← Chapters

#‌တောင်အစောင့်ဗိုလ်ချုပ်၊ ဒီတော့ ဘယ်လိုပဲဆိုဆို ငါကသေရမှာပေါ့#

Vol. 66 Ch. 927

#‌တောင်အစောင့်ဗိုလ်ချုပ်၊ ဒီတော့ ဘယ်လိုပဲဆိုဆို ငါကသေရမှာပေါ့#

Vol. 66 Ch. 927

တောင်အစောင့်ဗိုလ်ချုပ်က ဖြတ်သန်းခွင့်ပေးလိုက်သည့်တိုင် ရှောင်ဟိုင်က တိုက်ခိုက်ချင်နေသေးသည်။ 

လူတိုင်းကြက်သေသေသွားကြ၏။ 

သူဘာလုပ်ဖို့ကြိုးစားနေတာလဲ၊ သူတကယ်ပဲ ဒီတောင်အစောင့်ဗိုလ်ချုပ်ကို အနိုင်ယူချင်တာလား!

မင်းတို့နယ်ပယ်တွေက တူညီတဲ့အဆင့်မှာမဟုတ်တာ ရှင်းနေတာပဲလေ!

မင်းဘယ်လိုနိုင်မှာတဲ့လဲ!

ဟန်လု လက်ပိုက်ပြီး ကြယ်ပင်လယ်ကဲ့သို့ မျက်လုံးအစုံနှင့် ရှောင်ဟိုင်၏ စိတ်၀င်စားဖွယ်ရာ အမူအရာကို ကြည့်ရင်း ရယ်လိုက်သည်။ 

"သူတိုက်ခိုက်တာကို စွဲလန်းနေတာလား၊ ခန္ဓာသန့်စင်သူတွေက ဒီလိုတိုက်ခိုက်နည်းတွေကို သဘောကျတယ်လို့ ငါကြားဖူးတယ်"

သို့စေကာမူ ဖင်းယန်ခါးသီးစွာပြုံးသည်။

"သူကအရမ်းနိုင်လိုစိတ်ပြင်းပြတယ်"

ရှောင်ဟိုင်နှင့် လေ့ကျင့်သည့်ကာလအတွင်း ရှောင်ဟိုင်ကအတော်လေးပြတ်သားပြီး အလွန်ပင် နိုင်လိုစိတ်ပြင်းပြတာကို သူနားလည်ခဲ့သည်။ သူက အပြင်းအထန် ဒဏ်ရာရခဲ့လျှင်ပင် သူ့ဒဏ်ရာများလုံး၀မပျောက်သွားသေးခင်မှာပင် ပြန်လည် ပြေး၀င်လာတတ်သည်။ 

.....

သို့စေကာမူ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကမူ နားလည်ကြသဖြင့် ဒီမြင်ကွင်းအပေါ် သူတို့ဆွံအနေကြ၏။ 

ယဲ့ချိုးပိုင်ပြောသည်။ 

"မင်းတို့ရော ပြန်တိုက်ခိုက်ချင်တယ်မလား"

ဟုန်ရင်ခေါင်းညိတ်သည်။ 

"ညီမဆိုတိုက်ခိုက်မှာ"

နင်းချန်ရှင်းကလည်း အတော်လေးပင် သေချာသည်။ 

"မှန်တယ်"

ရှီရှန်း "အရိုက်ခံရပြီးနောက်မှာ သူဒေါသထွက်သွားတာပဲ"

မုဖူရှန်းမျက်လုံးများကို ဖုံးထားပြီး ထပ်မကြည့်နိုင်တော့တာကို ပြသမေသည်။ 

သူတို့ကြည့်နေစဉ်မှာပင် ရှောင်ဟိုင်က ထပ်ခါထပ်ခါလွင့်စင်သွားရသည်။ 

ထိုလူကလည်း အနည်းငယ်ထူးဆန်းနေသည်။ 

တောင်အစောင့်ဗိုလ်ချုပ် ပြေး၀င်လာနေသည့် ရှောင်ဟိုင်အား စိတ်ရှုပ်ထွေးနေသည့် အမူအရာဖြင့် ကြည့်ကာ မေးသည်။ 

"မင်းအောင်မြင်သွားပြီလို့ ငါပြောပြီးပြီလေ၊ မင်းဘာလို့တိုက်ခိုက်ချင်ရသေးတာလဲ"

သို့သော် ရှောင်ဟိုင်အော်ဟစ်သည်။ 

"ပါးစပ်ပိတ်ပြီး ဆက်တိုက်"

???!

