#ဖင်းယန်၊ ငါ့အောင်မြင်မှုအားလုံးက စီနီယာလုရဲ့ ကျေးဇူးကြောင့်ပါ#
Vol. 66 Ch. 934
၅၉ရက်မြောက်နေ့တွင် အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ထိုးဖောက်၏ နောက်ဆုံးနေ့၌ စံအိမ်တော်က လူတိုင်း၏ မျက်ခုံးများကြားတွင် အင်မော်တယ်ဆန္ဒများနှင့် ပြည့်နှက်နေသည့် အမှတ်အသားများ ရှိနေပြီဖြစ်ကာ လုံး၀သိပ်သည်းကျုံ့နေပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် လူတိုင်း၏နယ်ပယ်က ထပ်မံချိုးဖျက်သွားပြန်သည်။
ယဲ့ချိုးပိုင် ကောင်းကင်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်သွားခဲ့သည်။
ဟုန်ရင်ကမူ ကောင်းကင်အင်မော်တယ်နယ်ပယ် နောက်ပိုင်းအဆင့်ကို ရောက်သွားသည်။
နင်းချန်ရှင်း ကွန်ဖြူးရှပ်တာအိုကို နားလည်သဘောပေါက်လာခဲ့သည်။
ရှီရှန်း၊ မု၀မ်အာ၊ မုဖူရှန်းနှင့် ကျောက်တုံးလေးတို့က ကောင်းကင်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်လာခဲ့ကြသည်။
ဖန်ချန်းကမူ သူ့အင်မော်တယ်စစ်သည်နယ်ပယ် တစ်၀က်အဆင့်ကို ရောက်သွားပြီး သူ့ကျင့်ကြံခြင်းနယ်ပယ်ကလည်း တည်ငြိမ်သွားသည်။
(အင်မော်တယ်နယ်မြေက နယ်ပယ်များက နတ်နယ်ပယ်များနှင့်တူပေမယ့် စကားလုံးတွေကတော့ ကွဲပြားပါတယ်)
(နတ်စစ်သည်၊ နတ်ဗိုလ်ချုပ်၊ နတ်ဘုရင်၊ နတ်အင်ပါယာ၊ နတ်သခင်နှင့် အစစ်အမှန်နတ်ဘုရားနယ်ပယ်တို့က တစ်ချိန်တည်းမှာ အင်မော်တယ်နယ်ပယ်ကို ကိုယ်စားပြုပါသည်၊ နတ်နေရာမှာ အင်မော်တယ်ဟူသော စကားလုံးကိုသာ ပေါင်းထည့်ရမယ်)
သို့စေကာမူ အင်မော်တယ်တွေ့ဆုံခြင်း အမှတ်အသား သိပ်သည်းလာစဉ် ရှောင်ဟိုင်၏ခွန်အားကသာ အများကြီး မတိုးတက်လာခဲ့ပေ။
အမှတ်အသားက သူ့ကိုပေးတာက သူ့ရုပ်ခွန်အားအပေါ် တိုက်ရိုက် သက်ရောက်နိုင်စွမ်းမရှိချေ။
ဒါကိုမြင်သောအခါ ကျန်သောသူများ အားကိုးရာမဲ့သလို ခံစားလိုက်ကြရသည်။
သူတို့အားကိုးရာမဲ့သလို ခံစားရခြင်းက ဒီလူအုပ်စုက ဂိုဏ်းတစ်ဂိုဏ်းတည်းက ဖြစ်သည်သာမက ဆရာတစ်ဦးလက်ထဲကလည်းဖြစ်သည်။
ဒီလိုဆိုပါက သူတို့ဆရာက အတိအကျ ဘယ်သူပင် ဖြစ်လေသနည်း။ ဒီလို ကြောက်စရာကောင်းသည့် တပည့်များစွာကို တစ်ချိန်တည်းတွင် ပျိုးထောင်နိုင်သည့်အပေါ် သူကဘယ်လောက်ပင် အစွမ်းထက်လေသနည်း။
အင်မော်တယ်တွေ့ဆုံခြင်း အမှတ်အသားကို သိပ်သည်းအောင် လုပ်နိုင်သောသူများက အင်မော်တယ်ဧကရာဇ်အဆင့်ကိုပင် ရောက်နိုင်သည်။
