုတ်တရက် နီမြန်းသွားသည်။ချန်လွေ့ဘာမျှမပြောသော်လည်း သူ့ကိုမည်မျှ စိုးရိမ်နေကြောင်းနှင့် သူ့ကိုလာရှာရန် မည်မျှအရဲစွန့်ခဲ့ရကြောင်းကို အသီနာ စိတ်ကူး၍ရသည်။အသီနာ စကားပြောရန်ပြင်လိုက်စဉ် နွေးထွေးသည့် ယောက်ျားလေးအငွေ့အသက်တစ်ခုက သူ့ကို ရုတ်တရက်ဝိုင်းရံသွားသည်။ချန်လွေ့သည် အသီနာကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်ခြင်း ဖြစ်သည်။

အသံတိတ်ည စိမ့်မြေ၌ သေရေးရှင်ရေး အခြေအနေကို ကြုံတွေ့ရပြီးနောက်တွင် အသီနာအပေါ် ချန်လွေ့၏ ခံစားချက်များနှင့် တမ်းတမှုများသည်လည်း ယခင်ကထက်ပင်ပို၍ ခိုင်မာလာခဲ့သည်။အထူးသဖြင့် ခုနကအသီနာကို စိုးရိမ်တကြီး ရှာဖွေနေသော အချိန်၌ ဖြစ်သည်။အစပိုင်းတွင် ချန်လွေ့၌ ပြောစရာအများကြီး ရှိသော်လည်း အသီနာကို မြင်ပြီးသည့်အခါ ဘာမျှမပြောနိုင်ခဲ့ပေ။တင်းတင်းကြပ်ကြပ်သာ ပွေ့ဖက်နိုင်ခဲ့သည်။၎င်းသည် သူ၏ခံစားချက်ကို ဖော်ပြနိုင်သည့် လက်တွေ့အဆန်ဆုံး အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပေလိမ့်မည်။

ရွက်စိမ်းတော၌ သူတို့ခွဲခွာစဉ်က ပွေ့ဖက်ခံခဲ့ရသော်လည်း ထိုအချိန်၌ အသီနာ၏ နှလုံးသားထဲရှိ ထူးဆန်းသောခံစားချက်သည် ပြင်းထန်နေဆဲပင် ဖြစ်သည်။ချန်လွေ့၏ ပြင်းထန်သော နှလုံးခုန်သံနှင့် နွေးထွေးသော အထိအတွေ့ကို ခံစားရင်း ရင်ဆိုင်ခဲ့ရသည့် အန္တရာယ်များ၊အခက်အခဲများသည် အရေးမကြီးတော့သကဲ့သို့ ဖြစ်သွားသည်။

သူတို့ပွေ့ဖက်သည့်အခါ ကြားထဲတွင် ဘာမှခြားမနေပေ။ သူတို့၏နှလုံးသားများ နီးကပ်သွားကြသည်။မျက်လုံး အနည်းငယ် မကြည်မလင်ဖြစ်နေသည့် အသီနာသည် လက်ကိုဖြေလျှော့လိုက်သည်။သူ မသိလိုက်ဘဲ လက်ထဲမှ မဟာဓားကြီးသည် အသံကျယ်ကြီးနှင့်အတူ ပြုတ်ကျသွားသည်။

ထိုအသံသည် အသီနာကို သတိပြန်ဝင်သွားစေသည်။အနီးအနားတွင် အခြားလူများ ရှိနေသေးကြောင်း သူသတိရလိုက်သည်။ထို့ကြောင့် သူမြန်မြန် ရုန်းထွက်လိုက်သည်။ အသီနာ၏မျက်နှာ နီရဲသွားသည်။သို့သော်လည်း ခုနက ကုန်ခမ်းလုနီးပါး ခွန်အားများသည် ထူးထူးဆန်းဆန်း ပြန်လည်ဖြည့်တင်းသွားသည်။

“ မိန်းကလေး။ ”

အသီနာနောက်မှ အသံတစ်သံ ထွက်လာသည်။၎င်းသည် ဂါဒီ၏အသံ ဖြစ်သည်။ဂါဒီ အသက်ရှင်နေဆဲပင် ဖြစ်သည်။

