← Chapters

#‌လုချန်ရှန်း၏ဒေါသ#

Vol. 66 Ch. 935

#‌လုချန်ရှန်း၏ဒေါသ#

Vol. 66 Ch. 935

အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ထိုးဖောက်တောင်၌ လုချန်ရှန်း သူ့တပည့်များနှင့် ထွက်သွားပြီးနောက် ဖင်းယန်၊ ချူကျင်း၊ ဟန်လုနှင့် ယန်ဖုန်းတို့ကလည်း အင်မော်တယ်တွေ့ဆုံခြင်း အမှတ်အသားကို ဘယ်သူတွေ သိပ်သည်းအောင် လုပ်နိုင်ခဲ့သလဲဆိုတာကို မဖော််ထုတ်ခဲ့ကြပေ။ 

သူတို့အလျင်စလို ထွက်သွားကြသဖြင့် ဒါက သူတို့လုံး၀ မဖော်ထုတ်ခံစေရန်အတွက် ဆိုလိုနေတာကို အားလုံးသိကြပါသည်။ 

တစ်ဘက်လူအားလုံးက ပြည့်စုံသော ‌အင်မော်တယ်တွေ့ဆုံခြင်းအမှတ်အသားကို သိပ်သည်းအောင် လုပ်နိုင်ခဲ့လေရာ ဒါက သူတို့အနာဂတ်လမ်းကြောင်းက မရိုးရှင်းတော့ဟု ဆိုလိုနေခြင်းပင်။ 

ထို့ကြောင့် သူတို့ကလည်း  ဖော်ထုတ်ကြသည်အထိ အတုံးအကြပါ။ ဒီလိုသာဆိုပါက သူတို့ ဖန်ချန်းနှင့် ကျန်သောသူများ၏ ရန်သူများသာ ဖြစ်လာကြပေလိမ့်မည်။ 

အင်မော်တယ်ဧကရာဇ်ကလည်း ဒီသတင်းကို ဖိနှိပ်ထားရန် ရည်ရွယ်ချက်ရှိတာ ရှင်းနေသဖြင့် ဖင်းယန်တစ်ဦးတည်းသာလျှင် အင်မော်တယ်တွေ့ဆုံခြင်း အမှတ်အသားကို သိပ်သည်းအောင် လုပ်နိုင်ခဲ့သည်ဟု အပြင်ပကမ္ဘာသို့ ကြေညာခဲ့သည်။ 

ဒါကမပြီးပြည့်စုံဟု ဆို၍ရသော်လည်း အဆုံးသတ်တွင် သိပ်သည်းအောင် လုပ်နိုင်ခဲ့သည်သာ။ 

အင်မော်တယ်တွေ့ဆုံခြင်းအမှတ်အသားကြောင့်ပင် မရေမတွက်နိုင်လောက်သည့် ဂိုဏ်းများက ဖင်းယန်ချိုင့်ဝှမ်းအား စတင် လက်ဆောင်ပစ္စည်းများ ကမ်းလှမ်းလာကြပြီး တစ်ခဏအကြာတွင် ဖင်းယန်ချိုင့်ဝှမ်း၏ပုံရိပ်က မြင့်တက်သွားခဲ့သည်။ 

သို့သော် ဖင်းယန်ချိုင့်ဝှမ်းသခင်နှင့် ဖင်းယန်တို့သာလျှင် ဖင်းယန်၏ အင်မော်တယ်တွေ့ဆုံခြင်း အမှတ်အသားကို ဘယ်လို သိပ်သည်းအောင် လုပ်ခဲ့သလဲဆိုတာကို သိကြသည်။ 

.....

တခြားတစ်ဘက်တွင် လုချန်ရှန်းနှင့် သူ့တပည့်များ ထာ၀ရသက်တမ်းကမ္ဘာသို့ ပြန်သွားပြီးနောက် သူ့တွင် အနားယူရန်အတွက် အချိန်မရသေးခင်မှာပင် အသံလွှင့်ကျောက်စိမ်းဆွဲသီးက စတင် အဆက်မပြတ်မြည်ဟီးလာသည်။ 

ဟုန်ရင်နှင့် လုချန်ရှန်းတို့ တစ်ချိန်တည်းမှာပင် ကျောက်စိမ်းဆွဲသီးများကို ထုတ်ယူလိုက်ကြ၏။ 

