← Chapters

#‌ဟောင်တျန်းနဲ့ ထပ်မံတွေ့ဆုံခြင်း၊ ယဲ့ချိုးပိုင်၏ဓားချက်#

Vol. 66 Ch. 937

#‌ဟောင်တျန်းနဲ့ ထပ်မံတွေ့ဆုံခြင်း၊ ယဲ့ချိုးပိုင်၏ဓားချက်#

Vol. 66 Ch. 937

အနက်၀တ်လူနှစ်ယောက်က ခြွင်းချက်မရှိ ချက်ချင်းသေဆုံးသွားကြရသည်။ 

ချင်းတျန်နျန်နှင့် ကျန်းချောင်မြန့်တို့က လုချန်ရှန်းကို မိန်းမောတွေဝေစွာ ကြည့်နေမိကြ၏။ 

အဆင့်မြင့်ကြယ်နယ်မြေက ကျင့်ကြံသူများက လုချန်ရှန်းအတွက် ဒီလောက်ထိ လွယ်ကူလိမ့်မည်ဟု သူတို့မျှော်လင့်မထားခဲ့ကြပေ။ 

တကယ်တမ်းတွင် အနက်၀တ်လူနှစ်ယောက်၌ ခုခံရန်အတွက်ပင် အခွင့်အရေးမရှိခဲ့ဘဲ လုချန်ရှန်း သူတို့ကို ချက်ချင်း သတ်ပစ်ခဲ့သည်။ 

ဒါ့အပြင် သူကအတော်လေးအေးဆေးဖြစ်နေပုံရပြီး ပုရွက်ဆိတ်လေးနှစ်ကောင်ကို သတ်ပစ်ရန်အတွက် ဖျစ်ညှစ်လိုက်သည့်ပမာ။ 

ဒါကိုမြင်သောအခါ တစ်ခဏမျှ ကြက်သေသေနေပြီးနောက် ချင်းတျန်နျန် ၀မ်းမြောက်ကျေနပ်သည်ကို ခံစားလိုက်ရသည်။ 

စံအိမ်တော်တွင် အမြဲလိုလိုနေထိုင်ပြီး တပည့်များလက်ခံရန်ကို ငြင်း‌ဆန်ပစ်တတ်သည့် လုချန်ရှန်းက ယခုတွင် သူတို့၏ ထောက်တိုင်တစ်ခုပမာ ဖြစ်လာခဲ့လေပြီ။ 

ချင်းတျန်နျန် လုချန်ရှန်းကျောကို ကြည့်ပြီးပြုံးသည်။ 

"အကြီးအကဲလု၊ မင်းအခုဘယ်မှာလဲဆိုတာ ငါမသိပေမယ့် ချန်ရှန်း အရမ်းအားကောင်းလာခဲ့ပြီ၊ မင်းအခု အေးအေးချမ်းချမ်း အနားယူလို့ရပါပြီ...."

ချင်းတျန်နျန်ပြောဆိုနေသော အကြီးအကဲလုဆိုတာက စံအိမ်တော်၏ အရင်ခန်းမပိုင်ရှင်ဖြစ်သည်။ 

ထိုအချိန်တွင် လုချန်ရှန်းလှည့်လာပြီး ချင်းတျန်နျန်နှင့် ကျန်းချောင်မြန့်တို့ထံ လျှောက်လာကာ သူ့လက်များကို သူတို့ပခုံးပေါ် တင်လိုက်သည်။ 

စူးစမ်းသည့်စွမ်းအားတစ်ခုက သူတို့ကိုယ်ထဲ ၀င်ရောက်သွားကြ၏။ 

ဒါက သူတို့နှစ်ယောက်ကို သေမင်းဝိဉာဉ်နန်းတော်၏ ချိပ်ပိတ်ခံထားရာကနေ သို့မဟုတ် အဆိပ်မိနေခြင်းကနေ ကာကွယ်ရန်ဖြစ်သည်။ 

ပြဿာနာမရှိတာကို အတည်ပြုပြီးနောက်မှသာ လုချန်ရှန်း စိတ်သက်သာရာရသွားပြီး မည်းမှောင်သည့် အမူအရာဖြင့် မေးသည်။ 

"အန်ကယ်ချင်း၊ သူတို့ပန်းတိုင်ကဘာလဲ"

