ပေးသွင်းသူများ ခေါင်းကိုက်ခြင်း (၂)
Vol. 46 Ch. 676
“ဟေ့.. သတင်းကြားပြီးပြီလား.. ချင်ဝမ်ဂျယ်လီကို စင်ပေါ်က ဖယ်ပြီး ‘သန်မာခြင်း’အုပ်စု ဂျယ်လီနဲ့ အစားထား ထားတယ်.. အဲ့တံဆိပ်မ ကြားဖူးလား..”
“အာ.. ဘာဖြစ်လို့လဲ.. ချင်ဝမ်ဂျယ်လီကောင်းပါတဘ်.. ဘာလို့ အစားထိုးခံရပါလိမ့်… အဲ့ဒါလဲ အမှတ်တံဆိပ် ကြီးပဲလား.. အမှတ်တံဆိပ် အသစ်တစ်ခုလား..”
“ဘယ် အသစ် အမှတ်တံဆိပ်ရမှာလဲ.. ကွမ်တုံမှာ ရှိတဲ့ စက်ရုံလေး တစ်ခုပဲ.. ဒါပေမယ့် ‘သန်မာခြင်း’အုပ်စုက အဆက်အသွယ်တွေ ခိုင်ခိုင်မာမာရှိတယ်တဲ့.. လီဟဟနဲ့လဲ ပတ်သက်နေပုံပဲ..”
“အို့.. လီဟဟရဲ့ ထုတ်ကုန်တွေ တော်တော် ရောင်းအားကောင်းတာ.. ထိုင်ဟွာကုန်တိုက်နဲ့လဲ ကာလရှည် စာချုပ်ချုပ်ထားတဲ့ အစောဆုံး ကုမ္ပဏီတွေထဲက တစ်ခုလေ.. ချင်ဝမ် ဂျယ်လီက ထိုင်ဟွာကုန်တိုက်မှာ ဈေးလျော့ ပေးဖို့ ငြင်းလိုက်လို့ လို့ကြားတဘ်..”
“ဟမ်.. ချင်ဝမ်က ဈေးနှုန်းမြင့်လို့ ထိုင်ဟွာကုန်တိုက်က ပယ်လိုက်တာလို့ ပြောချင်တာလား.. ‘သန်မာခြင်း’အုပ်စု နဲ့ အစားထိုးမှာပေါ့လေ..”
“အဲ့လို ဖြစ်နိုင်တယ်.. ထိုင်ဟွာကုန်တိုက်က သူတို့နဲ့ စာချုပ်အသစ်ချုပ်ဖို့ ငါတို့ကို အကြောင်းကြားတယ်.. သူတို့တွေ ဈေးနှုန်းလျော့ပေးဖို့ တောင်းဆိုထားလို့ ငါတို့တောင် အခု လက်မှတ်ထိုးဖို့ ရပ်ထားတာ.. ချင်ဝမ် ဂျယ်လီနဲ့ ဥပမာ ပေးမယ်လို့ ထင်လား..”