ကြောက်မက်ဖွယ်ရာပေါက်ကွဲသံများက အထဲတွင် အဆက်မပြတ်မြည်ဟီးနေသည်။ 

ဘန်းခနှင့် ကျယ်လောင်သောအသံတစ်သံနှင့်အတူ အလွန်အမင်းပျာယာခတ်ကာ အားနည်းသည့် အသံတစ်သံထွက်လာသည်။ 

"လူရိုင်းဒေသက ပြဿာနာတက်နေပြီ"

ဟုန်ရင်နှင့် လုချန်ရှန်းတို့၏ အမူအရာများက အနည်းငယ် ပြောင်းလဲသွားကြ၏။ 

ဟုန်ရင် ဒီအသံလွှင့်ကျောက်စိမ်းဆွဲသီးကို တိမ်ဖီးနစ်အင်ပါယာက ဧကရာဇ်မင်းဆရာကို ပေးခဲ့သည်။ 

လုချန်ရှန်းကမူ လျှို့ဝှက်တာအိုအကယ်ဒမီကျောင်းက ခေါင်းဆောင်ချင်းတျန်နျန်ကို ပေးခဲ့သည်။ 

သူတို့ကပ်ဘေးတစ်ခုခုနှင့် ကြုံကြိုက်ရပါက လုချန်ရှန်းတို့ထံ အသံပို့ရန်အတွက် ဒီကျောက်စိမ်းဆွဲသီးကို သုံးနိုင်သည်။ 

ကြည့်ရသည်မှာ ဒါက ကိစ္စသေးသေးလေးတစ်ခုဖြစ်ပုံမရပေ။ 

ဟုန်ရင် လုချန်ရှန်းအား ကြည့်ပြီး လေးနက်စွာပြောသည်။ 

"ဆရာ၊ တပည့် လူရိုင်းဒေသကို ပြန်သွားကြည့်ဖို့လိုတယ်"

ဘေးက ယဲ့ချိုးပိုင်ကလည်းပြောသည်။ 

"ဆရာ၊ ကျွန်တော်လည်းသွားရမယ်"

လူရိုင်းဒေသတွင် ယဲ့ချိုးပိုင် တစ်ခါက တိမ်ပြာဓားဂိုဏ်းကို တည်ထောင်ခဲ့သည်။ 

နင်းချန်ရှင်းကလည်း ပညာသင်ခန်းမကို ထူထောင်ခဲ့သည်။ 

ကပ်ဘေးတစ်ခုသာ လူရိုင်းဒေသတွင် ဖြစ်ပျက်သွားမည်ဆိုပါက တိမ်ပြာဓားဂိုဏ်းနှင့် ပညာသင်ခန်းမတို့က လူရိုင်းဒေသ၏ အားအကောင်းဆုံးဂိုဏ်းများ ဖြစ်လေရာ စုပြုံတိုက်ခိုက်မှုကို ပထမဆုံးခံစားရပေလိမ့်မည်။ 

လုချန်ရှန်းဘာတစ်ခုမှမပြောပေ။ 

သူ့အမူအရာက အနည်းငယ်မည်းမှောင်နေသည်။ 

သူ့အတွက်မူ တခြားသူများ၏အသက်က သူနှင့်အများကြီး မသက်ဆိုင်ပါ။ 

သို့စေကာမူ သူ့တပည့်များ၊ စံအိမ်တော်က လူများ၊ သို့မဟုတ် လျှို့ဝှက်တာအိုကျောင်းတော်သာ ပါ၀င်လာမည်ဆိုပါက သူတို့သာ ကပ်ဘေးတစ်ခုကို ကြုံတွေ့ခံစားနေရသည်ဆိုပါက လုချန်ရှန်းအဖို့ ကယ်တင်ရန်အတွက် မသွားရန်ဟူသည် မဖြစ်နိုင်။ 

လုချန်ရှန်းမဖြေမပေးဘဲ ယင်းအစား သူ့မျက်နှာက အလွန်အမင်း မည်းမှောင်လာပြီး နိယာမစွမ်းအားများက သူ့တစ်ကိုယ်လုံးမှ အရူးအမူးထွက်လာကြသည်။ 

ဒီမြင်ကွင်းကိုမြင်သောအခါ ဟွမ်ချင်း၊ လျိုကျိယုနှင့် ကျန်သောသူများ ထိတ်လန့်သွားကြ၏။ 

သူတို့ လုချန်ရှန်းမျက်နှာပေါ်က ယခုလို ကြောက်စရာကောင်းသည့် အမူအရာကို တစ်ခါမှ မမြင်တွေ့ခဲ့ဖူးကြပေ။ 

