← Chapters

#‌အဆင့်နိမ့်ကြယ်နယ်မြေကပ်ဘေး#

Vol. 66 Ch. 931

#‌အဆင့်နိမ့်ကြယ်နယ်မြေကပ်ဘေး#

Vol. 66 Ch. 931

ဖန်ချန်းက ပုံရိပ်ယောင်လှည့်စားမှုကနေ ပထမဆုံးထွက်လာသူဆိုတာ သိသာထင်ရှားနေသည်။ 

လူတိုင်း ကျင့်ကြံခြင်းတွင် နစ်မြှုပ်ထားသည့် ဖန်ချန်းကိုကြည့်ရင်း ဆွံအကာ တုန်လှုပ်ချောက်ချားနေကြ၏။ 

ဒါက သူတို့အမြန်နှုန်းထက်ပင် အများကြီးပိုမြန်ပုံရသည်။ 

မဟုတ်ပါက သူဒီမှာထိုင်ပြီးကျင့်ကြံနေသည်အထိ အရမ်းပျင်းရိနေမည်မဟုတ်။ 

ချူကျင်း ဒီမြင်ကွင်းကိုမြင်သောအခါ သူမ၏မျက်ခုံးများက လေးနက်သွားပြီး တောင်ကြားက လမ်းသွယ်လေးကို မဖြတ်ကျော်နိုင်ခဲ့ကြသည့် လင်းဟိုင်နှင့် လီရှောင်တို့ အသံပို့လွှတ်လိုက်သည်။ 

"ပြန်သွားပြီး ဒီကိစ္စကိုတင်ပြလိုက်၊ အင်မော်တယ်နန်းတော်ရဲ့ စမ်းသပ်မှုအစီအရင်မှာ အမှားတစ်ခုခုရှိနေသလားဆိုတာ အကြီးအကဲတွေကို စစ်ဆေးခွင့်ပေးလိုက်"

ပြဿာနာတစ်ခုခုသာမရှိပါက သူတို့ဘယ်လိုလုပ် ဒီလိုပါရမီရှိသည့်လူတစ်ယောက်ကို လက်လွှတ်ပေးနိုင်မည်နည်း။ 

ဒါ့အပြင် သူက အင်မော်တယ်နန်းတော် ၀င်ပေါက်တွင် အကြာကြီးဒူးထောက်နေခဲ့သည်။ 

လင်းဟိုင်နှင့် လီရှောင်တို့ ဒီသတင်းကို ကြားသောအခါ သူတို့ကလည်း ကြက်သေသေသွားကြပြီးနောက် ခါးသီးစွာပြုံးရင်း ခေါင်းညိတ်ရုံသာ တတ်နိုင်သည်။ 

အစပိုင်းက ပါရမီစမ်းသပ်မှု၌ အမှားတစ်ခုရှိခဲ့လျှင်ပင် နောက်ပိုင်းစစ်ဆေးမှုများတွင် သူတို့လည်း ရှိနေသည်မဟုတ်ပေလော။ 

အစီအရင်ထဲက ပြုပြင်မွမ်းမံသည့် စမ်းသပ်မှုကလွဲပြီး ဖန်ချန်း တခြားစမ်းသပ်မှုများ၌ အင်မော်တယ်နန်းတော်၏ လူသစ်စုဆောင်းမှုစံနှင့် မကိုက်ညီဟု ဆို၍ရဟည်။ 

ထို့ကြောင့်လည်း ဖန်ချန်းကို ပယ်ချခဲ့ခြင်းဖြစ်သည်။ 

သို့သော် ယခုကြည့်ရသည်မှာ ဖန်ချန်း၏ပါရမီက အင်မော်တယ်နန်းတော်က တပည့်အများစုထက်ပင် ပိုမြင့်မားနေသည်။ 

အင်မော်တယ်နန်းတော်ရှေ့မှာ အချိန်အကြာကြီး ဒူးထောက်ပြီးနောက်မှာ သူအသိအမြင်ရသွားတာများ ဖြစ်နိုင်မလား!

ဒါက နည်းနည်းရယ်စရာကောင်းလွန်းမနေဘူးလား!

