← Chapters

တင်။၂နှစ် ပျောက်ဆုံးသွားရခြင်း၏ နောက်ကွယ်မှ လျို့ဝှက်ချက်

Vol. 10 Ch. 148

တင်။၂နှစ် ပျောက်ဆုံးသွားရခြင်း၏ နောက်ကွယ်မှ လျို့ဝှက်ချက်

Vol. 10 Ch. 148

“ အရှင်မ ”

ချန်လွေ့သည် တင် အတိုင်းပြုမူပြီး ခေါင်းငုံ့လိုက်သည်။

“ ကျုပ်နာမည်က ချန်လွေ့ပါ။သူက အသီနာ။ကျုပ်တို့က မြေပေါ်ကနေ လာတာ။ပြီးတော့ ကျုပ်တို့ တင်ရဲ့ မိတ်ဆွေတွေပါ။ ”

“ အံ့ဖွယ်ဧည့်သည်။မင်းက မယ်ဒူဆာဘာသာစကားကို တကယ်ကျွမ်းကျင်တာပဲ။ ”

မယ်ဒူဆာဘုရင်မ၏ မျက်လုံးထဲ၌ သတိရှိနေသည်။

“ ရှင်ဘာလို့ ဒီကိုရောက်နေတာလဲ။ ”

“ တင်လိုမျိုးပဲ ကျုပ်တို့ကို ရန်သူတွေ ထောင်ခြောက်ဆင်ခဲ့တာ။အဲ့ဒါကြောင့် ဒီကို ရောက်လာတာ။ ”

မယ်ဒူဆာဘုရင်မ မေးမြန်းနေသည်ကို မည်သည်မျှမပြောဘဲ အမူအရာပြုလုပ်ရုံဖြင့်သာ ပြန်ဖြေနေသည့် ချန်လွေ့ကို တင် အံ့အားသင့်စွာ ကြည့်နေသည်။သူ၏နတ်ဆိုးသားရဲ ဘာသာစကားကို လေ့လာသည့် ပါရမီသည် အတော်လေး ရှားပါးသည်ဟု ထင်မှတ် ခဲ့သည်။မိုင်းတွင်းအရာရှိအသစ်သည် ပို၍သာလွန်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

ဒါကြောင့်သူက အင်ပါယာ ပထမဆုံးဗိုလ်ချုပ်ရဲ့ “ သားမက်” ဖြစ်နေတာကိုး။

ထိုအချိန်တွင် ပြိဿတော်ရီသည် ချန်လွေ့နား ရောက်လာကာ ရင်ဘတ်ကိုပြုတ်ပြီး သုံးလေးကြိမ် မြည်ဟီးလိုက်သည်။

“ မိတ်ဆွေ။ချန်လွေ့။စကားပြောမယ်။ ”

သတိရှိသည့် မယ်ဒူဆာဘုရင်မနှင့်ယှဉ်လျှင် ပြိဿသည် ပို၍ပွင့်လင့်ပြီး ရက်ရောသည်။အထူးသဖြင့် ဘေးချင်းကပ် တိုက်ခိုက်ခဲ့ကြသည့် ရဲဘော်ရဲဘက်များ အပေါ်၌ဖြစ်သည်။ချန်လွေ့သည် ပြိဿများနှင့် ပို၍ဆက်သွယ်ချင်သော်လည်း ယခု အရေးကြီးဆုံးမှာ တင်ထံမှ အချက်အလက်များ ပိုမိုရရှိရန် ဖြစ်သည်။

ချန်လွေ့သည် တော်ရီကဲ့သို့ပင် ရင်ဘတ်ကိုပုတ်ပြီး အသိစိတ်ထဲမှ ပြောလိုက်သည်။

“ မိတ်ဆွေ။တော်ရီ။စကားပြောစရာ မလိုပါဘူး။ကျုပ်အချိန်ရရင် ခင်ဗျားကို လာရှာမယ်။ ”