ထိုင်ဟွာကုန်တိုက်၏ ပေးသွင်းသူ အချို့သည် စာချုပ်အသစ်အတွက် ပူးပေါင်း ဆွေးနွေးကြသည်။ ထိုင်ဟွာကုန်တိုက်မှ ဖိတ်ခေါ်ခြင်းအား အချိန်ဆွဲထားချင်နေခြင်းပင်။ သို့ရာတွင် ယခုမူ သူတို့ကိုယ်တိုင် မစောင့်နိုင် ကြတော့ချေ။
ပေးသွင်းသူ တစ်ဦးကို စင်ပေါ်မှ ဖယ်ရှားလိုက်သည်။ ဆိုလိုသည်မှာ အခြား ပေးသွင်းသူများ၏ ထုတ်ကုန်များကို လည်း ဖယ်ရှားနိုင်သည်ဟု လမ်းပြနေခြင်းပင်။ ပေးသွင်းသူ အားလုံးသည် ဈေးကွက် တစ်ခုတည်းမှ မဟုတ်ကြချေ။ ချင်ဝမ် ဂျယ်လီကဲ့သို့ပင် အလွယ်တကူ အစားထိုးနိုင်ပေသည်။ ထိုသို့ ဖြစ်သွားပါက သူတို့ ကုမ္ပဏီများ အကြီးအကျယ် နစ်နာပေတော့မည်။
ထိုင်ဟွာကုန်တိုက်သည် ပေးသွင်းသူ ဈေးနှုန်း အသစ်လိုချင်မှုတစ်ဖက်နှင့် ပေးသွင်းသူများမှာ အမြတ်နည်းသည် ဆိုသော်လည်း သက်သက်သာသာနှင့် အမြတ်ငွေရနေသေးခြင်း တစ်ဖက် ဖြစ်နေသည်။ ထုတ်ပယ်ခံရပါက အမြတ်အစွန်း လုံးဝရတော့မည် မဟုတ်ချေ။ ထိုင်ဟွာကုန်တိုက်များ အောင်မြင်မှုဖြင့် ၎င်းတို့၏ ရောင်းအာ တိုးလာခြင်းကြောင့် ကုန်ပစ္စည်းရောင်းချသူ အားလုံးသည်လည်း ထုတ်လုပ်မျု တိုးမြှင့်ခဲ့ရသည်။ ရုတ်တရက် ထုတ်ပစ်လိုက်ပါက ရင်းနှီးမြုပ်နှံမှုများ အောင်းနေပေတော့မည်။
၎င်းတို့၏ ဂိုဒေါင်တွင် ထုတ်ကုန်များ မကျန်စေချင်ပါက လက်ကျန်ရှင်းရန်အတွက် ဈေးနှုန်းများ လျော့ချရ ပေလိမ့်မည်။ သို့မှသာ ထိုင်ဟွာကုန်တိုက်နှင့် စာချုပ်အသစ် ချုပ်ဆိုနိုင်မည်ဖြစ်သည်။ ထိုင်ဟွာ ကုန်တိုက်ကြောင့် ၎င်းတို့၏ ကုန်အမှတ်တံဆိပ် အမည်ကျော်ကြားမှုလည်း တိုးလာနိုင်မည် ဖြစ်သည်။
*******
“မန်နေဂျာကောင်း.. သူတို့ရချင်တဲ့ ဈေးနှုန်းတွေက အရမ်းနည်းတယ်.. တခြားကုမ္ပဏီတစ်ခုက ပေးထားတဲ့ ဈေးနှုန်းက ပေါက်ဈေးအမှန်ဆိုတာ ငါကြားထားတယ်.. ဒါပေမယ့် သူတို့အရည်အသွေးက ငါတို့နဲ့ ယှဉ်နိုင်မှာလား.. ထုပ်ပိုးမှု.. အရသာနဲ့ အရည်အသွေး အားလုံး ငါတို့ထက် နိမ့်တယ်… ငါတို့ ကုန်ကျစရိတ်က သူတို့ထက်ပိုတယ်.. အခု မင်းလိုချင်တဲ့ ဈေးနှုန်းက အရမ်းနိမ့်နေတယ်..”
“ငါတို့က ဈေးနှုန်းတွေကို အကျိုးကြောင်းမဲ့ မလျော့ပါဘူး.. ဒီနှုန်းထားအသစ်က ငါတို့ တွက်ချက်ပြီးမှ သတ်မှတ်ထား တာပါ.. ဒီပုံကိုကြည့်လိုက်.. ဒါ မင်းကုန်ကျစရိတ် မို့လား.. ငါတို့ လိုချင်တဲ့ နှုန်းထားမှာ အမြတ်ငွေ ပါပြီးသားလေ.. စဉ်းစားကြည့်အုံး.. ထိုင်ဟွာ ကုန်တိုက် ငါတို့နဲ့ လက်တွဲပြီးတဲ့အချိန် ရောင်းအား ဘယ်လောက်တောင် တိုးလာလဲ.. ထိုင်ဟွာကုန်တိုက် တစ်ခုတည်းကနေ မင်းရဲ့ အရင်(၆)လစာ ရောင်းအားထက် ပိုသေးတယ်လေ.. ဒါကို ငါတို့က ထိုင်ဟွာကုန်တိုက်ရဲ့ စီမံခန့်ခွဲမှုကြောင့် မဟုတ်ဘူးလို့ မင်းပြောနိုင်လား..”