လောလောဆယ်တွင် တခြားသူများကို လျစ်လျူရှုရင်း စံအိမ်တော်ကလူများနှင့် ဖင်းယန်တို့၏ ၀န်းရံခြင်းကို ခံထားရသည့် ဖန်ချန်းမှာ ကျင့်ကြံနေသည်။ 

တိတိကျကျဆိုရပါက ဖန်ချန်း ကျင့်ကြံနေခြင်းမဟုတ်သလို သူ့နယ်ပယ်ကို တည်ငြိမ်အောင် လုပ်နေခြင်းလည်းမဟုတ်ပေ။ 

ယင်းအစား တောင်ကြောက လမ်းသွယ်လေးထဲရှ် ကောင်းကင်ထိုးဖောက်တောင်၏ ပုံရိပ်ယောင်လှည့်စားခြင်း အစီအရင်ကို စုပ်ယူပြီးနောက် သူဘယ်လောက်ထိ တိုးတက်လာခဲ့သလဲဆိုတာ တွေ့ကြုံခဲစားနေခြင်းသာ။ 

ဥပမာအားဖြင့် သူတခြားသူများနှင့် တိုက်ခိုက်သောအခါ သူ့တိုက်ခိုက်မှုတိုင်းတွင် ပြိုင်ဘက်၏ စိတ်အခြေအနေကို သက်ရောက်စေသည့် စိတ်လှည့်စားမှု အစီအရင် သက်ရောက်မှုတစ်ခုရှိသည်။ 

ဒါ့အပြင် သူ့ခွန်အားတိုးလာပြီးနောက် သက်ရောက်မှုကလည်း ပိုပို၍ပင် သိသာထင်ရှားလာသည်။ 

တစ်ချိန်တည်းမှာပင် သူ့၏ ပုံရိပ်ယောင်အစီအရင်အပေါ် စီစဉ်မှုများနှင့် နားလည်မှုတို့က အရင်ကထက် အများကြီးမြန်ဆန်လာတာကို ဖန်ချန်းတွေ့လိုရ်ရသည်။ 

မြင့်မြတ်အစီအရင် ကောင်ကင်စာလိပ်ရှိ ဒုတိယအစီအရင်ကို ကောင်းကင်ဘုံနတ်ဆိုးလေပြင်းဟုခေါ်သည်။ 

ဒါက ပုံရိပ်ယောင်လှည့်စားမှုအစီအရင်တစ်ခုဖြစ်ပြီး အရင်က ဖန်ချန်းတွင် ဒါနှင့် ပတ်သက်ပြီး သဲလွန်စအနည်းငယ်မျှပင် မရှိခဲ့ပါ။ သို့စေကာမူ ယခုကြည့်ရသည်မှာ သူသဲလွန်စတစ်ချို့ကို ဖမ်းဆုပ်နိုင်ပုံရသည်။ 

ဒီစောင့်ဆိုင်းနေသည့် ရက်များအတွင်း ဖန်ချန်း ကောင်းကင်ဘုံနတ်ဆိုးလေပြင်း အစီအရင်ကို နားလည်သဘောပေါက်အောင် လုပ်နေခြင်းပင်။ 

နောက်ဆုံးတော့ သူကျင့်ကြံတာကို အဆုံးသတ်လိုက်ပြီး ထရပ်ကာ ၀န်းကျင်က လူများအားကြည့်လိုက်၏။ 

"နောက်ဆုံးတော့ အားလုံးရောက်လာကြပြီပဲ"

ချူကျင်း "....."

ဟန်လု "....."

ယန်ဖုန်း "....."

ဖင်းယန် "....."

မုဖူရှန်းခါးသီးစွာပြုံးရင်း ဖန်ချန်းပခုံးကို ပုတ်လိုက်သည်။ 

"မင်းစကားလုံးတွေကို မင်းကို အလွယ်တကူ အရိုက်ခံရနိုင်စေတယ်ဆိုတာကိုရော မင်းသိလား"

ဖန်ချန်းကလည်း သူ့စကားလုံးများက အနည်းငယ် လေလုံးထွားရာကျသွားတာကို သဘောပေါက်သွား၏။ သို့သော် သူပြောပြီးဖြစ်လေရာ ခေါင်းကိုသာ ကုတ်လိုက်တော့သည်။ 

