ကိုယ့်ကိုယ်ကိုယ် သူများနဲ့ မနှိုင်းယှဥ်ရင် နာကျင်ရမှာ မဟုတ်ဘူး
Vol. 13 Ch. 186
ပြောင်းပေါက်စီနှင့် ပြောင်းမုန့်ပေါင်းတွေ စားသောက်ပြီးနောက် အရာရှိတွေရဲ့ စိတ်ထဲမှာ အတွေးတစ်ခု ပေါ်လာခဲ့သည်။
တချို့က သူတို့စံအိမ်မှာ ပြောင်းစိုက်ဖို့ ဘုရင်ကြီးဆီကနေ ပြောင်းစေ့တချို့ တောင်းဆိုရန် လုပ်ခဲ့သည်။
ပြောင်းစေ့တွေသာ ကောင်းကင်ဘုံက ချီးမြှင့်တာ တကယ်ဆိုပါက အထွက်နှုန်းကတော့ ကောင်းလိမ့်မည်။
ထို့ကြောင့် သူတို့က ပထမတစ်သုတ် ပြောင်းစေ့တွေကို သူတိုစံအိမ်မှာ စိုက်ခွင့်ရဖို့ မျှော်လင့်နေသည်။
ဒါတွေက သူတို့ စားဖို့ ဂျုံစပါး ချို့တဲ့နေလို့ မဟုတ်ဘဲ ပြောင်းစေ့က သူတို့ဆီ ဂုဏ်ကျက်သရေနှင့် ကံကောင်းခြင်းကို သယ်ဆောင်လာပေးသည့် ကောင်းကင်ဘုံက ချီးမြှင့်ခြင်းကြောင့် ဖြစ်သည်။
ဘုရင်ကြီး ဘာမှ ပြန်မပြောရသေးခင်မှာပဲ စိုက်ပျိုးမွေးမြူရေးဝန်ကြီးက ဖြတ်ပြောခဲ့သည်။
စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနက ကျန်ရှိသည့် ပြောင်းစေ့တွေ အကုန်ယူကာ မျိုးကြဲစိုက်ပျိုးမည့်အကြောင်း သူက ပြောခဲ့သည်။
သူက အထွက်နှုန်း မြင့်မားသည့် ပြောင်းစေ့တွေ အများကြီး စိုက်ပျိုးချင်တာကြောင့် ဘုရင်ကြီးက လူတွေဆီကို နောက်နှစ်မှ ဖြန့်ဝေပေးနိုင်မည်ဖြစ်သည်။
ဝန်ကြီးတွေရဲ့ တောင်းဆိုချက်ဖြင့် ကြုံရသည့်အခါ ဘုရင်ကြီးက စိုက်ပျိုးမွေးမြူရေးဝန်ကြီးရဲ့ အကြံကို ထောက်ခံပေးခဲ့သည်။
လူတိုင်းရဲ့ တောင်းဆိုချက်တွေကို သူ မဖြည့်ဆည်းပေးနိုင်ပေ။
ထို့နောက် ဘုရင်ကြီးက လူတိုင်းကို ပြန်လွှတ်ခဲ့သည်။
မော့ချင်းလင်ဆီမှာ လူတွေ အများကြီး ဝိုင်းအုံကာ ပြောင်းစေ့ကို တောင်းနေကြသည်။
သို့ပေမယ့် မော့ချင်းလင်က အေးစက်သည့် မျက်နှာထားဖြင့် သူတို့ကို ငြင်းပယ်ခဲ့သည်။
ရှီလွေ့နှင့် တခြားနှစ်ယောက်က အလွန် စိတ်လှုပ်ရှားနေကြသည်။
သူတို့က တိတ်တိတ်လေး ခိုးမထွက်ခင် တစ်ယောက်ကို တစ်ယောက် ကြည့်ခဲ့သည်။
"မျိုးမစစ်လေး အခု ဘယ်သွားမလို့လဲ။"
ရှီရှင်းဟန်က သူ့သားကို တစ်ချိန်လုံးစိုက်ကြည့်နေကာ ထပ်ပြောလိုက်သည်။ "ငါနဲ့ ပြန်လိုက်ခဲ့။"
