#ခွန်အားအရာ၌ တိုးမြှင့်ခြင်း၊ ရုတ်တရက်ပြောင်းလဲမှု#
Vol. 66 Ch. 932
အင်မော်တယ်တွေ့ဆုံခြင်းကောင်းကင်ဘုံရေကန်!
ဒီကောင်းကင်ဘုံရေကန်ထဲသို့၀င်ပြီး ကျင့်ကြံပါက တာအိုနိယာမစွမ်းအားအပေါ်ကျွမ်းကျင်မှုနှင့် ကျင့်ကြံခြင်းမြှင့်တက်နှုန်းကလည်း အကြီးအမားတိုးတက်လာပေလိမ့်မည်။
အရေးအကြီးဆုံးအချက်က အင်မော်တယ်တွေ့ဆုံခြင်းအမှတ်အသားကို အောင်မြင်စွာ သိပ်သည်းကျုံ့သွားအောင် လုပ်နိုင်ပါက ကံတရားကိုလည်း တိုးမြှင့်၍ရပေသည်။
ကံတရားကဲ့သို့ ပုံရိပ်ယောင်အရာမျိုးက အလွန်အမင်းအသုံး၀င်သည်။
ဒါ့အပြင် ဒါက သာမန်လိုအပ်ချက်များနှင့် ရနိုင်သည့် အရာတစ်ခုမဟုတ်ပေ။
ထို့ကြောင့် အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ထိုးဖောက်တောင်၊ အထူးသဖြင့် အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ဘုံရေကန်ကို အင်မော်တယ်နယ်မြေက မရေမတွက်နိုင်လောက်သော ကျင့်ကြံသူများ လိုလားတောင့်တကြသည်။
သူတို့က အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ထိုးဖောက်တောင်ကို အင်မော်တယ်နယ်မြေ၏ နံပါတ်တစ်လျှို့ဝှက်နယ်မြေအဖြစ် မှတ်ယူကြသည်။
.....
ယခုအချိန်တွင် လူတိုင်း၀င်သွားကြပြီဖြစ်သည်။
သူတို့ အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ဘုံရေကန်ကို ၀င်လိုက်သည့် အခိုက်အတန့်၌ သူတို့၀န်းကျင်၌ သူတို့နားလည်သဘောပေါက်၍ ရနိုင်သည့် မရေမတွက်နိုင်လောက်သော နိယာမစွမ်းအားနှင့် အင်မော်တယ်ဆန္ဒတို့ ရစ်ဝဲနေတာကို ခံစားနိုင်ပါသည်။
ဖင်းယန်ရှင်းပြသည်။
"အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ဘုံရေကန်အတွက် အချိန်သတ်မှတ်ချက်က ရက်ခြောက်ဆယ်ပဲ၊ ရက်ခြောက်ဆယ်ကုန်သွားတာနဲ့ အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ထိုးဖောက်တောင်က ငါတို့ကို ဖယ်ထုတ်ပစ်လိမ့်မယ်"
"ဒါကြောင့် အင်မော်တယ်တွေ့ဆုံခြင်း အမှတ်အသားကို သိပ်သည်းအောင် လုပ်ချင်တယ်ဆိုရင်တော့ ရက်ခြောက်ဆယ်အတွင်းမှာ အောင်မြင်အောင်လုပ်မှရမယ်"
ယဲ့ချိုးပိုင်မေးသည်။
"အင်မော်တယ်တွေ့ဆုံခြင်းအမှတ်အသားကို ဘယ်လိုသိပ်သည်းအောင် လုပ်ရတာလဲ"
"ငါလည်းမသေချာဘူး" ဖင်းယန်ခါးသီးစွာ ပြုံးသည်။
"အင်မော်တယ်တွေ့ဆုံခြင်းအမှတ်အသားက ကံတရားကို တိုးစေတဲ့ ပစ္စည်းတစ်ခုပဲ၊ ရှေးခေတ်ကတည်းကနေ အခုအချိန်ထိ လူကိုးယောက်ပဲ အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ထိုးဖောက်တောင်မှာ သိပ်သည်းအောင် လုပ်နိုင်ခဲ့တယ်..."
