ပြောင်းလဲခြင်းတစ်ခု
Vol. 12 Ch. 174
နောက်နှစ်ရက်နေတော့ ရှောင်ဟန်ကျန့်ရေးထားသည့်စာကို ရှစ်ချင်းလျို့က လွန်ခဲ့သည့် ၁၀နှစ်က ရေးထားသလိုပုံစံပေါက်အောင် ပြုလုပ်ခဲ့သည်။
သူမကလည်း ရှောင်ဟန်ကျန့်ကို ပျားအုံတွေ အများကြီး လုပ်ခိုင်းခဲ့သည်။
သူမက ထိုထဲကို ပျားရည်အနည်းငယ်နှင့် နွေဦးစမ်းရေအနည်းငယ် လောင်းထည့်ပြီး ပျားအုံကို ပျားတွေ လာနားအောင် တောင်ပေါ်ယူသွားခဲ့သည်။
ထို့နောက် ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့က မော့ချင်းလင်ဆီ သွားလည်ခဲ့ကာ သူတို့က လူတွေကို ပျားမွေးမြူနည်း သင်ကြားပေးချင်ကြောင်း ပြောခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း မော့ချင်းလင်က သူတို့အကြံပြုချက်ကို လက်ခံခဲ့သည်။
နှမ်းကြတ်ပင်နှင့် ကြာဇံထုတ်လုပ်သည့် အလုပ်ရုံဖွင့်ပြီးကတည်းက သူတို့စီရင်စုမြို့က ကောင်းကောင်း လည်ပတ်နေသည်။
မော့ချင်းလင်က ထိုက ရရှိသည့် အမြတ်တွေဖြင့် ရှာရှီရွာကဘိလပ်မြေစက်ရုံက ဘိလပ်မြေတွေဝယ်ပြီး စီရင်စုမြို့က လမ်းတွေကို လမ်းခင်းခဲ့သည်။
နောက်ခြေလှမ်းက တခြားရွာနှင့် မြို့တွေကို ဘိလပ်မြေဖြင့် လမ်းခင်းမှာဖြစ်သည်။
တရားရုံက ကြေငြာစာထုတ်ခဲ့ပြီး ဘီလစ်စာရေးကြီးတွေ့ဖြင့် ရွာတွေမြို့တွေကို သွားစေခဲ့ကာ ပျားမွေးမြူဖို့သင်ယူချင်သူတွေ မနက်ဖြန်ကျရင် စီရင်စုမြို့ကို လာရောက်နိုင်ကြောင်း ကြေငြာခဲ့သည်။
ပျားကို ကိုယ်တိုင်မွေးမြူနိုင်မယ်ကြားတော့ လူအများစုက ကြက်သေသေသွားခဲ့ပြီး လူလက်တစ်ဆုပ်စာလောက်ကသာ စိတ်ဝင်စားခဲ့သည်။
ဘာပဲဖြစ်ဖြစ် ပျားကိုမွေးမြူပြီး ပျားရည်ပဲရောင်းရင်တောင် ဝင်ငွေကနည်းမည်မဟုတ်ပေ။
နောက်တစ်နေ့ကျတော့ ရှစ်ချင်းလျို့က စီရင်စုမြို့က တရားရုံးဆီ ရှီရုံနှင့် တခြားလူတွေကို ခေါ်လာခဲ့ကာ အနည်းဆုံးလူ ၁၀၀လောက် ရှိနိုင်ကာ နေရာ ပြည့်နေသည်။
လူတိုင်းက ရှစ်ချင်းလျို့ကို သိကြသည်။
ထိုနေရာမှာထိုင်နေသည့်လူအများစုက ကြာဇံလုပ်နည်းသင်ဖူးခဲ့သူတွေဖြစ်သည်။
ရှစ်ချင်းလျို့က အရှေ့ကိုလျှောက်သွားပြီး ပျားမွေးမြူးရေးရဲ့ အကျိုးကျေးဇူးတွေကို အပြုံးဖြင့် ရှင်းပြခဲ့သည်။
ထို့နောက် သူမက လူတိုင်းကို ပျားမွေးနည်း သင်ပေးခဲ့သည်။
