တာ့လျန်ရဲ့ပထမဆုံးဟု ယူဆလို့ရခြင်း
Vol. 13 Ch. 189
ရှောင်ဟန်ကျန့်ပြောတာကိုနားထောင်ပြီးနောက် ဘုရင်ကြီးက ခဏလောက်တွေးလိုက်သည်။
"ဒါပေါ့ လွန်ခဲ့တဲ့နှစ်တွေက မေးခွန်းတွေကို မောင်မင်းကြည့်ဖို့ နန်းတွင်းအခြွေအရံတွေကို ပြောထားလိုက်မယ်၊ မောင်မင်းကြိုက်တဲ့အချိန် သွားကြည့်ပါ။"
သူက ထပ်ပြောခဲ့သည်။ "စာတမ်းတွေပြင်ဆင်တဲ့အခါ တော်ဝင်စာမေးပွဲမေးခွန်းတွေ ထည့်လို့ ရတယ်၊ ပြီးတော့ တခြားလူတွေနဲ့ မင်းရဲ့ဆရာကိုလည်း ပါခိုင်းလို့ ရတယ်၊ မောင်မင်း အဆင့်မြင့်စာသင်သား ဒါမှမဟုတ် စီရင်စုအဆင့်နဲ့ စာမေးပွဲအောင်မြင်တာကိုစောင့်ပြီးရင် တော်ဝင်စာမေးပွဲမေးခွန်း ထုတ်ဝေလို့ ရတယ်။"
ရှောင်ဟန်ကျန့်က အခုမှ အခြေခံစာသင်သားသာရှိသေးတာကြောင့် ထိုသို့လုပ်ဖို့ မသင့်လျော်ဘူးဟု ဘုရင်ကြီးက ထင်သည်။
လုပ်မယ့်လုပ်တော့ အကြီးကြီး လုပ်သင့်သည်ဟု တွေးခဲ့လေသည်။
အခြေခံအဆင့်စာသင်သားသာမက အဆင့်မြင့်စာသင်သားနှင့် စီရင်စုအဆင့်နဲ့ စာမေးပွဲဖြေဆိုသူတွေအတွက်ပါ မေးခွန်းထုတ်တာ ပိုကောင်းသည်။
နှစ်ပေါင်းများစွာ အရာရှိရွေးချယ်စာမေးပွဲအတွက် ရွေးချယ်ခံရသူတွေက မင်းစိုးရာဇာမိသားစုက အများဆုံး ဖြစ်သည်။
နိမ့်ကျတဲ့မိသားစုက အရာရှိတွေလည်း ရှိလာနိုင်ဖို့အတွက် ဒီတော်ဝင်စာမေးပွဲမေးခွန်းက ကောင်းမွန်သည့်အစ ဖြစ်လာနိုင်သည်။
သူ့ရည်ရွယ်ချက်ကို သူ ဝိုးတဝါးမြင်ခဲ့သည်။
ရှောင်ဟန်ကျန့်က ဘုရင်ကြီးရဲ့ အကြောင်းကို နားလည်ကာ သူ့ရဲ့ ဆိုလိုရင်းကို သဘောပေါက်သည်။
သူက ခေါင်းငြိမ့်ပြကာ ပြုံးခဲ့သည်။ "အရှင်မင်းကြီးပြောတာ မှန်ပါတယ် အရင်ဆုံး စာတမ်းပြုစုထားပြီး နောက်နှစ် တော်ဝင်စာမေးပွဲပြီးမှပဲ ထုတ်ဝေပါ့မယ်၊ ကျွန်တော်မျိုးရဲ့ ဆရာနဲ့လည်း ဆွေးနွေးလိုက်ပါဦးမယ်။"
ဘုရင်ကြီးက ဉာဏ်ကောင်းသည့်လူတွေကို သဘောကျသည်။ "ဆရာဟုန်က တပည့်ကောင်းကို မွေးထားတာပဲ။"
သူက သာမာန်ကာလျှံကာဖြင့် မေးလိုက်သည်။ "ဒီဆုတစ်ခုပဲ လိုချင်တာလား။"
