ပန်းချိုးသူ
Vol. 120 Ch. 1680
“ဘုန်း”
မြေကြီးနှင့်ဆောင့်မိသောလူသည် နာကျင်သဖြင့် အံကြိတ်မိသည်။
“ငါပြောတာ နည်းနည်းလောက် နူးညံ့ပေးနိုင်မလား” လျန်ချူရှင်းသည် မြေပေါ်တွင် လဲသွားသည်။ သူသည် လှုပ်ရှားရန် စွမ်းအားပင်မရှိတော့ပေ။
ရှီမာယူယူသည် သူ့ဘေးတွင် ရပ်လိုက်ရာ သူ့ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာ များဖြင့် ပြည့်နှက်နေသည်ကို မြင်လိုက်ရသည်။ သူမသည် အထင်သေးစွာဖြင့် ပြောလိုက်သည် “ရှင်က ကာမလိုက်ကစားတဲ့ ပန်းချိုးသူခိုးပဲ၊ အဲဒါကို သိမ်သိမ် မွေ့မွေ့ဆက်ဆံပေးရဦးမှာလား”
လျန်ချူရှင်းသည် ရှီမာယူယူကို သေချာမြင်လိုက်ရကာ မှင်တက်သွား သည်။
သူ့ကိုကယ်ခဲ့သူမှာ ယောက်ျားဖြစ်နိုင်ပြီး အသက်ကြီးသူသာဖြစ်လိမ့်မည် ဟု သူထင်ခဲ့သည်။ သူ နှုတ်ဆိတ်နေရုံအပြင် ဘာတတ်နိုင်ဦးမှာလဲ။
သူမ ပေါ်လာချိန်တွင် လှပပြီးငယ်ရွယ်သော မိန်းကလေးဖြစ်လိမ့်မည်ဟု သူ ထင်မထားပေ။
အဲဒါပေမဲ့ အဲလိုမျိုး မိန်းမငယ်လေးက သူ့လိုလူကို ကယ်ခဲ့တယ်ပေါ့။ သူမက ဘာလို့ ဝင်ပါပြီး သူ့ကိုကယ်ခဲ့တာလဲ။
သူ့ရဲ့ဆွဲဆောင်မှုကို မြင်သွားပြီး စွဲလမ်းသွားတာလား။ သူက တကယ်ပဲ ချောမောပြီး ဆွဲဆောင်မှုတော့ ရှိတာပဲလေ။ ကောင်မလေး ငယ်ငယ်လေးက တောင် သူ့ကို လာကယ်သေးတာပဲ။
“ဒုသခင်မလေးယန် လှုပ်ရှားတာကို စောင့်ပြီးမှ ဝင်ပါလိုက်ရမှာလို့ ခံစား မိနေတယ်” ရှီမာယူယူသည် သူ့ကိုစိုက်ကြည့်ပြီး တိုးညင်းစွာပြောလိုက်သည်။
“ဟီးဟီး ညီမငယ် မင်းက လူကောင်းပဲ အဲလိုမလုပ်သင့်ပါဘူး” လျန်ချူရှင်းသည် ပြီတီတီဖြင့် ပြုံးပြလေသည်။
“ကျွန်မက လူကောင်းဆိုတာ နဖူးမှာရေးထားလို့လား” ရှီမာယူယူသည် သူ့ကို လျစ်လျူရှုကာ ရှေ့ရှိစားပွဲတွင်ထိုင်ချကာ ရေငှဲ့လိုက်သည် “ရှင့်မှာ တစ် ညပဲအချိန်ရမယ် မနက်မရောက်ခင် ထွက်သွားပါ”
