#ဖြတ်ကျော်ပြီးတာတောင် မင်းဆက်တိုက်ချင်သေးတာလား#
Vol. 66 Ch. 926
ယောင်ယုက သူမဂုဏ်ပုဒ်နှင့် အမှန်တကယ်ထိုက်တန်သည်။ သူမအင်မော်တယ်ဘုရင် နယ်ပယ်ကို တက်လှမ်းသွားသရွေ့ အင်မော်တယ်ဘုရင်အဆင့်သတ်မှတ်ချက်၌ အဆင့်၀င်လာပေလိမ့်မည်။
ဒီဓားချက်က အတော်လေးကို အံ့ဩသင့်စရာကောင်းသည်။
ဒီဓားချက်တွင် ယောင်ယု၏ စွမ်းရည်အားလုံးကို ဖျစ်ညှစ်ထုတ်ထားသည်ဟု ဆို၍ရသည်။
ကျွမ်းကျင်သူတစ်ယောက်ကို ရင်ဆိုင်ရသောအခါတွင် သေခြင်းရှင်ခြင်းအချိန်အခါမှသာ မည်သူမဆို သူတို့၏ အကန့်အသတ်များကို ဖျစ်ညှစ်ထုတ်ပြီး သာလွန်အောင် လုပ်နိုင်ပေသည်။
ဒါက ယောင်ယုလုပ်ခဲ့သောအရာဖြစ်နေသည်မှာ သိသာထင်ရှားနေသည်။
ထိုလူခေါင်းကို အနည်းငယ်မော့လိုက်၏။
ဆေဘာက မရောက်သေးသော်လည်း ပြင်းထန်သည့် ဓားသွားလေထုက ရောက်လာပြီဖြစ်ကာ သူ့ဆံပင်များကို ကျောထိပင် လွင့်ပျံသွားစေသည်။
၎င်းက ဘ၀၏အလှည့်အပြောင်းများကို တွေ့ကြုံခံစားခဲ့ရသည့် အမူအရာတစ်ခုကို ထုတ်ဖော်ပြသသည်။
ယောင်ယု၏ဓားချက်ကိုမြင်ပြီး ထိုလူက ပြုံးနေသည့်အလား သူ့နှုတ်ခမ်းများက အနည်းငယ်ကွေးညွတ်သွားကြ၏။
"ဒါကဓားချက်ကောင်းတစ်ခုပဲ"
ထိုသို့ဆိုပြီးနောက် ထိုလူဆေဘာဓားရှည်တစ်လက်ကို ထုတ်ယူပြီး ယောင်ယုအား ရင်ဆိုင်သည်။
ဒီဆေဘာက သံဓားတစ်လက်ကဲ့သို့ပင် အတော်လေးသာမန်ဆန်သော်လည်း ထိုလူလက်ဖဝါးပေါ်၌ ကျရောက်လာသောအခါ ယှဉ်၍မရနိုင်လောက်အောင် အစွမ်းထက်သည့် ဆေဘာဆန္ဒနှင့်အတူ ပေါက်ကွဲသွား၏။
ဒီတဒင်္ဂတွင် ယောင်ယု၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
သို့စေကာမူ သူမဒီဓားလှုပ်ရှားမှုကို အသုံးပြုခဲ့ပြီးဖြစ်လေရာ ပြန်ရုပ်သိမ်းရန်အတွက် နည်းလမ်းမရှိပါ။
ဒါက ထိုလူ၏ ဓားရှည်နှင့် တွေ့ဆုံသွားတော့သည်။
ကလန်....!
