ထိုနှစ်က အဖြစ်အပျက်ကို စစ်ဆေးခြင်း ၃
Vol. 120 Ch. 1678
ရင်စူးစူးမှာ ထို့ထက်ပိုသိနိုင်သည်ဟု ရှီမာယူယူထင်ထားသော်လည်း သူမ သည် ခေါင်းခါယမ်းကာ ပြောလိုက်သည် “ကျွန်မလည်း အဲလောက်ပဲသိတယ် အဲဒါကလည်း သူတို့ကို တွေ့မိသွားလို့ပါ၊ ဒါပေမဲ့ ကျွန်မက ယန်မျိုးနွယ်ဝင်တွေ ကို သဘောကိုမကျဘူး အဲဒါကြောင့် သူတို့ကို သိပ်အာရုံမထားဘူး ဒီတစ်ခေါက် က ရှင်က ယန်မျိုးနွယ်ဝင်တွေနဲ့ သွားတွေ့မယ်လို့ကြားလို့ အရင်တစ်ခေါက်က လည်း ရှင်က ကျွန်မကို ကူညီပေးထားတာဆိုတော့ သတိပေးဖို့ ဆုံးဖြတ်လိုက် တာ”
ရှီမာယူယူသည် အနည်းငယ်စိတ်ပျက်သွားသော်လည်း သတိပြန်ဝင်လာ ကာ ရင်စူးစူးနှင့် တခြားကိစ္စများကို ဆက်ပြောနေလိုက်သည်။
နာရီဝက်မျှကြာသောအခါ ရင်စူးစူးသည် မတ်တတ်ထကာ နှုတ်ဆက် စကားပြောသွားလေသည်။ သူမ ထွက်မသွားခင်တွင် ကျောက်စိမ်းပုလင်းထုတ် ကာ ရှီမာယူယူ၏ လက်ထဲသို့ ထည့်သွားလေသည်။
“ဒါက ကျွန်မတို့ ရင်မျိုးနွယ်ရဲ့ အမှတ်အသားပဲ၊ ရှင် ပြည်နယ် ၅ မှာ ဒုက္ခ တစ်စုံတစ်ရာတွေ့ရင် ကျွန်မလူတွေကို လာရှာပါ ဘယ်သူသိနိုင်မလဲ တစ်ခုခု အရေးပေါ်ဖြစ်လာရင် ဒါက ရှင့်ကိုကူညီနိုင်မလားပဲ” ရင်စူးစူးသည် ပြောပြီး နောက် ရှီမာယူယူ ငြင်းဆန်သည်ကိုပင် မစောင့်ဘဲ တံခါးဖွင့်ပြီး ထွက်သွားလေ သည်။
ရှီမာယူယူသည် ခေါင်းငုံ့ပြီး လက်ထဲမှ ကျောက်စိမ်းပုလင်းကို ကြည့် လိုက်သည်။ သူမသည် သက်ပြင်းချကာ တံခါးကိုသွားသော့ခတ်လိုက်သည်။
ရင်စူးစူးသည် သူမကို ထိုကိစ္စများအကြောင်း ပြောပြသွားပြီး ယခုလို ထွက်ပေါက်ကိုပင် ထားပေးသွားသည်။ အကြောင်းမှာလည်း အရင်က သူမ သည် ရင်မျိုးနွယ်မှ လူတချို့ကို ကယ်ပေးခဲ့ခြင်းကြောင့်ဖြစ်သည်။ သူတို့လိုလူ မျိုးသည် တုန်လိုင်လီကဲ့သို့ ကျေးဇူးကို လက်တုံ့ပြန်ခြင်းဖြင့် ပြန်မဆပ်ပေ။ သို့သော် သူတို့သည် သူမအပေါ် အကြွေးတင်သည်ကိုလည်း မကြိုက်ကြပေ။
ထိုအရာကို လက်ခံမှ သူတို့စိတ်ချမ်းသာမည်ဆိုလျှင် သူမ လက်ခံလိုက် မည်။