“ညီမငယ် ဘာလို့ ဒီလောက်ရက်စက်တာလဲ အာ…” သူ လှုပ်ရှားလိုက် သည်။ သို့သော် သူ၏ ဒဏ်ရာကိုထိသွားပြီး နာကျင်မှုနှင့်အတူ အံကြိတ်လိုက် သည်။
“ရက်စက်တယ်ဟုတ်လား ကျွန်မက ပန်းချိုးသူခိုးကို ဘေးမှာထားထားရ မှာလား” ရှီမာယူယူသည် သူ့ကို ငဲ့ကြည့်လိုက်သည် “အခုဆေးစားလိုက်ရင် မနက်ရောက်တဲ့အချိန်ကျ ထွက်ဖို့အားရှိသွားလိမ့်မယ်”
“ငါ့မှာ ဘာဆေးမှမရှိတော့ဘူး တစ်လမ်းလုံး အလိုက်ခံနေရတော့ ကုသ ဆေးတွေ အကုန်စားလိုက်ပြီးပြီ ယန်မျိုးနွယ်က တကယ်ကိုစိတ်တိုဖို့ကောင်း တယ်” လျန်ချူရှင်းသည် သူမအား လျှောက်လဲလေသည် “ညီမငယ် ဒီအစ်ကိုကြီး ဘယ်လောက်သနားစရာကောင်းလဲ ကြည့်ပါဦး ငါ့ကိုဆေးစားဖို့ ပေးပါဦး ဟုတ်ပြီလား”
“ယန်မျိုးနွယ်က ပြည်နယ် ၅ မှာမျိုးနွယ်ကြီးတစ်ခုပဲ ရှင်က ယန်မျိုးနွယ် ကအကြီးဆုံးသခင်မလေးကို ချောင်းကြည့်ဖို့သွားတယ်ပေါ့ အတင့်ရဲလွန်းတာပဲ” ရှီမာယူယူသည် လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်သည်။ သူမသည် သူ့ကို ဆေးပေးမည် မပေးမည်ကို မပြောပေ။
“ငါက ဘယ်တုန်းက သူမကိုခိုးကြည့်ဖို့ သွားလို့လဲ သူမက သူမဘာသာ ငါ့ကိုပြတာပဲကို” လျန်ချူရှင်းသည် နစ်နာသလိုဖြင့်ပြောလေသည် “ငါက အဲဒီ မှာ အိပ်ပျော်နေတာကြာပြီ သူမက အဲဒီကိုရောက်လာပြီး ရေချိုးတာလေ၊ နောက်ဆုံးတော့ ငါက သူမကို ထိပါးဖို့တောင် လုပ်တယ်လို့ သူမက ပြောလိုက် သေးတယ် ကျွတ် သူမက ဆွဲဆောင်မှုရောရှိလို့လား ငါက ဘာလို့ သူမကို ကြည့် ရမှာလဲ၊ ငါ့ကိုလက်ဆောင်ပေးရင်တောင် သူမကိုမယူဘူး ဒါပေမဲ့ ယန်မျိုးနွယ် က အဲဒါကို ဂရုမစိုက်ဘဲ ဒီကိစ္စကနေရုန်းမထွက်နိုင်လို့ ငါ့မှာ နှစ်နှစ်လောက် ပြေးနေရတာ၊ ဟူး သခင်သာသိရင် ငါ့ကိုအရည်အချင်းမရှိလို့ဆိုပြီး အပြစ်တင် တော့မှာပဲ”