သတ္တုချင်းတိုက်မိသည့်အသံက တောင်ကုန်းတစ်ခုလုံးတွင် ပဲ့တင်ထပ်လာသည်။
တိမ်များနှင့် မြူများက အနည်းငယ် ပြန့်ကြဲသွားသည့်အလားထင်ရသည်။
သို့စေကာမူ ယောင်ယုကမူ သံသယမရှိ လွင့်စင်သွားရသည်။
ထိုလူမျက်မှောင်ကြုတ်သည်။
"ဟမ်၊ နောက်ဆုံးအချိန်လေးမှာ မင်းဘာလို့ ကြောက်နေရတာလဲ၊ ဓားလမ်းစဉ်က ရဲရင့်ပြီး မဆုတ်မနစ်ဖြစ်နေရမယ်၊ မင်းမှာ ဘယ်လိုလုပ် ဒွိဟသံသယတွေ ရှိနေသေးရတာလဲ"
ယောင်ယုအားတင်းထရပ်သည်။ သူမ ထိုလူ၏ စကားလုံးများကို ကြားသောအခါ ချက်ချင်းလက်နှစ်ဖက်ဆုပ်သည်။
"သင်ကြားပေးတဲ့အတွက် ကျေးဇူးပါ၊ စီနီယာ"
ထိုလူခေါင်းညိတ်သည်။
"မင်းတိုက်ခိုက်နိုင်သေးတယ်မလား၊ ဒါဆို ဆက်တိုက်ခိုက်ကြရအောင်၊ မင်းတိုက်ခိုက်မှုရဲ့ ပထမပိုင်းက မဆိုးပါဘူး၊ မင်းသာ နောက်ဆုံးအပိုင်းလေးမှာ အကြောက်တရားကို မထည့်ခဲ့ဘူးဆိုရင် ငါမင်းကို ဖြတ်သန်းခွင့်ပေးလိုက်မှာ"
ယောင်ယုခေါင်းညိတ်သည်။
နှစ်ဘက်စလုံးက ဆေဘာဓားများနှင့်အတူ တိုက်ချက်များဖလှယ်ကြသည်။
သို့စေကာမူ ထိုလူက မြေကြီး၌ အမြစ်တွယ်နေသည့်ပမာ ရပ်နေပြီး ယောင်ယုကမူ အဆက်မပြတ်လွင့်စင်သွားနေရသည်။
သူတို့၏နယ်ပယ်က အဆင့်တူတွင် ဖိနှိပ်ခံထားရသည့်တိုင် တကယ့်တိုက်ပွဲ၊ တာအိုနိယာမကျွမ်းကျင်သူ သို့မဟုတ် အခြေခံအုတ်မြစ်တွင် သူတို့က တူညီသည့် အဆင့်မဟုတ်ပါ။
သို့သော်လည်း ဒီနောက်တွင် လူတိုင်းနားလည်သွားကြသည်။
ဒါကစမ်းသပ်မှုတစ်ခုတင်မဟုတ်ဘဲ သူတို့ကိုယ်သူတို့ လေ့ကျင့်ရန်အတွက် အခွင့်အရေးတစ်ခုလည်းဖြစ်သည်။
အဆုံးသတ်တွင် ယောင်ယုကျရှုံးနေဆဲပင်။
ထိုလူခေါင်းခါယမ်းသည်။
"မင်းစိတ်အခြေအနေက လုံလောက်အောင် မခိုင်မာသေးဘူး၊ ပြန်သွားပြီး စိတ်ကို လေ့ကျင့်ပါ"
သို့စေကာမူ ယောင်ယုစိတ်ပျက်မိသလို မခံစားရဘဲ ယင်းအစား လေးနက်စွာ ခေါင်းညိတ်သည်။
"လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ စီနီယာ"
ထိုလူခေါင်းညိတ်ပြီးနောက် လူတိုင်းရှိရာဘက်သို့ လှည့်ကြည့်သည်။
"နောက်တစ်ယောက်မြန်မြန်လာ၊ ငါ့ရဲ့ ကမ္မဌာန်းထိုင်မယ့် အချိန်တွေကို မဖြုန်းတီးကြနဲ့"
ထို့နောက် လူအနည်းငယ်ထပ်ပြီး သွားကြသော်လည်း လူတစ်ယောက်တည်းသာ ဖြတ်ကျော်နိုင်ခဲ့သည်။