တော်ရီ ခေါင်းညိတ်ပြီး မယ်ဒူဆာဘုရင်အား အနည်းငယ် ဦးညွှတ်ကာ လှည့်ထွက်သွားသည်။

“ အရှင်မ။ကျုပ်ခုနက လူဆာကို ကူညီပေးခဲ့တယ်။ကျုပ်မှာ ကုသအမှုန် နည်းနည်း ရှိနေသေးတယ်။အရှင်မ မကန့်ကွက်ဘူးဆို‌ရင်တော့ မယ်ဒူဆာအသိုက်အမြုံဆီကို ကျုပ်လိုက်သွားပြီးတော့ ဒဏ်ရာရနေတဲ့ မယ်ဒူဆာတွေကို ကူညီပြီးကုသပေးချင်ပါတယ်။ ပြီးတော့ တစ်ချိန်တည်းမှာပဲ ကျုပ်ရဲ့မိတ်တွေနဲ့ ပြန်ဆုံစည်းချင်တယ်။ကျုပ်တို့အချင်းချင်း မတွေ့ဖြစ်တာ ၂နှစ်ကျော်နေပြီ။ ”

မယ်ဒူဆာဘုရင်မသည် ပြိဿမျိုးနွယ်၌ တော်ရီ၏အဆင့်အတန်းကို သိသည်။တော်ရီနှင့် ချန်လွေ့တို့၏ အမူအရာကိုမြင်ပြီး မယ်ဒူဆာဘုရင်မ၏ မြွေမျက်လုံးများ အနည်းငယ် လှုပ်ရှားသွားသည်။နောက်ဆုံး၌ သူခေါင်းညိတ်လိုက်သည်။

မယ်ဒူဆာအုပ်စု‌နောက်သို့ ချန်လွေ့တို့သုံးယောက်သား လိုက်ခဲ့သည်။၃နာရီခန့် ကြာပြီး သည့်အခါ သူတို့သည် နေရာလပ် အကျယ်ကြီးဆီသို့ ရောက်ရှိသွားသည်။ ကျောက်နံရံအနီးတွင်း ဂူအများအပြား ရှိနေသည်။၎င်းတို့သည် မယ်ဒူဆာတို့၏ အသိုက်အမြုံ ဖြစ်ပေမည်။ မယ်ဒူဆာတစ်အုပ် နေရစ်ခဲ့ပြီး သူတို့ကို စောင့်ကြည့် နေလိုက်သည်။

မယ်ဒူဆာများကြားထဲ၌ တင်၊ချန်လွေ့နှင့် အသီနာတို့သည် အလွန်မြင်သာ နေသည်။ဒိုဒိုသည် သတိမထားမိနိုင်သည့် ကြိုးအရှည်ကြီးဖြစ်သွားပြီး ချန်လွေ့၏ပုခုံးကို “သတိပြု‌၍” ရစ်ပတ်ထားသည်။ချန်လွေ့ပုံစံသည် ကြိုးတစ်ခွေ သယ်ဆောင်ထား သကဲ့သို့ပင် ‌ဖြစ်နေသည်။

ဘုရင်မ ပြန်လာသည်ကို မြင်သည့်အခါ မယ်ဒူဆာများ အရိုအသေပေးကြသည်။ မယ်ဒူဆာတစ်ယောက်သည် ဂူထဲမှ ပြေးထွက်လာပြီး ဘုရင်မကို ဦးညွှတ်သည်။ထို့နောက် ပျော်ရွှင်စွာပင် တင်အနားသို့ သွားကာ ပွေ့ဖက်လိုက်သည်။သူ၏ဆံပင်ရှိ မြွေများသည် တင်ကို ထိခိုက်အောင် မလုပ်ဘဲ တင်၏မျက်နှာကို ညင်သာစွာ ပွတ်သပ်နေသည်။

တင်သည် ထိုမယ်ဒူဆာနှင့် ခွာလိုက်ပြီးနောက် ချန်လွေ့နှင့်အသီနာကို မိတ်ဆက် ပေးသည်။

“ ဒါက ကျုပ်ရဲ့မိန်းမပါ။ဘုရင်မရဲ့ သမီးတော် မင်းသမီး လိုင်ဆာ။ ”

