ထိုနှစ်က အဖြစ်အပျက်ကို စစ်ဆေးခြင်း ၂
Vol. 120 Ch. 1677
သူမ လွယ်လွယ်ကူကူသွားလာနိုင်စေရန် ရှီမာယူယူသည် အစောင့်များ ကို လောကအသေးထဲသို့ထည့်ခဲ့သည်။ သူမသည် တစ်ယောက်တည်းထွက် လာခဲ့သည်။
ထိုနေ့က သူမသည် အားလုံးရှေ့တွင် လောကအသေးကိုဖွင့်လိုက်ရာ သူမ တွင် လောကအသေးရှိကြောင်းနှင့် ထိုအထဲတွင် ကျွမ်းကျင်သူများစွာရှိကြောင်း အားလုံး သိထားကြသည်။ သူမ တစ်ယောက်တည်းဆိုသော်လည်း မည်သူမှ သူမကို အနိုင်မကျင့်ရဲကြပေ။
ပြည်နယ် ၅ သို့သွားသည့် လေဟာပြင်သင်္ဘောသည် တခြားမြို့တွင်ရှိ သည်။ ရှီမာယူယူ ဖြတ်လမ်းဝင်္ကပါကို သုံး၍ဖြတ်လိုက်ချိန်တွင် ထိုလေဟာပြင် သင်္ဘောသည် အရင်ကစီးဖူးသည့် သင်္ဘောပင်ဖြစ်လေသည်။
ထိုမြို့သည် ချုံကျုံးမြို့နှင့် အလှမ်းမဝေးရာ ရှီမာယူယူ၏ ဂုဏ်သတင်း သည် တစ်မြို့လုံးကို ပျံ့နေပြီဖြစ်သည်။ အားလုံးသည် သူမကိုမြင်သည်နှင့် နွေးထွေးစွာ နှုတ်ဆက်ကြလေသည်။
သူတို့သည် အလွန်ပင်စိတ်အားထက်သန်နေကြကာ လေဟာပြင် သင်္ဘောပေါ်မှ အစေခံကပင် သူမကို ကြာရှည်စွာစိုက်ကြည့်လေသည်။
ရှီမာယူယူသည် အဖွဲ့တစ်ဖွဲ့နောက်မှလိုက်သွားရာ အရှေ့မှအဖွဲ့သည် ကူးတို့ခအတွက် တစ်ယောက်လျှင် အထက်တန်းအဆင့်ကောက် နှစ်သောင်း ပေးကြလေသည်။ သူမ အလှည့်ရောက်သောအခါ ကျောက်နှစ်သောင်းထုတ်ပြီး အစေခံမိန်းကလေးကို လက်မှတ်နှင့်လဲရန်ပေးလိုက်သည်။
“ရှင်က ရှီမာယူယူလား” အစေခံမိန်းကလေးသည် လက်မှတ်ပေးရင်း ရုတ်တရက် မေးလိုက်သည်။
“ဟုတ်ပါတယ် ဘာဖြစ်လို့လဲ” ရှီမာယူယူ တုံ့ဆိုင်းသွားသည်။
“ဘာမှမဟုတ်ပါဘူး ရှင့်အကြောင်း ကြားဖူးလို့ သိချင်လို့ပါ” အစေခံ မိန်းကလေး ပြန်ဖြေလေသည်။
ရှီမာယူယူသည် ခေါင်းညိတ်ပြပြီးနောက် သူမအခန်းဆီသို့ ဦးတည်သွား လိုက်သည်။
အခန်းများမှာ ရှင်းလင်းပြီးသားဖြစ်သည်။ သို့သော် သူမသည် ကိုယ်ပိုင် အိပ်ရာထုတ်ခင်းပြီး လှဲလိုက်သည်။ သူမ၏ ညာလက်သည် လက်ကောက်ဝတ် တွင်ပတ်ထားသော နတ်ဆိုးညွှတ်လက်ပတ်ကို ဆုပ်ကိုင်လိုက်သည်။
