← Chapters

#‌အင်မော်တယ်ဧကရာဇ်၊ ငါမင်းကို အင်မော်တယ်နန်းတော်သခင် ရာထူးပေးမယ်ဆိုရင်ရော#

Vol. 66 Ch. 930

#‌အင်မော်တယ်ဧကရာဇ်၊ ငါမင်းကို အင်မော်တယ်နန်းတော်သခင် ရာထူးပေးမယ်ဆိုရင်ရော#

Vol. 66 Ch. 930

ပုံရိပ်ယောင်လှည့်စားမှုအစီအရင်က ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုကို မဖြစ်စေပါ။ 

ဒါက ပုံရိပ်ယောင်အစီအရင်ထဲတွင် ဖြည်းဖြည်းချင်း ပိတ်မိနေသည့် ကျင့်ကြံသူများအား စိမ့်၀င်ကာ အားနည်းပြိုကွဲသွားစေရန်ဖြစ်သည်။ 

ဖန်ချန်း၏ရုပ်ခန္ဓာနှင့် မြင့်မြတ်အစီအရင်အကျဉ်းထောင်ခန္ဓနည်းစနစ်နှင့်အတူ သူက အစီအရင်ဝိဉာဉ်ကို တိုက်ရိုက် စုပ်ယူနိုင်သည်။ 

အကယ်၍ တစ်ယောက်ယောက်ကသာ ဒီအစီအရင်တွင် တန်ပြန်သက်ရောက်မှု သို့မဟုတ် ကာကွယ်ရေးအစီအရင်တစ်ခု ဖန်တီးခဲ့မည်ဆိုပါက ဖန်ချန်း၏လက်ရှိခွန်အားနှင့် သူဒါကို အလွယ်တကူ စုပ်ယူနိုင်မည်မဟုတ်။ 

သို့စေကာမူ ဒီအင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ထိုးဖောက်တောင်၏ အစီအရင်ကို ဖန်တီးထားသူက တမင်တကာပင် စီစဉ်ထားပုံရသည်။ 

ယခုလိုအဆင့်မြင့်အစီအရင်မျိုးတွင် ကာကွယ်ရန်အတွက် တန်ပြန်သက်ရောက်မှု သို့မဟုတ် ကာကွယ်ရေးအစီအရင်ဟူ၍ မရှိခဲ့ပေ။ 

ဝိဉာဉ်အစီအရင်ကို ဖန်တီးခဲ့သောသူက တစ်ယောက်ယောက်က ဝိဉာဉ်အစီအရင်ကို ဖြတ်ပြီးနောက် တခြားနည်းနှင့်သာ ဖြတ်သန်းလိမ့်မည်ဟု တွေးခဲ့ခြင်းဖြစ်လောက်သည်။ 

ဖန်ချန်းအစီအရင်ဝိဉာဉ်ကို စုပ်ယူနေစဉ် ပတ်၀န်းကျင်နှင့် စိတ်မချမ်းမြေ့ဖွယ်ရာ အော်ဟစ်သံများက တဖြည်းဖြည်း စတင်ပျောက်ကွယ်သွားသည်။ 

အင်မော်တယ်ဧကရာဇ်နှင့် လုချန်ရှန်းတို့ကလည်း ဒီမြင်ကွင်းကို သတိထားမိကြပါသည်။ 

အင်မော်တယ်ဧကရာဇ်၏ အမူအရာက နောက်ထပ်တည်ငြိမ်မနေနိုင်တော့။ အရာအားလုံးကို သူ့လက်ထဲတွင် ဖမ်းဆုပ်ထားသည့်အလား သူ့၏တည်ငြိမ်နေသော အမူအရာက ပျောက်ကွယ်သွားပြီး ယင်းအစား လေးနက်သည့်အမူအရာတစ်ခု ရှိနေသည်။ 

အင်မော်တယ်ဧကရာဇ် လုချန်ရှန်းကို စိုက်ကြည့်ပြီးမေးသည်။ 

"ဒီကျင့်ကြံခြင်းနည်းစနစ်ကို မင်းသူ့ကို သင်ပေးခဲ့တာလား"

လုချန်ရှန်းခေါင်းခါယမ်းသည်။ 

"မဟုတ်ပါဘူး"