မင်းသမီးလိုင်ဆာ၏ ဝမ်းဗိုက် ဖောင်းတင်းနေသည်ကို အသီနာနှင့်ချန်လွေ့တို့ သတိမထားမိသည်။လိုင်ဆာသည် ကိုယ်ဝန်ရှိနေပုံရသည်။သူတို့နှစ်ယောက်သည် တင်၏ မိတ်ဆွေဖြစ်ကြောင်း ကြားလိုင်ရာ လိုင်ဆာသည် အသီနာကို သတိထား၍ကြည့် လိုက်သည်။သို့သော်လည်း ချန်လွေ့အား ဦးညွှတ်လိုက်သည်။သဝန်တိုခြင်းသဘာဝသည် မျိုးနွယ်တိုင်း၌ ရှိနေပုံရပေသည်။

“ တွေ့ရတာ ဂုဏ်ယူမိပါတယ်။လှပတဲ့ မင်းသမီးလေး လိုင်ဆာ.... ”

ချန်လွေ့သည် [ သရုပ်ခွဲမျက်လုံး ] မှတစ်ဆင့် ချီးမွမ်းစကား ဆိုလိုက်သည်။ အမှန် ပြောရလျှင် ထိုစကားများသည် သူ၏ဆန္ဒနှင့် အနည်းငယ် ဆန့်ကျင်နေသည်။

နတ်ဆိုးဘုံရှိ အသိဉာဏ်ရှိသော နတ်ဆိုးသားရဲဖြစ်သည့် မယ်ဒူဆာသည် ဂရိဒဏ္ဍရီထဲမှ မယ်ဒူဆာနှင့် နာမည် အတူတူပင် ဖြစ်သည်။ဒဏ္ဍာရီထဲတွင် မယ်ဒူဆာသည် မိန်းမလှလေးတစ်ယောက် ဖြစ်ခဲ့သည်။နောက်ပိုင်းတွင် အကြောင်းတစ်ခုခုကြောင့် မယ်ဒူဆာသည် မြေဆံပင်ဖြစ်သွားကာ အစွယ်ရှိသည့် မြွေခန္ဓာကိုယ် မကောင်းဆိုးဝါး အဖြစ် ပြောင်းလဲသွားသည်။သူ့ကို မြင်လိုက်သည့် မည်သူမဆို ကျောက်အဖြစ် ပြောင်းသွားသည်။ဤလောကရှိ မယ်ဒူဆာသည်လည်း ကျောက်အဖြစ်ပြောင်းနိုင်သည့် စွမ်းရည်ရှိသော်လည်း ထိုကဲ့သို့ မကြီးကျယ်လှပေ။ထိုနည်းတူစွာပင် သူတို့၏ ရုပ်ရည်လည်း မဆိုးလှပေ။ကြေးခွံများနှင့် မြွေဆံပင်ကို လျစ်လျူရှုလိုက်မည်ဆိုလျှင် သူတို့သည် မိန်းမလှများ ဖြစ်သွားပေမည်။ထို့ပြင် လျှာနှစ်ခွကိုလည်း လျစ်လျူရှုရမည် ဖြစ်သည်။

တင်နှင့် လိုင်ဆာတို့၏ ဆုံတွေ့မှုတွင် ထူးခြားသည့် အကြောင်းအရင်းတစ်ခု ရှိမရှိ ချန်လွေ့မသိပေ။သို့သော်လည်း မိုင်းတွင်းအရာရှိဟောင်း၏ မိန်းမအကြိုက်မှာ အတော်လေး တမူထူးခြားသည်ကို ငြင်း၍မရနိုင်ပေ။

ချန်လွေ့၏ ဘာသာစကားစွမ်းရည်နှင့်ပတ်သက်ပြီး လိုင်ဆာ အနည်းငယ် အံ့အားသင့်သွားပြီး ချီးမွမ်းမှုကြောင့် ပျော်ရွှင်မိသွားသည်။သူသည် ‌ပို၍ဖော်ရွေသွားပြီး မိခင်ဖြစ်သူထက်ပင် အလွယ်တကူ အဆင်ပြေသွားသည်။

အသီနာသည် အခြားတစ်ခုခုကြောင့် အံ့အားသင့်သွားသည်။သူသည် နတ်ဆိုးဘုံ အကြောင်းကို ချန်လွေ့ထက် ပိုသိသည်။မယ်ဒူဆာသည် ဥဥသည့် အသိဉာဏ်ရှိ နတ်ဆိုးသားရဲ ဖြစ်သည်။ပုံမှန်အားဖြင့် သူတို့သည် ဤကဲ့သို့ သိသာထင်ရှားသည့် ကိုယ်ဝန်ဆောင် လက္ခဏာများကို မပြသပေ။သို့ပေမဲ့.....