ထိုအချိန်တွင် ယန်ဖုန်းကလည်း တက်သွားသည်။
နှစ်ယောက်စလုံးက တိုက်ကွက်များ ဖလှယ်ကြသည်။
လူတိုင်း၏အမူအရာက လေးနက်သထက် ပို၍လေးနက်လာသည်။
ဒီလူက မကြာသေးခင်ကမှ နာမည်ကြီးလာသူတစ်ယောက်ပေတည်း။
အဲဒီမတိုင်ခင်က ဘာလှုပ်ရှားမှုမှမရှိခဲ့ပါ။
ဂိုဏ်းများစွာက စုံစမ်းစစ်ဆေးခဲ့ကြသော်လည်း ယန်ဖုန်းနောက်တွင် ဘယ်သူရှိသလဲဆိုတာ သူတို့ရှာမတွေ့ခဲ့ကြပေ။
ထို့ကြောင့် တကယ့်တိုက်ပွဲတွင် သူ့ကို လူအများကြီး မမြင်ဖူးကြပေ။
ယခုတွင်မူ သူတို့ကြည့်သောအခါ တောင်အစောင့်ဗိုလ်ချုပ်နှင့် ယှဉ်ပြိုင်သည့် ပွဲစဉ်အတွင်း ပထမလှုပ်ရှားမှုအနည်းငယ်တွင် ယန်ဖုန်း အရှုံးမရှိခဲ့သည်သာမက သူ့လက်ထဲတွင် ပုံစံကွက်ဖန်ပြားတစ်ချပ်ကို ကိုင်ထားသည်။ ပုံစံကွက်ဖန်ပြားပေါ်၌ ဒြပ်စင်တာအိုငါးခုက နေရာယူထားသည်။
သူဒါကို ထုတ်လွှတ်လိုက်စဉ် ဒြပ်စင်ငါးခု အစီအရင်နှင့်ပါ ပေါင်းစပ်သွားသဖြင့် ဒါက အတော်လေးအစွမ်းထက်သွားသည်။
တိုက်ခိုက်မှုအချိန်ဖြစ်စေ၊ သို့မဟုတ် အစီအရင်၏ စွမ်းအားဖြစ်စေ၊ ဒါတွေက ဘာမှ မှားယွင်းမနေခဲ့ပါ။
တောင်အစောင့်ဗိုလ်ချုပ်၏ မျက်လုံးများပင်လျှင် စိတ်၀င်စားမှုနှင့်အတူ လင်း၀င်းသွား၏။
"ကောင်လေး၊ မင်းက အရင်လူတွေထက် ပိုပြီးအားကောင်းတာပဲ၊ ကောင်းပြီ၊ မင်းအောင်မြင်တယ်"
ယန်ဖုန်းရပ်လိုက်ပြီး လက်နှစ်ဖက်ဆုပ်သည်။
"ကျေးဇူးပါစီနီယာ"
ချူကျင်း၏အမူအရာက အနည်းငယ် လေးနက်နေသည်။
"ဒီလူက အားကောင်းတဲ့ရန်သူတစ်ယောက်ပဲ"
ဟန်လုကလည်းပြုံးသည်။
"နင့်ရဲ့အဆင့်ကို သူလုယူသွားလောက်မယ်ထင်တယ်"
ချူကျင်းမငြင်းဆိုဘဲ လေးနက်စွာခေါင်းညိတ်သည်။
"နိုင်ဖို့အတွက် ငါ့မှာတောင် ၁၀၀ရာခိုင်နှုန်း ယုံကြည်မှုမရှိဘူး"
ထို့နောက် ချူကျင်း၊ ဟန်လု၊ ဖင်းယန်၊ လင်းဟိုင်နှင့် လီရှောင်တို့ တစ်ယောက်ပြီး တစ်ယောက် တက်သွားကြသည်။
သူတို့အနည်းငယ်ကလည်း ဖြတ်ကျော်နိုင်ခဲ့ကြသည်။
ဖြတ်ကျော်ပြီးနောက် ဖင်းယန် ကျိုးကိုင်အား ကြည့်ပြီး နှာခေါင်းရှုံ့သည်။
"မင်းရှင်းရှင်းလင်းလင်းမြင်လား၊ အခုမင်းတိုက်ခိုက်ရဲသင့်ပြီမလား"
ကျိုးကိုင်၏အမူအရာက ကြည့်ရဆိုးသွားသည်။