ဒါကိုကြားသောအခါ လူတိုင်းတွင် မတူညီသည့် အမူအရာကိုယ်စီရှိကြသည်။ တစ်ချို့ကမူ ကြက်သေသေနေပြီး တစ်ချို့တွင်မူ ထူးဆန်းသည့် အမူအရာများရှိနေသည်။ 

ဒီလိုမျိုးမောက်မာတာက တကယ်ကောင်းတာလား!

တောင်အစောင့်ဗိုလ်ချုပ် ဒေါသထွက်သွားပြီး မင်းကိုသေတဲ့အထိ ရိုက်သတ်ပစ်မှာကို မင်းတကယ်မကြောက်တာလား!

တောင်အစောင့်ဗိုလ်ချုပ် ရှောင်ဟိုင်၏ စကားလုံးများကို ကြားသောအခါ ရှောင်ဟိုင်၏ လက်သီးကို လက်တစ်ဖက်နှင့် ဖမ်းကိုင်ပြီး အနည်းငယ်အံ့ဩသင့်နေသည်။ 

ပြောရရင် နှစ်များစွာကြာအောင်.... မဟုတ်ဘူး၊ နှစ်မရေမတွက်နိုင်လောက်အောင် ကြာတဲ့အထိ ဘယ်သူက ငါ့ကို ဒီလိုပြောရဲလို့လဲ!

ဒါပေမယ့် ဒါကအတော်လေးဆန်းသစ်ပုံပဲ!

ကျန်သောသူများကမူ သူ့ကို လေးစားစွာ ကြည့်ကြသည်။ 

ဒီခံစားချက်က.... အတော်လေးကောင်းပုံပေါ်တယ်ဟ!

သို့စေကာမူ တောင်အစောင့်ဗိုလ်ချုပ် အံ့ဩသွားသည့် အခိုက်အတန့်၌ ရှောင်ဟိုင် သူ့မျက်နှာကို ရိုက်နှက်ပစ်လိုက်လေသည်။ 

ဖြန်း......!

ကျယ်လောင်သည့်အသံထွက်လာပြီး တောင်ကုန်းတစ်ခုလုံးအတွင်း ပဲ့တင်ထပ်သွားသည်။ 

တစ်ခဏအကြာတွင် တောင်အလယ်က အသံအားလုံးနှင့်အချိန်က ရပ်တန့်သည့်အသွင်။ ထိုရိုက်ချက်၏ ပဲ့တင်သံတစ်ခုတည်းကသာ လူတိုင်းနားထဲ ပဲ့တင်ထပ်ကာ ၀င်လာသည်။ 

လူတိုင်းဒီမြင်ကွင်းကို မိန်းမောတွေဝေစွာ ကြည့်နေကြပြီး သူတို့၏စိတ်များက မှောင်မိုက်နေကြ၏။ 

သူတို့တွေဝေစွာ ကြည့်နေကြစဉ် ရှောင်ဟိုင်တောင်အစောင့်ဗိုလ်ချုပ်၏ မျက်နှာကို ရိုက်ပစ်လေရာ တောင်အစောင့်ဗိုလ်ချုပ်၏ ခေါင်းပင်လျှင် ဘေးသို့ အနည်းငယ် စောင်းသွားသည်။ 

တခြားသူများကဲ့သို့ပင် သူ့မျက်နှာကလည်း မယုံနိုင်မှုများနှင့် ပြည့်နှက်နေသည်။ 

ဒါကအစစ်အမှန်လား၊ အတုလား!

အရင်က သူကပါးစပ်ပိတ်ထားဟူသော မ‌လေးစားသောအရာတစ်ခုကို ပြောလာခဲ့ပြီး ယခုတွင်မူ တောင်အစောင့်ဗိုလ်ချုပ်၏ မျက်နှာကိုပင် ရိုက်ပစ်ခဲ့သည်။ 

မင်းတကယ်ပဲ ထပ်ပြီးအသက်မရှင်ချင်တော့လို့လား!

မင်းအရာတွေကို ဒီလောက်ခက်ခဲအောင် လုပ်နေတာက ရှင်သန်ရတာ ငြီးငွေ့နေလို့လား!