ထိုအချိန်၌ ချန်လွေ့ ခုနက ကူညီပေးခဲ့သည့် လူဆာသည် တင်နောက်၌ ပေါ်ထွက်လာသည်။သူသည် လိုင်ဆာကို ဦးညွှတ်လိုက်ပြီး တင်ကို ပွေ့ဖက်သည်။ လူဆာကို အသီနာနှင့် ချန်လွေ့တို့ ကယ်တင်ပေးခဲ့ကြောင်း သိလိုက်ရကာ တင်သည် ထပ်မံကျေးဇူးတင်လိုက်ပြန်သည်။မယ်ဒူဆာတစ်ယောက် ရောက်ရှိလာပြီး ချန်လွေ့ကို ရှူးရှူးရှဲရှဲ အသံပြုလိုက်သည်။သူသည် ဘုရင်မ၏အမိန့်ကို ပြန်ကြားနေခြင်းဖြစ်သည်။

“ ဒဏ်ရာရနေတဲ့ မယ်ဒူဆာတွေကို ကုသပေးဖို့ ဘုရင်မ ပြောလိုက်တယ်။ ”

၎င်းကို ခုနက ကတိပေးခဲ့သည့်အတွက် ချန်လွေ့သည် ချက်ချင်းပင် လဲလှယ်ခန်းမမှ ဆေးပုလင်းများကို လဲလှယ်လိုက်သည်။ချန်လွေ့သည် တင်နှင့် အသီနာတို့နှင့်အတူ ဒဏ်ရာရနေသည့် မယ်ဒူဆာများအား စတင်ကူညီတော့သည်။

ထိုစဉ်အတွင်း ချန်လွေ့သည် တင်၏ ၂နှစ်အတွေ့အကြုံအကြောင်း သိရှိသွားတော့သည်။

စိုင်ဖူမိသားစုသည် အိမ်ရှေ့မင်းသား ဂရမ်း၏ အကြီးမားဆုံး ထောက်ခံသူဖြစ်ပြီး လိပ်ပြာနီနယ်မြေအတွင်းရှိ ပြင်ပတပ်ဖွဲ့များကို အပြင်းအထန် ဆန့်ကျင်သည်။ ဂျိုးဆက်ပ်သည် သူတို့ကို ဆူးတစ်ခု အနေဖြင့် အမြဲပင်သတ်မှတ်ထားသည်။လွန်ခဲ့သော ၂နှစ်ခန့်တွင် ဂျိုးဆက်ပ်၏ အကြံအစည်ကြောင့် စိုင်ဖူမိသားစု၏ ဆက်ခံသူ တင်သည် ရှီလန်တောင်ဆီသို့ မိုင်းတွင်းအရာရှိအနေဖြင့် တာဝန်ထမ်းဆောင်ရန် ပြောင်းရွှေ့ ခဲ့ရသည်။