သူမက လူတစ်ယောက်ဖြင့် လက်ကမ်းစာစောင်လေးတွေပါ ယူလာခိုင်းခဲ့သည်။
သူမက ထိုထဲမှာ ပျားမွေးမြူနည်းလုပ်ငန်းစဥ်၊ ကြိုတင်ကာကွယ်မှု တချို့နှင့်၊ ပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ်နည်းတွေကို ရေးပေးခဲ့သည်။
သူမက ထိုစာရွက်ကို ပိုင်မိသားစုရဲ့ စာကြည့်ခန်းကိုသွားကာ ပိုင်ရွှီဖြင့် ကော်ပီရာဂဏန်း ထုတ်ခိုင်းခဲ့သည်။
သူမ တွေ့ကြုံဖူးသည့် ပျားမွေးမြူနည်းနှင့် ပြုလုပ်သင့်သည့် ကြိုတင်ကာကွယ်မှုများကို သင်ကြားပေးပြီးနောက် ရှစ်ချင်းလျို့က ပြုံးကာ ပြောခဲ့သည်။ "ရှင်တို့ ပျားမွေးမြူချင်ရင် ကျွန်မဆီမှာ ပျားအုံလာယူကြပါ၊ ရှင်တို့ရဲ့ အိမ်ကို လာပြီး ပျားအုံလုပ်နည်းနဲ့ ပျားတွေကို ဘယ်လိုလွှတ်ပေးရမလဲဆိုတာ သင်ကြားပေးမှာပါ၊ ပျားမွေးတာဖြစ်ဖြစ် ပျားအုံယူတာပဲဖြစ်ဖြစ် အကုန် အလကားပါ။"
ထို့နောက် သူမက စကားပြောင်းခဲ့သည်။ "ဒါပေမဲ့ တစ်ခုတော့ရှိတယ်၊ အနာဂတ်မှာ ပျားတွေ မွေးပြီးလို့ ပျားရည်ကိုတော့ ရှင်တို့ ကြိုက်သလို လုပ်နိုင်ပေမယ့် ပျားဖယောင်းကိုတော့ နန်ရှီအလှကုန်ဆိုင်မှာပဲ ရောင်းချခွင့်ရှိပါမယ်၊ စာချုပ်ထဲမှာ ပျားဖယောင်းကိုဝယ်မယ့်စျေးနဲ့ အခုကစပြီး ပျားဖယောင်းတွေယူမှာကို စာချုပ် ချုပ်ဆိုမှာပါ၊ စျေးကွက်ပေါက်စျေးထက် မနိမ့်စေရပါဘူးရှင်။"
ဒါကသာ ပျားမွေးမြူသူတွေကို ပိုတက်ကြွစေမည့် တစ်ခုတည်းသောနည်းဖြစ်သည်။
သူမက ပြုံးကာပြောခဲ့သည်။ "မေးချင်တာရှိရင် လွတ်လပ်စွာ မေးမြန်းနိုင်ပါတယ်ရှင်။"
ထိုင်ကာ ပျားမွေးမြူနည်း သင်ယူနေသည့် လူတစ်ယောက်က ပြုံးကာပြောခဲ့သည်။ "အမျိုးသမီးရှစ်သာ ကျွန်တော်တို့ဆီက ပျားဖယောင်းဝယ်ပြီး အရှုံးမရှိစေဘူးဆိုရင်တော့ စိုးရိမ်စရာ မရှိပါဘူးဗျာ။"
လူတစ်ယောက်က စိတ်လှုပ်ရှားစွာ ပြောခဲ့သည်။ "ဟုတ်တယ် အမျိုးသမီးရှစ် သင်ပေးတဲ့ ပျားမွေးနည်းလုပ်ချင်တယ် ပျားအုံတွေကို ဘယ်လိုစုဆောင်းရမလဲ။"
ကျန်သည့်လူတွေက မကျေနပ်ပေ။ "မင်းကနောက်မှလာတာ မဟုတ်လား၊ ကြားဖြတ်ဝင်လို့ မရဘူးနော်။"
"ဟုတ်တယ် မင်းဘဲ အမျိုးသမရှစ်ကို ယုံတာလား၊ ဒီကလူတိုင်းလည်း ယုံကြည်တယ်။"
"အမျိုးသမီးရှစ် ကျုပ်တို့လည်း ပျားမွေးမြူချင်တယ်။"