ဒီလူကြီးကတော့ သူမကို သတင်းမပို့တာကြာပြီ။ နတ်ဆိုးလောကမှာ ဘယ်လိုတွေဖြစ်နေလဲ သူမတောင်မသိတော့ဘူး။
“အခုနတ်ဆိုးလောကမှာ လုံးဝရှုပ်ထွေးနေတယ်လို့ ဖန်အာပြောတာပဲ ဟူး အဲလူကြီးရဲ့ အခြေအနေကလည်း သေချာပေါက် ဆိုးနေမှာပဲ၊ မဟုတ်ရင် အခုလောက်ဆို စကားပါးလောက်ပြီ” သူမသည် အနည်းငယ်လေးနက်လာ သည် “ငါ နတ်ဆိုးလောကကိုသွားလိုက်ရင် သူ့ကိုရှာနိုင်မလားမသိဘူး”
“ယူယူ နတ်ဆိုးလောကကိုသွားချင်လို့လား နတ်ဆိုးလောကက ဘယ်လို မျိုးလဲ၊ နတ်ဆိုးလောကကို ဘယ်တော့သွားမှာလဲ” ကံကောင်းလေးသည် သူမ ခေါင်းကိုမှီပြီး လှဲနေကာ ဆံပင်များနှင့် ဆော့ကစားနေသည်။ သူမ ပြောလိုက် သည့် စကားကိုကြားသောအခါ သိချင်စိတ်ဖြင့် မေးလေသည်။
“အဲဒါကို အခုပဲစဉ်းစားမိတာပဲ အဲဒါကဝူလင်းယူ မဖြေရှင်းနိုင်တဲ့ကိစ္စပဲ ဖြစ်မယ်၊ ငါ့အားနဲ့ဆိုရင် သွားလိုက်ရင်တောင် သူ့ကိုဆွဲချသလိုဖြစ်မှာပဲ” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ သူ့ကို မဆက်သွယ်ဘဲသွားလိုက်ရင် သူ့ ကိုရှာတွေ့နိုင်မှာမဟုတ်ဘူး အဲဒီကိုရောက်တာနဲ့ အသက်ပါသွားနိုင်တယ် အဲဒါ ကြောင့် အခုသွားလို့မရဘူး”
“ဒါပေမဲ့ ယူယူက သူ့ကိုအရမ်းလွမ်းနေတာလေ” ကံကောင်းလေးသည် သူ၏ ကြီးမားတောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်လေသည်။
“မသေလူတွေနဲ့ ပတ်သက်တဲ့ကိစ္စကို မဖြေရှင်းနိုင်သရွေ့ ငါ အေးအေး ဆေးဆေးထွက်သွားလို့ရမှာမဟုတ်ဘူး” ရှီမာယူယူ သက်ပြင်းချလိုက်သည် “ငါ အမေ့ကိစ္စကိုလည်း မဖြေရှင်းနိုင်သေးဘူး ငါ ဒီနေရာမှာ နေလာတာကြာပြီ ပြီးတော့ သူမကတော့ အဲဒီနေရာမှာ ခံစားနေရမှာပဲ၊ အဖေတို့ပဲ မစောင့်နိုင်ဘဲ တစ္ဆေလောကကို သူတို့ဘာသာသွားလိုက်မှာစိုးတာ”
“ယူယူကတော့ အများကြီးကိုတွေးပူနေတာပဲ” ကံကောင်းလေးသည် သူမ ဆံပင်ကိုဆွဲလေသည် “ဒီလိုဆိုရင် ပင်ပန်းမှာပဲ”
“အခုက အများကြီးကောင်းသွားတာ အရင်ကလုပ်ရမယ့်ကိစ္စတွေ နည်း သွားတာပဲ ဟူး ဒါတွေအကုန်လုံးကို တစ်ပြိုင်တည်း ဖြေရှင်းလို့ရရင်ကောင်းမှာ ပဲ အရေးအကြီးဆုံးက အမေ့အတွက် လက်စားချေပေးရမှာပဲ၊ ငါ့အမေကို အဆိပ်ခတ်ကြတဲ့လူတွေကြောင့်သာဟုတ်ရင် ငါ မွေးတုန်းက သူမ ဝိညာဉ် စွမ်းအင်ကို လျော့စေမှာမဟုတ်ဘူး အခုလိုပုံစံလည်းဖြစ်သွားမှာမဟုတ်ဘူး”