ရှီလွေ့က ဆွံ့အသွားခဲ့သည်။ ဘာလို့ မျက်လုံးက တစ်ချိန်လုံး စောင့်ကြည့်နေတာလဲ။
သူသာ ပြောင်းစေ့တွေကို မဆက်သခဲ့ဘူးဆိုပါက ချက်ချင်းပြေးကာ အိမ်ပြန်ရောက်သည့်အခါ အကာအကွယ်ရအောင် အဖွားဖြစ်သူကို သွားရှာပြီး အဆောင်မှာပဲ ပုန်းနေကာ အပြင်ထွက်တော့မည် မဟုတ်ပေ။
သို့ပေမယ့် အခုတော့ သူက မျက်လုံးပင့်ကာ သူ့အဖေကို ဂုဏ်ယူစွာ ကြည့်ခဲ့သည်။ "အဖေ ပြောင်းစေ့လိုချင်လား။"
ရှီရှင်းဟန်က ဉာဏ်ကောင်းသည့်လူ ဖြစ်သည်။
ထိုစကားကြားတော့ သူက ချက်ချင်း တုံ့ပြန်ခဲ့သည်။ "မင်းမှာ ရှိတာလား။"
ရှီလွေ့က ပိုဘဝင်ခိုက်နေသည်။ "ဒါပေါ့ နန်ရှီစီရင်စုမြို့မှာတုန်းက အစ်ကိုလင်ဆီကနေ နည်းနည်း တောင်းခဲ့တာ။"
ထိုအချိန်မှာပဲ မော့ချင်းလင်က လူအုပ်ကြားကနေ ထွက်လာပြီး ရှီလွေ့ရဲ့ စကားကို ကြားလိုက်လေသည်။
သူက ခဏလောက် ရပ်နေခဲ့သည်။
"ရှီလွေ့ မင်း ပြောင်းစေ့တွေကို ဘယ်လိုယူခဲ့လဲဆိုတာ သိသင့်တယ်နော်။"
သူက ရှီလွေ့နှင့် တခြားလူတွေကို ကြည့်ကာ စနောက်စွာ ပြောခဲ့သည်။ "မင်း ဘယ်လိုယူခဲ့လဲဆိုတာ သူတို့ကို ဝေမျှပေးချင်လား။"
သူက ဒီကိစ္စကို ဘုရင်ကြီးဆီ တင်ပြပြီးပြီဖြစ်သည်။
ထင်သည့်အတိုင်း ဘုရင်ကြီးက စိတ်ခံစားချက် ကောင်းမွန်နေတာကြောင့် ရှီလွေ့နှင့် တခြားလူတွေကို လွှတ်ပေးဖို့ ဆုံးဖြတ်ခဲ့လေသည်။
အဲ့လောက်ထိ စာနာတတ်စရာ မလိုပါဘူးဟု ရှီလွေ့နှင့် တခြားလူတွေက တွေးလိုက်လေသည်။ မင်းရဲ့ ကြိုးစားအားထုတ်မှုတွေကို ငါတို့ အသိအမှတ်ပြုပါတယ်။
ရှီလွေ့က ခပ်ဟဟရယ်ကာပြောခဲ့သည်။ "အစ်ကိုလင် ဒီလို လုပ်စရာ မလိုပါဘူး။"
မော့ချင်းလင်က ခပ်မှိန်မှိန်ပြုံးကာ သူတို့ကို စိုက်ကြည့်လိုက်သည်။ "ငါ အရှင်မင်းကြီးကို တင်ပြပြီးပြီ၊ နောက်တစ်ခါ ထပ်မလုပ်နဲ့။"
သူက ဒီလို တက်ကြွနေသည့် လူငယ်တွေကိုကြည့်ရင်း သူ ငယ်ငယ်တုန်းက ရက်စက်ခဲ့တာကို ပြန်တွေးမိခဲ့သည်။
သူတို့က ပေါ့ပေါ့ပျက်ပျက်နေသော်လည်း အကန့်အသတ်ရှိသည်။
ဒါ့အပြင် သူတို့က ရှစ်ချင်းလျို့နှင့်လည်း ဆက်ဆံရေးကောင်းသဖြင့် ဒီကိစ္စကို ဆက်မဖော်တော့ပေ။
ထိုစကားကို ရှီလွေ့နှင့်တခြားလူတွေကြားတော့ မော့ချင်းလင်ရဲ့ ဆိုလိုရင်းကို သူတို့ သိသွားခဲ့သည်။