သို့စေကာမူ ဒီနေရာတွင် သူ့အတွက် မသွားရန်ဟူသည် မဖြစ်နိုင်ပေ။
တက်သွားပြီးနောက် ကျိုးကိုင် ထိုလူကို အားအကောင်းဆုံးတိုက်ချက်ဖြင့် တိုက်ခိုက်သည်။
သူက အတော်လေးအစွမ်းထက်ပြီး ယောင်ယုနှင့် ကျန်သောသူအနည်းငယ်ထက် ပိုအားကောင်းသော်လည်း ထိုလူခေါင်းခါယမ်းသည်။
"မင်းမလုပ်နိုင်ဘူး"
ထို့နောက် သူလက်သီးတစ်ချက် ပစ်လွှတ်လိုက်ရာ ကျိုးကိုင်တစ်ယောက် လွှင့်စင်သွားရသည်။
ကျိုးကိုင်၏ အမူအရာက အလွန်အမင်း ကြည့်ရဆိုးသွားသော်လည်း သူလုပ်နိုင်တာ ဘာမှမရှိလေရာ တောင်ပေါ်ကနေ မှင်သေသေနှင့် ထွက်သွားရုံသာ တတ်နိုင်တော့သည်။
မည်သို့ပင်ဆိုစေကာမူ သူ့တွင် ဒီနေရာ၌ နောက်ထပ်နေရန် မျက်နှာမရှိတော့ပါ။
စံအိမ်တော်ကလူများသာလျှင် ကျန်တော့သည်။
လူတိုင်းတစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။
သူတို့ ဘယ်သူအရင်သွားမလဲဆိုတာ အချင်းချင်း မေးနေကြသည့်အသွင်။
ထိုအချိန်တွင် ရှောင်ဟိုင်ထရပ်ပြီး လက်သီးအစုံကို ပွတ်သပ်ရင်း ပြုံးသည်။
"ကျွန်တော်သွားလိုက်မယ်"
ဘေးကနေ ကြည့်နေရင်း ရှောင်ဟိုင် နောက်ထပ်မထိန်းချုပ်နိုင်တော့ပါ။
ဒါကိုမြင်သောအခါ လူတိုင်းအကူအညီမဲ့စွာ ပြုံးလိုက်ကြ၏။
ဝိဉာဉ်အပိုင်းအစများနှင့် ပိုမိုပေါင်းစပ်သွားပြီး သွေးကြောစွမ်းရည်ကို အသက်သွင်းပြီးနောက်တွင် ရှောင်ဟိုင်ပို၍ရန်လိုလာသည်။
ရှောင်ဟိုင်ရှေ့သို့တက်လာပြီးနောက် ထိုလူရှေ့တွင် ရောက်လာသည်။
ဒါကိုမြင်သောအခါ ထိုလူခေါင်းမော့သည်။
ရှောင်ဟိုင်ဘာတစ်ခုမှ ပြောမနေဘဲ အရူးအမူးရယ်မောကာ တောင်အစောင့်ဗိုလ်ချုပ်ထံ ပြေး၀င်သွား၏။
ရှေ့သို့ပြေး၀င်သွားသည့် ဖြစ်စဉ်အတွင်း လိုင်းခြောက်ကြောင်းက ရှောင်ဟိုင်တစ်ကိုယ်လုံး၌ ချက်ချင်းတွားတွားသွားလာနေကြပြီး နတ်ဆိုးနက်ချီအမျှင်စများက သူ့ကိုယ်တစ်ဝိုက်တွင် ရစ်ပတ်ထားသည်။
သူ့မျက်လုံးက တိုက်ခိုက်လိုသည့်စိတ်ဓာတ်ဖြင့် ပြည့်နှက်နေသည်။
ဒါကိုမြင်သောအခါ ထိုလူ၏မျက်လုံးများက အနည်းငယ်လင်း၀င်းသွားပြီးနောက် ရှောင်ဟိုင်ထံ လက်သီးတစ်ချက် ပစ်လွှတ်လိုက်၏။
ရှောင်ဟိုင်ကို ရင်ဆိုင်ရန်အတွက် သူကလည်း ရုပ်ခန္ဓာကို အသုံးပြုချင်ခဲ့သည်။
ဘန်း.....!