ရှီမာယူယူ အံ့ဩသွားသည်။ ယန်မျိုးနွယ် မည်မျှအင်အားကြီးကြောင်းကို သူမ သိထားသည်။ ထိုလူသည် နှစ်နှစ်တိုင်အောင် ထွက်ပြေးနိုင်ခဲ့သည်။ ကြည့် ရသည်မှာ သူ၏စွမ်းအားသည်လည်း နယ်နယ်ရရမဖြစ်နိုင်ပေ။
သို့သော် သူသည် နားငြီးသည်။
ဆေးတစ်လုံးကို သူ့ပါးစပ်ထဲထည့်ပြီး ပါးစပ်ပိတ်အောင် လုပ်ပေးလိုက် သည်။
အတန်ကြာပြီးနောက် သူဆက်ပြောလေသည် “ဒီဆေးက အရည်အသွေး ကောင်းတာပဲ ညီမငယ် ဒီလိုဆေးကောင်းကောင်းကိုတောင် ငါ့ကိုကျွေးတာ မင်းက တကယ်ကြင်နာတတ်တာပဲ”
“….” ရှီမာယူယူသည် မျက်လုံးလှိမ့်လိုက်သည်။ ထိုဆေးမှာ သူမပိုင်ဆိုင် သမျှတွင် အရည်အသွေးအနိမ့်ဆုံးဟူ၍တော့ မပြောလိုက်တော့ပေ။
“ညီမငယ် အာ… မင်းငါ့ကို ဘာကျွေးလိုက်တာလဲ” လျန်ချူရှင်းသည် စကားဆက်ပြောမည်အလုပ်တွင် ဆေးနောက်တစ်လုံး ပါးစပ်ထဲသို့ ပျံလာ သည်။ ထိုဆေးသည် သူသောက်နေကျ ကုသဆေးမဟုတ်ပေ။
“ရှင့် ပါးစပ်ပိတ်အောင်လို့” သူ့မျက်လုံးများ ကြီးမားလုံးဝန်းသွားသည်ကို သူမ မြင်သောအခါ သူသည် ထိခိုက်သွားသလို ဟန်လုပ်နေရာ သူမသည် ပြောခဲလှသော စကားကိုပြောလိုက်ရသည် “ဒီဆေးက ရှင့်အတွက်ကောင်း တယ် ဒါပေမဲ့ အိပ်မောကျစေတယ်”
သူမ စကားဆုံးသည်နှင့် လျန်ချူရှင်းသည် ခေါင်းငိုက်ကာ အိပ်ပျော်သွား လေသည်။
ရှီမာယူယူသည် သူ့ကိုစိုက်ကြည့်ပြီး လှည့်ကာ အိပ်ရန်သွားလိုက်သည်။ သူ့လိုလူသည် မြေပေါ်တွင် အိပ်ဖို့ပင်တန်သည်။ မည်သို့ပင်ဖြစ်စေကာမူ သူ့လို အဓမ္မကျူးလွန်သူသည် အရေတူသည်။
လျန်ချူရှင်း နိုးလာသောအခါ ကောင်းကင်မှာ လင်းနေပြီဖြစ်သည်။ သူ သည် အချိန်အတော်ကြာမှ ကောင်းကောင်းအိပ်ပျော်ခြင်းဖြစ်သည်။ သူ၏စိတ် ကိုပါ ကောင်းကောင်းနလန်ထူသွားစေသည်။
“နိုးပြီလား နိုးရင်လည်းသွားတော့” သူမ၏ အေးစက်သောအသံသည် သူ မိန်းမောနေမှုကို ဖြိုခွဲလိုက်သည်။ သူ ထထိုင်လိုက်ရာ မြေပေါ်တွင် လှဲနေဆဲ ဖြစ်သည်ကို သတိလိုက်သည်။ သို့သော် သူ၏ ဒဏ်ရာများသည် များစွာကုသ ပြီးလေသည်။