ပြောင်းစေ့တွေ သူတို့ လုပြေးခဲ့သည့်အကြောင်း ပြောခိုင်းတာမှလွဲ၍ တခြား မဖြစ်နိုင်ပေ။
"အစ်ကိုလင်က တကယ့်အစ်ကိုကောင်းပဲ။"
လျန်ယို့ရှောင်က ပြုံးပြီး မော့ချင်းလင်ရဲ့ ကျောဆီ လက်ဆန့်တန်းခဲ့သည်။
သို့ပေမယ့် သူ မလုပ်ရသေးခင်မှာပဲ သူ့အဖေက သူ့ကို နောက်ကျောမှ ဆွဲခဲ့သည်။
လျန်မင်ချန်က စကားအပြောအဆို မတတ်ဘဲ စနောက်တတ်သည့်သားကို ကြည့်လိုက်သည်။ "စကားကို ယဥ်ယဥ်ကျေးကျေးပြော၊ မရိုင်းနဲ့။"
မော့ချင်းလင်ဟာလည်း သူ့သားလို အထက်တန်းလွှာက ဖြစ်သည်။
သူက မော့ချင်းလင်ကိုကြည့်ပြီး သူ့သားကိုကြည့်ခဲ့သည်။
ရုတ်တရက်ကြီး သူ့သားကို သူ့ဇနီးဗိုက်ထဲပြန်သွတ်ထည့်ပြီး ပြန်ပြုပြင်ပျိုးထောင်ချင်စိတ်တွေ ဝင်လာခဲ့သည်။
သူက မော့ချင်းလင်ကို ပြုံးပြီး လက်ခုပ်ပုံသဏ္ဍာန်လုပ်ပြခဲ့သည်။ "ဒီမျိုးမစစ်လေးတွေအတွက် အရှုပ်ထုတ်တွေ ရှင်းပေးလို့ ကျေးဇူးတင်ပါတယ် သခင်လေးမော့။"
ရှီရှင်းဟန်ကလည်း ပြုံးပြီး လက်ခုပ်ပုံသဏ္ဍာန်လုပ်ပြခဲ့သည်။ "ဟုတ်ပါတယ် ကျေးဇူးတင်ပါတယ် သခင်လေးမော့။"
သူတို့တွေက အတွေ့အကြုံရှိ အရာရှိတွေ ဖြစ်သည်။
မော့ချင်းလင်ရဲ့စကားကို နားထောင်ခြင်းအားဖြင့် သူ့တို့ရဲ့ သားတွေ လက်ထဲမှာ ရှိနေသည့် ပြောင်းစေ့တွေက မော့ချင်းလင် ပေးတာ မဟုတ်မှန်း ခန့်မှန်းနိုင်သည်။
အခု ဘုရင်ကြီးဆီကနေ မီးစိမ်းပြတာကိုရပြီးပြီဖြစ်လို့ သူတို့မိသားစု ပွင့်ပွင့်လင်းလင်း စိုက်ပျိုးလို့ရပြီဖြစ်သည်။
မော့ချင်းလင်ကလည်း ပြန်လည်ပြုံးပြကာပြန်လည်ပြုံးပြကာ လက်ခုပ်ပုံသဏ္ဍာန်လုပ်ပြခဲ့သည်။ "သခင်တို့နှစ်ယောက်လုံး အရမ်းကို ယဥ်ကျေးလွန်းနေပါပြီ၊ အရှင်မင်းကြီးက သူတို့ကို ဆုချီးမြှင့်ချင်တာမလို့ ဒီကိစ္စကို ထပ်ဖော်ထုတ်မှာ မဟုတ်ပါဘူး၊ ကျွန်တော် လုပ်စရာလေးတွေ ရှိသေးလို့ အရင်သွားနှင့်လိုက်ပါဦးမယ်။"
"ရပါတယ်၊ သခင်လေးမော့ အရင်သွားနှင့်ပါ။"
တည်တည်ငြိမ်ငြိမ်ထွက်သွားသည့် မော့ချင်းလင်ကိုကြည့်ရင်း လျန်မင်လျန်က သူ့သားက ဘာလို့ မော့ချင်းလင်လို ဖြစ်မနေတာလဲဟု ကိုယ့်ဘာသာကိုယ် မေးခွန်းထုတ်လိုက်လေသည်။
ထို့နောက် သူ့သားရဲ့ စကားကို ကြားလိုက်လေသည်။ "ကြည့်မနေပါနဲ့တော့၊ အဲ့တာ မော့မိသားစုက သားလေ၊ အဖေ့မှာ ရှိလာမှာ မဟုတ်ဘူး။"
