#အင်မော်တယ်တွေ့ဆုံခြင်းအမှတ်အသားသိပ်သည်းခြင်း၊ အင်မော်တယ်ဧကရာဇ် ထိတ်လန့်သွားခြင်း#
Vol. 66 Ch. 933
၅၃ရက်မြောက်နေ့တွင် ရုတ်တရက်ပြောင်းလဲမှုတစ်ခုက အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ထိုးဖောက်တောင်၌ ဖြစ်ပေါ်လာခဲ့သည်။
ရက်အနည်းငယ်အကြာက လူတိုင်း တည်ငြိမ်စွာကျင့်ကြံနေကြပြီး ပုံမှန်မဟုတ်သည့် အရာများဟူ၍မရှိပါ။
သူတို့၏ ဖိနှိပ်ထားသောနယ်ပယ် တိုးတက်လာခြင်းကလွဲပြီး တခြားဘာမှမရှိပေ။
ဒီနေ့တွင်မူ မရေမတွက်နိုင်လောက်သည့် အင်မော်တယ်ဆန္ဒက ရုတ်တရက် စတင်သိပ်သည်းလာကြ၏။
ဒါကိုမြင်သောအခါ လူတိုင်း ကျင့်ကြံခြင်းကို ချက်ချင်းအဆုံးသတ်လိုက်ကြပြီး အင်မော်တယ်ဆန္ဒစုစည်းသွားသည့်ဘက်ကို လှမ်းကြည့်လိုက်ကြသည်။
ဒါက အင်မော်တယ်တွေ့ဆုံခြင်းအမှတ်အသား၏ အနှစ်ချုပ်ဖြစ်နိုင်ပေသည်။
အင်မော်တယ်ဆန္ဒများစုစည်းနေသော နေရာဘက်သို့ လူတိုင်းကြည့်လိုက်သောအခါ သူတို့အားလုံး ကြက်သေသေသွားကြ၏။
မရေမတွက်နိုင်လောက်သည့် အင်မော်တယ်ဆန္ဒများက ယဲ့ချိုးပိုင်အနီးတွင် စတင်သိပ်သည်းနေကြသည်။
ဒီအင်မော်တယ်ဆန္ဒများက ယဲ့ချိုးပိုင်၏ မျက်ခုံးကြားတွင် သိပ်သည်းပြီးနောက် မှိန်ဖျော့သည့် အမှတ်အသားတစ်ခု စတင်ပေါ်လာခဲ့သည်။
ချူကျင်းလေးနက်သည့်အသံဖြင့်ပြောသည်။
"အင်မော်တယ်တွေ့ဆုံခြင်းအမှတ်အသား"
ဒီအချိန်တွင် ဟန်လု၏အမူအရာကလည်း လေးနက်နေသည်။
"ဒီအချိန်မှာ တစ်ယောက်ယောက် အင်မော်တယ်တွေ့ဆုံခြင်းအမှတ်အသားကို တကယ်ပဲ သိပ်သည်းအောင်လုပ်နိုင်မယ်လို့ ငါတကယ်မထင်ထားခဲ့ဘူး"
ယန်ဖုန်းအနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီးနောက် ဘေးကိုကြည့်နေတာကို ရပ်ပြီး ဆက်လက်ကျင့်ကြံနေသည်။ မည်သို့ပင်ဆိုစေကာမူ သူ့ပန်းတိုင်က အင်မော်တယ်တွေ့ဆုံခြင်း အမှတ်အသားဖြစ်သည်။
ဖင်းယန် အနည်းငယ်အံ့ဩသင့်သွားသော်လည်း ယင်းနောက်တွင် အရမ်းကြီးတုံ့ပြန်ခြင်းမရှိပါ။ သူဒါကို ခန့်မှန်းထားပြီးဖြစ်သည်။
အကယ်၍ ဒီတစ်ကြိမ် အင်မော်တယ်တွေ့ဆုံခြင်းသာ အမှန်တကယ်ပေါ်လာမည်ဆိုပါက သိပ်သည်းသောလုပ်နိုင်သောသူက စီနီယာလု၏ တပည့်များအနက်မှ တစ်ဦးဖြစ်ရပေမည်။