ပျားမွေးပြီးပါက ပျားရည်ကို သူတို့သဘောကျရောင်းနိုင်ပြီး ပျားဖယောင်းတွေကို နန်ရှီအလှကုန်စက်ရုံက ဝယ်မည်ဖြစ်သည်။
ဒီလိုကောင်းမွန်သည့် အခွင့်အရေးကို သူတို့အလွတ်ခံလို့မရပေ။
လယ်ယာစိုက်ပျိုးခြင်းအပြင် သာမာန်ပြည်သူတွေက အပိုဝင်ငွေ မရှိပေ။
ဤသင့်လျော်သည့် နည်းဖြင့် အပိုဝင်ငွေရှာနိုင်ဖို့ သူတို့ မျှော်လင့်ခဲ့သည်။
ရှစ်ချင်းလျို့ကပြုံးပြီး လက်ခုပ်ပုံပြုပြီး ပြောခဲ့သည်။ "ယုံယုံကြည်ကြည်ထောက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်၊ ပျားမွေးမယ့်လူတွေက တရားရုံးမှာ အမည်စာရင်း ပေးသွင်းပြီး ပျားမွေးမြူနည်းစာရွက်ကို ယူပြန်သွားပါ၊ ကျွန်မက စာရင်းတွေကိုကြည့်ပြီး ရက်အနည်းငယ်အတွင်း လိပ်စာထဲကအိမ်တွေကို ပျားအုံပို့ပေးပါ့မယ်။"
သူတို့ကို ပျားမွေးမြူနည်းသင်ပေးပြီးမှတော့ ဒီထက်ပိုလုပ်ရဖို့ စိတ်ထဲမထားတော့ပေ။
ဒါ့အပြင် ဒါတွေက သူတို့ရဲ့အနာဂတ် အလှကုန်အလုပ်ရုံအတွက် ကုန်ကြမ်းတွေဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူတို့ ပိုဂရုစိုက်ရမည်။
ဒါက အရှုံးမရှိသည့် အခြေအနေ ဖြစ်သည်။
ပျားမွေးမြူသူတွေ ငွေရှာနိုင်သလို သူတို့လည်း ကုန်ကြမ်းရမည်ဖြစ်သည်။
လူတွေက အားတုံ့အားနာဖြစ်ကုန်ကြလေသည်။ "ဒုက္ခများမှာပေါ့၊ ကျုပ်တို့ဘာသာ လာယူလို့ရမလား။"
ရှစ်ချင်းလျို့က ပြုံးကာ ပြောခဲ့သည်။ "ရပါတယ်၊ ကျွန်မတို့က ပျားမွေးမြူရေးနဲ့ ပတ်သက်ပြီး ညွှန်ကြားပေးစရာ တချို့ရှိလို့ ကိုယ်တိုင်လာပို့ပေးတာ ပိုအဆင်ပြေပါတယ်။"
"ဒါဆိုရင်တော့ အမျိုးသမီးရှစ်ကို ကျေးဇူးတင်ပါတယ်ရှင်၊ ကျေးဇူးတရားတွေကို မှတ်ထပါ့မယ်။"
"ဟုတ်တယ် ဟုတ်တယ် အမျိုးသမီးရှစ်က တကယ့်ကို လူကောင်းပဲ။"
"အနာဂတ်မှာ အမျိုးသမီးရှစ်ရဲ့ မိသားစုကိုဆန်ကျင့်တဲ့လူက ငါတို့ကိုဆန့်ကျင်တာနဲ့ အတူတူပဲ။"
"ဟုတ်တယ် မြို့တော်ကစစ်သူကြီးရဲ့ဇနီး အမျိုးသမီးရှစ်ကို ထပ်ဒုက္ခပေးလို့ကတော့ ရေနစ်သေအောင် တံတွေးနဲ့ ဝိုင်းထွေးပစ်မယ်။"
"ဘာလို့ တံတွေးထွေးရမှာလဲ၊ လက်နက်ကိုင်ပြီးတော့ပဲ ရှင်းထုတ်ရအောင်။"
အရပ်သူအရပ်သားတွေရဲ့ နေထိုင်မှုပုံစံက ထိုကဲ့သို့ ဖြစ်သည်။