ချူကျင်းပင်လျှင် ခေါင်းလှည့်ကြည့်နေရာကနေ ပြန်မလှည့်လာတော့။ 

ဖင်းယန်ကမူ တုံ့ပြန်လာသည်။ 

ရှောင်ဟိုင်က တောင်အစောင့်ဗိုလ်ချုပ်ကို ရိုက်ပစ်ချင်ရုံသာဖြစ်သည်။ ဒါက တကယ်ကို ဒရာမာဆန်လှသည်။ 

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကလည်း သူတို့၏မျက်နှာများကို အားကိုးရာမဲ့စွာ ဖုံးထားလိုက်ကြသည်။ 

သူတို့၏မျက်နှာများက 'မျှော်လင့်ထားသလိုပဲ' ဆိုသော အမူအရာများနှင့် ပြည့်နှက်နေကြသည်။ 

သူတကယ်လုပ်ခဲ့တာပဲ!

အင်း၊ သူဆိုတဲ့အတိုင်းပါပဲ!

ဖန်ချန်းတစ်ဦးတည်းသာလျှင် ရှောင်ဟိုင်ရှိရာဘက်သို့ လက်ညိုးထိုးပြပြီး တွေဝေစွာမေးသည်။ 

"စီနီယာအစ်ကိုရှောင်ဟိုင်က အမြဲလိုလို ဒီလိုရဲရင့်တာလား"

မု၀မ်အာ ဖန်ချန်းပခုံးကိုပုတ်ပြီး ဂုဏ်ယူ၀င့်ကြွားစွာပြောသည်။ 

"ဂျူနီယာမောင်လေးဖန်၊ နင်ဒါနဲ့ ကျင့်သားရဖို့လိုတယ်၊ ဥပမာ၊ အစ်ကိုကြီးက အပြစ်ဒဏ်သင့်ခံရသူ၊ ဒုတိယအစ်ကိုကြီးက အမြဲလိုလိုအပြစ်ရှာတတ်သူ၊ ဂျူနီယာမောင်လေးမုက သတိထားတတ်ပြီး စီနီယာအစ်ကိုရှောင်ဟိုင်က မဆင်မခြင်လုပ်တတ်တယ်....."

မု၀မ်အာက သူမ၏ မောင်ငယ်လေးကို သင်ကြားပေးနေသရွေ့ ဖော်ပြ၍မရနိုင်သည့် ပျော်ရွှင်မှုကို ခံစားနေရသည့်အသွင်။ 

ဖန်ချန်းအားကြည့်ရင်း သူမ၏ စိတ်အခြေအနေက ပို၍ပင် ကောင်းမွန်လာနေသည်။ 

သူမတွင် နောက်ဆုံးတော့ စစ်မှန်သည့် မောင်ငယ်လေးတစ်ယောက် ရှိလာခဲ့လေပြီ။ 

ဖန်ချန်းတွေဝေစွာခေါင်းညိတ်သည်။ ထို့နောက် သူထူးဆန်းတာ တစ်ခုခုကို ရှာတွေ့သွားသည့်အလား မု၀မ်အာကို ကြည့်သည်။ 

"စီနီယာအစ်မ...."

"ဝေ၊ ဝေ"

"ဒါပေမယ့်...."

"ဒါပေမယ့်ဘာလဲ" မု၀မ်အာပြုံးသည်။ 

"ဒါပေမယ့် စီနီယာအစ်ကိုမုကလည်း စီနီယာအစ်မမုရဲ့ စီနီယာအစ်ကိုမလား" ဖန်ချန်း အပြစ်ကင်းစင်စွာမေးသည်။ 

"ဘာလို့စီနီယာအစ်မမုက စီနီယာအစ်ကိုမုကို ဂျူနီယာမောင်လေးမုလို့ ခေါ်ရတာလဲ"

မု၀မ်အာမျက်နှာပေါ်ကအပြုံးက ချက်ချင်းပြိုကျပျက်စီးသွားရသည်။ 

သူမချက်ချင်းဆိုသလို ဖန်ချန်းက ချစ်စရာမကောင်းတော့ဘူးဟု ခံစားလိုက်ရပြီး သူ့အားကြည့်ရုံနှင့်ပင် ဒေါသထွက်လာရသည်။ 

ကျန်သောသူများက ဒါကိုမြင်သောအခါ ရယ်မောလိုက်မိကြသည်။ 

သူတို့က ရှောင်ဟိုင် အန္တရာယ်ထဲတွင် ရှိနေနိုင်တာကို လုံး၀မေ့လျော့သွားကြသည့်အသွင်။ 

....