သူဒါကိုတွေးနေစဉ် နောက်ထပ်အင်မော်တယ်ဆန္ဒအနည်းငယ်က စတင်သိပ်သည်းလာကြပြန်သည်။
လူတိုင်းလှမ်းကြည့်လိုက်ကြသောအခါ ဟုန်ရင်၊ နင်းချန်ရှင်း၊ ရှောင်ဟိုင်နှင့် မုဖူရှန်းတို့က တစ်ဦးပြီးတစ်ဦး စတင်သွားတာကို တွေ့လိုက်ရသည်။
ယခုအချိန်တွင် ယန်ဖုန်းဖြစ်စေ၊ ဖင်းယန်ဖြစ်စေ သူတို့ငြိမ်ငြိမ်လေး ထိုင်မနေနိုင်ကြတော့ပါ။
သူတို့၏မျက်လုံးထဲတွင် ဟုန်ရင်နှင့် ကျန်သောသူများ၏ မျက်ခုံးကြား၌ မှိန်ဖျော့သည့် အမှတ်အသားတစ်ခုစီရှိသည်။
ချူကျင်းထိတ်လန့်တကြားပြောသည်။
"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ဟန်လုကလည်း မတည်ငြိမ်နိုင်တော့ဘဲ သူမနှလုံးသားက ကသောင်းကနင်းဖြစ်နေသည်။
"တစ်ယောက်ယောက် အင်မော်တယ်တွေ့ဆုံခြင်းအမှတ်အသားကို သိပ်သည်းအောင် လုပ်နိုင်ခဲ့မယ်ဆိုရင်တောင် တစ်ကြိမ်မှာ လူတစ်ယောက်ပဲရှိသင့်တာမလား"
မည်သို့ပင်ဆိုစေကာမူ အကြိမ်တိုင်းတွင် အင်မော်တယ်တွေ့ဆုံခြင်း အမှတ်အသားတစ်ခုတည်းသာရှိနေသည်။
ဒီတစ်ကြိမ် လူငါးယောက်တောင် ရှိနေတာလား!
ယန်ဖုန်း၏မျက်လုံးများက အံ့ဩသင့်မှုများနှင့် ပြည့်နှက်နေသည်။ ရှေးဟောင်းစာအုပ်များတွင်ပင်လျှင် မိသားစုက စီနီယာများ၏ စကားအရ ဒီလိုအရာမျိုးက တစ်ခါမှ မဖြစ်ပျက်ခဲ့ဖူးပါ။
ယခုလိုသာမဖြစ်ပျက်ခဲ့ပါက အင်မော်တယ်တွေ့ဆုံခြင်းအမှတ်အသားက တစ်ကြိမ်တွင် ပိုင်ရှင်ဘယ်နှစ်ယောက်ကို တစ်ပြိုက်တည်း ထုတ်ပေးနိုင်မလဲဆိုတာကို သူတို့သိကြမည်မဟုတ်။
ဖင်းယန်ခါးသီးစွာပြုံးသည်။
အင်မော်တယ်တွေ့ဆုံခြင်းအမှတ်အသားများစွာ ရှိနေလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
သို့သော် ဒီမွန်းစတားငါးယောက်သာရှိသေးသည်။
ထပ်ရှိသေးတာများ ဖြစ်နိုင်မလား!
သူဒါကိုတွေးမိလိုက်သည့် အခိုက်အတန့်၌ ရှီရှန်း၊ ကျောက်တုံးလေး၊ မု၀မ်အာနှင့် ဖန်ချန်းတို့ရှိရာဘက်တွင် ကြောက်စရာကောင်းသည့် အင်မော်တယ်ဆန္ဒများက စတင်သိပ်သည်းလာကြပြန်သည်။
ချူကျင်း "....."
ဟန်လု "......"
ယန်ဖုန်း "......"
ဖင်းယန် "......"