လျန်မင်ချန်က လက်တွေ ချက်ချင်း ယားလာခဲ့သည်။
သူက သူ့သားကို စိုက်ကြည့်လိုက်သည်။ "မျိုးမစစ်လေး မင်းက ပိုပိုပြီး ရဲတင်းလာတာပဲ၊ မင်းခြေထောက်ကို ရိုက်ချိုးပစ်ဦးမယ်။"
လျန်ယို့ရှောင်က မျက်ခုံးပင့်ခဲ့သည်။ "အဖေ ဒီည ပြောင်းစေ့တွေကို ပြောင်းပေါက်စီ ဖြစ်သွားစေချင်ရင် ကျွန်တော့်ခြေထောက်ကို ရိုက်ချိုးလိုက်ပါ။"
လျန်မင်ချန်က အသံတိတ်သွားခဲ့သည်။
မော့မိသားစုကို အားကျလိုက်တာ။ သူကတော့ ဘယ်လိုလုပ်ပြီး ဒီလို မသိတတ်တဲ့သားကို ပျိုးထောင်ပေးမိခဲ့တာလဲ။
သို့ပေမယ့် ခြေထောက်ရိုက်ချိုးမည့်အကြောင်း သူထပ်မပြောတော့ပေ။
မဟုတ်ပါက ဒီမျိုးမစစ်လေးက တကယ်လုပ်နိုင်သည်။
ဒီနေ့ ပြီးရင် ပြောင်းပေါက်စီ မစားရဘဲဖြစ်သွားနိုင်သည်။
အခု သူတို့မှာ ပြောင်းစေ့ရှိနေပြီဖြစ်တာကြောင့် စိုက်ပျိုးနိုင်ပြီဖြစ်သည်။
တာ့လျန်မှာ ပြောင်းစေ့ ကျင်း တစ်ထောင်လောက် ရှိသော်လည်း စိုက်ပျိုးမွေးမြူရေး ဝန်ကြီးက နောက်နှစ် အများကြီး စိုက်ပျိုးခဲ့ရင်တောင် တာ့လျန်က သိပ်ကျယ်ပြောတာကြောင့် လူများစွာ မရနိုင်တာကြောင့် တချို့လူတွေက သူတို့အိမ်ကိုလာကာ တောင်းနိုင်သည်။
ထို့ကြောင့် သူက သူ့ရဲ့ စိတ်ရှုပ်စရာကောင်းကာ ဒေါသထွက်ဖို့ကောင်းသည့် သားကို မျက်ကွယ်ပြုလိုက်လေသည်။
တစ်ဖက်မှာတော့ လျန်ယို့ရှောင်ရဲ့ အဖေက သူ့စကားကြောင့် ဆို့နင်သွားကာ ခြေထောက်ရိုက်ချိုးမည့်အကြောင်း မပြောဖို့ ချုပ်တည်းလိုက်တာကို ရှီလွေ့ တွေ့လိုက်လေသည်။
သူက သူ့သူငယ်ချင်းကို အတုခိုးကာ ပြောလိုက်သည်။ "အဖေ ကျွန်တော့်ကို ရိုက်မယ်ဆိုရင် ဒီညတော့ ပြောင်းပေါက်စီ စားရလိမ့်မယ်နော်။"
ရှီရှင်းဟန်က သက်ပြင်းချခဲ့သည်။
ဒီငတုံးကောင် ကိုယ်ပိုင်ဦးနှောက် မရှိဘူးလား။ မကောင်းတဲ့အကြံတွေ ပြည့်နေတဲ့ လျန်ယို့ရှောင်ဆီကနေ သင်ယူပြီး ဖအေကိုတောင် ခြိမ်းခြောက်လိုက်သေးတယ်။”
သူက ပင့်သက်ရှိုက်လိုက်သည်။ "မျိုးမစစ်လေး အိမ်ရောက်မှ မင်းနဲ့ ရှင်းမယ်။"
ရှီလွေ့က လူပါးဝစွာ ပြုံးပြီး အကွက်ရွှေ့ဖို့ ပြင်လိုက်လေသည်။ "အဖေ ဒါဆို ကျွန်တော် အရင်ပြန်ပြီ။"
