← Chapters

#‌အဆင့်နိမ့်ကြယ်နယ်မြေက ပုံမှန်မဟုတ်သော လှုပ်ရှားမှု#

Vol. 66 Ch. 929

#‌အဆင့်နိမ့်ကြယ်နယ်မြေက ပုံမှန်မဟုတ်သော လှုပ်ရှားမှု#

Vol. 66 Ch. 929

ကွေ့ကောက်ကောက်လမ်းကြောင်း တောင်ထဲတွင် ပေါ်လာပြီးနောက် တောင်အစောင့်ဗိုလ်ချုပ်ကလည်း ထပ်မံခြေချင်းချိတ်ထိုင်လိုက်သည်။ သူ့ဆံပင်ရှည်က ပြန့်ကြဲသွားပြီး သေဆုံးသွားသည့်အလား မျက်နှာကို ပြန်လည်ဖုံးအုပ်သွားပြန်သည်။ 

သို့စေကာမူ မည်သူကမှ တောင်အစောင့်ဗိုလ်ချုပ်ကို နောက်ထပ်ဂရုစိုက်မနေတော့ဘဲ ယင်းအစား သူတို့၏ အကြည့်များက ဖန်ချန်းပေါ်သို့ ကျရောက်နေကြ၏။ 

လင်းဟိုင်နှင့် လီရှောင်တို့က ပို၍ပင် ထိတ်လန့်နေကြသည်။ 

ဖန်ချန်း၏ပါရမီကို စမ်းသပ်စဉ်က သူတို့လည်းရှိပြီး နောက်ပိုင်းစမ်းသပ်မှုများအတွက် သူတို့ကလည်း အဓိကစစ်ဆေးသူများဖြစ်ကြသည်။ 

ထို့ကြောင့် ဖန်ချန်း၏ပါရမီနှင့် စွမ်းအားက ဘယ်အဆင့်တွင် ရှိသလဲဆိုတာ သူတို့ကောင်းကောင်းသိကြပါသည်။ 

သို့သော် ယခုတွင်မူ ဖန်ချန်းပြသခဲ့သည့် စွမ်းအားနှင့်ပါရမီက အင်မော်တယ်နန်းတော်၏ စမ်းသပ်မှုရလဒ်နှင့် လုံး၀ကို ကွဲပြားသည်။ 

ချူကျင်းပင်လျှင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ 

"သူ့ပါရမီက လုံလောက်အောင် အားမကောင်းဘူးဆိုတာ သေရောသေချာလို့လား"

ခန္ဓာကျင့်ကြံသူတစ်ယောက်က အစီအရင်တစ်ခု အလွယ်တကူဖန်တီးနိုင်သည်။ သူက အစီအရင်အော်ရာကို ကိုယ်ထဲတွင်စုပ်ယူပြီး ကိုယ်ထဲတွင် အစီအရင်တစ်ခုပင် ဖန်တီးခဲ့သည်။ 

ယခုလို ကြောက်စရာကောင်းသည့် ကျင့်ကြံခြင်းနည်းစနစ်က သာမန်လူများ ကျင့်ကြံနိုင်သည့်အရာတစ်ခုမဟုတ်ပေ။ 

ဟန်လုပင်လျှင် ဟာသလုပ်လိုက်သည်။ 

"အင်မော်တယ်နန်းတော်က ပါရမီရှင်တစ်ယောက် ဆုံးရှုံးလိုက်ရတာပဲ၊ သူသာ ငါတို့ဂိုဏ်းကို လာမယ်ဆိုရင် အကြီးအကဲတွေက သူ့အတွက် တိုက်ခိုက်ကြလိမ့်မယ်"

ထိုအချိန်တွင် ချူကျင်းခေါင်းခါယမ်းသည်။ 

"အင်မော်တယ်နန်းတော်ကသာ သူ့ကို လက်မခံခဲ့ဘူးဆိုရင် ဒါက သူတို့က အချင်းချင်းကံမစပ်ဘူးလို့ ဆိုလိုနေတာပဲ၊ ဒါ့အပြင် အင်မော်တယ်နန်းတော်ရဲ့ ပါရမီစမ်းသပ်မှုနဲ့ တခြားစမ်းသပ်မှုတွေက မှားမှာမဟုတ်ဘူး၊ တစ်ခုတည်းသော ဖြစ်နိုင်ချေက ဖန်ချန်း သူ့တပည့်ဖြစ်လာတဲ့အချိန် သူ့ဆရာက သူ့အတွက် သင့်တော်တဲ့ ကျင့်ကြံခြင်းနည်းစနစ်တစ်ခုကို ရှာတွေ့သွားတာဖြစ်ရမယ်"