နောက်ရက်များတွင် ရင်စူးစူးသည် ရှီမာယူယူကို လာမရှာတော့သဖြင့် သူမသည် ပျော်ရွှင်စွာပင် အနားယူလေသည်။ သူမသည် အခန်းထဲတွင် တစ်ချိန် လုံး စာဖတ်နေရာ အစေခံမလေးသည် ဆိုက်ရောက်ပြီဖြစ်ကြောင်း လာ အကြောင်းကြားလေသည်။
သူမသည် ပစ္စည်းများကို သိမ်းဆည်းလိုက်ကာ အပြင်ထွက်လိုက်သည် နှင့် ကုန်းပတ်ပေါ်တွင် လူအများစောင့်နေကြသသည်ကို တွေ့လိုက်ရသည်။ သူမသည် လှည့်ပတ်ကြည့်လိုက်သော်လည်း ရင်စူးစူးကို မမြင်မိပေ။
“သခင်မလေး သူမက သင်္ဘောပေါ်က ဆင်းသွားပါပြီ” အစေခံ မိန်းကလေးသည် သူမ၏ အတွေးကို ခန့်မှန်းမိသည့်အလား ပြောလေသည်။
ရှီမာယူယူ အံ့ဩသွားသည်။ သူမ မေးလိုက်သည် “ဒီလေဟာပြင် သင်္ဘောက ရင်မျိုးနွယ်ပိုင်တာလား”
“ဟုတ်ပါတယ်” အစေခံမိန်းကလေး ပြုံးလိုက်သည် “နောက်တစ်ခါ ကျွန်မတို့ လေဟာပြင်သင်္ဘောအသုံးပြုရင် သခင်မလေးယူယူက အခကြေးငွေ ပေးဖို့မလိုဘူးလို့ ကျွန်မတို့သခင်မလေးက ပြောသွားပါတယ်”
ပြောပြီးနောက်တွင် သူမသည် အရင်ကကောက်ယူထားသော အခကြေး ငွေကို ပြန်ပေးလေသည်။
ရှီမာယူယူသည် နောက်ဆုံးတွင် နားလည်သွားသည်။ အဲဒါကြောင့် ရင်စူးစူးက သူမ သင်္ဘောပေါ်မှာပါနေတာကို သိတာကိုး။ အစကတည်းက ရင်မျိုးနွယ်ပိုင်တဲ့ သင်္ဘောဖြစ်နေလို့လေ။
အရင်တစ်ခေါက်က ရင်လန်သည် သူမကိုကူညီပေးခဲ့ကာ ထိုလေဟာပြင် သင်္ဘောသည်လည်း ရင်မျိုးနွယ်၏ ပိုင်ဆိုင်မှုဖြစ်သောကြောင့်ပင်။ ရင်မျိုးနွယ် က တကယ်ပဲ အားကောင်းပြီး ချမ်းသာတာပဲ။
သူမသည် လက်မှတ်ယူပြီးနောက် လေဟာပြင်သင်္ဘောပေါ်မှ ဆင်းလိုက် သည်။ သူမသည် ထိုခရီးသည်များကို တစ်ယောက်မှ မသိသဖြင့် ပြည်နယ် ၅ ၏ မြေပုံမိတ္တူထုတ်လိုက်သည်။
မြေပုံမှာအနည်းငယ် ဈေးကြိးသော်လည်း ပြည်နယ် ၅ မှမြို့များကို အသေးစိတ်ဆွဲထားသည်။ ဘေးတွင်လည်း ဂိုဏ်းတချို့၏ အကျဉ်းချုပ်များကို ရေးသားထားသည်။
ရှီမာယူယူသည် မြေပုံကိုကြည့်ပြီး အသေးစိတ်ကို ဦးနှောက်နှင့် မှတ်သား နေရသဖြင့် လှေသမားထွတ်ကိုပင် သတိရသွားသည်။ သူသည် သူ၏မြေပုံကို ဦးနှောက်ဖြင့်သာ မှတ်သားရန်ပြောခဲ့သည်။ သို့သော် ထိုအရာကပင် သူမကို ပျောက်ဆုံးနယ်မြေသို့ ပြန်မလာရန်ပြောသည့်ပုံပင်။