လုချန်ရှန်းသူ့ကို မသင်ကြားပေးခဲ့တာက မှန်ပါသည်။ 

ဒါက စနစ်ကပေးသည့် ကျင့်ကြံခြင်းနည်းစနစ်တစ်ခုဖြစ်ပြီး လုချန်ရှန်း စနစ်ကိုယ်စား သူ့ကို ပေးခဲ့ခြင်းသာဖြစ်သည်။ 

လုချန်ရှန်း လိမ်နေပုံမပေါ်သော်လည်း အင်မော်တယ်ဧကရာဇ်က ဒါကို ဘယ်လိုလုပ် ယုံနိုင်မည်နည်း။ 

လုချန်ရှန်းအပြင် တခြားဘယ်သူ ဖြစ်နိုင်သေးလို့လဲ!

ရုတ်တရက် လုချန်ရှန်းဘာကြောင့် ဖန်ချန်းကို အာရုံစိုက်ခဲ့သလဲဆိုတာ သူသတိရသွားသည်။ 

ဖန်ချန်းနောက်ထပ်တောင့်မခံနိုင်သောအခါ တပည့်အဖြစ် လက်ခံရန်အတွက်ပင် သူက အဆိုပြုခဲ့သည်။ 

ဖန်ချန်းက ထူးခြားပြီး သူ့ကိုတပည့်အဖြစ် သူကိုယ်တိုင်ပင် လက်ခံချင်တာကို အင်မော်တယ်ဧကရာဇ် ပြောနိုင်သော်လည်း ဖန်ချန်းတွင် ဒီလိုပါရမီမျိုးရှိလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ 

လုချန်ရှန်းကမူ ဒါကိုလုပ်ဆောင်ခဲ့လေရာ ဒါက ဖန်ချန်း၏ ထူးခြားချက်ကို သူမြင်ခဲ့သည့်အတွက်ကြောင့်သာ ဖြစ်ရပေမည်။ 

အင်မော်တယ်ဧကရာဇ်၏ အတွေ့အကြုံအရ လုချန်ရှန်းတပည့်မဖြစ်လာခင် ဖန်ချန်းဘာကို ကျင့်ကြံနေသလဲဆိုတာ ဘယ်လိုလုပ် သူမမြင်ရလေသနည်း။ 

အင်မော်တယ်ဧကရာဇ် လုချန်ရှန်းကို ထိုးဖောက်မြင်ချင်နေသည့်အလား စိုက်ကြည့်နေသည်။ 

"မင်းဘယ်သူလဲ၊ အစီအရင်ဝိဉာဉ်ဖန်တီးခြင်းခန္ဓာနဲ့ အတူ ဒါနဲ့အံ၀င်ခွင်ကျအဖြစ်ဆုံး မြင့်မြတ်အစီအရင်အကျဉ်းထောင်ခန္ဓာကျင့်စဉ်၊ မင်းမှာဘယ်လိုလုပ် ရှေးဟောင်းစာအုပ်တွေထဲမှာပဲရှိတဲ့ အရာတွေ ရှိနေရတာလဲ"

မြင့်မြတ်အစီအရင်အကျဉ်းထောင်ခန္ဓာကျင့်စဉ်ကို အစီအရင်ဝိဉာဉ်ဖန်တီးခြင်းခန္ဓာပိုင်ဆိုင်ထားသည့် ရှေးဟောင်းဒဏ္ဍာရီလာတန်ခိုးရှင်တစ်ဦးက ရေးသားခဲ့ခြင်းပင်။ 

သို့စေကာမူ သမိုင်းမှတ်တမ်းများအရ ထိုတန်ခိုးရှင်သေဆုံးပြီးနောက် အမွေအနှစ်ကလည်း လုံး၀ပျောက်ကွယ်သွားခဲ့သည်။ 

လုချန်ရှန်းထပ်မံခေါင်းခါယမ်းသည်။ 

"ကျုပ်တကယ်မသိတာ"

ဒါကတူညီသည့်စကားပင်။ 

အင်မော်တယ်ဧကရာဇ် ဒါကိုကြားသောအခါ အကူအညီမဲ့စွာ ခေါင်းခါယမ်းရုံသာ တတ်နိုင်တော့သည်။ 

"မေ့လိုက်တော့၊ လူတိုင်းမှာ ကိုယ်ပိုင်လျှို့ဝှက်ချက်တွေဆိုတာ ရှိတာပဲ၊ ငါ့မှာ မေးပိုင်ခွင့်မရှိပါဘူး"

လုချန်ရှန်း "....."

