#စတုတ္ထဓားချက်၊ အရာအားလုံးမွေးဖွားခြင်း#
Vol. 66 Ch. 938
ဓားပိုင်နက်က တိမ်ပြာဓားဂိုဏ်းတစ်ခုလုံးအပြင် တိမ်ပြာဓားဂိုဏ်းက အကြီးအကဲများနှင့် ဟောင်တျန်းကိုပါ လွှမ်းခြုံသွားခဲ့သည်။
သေမင်းဝိဉာဉ်နန်းတော်က ရုပ်သေးသုံးရုပ်အပါအ၀င် ယဲ့ချိုးပိုင်နောက်က လျန်ဖုန်းပင်လျှင် လေဟာနယ်တစ်ခုလုံးတွင် ပြည့်နှက်နေသည့် ဒီဓားပိုင်နက်၏ အဆုံးစွန်သော ထက်ရှမှုကို ရှင်းလင်းစွာခံစားနိုင်သည်။ ဒါက ဓားဆန္ဒမုန်တိုင်းတစ်စင်းပမာ။
ဒီဓားပိုင်နက်ထဲတွင် ဓားသမားတိုင်းက အကြွင်းမဲ့ဖိနှိပ်မှုကို ခံစားရသည်။
ဓားပိုင်နက်အလယ်တွင် ရပ်နိုင်သည့် ယဲ့ချိုးပိုင်က ဒီကမ္ဘာကြီးရှိ ဓားတာအို၏ အရှင်သခင်တစ်ဦးကဲ့သို့ပင် ဘယ်သူကမှ မခုခံနိုင်ဘဲ အညံ့ခံရုံသာ တတ်နိုင်သည်။
လျန်ဖုန်း စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းချသည်။
"ဓားတာအိုရဲ့ ဒီပုံမှန်မဟုတ်တဲ့ပင်ကိုယ်ပါရမီက ကြောက်စရာကောင်းနေတုန်းပဲ၊ ကြည့်ရတာ ချောင်မြန့်နဲ့ငါ့မှာ သူ့ကို လိုက်မီဖို့အတွက် အခွင့်အရေးမရှိတော့ဘူးထင်တယ်...."
အတိတ်က သူတို့ ယဲ့ချိုးပိုင်၏ ဓားတာအိုအမြင့်ကို ပြောနိုင်ကြသည်။ ဒါက သူတို့ ယဲ့ချိုးပိုင်၏ကျောကို မြင်နိုင်သေးသဖြင့် ဆက်လိုက်နိုင်သေးသည်ဟု ဆိုလိုနေခြင်းပင်။
သို့သော် ယခုယဲ့ချိုးပိုင်ပြန်လာသောအခါ သူ့ဓားတာအိုနယ်ပယ်က သူတို့စိတ်ကူးထက်ပင် လုံး၀ကျော်လွန်သွားလေပြီ။
ဒါကဘယ်နယ်ပယ်တွင် ရှိသလဲဆိုတာကို လျန်ဖုန်းမမြင်နိုင်တော့။ ဤသည်ကို ကျယ်ပြောသည့် သမုဒ္ဒရာတစ်စင်းပမာ ထင်ရပြီး ဘယ်လောက်ထိ ကျယ်ပြောသလဲဆိုတာ သူမသိပါ။
ဒီနည်းနှင့် သူတို့က အမှီလိုက်ရန်အတွက် အရည်အသွေးများကို ဆုံးရှုံးသွားရသည်။
ယဲ့ချိုးပိုင်နှင့် ဆန့်ကျင်ဘက်တွင် ဓားနှင့်အတူ ရှေ့သို့ပြေးလာနေသည့် ဂေါင်ယုမှာ ဓားပိုင်နက် မြင့်တက်လာသောအခိုက်အတန့်၌ ရပ်သွားသည်။
ဓားပိုင်နက်ထဲက အင်မော်တယ်ဓားဆန္ဒက ဓားသိုင်းပညာ၏ တောင်တစ်လုံးပမာ သူ့ကိုယ်ခန္ဓာအား ဖိနှိပ်ထားသည်။
သူ့ကိုယ်ထဲက ဓားဆန္ဒက လှောင်အိမ်တစ်ခုထဲတွင် အပိတ်ခံထားရပြီး ချိုးဖျက်ရန်အတွက် မတတ်နိုင်စွမ်းသည့်ပမာ။
ဂေါင်ယု၏အမူအရာက ကြည့်ရဆိုးသွားသည်။ တစ်ဘက်လူ၏ ဓားတာအိုနယ်ပယ်က အတော်လေးမြင့်မားလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ သူကအင်မော်တယ်ဓား တစ်၀က်နယ်ပယ်ကိုပင် ရောက်နေလေပြီ။
ဒါပေမယ့် ယဲ့ချိုးပိုင်ကရော!