ချူကျင်းနှင့် ကျန်နှစ်ယောက်က ဖင်းယန်ကိုကြည့်ပြီး တညီတညွတ်တည်းမေးသည်။
"ဖင်းယန်၊ နင်သူတို့ကိုသိတယ်မလား၊ သူတို့ကဘယ်သူတွေလဲ၊ သူတို့နောက်ကွယ်က ဆရာကဘယ်သူလဲ"
ဖင်းယန်၏လည်ချောင်းများက ခြောက်သွေ့နေပြီး တံတွေးမျိုချကာ ခါးသီးစွာပြုံးသည်။
"စီနီယာရဲ့ခွင့်ပြုချက်မပါဘဲ ငါလည်းပြောလို့မရဘူး၊ သူတို့က အစကတည်းက အတော်လေးကို ပါရမီရှိတဲ့လူတွေ ဆိုတာကိုတော့ ငါပြောနိုင်တယ်...."
ဟန်လု ချူကျင်းကိုကြည့်ကာ တည်ငြိမ်ဟန်ဆောင်ရင်း ပြုံးလိုက်လေသည်။
"ဖန်ချန်းကို မှားယွင်းစွာ အကဲဖြတ်မိတဲ့အတွက် အင်မော်တယ်နန်းတော်က နောင်တရမှာလား၊ သူ အင်မော်တယ်တွေ့ဆုံခြင်း အမှတ်အသားကိုတောင် သိပ်သည်းအောင် လုပ်နိုင်ခဲ့တယ်"
နောင်တရမယ်!
သူမနောင်တရမလား၊ မရဘူးလားဆိုတာကို ချူကျင်းမသိသော်လည်း သေချာတာတစ်ခုက ထိုအချိန်က ပင်ကိုယ်စွမ်းရည် စစ်ဆေးမှုကို ဦးဆောင်ပြီး စမ်းသပ်မှု ပြုလုပ်ခဲ့ကြသည့် အကြီးအကဲများကတော့ နောင်တရကြပေလိမ့်မည်။
အင်မော်တယ်တွေ့ဆုံခြင်း အမှတ်အသားကို သိပ်သည်းနိုင်ခြင်းက အင်မော်တယ်ဧကရာဇ်၏ အဆင့်ကိုပင် ရောက်နိုင်ချေရှိသည်။
ယန်ဖုန်း သူတို့ကို လေးနက်စွာတစ်ချက်ကြည့်ပြီးနောက် ဆက်လက်ကျင့်ကြံသည်။
ဖင်းယန်အကူအညီမဲ့စွာ ခေါင်းခါယမ်းသည်။ သူတို့ကံစပ်သလားဆိုတာကို သိသးရရန်အတွက် ခုနှစ်ရက်သာ ကျန်တော့တာကို တွေးမိသွားသောအခါ သူဆက်လက် ကျင့်ကြံနေလိုက်သည်။
ချူကျင်းနှင့် ဟန်လုတို့ကလည်းအတူတူပင်။
.....
အပြင်ပကမ္ဘာတွင် အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ထိုးဖောက်တောင်မှ အရူးအမူး သိပ်သည်းနေသည့် အင်မော်တယ်ဆန္ဒများက အဓိကဂိုဏ်းများကို ထိတ်လန့်သွားစေသည်။
ယခုတစ်ကြိမ် တစ်ယောက်ယောက် အင်မော်တယ်တွေ့ဆုံခြင်းအမှတ်အသားကို သိပ်သည်းလိုက်နိုင်ပြီဆိုတာ သူတို့ သိလိုက်ကြရသည်။
ထိုလူကဘယ်သူလဲဆိုတာ သူတို့အားလုံး ခန့်မှန်းနေကြ၏။
သို့စေကာမူ အနည်းဆုံးလူ၉၀ရာခိုင်နှုန်းခန့်က သိပ်သည်းရန် အခွင့်အရေးရသွားသူက အင်မော်တယ်နန်းတော်မှ ချူကျင်းဟု ယုံကြည်ကြသည်။