သူမသည် သူ၏ ဆိုလိုရင်းကို နားမလည်နိုင်တော့ပေ။
သူမ စဉ်းစားရတော့သဖြင့် တွေးမနေတော့ပေ။ သူမ၏ အကျင့်မှာ ထိုကဲ့သို့ပင်ဖြစ်သည်။ အချိန်တန်လျှင် သိလိမ့်မည်ဟု သူမ ယုံကြည်သည်။ အခုနားမလည်သေးသည်မှာ အချိန်မတန်သေးဟု ဆိုလိုခြင်းပင်ဖြစ်သည်။
စပ်စုသည့် ကြောင်မှာ အသတ်ခံရနိုင်သည်။ သူမ၏ အသက်အတွက် ထိုကဲ့သို့ပင် စဉ်းစားသည်။
သူမသည် မြေပုံကိုလေ့လာရန် တိတ်ဆိတ်သည့်နေရာကို ရှာလိုက်သည်။ ယန်မျိုးနွယ်မှာ သူမနှင့် မဝေးတော့သည်ကို သိသည်။ သူမသည် ဖြတ်လမ်း တည်ဆောက်မှုသုံးပြီး နှစ်ရက်အကြာတွင်ရောက်လေသည်။ သို့သော် ယန် မျိုးနွယ်ဝင်များသည် အစောင့်အကြပ်များထားသည်။ သူမရှိနေသောမြို့ ကန်မာမြို့တွင် ဖြတ်လမ်းဝင်္ကပါမရှိပေ။ သူမသည် အနီးဆုံးမြို့သို့သွားပြီး အသုံးပြုရမည်။
“ဒီယန်မျိုးနွယ်မှာ ရန်သူတွေများလို့ပဲဖြစ်မယ် အဲဒါကြောင့် ဖြတ်လမ်း တည်ဆောက်မှုကို မသုံးရဲတာ သူတို့ဆီကို တိုက်ရိုက်ရောက်လာပြီး သူတို့ရဲ့ အရင်းအမြစ်ကို လာဖျက်ဆီးမှာကြောက်နေတာ” ယန်မျိုးနယ်၏ အကြီးဆုံး သခင်မလေးသည် သူမ၏ ဖခင်ဖြစ်သူကို သဘောကျကာ ယွီခဲ့လော့ကို အဆိပ် ခတ်ခဲ့ကြောင်းကို ရှီမာယူယူ သိသဖြင့် ယန်မျိုးနွယ်တစ်ခုလုံးကို အကောင်း မမြင်နိုင်ပေ။
သူမသည် သွားရမည့်လမ်းကိုသိသွားရာ မြေပုံကိုသိမ်းပြီး အနီးဆုံးနေရာ မှ တစ်ဆင့်ဖြတ်လမ်းတည်ဆောက်မှု အသုံးပြုရန် စီစဉ်လိုက်ကာ ဖြည်းဖြည်း ပင် ခရီးစဆက်လေသည်။ မည်သို့ပင်ဖြစ်စေကာမူ သူမသည် စောထွက်လာ သဖြင့် အလောကြီးရန်မလိုပေ။
ကန်မာမြို့နှင့်အနီးဆုံးမြို့သည် ကံကြမ္မာမြို့တော်ဟု လူသိများသည်။ ကံကြမ္မာမြို့သည် ကန်မာမြို့ကို ဝန်းရံထားသည်။ ကံကြမ္မာမြို့မှ အင်အားစုများ သည် ယန်မျိုးနွယ်ကို အထောက်အပံ့ပြုရသည်။ ဂေါင်မျိုးနွယ်သည် ထောင် မျိုးနွယ်ကို အလုပ်အကျွေးပြုသည်နှင့် ဆင်တူသည်။
သူမသည် ဝိညာဉ်သခင်အသင်းဆီသို့သွားပြီး ဖြတ်လမ်းတည်ဆောက်မှု သုံးမည် ပြုသည်။ သို့သော် သူမ တံခါးမဖွင့်ခင်မှာပင် အသံကျယ်ကျယ်ဖြင့် ငိုနေသံကို ကြားလိုက်ရသည်။