သူ့မျက်နှာက အတော်လေးမည်းမှောင်နေပြီး နိယာမစွမ်းအားကို ပုံမှန်အတိုင်း ထိန်းချုပ်ထားခြင်းမရှိလေရာ ၎င်းက ‌မာန်ဖီနေသည့် ကြမ်းတမ်းသောသားရဲရိုင်းတစ်ကောင်အလား ထင်ရသည်။ 

သူ့အနီးတစ်ဝိုက်က လူများက အသက်ရှူကျပ်သလိုပင် ခံစားလိုက်ကြရသည်။ 

ထာ၀ရသက်တမ်းကမ္ဘာက နိယာမစွမ်းအားနှင့် ဝိဉာဉ်ချီတို့က လုချန်ရှန်း၏ စုပ်ယူခြင်းကို ခံလိုက်ရသည့်အသွင်။ 

ဒီတဒင်္ဂမှာပင် မိုးမခပင်က ၎င်း၏ မိုးမခကိုင်းများကို လွှဲယမ်းလိုက်စဉ် အစိမ်းရောင် အလင်းတန်းတစ်ခုက လူတိုင်းအပေါ် လင်း၀င်းသွားပြီး အားလုံးကို အနည်းငယ် ပိုကောင်းသလို ခံစားရစေသည်။ 

တခြားတစ်ဘက်တွင် လုချန်ရှန်း နိယာမစွမ်းအားနှင့်အတူ လက်ကိုဆန့်ထုတ်ပြီး ရှေ့က အာကာသကို လက်သီးထိုးလိုက်၏။ 

ချက်ချင်းဆိုသလို ကြေးမုံကဲ့သို့အတားအဆီးတစ်ခု သူ့ရှေ့တွင်ပေါ်လာပြီး ကြေးမုံပေါ်၌ မြင်ကွင်းက အလျင်အမြန်ပင် ပြောင်းလဲနေသည်။ 

သူမြင်ကွင်းပြောင်းသည့်အကြိမ်တိုင်း ယိုယွင်းပျက်စီးနေသည့် မြင်ကွင်းက သူ့အား ဖြတ်သန်းသွား၏။ 

ထို့ထဲတွင် လျှို့ဝှက်တာအိုကျောင်းတော်၊ တိမ်ဖီးနစ်အင်ပါယာ၊ လျှို့ဝှက်ဓားဂိုဏ်းနှင့် အဂ္ဂိရတ်ဂိုဏ်းတို့လည်းပါ၀င်သည်။ 

လုချန်ရှန်းပိုကြည့်ရှုလေလေ၊ သူ့မျက်နှာက ပိုပို၍ပင် မည်းမှောင်လာသည်။ 

ပြင်းထန်သည့် နိယာမစွမ်းအားက ပတ်၀န်းကျင်က အာကာသကို တစ်လက်မချင်း ပြိုကွဲသွားစေသည်။ 

ကြေးမုံထဲတွင် ဘယ်နေရာပင်ဖြစ်ပါစေ ကောင်းကင်ထက်က ဝိဉာဉ်များက အော်ဟစ်နေသည်။ 

လူဆယ်ယောက်ကျော်က နေရာအသီးသီး၌ ခြိမ်းခြောက်နေကြ၏။ 

သူတို့၏စည်းမျဉ်းများကို လက်ခံရန်အတွက် ဆန့်ကျင်သောသူတိုင်း အသတ်ခံရသည်။ 

လျှို့ဝှက်တာအိုကျောင်းတော်၊ လျှို့ဝှက်ဓားဂိုဏ်းနှင့် အဂ္ဂိရတ်ဂိုဏ်းတို့တွင် သွေးများက မြစ်များပမာ စီးဆင်းသွားကြသည်။ 

တိမ်ပြာဓားဂိုဏ်းနှင့် ပညာသင်ခန်းမပင်လျှင် အလားတူဖြစ်သည်။ 

မရေမတွက်နိုင်လောက်သည့် တပည့်များနှင့် အကြီးအကဲများက ခြိမ်းခြောက်ခံနေရသည်။ 

ဥပမာအားဖြင့် တိမ်ပြာဓားဂိုဏ်းတွင် လျန်ဖုန်း ကျန်းချောင်မြန့်၏ အကာအကွယ်အောက်တွင် လွတ်မြောက်ခဲ့သော်လည်း ကျန်းချောင်‌မြန့်က အဖမ်းခံရသည်။ 

နောက်ထပ်ဥပမာတစ်ခုက ချင်းတျန်းနျန်ဖြစ်သည်။ 

ဂျုန်း......!