တင်သည် အလွန်ထူးချွန်လှသည်။မိုင်းတွင်းအခြေအနေ ဆိုးဝါးလှသော်လည်း သူသည် ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်ခဲ့သည်။သူသည် ဉာဏ်ပညာနှင့် သတ္တိကို အသုံးချကာ မိုင်းလုပ်သားများအား အခက်အခဲတစ်ခုပြီးတစ်ခု ကျော်ဖြတ်နိုင်အောင် ဦးဆောင်ပေးခဲ့သည်။သို့သော်လည်း ဂျိုးဆက်ပ်၏ အကြံအစည် အဆုံးမသတ်သေးပေ။ အနိမ့်လွှာသို့ တင် သွားလေ့လာသည့်အခါ သူ၏လက်အောက်ငယ်သား သုံးလေး ယောက်သည် တစ်ပြိုင်နက်တည်း သစ္စာဖောက်ခဲ့ကြပြီး အဆိပ်ခတ်ခဲ့သည်။တင် သတိလက်လွတ် ဖြစ်သွားပြီး အပြင်းအထန် ဒဏ်ရာရသွားခဲ့သည်။သူသည် သက်တမ်းလျော့ကျစေသည့် တားမြစ်အစွမ်းကို သုံးလိုက်ရတော့သည်။ သစ္စာဖောက်များကို သတ်ပစ်နိုင်ခဲ့သော်လည်း တင်သည် ကြောက်မက်ဖွယ်ရာ နတ်ဆိုးယင်ကောင်များနှင့် ဆုံတွေ့သွားခဲ့သည်။သူသည် ကြောက်လန့်တကြား ပြေးသွားပြီး နောက်ဆုံး၌ အင်အားကုန်ခမ်းကာ သတိလစ်သွားတော့သည်။

နိုးလာသည့်အခါ သူသည် ရေကန်ငယ်လေးတစ်ခုရှေ့ရှိ ရေအိုင်ဘေးတွေ ရှိနေကြောင်း သိလိုက်ရသည်။သူ၏ဘေးတွင် မြေအောက်ကို အန္တရာယ်ပြုသည်ဟု သတင်းများ ထွက်နေသော အစွမ်းထက် နတ်ဆိုးသားရဲ မယ်ဒူဆာသုံးယောက် ရှိနေသည်။ ထူးဆန်းစွာပင် ထိုမယ်ဒူဆာသုံးယောက်၏ အခြေအနေသည် တစ်မျိုးတစ်ဖုံ ထူးခြား နေသည်။ သူတို့... စိတ်ထန်နေပုံရသည်။

ထို့နောက်ဆက်ဖြစ်သည်များကို ချန်လွေ့အနည်းငယ် စာနာမိသွားသည်။သို့သော်လည်း တင်အတွက် ပို၍ဆိုးဝါးသည်မှာ အသေအချာပင်ဖြစ်သည်။ချန်လွေ့သည်လည်း မတူညီသော “ စစ်မြေပြင် ” တစ်ခုတွင် မိမိထက် ပို၍အစွမ်းထက်သော မိန်းမ တစ်ယောက်နှင့် ‌ရင်ဆိုင်တွေ့ခဲ့ရသည်။ချန်လွေ့၏ လက်တွဲဖော်သည် ချောမောလှပသည့် မိန်းမလှ ဖြစ်ခဲ့သည်။သို့သော်လည်း ဒဏ်ရာအပြင်းအထန် ရနေခဲ့သော တင်သည် ထို “သတ္တဝါ ” သုံးယောက်နဲ့ ရင်ဆိုင်ခဲ့ရသည်......

သို့သော်လည်း ချန်လွေ့အနည်းငယ် အံ့အားသင့်သွားသည်မှာ မယ်ဒူဆာ၏ အောက်ပိုင်း ခန္ဓာကိုယ်သည် မြွေဖြစ်နေသည့်အတွက်ပင် ဖြစ်သည်။

ချန်လွေ့ သံသယဖြစ်နေကြောင်း တင် မြင်လိုက်ပြီး ထိုရေကန်ငယ်ကို အသက်ဓာတ် ရေစင်ဟု ခေါ်ကြောင်း ခါးခါးသီးသီး ပြုံး၍ပြောသည်။မယ်ဒူဆာအားလုံးသည် အမများဖြစ်ကြသည့်အတွက် နောက်မျိုးဆက် လက်ဆင့်ကမ်းရန် အထူးကြားခံနယ်တစ်ခု လိုအပ်သည်။အသက်ဓာတ်ရေစင်သည် ထိုကဲ့သို့ မှော်ကြားခံနယ်တစ်ခု ဖြစ်သည်။ မယ်ဒူဆာတစ်ယောက် စိတ်ထန်နေသည့်အခါ ထိုရေကိုသောက်လိုက်လျှင် စိတ်ဆန္ဒများ ‌ပျောက်ကွယ်သွားပြီး ကိုယ်ဝန်ရကာ ဥဥနိုင်သည့် အခွင့်အရေး ပိုတိုးစေသည်။