သူမ၏ ဆေးများသည် သက်ရောက်မှုများလိမ့်မည်ဟု ထင်မထားပေ။
“ညီမငယ် ငါ့ဒဏ်ရာတွေ ဘယ်လောက်များနေလဲ မြင်တယ်မလား ငါ့ကို ခဏလောက် ပုန်းခိုင်းပေးပါ ဟုတ်ပြီလား” သူသည် သူမအား ဆွဲဆောင်မှုရှိရှိ ဖြင့်ပြုံးပြီး သွေးဆောင်ရန် ကြိုးစားလေသည်။
ရှီမာယူယူသည် ဘာမှမပြောဘဲ သူမ၏ သတ္တုအရည်အချင်းကိုသုံးကာ သူ့ရှေ့တွင် မှန်လုပ်ပေးလိုက်သည်။ သူသည် ထိုမျက်နှာကိုမြင်လိုက်သောအခါ အပြုံးများသည် ချက်ချင်းပင် အေးခဲသွားလေသည်။
ရုပ်ဆိုးလိုက်တာ…
“ငါရုပ်ပျက်ဆင်းပျက်ဖြစ်သွားတာပဲ ဟူး နောက်ကို မိန်းမလှလေးတွေကို ဘယ်လိုမျိုး ဆွဲဆောင်ရတော့မလဲ” သူ ကျယ်လောင်စွာ ညည်းတွားလိုက် သည်။ သို့သော် သူသည် လုံးဝစိုးရိမ်မှုမရှိသည်ကို ရှီမာယူယူသိသည်။
“ညီမငယ် ဒီမျက်နှာကိုကြည့်ပါဦး ငါသာအခုထွက်သွားလိုက်ရင် မိန်းကလေးတွေ လန့်သွားကြမှာပဲ ငါ အကုန်သက်သာမှ ငါ့ကိုနှင်ထုတ်ပါ့လား” လူတစ်ယောက်မှာ အမှန်တကယ်ပင် အရေထူလှသည်။
ရှီမာယူယူသည် ဘာမှမပြောဘဲ သူ့ကိုသာ စိုက်ကြည့်နေသည်။
လျန်ချူရှင်းသည် သူမ၏ အကြည့်အောက်တွင် ဇက်ပုသွားကာ ဝမ်းနည်း စွာဖြင့် ပြောလေသည် “ဟုတ်ပြီလေ ဒါဆိုလည်း သွားပါ့မယ် ဒါပေမဲ့ မင်းနာမည်ကိုတော့ သိလို့ရမလား ညီမငယ် နောက်ဆိုရင် ကျေးဇူးဆပ်လို့ရ တာပေါ့”
“ရှင် ကျွန်မကို မနှောင့်ယှက်ရင်ပဲ ကျေးဇူးတင်နေပါပြီ သွားပါတော့”
လျန်ချူရှင်းသည် ထလိုက်ရာ သူ့ခန္ဓာကိုယ်မှာ ယိုင်သွားသည်။ သူ့ဒဏ်ရာများသည် အလွန်ပင် ပြင်းထန်လှသည်။ သူသည် တံခါးဆီသို့ ဖြည်းဖြည်းချင်းလျှောက်သွားသော်လည်း သူ တံခါးမဖွင့်ခင်တွင် ရှီမာယူယူ၏ အသံကိုကြားလိုက်ရသည်။
“ခဏလေး”
သူမ စိတ်မကောင်းဖြစ်သောကြောင့် နေခိုင်းတော့မည်ဟူသော အတွေး နှင့် သူ ပျော်ရွှင်စွာ လှည့်လိုက်သည်။ သို့သော် သူမ ပြောလိုက်သည့်စကားမှာ “ပြတင်းပေါက်” ဟူ၍ဖြစ်သည်။
“….”