“အင်း ဦးလေးလျူရွှမ်ကို လိုချင်တဲ့သူတွေက တကယ်မကောင်းတဲ့လူ တွေပဲ ကံကောင်းလေးက အဲလူတွေကိုရိုက်ဖို့ ကူညီပေးမယ်” ကံကောင်းလေး သည် ရင်ဘတ်ကိုပုတ်လေသည်။
ရှီမာယူယူသည် လက်ဆန့်ထုတ်ပြီး ကံကောင်းလေး၏ ခေါင်းကိုပုတ် လိုက်သည် “မင်းအဖေက အခုတလော အလုပ်တွေများနေတာ သူ့ကိုသွားကူ ပြီး ဝန်ထုတ်ဝန်ပိုးတွေ သယ်မပေးချင်ဘူးလား”
“အဖေ့ဘေးမှာ ဒီလောက်လူတွေအများကြီးရှိနေတာ အခု သူက သူနဲ့ တစ်ချိန်တည်းမွေးခဲ့တဲ့ ဝိညာဉ်သားရဲတွေကို ရှာနေတာ၊ ကျွန်တော့်ကိုတောင် မလိုဘူး ယူယူ့ဘေးမှာပဲနေပြီး လည်တာပဲကောင်းတယ်” ကံကောင်းလေး သည် ရှေးဟောင်းဝိညာဉ်သားရဲများ ပါဝင်တဲ့ကိစ္စများကို စိတ်မှဝင်စားပေ။ သူ သည် ဖခင်ဖြစ်သူနောက်သို့လိုက်ရန် အစီအစဉ်မရှိသလို ပြန်ရန်လည်း ဆန္ဒမရှိ ပေ။
ရှီမာယူယူသည် ပြုံးရုံ ပြုံးလိုက်ပြီး သူ့ကိုလည်း ဖိအားမပေးပေ။ မည်သို့ ပင် ဖြစ်စေကာမူ သူသည် ငယ်သေးသည်။ ထိုကိစ္စများတွင် ဝင်မပါလည်း ကိစ္စ မရှိပေ။
“ယူယူ ကံကောင်းလေး ဝိညာဉ်အသီးစားချင်တယ်” ကံကောင်းလေး သည် သူမ၏ ဆံပင်ကိုပြန်ချကာ ဗိုက်ပေါ်သို့ တက်လိုက်သည်။
ရှီမာယူယူသည် ဝိညာဉ်အသီးတစ်ဗန်းထုတ်ပေးလိုက်ရာ သူသည် ထောင့်ဆီသို့ ယူသွားပြီး စားလေသည်။ သူဝိညာဉ်အသီးများကို လွတ်လွတ် လပ်လပ်စားနေသည်ကို သူမကြည့်ပြီး နှုတ်ခန်းကွေး၍ပြုံးလိုက်သည်။ ထိုအပြုံးသည် နူးညံ့မှုများ၊ မတတ်သာမှုများနှင့် စိုးရိမ်မှုများပေါင်းစည်းနေ သည်။
တခြားကျန်သည့်အချိန်များကိုတော့ သူမသည် အိမ်ထဲတွင်သာနေကာ အပြင်သို့ ထွက်ခဲလှသည်။ သူမသည် တံခါးလာခေါက်သည့်လူမရှိသည့် တိုင်အောင် ထိုသို့နေထိုင်လေသည်။
လက်ရှိတွင် သူမသည် အခန်းထဲတွင် စာဖတ်နေရာ တံခါးခေါက်သံကြား လိုက်ချိန်တွင် ထူးဆန်းသည်ဟု ထင်မိသည်။ သူမကို အခုဘာလို့ လာရှာတဲ့လူ ရှိတာလဲ။