သူတို့ကို ကောင်းကောင်း ဆက်ဆံပါက သူတို့က ကောင်းကောင်း ပြန်ဆက်ဆံမည်ဖြစ်သည်။
သေချာပေါက် ကျေးဇူးကန်းသည့် လူတချို့လည်းရှိသည်။
လူအများစုကတော့ ကျေးဇူးသိတတ်ကာ ကြင်နာသည်ဟု ရှစ်ချင်းလျို့ အမြဲယုံခဲ့ကြည်သည်။
လူတိုင်းက သူမကို အလွန်ကာကွယ်ပေးနေတာတွေ့တော့ ရှင်ချင်းလျို့ရဲ့ ရင်ထဲ နွေးသွားခဲ့သည်။ "အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။"
သူတို့ မလိမ်ဘူးဆိုတာ သူမ ယုံကြည်သည်။
တစ်နေ့ကျရင် ထိုအမျိုးသမီးသာ ထပ်လုပ်ခဲ့ပါက သူတို့တွေက ကူညီပေးလိမ့်မည်။
ထိုဖြစ်ရပ်ကြောင့် သိပ်မဝေးသည့်နေရာက ရှီရုံနှင့် တခြားလူတွေက ထိတ်လန့်သွားခဲ့သည်။
လူအုပ်ကြီးက ပျားမွေးမြူနည်း သင်ပေးသည့် ရှစ်ချင်းလျို့ကို ဒီလောက် ကာကွယ်ပေးလိမ့်မည်ဟု သူတို့ မထင်မိခဲ့ပေ။
အရင်တုန်းကတော့ စီရင်စုမြို့မှာ ရှစ်ချင်းလျို့ကို မေးပါက လူတိုင်းနီးပါးသိနိုင်ကြောင်း သူတို့သိခဲ့သည်။
ဒါ့အပြင် လူတိုင်းက သူမ ကောင်းကြောင်းတွေချည်းပြောကာ ရွာကို ကောင်းကျိုးတွေဖြစ်ထွန်းဖို့ သယ်ဆောင်လာပေးသည့် မသေမျိုးဘုန်းတော်ကြီး၏ တပည့်အလိမ်မာလေးဖြစ်ကြောင်း ပြောကြသည်။
ရှီရုံနှင့် ရှီလွေ့က ဒီအပေါ် တူညီသည့် အမြင် မရှိသော်လည်း ဖေးယွီကျယ်နှင့် လျန်ယို့ရှောင်ကတော့ ခံစားမိသည်။
နန်ရှီစီရင်စုမြို့က သူတို့ရောက်ခါစနှင့် မတူတော့ပေ။
ဟိုးတုန်းက ဘိလပ်မြေဖြင့် ခင်းထားသည့် လမ်းတွေ မရှိဘဲ လူတွေရဲ့ အသွင်အပြင်တွေကလည်း အခုလို မဟုတ်ပေ။
အခု သူတို့က ပိုပြီးအားအင်တက်ကြွနေပုံရသည်။
စီရင်စုမြို့ထဲမှာ အလုပ်ရုံအနည်းငယ်ရှိလာပြီး လူတွေရဲ့ ဘဝနေထိုင်မှုကလည်း တိုးတက်လာခဲ့သည်။
ဒါတွေက ရှစ်ချင်းလျို့ ဦးဆောင်ခဲ့သည့် ပြောင်းလဲမှုတွေ ဖြစ်သည်။
ချက်ချင်းပင် သူတို့ ရှစ်ချင်းလျို့အပေါ် ထားသည့် အမြင်နှင့် ခံယူချက်တွေ ပြောင်းသွားခဲ့သည်။
မော့ချင်းလင်ပင် ရှစ်ချင်းလျို့ကို ပိုလေးစားအားကျလာခဲ့သည်။
ထို့နောက် ရှစ်ချင်းလျို့က ရှီရုံနှင့် တခြားလူတွေကိုခေါ်ပြီး ပျားအုံတွေ သွားပို့ခဲ့သည်။
သူမက မော့ချင်းလင်ကို တခြားနေရာက ပျားတွေနှင့် ပျားအုံတွေကိုလည်း ဝယ်ခိုင်းခဲ့သည်။
ပျားရိုင်းကောင်တွေကိုပဲ ဖမ်းနေလို့ မလုံလောက်ပေ။
