#ဒုတိယအဆင့်၊ တောင်အစောင့်ဗိုလ်ချုပ်ကြီး#
Vol. 66 Ch. 925
ကျောက်တုံးလေးပြီးနောက် စတုတ္ထအဆင့်က လေတာအိုနိယာမဖြစ်သည်။
ဒါကို ယဲ့ချိုးပိုင်တာ၀န်ယူလိုက်သည်။
ယဲ့ချိုးပိုင် ကျောက်တုံးလေးနှင့်မုဖူရှန်းတို့ကဲ့သို့ အများကြီးပေါက်ကွဲမပြနိုင်သလို အချိန်ကလည်း အများကြီးကြာမြင့်သော်လည်း ဖြတ်သန်းသော ကာလအတွင်း ယဲ့ချိုးပိုင် လေတာအိုနိယာမကို အမှန်တကယ် ဖမ်းဆုပ်မိပြီး ဓားတာအိုနှင့်အတူ အသုံးပြုခဲ့သည်။
ဒါကသူ့ဓားကို ပို၍ထက်ရှကာ မြန်ဆန်လာစေသည်။
နောက်ဆုံးအဆင့်က အဆင့်၈၀၀အထက်တွင်ရှိသည်။
အားဖြည့်ကြပြီးနောက်တွင် တာအိုနိယာမလေးခုက တစ်ချိန်တည်းတွင် ပေါ်လာကြသည်။
စံအိမ်တော်က လူတိုင်းက အတူတကွတိုက်ခိုက်ပြီး စတင်နီးစပ်လာကြ၏။
ကျန်သောသူများ ဒီမြင်ကွင်းကိုမြင်သောအခါ စံအိမ်တော်က ထိပ်ဆုံးကို ရောက်ရန်ဟူသည် အချိန်တစ်ခုမျှသာ လိုအပ်ကြောင်း သူတို့သိသွားကြသည်။
ထို့ကြောင့် သူတို့ကလည်း ထိုင်မနေကြတော့ဘဲ လှေကားထစ်များပေါ်သို့ စတင်တက်လှမ်းကြသည်။
ခုနှစ်ရက်အပြီးတွင် ထိပ်ဆုံးကို ရောက်နိုင်သောသူများက ထိပ်ဆုံးအဆင့်ကို ရောက်သွားကြပေလိမ့်မည်။
လှေကားထစ်များပေါ်၌ မတော်တဆ ကျရှုံးသွားသူများရှိသလို အောင်မြင်သူအရေအတွက်ကို တမင်တကာလျှော့ချချင်သည့်အပေါ် တိတ်တဆိတ် ပြဿာနာများကို ဖန်တီးနေကြသူများလည်းရှိသည်။
အတိုချုပ်ဆိုရပါက စံအိမ်တော်က လူများအပါအဝင် ယခုဆိုပါက လူတစ်၀က်ပင် မကျန်ရှိတော့ပါ။
အင်မော်တယ်နန်းတော်က လူသုံးယောက်အပြင် ဟန်လု၊ ဖင်းယန်၊ ကျိုးကိုင်၊ ယန်ဖုန်းနှင့် အင်မော်တယ်ကျောက်စိမ်းမိန်းမပျိုခုနှစ်ဦးထဲက တစ်ဦးတို့ကမူ ဖယ်ရှားမခံကြရသေးပေ။
သို့စေကာမူ အင်မော်တယ်နန်းတော်က လူသုံးယောက်အနက် ချူကျင်းအပြင် ကျန်နှစ်ယောက်က ဖန်ချန်းကို ထူးမခြားနားသည့် အမူအရာများဖြင့် ကြည့်နေကြ၏။
ချူကျင်းမေးလိုက်မိသည်။
"ဘာမှားနေလို့လဲ"