အောင်မြင်ခဲ့သောသူများထဲတွင် စံအိမ်တော်ကလူတိုင်း၊ ချူကျင်း၊ ဟန်လု၊ ယန်ဖုန်းနှင့် ဖင်းယန်တို့ဖြစ်ပြီး ကျန်သောသူအားလုံး ကျရှုံးခဲ့ကြရသည်။ 

ဒီအခိုက်အတန့်မှာပင် အင်မော်တယ်တွေ့ဆုံခြင်းကောင်းကင်ဘုံရေကန်၏ အတားအဆီးကလည်း ပျောက်ကွယ်သွားသည်။ 

ထူထဲသည့်နိယာမစွမ်းအားနှင့် အင်မော်တယ်ဆန္ဒတို့က လေပြင်းများပမာ ထိုးတက်လာကြ၏။ 

ဒါကအရမ်းထူထဲလွန်းသဖြင့် ဒီပုံရိပ်ယောင်စွမ်းအားက ရုပ်ပုံဖော်လာသည်ဟုပင် လူတိုင်းခံစားလိုက်ကြရသည်။ 

၎င်းတို့က သူတို့ ဒီနေရာတွင် ကျင့်ကြံရန်သာ လိုအပ်သည့်အလား သူတို့ကိုယ်တစ်ခုလုံးကို လုံး၀လွှမ်းခြုံပစ်ကြ၏။ 

တာအိုနိယာမစွမ်းအားအပေါ် သူတို့၏ ကျွမ်းကျင်မှုနှင့် ကျင့်ကြံခြင်းနှုန်းကည်း အကြီးအမားတိုးတက်လာသည်။ 

လူတိုင်း အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ဘုံရေကန်ထဲကို ၀င်သွားသည့်မြင်ကွင်းအား အင်မော်တယ်ဧကရာဇ်နှင့် လုချန်ရှန်းတို့လည်း သတိထားမိကြပါသည်။ 

အင်မော်တယ်ဧကရာဇ် လုချန်ရှန်းကို အပြုံးဖြင့် ကြည့်လိုက်သည်။ 

"အားလုံး အင်အားစုတစ်ခုအဖြစ် ၀င်သွားကြပြီ၊ ဒါကပထမဆုံးအကြိမ်ပဲ၊ ငါတို့အင်မော်တယ်နန်းတော်တောင် တစ်ခါမှ ဒီလိုမလုပ်နိုင်ခဲ့ဘူး"

"မင်းရဲ့ဒီတပည့်တွေက မရိုးရှင်းဘူး"

လုချန်ရှန်းလက်ဝှေ့ယမ်းသည်။ 

"သူတို့က အလှမ်းဝေးနေပါသေးတယ်"

အင်မော်တယ်ဧကရာဇ် "နောက်နေ့ငါတို့ တိုက်ခိုက်ကြရအောင်၊ မင်းက အရိုက်ခံရဖို့ကို တောင်းဆိုနေတာပဲ"

လုချန်ရှန်းပြောသည်။ 

"မလိုပါဘူး၊ ခင်ဗျားကျုပ်ကို သဘောမကျတာတောင် မရိုက်နိုင်တာကို ကျုပ်တကယ်သဘောကျတယ်"

အင်မော်တယ်ဧကရာဇ် "....."

....

လောလောဆယ်အဆင့်နိမ့်ကြယ်နယ်မြေတွင် သေမင်းဝိဉာဉ်နန်းတော်က ကျွမ်းကျင်သူများ၏ ကျူးကျော်မှုအောက်တွင် ဂိုဏ်းတစ်၀က်ကျော်က အညံ့ခံကြောင်း ကြေညာလိုက်ကြပြီဖြစ်သည်။ 

တစ်ချိန်တည်းမှာပင် တိမ်ဖီးနစ်အင်ပါယာက ခုခံနေဆဲဖြစ်သော်လည်း ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။ အရေးပါသော လူအနည်းငယ်ကသာ ဟုန်ရင် လုချန်ရှန်းထံမှ ယူခဲ့သည့် အသက်ကယ်ပစ္စည်းအနည်းငယ်ကြောင့် ယာယီလွတ်မြောက်သွားခဲ့သည်။ 