ရှောင်ဟန်ကျန့်ကပြုံးပြီး ပြန်ဖြေခဲ့သည်။ "ပြောင်းစေ့တွေ ဆက်သနိုင်ခဲ့တာက ကျွန်တော်မျိုးရဲ့ဇနီးနဲ့ သူ့ဆရာကြောင့်ပါ၊ ကျွန်တော်မျိုးရဲ့ဇနီးနဲ့ အတူတူ အောင်မြင်ကျော်ကြားရပြီး တော်ဝင် စာမေးပွဲမေးခွန်းတွေကို ဖတ်ခွင့်ရတာနဲ့ပဲ အလွန်ဝမ်းမြောက်မိပါတယ်ဘုရား။"
အခုက အချိန်မှန်ဖြစ်သည်။ မနာလိုမှုများစွာကို ရနိုင်သော်လည်း အမုန်းတရားများအောင်တော့ မလုပ်သင့်ပေ။
ဘုရင်ကြီးသာ သူတို့ကို ရက်ရက်ရောရော ချီးမြှင့်ခဲ့ပါက အများ အာရုံစိုက်စရာတွေ ဖြစ်သွားရင် မကောင်းပေ။
တစ်နေ့မှာ သူက သူ့အရင်ဘဝထက် ကြီးတဲ့ လူမှုအဆင့်အတန်းကို ဖန်တီးမှာဖြစ်သည်။
သူ လိုချင်တာက ဆုကြေးမဟုတ်ဘဲ တကယ့် အောင်မြင်မှု ဖြစ်သည်။
ဘုရင်ကြီးရဲ့ မျက်လုံးထဲမှာ လေးစားသည့် အရိပ်တွေ ဖော်ပြထားလေသည်။ "မောင်မင်းရဲ့ သဘောပါပဲ။"
ရှောင်ဟန်ကျန့်က အစီအစဥ်နဲ့ လာဆက်သတယ်ဆိုတာ သူ မယုံခဲ့ပေ။
တကယ်ပဲ တိုက်ဆိုင်မှုလား။ သူ့မကောင်းကြောင်း သပုပ်လေလွင့် သတင်းတွေ ပြန့်နေသည့်အချိန်မှာ သူက ဘုရင်ဖြစ်ဖို့ ရွေးချယ်ခံရသူပါဆိုပြီး ကောင်းကင်ဘုံက မျိုးစေ့ချီးမြှင့်ခြင်း ခံခဲ့ရသည်။
သူက တကယ်ရွေးချယ်ခံရသူဟု ဘုရင်ကြီးက ယုံကြည်သော်လည်း တိုက်ဆိုင်တာဟုတော့ သူ မထင်ခဲ့ပေ။
ဒါ့အပြင် ဒီနေ့ ရှောင်ဟန်ကျန့်ရဲ့ လုပ်ဆောင်ချက်အရ သူက အရည်အချင်းရှိကြောင်း ယုံကြည်သည်။
ဘုရင်ကြီးက ရှောင်ဟန်ကျန့်နှင့် စကားခဏပြောပြီးနောက် မေးခွန်းတွေအများကြီး မေးခဲ့သည်။
ရှောင်ဟန်ကျန့်က ဉာဏ်ရှိရှိ ပြန်ဖြေပေးခဲ့သည်။
ဘုရင်ကြီးက ကျေနပ်သွားပေမယ့် တစ်ချိန်တည်းမှာပဲ နောင်တရသွားခဲ့သည်။
ရှောင်ဟန်ကျန့်က ဘာလို့ အခြေခံစာသင်သားပဲ ရှိသေးတာလဲ။
အချိန်ပြည့်ခါနီးပြီဖြစ်တာကြောင့် ဘုရင်ကြီးက မော့ချင်းလင်နှင့် ရှောင်ဟန်ကျန့်တို့ဇနီးမောင်နှံကို ပြန်လွှတ်လိုက်သည်။
သူတို့ထွက်သွားပြီးနောက် ဘုရင်ကြီးက အစီအရင်ခံစာကို ကောက်ကိုင်လိုက်ပေမယ့် အာရုံစိုက်ကာ မဖတ်နိုင်ခဲ့ပေ။
လွန်ခဲ့သည့် ရက်အနည်းငယ်က ရှီရုံပြောပြခဲ့သည့် အကြောင်းကို တွေးနေခဲ့သည်။
ရှောင်ဟန်ကျန့်ရဲ့ ဇနီးက မရိုးရှင်းပေ။