“ရွှတ် ရွှတ် အကုန်လုံး ပျောက်သွားကြတာ ငါ့ကိုလာမထိကြနဲ့ ရွှတ် ရွှတ်”
အသံမှာငယ်ရွယ်သည်။ အသံပိုင်ရှင်သည် ၁၀ နှစ်အောက်ဖြစ်နိုင်သည်။ သို့သော် အနည်းငယ်မောက်မာပြီး ဘဝင်မြင့်သံပေါက်သည်။
“ဘာတွေကြည့်နေတာလဲ ဆက်ကြည့်နေရင် မျက်လုံးတွေဖောက်ပစ် မယ်” ကလေးသည် သူမဘေးမှ လူများကို စိုက်ကြည့်ပြီး ရက်စက်စွာ ပြောလေ သည်။
ရှီမာယူယူသည် ထိုနေရာသို့ကြည့်လိုက်ရာ ဆံပင်နှစ်ဖက်ခွဲထုံးထားပြီး အနားတွန့်စကတ်ဝတ်ထားသော ကောင်မလေးသည် လမ်းဘေးတွင် ထိုင်နေ သည်ကို တွေ့လိုက်ရသည်။ သူ၏ မျက်လုံးများသည် နီရဲနေကာ ဘေးပတ်ပတ် လည်မှ လူများကို စိုက်ကြည့်နေသည်။ သူမသည် ချစ်စရာကောင်းပါလျက်နှင့် ထိုမျက်လုံးတစ်စုံသည် ရောင်ဝါကိုဖျက်ဆီးပစ်နေသည်မှာတော့ နှမြောဖွယ် ကောင်းလှသည်။
လူတစ်ယောက်သည် ထိုမိန်းကလေးကို မှတ်မိပုံရကာ ရှေ့သို့တိုးလိုက် သည် “ရှီအာ ဒီမှာဘာလုပ်နေတာလဲ မင်းရဲ့အစ်မတွေရော”
“အစ်မတွေက ထွက်ပြေးသွားကြပြီ” ရှီအာ ပြောလိုက်သည် “အစ်ကိုကြီး မူယိ ရှီအာက မမကြီးတို့ကို မရှာနိုင်တော့ဘူး ရွှတ် ရွှတ်”
မူယိသည် သူမ မည်မျှငိုနေသည်ကို မြင်ရသဖြင့် ရှေ့တိုးကာ သူမဘေး တွင်ဝင်ထိုင်ပြီး တိုးညင်းစွာ နှစ်သိမ့်ပေးလိုက်သည်။ သူ၏ နောက်လိုက်များ သည် ပွဲလာကြည့်ကြသော လူများကို လူစုခွဲခိုင်းလိုက်သည်။
“မင်းရဲ့အစ်မတွေက ထွက်ပြေးသွားတယ်ဟုတ်လား ဘာလို့လဲ”
“သူမက အရင်က ရန်သူကိုတွေ့လိုက်လို့ဖြစ်မယ် အဲဒီကိုထွက်ပြေးသွား တာပဲ” ရှီအာသည် မျက်ရည်များဝဲကာပြောလေသည်။
“မင်းတို့တွေ ယန်မျိုးနွယ်က သခင်မလေးတွေကိုသွားရှာလိုက်၊ သူတို့ကို ရှာတွေ့ရင် ရှီအာက ဒီမှာစောင့်နေတယ်လို့ ပြောလိုက်” မူယိသည် သူ၏ နောက်လိုက်များကို ညွှန်ကြားလိုက်သည်။
ရှီမာယူယူသည် ဝိညာဉ်သခင်အသင်းသို့ ဝင်မည်ပြုပြီးမှ ဦးတည်ဘက်ကို ပြောင်းလိုက်သည်။ ထိုအစား သူမသည် လမ်းမျက်စောင်းထိုးတွင်ရှိသည့် လက်ဖက်ရည်ဆိုင်ထဲသို့ ဝင်လိုက်သည်။ သူမသည် လမ်းဘက်သို့ မျက်နှာမူ ထားသော သီးသန့်အခန်းယူပြီး ပြတင်းပေါက်ဖွင့်ထားလိုက်သည်။ သူမသည် ထိုနေရာမှနေ၍ ဝိညာဉ်သခင်အသင်းနှင့် လမ်းဘေးတွင်ထိုင်နေသော မိန်းကလေးကိုပါ မြင်ရသည်။