အင်မော်တယ်ဘုရင်အဆင့်သတ်မှတ်ချက်တွင် အဆင့်ဆယ့်တစ်၀င်သော လင်းဟိုင်က ဖန်ချန်းအား လက်ညိုးထိုးပြပြီး ရှင်းပြသည်။
"အဲဒီလူကဖန်ချန်းပဲ"
"အဲဒီအချိန်က သူအင်မော်တယ်နန်းတော်ကို ၀င်ချင်ခဲ့ပေမယ့် သူ့အရည်အချင်းက စံနှုန်းနဲ့ မကိုက်ညီလို့ သူ့ကို အကြီးအကဲတွေ ပယ်ချပစ်ခဲ့ကြတယ်၊ ဒါပေမယ့် ဒီကလေးက အရမ်းဇွဲရှိပြီး အင်မော်တယ်လှေကားထစ်ပေါ်မှာ လအနည်းငယ်ကြာ ဒူးထောက်နေခဲ့တယ်"
အင်မော်တယ်ဘုရင်အဆင့်သတ်မှတ်ချက်၌ အဆင့်၁၃၀င်သည့် လီရှောင်က ဆက်ပြီးပြောသည်။
"နောက်ပြိင်းမှာ သူ့ကိုလူတစ်ယောက်က တပည့်အဖြစ်လက်ခံပြီး ခေါ်သွားခဲ့တယ်၊ အခုကြည့်ရတာတော့ အဲဒီလူက ဒီလူအုပ်စုရဲ့ ဆရာဖြစ်ရမယ်"
ချူကျင်းနောက်ဆုံးတော့ နားလည်သွားသည်။
လွန်ခဲ့သောရက်အနည်းငယ်က သူတာ၀န်တစ်ခု ထမ်းဆောင်နေခဲ့သဖြင့် အင်မော်တယ်နန်းတော်တွင် မရှိခဲ့လေရာ အတိအကျ ဘာဖြစ်ခဲ့သလဲဆိုတာကို မသိပေ။
ဒါပေမယ့် ဒီလူတွေအားလုံးက ဂိုဏ်းတစ်ဂိုဏ်းတည်းကလား!
ချူကျင်းအနည်းငယ်အံ့ဩသင့်သွားပြီး တစ်ချိန်တည်းမှာပင် သိချင်သွားသည်။
ပါရမီရှင်များစွာကို တစ်ချိန်တည်းတွင် ဘယ်သူကများ ပျိုးထောင်ခဲ့လေသနည်း။ ဒါ့အပြင် သူတို့က မတူညီကွဲပြားသော အရာများကိုသိကြသည်။
ထိုအချိန်တွင် လင်းဟိုင်ပြောသည်။
"ဖန်ချန်းဘာလို့ နေရာတစ်ခုရထားသလဲဆိုတာ ငါမသိပေမယ့် အင်မော်တယ်နန်းတော်ရဲ့ စမ်းသပ်မှုအောက်မှာ သူ့ပါရမီက အရမ်းကြီးမမြင့်ဘူး"
ထိုနေရာ၌ သူငြင်းဆန်သည့်အသွင် ချက်ချင်းခေါင်းခါယမ်းပစ်သည်။
အင်မော်တယ်နန်းတော်၏ အရည်အချင်းစမ်းသပ်မှုကို အင်မော်တယ်နန်းတော်တည်ထောင်သူ ချန်ထားခဲ့ခြင်းဖြစ်သည်။ ဒါကဘယ်လိုလုပ် မှားနိုင်မည်နည်း။
ချူကျင်းပြောသည်။
"ကောင်းပြီ၊ ဒုတိယအဆင့်မှာ သူ့စွမ်းးအားကို ငါတို့မြင်နိုင်သေးတာပဲ၊ ဒီမှာ မရေရာတဲ့ မှန်းဆချက်တွေ လုပ်နေစရာမလိုဘူး"
နှစ်ယောက်စလုံးခေါင်းညိတ်သည်။
.....