သို့သော် ယင်းနောက်တွင် နောက်ထပ်အင်မော်တယ်ဆန္ဒများစွာက အရူးအမူး စတင်သိပ်သည်းလာပြန်သည်။ ၎င်းတို့က သိပ်သည်းလွန်းသဖြင့် မုန်တိုင်းတစ်စင်းအဖြစ် ပြောင်းသွားပြီး အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ထိုးဖောက်တောင်၌ ပေါ်လာခဲ့ကြသည်။
လူတိုင်းထိတ်လန့်သွားကြ၏။
ဒါက လူများစွာက အင်မော်တယ်တွေ့ဆုံခြင်းအမှတ်အသားကို သိပ်သည်းနိုင်ခဲ့သည်ဟု ဆိုလိုနေခြင်းပင်။
သူတို့မျက်နှာပေါ်၌ အမူအရာများက ထိတ်လန့်မှု၊ ကြောက်ရွှံ့မှုများနှင့် ပြည့်နှက်နေကြသည်။
ဂိုဏ်းချုပ်တစ်ဦးက တိုက်ရိုက်ပြောသည်။
"အင်မော်တယ်တွေ့ဆုံခြင်းကောင်းကင်ထိုးဖောက်တောင်ကို လူတစ်ယောက်ချက်ချင်း လွှတ်လိုက်၊ ငါတို့ အင်မော်တယ်တွေ့ဆုံခြင်း အမှတ်အသားကို ဘယ်သူတွေ သိပ်သည်းအောင် လုပ်ခဲ့သလဲဆိုတာ ရှာဖွေရမယ်"
"မင်းတို့ရှာတွေ့တာနဲ့ တန်ဖိုးကြီးကြီးမားမား တစ်ခုပေးဆပ်ရမယ်ဆိုရင်တောင် သူတို့နဲ့ မိတ်ဆွေဖွဲ့ဖို့ ကြိုးစားရမယ်"
"ငါတို့ဆက်ဆံရေးတစ်ခု မတည်ဆောက်နိုင်ဘူးဆိုရင်တောင် တစ်ဘက်လူရဲ့အသွင်အပြင်ကို မှတ်မိနေဖို့လိုတယ်၊ ပြီးတော့ ဂိုဏ်းကလူတိုင်းကို ဒီလူတွေကို ရန်စလို့မရဘူးဆိုတာ ပြောထားရမယ်"
သူတို့ကရန်သူဖြစ်လာခြင်းထက် မိတ်ဆွေဖြစ်တာကိုသာ ပိုလိုလားကြသည်။
အင်မော်တယ်တွေ့ဆုံခြင်းအမှတ်အသားကို သိပ်သည်းနိုင်သောသူများအတွက် ဒါက လိုအပ်သော ဆက်ဆံမှုတစ်ခုပင်။
......
အင်မော်တယ်ဧကရာဇ် အင်မော်တယ်တွေ့ဆုံခြင်း၊ ကောင်းကင်ထိုးဖောက်တောင် ကို စိုက်ကြည့်ပြီး လုချန်ရှန်းအား ပြန်ကြည့်သည်။
သူပါးစပ်ဟကာ တစ်ခုခုပြောချင်သော်လည်း သူ့လည်မြို၌ တစ်ဆို့နေသည့်အလား ဘာမှမပြောနိုင်ခဲ့ပေ။
သို့စေကာမူ သူ့အကြည့်က မေးခွန်းထုတ်နေသည့်အသွင်။
ဘာတွေဖြစ်နေတာလဲ!
လုချန်ရှန်းပခုံးတွန့်ပြရင်း သူလည်း မသိဘူးဆိုတာကို ပြသလိုက်သည်။
သို့သော် နှလုံးသားထဲကမူ သူတွေးနေမိသည်ာ
သူဘယ်သူမှမသိစေဘဲ သူတို့ကို ဘယ်လို ခေါ်သွားရမလဲ!
လောလောဆယ်တော့ အချိန်တစ်ခုအထိ ငါအင်မော်တယ်နယ်မြေမှာ သေချာပေါက် နေလို့မရတော့ဘူး!
တခြားဂိုဏ်းတွေတွေကသာ ဒီကောင်စုတ်လေးတွေက အဲဒီသောက်ကျိုးနည်း အင်မော်တယ်တွေ့ဆုံခြင်းအမှတ်အသားကို သိပ်သည်းအောင် လုပ်နိုင်ခဲ့တာကို သိသွားမယ်ဆိုရင် အတော်လေးပြဿာနာတက်လာလိမ့်မယ်!