သူ့အဖွားနှင့် သူ့အမေကို သူ နန်ရှီစီရင်စုမြို့က ယူလာသည့် လက်ဆောင်တွေ ပေးရမည်။
ဒီနေ့တော့ သူ့အဖေ သူ့ကို လုံးဝ မထိရဲဖို့ ယုံကြည်သည်။
ရှီရှင်းဟန်ရဲ့မျက်နှာက မည်းမှောင်သွားခဲ့သည်။ "ထွက်သွားစမ်း။"
ရှီသားအဖကြားက ကမောက်ကမဖြစ်စဥ်ကိုမြင်တော့ လျန်မင်ချန်က နှစ်သိမ့်ပေးခဲ့လေသည်။
ထို့နောက် ဖေးမိသားစုက လူတချို့ ထွက်လာခဲ့သည်။
ဖေးယွီကျယ်က အပြုံးလေးဖြင့် လျှောက်သွားလိုက်သည်။
"အဖိုး၊ အဖိုးနဲ့အဖွားကို ကျေးဇူးဆပ်ချင်လို့ ကျွန်တော် နန်ရှီစီရင်စုမြို့ကနေ ပြောင်းစေ့တချို့ ယူလာတယ်၊ ကောင်းကင်ဘုံရဲ့ ကောင်းချီးတွေကို ခံယူရင်း အသက်ရှည်ရှည် ပျော်ပျော်ရွှင်ရွှင် နေထိုင်ပါ။"
ဖေးယွီကျယ်က ရှီလွေ့နှင့်လျန်ယို့ရှောင်တို့နှင့် မတူပေ။
သူကစံအိမ်ကအမေနှင့် အဖွားကို ချွဲတာ မဟုတ်ဘဲ မိသားစုခေါင်းဆောင် အဖိုးဖြစ်သူကို ချွဲတာ ဖြစ်သည်။
ဒါက သူ့လိုလူအတွက် အသက်ရှင်နည်း နည်းဗျူဟာ နောက်တစ်ခု ဖြစ်သည်။
ထိုစကားကြားတော့ သခင်ကြီးဖေးက ကြင်နာစွာ ပြုံးပြခဲ့သည်။ "မင်းက ကျေးဇူးအသိတတ်ဆုံးပဲ၊ နောက်မှ ဒီပြောင်းတွေကို စံအိမ်မှာ စိုက်ကြတာပေါ့။"
ထို့နောက် လူအများစုက သခင်ကြီးဖေးကို အားကျစွာ ကြည့်နေတော့ သူအပြုံးက ပိုတောက်ပသွားခဲ့သည်။
လူအများစုက သူ့နားကပ်လာတော့ သူက သူ့မြေးကို ကြွားဝါခဲ့လေသည်။
လူတွေက ပြောင်းစေ့တွေတောင်းတော့ သူက စကားလမ်းကြောင်းလွှဲပြီး သူ့မြေးကိုခေါ်ကာ ပြန်သွားခဲ့သည်။
ကိုယ့်ကိုယ်ကိုယ် သူများနဲ့ မနှိုင်းယှဥ်ရင် နာကျင်ရမှာ မဟုတ်ဘူးဟု လျန်မင်ချန်နှင့် ဖေးယွီကျယ်က တွေးလိုက်လေသည်။
ကြည့်ပါဦး ဖေးယွီကျယ်က ဘယ်လောက်တောင် စဥ်းစားချင့်ချိန်တတ်ပြီး သိတတ်လိုက်သလဲ။
သူတို့မှာတော့ ဘယ်လိုသားမျိုး ရှိနေရတာလဲ။ သူတို့က သူတို့သားတွေကို သေအောင်ရိုက်ပစ်ချင်နေလေသည်။
ထို့နောက် လူအများစုက သူတို့ကို အားကျစွာ ကြည့်နေတာကို သိလိုက်လေသည်။
သူတို့က သက်ပြင်းချလိုက်သည်။ သူတို့ရဲ့ မျိုးမစစ်သားလေးတွေက သူတို့ကို ဂုဏ်ယူရအောင် လုပ်ပေးတာ ရှားပါးသည်။
သူတို့က ဂုဏ်ယူကြည်နူးနေကာ မူလက အားမရမှုတွေ ပယ်ပျောက်သွားခဲ့လေသည်။