အင်မော်တယ်ဧကရာဇ်အဆင့်ရှိသည့် ပါရမီရှင်ကိုးဦးက ဂိုဏ်းတစ်ဂိုဏ်းတည်းတွင် ပေါ်လာခဲ့ကြသည်။
သူတို့ဒီအကြောင်းကို တွေးပင်မတွေးရဲကြတော့။
သို့စေကာမူ ဒါကနောက်ဆုံးနေ့ဖြစ်ပြီး နောက်ဆုံးနေ့မှာပင် အင်မော်တယ်ဆန္ဒများက ဖင်းယန်ရှိရာဘက်၌ အရူးအမူး သိပ်သည်းလာကြပြန်သည်။
ချူကျင်း၊ ဟန်လုနှင့် ယန်ဖုန်းတို့က အနည်းငယ် မှင်သက်နေကြ၏။
ဂိုဏ်းတစ်ဂိုဏ်းတည်းက ထိုကြောက်စရာကောင်းသည့် ပါရမီရှင်များစွာက အင်မော်တယ်တွေ့ဆုံခြင်း အမှတ်အသားကို သိပ်သည်းအောင် လုပ်နိုင်တာက အဆင်ပြေပါသေးသည်။
မည်သည့်အတွက်ကြောင့် ဖင်းယန်ကလည်း ဒီပျော်စရာထဲ ပါ၀င်လာရလေသနည်း။
သို့စေကာမူ သူကနောက်ဆုံးနေ့တွင်သာ စတင်သိပ်သည်းအောင်လုပ်ခဲ့သည်။
ဒါက ဖင်းယန်၏ အင်မော်တယ်တွေ့ဆုံခြင်းအမှတ်အသားက လုံး၀သိပ်သည်းအောင် လုပ်နိုင်မည်မဟုတ်ဘူးဟု ဆိုလိုနေသည်။
သို့သော်ငြားလည်း ဒီအရာတွင်လည်း ကံတရား၌ ထူးခြားသည့် တိုးတက်မှုတစ်ခုရှိပါသည်။
ဖင်းယန်ပင်လျှင် ဒါကိုမတွေးမိခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
......
အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ထိုးဖောက်တောင်က လူတိုင်းကို ဖယ်ထုတ်ပစ်ရန် နှစ်နာရီတည်းသာ ကျန်တော့သည်။
ဖင်းယန်မျက်ခုံးများကြားက အင်မော်တယ်တွေ့ဆုံခြင်းအမှတ်အသား၏ သိပ်သည်းမှုကလည်း ရပ်သွားခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်းပင် စံအိမ်တော်က လူများ၏ အမှတ်အသားများနှင့် ယှဉ်ပါက ဖင်းယန်တွင် အမှတ်အသားတစ်၀က်သာရှိသည်။
သို့သော် ဒါကလည်း ဖင်းယန်အား နှလုံးသားထဲတွင် သက်ပြင်းချစေသည်။
အင်မော်တယ်တွေ့ဆုံခြင်းအမှတ်အသားက ခွန်အား၊ ပါရမီ သို့မဟုတ် အခြေခံများကို မကြည့်ဘဲ ကံတရားနှင့်သာ သက်ဆိုင်သည်။
ကံမစပ်ပါက သိပ်သည်းအောင်လုပ်ရန်ဟူသည် သေချာပေါက် မဖြစ်နိုင်ပါ။
မဟုတ်ပါက ချူကျင်း၏ပါရမီက သူ့ထက်ပင် မြင့်မားနေလေရာ ဖင်းယန်က သိပ်သည်းနိုင်ပြီး သူမကဘာကြောင့် အင်မော်တယ်တွေ့ဆုံခြင်းအမှတ်အသားကို သိပ်သည်းအောင် မလုပ်နိုင်ရလေသနည်း။
ဒီလိုဆိုပါက ဒီကံကြမ္မာက ဘယ်ကနေ ရောက်လာခဲ့ရလေသနည်း။
ဖင်းယန် စံအိမ်တော်ကလူများကို ကြည့်ရင်း နှလုံးသားထဲတွင် ရုတ်တရက် လက်တွေ့မကျသလို ခံစားလိုက်ရသည်။ သို့သော် ဒါက တစ်ခုတည်းသော ဖြစ်နိုင်ချေသာဖြစ်သည်။
ဒီလိုဖြစ်နိုင်ချေရှိလား!