သစ်ပင်မြင့်လေလေ၊ လေတိုက်လေလေပဲလေ!
လုချန်ရှန်း ဒါကိုဘယ်လိုလုပ် နားမလည်ဘဲနေမည်နည်း။
ဒါ့အပြင် အင်မော်တယ်နယ်မြေကကိစ္စက ယာယီအဆုံးသတ်သွားပြီဖြစ်သည်။
ယခုအချိန်က သေမျိုးနယ်မြေကို ပြန်ရမည့်အချိန်ဖြစ်ပြီး ဖန်ချန်း သူ့နှလုံးသားထဲက အထုံးနှင့်ပတ်သက်ပြီး သူကိုယ်တိုင်ဖြေရှင်းချင်သည်။
ထို့ကြောင့် သူ့လက်ရှိခွန်အားအရ သူဒါကို လုပ်နိုင်စွမ်းမရှိသေးပါ။
ဒီအတွက်ကြောင့်ပင် အင်မော်တယ်ဧကရာဇ်နှင့် လုချန်ရှန်း နောက်ထပ် ပေါက်ကရပြောနေရန် စိတ်မပါတော့။
လောလောဆယ်တွင် လုချန်ရှန်း၏စိတ်က ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ထိုးဖောက်တောင်က ထွက်လာသောအခါ မည်သူမှ သတိမထားမိစေဘဲ သူတို့ကို ဘယ်လို ခေါ်သွားရမလဲဆိုသော အတွေးများနှင့် ပြည့်နှက်နေသည်။
လုချန်ရှန်း ရုတ်တရက် အင်မော်တယ်ဧကရာဇ်ကို ကြည့်လိုက်သည်။
"ဒါပြီးရင် ကျုပ်တို့အရင်ဆုံးထွက်သွားမယ်"
ဒါကိုမြင်သောအခါ အင်မော်တယ်ဧကရာဇ် တစ်ခုခုပြောချင်သော်လည်း လုချန်ရှန်း သူ့ကို ကြားဖြတ်လိုက်သည်။
"မမေးနဲ့၊ ပြီးတော့ ကျုပ်ကိုနားချဖို့ မကြိုးစားနဲ့၊ နောက်ထပ်သုံးနှစ်အတွင်းမှာ နတ်ဆိုးနယ်မြေမှာ ဘာပြဿာနာမှ ရှိလာမှာမဟုတ်ဘူး၊ ပြဿာနာတစ်ခုခုရှိလာခဲ့ရင်လည်း ကျုပ်သိရမှာပဲလေ"
အင်မော်တယ်ဧကရာဇ်၏ မျက်ခုံးများက ရှုံ့တွသွားခဲ့သည်။
သူအရင်က တစ်ခါမှ ဒီလိုမဆက်ဆံခံရဖူးပါ။
အင်မော်တယ်ဧကရာဇ် လုချန်ရှန်းကို ကြည့်လိုက်သည်။
"ကောင်းပြီ၊ ငါမင်းကို အခုဒါကို မမေးတော့ဘူး၊ ငါမင်းကိုတောင်းဆိုချင်တာက...."
လုချန်ရှန်းမေးသည်။
"ဘာများလဲ"
အင်မော်တယ်ဧကရာဇ်
"ကျေးဇူးပြုပြီး ငါ့ကိုတကယ်တိုက်ခိုက်စမ်းပါ၊ မဟုတ်ရင် ငါတကယ်အသက်ရှူကျပ်သလို ခံစားနေရလို့"
လုချန်ရှန်းပြောသည်။
"ခင်ဗျားက အချိန်အတန်ကြာ အင်မော်တယ်ဧကရာဇ် ဖြစ်နေခဲ့တာတောင် ဘာလို့ အရမ်းအားနည်းရတာလဲ"
အင်မော်တယ်ဧကရာဇ် "....."
မင်းကငါ့ကို ဘယ်လောက်စိတ်တိုစေသလဲဆိုတာ မင်းတကယ်မသိတာလား!
အပိုင်း(934) coming။