သူမက သူ့ကို တံခါးပေါက်ကနေတောင် ထွက်သွားခွင့်မပေးဘူး။ သူမက တကယ်ကို… ရက်စက်တာပဲ။
သို့သော် ရှီမာယူယူသည် သူ့ကို နောက်ပုလင်းတစ်လုံးပစ်ပေးရာ သူ အနံ့ ရှုကြည့်လိုက်သည်။ ပုလင်းထဲတွင်ရှိနေသည်မှာ ပထမအဆင့်ဆေးများဖြစ်ကာ အရေအတွက်လည်းများသည်။
“ကျေးဇူးပါ” သူသည် ပြတင်းပေါက်ဘေးသို့ လျှောက်သွားပြီး လှည့်ကာ သူမကိုကြည့်လိုက်သည် “မင်း ယန်မျိုးနွယ်ရဲ့ညီလာခံကို သွားမှာလား”
ရှီမာယူယူသည် သူ့ကိုပြန်မဖြေပေ။ သူသည် ပြုံးပြပြီးနောက် ပြတင်း ပေါက်မှ ဆင်းသွားလေသည်။
အတန်ကြာပြီးနောက် သူမ ပြတင်းပေါက်နားသွားလိုက်ရာ လျန်ချူရှင်း ၏ပုံရိပ်သည် ပျောက်ကွယ်သွားပြီကို မြင်လိုက်ရသည်။
သူ ချောမွေ့စွာ ထွက်ပြေးနိုင်မလားဆိုသည်ကို သူမ မသိပေ။ သို့သော် အဆင်ပြေနိုင်သည်။ သူတို့သည် သူ့ကို နှစ်နှစ်ကြာသည့်တိုင်အောင် မသတ်နိုင် သဖြင့် ပြဿနာအနည်းငယ်သည် သူ့အတွက် ဘာမှမဟုတ်နိုင်ပေ။
နှစ်ရက်ကြာပြီးသည်အထိ ယန်လီလီတို့ကို ခြေရာခံလိုက်နေသော နီရဲ ပျားများသည် လျန်ချူရှင်းအသတ်ခံရသည့်အကြောင်း သတင်းပို့ မလာသဖြင့် သူ ချောချောမွေ့မွေ့လွတ်မြောက်သွားသည့်ပုံပင်။
သူမသည် ယန်လီလီတို့ကို စိတ်မဝင်စားသဖြင့် သူမအခန်းကိုအပ်ကာ ကန်မာမြို့သို့သွားရန် ပြင်လိုက်သည်။
“မိန်းမလှလေး ကန်မာမြို့ကိုသါားမှဦလား ကျွန်တော်တို့ ဝိညာဉ်သားရဲပျံ ယူချင်လား ကျွန်တော်တို့ သားရဲပျံတွေက အရမ်းမြန်ပြီးငြိမ်သလို ကန်မာမြို့ကို သွားတဲ့လမ်းလည်းသိတယ်၊ လမ်းပျောက်မှာကိုတော့ စိတ်ပူဖို့မလိုဘူး သူတို့က ဈေးလည်းသက်တသာတယ် တစ်ကောင်ကို အဆင့်မြင့်ကျောက်တစ်ရာပြရှိ တယ်” အမျိုးသားတစ်ယောက်သည် သူမကို မြို့အဝင်ပေါက်တွင် တားကာ စိတ်အားထက်သန်စွာ ပြောလေသည်။
ရှီမာယူယူ စဉ်းစားကြည့်ပြီး ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ ထိုအမျိုးသားသည် လျင်မြန်စွာပင် ငှက်ကြီးတစ်ကောင်ကို ခေါ်လိုက်သည်။ ငှက်ကြီးသည် ကျောပေါ်တွင် အခန်းတစ်ခုကိုတင်ထားကာ အပြင်တွင်အလှ ဆင်ထားသည်။ သို့သော် အတွင်းပိုင်းကိုတော့ သူမ မမြင်ရပေ။
“သခင်မလေး ဒီဘက်ကိုကြွပါ” အမျိုးသားသည် ဖိတ်ခေါ်သဖြင့် ရှီမာယူယူ ပျံသွားလိုက်သည်။ သူမ ဝင်လိုက်သောအခါ အမျိုးသားလည်း ထိုင် လိုက်ပြီး သားရဲပျံ၏ ကျောပြင်ကိုပုတ်လိုက်သည်။ သားရဲပျံသည် အတောင်ပံ ခတ်ကာ ပျံထွက်သွားလေသည်။
သူတို့ ကံကြမ္မာမြို့မှ ထွက်ခွာလာသည်နှင့် အပြင်တွင်ထိုင်နေသော လူကို ကြည့်ပြိးပြောလိုက်သည် “လျန်ချူရှင်း ရှင်ကဘယ်လိုလုပ် မမိသေးတာလဲ”
***