"ဒီမျိုးဆက်က အင်မော်တယ်ဧကရာဇ်က ဒီထဲက တစ်ယောက်ပဲ၊ အဲဒီအချိန်က အင်မော်တယ်တွေ့ဆုံခြင်း အမှတ်အသားကို ဘယ်လိုသိပ်သည်းအောင် လုပ်ရမလဲဆိုတာ အင်မော်တယ်ဧကရာဇ် တစ်ခါ လူသိရှင်ကြားပြောခဲ့တယ်၊ ရှင်းရှင်းပြောရရင် ဒါကို ခြေရာခံလို့မရဘူး"
"အင်မော်တယ်ဧကရာဇ်ရဲ့ အဆိုအရဆိုရင် အရာအားလုံးက ကံတရားအပေါ် မူတည်တယ်၊ အင်မော်တယ်တွေ့ဆုံခြင်းနဲ့ ကံပါလာရင် ကောင်းကင်ထိုးဖောက်တောင်မှာ ဒါကို သိပ်သည်းအောင် လုပ်နိုင်လိမ့်မယ်၊ တကယ်လို့ ကံမပါဘူးဆိုရင်တော့ ဘယ်လောက်ပဲ သိပ်သည်းအောင် လုပ်ဖို့ ကြိုးစားကြိုးစား၊ ဖန်တီးနိုင်မှာမဟုတ်ဘူး၊ အရည်အချင်းက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ အတူတူပဲဖြစ်နေမှာ"
ဒါကို ရှေးခေတ်ကတည်းက ယခုအချိန်ထိ လက်ဆင့်ကမ်းလာခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ နှစ်များစွာအတွင်း မရေမတွက်နိုင်လောက်သည့် ပါရမီရှင်များတော့ ရှိသည်သာ။
အရည်အချင်းရှိတိုင်းသာ ရနိုင်မည်ဆိုပါက ယခုလိုအချိန်အတော်လေး ကြာသည့်တိုင် ဘယ်လိုလုပ် လူကိုးယောက်တည်းသာ အောင်မြင်ခဲ့မည်နည်း။
ဖင်းယန်ခါးသီးစွာပြုံးသည်။
"ဒါပေမယ့် အင်မော်တယ်အမှတ်အသားကို သိပ်သည်းအောင် လုပ်ခဲ့ကြတဲ့သူတွေက အဲဒီခေတ်ရဲ့ အားအကောင်းဆုံးကျွမ်းကျင်သူတွေဖြစ်လာကြတယ်"
မုဖူရှန်း လက်အစုံကိုဖြန့်လိုက်သည်။
"ဒီလိုဆိုမှတော့ အရာရာတိုင်းက ကံတရားပေါ် မူတည်နေတယ်လေ၊ ဒါကို ပုံဖော်နိုင်ဖို့ဆိုတာက ကိုယ့်ကိုကိုယ်အပေါ်ပဲ မူတည်တယ်၊ ဒါက နည်းလမ်းမရှိဘူးလို့ ဆိုလိုနေတာပဲမလား"
"ကောင်းပြီ၊ မြန်မြန်လေးကျင့်ကြံကြရအောင်၊ ငါတို့အင်မော်တယ်တွေ့ဆုံခြင်းအမှတ်အသားကို သိပ်သည်းအောင် မလုပ်နိုင်ဘူးဆိုရင်တောင် ဒီပတ်၀န်းကျင်မှာ ရက်ခြောက်ဆယ်ကျင့်ကြံတာက ငါတို့ကို အများကြီး တိုးလာစေလိမ့်မယ်"
လူတိုင်း အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ဘုံရေကန်ထဲတွင် စတင် ကျင့်ကြံကြလေတော့သည်။
....