အသက်ဓာတ်ရေစင်၏ သက်ရောက်မှုကြောင့် မယ်ဒူဆာများသည် တကယ့်မိန်းမများ ဖြစ်သွားကြသည်။၎င်းသည် အနည်းငယ် သိသာထင်ရှားသော်လည်း တင်သည် ထိုထိန်းချုပ်၍မရသည့် မယ်ဒူဆာသုံးယောက်နှင့်အတူ အရေးကြီးသည့် ဘဝဖြစ်ရပ် တစ်ခုကို ဆောင်ရွက်ပြီးစီးခဲ့သည်။ဝိုင်ဗန်အသိုက်ထဲရှိ တဲအိမ်အတွင်းဖြစ်ရပ်နှင့် ယှဉ်မည်ဆိုလျှင် သနားစရာ မိုင်းတွင်းအရာရှိဟောင်းသည် ပို၍ပင် ပြုသမျှနုနေသည်။

အသက်ဓာတ်ရေစင်၏ ဆန်းကြယ်မှု ဤမျှဖြင့် အဆုံးမသတ်သေးပေ။တားမြစ်အစွမ်းကို အသုံးလွန်ခဲ့ပြီး သေတော့မည့် တင်သည် ထိုတွေ့ဆုံမှုကြောင့် အသက်ဆက်ရှင် နိုင်ခဲ့သည်။သူ၏အစွမ်းလည်း တိုးတက်သွားသည်။သို့သော်လည်း အကန့်အသတ်တစ်ခု ရှိနေသည်။သူသည် သုံးရက်ကြာတိုင်း အသက်ဓာတ်ရေပန်းမှ ရေကို သောက်ရမည် ဖြစ်သည်။သို့မဟုတ်ပါက သူသေဆုံးသွားမည်ဖြစ်သည်။အသက်ဓာတ်ရေစင်သည် မိစ္ဆာ တလဲသီး၏ ဝိသေသလက္ခဏာနှင့် အတူတူပင် ဖြစ်သည်။အရင်းအမြစ်မှ ယူဆောင်သွားပြီးနောက် နာရီဝက်အကြာ၌ အာနိသင် ပျောက်ကွယ်သွားပေသည်။

အသက်ဆက်ရှင်ရန်အတွက် တင်သည် ထိုမယုံနိုင်စရာ “ အမှားများ ”ကို ရနိုင်သမျှ အခွင့်အရေးယူပြီး မယ်ဒူဆာအသိုက်အမြုံ၌ နေနေရစ်သည်။

တင်၏ မိန်းမများထဲမှ တစ်ယောက်သည် လိုင်ဆာဖြစ်ပြီး မယ်ဒူဆာဘုရင်မ၏ သမီးတော်ဖြစ်သည်။အခြားနှစ်ယောက်မှာ လူဆာနှင့်ထန်ဆာဖြစ်ပြီး ရာထူးအတော်လေး မြင့်မားကြသည်။ယောက်ျားတစ်ယောက်နှင့် ပထမဆုံး “ ပေါင်းစည်း ” ခဲ့ရသည့် လိုင်ဆာသည် တင်ကို အလွန်စိတ်ဝင်စားသွားသည်။သူ၏ မိန်းကလေးအဖော် နှစ်ယောက်နှင့်အတူ သူတို့သည် တင်ကို လျို့ဝှက်ထားသည်။အစပိုင်းတွင် တင်သည် မင်းသမီး လိုင်ဆာ၏ အကျဉ်းသားအနေဖြင့် “ ကစားစရာ ” ဖြစ်ခဲ့သည်။တဖြည်းဖြည်းနှင့် လိုင်ဆာအပါအဝင် မိန်းမသုံးယောက်သည် တင်နှင့် မခွဲခွာနိုင်တော့ပေ။