သူက အင်မော်တယ်ဓားနယ်ပယ်ကိုပင် တက်လှမ်းခဲ့သည်။
ဒါ့ပြင် ဒါက သာမန်အင်မော်တယ်ဓားနယ်ပယ်မဟုတ်ပါ။ အင်မော်တယ်ဓားဆန္ဒ၏ ထက်ရှမှုက သာမန်အင်မော်တယ်ဓားနယ်ပယ်ထက် သာလွန်နေပြီဖြစ်သည်။
ဂေါင်ယုလေးနက်စွာပြောသည်။
"ဝိဉာဉ်နန်းတော်ရဲ့ ကောင်းချီးမပါဘဲနဲ့ မင်းဒီအဆင့်ကိုတောင် ရောက်နိုင်တယ်၊ မင်း ဒီလိုကျက်တီးကုန်းမြေတစ်ခုက လာတဲ့သူတစ်ယောက် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
လော့ကျန်းနှင့် ကန်ရှင်းယွဲ့တိုကလည်း ဂေါင်ယု၏စိတ်ခံစားချက်များကို မျှဝေကြသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့ကလည်း အဆင့်နိမ့်ကြယ်နယ်မြေကဖြစ်သည်။ သေမင်းဝိဉာဉ်နန်းတော်မှ ဉာဏ်အလင်းကို ရပြီးနောက် သူတို့ခွန်အားက အလွန်အမင်း မြန်ဆန်စွာပင် တိုးတက်လာခဲ့သည်။
ဒါကိုကြားသောအခါ ယဲ့ချိုးပိုင်ရယ်မောသည်။
"တကယ်တော့ ငါတို့ကိုယ့်ကိုကိုယ်သာ အားကိုးရင် ဒီလောက်မြန်မြန် တိုးတက်မလာနိုင်လောက်ပေမယ့် ငါတို့ရဲ့ အခွင့်အလမ်းတွေက မင်းတို့ထက် ပိုကြီးမားတယ်"
"ဒါ့အပြင် ငါ့ခွန်အားကို တိုးမြှင့်ဖို့အတွက်နဲ့ ငါရုပ်သေးတစ်ရုပ်ဖြစ်လာရဦးမှာလား၊ ဒီလိုအရာမျိုးကို ငါမလုပ်နိုင်ဘူး"
ဂေါင်ယုနှာခေါင်းရှုံ့သည်။
"မင်းဓားတာအိုနယ်ပယ်က ငါ့ထက်မြင့်နေတော့ရော ဘာအရေးလဲ"
သူတို့၏နယ်ပယ်က ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်ဖြစ်ပြီး သူတို့အမြင်၌ ယဲ့ချိုးပိုင်က ကောင်းကင်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်သာဖြစ်သည်။
ထို့နောက် ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်အော်ရာက ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။
လူရိုင်းဒေသက လေဟာနယ်က အရင်ကထက် ပို၍အားကောင်းသော်လည်း ဒီအားကောင်းသည့်စွမ်းအားကို ခံနိုင်ရည်မရှိဘဲ အလွှာလိုက် တစ်ခုပြီးတစ်ခုပြိုကွဲသွားပြီး ပိတ်ပိတ်မည်းမှောင်းနေသည့် အာကာသကို ဖွင့်ဟလာသည်။