ဒါက တစ်ခု‌တည်းသော အကြောင်းပြချက်ပေတည်း။ 

သို့စေကာမူ ဒီလိုသာဆိုပါက ယခုလိုကျင့်ကြံခြင်းနည်းစနစ်မျိုးကို ရှာတွေ့ခဲ့သည့် သူတို့ဆရာက အတိအကျ ဘယ်သူပင် ဖြစ်လေသနည်း။ 

ဒါ့အပြင် သူ တောင်အစောင့်ဗိုလ်ချုပ်နှင့် ယှဉ်ပြိုင်စဉ်က တောင်အစောင့်ဗိုလ်ချုပ်ကလည်း ဖန်ချန်း၏ ကျင့်ကြံခြင်းနည်းစနစ်ကို မြင်နိုင်သည်ဟု ပြောဆိုခဲ့သည်။ 

သူ့ပါရမီနှင့်ဆိုပါက သူ့ဒီအဆင့်ကို အလွယ်တကူ ဖြတ်ကျော်နိုင်သည်။ 

ဒါကဘယ်လောက်ထိ ကြောက်စရာကောင်းသလဲဆိုတာ သိသာထင်ရှားနေသည်။ 

ဖန်ချန်း အင်မော်တယ်နန်းတော်က လူများ၏ အကြည့်ကို လျစ်လျူရှုထားသည်။ 

ဒါမှမဟုတ် အင်မော်တယ်နန်းတော်က သူ့ကို တပည့်အဖြစ် လက်မခံခဲ့သည့် အချက်အပေါ် သူဂရုမစိုက်တော့ဘူးဟုဆိုပါက ပိုမှန်ပေလိမ့်မည်။ 

ထိုအချိန်က အရှုံးအမြတ်များကို တွက်ချက်နေရန်ဟူသည် အသုံးမ၀င်ပါ။ 

သူယဲ့ချိုးပိုင်နှင့် ကျန်သောသူများဘေးကို ရောက်လာသောအခါ ဖင်းယန်ကလည်း နောက်ဆုံးအဆင့်၌ အာရုံစိုက်ထားရမည့် တတိယအဆင့်ကို စတင်မိတ်ဆက်ပေးသည်။ 

"ဒီလမ်းသွယ်လေးကနေတဆင့် အင်မော်‌တယ်တွေ့ဆုံခြင်း ကောင်းကင်ဘုံရေကန်ကို ရောက်နိုင်တယ်၊ ဒါက အန္တရာယ်အများဆုံးအဆင့်လည်းဖြစ်တယ်"

ထိုနေရာတွင် ဖင်းယန်၏ အမူအရာက လေးနက်သွား၏။ 

"ပထမအဆင့်နှစ်ဆင့်က ပါရမီနဲ့ ခွန်အားကို စစ်ဆေးတယ်၊ ပြီးတော့ တတိယအဆင့်ကတော့ စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုပဲ"

စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုလား!

ဒါက အရမ်းမများလွန်းပုံပေ့ါ်သော်လည်း ကျင့်ကြံသူများအတွက် ကျင့်ကြံခြင်းဖြစ်စဉ်၌ဖြစ်စေ တိုက်ပွဲ၌ဖြစ်စေ အရေးအကြီးဆုံးအရာက စိတ်အခြေအနေဖြစ်သည်။ 

စိတ်အခြေအနေကသာ မတည်ငြိမ်ပါက ဒါက အတားအဆီးတစ်ခု ဖြစ်လာပေလိမ့်မည်။ 

"ဒီလမ်းသွယ်လေးက၊ ထပ်ပြောရရင် ဒီလမ်းသွယ်လေးကိုယ်တိုင်က ကြီးမားတဲ့ ပုံရိပ်ယောင်လှည့်စားမှုအစီအရင်တစ်ခုပဲ၊ အခြေခံအုတ်မြစ်က ဘယ်လောက်ပဲ အားကောင်းနေပါစေ ဒီထဲကို တက်လှမ်းလိုက်တာနဲ့ ပုံရိပ်ယောင်လှည့်စားမှုထဲကို အတင်းဆွဲခေါ်ခံရလိမ့်မယ်"