ခင်ဗျားပုံစံက ကျုပ်ကပဲ လိမ်နေတာ ကျနေတာပဲ၊ ဒီကာလမှာ အမှန်တရားကို ဘယ်သူမှ မယုံကြတော့ဘူးဘဲ!

"မင်းမှာ ဒီအမွေရှိနေတယ်ဆိုကတည်းက ဒါက မင်းရဲ့ကိုယ်ပိုင်လက္ခဏာက မရိုးရှင်းဘူးဆိုတာ ထပ်ပြီးသက်သေပြနေတယ်"

ရုတ်တရက် အင်မော်တယ်ဧကရာဇ် ထူးဆန်းသောအပြုံးဖြင့် လုချန်ရှန်းကို စိုက်ကြည့်သည်။ 

"ငါမင်းကို အင်မော်တယ်နန်းတော်ကို ပိုပိုပြီး၀င်လာစေချင်နေပြီ"

လုချန်ရှန်းလက်ဝှေ့ယမ်းသည်။ 

"လက်လျှော့လိုက်တော့၊ ဒါကမဖြစ်နိုင်ဘူး"

"လိုအပ်ချက်တွေရှိလား"

"ဘာလိုအပ်ချက်မှမရှိဘူး"

"ဒီလိုဆိုရင် ငါမင်းကို အင်မော်တယ်နန်းတော်သခင်ရာထူးပေးပြီး ငါနုတ်ထွက်ပြီး အဆင်မြင့်မဟာအကြီးအကဲတစ်ယောက် ဖြစ်ပေးမယ်ဆိုရင်ရော"

"ဒါကပိုတောင်ဆိုးသေးတယ်"

အင်မော်တယ်ဧကရာဇ် "....."

ဒါက လုချန်ရှန်းကဲ့သို့ လူထူးလူဆန်းနှင့် သူပထမဆုံးတွေ့ဆုံခြင်းပင်။ 

လူတိုင်းအထက်တွင်ရှိသည့် အင်မော်တယ်နန်းတော်သခင်ရာထူးပင်လျှင် သူ့ကို သွေးဆောင်နိုင်စွမ်းမရှိပါ။ 

"မင်းလူသားတစ်ယောက် ဖြစ်နေသရွေ့ မင်းမှာ လိုအင်ဆန္ဒမရှိဘူးဆိုတာ မဖြစ်နိုင်ဘူး၊ မင်းအတိအကျ ဘာကို လိုက်စားနေတာလဲ"

လုချန်ရှန်းပြုံးသည်။ 

"ကျုပ်ဆိုတဲ့ ချန်ရှန်းကတော့ မနက်အိပ်ရာနိုးတဲ့အချိန် ပြတင်းပေါက်ရဲ့ အက်ကြောင်းတွေကြားကနေ ပူနွေးတဲ့နေရောင်ခြည် ဖြတ်သန်းလာတာကို မြင်ရတယ်၊ ကျုပ် ပြတင်းပေါက်ကို တွန်းဖွင့်လိုက်တဲ့အချိန် စိမ်းလန်စိုပြေနေတဲ့ အလှစိုက်အပင်တွေကို မြင်ရပြီး အနက်ခင်းလေပြေလေညင်းက စိတ်ကျေနပ်ရောင့်ရဲမှုတွေနဲ့ ပြည့်နှက်နေတယ်"

ဒါကိုကြားသောအခါ အင်မော်တယ်ဧကရာဇ် အနည်းငယ် ကြက်သေသေသွားသည်။ 

မသေမျိုးဖြစ်ခြင်းက ကြီးမားသည့် လိုက်စားမှုတစ်ခုပင်။ 

ဘယ်သူကများ ထာ၀ရအသက်မရှင်သန်ဘဲ နေချင်မည်နည်း။ 

သို့စေကာမူ ယင်းနောက်တွင် ဖြစ်ပျက်လာမည့်အရာများက ဖြစ်နေကျအရာများသာ မဟုတ်ပေလော။ 

တကယ်တမ်းတွင် ဒါကို အမြဲလိုလို သူတို့အာရုံမစိုက်သည့် အရာတစ်ခုသာ။ 

တစ်ခါတစ်ရံ လူတစ်ယောက်က ပတ်၀န်းကျင်က အနေကြာသွားဖြင့် ပတ်၀န်းကျင်က ရှုခင်းကိုပင် မေ့သွားနိုင်သည်။ 