သူက စီနီယာလုနှင့် ထိတွေ့ခဲ့ပြီး လမ်းညွှန်မှုကို ရခဲ့သည့်အပေါ် သူ့ကံကြမ္မာအစိတ်အပိုင်းတစ်ခုက စီနီယာလုနှင့် ဆက်နွှယ်သွားခြင်းဖြစ်ရပေမည်။
ထို့ကြောင့်လည်း သူ့အတွက် အင်မော်တယ်တွေ့ဆုံခြင်းအမှတ်အသား၏ ဝေစုတစ်ခုကို ရရန်အတွက် ဖြစ်လာခြင်းဖြစ်ရမည်သာ။
အကြောင်းရင်းက လုချန်ရှန်းဒါကို တစ်၀က်ပဲ သိပ်သည်းအောင် လုပ်ခဲ့လို့လား!
သူပို၍တွေးလာလေလေ၊ ဒါက ယုတ္တိတန်သည့် အကြောင်းပြချက်တစ်ခုဟု ဖင်းယန်ပို၍ ခံစားရလာလေလေဖြစ်သည်။
ယဲ့ချိုးပိုင် ဖင်းယန်အား ကြည့်ပြီးပြုံးသည်။
"ဂုဏ်ယူပါတယ်၊ အစ်ကိုဖင်း"
ဖင်းယန်ခါးသီးစွာပြုံးသည်။
"ဒါတွေအားလုံးက မင်းတို့ရဲ့ကျေးဇူးကြောင့်ပါ"
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ပဟေဠိဖြစ်သွားကြသည်။ ဖင်းယန်တစ်ယောက်တည်းသာလျှင် သူဘာကိုဆိုလိုသလဲဆိုတာကို သိပါသည်။
ဒီတဒင်္ဂမှာပင် ချူကျင်း၊ ဟန်လုနှင့် ယန်ဖုန်းတို့ကလည်း ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်ကြ၏။
မည်သို့ပင်ဆိုစေကာမူ ယခုလိုအချိန်တိုအတွင်း အင်မော်တယ်တွေ့ဆုံခြင်း အမှတ်အသားကို သိပ်သည်းအောင် လုပ်ရန်ဟူသည် မဖြစ်နိုင်တော့။
ထို့ကြောင့် သူတို့ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများအား ကြည့်ပြီးခေါင်းညိတ်ကြသည်။
ချူကျင်း ဖန်ချန်းအားကြည့်ပြီးမေးသည်။
"အရင်က အင်မော်တယ်နန်းတော်နဲ့ အဲဒီအကြီးအကဲတွေ မှားခဲ့ကြတယ်၊ တကယ်လို့ ကျွန်မရှင့်ကို အင်မော်တယ်နန်းတော်ကို ၀င်ဖို့အတွက် အခုဖိတ်ခေါ်ပြီး ရှင့်ကိုယ်ပိုင်တပည့်တစ်ယောက် တိုက်ရိုက်ဖြစ်လာပြီး အင်မော်တယ်အင်ပါယာနယ်ပယ်ကိုရောက်ရမယ်၊ ပြီးတော့အတွင်းဂိုဏ်းအကြီးအကဲတစ်ယောက် တိုက်ရိုက်ဖြစ်လာနိုင်တယ်လို့ ကတိပေးမယ်ဆိုရင် ပြန်လာဖို့အတွက် သဘောတူမလား"
ချူကျင်း၏စကားလုံးများကို ကြားသောအခါ ဟန်လုနှင့် ယန်ဖုန်းတို့က သူမအား စူးစိုက်ကြည့်လိုက်ကြသည်။
တိုက်ရိုက်တပည့်တစ်ဦးဖြစ်လာပြီး အင်မော်တယ်အင်ပါယာနယ်ပယ်ကို ရောက်တာနဲ့ အတွင်းဂိုဏ်းအကြီးအကဲတစ်ယောက် ဖြစ်လာနိုင်တာလား!