"ပိုပြီးသွားလေလေ၊ ပုံရိပ်ယောင်လှည့်စားမှုရဲ့ စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုက ပိုအားကောင်းလေလေပဲ"

ဖင်းယန်ခါးသီးစွာပြုံးသည်။ 

"ငါတောင်မှ ဖြတ်ကျော်နိုင်ဖို့အတွက် ၁၀၀ရာခိုင်နှုန်းမသေချာဘူး"

သို့စေကာမူ ဒီတဒင်္ဂလေးမှာပင် ချူကျင်းနှင့် ကျန်သောသူများက တောင်ထဲက လမ်းသွယ်လေးထဲသို့ လျှောက်သွားကြလေပြီ။ 

ဒါကိုမြင်သော် ယဲ့ချိုးပိုင်ပြုံးသည်။ 

"ဘာပဲဆိုဆို ငါတို့ထွက်သွားရတဲ့အခါကျမှ ဒီအကြောင်းပြောကြတာပေါ့၊ ငါတို့သွားနိုင်မလား၊ မသွားနိုင်ဘူးလားဆိုတာ အခုထိ မသေချာသေးဘူးလေ"

"မှန်တယ်" ဖင်းယန်ခေါင်းညိတ်သည်။

ထို့နောက် လူတိုင်း၀င်လိုက်ကြသည်။ 

....

ဒီအချိန်မှာပင် သေမျိုးနယ်မြေက အဆင့်နိမ့်ကြယ်နယ်မြေ၌ အာကာသအက်ကြောင်းတစ်ခု ပွင့်လာပြီး ပုံရိပ်လေးခုပေါ်လာကြသည်။ 

"ဒီကျက်တီးကုန်းမြေကို တကယ်ပဲအုပ်ချုပ်စရာလိုလို့လား"

"ငါတို့ဝိဉာဉ်အရှင်သခင်ရဲ့ အမိန့်တွေကို နားထောင်ရမယ်"

"အင်း၊ ဒါ့အပြင် ဝိဉာဉ်အရှင်သခင်က သေမင်းဝိဉာဉ်မြို့ကို နှစ်ရာများစွာအကြာကတည်းက စိုက်ပျိုးထားခဲ့တာ၊ ငါတို့ အခုအချိန်မှာ အလယ်အလတ်အဆင့်ကြယ်နယ်မြေကို ထိလို့မရသေးဘူး၊ ကြီးကြပ်ရေးဗိမာန်က အလယ်အလတ်အဆင့်ကြယ်နယ်မြေမှာ အရမ်းတင်းကျပ်လွန်းတယ်၊ နတ်သခင်အဆင့်အင်အားစုတွေမှာတောင် အဆုံးမဲ့ပင်လယ်ဒေသနဲ့ ပတ်သက်ပြီး ဘာအတွေးမှ မရှိရဲဘူး၊ ဒီအဆင့်နိမ့်ကြယ်နယ်မြေကနေ အရင်ဆုံးစလိုက်ကြတာပေါ့"

"မှန်တယ်၊ ခြင်တစ်ကောင်ရဲ့ခြေက ဘယ်လောက်ပဲ သေးငယ်ပါစေ အစားတစ်ခုဖြစ်နေဆဲပဲ၊ ဒီကျက်တီးကုန်းမြေကို အရင်အုပ်ချုပ်ပြီး အဲဒီရုပ်သေးရုပ်လေးတွေကို မြန်မြန်ဆန်ဆန်ကြီးထွားလာအောင် လုပ်ကြရအောင်၊ အဲဒီနောက်မှ ငါတို့ အဆုံးမဲ့ပင်လယ်ဒေသအတွက် တိုက်ပွဲမှာ လက်ဦးမှုကို ဖမ်းဆုပ်ရယူထားနိုင်မယ်"