နောက်ဆုံးတွင် မယ်ဒူဆာဘုရင်မ သတိထားမိသွားသည်။ဒေါသထွက်နေသော ဘုရင်မသည် တင်ကို သတ်ပစ်ချင်ခဲ့သည်။သို့သော်လည်း လိုင်ဆာသည် ခါးခါးသီးသီး တောင်းပန်ပြီး တင်၏အသက်ကို ကယ်တင်ပေးခဲ့သည်။အသက်တန်ဖိုးကို သက်သေပြ ရန်နှင့် အသက်ဓာတ်ရေစင်ဖြင့် ဆက်လက်ရှင်သန်နိုင်ရန်အတွက် တင်သည် ချပ်ကာများပြုလုပ်ခြင်း၊မယ်ဒူဆာများကို လေ့ကျင့်ပေးခြင်း အစရှိသည့် ထူးချွန်သော စွမ်းရည်များကို ပြသခဲ့သည်။နောက်ဆုံး၌ တင်သည် ဘုရင်မ၏ လက်ခံမှုကို ရရှိသွားသည်။

မြေအောက်လောကရှိ အခြေအနေသည် အလွန်တင်းမာနေသည်။မြေဒြပ်စင် ကောင်များနှင့် နတ်ဆိုးယင်ကောင်များ ဦးဆောင်သည့် တပ်ဖွဲ့များသည် ကျန်ရှိသည့် သတ္တဝါများကို အရူးအမူး တိုက်ခိုကြရာ နတ်ဆိုးသားရဲအမြောက်အမြား သုတ်သင် ရှင်းလင်းခံလိုက်ရသည်။အစွမ်းထက်ဆုံး ပြိဿများနှင့် မယ်ဒူဆာ မျိုးနွယ်တို့သာ ကျန်ရစ်တော့သည်။ပြိဿနှင့် မယ်ဒူဆာတို့သည် မူလကအချင်းချင်း မတည့်ကြပေ။ သို့သော်လည်း မြေဒြပ်စင်ကောင်များနှင့် နတ်ဆိုးယင်ကောင်တို့၏ စွမ်းအားများ ပို၍ကြီးထွားလာသည့်အတွက် တစ်မျိုးတည်းတိုက်ခိုက်မည်ဆိုလျှင် သုတ်သင်ခံရနိုင်ချေ များလှသည်။

တစ်မျိုးနွယ်ကျရှုံးသွားလျှင် နှစ်မျိုးနွယ်စလုံး ကျရှုံးမည် ဖြစ်သည်။တင်သည် အခြေအနေကို သေသေချာချာ သဘောပေါက်သည်။သူ၏ ဆက်သွယ်ပြောဆိုမှု၊ ကြိုးပမ်းအားထုတ်မှုနှင့်အတူ အခြေအနေကို မျှခြေထိန်းထားနိုင်ရန်နှင့် ဘုံရန်သူများကို တိုက်ခိုက်ရန်အတွက် မယ်ဒူဆာနှင့် ပြိဿတို့သည် ပူးပေါင်းကြရန် သဘောတူညီချက် ရရှိသွားသည်။

၂နှစ်ခန့်အတူတူနေပြီးသည့်အခါ တင်သည် မိန်းမသုံးယောက်အား အတင်း အသုံးတော်ခံရသည့် ပစ္စည်းများဟု မသတ်မှတ်တော့ပေ။အထူးသဖြင့် ထန်ဆာသည် တိုက်ပွဲတစ်ခု၌‌ တင်အား ကိုယ့်ကိုယ်ကိုစတေး၍ ကယ်တင်ခဲ့သည်။လိုင်ဆာနှင့် လူဆာတို့ကိုလည်း တင် စိတ်ထဲ၌ အသိအမှတ်ပြုခဲ့သည်။အမှောင်လမြို့ရှိ မိတ်ဆွေ များနှင့် မိသားစုကို လွမ်းနေသေးသော်လည်း မြေအောက်လောကရှိ ဘဝကို မငြင်းပယ်တော့ပေ။