လုချန်ရှန်း၏မေးခွန်းကို ကြားသောအခါ ချင်းတျန်နျန်၏ အမူအရာက လေးနက်သွား၏။ 

"သူတို့ရဲ့နောက်ဆုံးပန်းတိုင်က ဘာလဲဆိုတာ ငါလည်းမသိဘူး၊ ဒါပေမယ့် သူတို့အဆိုအရတော့ သူတို့က အဆင့်နိမ့်ကြယ်နယ်မြေတစ်ခုလုံးကို စုစည်းပစ်ချင်ပုံပဲ"

"ပြီးတော့ အဆင့်နိမ့်ကြယ်နယ်မြေက ဂိုဏ်းတိုင်းကို သူတို့ကို အညံ့ခံအောင် လုပ်ပစ်တယ်"

"အခုဆိုရင် နယ်မြေ၈၀ရာခိုင်နှုန်းလောက်မှာ အညံ့ခံရန်ကလွဲပြီး ရွေးချယ်စရာမရှိဘူး၊ တကယ်တော့ အကန့်အသတ်မဲ့နယ်မြေကလည်း အတူတူပဲ"

မုဖူရှန်းကလည်း အကန့်အသတ်မဲ့နယ်မြေ၏ သတင်းများကို ရရှိခဲ့သဖြင့် ယခုအချိန်တွင် သူ ဟွမ်ချင်းနှင့် လျိုကျိယုတို့ကို ထိုနေရာသို့ ခေါ်ဆောင်သွားပြီဖြစ်သည်။ 

ဟွမ်ချင်းက နတ်သခင်နယ်ပယ် အထွတ်အထိပ်အဆင့်ဖြစ်လေရာ နတ်သခင်နယ်ပယ် စွမ်းအားရှင်တစ်ချို့ မဆင်းသက်လာသရွေ့ သူမ အလွယ်တကူ ကိုင်တွယ်နိုင်မည်သာ။ 

ထို့ကြောင့် လုချန်ရှန်းပြောသည်။ 

"အကန့်အသတ်မဲ့နယ်မြေကို စိုးရိမ်နေစရာမလိုပါဘူး၊ ကျွန်တော်အဲဒီကို တစ်ယောက်ယောက် စေလွှတ်ပြီးပါပြီ"

"အန်ကယ်ချင်း၊ ပြီးတော့...."

"ဂျူနီယာကျန်းချောင်မြန့်" ကျန်းချောင်မြန့် အလျင်အမြန်ပင် လက်နှစ်ဖက်ဆုပ်သည်။ 

"ကျန်းချောင်မြန့်၊ မင်းနဲ့ အန်ကယ်ချင်းတို့ ငါ့နောက်ကလိုက်ခဲ့ကြ"

"မင်းနောက်ကလိုက်ရမယ်"

ချင်းတျန်နျန် ကြက်သေသေသွားသည်။ 

"ချန်ရှန်း၊ မင်းဘာလုပ်နေတာလဲ"

လုချန်ရှန်း၏မျက်နှာက မည်းမှောင်သွား၏။ 

"သေချာပေါက် သူတို့ကိုရှာရမှာပေါ့"

သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် အနက်၀တ်လူ၏ခန္ဓာကို လုချန်ရှန်းညွှန်ပြလိုက်စဉ် ချက်ချင်းဆိုသလို အကြွင်းအကျန်ဝိဉာဉ် အမျှင်စတစ်စက အလောင်းခေါင်းကနေ ထွက်လာခဲ့သည်။ 

လုချန်ရှန်း အထဲကို ချိပ်စည်းတစ်ခု ထည့်သွင်းလိုက်ရာ အကြွင်းအကျန်ဝိဉာဉ် အမျှင်စအော်ရာများက အမှန်တကယ်ပင် နေရာတစ်နေရာသို့ လွင့်မြောသွား၏။ 

ကျန်းချောင်မြန့်မေးသည်။ 

"စီနီယာ၊ ဒါက....."