ဖင်းယန်ချိုင့်ဝှမ်း၌ ဖင်းယန်နန်းတော်တွင် အရေးကြီးသောကိစ္စရပ်များကို ဆွေးနွေးနေကြသည်။
ဆွေးနွေးမှုအပြီးတွင် အကြီးအကဲတစ်ယောက်က ချိုင့်ဝှမ်းသခင်ကို ကြည့်ပြီး အပြုံးဖြင့်မေးသည်။
"ချိုင့်ဝှမ်းသခင်၊ ဖင်းယန် အင်မော်တယ်တွေ့ဆုံခြင်းအမှတ်အသားကို သိပ်သည်းအောင် လုပ်နိုင်မယ်ထင်လား"
ဒီမေးခွန်းကို ကြားသောအခါ ချိုင့်ဝှမ်းသခင်ခါးသီးစွာပြုံးသည်။
"အင်မော်တယ်တွေ့ဆုံခြင်းအမှတ်အသားက သိပ်သည်းအောင်လုပ်ဖို့အတွက် ဘယ်လိုလုပ် ဒီလောက်ထိ လွယ်ကူမှာလဲ၊ ဒီခေတ်မှာပင် အင်မော်တယ်ဧကရာဇ်အရှင် တစ်ဦးတည်းပဲ သိပ်သည်းအောင် လုပ်နိုင်ခဲ့တာ"
"ဒါပေမယ့် ဒီတစ်ကြိမ်တော့ အင်မော်တယ်တွေ့ဆုံမှုအမှတ်အသားတစ်ခု သေချာပေါက်ရှိရမယ်"
ချိုင့်ဝှမ်းသခင်၏ စကားလုံးများက လူတိုင်း၏ အာရုံကို ဖမ်းစားသွားခဲ့သည်။
မဟာအကြီးအကဲကလည်း သိချင်သွားသည်။
"အင်မော်တယ်နန်းတော်က တစ်ယောက်ယောက်က ဒါကိုသိပ်သည်းအောင် လုပ်နိုင်မယ်လို့ ချိုင့်ဝှမ်းသခင်ပြောတာလား၊ ဒီတစ်ကြိမ်သွားတဲ့သူတွေက ချူကျင်း၊ လင်းဟိုင်နဲ့ လီရှောင်တို့မလား"
"လင်းဟိုင်နဲ့ လီရှောင်တို့ရဲ့ ပင်ကိုယ်ပါရမီက မဆိုးဘူးဆိုပေမယ့် နည်းနည်းတော့ အားနည်းနေကြဆဲပဲ၊ တခြားတစ်ဘက်မှာ ချူကျင်းရဲ့ပင်ကိုယ်ပါရမီက အရမ်းကြောက်စရာကောင်းတယ်၊ အင်မော်တယ်ဘုရင်တွေထဲမှာ သူ့ပြိုင်ဘက်ဖြစ်နိုင်တဲ့သူ အရမ်းနည်းတယ်"
"တကယ်လို့ တစ်ယောက်ယောက်သာ သိပ်သည်းအောင် လုပ်နိုင်မယ်ဆိုရင် သူဖြစ်မယ်မလား"
ချိုင့်ဝှမ်းသခင်ခေါင်းခါယမ်းသည်။
"မဟုတ်ဘူး၊ ငါ့အတွေးကတော့ အင်မော်တယ်တွေ့ဆုံခြင်း အမှတ်အသားကို တကယ်သိပ်သည်းအောင် လုပ်နိုင်မယ်ဆိုရင် သူ့ရဲ့တပည့်တွေထဲကပဲ ဖြစ်ရမယ်"
အကြီးအကဲများက ခါးသီးစွာပြုံးသည်။
"သူတို့တွေက တကယ်ပါရမီရှိပေမယ့် ချိုင့်ဝှမ်းသခင် သူတို့ကို အရမ်းအမြင့်မတွေးလွန်းနေဘူးလား"
"ဒါက သဘာ၀ပဲလေ"
ဒီစကားလုံးတွေကို သူအသေအချာပင် ပြောဆိုခဲ့ခြင်းဖြစ်သည်။
.....