ထိုအချိန်တွင် ဖင်းယန် စံအိမ်တော်က လူများနှင့် တွေ့နေသည်။
ဖင်းယန်ရှင်းပြသည်။
"ဒုတိယအဆင့်က အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ထိုးဖောက်တောင်ရဲ့ တောင်အစောင့်ဗိုလ်ချုပ်ကို အနိုင်ယူဖို့ပဲ၊ သူ့ကိုအနိုင်ယူပြီးတာနဲ့ ကျော်ဖြတ်လို့ရပြီ"
"ဒါပေမယ့် ဒီတောင်အစောင့်ဗိုလ်ချုပ်က အရမ်းအားကောင်းတယ်၊ သူ့နယ်ပယ်က မြေအင်မော်တယ်နယ်ပယ်အထိ ဖိနှိပ်ခံထားရတယ်ဆိုပေမယ့် အခြေခံအုတ်မြစ်၊ တိုက်ခိုက်မှုအတွေ့အကြုံနဲ့ တာအိုနိယာမအပေါ် ကျွမ်းကျင်မှုက အတော်လေးမြင့်မားတယ်"
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများခေါင်းညိတ်ကြသည်။
အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ထိုးဖောက်တောင်လို နေရာမျိုးတွင် တစ်နှစ်ပတ်လုံး ကျင့်ကြံပြီးနောက် ၎င်း၏ တာအိုနိယာမအပေါ် ကောင်းကောင်းနားလည်မှုက ဘယ်လောက်ထိအားကောင်းသလဲဆိုတာ စိတ်ကူးယဉ်ကြည့်၍ပင် ရသည်။
"များသောအားဖြင့် လူအများစုက ဒီစစ်ဆေးရေးဂိတ်ကို မကျော်လွှားနိုင်ကြဘူး"
ဖင်းယန်လေးနက်သည့်အမူအရာဖြင့်ပြောသည်။
"ငါ အင်မော်တယ်မီးကိုးသွယ်ဆန်းကြယ်ခန္ဓာကို အသက်သွင်းမယ်ဆိုရင်တောင် တောင်အစောင့်ဗိုလ်ချုပ်ကို အနိုင်ယူနိုင်မလားဆိုတာ အာမမခံနိုင်ဘူး"
ယဲ့ချိုးပိုင်မေးသည်။
"ဒါဆို ဒါကိုဘယ်လိုစိန်ခေါ်ရမလဲ"
ဒါကိုကြားသော် ဖင်းယန်ရှေ့သို့ လက်ညိုးထိုးပြသည်။
အားလုံးလှမ်းကြည့်လိုက်ကြ၏။
တိမ်နှင့် မြူများကရစ်ဝဲနေကြ၏။
တောင်ကုန်းက တိမ်များအထဲသို့ ၀င်နေပြီး အနှီမျက်လုံးကို သုံးပြီးဂရုတစိုက် ကြည့်မည်ဆိုပါက ထူထဲပြီး ထူးခြားသောတိမ်များက အမြင်ကို အကြီးအမား ဟန့်တားထားပေလိမ့်မည်။
သူတို့အာရုံခံကြည့်သောအခါ ချောမွေ့သည့်တောင်နံရံအောက်တွင် တင်ပလ္လင်ခွေလျက် ထိုင်နေသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။
ထိုလူ၏ဆံပင်များက ဖရိုဖရဲဖြစ်နေပြီး မျက်နှာကို လုံး၀ဖုံးအုပ်ထားလေသည်။
ထိုအတိုင်းပင် သူက ကမ္မဌာန်းထိုင်ရင်း ကွယ်လွန်သွားသည့်အလား သူ့အော်ရာက စိမ့်ထွက်ခြင်းမရှိဘဲ ထိုင်နေသည်။
သို့စေကာမူ သူ့အော်ရာက လုံး၀ထိန်းချုပ်ထားတာကို သူတို့ကောင်းကောင်း နားလည်ကြသည်။ ဒါက ကျွမ်းကျင်သူတစ်ဦး၏ တင်ဆက်မှုပေတည်း။
ဒီအခိုက်အတန့်၌ ကျိုးကိုင်အော်ဟစ်သည်။
"ဘယ်သူအရင်သွားမလဲ"