လုချန်ရှန်း ထူးမခြားနားစွာပြောသည်။ 

"ငါ သူတို့ကိုသတ်စဉ်က သူတို့အကြွင်းအကျန် ဝိဉာဉ်အမျှင်စတစ်ခုကို တမင်သက်သက် ချန်ထားခဲ့တယ်၊ အထဲက အော်ရာကို သုံးပြီး သူတို့နဲ့ ဆက်နွှယ်နီးစပ်ခဲ့တဲ့ သူတိုင်းကို ဒီကနေတဆင့် ရှာလို့ရတယ်"

ကျန်းချောင်မြန့်ထိတ်လန့်တုန်လှုပ်သွား၏။ ဒီနည်းလမ်းက အရမ်းကို တစ္ဆေဆန်လွန်းသည်။ 

......

တခြားတစ်ဘက်တွင် တိမ်ပြာဓားဂိုဏ်း၌ ယဲ့ချိုးပိုင်၊ ရှောင်ဟိုင်နှင့် ရှီရှန်းတို့ ရောက်လာကြသည်။ 

သူတို့ဘေးတွင် ကျန်းချောင်မြန့်၏ ကာကွယ်မှုအောက်တွင် လွတ်မြောက်ခဲ့သည့် လျန်ဖုန်းလည်းရှိနေသည်။ 

လုချန်ရှန်း၏ အသိအာရုံအောက်တွင် ယဲ့ချိုးပိုင် လျန်ဖုန်းကို အရင်ရှာဖွေပြီးမှ တိမ်ပြာဓားဂိုဏ်းကို လာခဲ့ခြင်းပင်။ 

လက်ရှိတ်မ်ပြာဓားဂိုဏ်းတွင် ပြင်းထန်သောဝိဉာဉ်ချီများကို နေရာတိုင်းတွင် မြင်နိုင်သည်။ 

တိမ်ပြာဓားဂိုဏ်းအတွင်းပိုင်းတွင် ဧရာမဓားကြီးတစ်လက်က ကောင်းကင်ပေါ် ထိုးတက်နေသည်။ 

ဒါက တိမ်ပြာဓားဂိုဏ်း၏ ဂိုဏ်းအကာအကွယ် ဓားအစီအရင်ပေတည်း။ 

ဓားအစီအရင်ပြင်ဘက်တွင် ပုံရိပ်သုံးခုရှိပြီး အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်သည်။ အားလုံးက ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်များဖြစ်ကြသည်။ 

လက်ရှိဓားအစီအရင်က ကျိုးပျက်နေပြီဖြစ်ကာ ပြိုကွဲသွားတော့မည့် အခြေအနေတွင်ရှိနေသည်။ 

ဒါကို အချိန်အတော်ကြာ ထိန်းသိမ်းထား၍ မရနိုင်တော့ပုံပင်။ 

သို့စေကာမူ လုချန်ရှန်းကို ပဟေဠိဖြစ်စေတာက ဒီဓားအစီအရင်ကို ကျန်းချောင်မြန့်နှင့် လျန်ဖုန်းတို့သာ အသုံးပြုနိုင်ခြင်းဖြစ်သည်။ 

ကျန်းချောင်မြန့်က သူ့ဆရာ၏ အသိအာရုံအောက်တွင် အဖမ်းခံထားရပြီဖြစ်သည်။ 

လျန်ဖုန်းက သူ့ဘေးတွင်ရှိသည်။ 

ဒီလိုဆိုပါက ဒီဓားအစီအရင်ကို ဘယ်သူ အသက်သွင်းခဲ့လေသနည်း။ 

လျန်ဖုန်း ၀မ်းမြောက်ကျေနပ်နေသည့် အမူအရာဖြင့်ပြောသည်။ 

"မင်းထွက်သွားပြီးနောက်မှာ ဟောင်တျန်းရဲ့ပါရမီက အတော်လေးထူးချွန်ခဲ့တယ်၊ သူက ဓားသူတော်စင်နယ်ပယ်ကိုတောင် ရောက်နေပြီ"

ဟောင်တျန်း!