တစ်ချိန်တည်းမှာပင် အပြင်ပကမ္ဘာကလည်း ဒီကိစ္စကို မကြာသေးခင်က ဆွေးနွေးနေခဲ့သည်။
အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ထိုးဖောက်တောင်ကို ဖွင့်လှစ်သည့်အကြိမ်တိုင်း ဒါက အင်မော်တယ်နယ်မြေက ဂိုဏ်းတိုင်း၏ အာရုံကို ဆွဲဆောင်လေ့ရှိသည်။ ဒီကာလအတောအတွင်း အကြောင်းအရာက အင်မော်နယ်တွေ့ဆုံခြင်းအမှတ်အသားအကြောင်းဖြစ်သည်။
"ဒီတစ်ကြိမ် ဘယ်သူမှ အင်မော်တယ်တွေ့ဆုံခြင်းအမှတ်အသားကို မသိပ်သည်းနိုင်တာရော ဖြစ်နိုင်လား"
"ဘယ်သူမှ ဒါကိုသိပ်သည်းအောင် မလုပ်နိုင်တာက ပုံမှန်ပဲမလား"
"တစ်ယောက်ယောက်ရှိလာရင်တောင် ချူကျင်း၊ ဒါမှမဟုတ် ယန်ဖုန်းဖြစ်ရမယ်"
"အဲဒီ ကျောက်စိမ်းအင်မော်တယ်မိန်းမပျိုခုနှစ်ဦးထဲက တစ်ဦးဖြစ်တဲ့ ဟန်လုလည်း ဖြစ်နိုင်တာပဲလေ"
"ဒါပေမယ့် ချူကျင်းသာ အင်မော်တယ်တွေ့ဆုံခြင်းအမှတ်အသားကို သိပ်သည်းအောင် လုပ်ခဲ့မယ်ဆိုရင် အင်မော်တယ်ဧကရာဇ် နုတ်ထွက်ပြီးနောက်မှာ သူ့ရာထူးကို သူ့ကိုပေးမှာမလား"
"ဒါကဖြစ်နိုင်ချေအရှိဆုံးပဲ၊ အင်မော်တယ်ဧကရာဇ်အရှင် အင်မော်တယ်ဧကရာဇ် မဖြစ်လာခင်က သူလည်း အင်မော်တယ် တွေ့ဆုံခြင်းအမှတ်အသားကို သိပ်သည်းအောင် လုပ်ခဲ့တယ်လေ၊ အင်မော်တယ်တွေ့ဆုံခြင်း အမှတ်အသားကြောင့်ပဲ အင်မော်တယ်ဧကရာဇ်အရှင်က ထိပ်ဆုံးမှာ ထိုင်နိုင်တာလို့ လူအများစုပြောကြတယ်"
.....
ယခုအချိန်တွင် အင်မော်တယ်ဧကရာဇ်ကလည်း လုချန်ရှန်းကိုမေးနေသည်။
"မင်းတပည့်တွေ သိပ်သည်းအောင် လုပ်နိုင်မယ်လို့ မင်းထင်လား"
ခင်ဗျားနဲ့ဘာဆိုင်လို့လဲ၊မျိုးမစစ် မြေခွေးအိုကြီးရဲ့!
သို့စေကာမူ လုချန်ရှန်းဒါကို ကျယ်ကျယ်မပြောခဲ့ပါ။
"ကျုပ်လည်းမသိဘူး၊ ကျုပ်ကိုမမေးပါနဲ့၊ ခင်ဗျားအရမ်းရှည်လွန်းတာပဲ"
အင်မော်တယ်ဧကရာဇ် "ငါတို့စကားပြောလို့ မရဘူးလား"
လုချန်ရှန်းပြောသည်။
"ဘာပြောစရာရှိလို့လဲ"
ခင်ဗျားကျုပ်ဆီက ထပ်တူးမယ်ဆိုတာသိတယ်၊ ကျုပ်ဘာလို့ခင်ဗျားနဲ့ စကားပြောရမှာလဲ!
အင်မော်တယ်ဧကရာဇ် "....."
....
ကျင့်ကြံခြင်းအချိန်များက အမြဲလိုလို အလျင်အမြန် ကုန်ဆုံးသွားတတ်သည်။
ရုတ်ချည်းဆိုသလို ၅၂ရက်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ဘုံရေကန်၌ လူတိုင်းတိတ်ဆိတ်စွာ ကျင့်ကြံနေကြ၏။ ယခုအချိန်တွင် တခြားသူများကို ပစ်မှတ်ထားတာ တိုက်ခိုက်ရလောက်အောင်အထိ မည်သူကများ ရူးသွပ်နေတော့မည်နည်း။
အချိန်သာရှိပါက ကျင့်ကြံရန်အတွက် အခွင့်အလမ်းကို ဖမ်းဆုပ်ရမည်သာ။ အင်မော်တယ်တွေ့ဆုံခြင်း အမှတ်အသားကို မတော်တဆ သိပ်သည်းအောင် လုပ်နိုင်သွားတာကလည်း ဖြစ်နိုင်သည်မဟုတ်ပေလော။
ထို့ကြောင့် အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ဘုံရေကန်၌ ရန်ငြိုများရှိလျှင်ပင် ဒါကို ယာယီထိန်းသိမ်းထားကြသည်။