ဖင်ယန် လှောင်ပြောင်သရော်သည့်အသွင် ရယ်မောသည်။
"ဘာလို့လဲ၊ ထပ်ပြီး အမြောက်ဆံဖြစ်စေဖို့ မင်းတစ်ယောက်ယောက် ရှာချင်လို့လား"
"နှစ်များစွာကျင့်ကြံပြီးနောက်မှာတောင် မင်းမှာ စိတ်နေသဘောထားကောင်းဆိုတာ မရှိဘူး၊ မင်းခွေးတစ်ကောင်ဖြစ်လာတဲ့အထိများ ကျင့်ကြံထားတာလား"
ကျိုးကိုင်၏ အရင်ကလုပ်ရပ်များက ဖင်းယန်ကို ဒေါသကို အကြာကြီးဖိနှိပ်ထားစေခဲ့သည်။
ယခု သူဒါကိုထပ်လုပ်လာလေရာ သူထပ်ပြီး ထိန်းချုပ်ထားနိုင်စွမ်းမရှိတော့ပါ။
ဒါ့အပြင် ကျိုးကိုင်၏လုပ်ရပ်များက အနည်းငယ် စက်ဆုပ်ဖွယ်ရာကောင်းသည်။
ရလဒ်အဖြစ် အင်မော်တယ်နန်းတော်က လူသုံးယောက်၊ ဟန်လု၊ ယန်ဖုန်းနှင့် ကျန်သောသူများက သူ့ကို အထင်အမြင်သေး စက်ဆုပ်စွာ ကြည့်ကြသည်။
သူတို့တွေးနေမိကြသည်။
ဘာပဲဆိုဆို မင်းကအင်မော်တယ်ဘုရင်အဆင့်သတ်မှတ်ချက်က ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး ၀င်ခွင့်ရထားတဲ့ လူတစ်ယောက်လည်း ဖြစ်တယ်လေ!
ဒါတောင်ဘာလို့ ဒီလောက် အမြင်ကျဉ်းနေရသေးတာလဲ!
ချူကျင်းခေါင်းခါယမ်းသည်။
"ဒီလူက အနာဂတ်မှာ ကြီးမြတ်တဲ့ လူတစ်ယောက်ဖြစ်လာမှာမဟုတ်ဘူး"
ချူကျင်းအသံမနိမ့်ထားသဖြင့် ကျိုးကိုင်ကလည်း ကြားပါသည်။
သူ့အမူအရာက အတော်လေးကြည့်ရဆိုးနေပြီး သူ့နှလုံးသားက မသက်မသာဖြစ်လာကာ အလွန်အမင်း ဒေါသထွက်လာသော်လည်း တစ်ဘက်လူက အင်မော်တယ်နန်းတော်က ဖြစ်သလို အင်မော်တယ်ဘုရင်အဆင့်သတ်မှတ်ချက်က ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်လည်းဖြစ်သည်။ သူဘယ်လိုလုပ် ဆန့်ကျင်နိုင်မည်နည်း။
သူသာ သူတို့ကိုရန်စပါက ဂိုဏ်းကသူ့ကို တောင်းပန်ရန်အတွက် အင်မော်တယ်နန်းတော်ကို တိုက်ရိုက်စေလွှတ်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ ချူကျင်း၏ ကိုယ်ပိုင်လက္ခဏာက သာမန်မဟုတ်ပေ။
ဒီဆုံးရှုံးမှုကို သူတိတ်တဆိတ် သည်းခံထားရုံသာ တတ်နိုင်တော့သည်။
ထိုအချိန်တွင် အမျိုးသမီးတစ်ယောက် စေတနာ့၀န်ထမ်းလုပ်လာသည်။
"ငါအရင်သွားမယ်"
ထို့နောက် သူမတည့်တည့်လျှောက်၀င်သွားသည်။
ဖင်းယန် ဘေးခန်းမထဲက လူတိုင်းဘေးတွင် တိုးတိုးလေးပြောသည်။
"ဒီတစ်ယောက်နာမည်က ယောင်ယုပဲ၊ သူကအင်မော်တယ်ဘုရင်နယ်ပယ်ကို မတက်လှမ်းရသေးတာမို့ အင်မော်တယ်ဘုရင်အဆင့်သတ်မှတ်ချက်မှာတော့ မရှိဘူး"