ထို့နောက် တစ်ယောက်က တုံကင်တစ်ခုကို ထုတ်ယူလိုက်၏။ 

တုံကင်ပေါ်၌ ဝိဉာဉ်အမှတ်အသားဒါဇင်ကျော်ရှိသည်။ 

"ကြည့်ရတာ ဒီကျက်တီးကုန်းမြေက လုံး၀အသုံးမ၀င်တာတော့ မဟုတ်ဘူးဘဲ၊ ဝိဉာဉ်အရှင်သခင်ချထားတဲ့ စမ်းသပ်မှုကို ဖြတ်ကျော်နိုင်တဲ့ လူတွေအများကြီး ပေါ်လာတယ်"

"သူတို့ကိုစုစည်းပြီး မြန်မြန်လေး စတင်လှုပ်ရှားကြရအောင်၊ အချိန်ကိုလည်း ချွေတာထားကြ၊ ဒီနေရာမှာ ဝိဉာဉ်စွမ်းအင်သိပ်သည်းမှုက အရမ်းနိမ့်လွန်းတယ်၊ ငါထပ်ပြီး မနေချင်တော့ဘူး"

......

ဒီတဒင်္ဂ၌ အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ထိုးဖောက်တောင်တွင် လူတိုင်းက တောင်ကြားက လမ်းသွယ်လေးထဲကို ၀င်သွားကြလေပြီ။ 

သူတို့၀င်လိုက်သော အခိုက်အတန့်၌ ပုံရိပ်ယောင်အစီအရင်မှတဆင့် ပုံရိပ်ယောင်လှည့်စားမှုထဲကို အတင်းဆွဲသွင်းခံလိုက်ရသည်။ 

ပုံရိပ်ယောင်လှည့်စားမှုက တစ်ဦးနှင့်တစ်ဦးမတူပေ။ 

တစ်ဦးချင်းစီ၏ မှတ်ဉာဏ်ထဲက နက်ရှိုင်းသည့်အရာများက ဒီလမ်းသွယ်လေးထဲတွင် ပေါ်လာကြသည်။ ပတ်ပတ်လည်က ပတ်၀န်းကျင်ကလည်း ပြောင်းလဲသွားခဲ့သည်။ 

ဒီပုံရိပ်ယောင်လှည့်စားမှုထဲတွင် လျှောက်လှမ်းရင်း တောင်ကြားက လမ်းသွယ်လေးထဲသို့ ရှေ့ဆက်လျှောက်သွားရမည်ဖြစ်သည်။ 

ပုံရိပ်ယောင်လှည့်စားမှုကိုသာ မချိုးဖျက်နိုင်ပါက စမှတ်နေရာကို ပြန်လည်ရောက်လာပေလိမ့်မည်။ 

မှတ်ဉာဏ်အပိုင်းအစများထဲက မြင်ကွင်းက ရှောင်ဟိုင်ရှေ့တွင်ပေါ်လာခဲ့သည်။ 

အနက်ရောင်ကောင်းကင်နှင့်အတူ မြေကြီးက သွေးများနှင့် စွန်းထင်းနေသည်။ 

ကြမ်းတမ်းသောဝိဉာဉ်ချီက ပတ်၀န်းကျင်တွင် ပြည့်နှက်နေပြီး နေရာအများစု နက်မှောင်နေသည့် မြို့ကြီးအား အရူးအမူး ဖြတ်သန်းသွား၏။ 

မြို့အထက်တွင် ရှောင်ဟိုင်အပါအ၀င် သူတို့က ထိုလူများနှင့်အတူ ပြတ်သားသည့် တိုက်ပွဲတစ်ခုကို ဆင်နွှဲနေကြသည်။ 

....

ရှီရှန်းရှေ့တွင် သူအမြင့်ဆုံးအဆင့်ကို ရောက်ခဲ့လျှင်ပင် သေဆုံးရတော့မည်ဖြစ်သည့် သူ့မိဘများနှင့်ပတ်သက်၍ သူဘာတစ်ခုမှ လုပ်နိုင်စွမ်းမရှိပါ။ 

ဒီပုံရိပ်ယောက်လှည့်စားမှုထဲတွင် မြင်ကွင်းများနှင့် ပုံရိပ်များက သူတို့အကြောက်ရဆုံးအရာများပင်ဖြစ်သည်။ 

လူတိုင်းအဖို့ သူတို့ကြောက်ရသည့် အရာတစ်ခုကို နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း ဖိနှိပ်ထားရန်ဟူသည် ရှောင်လွှဲလို့မရသးသော အရာတစ်ခုပင်။ 