ယဲ့ချိုးပိုင်ခေါင်းညိတ်ရင်း လှမ်းကြည့်သည်။ ဓားအစီအရင်ထဲတွင် ဟောင်တျန်းနှင့် တိမ်ပြာဓားဂိုဏ်းက အကြီးအကဲတစ်ချို့ ဒါကို ထိန်းသိမ်းထားကြသည်။ 

ထို့နောက် သူတို့လေးယောက် ချက်ချင်းဆိုသလို ဓားအစီအရင်အပြင်ကို ရောက်သွားကြသည်။ 

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို မြင်သောအခါ ဓားအစီအရင်အပြင်က လူသုံးယောက် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကြ၏။ 

"မင်းဘယ်သူလဲ"

ယဲ့ချိုးပိုင်တို့ကို မြင်ရသောအခါ ဓားအစီအရင်ထဲက ဟောင်တျန်းနှင့် အကြီးအကဲများ ပျော်သွားကြပြီး အကြီးအကဲအားလုံး အော်ဟစ်သည်။ 

"ဂိုဏ်းချုပ်"

ဟောင်တျန်းလည်းအော်ဟစ်သည်။ 

"ဆရာ"

ယဲ့ချိုးပိုင်သူတို့အား ခေါင်းညိတ်ပြပြီးနောက် ကျန်သုံးယောက်အား ကြည့်ရင်း မည်းမှောင်စွာပြောသည်။ 

"မင်းတို့က သေမင်းဝိဉာဉ်နန်းတော်ရဲ့ စွမ်းအားကိုရပြီး သူတို့ရဲ့ရုပ်သေးတွေ ဖြစ်လာကြတာလား"

သူတို့ထဲကတစ်ယောက်ကို လော့ကျန်းဟုခေါ်သည်။ 

လော့ကျန်းနှာခေါင်းရှုံ့သည်။ 

"မင်းသေမင်းဝိဉာဉ်နန်းတော်ကို သိနေပြီဆိုမှတော့ အရင်က မင်းဒီစမ်းသပ်မှုတွေကို လုပ်ဖူးပုံပဲ၊ ဘာလို့လဲ၊ မင်းစမ်းသပ်မှုကို မအောင်မြင်ခဲ့လို့လား"

ယဲ့ချိုးပိုင်ထူးမခြားနားစွာပြောသည်။ 

"ငါက ရုပ်သေးတစ်ခုမဖြစ်လာချင်ရုံပါပဲ"

"ဒါပေမယ့် မင်းဒီမှာရှိနေတာကောင်းတယ်၊ ငါတို့ထပ်ပြီးရှာနေစရာမလိုတော့ဘူးပေါ့" လော့ကျန်းဘေးက နောက်တစ်ယောက်ဖြစ်သည့် ဂေါင်ယုရယ်မောသည်။ 

"ကောင်းပြီ၊ မင်းသေမင်းဝိဉာဉ်နန်းတော်အကြောင်း သိထားပြီဆိုမှတော့ ငါရှင်းပြနေစရာမလိုတော့ပါဘူး၊ အညံ့ခံစမ်း"

"သေမင်းဝိဉာဉ်နန်းတော်ရဲ့ စွမ်းအားက နင်ရပ်တန့်လို့ရနိုင်မယ့် အရာတစ်ခုမဟုတ်ဘူးဆိုတာ သိသင့်တယ်" သူတို့ထဲက တစ်ဦးတည်းသော အမျိုးသမီးဖြစ်သည့် ကန်ရှင်းယွဲ့ပြောသည်။ 

သူတို့၏ပန်းတိုင်က တိမ်ပြာဓားဂိုဏ်းချုပ်ဖြစ်သည့် ယဲ့ချိုးပိုင်ကို ရှာရန်ဖြစ်သည်။ 

အကယ်၍သူနှင့် လျှို့ဝှက်တာအိုကျောင်းတော်၏ ခေါင်းဆောင်တို့ကသာ အညံ့ခံလိုက်ပါက လူရိုင်းဒေသတစ်ခုလုံးက ခုခံရန်အတွက် ရည်ရွယ်ချက်ကို ဆုံးရှုံးသွားကြပေလိမ့်မည်။ 

ဒါကသူတို့တွေးနေသည့်အရာဖြစ်သည်။ 

သူတို့၏စကားလုံးများကို ကြားသောအခါ ယဲ့ချိုးပိုင် ရှေ့တိုးသည်။ သူ့အမူအရာက တည်ငြိမ်နေသော်လည်း သူ့မျက်လုံးများကမူ သတ်ဖြတ်ခြင်းဆန္ဒများဖြင့် ပြည့်နှက်နေသည်။ 

ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားက ဓားအိမ်ကထွက်လာပြီး သူ့လက်ထဲရောက်လာစဉ် အင်မော်တယ်ဓားဆန္ဒက လေဟာနယ်ထဲတွင် ပြည့်နှက်သွားသည်။ 

ဒီဓားဆန္ဒကို ခံစားမိသောအခါ လျန်ဖုန်း၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး ယဲ့ချိုးပိုင်၏ နောက်ကျောကိုကြည့်ရင်း အနည်းငယ် ရှုပ်ထွေးမှုကို ခံစားနေရသည်။ 

ယဲ့ချိုးပိုင်၏ ဓားတာအိုနယ်ပယ်ဖြစ်စေ၊ ကျင့်ကြံခြင်းနယ်ပယ်ဖြစ်စေ သူက သူတို့ထက် အများကြီးသာလွန်နေပြီဖြစ်ကာ သူတို့ သူ့ကျောကိုပင် မမြင်နိုင်ကြတော့။ 

ရှောင်ဟိုင်နှင့် ရှီရှန်းတို့က မတိုက်ခိုက်ကြပေ။ 

မည်သို့ပင်ဆိုစေကာမူ ဒါကအစ်ကိုကြီး၏ ကိစ္စဖြစ်သဖြင့် အစ်ကိုကြီးကိုယ်တိုင် ကိုင်တွယ်ချင်ပေလိမ့်မည်။ 

ယဲ့ချိုးပိုင် ခေးအောစ့်အနှစ်သာရ အင်မော်တယ်ဓားကို လက်ထဲတွင်ကိုင်ပြီး အမူအရာများက တဖြည်းဖြည်းလေးနက်လာသော လော့ကျန်းနှင့် ကျန်နှစ်ယောက်ကို ကြည့်ရင်း အေးစက်စွာပြောသည်။ 

"သေမင်းဝိဉာဉ်နန်းတော်၊ အညံ့ခံရမယ်၊ ငါ့ကို အညံ့ခံအောင်လုပ်ဖို့အတွက် မင်းတို့က အရည်အချင်းမပြည့်၀မှာကို ငါကြောက်မိတယ်"

ဂေါင်ယုကလည်း ဓားရှည်ကို ထုတ်ယူလိုက်သည်။ 

"ငါတို့အရည်အချင်းပြည့်၀တာဖြစ်စေ၊ မပြည့်၀တာဖြစ်စေ မင်းငါ့ရဲ့ဓားကနေ အရင် ရှင်သန်ဖို့ လိုအပ်တယ်လေ"

ထို့နောက် သူဓားနှင့်အတူ ယဲ့ချိုးပိုင်ထံ ပြေး၀င်သွား၏။ 

ဒါကိုမြင်သော် ယဲ့ချိုးပိုင်မလှုပ်ရှားဘဲ ယင်းအစား ဂေါင်ယုအား ထူးမခြားနားစွာကြည့်နေပြီး သူ့လက်ထဲက ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားက အနည်းငယ် တုန်ခါသွားသည်။ 

ရုတ်ချည်းဆိုသလို ဓားဆန္ဒက လေဟာနယ်အတွင်း ပြည့်နှက်‌သွားပြီး ဆုံစည်းသွားစဉ် ဓားပိုင်နက်က မြှင့်တက်လာခဲ့သည်။ 

သူ့ဓားတာအိုက လုံး၀ဖိနှိပ်ခံလိုက်ရတာကို ဂေါင်ယုချက်ချင်း ခံစားမိသဖြင့် ယဲ့ချိုးပိုင်အား ‌အထိတ်တလန့်ကြည့်လိုက်သည်။ 

ယဲ့ချိုးပိုင် ဓားပိုင်နက်အလယ်တွင်ရပ်နေပြီး ဓားဆန္ဒများက သူ့ခန္ဓာတစ်ဝိုက်ကို ရစ်ပတ်ထားကာ အင်မော်တယ်အော်ရာတစ်ခုကို ထုတ်လွှတ်နေသည်။ 

"မင်းဓားက ငါ့ကို ထိခိုက်အောင် လုပ်နိုင်စွမ်းမရှိသေးပါဘူး"

အပိုင်း(938) coming။ 

All Chapters