သူတို့က မြို့ရွာများစွာကိုသွားပြီး ဝေးလံခေါင်းပါးသည့် တောတောင်ထဲကရွာတွေဆီပါ သွားခဲ့သည်။
လျန်ယို့ရှောင်နှင့် တခြားလူတွေက သူတို့တစ်ခါမှ မမြင်ဖူးတာတွေပါ မြင်ခဲ့ရလေသည်။
ဥပမာအားဖြင့် တောင်ပေါ်က ရွာတစ်ခုဆိုရင် ရွာသူကြီးပင် အလွန်ဆင်းရဲကာ သက်ကယ်မိုးအိမ်ဖြင့်သာ နေထိုင်နိုင်သည်။
သူတို့က ဟင်းသီးဟင်းရွက်ကို ဖွဲနုနှင့် ရောကာသာ စားသောက်နိုင်သည်။
ကလေးအများစုက ဖာစပ်ထားသည့် အဝတ်အစားတွေ ဝတ်ဆင်ကာ လမ်းပေါ်ပြေးလွှားနေကြသည်။
သူတို့တွေက ခြေဗလာတွေဖြင့် ကောက်ရိုးဖိနပ်လေးတောင် မစီးနိုင်ခဲ့ပေ။
နေထိုင်ဖို့ပင် မတတ်နိုင်သဖြင့် သမီးဖြစ်သူတွေကို ရောင်းစားချင်နေသည့် မိသားစုတွေကိုလည်း တွေ့ခဲ့ရသည်။
ရိုးရှင်းပြီး စိတ်အားထက်သန်သည့် နေထိုင်သူတွေကိုလည်းတွေ့ခဲ့ရသည်။
ဆင်းရဲသည့်လူတွေကလည်း ရည်မှန်းချက် ပြင်းထန်သည်။
ဒါတွေဟာ ပျင်းရိလို့ အလုပ်ကြိုးစား မလုပ်လို့ မဟုတ်ဘဲ သူတို့ အလုပ်ကြိုးစားအောင် လုပ်နိုင်တာ မရှိတာ ဖြစ်သည်။
ပျားသေတ္တာတွေ ပို့ပေးပြီးနောက် လျန်ယို့ရှောင်နှင့် တခြားလူတွေရဲ့ စိတ်ထားတွေက ပြောင်းသွားခဲ့သည်။
မြို့တော်မှာ ဇိမ်ကျကျနေကာ စားပွဲအပြည့်ဟင်းလျာတွေ သုံးဆောင်ပြီး မကုန်တာတွေ သွန်ပစ်သည့် ရှီလွေ့ပင် ဖြုန်းတီးမှုကို ခံစားမိခဲ့သည်။
အနာဂတ်ကျရင်တော့ သိမ်းထားပြီး ကောင်းကောင်း အသုံးချမည်။
မိသားစုကို မှီခိုကာ အောင်မြင်ဖို့ လုပ်နေသည့် ဖေးယွီကျယ်ပင် စိတ်ဓာတ်တွေ ပြောင်းလဲသွားခဲ့သည်။
သူက သူ့မိသားစု စီစဥ်ပေးသည့်အတိုင်း ရုံးတော်မှာ အရာရှိလုပ်ကာ အေးအေးဆေးဆေး နေထိုင်ဖို့ ပြင်ခဲ့သည်။
အခုတော့ အေးအေးဆေးဆေး မနေချင်တော့ပေ။
တာ့လျန်က လူတွေအတွက် ကောင်းသည့်အရာတွေ လုပ်ပေးချင်သည်။
လျန်ယို့ရှောင်ကတော့ ထိပ်တန်းစီးပွားရေးရှင်ဖြစ်ချင်သည့် စိတ်မပြောင်းပေမယ့် တခြားအစီအစဥ်ရှိသည်။
သူ ပိုချမ်းသာလာသည့်အခါ သူများတွေကိုလည်း ပိုကြွယ်ဝအောင် ဆောင်ရွက်ပေးမည်ဖြစ်သည်။
ရှီရုံက အမျိုးသမီးစစ်တပ် ထူထောင်ကာ နိုင်ငံကိုကာကွယ်ပေးပြီး တာ့လျန်မှာ စစ်မဖြစ်အောင် တားဆီးမည်ဖြစ်သည်။
ဒါမှ လူထုတွေ အေးအေးချမ်းချမ်းနေထိုင်ကာ အလုပ်လုပ်နိုင်မည်ဖြစ်သည်။