လုချန်ရှန်းပြောခဲ့တာကို စိတ်ကူးယဉ်ကြည့်ရင်း ဒီမြင်ကွင်းက အတော်လေးလှပပြီး အေးချမ်းပုံရသည်ဟု အင်မော်တယ်ဧကရာဇ် ရုတ်တရက် ခံစားလိုက်ရသည်။ အပြန်အလှည့်လှည့်စားမှု၊ ပရိယာယ်များအကြောင်းကို တွေးနေစရာမလို။ 

ဒါကိုတွေးမိသောအခါ အင်မော်တယ်ဧကရာဇ် ပြုံးလိုက်လေသည်။ 

"ငါနုတ်ထွက်တဲ့အခါကျရင် ငါ့အတွက် နေရာတစ်နေရာ ချန်ထားပေးပါ၊ ငါလည်း ဒီလိုဘ၀မျိုးကို တွေ့ကြုံခံစားကြည့်ချင်တယ်"

သို့စေကာမူ လုချန်ရှန်း အင်မော်တယ်ဧကရာဇ်ကို အထင်အမြင်သေးစွာ ကြည့်သည်။ 

"ခင်ဗျားမလာရင် ပိုကောင်းတယ်၊ ခင်ဗျားသာလာမယ်ဆိုရပ် ကျုပ်နောက်ထပ်ခွက်တစ်လုံးနဲ့ စားစရာတွေ ထပ်ဖြည့်နေရဦးမယ်"

ပိုအရေးကြီးတာက ဒါက ကံကြမ္မာကိုတောင် ပြောင်းလဲသွားစေနိုင်တယ်!

အင်မော်တယ်ဧကရာဇ် "....."

....

ဒီလိုနှင့် ရက်တစ်ရာကုန်ဆုံးသွားခဲ့သည်။ 

ဖန်ချန်းပတ်ပတ်လည်က မြင်ကွင်းက ပျောက်ကွယ်သွားသည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း စိတ်လှည့်စားမှုကမူ တည်ရှိနေဆဲပင်။ 

ဒီပုံရိပ်ယောင်နယ်မြေဝိဉာဉ်က အတော်လေးကြီးမားသည်။ 

ရက်တစ်ရာခန့် အရူးအမူးစုပ်ယူပြီးနောက် လက်ရှိဖန်ချန်းက မြင့်မြတ်အစီအရင်အကျဉ်းထောင်ခန္ဓာကျင့်စဉ်၏ ဒုတိယအဆင့်ဖြစ်သည့် သွေးကြွက်သားအဆင့်ကို တက်လှမ်းပြီးသွားပြီဖြစသည်။ 

တစ်ချိန်တည်းမှာပင် သူ့နယ်ပယ်ကလည်း ခုန်ပျံကျော်လွှားသွားခဲ့ပြီး သူကောင်းကင်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်ကို တစ်ချက်တည်းနှင့် တက်လှမ်းသွားခဲ့သည်။ 

သို့သော် ဖန်ချန်းကပို၍ပင် အံ့ဩသင့်နေသည်။ 

ဒီနေရာက ပုံရိပ်ယောင်လှည့်စားမှု အစီအရင်ဝိဉာဉ်ကို စုပ်ယူပြီးနောက် သူ့ကိုယ်ခန္ဓာက လှည့်စားမှုအစီအရင်စွမ်းအားနှင့် ပြည့်နှက်နေသည်။ 

တစ်နည်းအားဖြင့် သူရုပ်ခန္ဓာနှင့် တိုက်ခိုက်နေသရွေ့ တစ်ဘက်လူကို ပုံရိပ်ယောင်လှည့်စားမှုထဲ ၀င်စေပြီး သူ့စိတ်အခြေအနေကို သက်ရောက်အောင် လုပ်ပစ်နိုင်သည်။ 