မည်သို့ပင်ဆိုစေကာမူ လူတိုင်းတွင် အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ထိုးဖောက်တောင်ကို ၀င်ရန်အတွက် အခွင့်အလမ်းတစ်ခုသာရှိသည်။
ဒီကာလအတောအတွင်း လူတိုင်း၏နယ်ပယ်နှင့် တာအိုနိယာမစွမ်းအားတို့က အနည်းနှင့်အများ တိုးတက်လာခဲ့ကြသည်။
ဥပမာအားဖြင့် ဟန်လုနှင့် ယန်ဖုန်းတို့၏ နယ်ပယ်တို့က ပြေလျော့သွားကြသည်။
ချူကျင်းကမူ ထွက်သွားပြီးနောက်တွင် အင်မော်တယ်အင်ပါယာနယ်ပယ်ကို ချိုးဖျက်နိုင်မည်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူမက အင်မော်တယ်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်နေသည်မဟုတ်ပေလော။
ဖင်းယန်က ပို၍ပင်ရခဲ့သည်။
သူ့နယ်ပယ်က တိုးလာခဲ့သည်သာမက ဒီနေရာက နိယာမစွမ်းအားကို ငှားယမ်းရင်း အင်မော်တယ်မီးကိုးသွယ်ဆန်းကြယ်ခန္ဓာအပေါ် ကျွမ်းကျင်မှုကလည်း ပို၍ပင် နက်ရှိုင်းလာခဲ့သည်။
စံအိမ်တော်က လူများထဲတွင်မူ ယဲ့ချိုးပိုင်၏နယ်ပယ်က ကောင်းကင်အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်ကို ချိုးဖျက်သွားခဲ့သည်။ ပုံမှန်အတိုင်းပင် သူနယ်ပယ်ကို ဖိနှိပ်ထားပြီး အပေါ်ယံ၌ ချိုးဖျက်ခဲ့ခြင်းမရှိပေ။
ဟုန်ရင်က ကောင်းကင်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်သွားခဲ့သည်။
နင်းချန်ရှင်း၏ ကွန်ဖြူးရှပ်တာအိုအပေါ် နားလည်မှုကလည်း အကြီးအမား တိုးတက်လာခဲ့သည်။ သူ့တွင် ကောင်းကင်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်တစ်ဦးကို သတ်ပစ်ရန်အတွက်ပင် စွမ်းအားရှိနေလေပြီ။
ရှောင်ဟိုင်ကမူ သူ့ခန္ဓာကို ပြုပြင်မွမ်းမံရန်နှင့် ထာ၀ရနတ်ဆိုးခန္ဓာကျင့်စဉ်ကို ကျင့်ကြံရန်အတွက် နိယာမစွမ်းအားကို သုံးခဲ့သည်။
ထာ၀ရနတ်ဆိုးခန္ဓာကျင့်စဉ်ကလည်း အဆင့်ခုနှစ်သို့ ချိုးဖျက်သွားခဲ့သည်။
တခြားတစ်ဘက်တွင် ရှီရှန်း ကျင့်ကြံရန်အတွက် ဒီနေရာက ကြယ်တာအိုနိယာမကို ငှားယမ်းခဲ့လေရာ ကောင်းကင်အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်ကို ရောက်သွားခဲ့သည်။
အပေါ်ယံ၌ မုဖူရှန်းကမူ ကောင်းကင်အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်ကို ရောက်နှင့်နေလေပြီ။
သို့စေကာမူ သူကဒီနေရာက မိုးကြိုးနိယာမအများစုကို စုပ်ယူခဲ့လုနီးပါးပင်။
မု၀မ်အာကလည်း တစ်ကြိမ်းတည်းနှင့် ကောင်းကင်အင်မော်တယ်နယ်ပယ်ကို ချိုးဖျက်သွားခဲ့သည်။
ဖန်ချန်းက ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်သွားခဲ့သည်။
သူတို့ထဲက တစ်ယောက်ချင်းစီက သိသိသာသာပင် တိုးတက်လာခဲ့ကြ၏။
သို့စေကာမူ ယခုအချိန်အထိ မည်သူမှ အင်မော်တယ်တွေ့ဆုံခြင်းအမှတ်အသားကို မသိပ်သည်းနိုင်ကြပါ။
ရှစ်ရက်တည်းသာကျန်တော့သည်။
သို့စေကာမူ ၅၃ရက်မြောက်နေ့တွင် မျှော်လင့်မထားသည့် အရာတစ်ခု ဖြစ်ပျက်လာခဲ့သည်။
အပိုင်း(933) coming။