သို့ရာတွင် သူ၏ပုံစံအရ ကြာကြာ အသက်ရှင်ရတော့မည် မဟုတ်ပေ။

အလင်းလက်စွပ်မှ အလင်းရောင်သည် ဂါဒီ၏ခန္ဓာကိုယ်တစ်ခုလုံးပေါ်မှ ကြောက်မက် ဖွယ်ရာ ဒဏ်ရာများနှင့် သွေးများကို ရောင်ပြန်ဟပ်နေသည်။နေရာအတော်များများတွင် အရိုးဖြူများကိုမြင်နေရပြီး တစ်စုံတစ်ရာက ဝါးစားထားသကဲ့သို့ ဖြစ်နေသည်။ဂါဒီ၏ ဒဏ်ရာများသည် အလွန်ဆိုးဝါးနေပြီး ဆေးရည်နှင့်ပင် ကုသ၍မရတော့ကြောင်း ချန်လွေ့ သိလိုက်သည်။

အသီနာသည် ခပ်မြန်မြန်ပင် ဂါဒီအနားလာပြီး ဘေးတွင်ထိုင်လိုက်သည်။ဂါဒီ၏ အသက်ရှူသွင်းခြင်းထက် ရှူထုတ်ခြင်းက ပိုများနေသည်။သူ၏အားနည်သောအသံတွင် နောင်တများဖြင့် ပြည့်နှက်နေသည်။

“ တောင်းပန်ပါတယ်။မိန်းကလေး။ဒါက ကျုပ်ရဲ့ အမှားပါ။ကျုပ် ဒီလိုဖြစ်စေခဲ့တယ်...... ”

“ မဟုတ်ပါဘူး။ ”

အသီနာ၏မျက်လုံးများ နီရဲသွားပြန်သည်။

“ ကျွန်မက မိုင်းလုပ်သားတွေကို ကယ်တင်နိုင်လောက်အောင် အစွမ်းမထက်ခဲ့ဘူး။ ပြီးတော့လည်း ရှင့်ကိုပါ ဆွဲခေါ်မိသွားတယ်..... ”

“ မိန်းကလေး မှားနေပြီ။ကျုပ်က တကယ့်ကိုသေသင့်တာပါ။တကယ်တော့ ကျုပ်က မိစ္ဆာနီတွေနဲ့ ပူးပေါင်းခဲ့တာ။အဲ့ဒါမှပဲ မိုင်းလုပ်သားတွေ အဆင်ပြေမှာ.... ”

အသီနာနှင့် ချန်လွေ့တို့သည် တစ်ပြိုက်နက်တည်း အံ့ဩသွားကြသည်။မိုင်းတွင်းရုံးခန်းရှိ အကြီးမားဆုံး “ သူလျှို ”သည် မိုင်းလုပ်သားများအား ခက်ခဲသည့်အချိန်တွင် ဦးဆောင်ပေးခဲ့သည့် အစောင့်ခေါင်းဆောင် ဖြစ်နေလိမ့်မည်ဟု သူတို့လုံးဝ မထင်ထားခဲ့ကြပေ။

“ ကျုပ်ပဲ မဟုတ်ဘူး။ကော်နာရောပဲ...။မိန်းကလေး မိုင်းလုပ်သားတွေကို ကယ်တင်ဖို့ ဒီကိုလာခဲ့တယ်။အဲ့ဒါ ကော်နာ ပြဿနာရှာမှာစိုးလို့ ကျုပ်ကိုယ်တိုင် ဆင်းလာခဲ့တာ။ ဒါပေမဲ့လည်း သူက ကျုပ်ကိုပါ ထိခိုက်အောင်လုပ်မယ်လို့ မထင်ထားခဲ့ဘူး။ ”

ဂါဒီ၏အသက်ရှူသံ ပို၍ပို၍ မြန်ဆန်လာပြီး မျက်လုံးကိုပင် ကောင်းကောင်း မဖွင့်နိုင်တော့ပေ။