လုချန်ရှန်း ဒီမြင်ကွင်းကိုမြင်သောအခါ ထာ၀ရသက်တမ်းကမ္ဘာတစ်ခုလုံး ရုတ်တရက် တုန်ခါသွားသည်။ 

လေဟာနယ်က စတင်စုတ်ပြဲနေပြီး တောင်နှင့်မြစ်များက စတင်ပြိုကျသွားကြပြီး မြစ်ရေများက စတင်ပြောင်းပြန်စီးဆင်းကြသည်။ 

လုချန်ရှန်းအနီးတွင် လေစုပ်ဝဲတစ်ခုဖြစ်လာပြီး အရာအားလုံးက အမြစ်ဖြတ်သုတ်သင်ခံလိုက်ရသည့်အလား ဒီနေရာအတွင်း မည်သည့်ဝိဉာဉ်ချီ သို့မဟုတ် နိယာမစွမ်းအားမှ မရှိတော့ပါ။ 

ဒါကပထမဆုံးအကြိမ် လုချန်ရှန်းဒီလောက်အထိ ဒေါသထွက်လာခဲ့ခြင်းဖြစ်သည်။ 

ယဲ့ချိုးပိုင်၏မျက်နှာကလည်း မည်းမှောင်နေသည်။ 

"ဆရာ၊ ကျွန်တော်တို့ အခုသွားကြမလား"

လုချန်ရှန်းနှာခေါင်းရှုံ့သည်။ 

"မင်းတို့စောင့်နေကြ"

ထို့နောက် သူအခန်းထဲ၀င်သွားသည်။ 

လုချန်ရှန်းပြန်ထွက်လာသောအခါ သူ့လက်ထဲတွင် ပန်းထိုးအိတ်ငယ်လေးများစွာ ပါလာသည်။  

တပည့်များအား အိတ်များကိုပေးပြီးနောက် လုချန်ရှန်း မည်းမှောင်သည့် အမူအရာဖြင့် ပြောသည်။ 

"ဒီထဲမှာ အဆောင်တွေ၊ အစီအရင်တွေနဲ့ ဆေးလုံးမျိုးစုံရှိတယ်၊ မင်းတို့ အဲဒီလူတွေနဲ့ တွေ့ရတာနဲ့ သေတဲ့အထိ ရိုက်သတ်ပစ်ကြ၊ မနိုင်နိုင်ဘူးဆိုရင် သူတို့ဆီကို အဆောင်တွေနဲ့ အစီအရင်တွေကို ပစ်လိုက်ကြ"

တကယ်တမ်းတွင် အဓိကဖြစ်ရပ်များကို ရင်ဆိုင်ရသည့်တိုင် လုချန်ရှန်း သတိထားနေဆဲပင်။ 

သို့စေကာမူ ကံကြမ္မာကို သက်ရောက်စေသည့် အရာတစ်ခုကို လုပ်ရန်ဟူသည် လုချန်ရှန်း၏စရိုက်ကို ဆန့်ကျင်နေသည်။ 

မိုးမခပင်ဒါကိုမြင်သောအခါ နှလုံးသားထဲကနေ သက်ပြင်းချသည်။ 

ရှောင်ရှား၍မရနိုင်သည့် အရာတစ်ချို့ကတော့ ရှိနေဆဲပါ။ 

ဒီအရာများက လုချန်ရှန်း၏ စရိုက်ကို တဖြည်းဖြည်းပြောင်းလဲသွားစေလိမ့်မည်။ 

လုချန်ရှန်း လူရိုင်းဒေသသို့ အာကာသလမ်းကြောင်းကို ဖွင့်ပြီးနောက် သူ့တပည့်များကို ခေါ်ဆောင်သွားသည်။ 

.....