ဒီပုံရိပ်ယောင်လှည့်စားမှုက သူတို့နှလုံးသားထဲတွင် အဆုံးမဲ့မြှုပ်နှံထားသည့်အရာကို ချဲ့ထွင်ပြီး စိတ်အခြေအနေကို လှုပ်ခတ်စေရန်အတွက်ပေတည်း။ 

ဖန်ချန်းဒါကိုမြင်သောအခါ သူဘာမှလုပ်နိုင်စွမ်းမရှိတော့ဘဲ မည်သို့ပင်ကြိုးစားပါစေ သူ့နှလုံးသားထဲက ဒေါသကို မဖိနှိပ်ထားနိုင်ပေ။ 

အဆုံးမဲ့ဒေါသက သူ့၏ဆင်ခြင်တုံတရားကို ဆေးကြောပစ်ချင်ပုံရသည်။ 

ဖန်ချန်းအတွက် ဒီမြင်ကွင်းက သူ့စိတ်ထဲတွင် မရေမတွက်နိုင်လောက်အောင် အကြိမ်များစွာ သက်၀င်လှုပ်ရှားနေသည်။ 

စိတ်မချမ်းမြေ့ဖွယ်ရာ အော်ဟစ်သံများ၊ ၀မ်းနည်းတကြီးအော်သံများနှင့် နံရံတစ်လျှောက်က သွေးများက သူ့ကို မကြောက်စေသော်လည်း ဒေါသဟူသည် တစ်ခုတည်းသောအရာကို ခံစားရစေသည်။ 

သို့စေကာမူ ဒေါသက လူတစ်ယောက်၏ စိတ်အခြေအနေကို လုံး၀ဆေးကြောပစ်သောအခါ ဒါကလည်း အရမ်းကြောက်စရာကောင်းသည့် အရာတစ်ခုပင်။ 

ဒီတဒင်္ဂ၌ ဖန်ချန်း၏ကိုယ်က ငွေရောင်အလင်းနှင့်အတူ စတင်လင်း၀င်းလာသည်။ 

ပတ်ပတ်လည်အစီအရင်အော်ရာက ဖန်ချန်းကိုယ်ထဲသို့ မသိစိတ်က စတင်ရွေ့လျားသွား၏။ 

ဒီမြင်ကွင်းကိုမြင်သောအခါ ဖန်ချန်းအနည်းငယ်လန့်သွားပြီးနောက် သူ့ဆရာ သူ့ကို ပြောခဲ့တာကို သတိရသွားသည်။ 

သူ့ရုပ်ခန္ဓာက ကျင့်ကြံရန်အတွက် အစီအရင်များ၏အော်ရာကို စုပ်ယူနိုင်ပုံရသည်။ 

ဒါဆို ဒါကိုလည်းစုပ်ယူနိုင်မှာလား!

ဒါကိုတွေးမိသောအခါ ဖန်ချန်း ပတ်ပတ်လည်က အစီအရင်အော်ရာကို ကိုယ်ထဲသို့ စုပ်ယူရန် ကြိုးစားသည်။ 

ဒီအခိုက်အတန့်မှာပင် ဖန်ချန်းကိုယ်ထဲက ငွေရောင်အလင်းက ပို၍ပင် စတင် တောက်ပလင်း၀င်းလာသည်။ 

ငွေရောင်အလင်းနှင့်အတူ ဖန်ချန်း၏ သွေးကြော၊ ကြွက်သားများနှင့် အစီအရင်များ၏အော်ရာက စုပ်ယူခံရပြီးဖန်ချန်း ခွန်အားကို တိုးမြှင့်ရန်အတွက် အာဟာရများအဖြစ် ပြောင်းလဲပစ်သည်။ 

အစီအရင်ဝိဉာဉ်ဖန်တီးခြင်းခန္ဓာက အစီအရင်ဝိဉာဉ်ကို စုပ်ယူနိုင်ပြီး ချက်ချင်းတိုးတက်အောင် လုပ်နိုင်သည်။ 

ဒါက ဖန်ချန်း၏ ထူးခြားသောပါရမီပေတည်း။ 

အပိုင်း(930) coming။ 

All Chapters