သူမဆီမှာ နိုင်ငံနှင့်လူမျိုးကို အကျိုးရှိစေမည့် ကောင်းကျိုး အကြံများစွာ ရှိသည်။
သူမက ပိုက်ဆံရှာရာမှာလည်း ကျွမ်းကျင်သည်။
သူမရဲ့ အကြံအကုန်လုံးက ပိုက်ဆံရှာလို့ရသည်။
သူ့တူမတော်ပင် ရှစ်ချင်းလျို့နှင့်အတူတူ အလှကုန်ဆိုင်ဖွင့်ဖို့ လုပ်ထားသည်။
သူ့ရဲ့ မောက်မာသည့် တူမရဲ့ လေးစားအားကျမှုကို ခံရဖို့ မလွယ်ပေ။
ဒါ့အပြင် ရှောင်ဟန်ကျန့်ကလည်း သူ အသုံးချလို့ရမည့် အရည်အချင်းရှိသူ ဖြစ်သည်။
ရှောင်ယွမ်ရှစ် အဆင့်မြင့်စာသင်သားနဲ့ စီရင်စုအဆင့်ဖြင့် အောင်မြင်သည့် စာသင်သား ဖြစ်လာအောင် သူစောင့်ရမည်။
သူက အမိန့်ပေးခဲ့သည်။ "ဆရာဟုန်ကို နန်းတွင်းထဲဝင်ခစားခိုင်းလိုက်။"
နန်းတွင်းအခြွေအရံက လေးစားစွာ ပြန်ဖြေခဲ့သည်။ "မှန်လှပါ အရှင်မင်းကြီ။"
ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့တို့ နန်းတော်အပြင်မထွက်ရသေးခင်မှာပဲ ဆရာဟုန်က နန်းတွင်းထဲခစားဖို့ ဆင့်ခေါ်ခံခဲ့ရသည်။
ပထမဆုံးအနေဖြင့် ဆရာဟုန်မှာ တပည့်ကောင်းရှိခြင်းအပေါ် အရင်ချီးကျူးခဲ့သည်။
ထို့နောက် ရှောင်ဟန်ကျန့်ရဲ့ တောင်းဆိုချက်တွေကို အကြမ်းဖျင်း ပြန်ပြောပြခဲ့သည်။
ထို့နောက် သူက သက်ပြင်းချခဲ့သည်။ "ညီလာခံက ငယ်ရွယ်ပြီး တောက်ပတဲ့ အရည်အချင်းရှိ လူငယ်တွေ လစ်လပ်နေတယ်။"
ဆရာဟုန်က ချက်ချင်း နားလည်သွားခဲ့သည်။
သူက ပြုံးကာ အကြံပြုခဲ့သည်။ "အရှင်မင်းကြီး အထူးစာမေးပွဲကျင်းပပြီး အရည်ချင်းရှိလူငယ်တွေကို လေ့ကျင့်ပေးလို့ရပါတယ်။"
ဘုရင်ကြီးက မျက်ခုံးပင့်ခဲ့သည်။ "အထူးစာမေးပွဲ။"
ဆရာဟုန်က ခေါင်းငြိမ့်ပြခဲ့သည်။ "အထွက်နှုန်းကောင်း မျိုးစေ့တွေ ချီးမြှင့်ခံရတာက လူတိုင်းအတွက် မင်္ဂလာပါပဲ၊ အထူးစာမေးပွဲ ကျင်းပဖို့ အကျိုးသင့်အကြောင်းသင့်ပါတယ်။"
ထင်သည့်အတိုင်း ဆရာဟုန်ရဲ့ စကားက ဘုရင်ကြီးကြားချင်နေသည့် စကား ဖြစ်သည်။
"မောင်မင်းပြောတာ အဓိပ္ပာယ်ရှိတယ်။"
ဘုရင်ကြီးက နောက်တစ်မျိုးထပ်မေးခဲ့သည်။ "မောင်မင်းရဲ့ တပည့် ရှောင်ဟန်ကျန့်ကော အထူးစာမေးပွဲဖြေရင် အဆင့်မြင့်စာသင်သားဖြစ်နိုင်ချေရှိလား။"