ချန်လွေ့သည် နားလည်သည့်ဟန် ပြသလိုက်သည်။ဂါဒီသည် အသီနာ၏ဖခင်ဖြစ်သူ ဗိုလ်ချုပ်ဂျော့ခ်ျကို အမြဲပင် ကျေးဇူးတင်နေခဲ့သည်။သူလျှိုတစ်ယောက် ဖြစ်သည့် အလျောက် ဂါဒီသည် မိစ္ဆာနီများ မည်မျှအစွမ်းထက်ကြောင့် သိသည်။ထို့ကြောင့် အသီနာအား မိုင်းတွင်းမှ ထွက်ခွာရန် ခဏခဏ ပြောခဲ့ခြင်း ဖြစ်သည်။ကံမကောင်းစွာပင် သူ မအောင်မြင်ခဲ့ပေ။အသီနာ အရဲစွန့်ပြီး မိုင်းလုပ်သားများကို သွားကယ်ရန် အောက်ဆင်း သွားသည့်အခါ အန္တရာယ်ဖြစ်မည် စိုးသည့်အတွက် ဂါဒီကိုယ်တိုင် လိုက်သွားသည်။ သို့သော်လည်း မိုင်းလုပ်သားများ၏ အခြေအနေသည် ကော်နာ၏ အကြံအစည် ဖြစ်နေကြောင်း ဂါဒီ မသိခဲ့ပေ။ကော်နာ၏ တကယ့်သရုပ်မှန်မှာလည်း မိစ္ဆာနီသူလျှို မဟုတ်ဘဲ လျို့ဝှက်ဆန်းကြယ်သည့် အင်အားစုတစ်ခု၏ သစ္စာခံတစ်ယောက် ဖြစ်ကြောင်းကို သူမသိခဲ့ပေ။ဤဖြစ်ရပ်၏ ရည်ရွယ်ချက်မှာ အသီနာကို သတ်ပြီး ကြယ်ကြွေတမန်အင်ပါယာအား ဖရိုဖရဲဖြစ်စေရန်ဖြစ်သည်။ သို့မှသာ ကော်နာ၏ နောက်ဘက်ရှိ အင်အားစုက ၎င်းကို အခွင့်ကောင်း ယူနိုင်မည် ဖြစ်သည်။

“ ခင်ဗျားကို အပြစ်မတင်ပါဘူး။ခင်ဗျား မရှိဘူးဆိုရင် မိုင်းလုပ်သားတွေ အသက်ရှင်နေမှာ မဟုတ်ဘူး။ ”

ချန်လွေ့ ထိုင်ချပြီး ဂါဒီကို နှစ်သိမ့်လိုက်သည်။မိုင်းတွင်းကို ယာယီထိန်းသိမ်း ထားခြင်းသည် လိပ်ပြာနီနယ်မြေ၏ အကြံအစည်ဖြစ်သော်လည်း ဂါဒီ၏အမြင်‌တွင် အထိန်းအချုပ် ကင်းလွတ်နေသည်။မ ည်သို့ပင် ဆိုစေကာမူ ဂါဒီ၏စိတ်ရင်းသည် မိုင်းလုပ်သားများ အတွက်ပင် ဖြစ်သည်။

ယခုတွင် ဂါဒီသေတော့မည်ဖြစ်၍ ငြိမ်းငြိမ်းချမ်းချမ်း သေစေခြင်းသည် အကောင်းဆုံးဖြစ်သည်။

“ ဆာ-ချန်လွေ့။ ”

အားနည်းသူတစ်ယောက်ဟု သတ်မှတ်ထားသည့် ဤလူသားသည် အမှန်တကယ်တွင် ထူးထူးခြားခြား အစွမ်းထက်သူတစ်ယောက် မည်ကဲ့သို့ ဖြစ်သွားကြောင်း ဂါဒီ နားမလည်နိုင်သေးပေ။ကံမကောင်းစွာပင် ယခုတွင် ဂါဒီ၌ မလိုအပ်သည့် စကားများကို ပြောရန် အင်အားမရှိပေ။

“ မိန်းကလေး.....အသီနာကို...ဂရု... ”

ဂါဒီ ပင့်သက်ရှိုက်ပြီး အားတင်းပြောလိုက်သော်လည်း စကားကို မဆုံးမသတ်နိုင်ခဲ့ပေ။ သူ၏ခန္ဓာကိုယ် ပြင်းပြင်းထန်ထန်တုန်လှုပ်သွားပြီး တဖြည်းဖြည်း ငြိမ်သက်သွားသည်။