လုချန်ရှန်းနှင့် ကျန်သောသူများ ထွက်သွားစဉ် အတိနက်မှောင်နေသည့် လျှို့ဝှက်တာအိုကျောင်းတော်၏ ပင်မကျောင်းတော်၏ ခေါင်းဆောင်ရှိသည့် ခန်းမက ယခုအချိန်တွင် ပျက်စီးရှုပ်ပွနေလေသည်။ 

အထဲတွင် အနက်ရောင်၀တ်ရုံနှင့် လူနှစ်ယောက်က ရှေ့က ကျောက်တိုင်နှစ်ခုအား ကြည့်နေသည်။ 

ကျောက်တိုင်ပေါ်၌ ဟစ်ကြွေးမြည်တမ်းနေသည့် တစ္ဆေပုံစံကွက်များရှိပြီး လူများကို အနက်ရောင်သံကြိုးဖြင့် ချည်ထားသည်။ 

လုချန်ရှန်းနှင့် ယဲ့ချိုးပိုင်တို့သာ ဒီနေရာတွင် ရှိမည်ဆိုပါက သူတို့အား မှတ်မိပေလိမ့်မည်။ 

သူတို့က လက်ရှိ လျှို့ဝှက်တာအိုကျောင်းအုပ် ‌ချင်းတျန်နျန်နှင့် တိမ်ပြာဂိုဏ်းမှ ကျန်းချောင်မြန့်တို့ဖြစ်သည်။ 

ယခုအချိန်တွင် နှစ်ယောက်စလုံးက ဒဏ်ရာများနှင့် ပြည့်နှက်နေပြီး သူတို့ကိုယ်၌ အကောင်းပကတိကျန်သေးသည့် အစိတ်အပိုင်းဟူ၍ တစ်နေရာမျှပင် မကျန်တော့။ 

တကယ်တမ်း၌ သူတို့ခေါင်းအပေါ်၌ သူတို့ဝိဉာဉ်များကိုဆွဲထုတ်ကာ အလယ်၌ ချည်ထားသည့် သံကြိုးတစ်ပင်ရှိသည်။ 

ဝိဉာဉ်နှစ်ခုမှတဆင့် သူတို့၏ နာကျင်နေသည့် အမူအရာများကို ရှင်းလင်းစွာ မြင်နိုင်သည်။ 

အနက်၀တ်လူတစ်ယောက်က သူတို့နှစ်ယောက်အားကြည့်ပြီး နှာခေါင်းရှုံ့သည်။ 

"ငါမေးကြည့်လိုက်တော့ လျှို့ဝှက်တာအိုကျောင်းတော်နဲ့ တိမ်ပြာဓားဂိုဏ်းက ဒီကျက်တီးကုန်းမြေရဲ့ ဝိဉာဉ်ကျောက်တိုင်တွေဖြစ်ပုံပဲ၊ ဒီတော့ နာကျင်မှုကို ရှောင်ရှားပြီး မြန်မြန်ဆန်ဆန်သေနိုင်ဖို့အတွက် မင်းတို့ ငါတို့ဆီမှာ အညံ့ခံလိုက်ပြီလို့ ဘာလို့ အပြင်ပကမ္ဘာကို မပြောရတာလဲ"

"ဒီဂိုဏ်းနှစ်ဂိုဏ်းရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ မင်းတို့ကျရှုံးသွားသရွေ့ လူရိုင်းဒေသက ဂိုဏ်းတိုင်းက ငါတို့ကို ဦးညွတ်ရမှာပဲလေ၊ ဟုတ်တယ်မလား"

ချင်းတျန်နျန်အလွန်အမင်း နာကျင်နေသည်။ သူ့ဝိဉာဉ်ရော ကိုယ်ခန္ဓာကပါ နာကျင်ခံစားနေရသည့် နာကျင်မှုနှစ်မျိုးစလုံးကို သူဘယ်လိုလုပ် အလွယ်တကူ သည်းခံနိုင်မည်နည်း။ 

သို့စေကာမူ သူအပြုံးတစ်ခု အားတင်းယူပြီး အနက်၀တ်လူကို အေးစက်သော အပြုံးဖြင့် စိုက်ကြည့်သည်။ 

"ငါတို့လူရိုင်းဒေသက ဘယ်တော့မှ ခေါင်းမငုံ့တာက ဒီဂိုဏ်းနှစ်ဂိုဏ်းအတွက်ကြောင့် မဟုတ်ဘူး၊ ငါတို့မှာ မျှော်လင့်ချက် အရိပ်အယောင် တစ်စွန်းတစ်စရှိနေတာက အဲဒီလူရဲ့ တည်ရှိမှုကြောင့်ပဲ၊ ငါတို့သေရမယ်ဆိုရင်တောင် မင်းတို့နဲ့ မင်းတို့နောက်ကွယ်က ဂိုဏ်းကလည်း စိတ်ပျက်ဖွယ်ရာ သေဆုံးကြရလိမ့်မယ်၊ ငါပြောတာကို မင်းယုံလိုက်"

အပိုင်း(936) coming။ 

All Chapters