ဒါကအတော်လေးကြောက်စရာကောင်းသည်။ 

သို့စေကာမူ ဒါကဘယ်လောက်ကြာကြာ ခံနိုင်သည်၊ ဘယ်လောက်ထိ သက်ရောက်နိုင်သည် သို့မဟုတ် တခြား အသုံး၀င်မှုများရှိသလားဆိုတာကို သူသာလျှင် သိပေလိမ့်မည်။ 

ဒီအဆင့်ကိုရောက်ပြီးနောက် ဖန်ချန်းစုပ်ယူနေတာကိုရပ်ပြီး ပျောက်ကွယ်နေသည့် ပတ်၀န်းကျင်နှင့် ပြန်ပေါ်လာသော လမ်းကွေ့လေးကိုကြည့်ရင်း ရှေ့သို့ လျှောက်သွားသည်။ 

လူတစ်ယောက်က သူဝါးနိုင်တာထက်ပိုပြီး မကိုက်သင့်ပေ။ 

ပုံရိပ်ယောင်လှည့်စားမှုကို ဖြတ်ကျော်ပြီးနောက် ဖန်ချန်းလမ်းကွေ့လေးကနေ အလျင်အမြန် ထွက်လာပြီး တောင်ထိပ်ကို ရောက်လာသည်။ 

သူ့ရှေ့တွင် တိမ်များနှင့်၀န်းရံနေသည့် ရေကန်တစ်ကန်ရှိသည်။ 

ရေကန်ထဲက ရေများက ကြည်လင်နေသော်လည်း ဒီနေရာကို အဆုံးမဲ့အင်မော်တယ်ချီနှင့် နိယာမစွမ်းအားတို့က ဖြည့်စွက်ပေးထားပုံရသည်။ 

"ဒါက အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ဘုံရေကန် ဖြစ်ရမယ်"

သို့စေကာမူ ကောင်းကင်ဘုံရေကန်အနီးသို့ သူချဉ်းကပ်ရန်ပြင်လိုက်စဉ် မမြင်ရသည့် အတားအဆီးတစ်ခုက ဖန်ချန်းကို တားဆီးသည်။ 

တောင်ကြားက လမ်းကွေ့လေးမှ အောင်မြင်သူများ၊ သို့မဟုတ် ဖယ်ရှားခံရသူများထွက်ပေါ်ပြီးမှသာ သူတို့အားလုံး ၀င်နိုင်မည်ဖြစ်သည်။ 

အနီးအနားတွင် တစ်ယောက်မှရှိမနေတာကို တွေ့ရသဖြင့် ဖန်ချန်းပခုံးတွန့်ရင်း တင်ပလ္လင်ခွေထိုင်လိုက်သည်။ 

သူရရှိထားသည့် ပုံရိပ်ယောင်လှည့်စားခြင်း အစီအရင်အကြောင်း စတင်လေ့လာ၍ ရလောက်သည်။ 

.....

နောက်ထပ်ဆယ်ရက်အကြာတွင် ဖန်ချန်းနောက်မှ နင်းချန်ရှင်းအရင်ဆုံးထွက်လာခဲ့သည်။ 

ကွန်ဖြူးရှပ်တာအိုကို ကျင့်ကြံခြင်းနှင့် စိတ်ကိုကျင့်ကြံခြင်းက အရေးအကြီးဆုံးပင်။ 

နင်းချန်ရှင်းက ဒုတိယမြောက်ထွက်လာနိုင်တာ အံ့ဩသင့်စရာမရှိတော့။ 

သူ့နောက်တွင် ယန်ဖုန်းဖြစ်သည်။ 

ယန်ဖုန်း ကျင့်ကြံနေသည့် ဖန်ချန်းနှင့် သူ့ကို  စောင့်ကြပ်ပေးနေသည့် နင်းချန်ရှင်းတို့ကို တွေ့ရသောအခါ အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ 

နောက်တော့ ယဲ့ချိုးပိုင်နှင့် မုဖူရှန်းဖြစ်ပြီး သူတို့နောက်တွင် ချူကျင်း၊ ဟန်လုနှင့် ဖင်းယန်တို့ဖြစ်သည်။ 

နောက်ဆုံးထွက်လာသောသူက စံအိမ်တော်က လူတိုင်းကို အံ့ဩသင့်သွားစေသည်။ 

သူကရှောင်ဟိုင်ဖြစ်သည်။ 

အပိုင်း(931) coming။ 

All Chapters