အင်မော်တယ်နန်းတော်၏ အတွင်းဂိုဏ်းအကြီးအကဲများကို စွမ်းအားနှင့် ပေးအပ်ခြင်းမဟုတ်ဘဲ လိုအပ်ချက်များက အတော်လေးမြင့်မားသည်။
အနာဂတ်မှာ လူတစ်ယောက်က အမှန်ပင် မြင့်မားပြီး အင်မော်တယ်နန်းတော်က သူ့ကို အလေးအနက် မှတ်ယူရသည်အထိ မြင့်မားမှသာ ဖြစ်နိုင်သည်။
တပည့်တစ်ဦးအဖြစ် ဖန်ချန်းက ဘယ်လိုလုပ် အရည်အချင်းပြည့်မီမည်နည်း။
ယခုတွင်မူ သူကအရည်အချင်းပြည့်မီလေပြီ။ တစ်နည်းအားဖြင့် ဒါက ဖန်ချန်းတွင် အင်မော်တယ်တွေ့ဆုံခြင်း အမှတ်အသား ရှိနေခြင်းကြောင့်ဟု ဆိုပါက ပိုမှန်သည်။
ဒါကပင် အရာအားလုံးကို ပြီးပြည့်စုံသွားစေရန် လုံလောက်နေလေပြီ။
ဒါကိုကြားသောအခါ ဖန်ချန်း အနည်းငယ် ကြက်သေသေသွားသည်။
အင်မော်တယ်နန်းတော်၏ သဘောထားက သူ့ကို အနည်းငယ် မသက်မသာဖြစ်စေသည်။
ဒါ့အပြင် သူလုချန်ရှန်းတပည့် မဖြစ်လာခင်က အင်မော်တယ်နယ်မြေ၌ လူတိုင်းမျက်လုံးထဲတွင် 'အင်မော်တယ်နန်းတော်' ဟူသောစကားလုံးက နတ်ဘုရားပမာတည်ရှိမှုတစ်ခုဖြစ်ပြီး ဖန်ချန်းအတွက်လည်း အလားတူပင်။ သူသာ အင်မော်တယ်နန်းတော်ကို ၀င်နိုင်မည်ဆိုပါက ဒါက သူ့၏ အနာဂတ်ကျင့်ကြံခြင်းက ချောမွေ့စွာ ရွက်လွှင်နိုင်တော့မည်ဟု ဆိုလိုနေခြင်းပင်။
ဒီလိုဆိုပါက ကလန်တစ်ခုအတွက် အမြစ်ပြတ်သုတ်သင်ရှင်းလင်းခံရရန်ဟူသည် မဖြစ်နိုင်တော့။
ယခုတွင်မူ အင်မော်တယ်နန်းတော်၏ ကျော်ကြားသည့် ပါရမီရှင်ချူကျင်းက သူ့ကို သံလွင်ကိုင်းတစ်ကိုင်း တိုက်ရိုက်လက်ဆင့်ကမ်းပေးပြီး ယခုလို ဆွဲဆောင်အားကောင်းလွန်းသည့် အခြေအနေရပ်များကို ကမ်းလှမ်းလာသည်။
သို့သော် တစ်ခဏမျှကြက်သေသေသွားပြီးနောက်တွင် ဖန်ချန်းတုံ့ဆိုင်းမနေဘဲ အပြုံးဖြင့် ခေါင်းခါယမ်းသည်။
"ကျုပ်၀င်မှာမဟုတ်ပါဘူး၊ ကျုပ်သူ့တပည့်တောင် ဖြစ်နေပြီလေ"
ချူကျင်းအံ့ဩသင့်ခြင်းမရှိပါ။
ဖန်ချန်းသဘောတူရန်ကိုလည်း သူမမျှော်လင့်မထားပါ။ ဖန်ချန်းသာ သဘောတူလိုက်ပါက ဖန်ချန်းက ဒီအင်မော်တယ် တွေ့ဆုံခြင်း အမှတ်အသားနှင့် မထိုက်တန်ဟု သူမခံစားရပေလိမ့်မည်။
သူမဒါကိုပြောရခြင်းက သူနှင့် ကောင်းသောဆက်ဆံရေးတစ်ခု ဖန်တီးလိုသည့်အတွက်ကြောင့်ပင်။
ဒါက ဖန်ချန်းနှင့် အင်မော်တယ်နန်းတော်ကြားက ဆက်ဆံရေးကို လွယ်ကူစေသည်။
မည်သို့ပင်ဆိုစေကာမူ သူအင်မော်တယ်နန်းတော်၌ အတော်ကြာဒူးထောက်ခဲ့ပြီး ငြင်းပယ်ခြင်းကို ခံခဲ့ရလေရာ မည်သူမဆို မသက်မသာဖြစ်သလို ခံစားရမည်သာ။