“ စိတ်မပူပါနဲ့။ကျုပ် အသီနာကို အသက်နဲ့လဲပြီး ကာကွယ်ပေးမှာပါ။ ”

ချန်လွေ့ သက်ပြင်းချပြီး ဂါဒီ၏မျက်လုံးများကို ညင်သာစွာ ပိတ်ကာ မတ်တပ်ရပ်လိုက်၏။

“ တောင်းပန်ပါတယ်..... ”

အသီနာသည် ဝမ်းနည်းနေသည့် မျက်နှာဖြင့် ချန်လွေ့ကို ကြည့်လိုက်သည်။သူ စကားမပြောနိုင်သေးမှာပင် ဒိုဒို၏ သတိပေးသံ ထွက်လာသည်။

“ သခင်။သတိထားဦး။သူတို့တွေ လာနေကြပြီ။ ”

မယ်ဒူဆာတို့သည် သူတို့အဖွဲ့ဝင်များ၏ ဒဏ်ရာများကို သက်သာအောင် ပြုလုပ်ပြီးသွားပြီး ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်ကို ချန်လွေ့ မြင်လိုက်သည်။

ခုနက အတော်လေး ဝေးကွာနေသည့်အတွက် သူတို့ကို ချန်လွေ့ သေသေချာချာ မမြင်ခဲ့ရပေ။ယခုတွင် အနီးကပ်လာကြသည့်အတွက် အလင်းလက်စွပ်၏ အလင်းရောင်နှင့်အတူ သူတို့ကို သေသေချာချာ မြင်သွားသည်။မယ်ဒူဆာ၏ ဆံပင်ကို လှုပ်ရှားနိုင်သည့် မြွေသေးသေးလေးများဖြင့် ဖွဲ့စည်းထားသည်။မျက်နှာအသွင်အပြင် ချောမောလှပသော်လည်း မြွေများ၏ ဒေါင်လိုက်သူငယ်အိမ်နှင့် ဆင်တူသော ရွှေရောင်ဖျော့ဖျော့ သူငယ်အိမ် ရှိသည့်အတွက် ပို၍ကြောက်မက်ဖွယ် ကောင်းနေသည်။ မယ်ဒူဆာသည် ခန္ဓာကိုယ်အပေါ်ပိုင်းတွင် ရိုးရိုးချပ်ကာတစ်ခု ဝတ်ဆင်ထားပြီး အသားပေါ်တွင် ကြေးခွံလေးများကို ဖျော့ဖျော့လေး မြင်နေရသည်။ခန္ဓာကိုယ်အောက်ပိုင်း ချက်အောက်ပိုင်းသည် လူးလွန့်နေသည့် မြွေခန္ဓာကိုယ်ဖြစ်သည်။၎င်းသည် ထူးဆန်း သည်ထက် ပိုလေသည်။

မြေပြင်ပေါ်ရှိ မယ်ဒူဆာ အလောင်းများသည် ပြန့်ကျဲနေပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများ ပြတ်တောက်နေသည်ကို ချန်လွေ့ သတိထားမိသွားသည်။တိုက်ခိုက်နေသူများမှာ သက်ရှိမယ်ဒူဆာများ ဖြစ်ကြသည်။ချန်လွေ့ သတိထားနေလိုက်သည်။ ဤနတ်ဆိုးသားရဲ များသည် အလွန်အမင်း ရက်စက်ပုံရသည်။မျိုးနွယ်တူ အလောင်းများကိုပင် ချမ်းသာ မပေးကြပေ။အသီနာသည် သူတို့နှင့် အကြောင်းတစ်ခုခုကြောင့် တွေ့ဆုံသွားကြပြီး ဘုံရန်သူရှိသည့်အတွက် တစ်ဖက်တည်း တိုက်ခိုက်နေကြခြင်း ဖြစ်နိုင်ပေသည်။ယခုတွင် နတ်ဆိုးယင်ကောင်များကို အဆုံးသတ်ပြီးပြီ ဖြစ်သည့်အတွက် သူတို့သစ္စာဖောက်မည့် အခွင့်အရေးသည် အတော်လေး မြင့်မားနေသည်။