သူမ စာအုပ်ကိုချပြီး တံခါးဖွင့်လိုက်သည်။ အပြင်တွင်ရပ်နေသော လူကို မြင်သောအခါ သူမ အံ့ဩသွားသည်။
“ရှင်ပဲကိုး”
ရင်စူးစူးသည် သူမကိုပြုံးပြီး ပြောလေသည် “ရှင် ဒီမှာရှိတယ်ကြားလို့ လာတာ၊ အနှောင့်အယှက်ပေးမိတာတော့ မဟုတ်ဘူးမလား”
“မဟုတ်တာ ဝင်လာပါ” ရှီမာယူယူသည် ကိုယ်ကိုတိမ်းကာ ရင်စူးစူးကို ဝင်ခိုင်းလိုက်သည်။
ရင်စူးစူးသည် ပြုံးပြီး သူမ အခန်းထဲသို့ဝင်သွားလိုက်သည်။ စားပွဲပေါ်တွင် စာအုပ်တင်လျက်သားရှိသည်ကို မြင်သောအခါ သူမ မေးလိုက်သည် “ခုနက ဘာတွေဖတ်နေတာလဲ”
“ဟုတ်သားပဲ” ရှီမာယူယူသည် တံခါးပိတ်လိုက်ပြီးနောက် လက်ဖက်ရည် ငှဲ့ပေးလိုက်သည် “သခင်မလေးရင် ဒီကိုဘာလို့လာတာလဲ”
“ရှင်က ကျွန်မဦးလေးအငယ်ဆုံးနဲ့ သွေးသောက်မောင်နှမအဖြစ် သစ္စာ ဆိုထားတာဆိုတော့ ကျွန်မထက် မျိုးဆက်တစ်ဆက်မြင့်ပါတယ် ဒီအတိုင်း စူးစူးလို့ပဲခေါ်ပါ ကျွန်မလည်းရှင့်ကို ယူယူလို့ပဲခေါ်မယ်လေ ဘယ်လိုလဲ” ရင်စူးစူး မေးလိုက်သည်။
“ရတာပေါ့ရှင်” ရှီမာယူယူ ပြန်ဖြေလိုက်သည် “ရင်လန် အခုဘယ်လိုနေ လဲ”
“ဘယ်လိုနေရဦးမှာလဲ ခါတိုင်းလိုပဲ လိမ္မော်သီးမြို့မှာပဲနေပြီး ထွက်မလာ တော့ဘူး၊ မိသားစုခေါင်းဆောင်က သူ့ကိုပြန်လာစေချင်နေတာ ဒါပေမဲ့ သူက အဲလူတွေနဲ့ တွေ့တောင်မတွေ့ဘူး မိသားစုခေါင်းဆောင်လည်း ဘာမှလုပ်မရ ဘူး” ရင်စူးစူးသည် သူ၏ စိတ်ပိုင်းဖြတ်ထားသော ဦးလေးဖြစ်သူအကြောင်း ပြောလျှင် အကူအညီမဲ့သည့်လေသံပေါက်နေသည်။ “ဟုတ်သားပဲ ရှင်လည်း ယန်မျိုးနွယ်ရဲ့ ညီလာခံကို တက်ရောက်ဖို့ ပြည်နယ် ၅ ကိုသွားမှာမလား”
“ဟုတ်တယ်လေ ရှင်ရောပဲလား”
“ကျွန်မတော့ ညီလာခံကိုမသွားပါဘူး ပြည်နယ် ၅ ကိုကိစ္စလေးရှိလို့ သွား ချင်တာ ဒီလိုနဲ့ ရှင်နဲ့လမ်းတူသွားတာပဲ” ရင်စူးစူး ပြောလိုက်သည် “အဲဒီယွင် မျိုးနွယ်က ညီလာခံလိုကိစ္စတွေကို တော်တော်ကြိုက်တာပဲ၊ တကယ်ကို အဓိပ္ပာယ်မရှိဘူး အဲအချိန်ကျလို့ ပျင်းတယ်လို့ခံစားရရင် ကျွန်မကိုလာရှာလိုက် ပါ”
“ရှင်လည်း ယန်မျိုးနွယ်ကို သဘောမကျတဲ့ပုံပဲ” ရှီမာယူယူ မေးမြန်းလေ သည်။