ဂေါင်ယု ဓားကိုလက်နှစ်ဖက်နှင့် ကိုင်ထားပြီး ခြေတစ်ဖက်ဆောင့်လိုက်စဉ် မျက်စိတစ်မှိတ်အတွင်း ယဲ့ချိုးပိုင်ရှေ့ကို ရောက်လာကာ ပိုင်းဖြတ်ပစ်သည်။
ဒီဓားပတ်လည်၌ လည်ပတ်နေသည့် ဝိဉာဉ်အမျှင်တန်းများရှိသည်။
ဒီဓားက ဝိဉာဉ်ကို ထိခိုက်စေနိုင်သည်။
ဒါက သေမင်းဝိဉာဉ်နန်းတော်နှင့် ဆက်စပ်နေလောက်သည်။
ယဲ့ချိုးပိုင်ဂရုမစိုက်ဘဲ မနေရဲပေ။ အင်မော်တယ်ဓားဆန္ဒက ချက်ချင်းဆိုသလို သူ့ကိုယ်ခန္ဓာကို လွှမ်းခြုံသွားပြီးနောက် အဆုံးမဲ့ဆန္ဒနှင့် အင်မော်တယ်ချီက ခေးအောစ့်အနှစ်သာရ အင်မော်တယ်ဓားပတ်လည်၌ လှည့်ပတ်နေသည်။
လက်ဖဝါးကိုတစ်ချက်ခါယမ်းလိုက်သောအခါ ခေးအောစ့်အနှစ်သာရ အင်မော်တယ်ဓားက ဂေါင်ယုဆီသို့ ထိုးဖောက်သွား၏။
ရှေးဦးမူလဓားကျမ်း၊ တတိယဓားချက်၊ နတ်ဆိုးချိုးဖျက်ခြင်း!
ဂေါင်ယု၏မျက်လုံးထဲတွင် ဓားကရုတ်တရက် ထိုးဖောက်၀င်ရောက်လာသည်။
ယဲ့ချိုးပိုင်တိုက်ခိုက်လိုက်သည့်အချိန်တွင် ဓားကရုတ်တရက် အရှိန်မြှင့်သွားပြီး ပြင်းထန်သောလေစွမ်းအားက ၎င်းကို အမှန်တကယ်ပင် ပံ့ပိုးပေးထားလေရာ အနှီမျက်လုံးနှင့် မမြင်နိုင်လောက်သည်အထိ မြန်ဆန်လှသည်။
ဂေါင်ယု အလျင်အမြန်ပင် သူ့လှုပ်ရှားမှုကို ပြောင်းပြီး တိုက်ခိုက်မှုကို တားဆီးသည်။
ယဲ့ချိုးပိုင်၏ဓားကလည်း ဂေါင်ယုဓားပေါ်သို့ ကျရောက်လာသည်။
ထန်......!
ရုတ်ချည်းဆိုသလို ဓားကိုယ်ထည်မှတဆင့် သူ့လက်မောင်းတစ်လျှောက်ကနေ တစ်ကိုယ်လုံး၌ ပြန့်သွားသည့် ယှဉ်၍မရလောက်အောင် ထက်ရှသည့် ဓားဆန္ဒနှင့် ကြီးမားသည့် တန်ပြန်အားကို ဂေါင်ယုရှင်းလင်းစွာ ခံစားနိုင်သည်။
ဓားဆန္ဒက သူ့အရိုးများထဲတွင် ကပ်ပါးကောင်ပမာ သူ့ကိုယ်ကို အဆက်မပြတ် ဖျက်ဆီးနေသည်။
ဧရာမတန်ပြန်အားကမူ ဂေါင်ယုကို လွင့်စင်သွားစေသည်။
လော့ကျန်း၏အကူအညီနှင့် သူရပ်လိုက်နိုင်သော်လည်း သူ့လက်များက တုန်ယင်နေသေးပြီး အရေပြားကနေ မရမတွက်နိုင်လောက်သည့် သွေးစက်လေးများ စီးတွေလာကြ၏။
ဂေါင်ယု ယဲ့ချိုးပိုင်ကို မယုံနိုင်စွာကြည့်လိုက်သည်။
"မင်းဒါကို ဘယ်လိုလုပ်လိုက်တာလဲ"