ထိုမယ်ဒူဆာများအားလုံးသည် အမြင့်ဆင့်နတ်ဆိုးများဖြစ်ကြကြောင်း [ သရုပ်ခွဲမျက်လုံး ] က ဖော်ပြထားသည်။သူတို့၏ အငွေ့အသက်အရ လေးကိုင်ထားသူသည် အစွမ်း အထက်‌ဆုံး ဖြစ်သည်။

လေးကိုင်ထားသည့် မယ်ဒူဆာသည် ချန်လွေ့ကို ခဏကြည့်ပြီး အသာလေး ဦးညွှတ်လိုက်သည်။နတ်ဆိုးတို့ ‌‌ယေဘုယျ ကျင့်ဝတ်အတိုင်း သူလုပ်ခဲ့သည်။ မယ်ဒူဆာသည် မြွေကဲ့သို့ ခက်ရင်းလျှာကို ထုတ်ပြီး ရှူးရှူးရှဲရှဲ အသံမြည်ကာ ကလေးကလား ဘာသာစကားတစ်မျိုး ပြောလိုက်သည်။

“ အား...ကျေးဇူး..ပါ။ ”

ချန်လွေ့ အလွန် အံ့ဩသွားသည်။မယ်ဒူဆာသည် အသိဉာဏ်ရှိသည့် နတ်ဆိုးသားရဲ တစ်ကောင် ဖြစ်သော်လည်း နဂါးကဲ့သို့ အဆင့်မြင့် ဉာဏ်ပညာရှိသော သားရဲများနှင့် ယှဉ်၍မရနိုင်ပေ။နတ်ဆိုးဘုံ ဘာသာစကားကို မယ်ဒူဆာတစ်ယောက် ပြောသည်ကို ချန်လွေ့ ယခုမှ ကြားဖူးခြင်း ဖြစ်သည်။သို့သော်လည်း မယ်ဒူဆာ၏ အသံထွက်သည် ခဲကတ်နေပြီး တိုင်းတစ်ပါးသားတစ်ယောက်က တရုတ်စကားကို ယခုမှစပြီး လေ့လာနေသကဲ့သို့ပင် ဖြစ်နေသည်။

စိတ်ထဲ၌ ချန်လွေ့ကို ပြောချင်နေသည့်အရာများစွာ ရှိနေသော်လည်း ယခုသည် အချိန်ကောင်းမဟုတ်ကြောင်း အသီနာ သိသည်။ချန်လွေ့ ကမ်းလိုက်သည့် ကုသ ဆေးရည်နှင့် ဖြည့်တင်းဆေးရည်ကို သောက်ပြီး အသီနာ ပြောလိုက်သည်။

“ ကျွန်မနဲ့ ဂါဒီတို့နောက်ကို အဲ့ဒီကြောက်စရာ ယင်ကောင်တွေ လိုက်နေရင်း ယင်ကောင်တွေကို တိုက်ခိုက်နေတဲ့ သူတို့တွေနဲ့ ဆုံသွားခဲ့တာ။သူတို့က နတ်ဆိုးဘုံ ဘာသာစကားကိုတောင် ပြောတတ်တယ်။အဲ့ဒါကြောင့် ယင်ကောင်တွေကို ရှင်းပစ်ဖို့ အတွက် ကျွန်မတို့ အတူတူ ပူးပေါင်းခဲ့ကြတာ။ ”

အဖြစ်အပျက်များသည် ချန်လွေ့ ထင်ထားသည်နှင့် ဆင်တူလှသည်။လေးကိုင်ထားသည့် မယ်ဒူဆာတစ်ယောက်သာ နတ်ဆိုးဘုံ ဘာသာစကားကို ပြောတတ်ပုံရသည်။ထို့ပြင် သူ၏ဝေါဟာရများမှာ အနည်းငယ်သာရှိပြီး အသံထွက်သည်လည်း အနည်းငယ် ထူးခြားနေ၏။

“ မင်းရဲ့နာမည် ဘယ်လိုခေါ်လဲ။ ”