လက်သီးနှစ်ခုက ရုတ်တရက်တိုက်မိသွားသည်။
ရှောင်ဟိုင် အနည်းငယ် နောက်ဆုတ်သွားရသော်လည်း ထိုလူကမူ လုံး၀ယိမ်းယိုင်သွားခြင်းမရှိချေ။
ဒါကိုမြင်သော် ရှောင်ဟိုင်ပြုံးပြီး မရပ်ခဲ့ပေ။
နောက်ဆုတ်သွားစဉ် သူရုတ်တရက် မြေကြီးကို တက်နင်းပြီး တွန်းကန်အားကိုသုံးကာ နောက်ဆုတ်နေတာကို ရပ်ပြီး တစ်ချိန်တည်းမှာပင် သူ့ရှေ့က တောင်အစောင့်ဗိုလ်ချုပ်ထံ ဆက်လက်ပြေးသွားသည်။
ဘန်း....! ဘန်း....! ဘန်း....!
သူတို့ကိုယ်ခန္ဓာများက ဆက်လက်တိုက်မိနေကြပြီး လက်သီးချက်နှင့် ကန်လျက်များကို ဆက်တိုက်ဖလှယ်နေကြသည်။
ဒီနေရာတစ်ခုလုံးအတွင်း တစ်ဘန်းဘန်းမြည်သံများက ပဲ့တင်ထပ်နေပြီး ဒါက အတော်လေးကြမ်းတမ်းသည်။
ဒီတိုက်ပွဲက လူတိုင်း၏ အမူအရာများကို လေးနက်သွားစေသည်။
ရှောင်ဟိုင်၏ကိုယ်ခန္ဓာက အမှန်တကယ်ပင် အရမ်းအားကောင်းသည်။
တစ်ချိန်တည်းမှာပင် တောင်အစောင့်ဗိုလ်ချုပ်တွင်လည်း ကိုယ်ခန္ဓာသန့်စင်မှု၌ နက်ရှိုင်းသည့် အောင်မြင်မှုများရှိသည်။
၎င်း၏ကြွယ်၀သည့် တိုက်ပွဲအတွေ့အကြုံကြောင့် အခွင့်အရေးတစ်ခုရသည်နှင့် တောင်အစောင့်ဗိုလ်ချုပ်က ရှောင်ဟိုင်ကို ကန်ကျောက်ပစ်သလို သူ့မျက်နှာကိုလည်း ရိုက်နှက်ပစ်တတ်သည်။
ဒါကရှောင်ဟိုင်ကို ဒေါသထွက်စေသည်။
သေစမ်း!
မျက်နှာအရိုက်ခံရတာလား!
အကြိမ်တိုင်းဆိုသလို သူက ပိုအားကောင်းသည့်ခွန်အားကိုသုံးပြီး ထိုလူအား တိုက်ခိုက်သော်လည်း သူပြန်အရိုက်ခံရတတ်သည်။
ရှောင်ဟိုင်အော်ဟစ်သည်။
နတ်ဆိုးနက်ချပ်၀တ်က ရုတ်ချည်းဆိုသလို သူါတစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားပြီး သူ့ရုပ်ခွန်အားက ထပ်မံမြှင့်တက်လာပြန်သည်ာ
ဒီမြင်ကွင်းကိုမြင်သောအခါ ထိုလူခပ်ပေါ့ပေါ့ပြုံးသည်။
"ကောင်းပြီ၊ မင်းရဲ့ခန္ဓာကိုပြုပြင်မွမ်းမံတဲ့ ပါရမီက အရမ်းအစွမ်းထက်တယ်၊ မင်းအောင်မြင်သွားပြီ"
သို့စေကာမူ ရှောင်ဟိုင်တွင် ရပ်တန့်ရန်အတွက် ရည်ရွယ်ချက်မရှိပါ။
နတ်ဆိုးနက်ချပ်၀တ်ကို ၀တ်ဆင်ရင်း သူထိုလူအား ထပ်မံတိုက်ခိုက်လိုက်ပြန်သည်။
ချီးပဲ!
ကျုပ်ကို အကြိမ်များစွာ ရိုက်ပြီးမှ ခင်ဗျားပြေးချင်တာလား၊ အနည်းဆုံးတော့ ကျုပ်တစ်ကြိမ် ပြန်ရယူမှရမယ်!
အပိုင်း(927) coming။