ရှောင်ဟိုင်ဘက်တွင် တောင်အစောင့်ဗိုလ်ချုပ်က ဖြည်းဖြည်းချင်းလှည့်လာပြီး သူ့ရှေ့က ရှောင်ဟိုင်ကို ကြည့်လိုက်စဉ် သူ့မျက်နှာက မယုံနိုင်မှုများဖြင့် ပြည့်နှက်နေသည်။ 

"မင်း....မင်းငါ့မျက်နှာကို ရိုက်လိုက်တာလား"

သို့စေကာမူ ရှောင်ဟိုင်ခေါင်းညိတ်သည်။ 

"ခင်ဗျားကျုပ်ကို အကြိမ်များစွာ ရိုက်ခဲ့တာလေ၊ ခင်ဗျားကို ကျုပ်တစ်ကြိမ်ရိုက်မိတာကတော့ အရမ်းမများဘူးမလား"

"ယုတ္တိတန်စွာပြောရရင် ကျုပ်ကတောင် ရှုံးသေးတယ်"

ရှောင်ဟိုင်၏ စကားလုံးများကို ကြားရသောအခါ ချူကျင်းနှင့် ကျန်သောသူများကလည်း နားလည်သွားကြ၏။ 

ရှောင်ဟိုင်က လက်မခံနိုင်ဖြစ်သွားပြီး တောင်အစောင့်ဗိုလ်ချုပ်ကို ပြန်ရိုက်လိုခြင်းသာဖြစ်သည်။ 

တစ်ခဏအကြာ သူတို့ဆွံနေကြသည်။ 

သူတို့ ရှောင်ဟိုင်၏သတ္တိကို လေးစားသင့်လား ဒါမှမဟုတ် သူ့ရဲ့မဆင်မခြင်မှုကို သဘောကျသင့်သလားဆိုတာ မသိကြတော့ပါ။ 

တောင်အစောင့်ဗိုလ်ချုပ်၏ အမူအရာက တဖြည်းဖြည်းမည်းမှောင်လာခဲ့သည်။ 

"ဒီနှစ်တွေအတွင်း ဘယ်သူမှ ငါ့မျက်နှာကို မရိုက်ဖူးဘူး"

ရှောင်ဟိုင်ခေါင်းညိတ်သည်။ 

"အခုတစ်ယောက်ယောက်က ရိုက်လိုက်ပြီလေ၊ အဲဒါကကျုပ်ပဲ"

တောင်အစောင့်ဗိုလ်ချုပ် "မင်းသေရမှာကို မကြောက်ဘူးလား"

ရှောင်ဟိုင်ပြောသည်။ 

"ကျုပ်ခင်ဗျားကို အခုတကယ်မနိုင်နိုင်သေးပေမယ့် ခင်ဗျားကျုပ်ကို မသတ်နိုင်သရွေ့ ကျုပ်အနာဂတ်မှာ သေချာပေါက်ပြန်လာပြီး ခင်ဗျားကို သေတဲ့အထိ ရိုက်သတ်ပစ်မယ်"

သူဘာပြောတာလဲ၊ သူဘာတွေပြောနေတာလဲ!

ကျန်သောသူများက အတိမှင်သေနေကြ၏။ 

တောင်အစောင့်ဗိုလ်ချုပ်ကလည်း ကြက်သေသေသွားခဲ့သည်။ 

ဘယ်လိုလုပ် ဒီလိုအရာမျိုးရှိနေရပြန်တာလဲ!