သူတို့ဓားချက်များဖလှယ်သည့်အချိန်တွင် တစ်ဘက်လူ၏ အင်မော်တယ်ချီက သူ့ထက် ပို၍ကြွယ်၀ကာ သန့်စင်နေတာကို သူခံစားနိုင်ခဲ့သည်။
ယဲ့ချိုးပိုင်မဖြေကြားဘဲ ယင်းအစား ဂေါင်ယုထံ တည့်တည့်ပင်ပြေး၀င်းသွားပြီး ယခုအခိုက်အတန့်၌ အသက်နုတ်ယူပစ်ရန် ကြိုးစားသည်။
ဂေါင်ယုဘေးတွင်ရပ်နေသည့် လော့ကျန်း လေးနက်စွာပြောသည်။
"ဒီလူရဲ့ခွန်အားက ထူးခြားတယ်၊ ငါတို့သူ့ကို တစ်ယောက်တည်းကိုင်တွယ်လို့မရဘူး၊ အတူတကွတိုက်ခိုက်ကြရအောင်"
ကန်ရှင်းယွဲ့ကလည်း ခေါင်းညိတ်သည်။
သုံးဦးစလုံးက ယဲ့ချိုးပိုင်ကို တစ်ချိန်တည်းတွင် ၀န်းရံကာ ဘယ်ဘက်တစ်ယောက်၊ ညာဘက်တစ်ယောက်ရှိနေပြီး ယဲ့ချိုးပိုင် ရှောင်တိမ်းနိုင်သည့် နေရာအား ကျုံ့အောင် လုပ်နေသည်။
ဒီအချိန်မှာပင် ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ် ကျင့်ကြံသူသုံးဦး၏ ခွန်အားက ပေါက်ကွဲထွက်လာခဲ့သည်။
ဟူးးးး! ဟူးးးးး! ဟူး.....!
အာကာသက အက်ကွဲနေပြီး အာကာသအရှုပ်အထွေးများက အဆက်မပြတ် လွင့်မြောနေသည်။
ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင်မလှည့်ဘဲ ပြောလိုက်သည်။
"ကိုယ့်ကိုကိုယ်ကာကွယ်ဖို့အတွက် ဂိုဏ်းအကာအကွယ် ဓားအစီအရင်ကိုသုံးကြ"
ဒီစကားလုံးများက ဟောင်တျန်းနှင့် ကျန်သောသူများကို ဦးတည်နေသည်မှာ သိသာထင်ရှားနေသည်။
ကောင်းကင်အင်မော်တယ်နယ်ပယ်စွမ်းအားက သူတို့ခံနိုင်ရည်ရှိသည့် အရာတစ်ခုမဟုတ်ပါ။
သို့စေကာမူ ယဲ့ချိုးပိုင်ကမူ အိမ်နောက်ဖေး၌ ရှိနေသည့်အလား ဒီအဆက်မပြတ်ဖိသိပ်နေသည့် လေဟာနယ်ထဲတွင် အေးအေးဆေးဆေးပင် လျှောက်လှမ်းနေသည်။
ဂေါင်ယု၏ဓားက အရင်ဆုံးထိုးဖောက်လာသည်။
ယဲ့ချိုးပိုင်သူ့ကို လျစ်လျူရှုထားသည်။ သူရှေ့သို့ညွှန်ပြသောအခါ ဓားပိုင်နက်ထဲက အင်မော်တယ်ဓားဆန္ဒက ချက်ချင်းဆိုသလို ဧရာမဓားတစ်လက်အဖြစ် သိပ်သည်းသွားပြီး ဂေါင်ယုထံသို့ ပိုင်းဖြတ်ပစ်သည်။
တစ်ချွင်ချွင်မြည်သံများကို ကြားနေရသည်။
ဂေါင်ယုပိတ်ဆို့ခံလိုက်ရသည့် အချိန်အခါ၌ လော့ကျန်းနှင့် ကန်ရှင်းယွဲ့တို့က သူ့ကို ဘယ်နှင့်ညာကနေ တိုက်ခိုက်သည်။