ဆရာဟုန်က ထိတ်လန့်သွားခဲ့သည်။
ဘုရင်ကြီး အထူးစာမေးပွဲ ကျင်းပချင်တာ သူ့တပည့်ကြောင့်လား။
ရှစ်ချင်းလျို့ကြောင့်ပါ ပါနေမလား။
ညီလာခံက အတွေ့အကြုံရှိ ဆရာဟုန်က စိတ်လှုပ်ရှားသွားပေမယ့် မဖော်ပြခဲ့ပေ။
သူက ပြုံးကာ ပြောခဲ့သည်။ "ဟန်ကျန့်က ဗဟုသုတများပါတယ်ဘုရား၊ ကျွန်တော်မျိုးက မကြွားဝါချင်ပေမယ့် သူက အဆင့်မြင့်စာသင်သား သာမက ထိပ်တန်းသုံးဦးထဲပါ ပါနိုင်တယ်ဘုရား။"
သူ သင်ဖူးသမျှထဲမှာ ရှောင်ဟန်ကျန့်က ဉာဏ်အကောင်းဆုံး ဖြစ်သည်။
သူက ဉာဏ်ကောင်းရုံသာမက သင်ကြားရေးမှာလည်း ကောင်းကောင်း လုပ်ဆောင်နိုင်ကာ သတိနိုးကြားမှုကလည်း အလွန်ကောင်းသည်။
အစိုးရ အခန်းကဏ္ဍမှာ သူက အရည်အချင်းရှိသည်။
ထို့ကြောင့် သူက ဒီစကားကို ပြောရဲတာ ဖြစ်သည်။
ဘုရင်ကြီးက အနည်းငယ် အံ့သြသွားခဲ့သည်။ "ကျောင်းသားတစ်ယောက်ကို မောင်မင်း ဒီလို ချီးကျူးတာ ဒါ ပထမဆုံး တွေ့ဖူးတာပဲ။"
ဆရာဟုန်ကပြုံးကာ ပြောခဲ့သည်။ "ကျွန်တော်မျိုးရဲ့ ဒီကျောင်းသားက တကယ်မဆိုးဘူး။"
ဘုရင်ကြီးရှေ့မှာ ငြိမ်ကုပ်နေလို့ မရပေ။ ရသင့်ရထိုက်သည့် ဒီအခွင့်အရေးကို သူ့အတွက် အလွတ်ခံလိုက်လို့ မဖြစ်ပေ။
ထို့နောက် ဆရာဟုန်နှင့် ဘုရင်ကြီးက တခြားကိစ္စတွေကို ပြောခဲ့ကြသည်။
ဆရာဟုန် အိမ်ပြန်ရောက်တော့ ရှောင်ဟန်ကျန့်က ထွက်ကြိုခဲ့သည်။
ရှောင်ဟန်ကျန့်က ဆရာဟုန်ကို တွဲပေးခဲ့သည်။ "ဆရာ ပင်ပန်းသွားပြီ။"
ဆရာဟုန်က သူ့တပည့်ကို ကြည့်လေလေ ပိုသဘောကျလေလေဖြစ်သည်။
သူက စဥ်းစားချင့်ချိန်တတ်ခြင်း၊ ဉာဏ်ကောင်းပြီး သိလည်းသိတတ်ကာ အလွန်တော်သည်။
သူက ဘုရင်ကြီးကို အထူးစာမေးပွဲ ကျင်းပအောင် ဖြစ်စေခဲ့သည့် တာ့လျန်က ပထမဆုံးလူဟု ယူဆနိုင်သည်။
သို့ပေမယ့် ဒါကိုတော့ သူ ထုတ်မပြောခဲ့ပေ။
သူက ဘုရင်ကြီးရဲ့ အတွေးကို ခန့်မှန်းခြင်းသာ ဖြစ်သည်။
သူက ပြောခဲ့သည်။ "စာဖတ်ခန်းထဲ သွားထိုင်ရအောင်။"
သူ့ဆရာက ပြောစရာ တစ်ခုခုရှိကြောင်း ရှောင်ဟန်ကျန့်က သိလိုက်သည်။ "ဟုတ်ကဲ့။"