"ဒါပေမယ့် ငါသာအစွမ်းကုန်တိုက်ခိုက်မယ်ဆိုရင် မင်းရှင်ကျန်နိုင်မယ်လို့ ထင်လား"

တောင်အစောင့်ဗိုလ်ချုပ်၏ မျက်လုံးများ၌ မရေမတွက်နိုင်လောက်သည့် နိယာမစွမ်းအားများ ထိုးထွက်လာကြ၏။ 

၎င်းက ရှောင်ဟိုင်ကို ချက်ချင်းသတ်ပစ်နိုင်သည့်အသွင်။ 

သို့စေကာမူ ရှောင်ဟိုင်က မကြောက်ပေ။ 

"အဆင်ပြေပါတယ်၊ ခင်ဗျားကျုပ်ကို ချက်ချင်းသတ်နိုင်ရင်တောင် ဖြစ်နိုင်ချေနှစ်ခုရှိတယ်"

"ဘယ်နှစ်ခုလဲ" တောင်အစောင့်ဗိုလ်ချုပ် စိတ်ရှုပ်ထွေးသွားသည်။ 

"ပထမတစ်ခုက ခင်ဗျားကျုပ်ကို သတ်ပြီးတာနဲ့ ကျုပ်ဆရာ ခင်ဗျားဆီကို ရောက်လာပြီး ခင်ဗျားကို သတ်ပစ်လိမ့်မယ်" ရှောင်ဟိုင် တည်ငြိမ်နေသည့် အမူအရာဖြင့် ဒုတိယလက်ချောင်းကို ဆန့်ထုတ်လိုက်သည်။ 

"ဒုတိယက ခင်ဗျားမှာ ကျုပ်ကို သတ်ဖို့ အခွင့်အရေးတောင် ရှိမှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ခင်ဗျားကျုပ်ကို မသတ်ခင်မှာ ကျုပ်ဆရာပေါ်လာပြီး ခင်ဗျားကို သတ်ပစ်မှာမို့ပဲ"

တောင်အစောင့်ဗိုလ်ချုပ် "...."

ဒီတော့ ဘာပဲဖြစ်ဖြစ် ငါကသေရမှာပေါ့!

ချူကျင်းနှင့် ကျန်သောသူများကလည်း ထိတ်လန့်သွားကြသည်။ 

ဒီခန္ဓာကျင့်ကြံသူ အရမ်းမောက်မာနေရတဲ့အကြောင်းရင်းက သူ့နောက်ကွယ်က လျှို့ဝှက်ဆန်းကြယ်တဲ့ ဆရာကြောင့်များလား!

သူ့ကို ဒီလိုစကားမျိုးတွေကို ပြောရဲတဲ့အထိ ယုံကြည်မှုတောင်ပေးတာဆိုတော့ အဲလူက ဘယ်လောက်တောင် အစွမ်းထက်တာလဲ!

တခြားတစ်ဘက်တွင် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ 

"ဆရာကို ဒီအကြောင်းကို ပြောသင့်လား"

"ဂျူနီယာမောင်လေးရှောင်ဟိုင်ကတော့ အရေပြားတစ်လွှာ အဆုံးရှုံးခံရတော့မယ်ထင်တယ်"

"ဒီတော့ဒါကို သူ့အတွက် တွန်းအားတစ်ခုအဖြစ် သုံးကြရအောင်"

"ကျွန်တော်လည်း ဒီလိုပဲထင်တယ်"

သို့စေကာမူ နောက်အခိုက်အတန့်မှာပင် စံအိမ်တော်က လူတိုင်း၏နားထဲသို့ အသံတစ်သံရောက်လာခဲ့သည်။ 

"ငါသိပြီးသား"

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ထိတ်လန့်သွားကြ၏။ 

ရှောင်ဟိုင်ပြုံးလိုက်သည်။ 

သို့စေကာမူ လုချန်ရှန်း၏အသံကို ထပ်မံကြားလိုက်ရသည်။ 

"မင်းပြုံးနေသေးတာလား၊ ငါမင်းကို အပြစ်မပေးရသေးဘူး၊ ဟုတ်တယ်မလား၊ မင်းပြန်လာတဲ့အခါကျရင် ငါမင်းကိုပိတ်ထားပြီး မင်းနှစ်အနည်းငယ်လောက် ထပ်မတိုက်ခိုက်နိုင်အောင် အပြစ်ပေးထားမယ်"

ရှောင်ဟိုင်၏မျက်နှာက ချက်ချင်းသွေးဆုတ် ဖြူလျော်သွားခဲ့သည်။ 

သူ့ကိုတိုက်ခွင့်မပြုတော့ဘူးလား၊ ဒါက သူ့ကိုသတ်ပစ်တာထက် ပိုဆိုးပေသည်။ 

အပိုင်း(928) coming။ 

All Chapters