ကြယ်ကြွေနယ်မြေကလည်း အဆင့်နိမ့်ကြယ်နယ်မြေတွင် အားကောင်းသည့် နယ်မြေတစ်ခုပင်။ 

ကောင်းကင်က မရေမတွက်နိုင်လောက်သည့် ဝိဉာဉ်များနှင့်ဖုံးလွှမ်းနေပြီး မီးခိုးနက်များကို နေရာတိုင်းတွင် တွေ့နိုင်သည်။ 

ဒီနယ်မြေကဂိုဏ်းများက သေမင်းဝိဉာဉ်နန်းတော်ကို အညံ့ခံပြီးကြလေပြီ။ 

ကြယ်ကြွေနယ်မြေက အားအကောင်းဆုံးဂိုဏ်းဖြစ်သည့် လေးပင်လယ်ဂိုဏ်းတွင်ဖြစ်သည်။ 

"မဟာအကြီးအကဲ၊ တိမ်ဖီးနစ်အင်ပါယာရဲ့ အကြွင်းအကျန်တွေကို ရှာမတွေ့သေးပါဘူး"

မဟာအကြီးအကဲလက်ဝှေ့ယမ်းသည်။ 

"တိမ်ဖီးနစ်အင်ပါယာရဲ့ အကြွင်းအကျန်တွေကို အစွမ်းကုန်ရှာဖွေကြ၊ မဟုတ်ရင် ငါတို့ အဲဒီလူတွေကို ဖြေရှင်းချက်တစ်ခု မပေးနိုင်ရင် ဒီကြယ်ကြွေနယ်မြေမှာ ထပ်ပြီး ထူထောင်နိုင်စွမ်းရှိမှာ မဟုတ်တော့ဘူး"

"နားလည်ပါပြီ"

.....

ဝိဉာဉ်နှလုံးသားနယ်မြေ!

ဝိဉာဉ်နှလုံးသားဂိုဏ်း!

"တိမ်ဖီးနစ်အင်ပါယာရဲ့ အကြွင်းအကျန်တွေကို ရှာမတွေ့သေးဘူးလား"

"ကြိုးစားပြီးရှာကြ"

"ဒါကမလုံလောက်သေးဘူး၊ တခြားဂိုဏ်းတွေနဲ့ ပူးပေါင်းပြီး အစွမ်းကုန် ရှာဖွေကြရအောင်"

......

ခရမ်းစပျစ်နယ်မြေ!

ခရမ်းစပျစ်ဂိုဏ်း!

"တိမ်ဖီးနစ်အင်ပါယာရဲ့အုပ်ချုပ်မှုက ပြီးဆုံးသွားပြီ၊ အဲဒီအကြွင်းအကျန်တွေကို ငါတို့ရှာနိုင်သရွေ့ ငါတို့ခရမ်းစပျစ်ဂိုဏ်းက ခရမ်းစပျစ်နယ်မြေကို ကြီးစိုးတဲ့နေရာမှာ ထပ်ပြီး ရပ်တည်နိုင်လိမ့်မယ်"

"မြန်မြန်ရှာကြ၊ သူတို့ကိုတွေ့တဲ့အခါ အသက်ရှင်လျက် ဖမ်းနိုင်မယ်ဆိုရင် အကောင်းဆုံးပဲ၊ မရဘူးဆိုရင်တော့ တိုက်ရိုက်သတ်ပစ်လိုက်ကြ"

.....

အခြေခံအားဖြင့် နယ်မြေတိုင်းက အတင်းအကျပ်လုပ်ခံနေရသည်။ သူတို့ အကျိုးအမြတ်ခံစားရန်အတွက်ဖြစ်စေ သို့မဟုတ် တိမ်ဖီးနစ်အင်ပါယာ၏ အုပ်ချုပ်မှုကို ပြန်ရယူရန်အတွက် ပရမ်းပတာကို အခွင့်ကောင်းယူရန်ဖြစ်စေ အားလုံး ရှာဖွေနေကြသည်။ 

အဆင့်နိမ့်ကြယ်နယ်မြေ၏ အားအကောင်းဆုံးဖြစ်သည့် နယ်နိမိတ်မဲ့ကမ္ဘာက နယ်နိမိတ်မဲ့အင်ပါယာတွင် ဧကရာဇ် မုကျင်းထင် အပြင်ကမီးခိုးများကို ကြည့်ပြီးမေးသည်။ 