သူတို့နှစ်ယောက်က စာဖတ်ခန်းထဲ ဝင်သွားခဲ့သည်။
စာဖတ်ခန်းထဲမှာ ကုန်းဖူလက်ဖက်ရည်လုပ်ဖို့ ပစ္စည်းတွေတွေ့တော့ ရှောင်ဟန်ကျန့်က လက်ဖက်ရည် ပြုလုပ်ပေးခဲ့သည်။
လက်ဖက်ရည်ကျိုပြီးနောက် သူက တစ်ခွက် ကမ်းပေးလိုက်သည်။ "ဆရာ သောက်ပါဦးဗျ။"
ဆရာဟုန်က သူ့တပည့်ပေးသည့် လက်ဖက်ရည်ကိုတစ်ငုံသောက်လိုက်သည်။ "ကောင်းကောင်း ပြင်ဆင်ထား၊ နောက်နှစ် ဖေဖော်ဝါရီလလောက်ကျရင် အထူးစာမေးပွဲရှိတယ်။"
ရှောင်ဟန်ကျန့်က ကြက်သေ သေသွားပေမယ့် အမြန်ပြန်တုံ့ပြန်ခဲ့သည်။
သူက ပြုံးကာ ပြောခဲ့သည်။ "အပြတ်သတ် အောင်နိုင်အောင် အကောင်းဆုံး ကြိုးစားပါ့မယ်။"
သူ့အတိတ်ဘဝတုန်းက ထိုအဖြစ်အပျက်မျိုး မရှိခဲ့ပေ။
ဘုရင်ကြီးက ဆရာ့ကို နန်းတော်ထဲ ခေါ်ပြီး အထူးစာမေးပွဲကျင်းပဖို့ပြောတာ သူနဲ့ သူ့ဇနီးကြောင့်များလား။
အပြင်ပန်းမှာတော့ သူ့အတွေးတွေကို မဖော်ပြခဲ့ပေ။
ဆရာဟုန်သာ သူ့အတွေးတွေကိုသိသွားပါက မြေခွေးအိုကြီးထက် ဉာဏ်များသည်ဟု ထင်သွားနိုင်သည်။
ဆရာဟုန်က ပြုံးကာ ပြောခဲ့သည်။ "စာမေးပွဲမှာ ပထမရဖို့ ကြိုးစားရမှာ မဟုတ်ဘဲ ပထမ ရကို ရသင့်တာ။"
သူက ထပ်ပြောခဲ့သည်။ "မင်းက အဆင့်မြင့်စာသင်သားဖြစ်ဖို့ အရည်အချင်းရှိရုံတင်သာမက ထိပ်ဆုံးသုံးဦးထဲ ပါနိုင်တယ်လို့ အရှင်မင်းကြီးရှေ့မှာ ပြောခဲ့တာ။"
ဘုရင်ကြီးက သူ့တပည့်ကို တစ်နေရာရာမှာ ရာထူးချပေးချင်နေတာကြောင့် သူ့တပည့်ကို အနည်းငယ် ဖိအားပေးဖို့ လိုသည်။
ရှောင်ဟန်ကျန့်က နားလည်သည်။ "ဆရာ့ကို အရှက်မရစေရပါဘူးဗျ။"
ရှောင်ဟန်ကျန့် မြို့တော်ကိုရောက်လာသည့်အကြောင်း စစ်သူကြီးစံအိမ်က သိသွားခဲ့သည်။
ရှောင်ဟန်ကျန့်နန်းတော်ထဲကိုဝင်တာကအစ နန်းတော်ထဲကထွက်တာအထိ ရှောင်ယွမ်ရှစ်ရဲ့ လူတွေက စောင့်ကြည့်နေခဲ့သည်။
သူ့လက်ထောက်ရဲ့ တင်ပြသံကိုနားထောင်ပြီးနောက် သူက မကျေမနပ်ဖြစ်နေခဲ့သည်။
သူက နန်းတော်မှာ ရှိလာတာတကြာပြီဖြစ်သည်။
ကြည့်ရတာ ဘုရင်ကြီးက သူ့သားကို တကယ်သဘောကျနေပုံရသည်။
သူ့သားနဲ့ အရင်တွေ့လိုက်ရမလား။ သူ့စိတ်တွေက ဒွိဟဖြစ်နေခဲ့သည်။