ထိုလူများသည် သူ၏ ညွှန်ကြားချက်ကိုရသည်နှင့် ချက်ချင်းထွက်သွား ရာ လျင်မြန်စွာပင် လမ်းပေါ်မှပျောက်သွားကြသည်။ ခဏအကြာတွင် မိန်းကလေးအဖွဲ့တစ်ဖွဲ့ ပြေးလာသည်။ သူတို့သည် ယန်ရှီအာကိုမြင်သောအခါ ပို၍ပင် အရှိန်မြှင့်ပြေးလာသည်။
“ရှီအာ အဆင်ပြေရဲ့လား” မိန်းကလေးများထဲမှ တစ်ယောက်သည် ယန်ရှီအာကို ဖက်လေသည်။
“မမ ၂ မမ ၃ ဘယ်တွေသွားလိုက်တာလဲ ရှီအာကို ဘယ်လိုလုပ် တစ် ယောက်တည်းထားသွားရတာလဲ ရွှတ် ရွှတ်” ယန်ရှီအာသည် ကျယ်လောင်စွာ ရန်လုပ်လေသည်။
“မမကြီးက အတွေးလွန်သွားတာပါ ညီမလေး ၃ က ညီမလေးကို ခေါ်လာ မယ်လို့ မမကြီးကထင်လိုက်တာ ညီမလေး ၃ ကကျ ညီမလေးကို နောက်က လိုက်လာတယ်ထင်လိုက်မိတာ နောက်ဆုံးတော့ မင်းဒီမှာတစ်ယောက်တည်း ဖြစ်လိမ့်မယ်လို့ ထင်မထားဘူး ဟုတ်ပြီ မငိုနဲ့တော့” ယန်မျိုးနွယ်၏ ဒုတိယ သခင်မလေး ယန်လီလီသည် ယန်ရှီအာကိုပုတ်ပြီးနှစ်သိမ့်လေသည်။
“ဟုတ်သားပဲ ရှီအာ မငိုနဲ့တော့ ငါတို့ပြန်ရောက်ရင် အစ်ကို ၁၈ ရဲ့ ဝိညာဉ်သားရဲနဲ့ ဆော့ခိုင်းပေးဖို့ ပြောပေးမယ် ဟုတ်ပြီလား” ယန်မျိုးနွယ်၏ တတိယသခင်မလေး ယန်ချင်းသည် ယန်ရှီအာကို ဖက်ပြီး နှစ်သိမ့်လေသည်။
“သခင်မလေး ၂ သခင်မလေး ၃” မူယိသည် နှစ်ယောက်လုံးကို အရိုအသေပေးလိုက်သည်။
“ကျွန်မတို့ကိုရှာဖို့ လူလွှတ်ပေးတာ ကျေးဇူးတင်ပါတယ် သခင်ကြီးမူ မဟုတ်ရင် ရှီအာ ဒီမှာဘယ်လောက်ကြာအောင် စောင့်ရမလဲမသိဘူး” ယန်ချင်း သည် ယဉ်ကျေးသောအပြုအမူဖြင့် ပြောလေသည်။
“ကျွန်တော်လည်း ဒီကိုထွက်လာလိုက်လို့ပါ ရှီအာနဲ့တွေ့လိမ့်မယ်လို့ ထင်မထားဘူး ကျွန်တော်ကကန်မာမြို့တော်ကိုသွားမလို့ပါ ကျွန်တော်နဲ့အတူ လိုက်ချင်ကြလားမသိဘူး”
ယန်လီလီသည် ခေါင်းခါယမ်းလိုက်သည် “ကျွန်မတို့ အဲဒီအကောင်ကို မတွေ့သေးဘူး သူမက မြို့ထဲမှာရှိရင် သူမကိုဖမ်းမိပြီးမှပြန်လို့ရမှာ”
***