ဟန်လုပြုံးသည်။
"ဒါပေမယ့် ဒီတစ်ကြိမ်တော့ နင်တို့က အင်မော်တယ်နယ်မြေကို လှုပ်ခတ်သွားစေလိမ့်မယ်၊ နင်တို့ထွက်လာတဲ့အခါကျရင် နင်တို့ကို ဂိုဏ်းကြီးတွေအများကြီးက ကမ်းလှမ်းလာကြလိမ့်မယ်၊ ငါ့ရဲ့ဂိုဏ်းတောင် ပါ၀င်လာနိုင်တယ်"
"ဒီလိုဖြစ်လာမှာမဟုတ်ဘူး"
မုဖူရှန်းရုတ်တရက်ပြောလာသည်။
ဟန်လု လှမ်းကြည့်ကာမေးသည်။
"ဘာလို့လဲ"
မုဖူရှန်းပြုံးလိုက်သော်လည်း ပြန်မဖြေပါ။
ဒီနေရာတွင် ဖြစ်ပျက်နေတာကိုသာ သိမည်ဆိုပါက သူ့ဆရာ၏စရိုက်အရ နောက်ပိုင်းဖြစ်ပျက်လာမည့် ကိစ္စရပ်အားလုံးကို သူသေချာပေါက် ချင့်ချိန်ကြည့်ပေလိမ့်မည်။
ဒီလိုဆိုပါက သူတို့ထွက်လာသည့် အခိုက်အတန့်၌ သူတို့ကို သူတို့ဆရာက သေချာပေါက် ယူဆောင်သွားပေလိမ့်မည်။
ဒါ့အပြင် ဒါကလည်း ဘယ်သူမှမသိဘဲ ပြီးသွားပေလိမ့်မည်။ ဘယ်သူမှဒါကို ရှာဖွေနိုင်ကြမည်မဟုတ်။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ မုဖူရှန်း၏ စကားလုံးများကို ကြားသောအခါ တစ်ဦးကိုတစ်ဦးကြည့်ရင်း ပြုံးလိုက်မိကြသည်။
သူတို့ကလည်း အလားတူအရာမျိုးကို တွေးမိသည်က သိသာထင်ရှားနေသည်။
ရှောင်ဟိုင် ဖင်းယန်ကို ကြည့်လိုက်၏။
"နှုတ်ဆက်ပါတယ်"
ဖင်းယန်ဘာတစ်ခုမှ မပြောနိုင်သေးခင်မှာပင် အဖြူရောင်အလင်းတန်းတစ်စင်းက ကောင်းကင်ဘုံတွေ့ဆုံခြင်း အင်မော်တယ်ရေကန်အား ဖြတ်သန်းသွားပြီး ရုတ်ချည်းဆိုသလို လူတိုင်း ထိုနေရာမှာတင် ပျောက်ကွယ်သွားကြသည်။
အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ထိုးဖောက်တောင်အပြင်တွင် ချူကျင်း၊ ယန်ဖုန်း၊ ဟန်လုနှင့် ဖင်းယန်တို့ ပေါ်လာသောအခါ မရေမတွက်နိုင်လောက်သော သူများက ပြေးလွှားလာကြ၏။
သို့စေကာမူ သူတို့လေးယောက် ပတ်ပတ်လည်ကို ကြည့်လိုက်ကြသော်လည်း ယဲ့ချိုးပိုင်နှင့် ကျန်သောသူများအား မတွေ့ကြရတော့ပါ။
တကယ်တမ်းတွင် သူတို့ အာကာသစွမ်းအား အတက်အကျကို အနည်းငယ်လေးမျှပင် မခံစားမိခဲ့ကြပေ။
မုဖူရှန်းပြောခဲ့တာကို ဟန်လု ရုတ်တရက် နားလည်သွားသည်။
ဖင်းယန်ရယ်မောလိုက်မိပြီး ကောင်းကင်အား မော့ကြည့်ကာ တီးတိုးရေရွတ်သည်။
"ငါစီနီယာလုကို ကျေးဇူးတင်ရမယ်...."
"ငါ့အောင်မြင်မှုတွေအားလုံးက စီနီယာလုရဲ့ ကျေးဇူးကြောင့်ပဲ..."
အပိုင်း(935) coming။