ဧရာမလက်ဖဝါးချက်သုံးချက်က ဒီလေဟာနယ်ထဲတွင် သိပ်သည်းပြီး ယဲ့ချိုးပိုင်ထံ ဖိနှိပ်ကျဆင်းလာသည်။
ဒီလက်ဖဝါးချက်ထဲတွင် မရေမတွက်နိုင်လောက်သည့် ဝိဉာဉ်များက အော်ဟစ်နေပြီး လေဟာနယ်တစ်ခုလုံးအတွင်း ပျံ့နှံ့သွားသည်။
လျန်ဖုန်း၊ ဟောင်တျန်းနှင့် တိမ်ပြာဓားဂိုဏ်းက အကြီးအကဲများ၏ မျက်နှာများက ဖြူရော်ကာ နာကျင်မှုနှင့် ပြည့်နှက်သွားကြသည်။
ဒါကိုမြင်သောအခါ ရှီရှန်း လူတိုင်းကို ကာကွယ်ပေးရန်အတွက် ကြယ်စွမ်းအားကို ချက်ချင်းထုတ်လွှတ်သည်။ ထို့နောက်တွင်သာ သူတို့ပိုသက်သာလာခဲ့သည်။
တခြားတစ်ဘက်တွင် ယဲ့ချိုးပိုင်ကရော!
သို့စေကာမူ သူကဘာမှမဖြစ်ပျက်သည့်ပမာ ပြုမူနေသည်။
ဒီအဆင့်ဝိဉာဉ်တိုက်ခိုက်မှုက သူ့အပေါ် ဘာထိခိုက်မှုမှ မလုပ်ဆောင်နိုင်ပေ။
ယဲ့ချိုးပိုင် နောက်မဆုတ်သလို ရှောင်တိမ်းခြင်းလည်းမရှိဘဲ ရုတ်တရက် လက်ဖဝါးချက်နှစ်ခုထံ ပြေး၀င်သွားခဲ့သည်။
ဒီတဒင်္ဂမှာပင် ကြီးမားသည့် အစိမ်းရောင်အလင်းတစ်စင်းက သူ့လက်ထဲကဓားကို လွှမ်းခြုံသွား၏။
ယဲ့ချိုးပိုင်၏လက်ရှိခွန်အားအရ အင်မော်တယ်ချီအဖြစ် ပြောင်းပြီး အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ရေကန်၌ ရေချိုးပြီးနောက်တွင် ရှေးဦးမူလဓားကျမ်း၏ စတုတ္ထမြောက်ဓားချက်ကို သူအသုံးပြုနိုင်နေလေပြီ။
အရာအားလုံးမွေးဖွားခြင်း!
မွေးဖွားခြင်းဆိုတာက ပြန်လည်မွေးဖွားခြင်းပင်။ ပြန်လည်မွေးဖွားလိုပါက အရင်ဆုံးဖျက်ဆီးခံရရန် လိုအပ်သည်။ ဒါက နွေဦးနှင့်ဆုံတွေ့သည့် ဆွေ့မြေ့နေသော သစ်ပင်တစ်ပင်ပမာ အဆုံးမဲ့ရှင်ခြင်းနှင့် ပြည့်နှက်နေပုံရသော်လည်း တကယ်တမ်းတွင် သတ်ဖြတ်ခြင်းဆန္ဒနှင့် ဖျက်ဆီးခြင်းဖြင့် ပြည့်နှက်နေသည်။
သူဓားနှင့် ပိုင်းဖြတ်လိုက်စဉ် လူတိုင်း၏ ထိတ်လန့်နေသည့် အကြည့်အောက်၌ ယဲ့ချိုးပိုင် နောက်သို့ ခြေလှမ်းဆယ်လှမ်း ဆုတ်လိုက်ရသည်။
ဓားချက်က အသံတစ်သံမှမရှိဘဲ ဒီလေဟာနယ်ကို တိုက်ရိုက်ပင် အမြတ်ပြတ်သုတ်သင်ပစ်သည်။
အပိုင်း(939) coming။