ချန်လွေ့သည် ထိုစကားကို [ သရုပ်ခွဲမျက်လုံး ] အား အသုံးပြုပြီး ပြောလိုက်သည်။ မယ်ဒူဆာ အံ့အားသင့်သွားပြီး သူ၏ပါးစပ်ထဲရှိ “ တိုင်းတစ်ပါး ဘာသာစကား ” သည် သံရှည်ဆွဲသည့် “ ရှူးရှူးရှဲရှဲ ” အသံဖြစ်သွားသည်။၎င်းကို အသီနာ နားမလည်သော်လည်း ချန်လွေ့၏နားထဲတွင် သေသေချာချာ ကြားလိုက်ရသည်။

“ ကျွန်မတို့ ဘာသာစကားကို ရှင်ဘယ်လိုသိတာလဲ။ ”

မယ်ဒူဆာ တအံ့တဩနှင့် ပြောသည်။

“ ကျွန်မနာမည်က လူဆာ ပါ။ကျွန်မတို့ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးပါ။ ”

“ မင်္ဂလာပါ။လူဆာ။ကျုပ်နာမည်က ချန်လွေ့ပါ။သူက အသီနာ။ ”

ချန်လွေ့သည် အရေးကြီးဆုံးမေးခွန်းကို မေးလိုက်၏။

“ ကျုပ်တို့က မြေပေါ်ကနေ ရောက်လာတာ။မြေပြင်ပေါ်ကို ပြန်ရောက်နိုင်ဖို့ တခြားနည်းလမ်းတွေ ရှိသေးလား။ ”

“ မြေပြင်ပေါ်ကို တက်ဖို့ တစ်လမ်းပဲရှိတယ်။ဒါပေမဲ့ အဲ့ဒီနေရာမှာရှိတဲ့ မှော်အစီအရင်က အစွမ်းထက်လွန်းတယ်။အဲ့ဒါက နတ်ဆိုးဘုရင်အဆင့်ထက် ကျော်လွန်တဲ့သူတွေကို တားမြစ်တယ်။တကယ်လို့ ရှင်က နတ်ဆိုးဘုရင်အဆင့် ရောက်နေပြီဆိုရင်တော့ ရှင်လုပ်နိုင်တာ ဘာမှမရှိဘူး။ ”

လူဆာ၏ အဖြေသည် ချန်လွေ့ကို မျက်မှောင်ကြုတ်သွားစေသည်။လူဆာသိသည့် တစ်ခုတည်းသော လမ်းကြောင်းမှာ ၎င်းသာဖြစ်ပုံရသည်။အသီနာနှင့်သူသည် နတ်ဆိုးဘုရင်အဆင့် မဟုတ်ပေ။သို့သော်လည်း ယခုတွင် ကော်နာသည် မှော်အစီအရင်ကို ဖျက်ဆီးလိုက်ပြီဖြစ်သည့်အတွက် တစ်လမ်းသွားဖြစ်သွားခဲ့သည်။ဝင်သာဝင်၍ရသည်။ ထွက်၍မရပေ။နတ်ဆိုးဧကရာဇ်စွမ်းအား ရရှိပြီး ၎င်းကိုအတင်း မဖောက်ထွက်နိုင်ပါက လွတ်မြောက်ရန် မျှော်လင့်ချက်မရှိပေ။

ချန်လွေ့ မေးလိုက်သည်။

“ လူဆာ။ကျုပ်က မွေးကတည်းကနေ အခြားမျိုးစိတ်တွေကို ဆက်သွယ်စကားပြောနိုင်တဲ့ စွမ်းအား ရှိလာခဲ့တာ။အဲ့ဒါကြောင့် မင်းနဲ့ စကားပြောနိုင်တယ်။ဒါပေမဲ့ ကျုပ်သိချင်တာက မင်းက ဘယ်လိုလုပ်ပြီး နတ်ဆိုးဘုံ ဘာသာစကားကို ပြောနိုင်ရတာလဲ။ ”

“ ကျွန်မရဲ့ ယောက်ျား သင်ပေးခဲ့တာ။သူ့နာမည်က တင်။ ”

ချန်လွေ့ အံ့အားသင့်သွားသည်။

တင် ဆိုပါလား။ သူက လွန်ခဲ့တဲ့ ၂နှစ်လောက်တုန်းက ထူးထူးဆန်းဆန်း ပျောက်ဆုံး သွားခဲ့တဲ့ မိုင်းတွင်းအရာရှိဟောင်းပဲ။

All Chapters