နတ်ဆိုးဘုံတွင် သတ္တဝါများ၏ သွေးမျိုးဆက်သည် ထူးဆန်းလှသည်။မျိုးနွယ်မတူသည့် နတ်ဆိုးသတ္တဝါနှစ်ယောက် ပေါင်းစည်းလျှင် သာမန်အခြေအနေ၌ သွေးနှောဖြစ်လာမည် မဟုတ်ပေ။ဧကဝုစ် ဖခင်အသွင်သို့မဟုတ် မိခင်သွေးမျိုးဆက်သာ ဖွားမြင်နိုင်ပေသည်။ တစ်နည်းအားဖြင့်ပြောရလျှင် လိုင်ဆာ၏ ကလေးသည် မယ်ဒူဆာ သို့မဟုတ် မဟာနတ်ဆိုး ဖြစ်လာပေမည်။ကလေးသည် မယ်ဒူဆာသာဆိုလျှင် ဖွားမြင်ပြီးနေပြီ ဖြစ်သည်။သို့သော်လည်း ယခုအချိန်အထိ မဖွားမြင်သေးသည့်အတွက် လိုင်ဆာ၏ ကလေးသည် မဟာနတ်ဆိုးဖြစ်နိုင်ပေသည်။၎င်းသည် စိုင်ဖူမိသားစု၏ မျိုးဆက်သစ် လည်း ဖြစ်သည်။

နတ်ဆိုးဘုံသည် အမွေအနှစ်ဆက်ခံသူကို အထူးတန်ဖိုးထားကြသည်။ထို့ပြင် တင်သည်လည်း ပထမဆုံးအကြိမ် ကလေးအဖေ ဖြစ်လာမည် ဖြစ်သည်။မြေဒြပ်စင် ကောင်များနှင့်နတ်ဆိုးယင်ကောင်တို့၏ တစ်နေ့ပြီးတစ်နေ့ ကျုးကျော်မှု ပိုမိုပြင်းထန်လာသည့် ခက်ခက်ခဲခဲ အခြေအနေ၌ မယ်ဒူဆာနှင့်ပြိဿတို့ ပူးပေါင်းမှုသည် လည်း ပို၍ပို၍ခက်ခဲလာသည်။တင်တွင်လည်း ရွေးချယ်စရာမရှိတော့ဘဲ လိုင်ဆာ၏ ဗိုက်ထဲရှိ သူ၏မျိုးဆက်သစ်အတွက် စတင်အစီအစဉ်ချရတော့သည်။

ယမန်ညက တင်သည် အဓိကတွင်း အောက်လွှာအပြင်ဘက်ရှိ မိုင်းတွင်းကို စူးစမ်းလေ့လာရန်အတွက် မယ်ဒူဆာ သုံးလေးယောက်ကိုခေါ်ကာ လူဆာအား တိတ်တဆိတ် သွားခိုင်းသည်။တင်သည် လူဆာနှင့်လိုင်ဆာတို့ကို မြေအောက်လောက အပြင်ထွက်စေပြီး သူတို့နှင့်သူတို့၏ကလေးတို့ကို ဘေးကင်းစေချင်သည်။သို့ရာတွင် သူတို့သည် အစီအရင် ဖျက်ဆီးခံထားရသည့် အပေါက်နှင့် တွေ့ခဲ့ပြီး လူဆာ မထွက်သွားနိုင်ပေ။လူဆာ ပြန်လာသည့်အခါ နတ်ဆိုးယင်ကောင်အများအပြားနှင့် အဝိုင်းခံထားရသည့် အသီနာတို့နှင့် ရင်ဆိုင်တွေ့ခဲ့ရသည်။တင်၏ ပြုစုပျိုးထောင်မှုကြောင့် လူဆာသည် ရိုးရှင်းသော နတ်ဆိုးဘုံ ဘာသာစကားကို သိရှိနေပြီ ဖြစ်သည်။သူသည် ချက်ချင်းပင် အသီနာနှင့် ပူးပေါင်းပြီး နတ်ဆိုးယင်ကောင်များကို တိုက်ခိုက်သည်။ ထို့နောက် ချန်လွေ့ ရောက်ရှိလာခဲ့သည်။

တင်သည် သူ၏ဆန္ဒကို ချန်လွေ့နှင့် အသီနာတို့ ကူညီဖြည့်ဆည်းပေးရန် မျှော်လင့်ခဲ့သည်။၎င်းအတွက် သူသည် မည်သည့်အရာကိုမဆို ပေးဆပ်ရန် ဆန္ဒရှိနေသည်။

All Chapters