"သူ့ရဲ့ပင်ကိုယ်စွမ်းရည်က အတော်လေးမြင့်မားတယ်၊ ယောင်ယု အင်မော်တယ်ဘုရင်နယ်ပယ်ကို တက်လှမ်းသွားသရွေ့ အင်မော်တယ်ဘုရင် အဆင့်သတ်မှတ်ချက်မှာ သေချာပေါက် နေရာတစ်ခုရယူနိုင်ပြီး သူ့ရဲ့အဆင့်ကလည်း နိမ့်မှာမဟုတ်ဘူးလို့ လူအများစုပြောကြတယ်"
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ လေးနက်စွာ ခေါင်းညိတ်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ထိုးဖောက်တောင်ကို လာနိုင်သောသူများက သာမန်လူများမဟုတ်ကြပေ။
ထိုအချိန်မှာပင် ယောင်ယု၏တိုက်ပွဲက စတင်နေလေပြီ။
သူမတိမ်များထဲသို့ ၀င်သွားသောအခါ လူတိုင်း သူတို့၏အသိအာရုံများဖြင့် စောင့်ကြည့်ကြသည်။
ဖရိုဖရဲဖြစ်နေသောလူက ဖြည်းဖ့ည်းလေးထရပ်ပြီး ဖရိုဖရဲဆံပင်များထဲကနေ မျက်လုံးတစ်စုံက တဖျပ်ဖျပ်လင်း၀င်းကာ ထွက်ပေါ်လာခဲ့သည်။
ဒီမြင်ကွင်းကိုအာရုံခံမိသော် လူတိုင်း အနည်းငယ် ကြက်သေသေသွားကြ၏။
ဒါတွေက ဘယ်လိုမျက်လုံးမျိုးလဲ!
သူ့မျက်လုံးများက ကြယ်များနှင့် ပြည့်နှက်နေသည့်အလား အသက်ဓာတ်ဖြင့် ပြည့်၀နေသည်။
တစ်ချိန်တည်းမှာပင် အထဲတွင် နိယာမစွမ်းအားကို ကွယ်ဝှက်ထားသည့်အသွင်။
တစ်ချက်ကြည့်ရုံမျှနှင့် တစ်ဘက်လူ၏ တာအိုနိယာမအပေါ် နားလည်မှုက ဘယ်လောက်ထိ နက်ရှိုင်းသလဲဆိုတာကို ပြောနိုင်ပေသည်။
ယောင်ယု၏အမူအရာက အလွန်အမင်း လေးနက်နေပြီး လက်သီးဆုပ်လိုက်သည်။
"စီနီယာ၊ ကျေးဇူးပြုပြီး ကျွန်မကို အလင်းပြပေးပါဦး"
ထိုလူဘာတစ်ခုမှမပြောဘဲ ခေါင်းကိုသာ အနည်းငယ်မော့ပြီး သူမကို တိုက်ခိုက်ရန်အတွက် ညွှန်ပြသည်။
သို့စေကာမူ ဒီအထင်အမြင်သေးသည့် လုပ်ရပ်အပေါ် ယောင်ယုဒေါသထွက်ခြင်းမရှိချေ။ ကျွမ်းကျင်သူများတွင် ယခုလို အထူးအခွင့်အရေးများရှိသည် မဟုတ်ပေလော။
လက်မခံနိုင်ဘူးလား! လက်မခံနိုင်ဘူးဆိုပါက ထိုသူထက်ပို၍အားကောင်းရန် လိုအပ်သည်။
ထိုအချိန်တွင် ယောင်ယုလက်ထဲတွင် ဆေဘာဓားတစ်လက်ပေါ်လာပြီး သူမထိုလူထံ ပြေး၀င်သွား၏။
ဒီဓားချက်၌ တွန့်ဆုတ်မှု သို့မဟုတ် ထိန်းချုပ်မှုဟူ၍ မရှိဘဲ သူမအစွမ်းကုန် ထုတ်သုံးထားခြင်းပင်။
တာအိုနိယာမ၊ ဆေဘာဆန္ဒ၊ နယ်ပယ်၊ အခြေခံအုတ်မြစ်!
ဒီဆေဘာဓားလှုပ်ရှားမှုထဲတွင် အရာရာတိုင်းကို ဖုံးကွယ်ထားပုံရသည်။
ဒီတဒင်္ဂလေးမှာပင် ပတ်ပတ်လည်က လေဟာနယ်က ဆုတ်ပြဲသွားပုံရပြီး တခြားသူများပင်လျှင် ဒီဓားချက်ကြောင့် ကြက်သေသေသွားကြရသည်။
အပိုင်း(926) coming။