ရင်စူးစူးသည် ချက်ချင်းကြီး မေးမြန်းခံရလိမ့်မည်ဟု ထင်မထား သောကြောင့် အနည်းငယ်ရှက်ရွံ့စွာဖြင့် ပြောလေသည် “ယန်မျိုးနွယ်က မဆိုး ပါဘူး ယန်မျိုးနွယ်က သခင်မလေးတချို့ကို သဘောမကျရုံတင်ပါ”
“အဲဒီသခင်မလေး တချို့က ဘာဖြစ်လို့လဲ”
“သူတို့က သူ့တို့ကိုယ်သူတို့ အရမ်းအထင်ကြီးပြီး ဘဝင်လေဟပ်နေလို့ပဲ မဟုတ်ဘူးလား သူတို့က သူများတွေဆိုရင် အထင်သေးပြီး သူတို့ထက် အဆင့် အတန်းနိမ့်တဲ့သူတွေကို ဖိနှိပ်တယ်၊ ပိုပြီးအရည်အချင်းရှိတဲ့လူတွေကို တွေ့ရင် သူတို့နှာခေါင်းတွေ ဖြတ်ရိုက်ခံလိုက်ရသလိုပဲ၊ သူတို့က နေ့တိုင်း ဖင်လှန်ပြတဲ့ ဒေါင်းတွေနောက်ပဲလိုက်ပြီး ယောက်ျားတွေ ဝိုင်းနေတာကိုကျေနပ်နေကြတဲ့ ဟာတွေလေ” ရင်စူးစူးသည် ရှီမာယူယူနှင့်ရင်းနှီးသောကြောင့် ပုံမှန်လို ပွင့်ပွင့်လင်းလင်းသာ ပြောလေသည်။
“ဟား” ရှီမာယူယူ ရယ်မောလိုက်သည် “သူတို့က ရှင့်ကို အရင်က အနိုင် ကျင့်ဖူးလို့လား”
“မကျင့်ဖူးပါဘူး ကျွန်မမျိုးနွယ်က ပြည်နယ် ၄၉ မှာရှိပေမဲ့ အဆင့်အတန်း ကတော့ သူတို့နဲ့အတူတူလောက်ပဲ သူတို့က ကျွန်မကိုအနိုင်မကျင့်ရဲပါဘူး ဒီအတိုင်းပဲ နည်းနည်းတွေ့ဖူးရုံပါ” ရင်စူးစူး ပြောလိုက်သည် “အခုပြောမှပဲ သူတို့ ဆရာက အရင်က ရှင့်အဖေကိုတောင် စိတ်ကူးယဉ်ခဲ့သေးတယ်ဆိုပဲ”
“တကယ်ကြီးလား”
“အင်း အဲတုန်းက ကျွန်မလည်း အဲဒီမှာရှိတယ် သူမက ရှင့်အဖေကို နေ့တိုင်း နှောင့်ယှက်နေတာကို တွေ့ခဲ့တယ်၊ ယန်မျိုးနွယ်ရဲ့ အကြီးဆုံးသခင်မ လေးက အေးပြီးသီးသန့်နေတတ်တယ် အဲဒါကြောင့် သူမက တခြားသခင်မ လေးတွေနဲ့ မတူဘူးလို့ထင်ရတယ်၊ ဒါပေမဲ့ ဒီပုပ်ထဲကဒီပဲပါပဲ… နောက်ပိုင်းမှ ရှင့်အမေနဲ့ သူမရဲ့ဆက်ဆံရေးက မကောင်းဘူးလို့ ကြားခဲ့တာ တစ်ခါက သူတို့ ပြဿနာဖြစ်ကြတော့ သူမက သွားတောင်မကြည့်ဘဲ အကူအညီလည်း မပေးခဲ့ ဘူးလေ” ရင်စူးစူး ပြောလိုက်သည်။
ရှီမာယူယူသည် တိတ်တိတ်လေး အံ့ဩမိသည်။ ရင်စူးစူးကပါ သူမ၏ ဖခင်နှင့် မိခင်ဖြစ်သူအကြောင်းကို သိထားလိမ့်မည်ဟု ထင်မထားပေ။
“စူးစူး ဘာသိထားသေးလဲ ကျွန်မကိုအကုန်ပြောပြနိုင်မလား”
***