"သူတို့တိုက်ခိုက်လာကြပြီလား"

၀န်ကြီးတစ်ယောက်က လေးနက်သည့် အမူအရာဖြင့် ခေါင်းညိတ်သည်။ 

"အင်အားစုအများစုက ပြိုကွဲပြီး ထွက်ပြေးနေကြပါပြီ"

နယ်နိမိတ်မဲ့ကမ္ဘာရှိ တိမ်ဖီးနစ်အင်ပါယာနောက်ကွယ်တွင် ဘယ်လိုတည်ရှိမှုမျိုး ရပ်တည်နေသလဲဆိုတာ သူတို့ကောင်းကောင်းသိကြပါသည်။ 

ထို့ကြောင့် သူတို့ဖြိုခွဲဖျက်ဆီးခံရလျှင်ပင် ထိုမိစ္ဆာများကို ကူညီမည်မဟုတ်ပေ။  

စံအိမ်တော်က လူများပြန်လာတာနှင့် ဒီကာလက ပြီးဆုံးသွားပေလိမ့်မည်။ 

သူတို့အဖို့ တိမ်ဖီးနစ်အင်ပါယာ၏ သေခြင်းရှင်ခြင်းကို ဂရုမစိုက်ရန်ဟူသည် မဖြစ်နိုင်။ 

ဒါက စံအိမ်တော်၏ ဒုတိယတပည့်ဖြစ်သည့် ဟုန်ရင်ကိုယ်တိုင် တည်ထောက်ခဲ့သော အင်ပါယာဖြစ်သည်။ 

မုကျန်းထင်ခေါင်းညိတ်သည်။ 

"ဒီလိုဆိုရင်ရော၊ လူတွေကို သူတို့ရဲ့သားစဉ်မြေးဆက်တွေနဲ့အတူ အရင်ဆုံးထွက်ခွာဖို့အတွက် စီစဉ်ပေးလိုက်ကြ"

မုကျန်းထင်၏စကားလုံးများကို ကြားသောအခါ ၀န်ကြီးများ၏ အမူအရာများက အေးခဲသွားကြ၏။ 

"အရှင်မင်းကြီး၊ အရှင်မင်းကြီးကရော"

"ငါလား" မုကျန်းထင်ပြုံးသည်။

"ငါကဘုရင်ပဲ၊ မင်းဆက်ဖျက်ဆီးခံနေရတဲ့အချိန်မှာ ငါအရင်ဆုံးထွက်ပြေးမယ်ဆိုရင် ငါဘယ်လိုပုံပေါက်နေမယ်ထင်လဲ"

"မင်းဆက်တည်ရှိသရွေ့ ငါတည်ရှိမယ်၊ မင်းဆက်ဖျက်ဆီးခံရရင်တော့ ငါလည်း ဖျက်ဆီးခံရလိမ့်မယ်"

"ဒါ့အပြင် ဖူရှန်းနဲ့ ကျန်တဲ့သူတွေ ပြန်လာတဲ့အခါကျရင် အဲဒီအုပ်စုကို လွှတ်ပေးမှာမဟုတ်ဘူး"

၀န်ကြီးများ၏ မျက်လုံးများက နီရဲသွားကြပြီး နောက်က ဗိုလ်ချုပ်များက ချက်ချင်းဆိုသလို တစ်ဦးပြီးတစ်ဦး ဒူးထောက်ကြသည်။ 

သူတို့နောက်တွင် မီးခိုးနက်များလိပ်တက်နေပြီး ခန်းမထဲကနေ မရေမတွက်နိုင်လောက်သည့် အော်ဟစ်သံများ ထွက်လာသည်။ 

"မင်းဆက်နဲ့အတူရှင်သန်ပြီး သေဆုံးဖို့အတွက် ကျွန်တော်တို့ကျိန်ဆိုပါတယ်"

.....

တခြားတစ်ဘက်တွင် လူရိုင်းဒေသကိုလည်း အနည်းငယ်ရောက်လာခဲ့ကြသည်။ 

အပိုင်း(932) coming။ 

All Chapters