မန်နေဂျာကောင်း လက်ပိုက်ကာ အေးအေးဆေးဆေး မေးလိုက်သည်။
“ဒါပေမယ့်ဗျာ.. မန်နေဂျာကောင်း.. မင်းကုန်တိုက်မှာ အရည်အသွေး ကောင်းတဲ့ ထုတ်ကုန်တွေ ရောင်းသင့်တယ်.. မင်း ဈေးနည်းနည်း ပိုပေးပြီး ဖောက်သည်တွေ စိတ်ကြိုက် ရွေးလို့ရတယ်လေ..”
“ဒါ မင်းဆုံးဖြတ်လို့ မရဘူး.. အဲ့ဒါကို စဉ်းစားလိုက်အုံးမယ်.. ပြီးတော့ ဒီထုတ်ကုန်ကို ကုမ္ပဏီ (၂)ခုတည်းက ထုတ်တာ မဟုတ်ဘူး.. ငါတို့ ထိုင်ဟွာကုန်တိုက်ကို ဝင်ချင်နေတဲ့ တံဆိပ်တွေ အများကြီးရှိသေးတယ်…”
မန်နေဂျာ ကောင်း မောက်မာစွာပင် ပြန်ဖြေလိုက်သည်။
ထုတ်ကုန်မျိုးစုံ ရှိရပေမည်။ တံဆိပ်အမျိုးမျိုး ဈေးနှုန်းအမျိုးမျိုး ရှိရပေမည်။ ထိုင်ဟွာကုန်တိုက်များသည် ၎င်းတို့၏ ဈေးဝယ်သူများအား ကုန်ပစ္စည်း မျိုးစုံ ရောင်းချပေးလိုသည်။ ထုတ်ကုန် အသစ်တစ်ခုအတွက် အမှတ်တံဆိပ် (၂)ခု လောက်ဖြင့် မလုံလောက်ချေ။ အနည်းဆုံး အမှတ်တံဆိပ် (၅)မျိုးထက်မနည်း ရှိရပေလိမ့်မည်။
“မန်နေဂျာကောင်း.. ကျေးဇူးပြုပြီး ဈေးနှုန်း နည်းနည်းလေး မြှင့်ပေးပါ.. ဂျတ်စတင် အနေနဲ့ ပစ္စည်းတစ်ခုကို (၁၀)ယွမ် တိုးပေးရင်ကို ငါချက်ချင်း လက်မှတ်ထိုးမယ်..”
မန်နေဂျာကောင်း ဘေးနားမှ လူဖြင့် အသံတိုးတိုး ဆွေးနွေးနေပေသည်။ ထို့နောက် မန်နေဂျာကောင်းမှ..
“ပစ္စည်းတစ်ခုကို (၅)ယွမ် တိုးပေးမယ်.. ဒါ ကျုပ်တို့ အမြင့်ဆုံး ပေးနိုင်တာပဲ.. မင်း လက်မှတ်မထိုးရင် နောက်နောင် မင်းကုမ္ပဏီနဲ့ လက်တွဲမှာ မဟုတ်တော့ဘူး..”
“လက်မှတ်ထိုးမယ်… အခုပဲ စာချုပ် ချုပ်မယ်..”
***********
“မန်နေဂျာဖူ.. မင်း တောင်ဘက်သွားတယ် ကြားပါတယ်.. ဘယ်တုန်းက ပြန်လာလဲ..”
“ထိုင်ဟွာကုန်တိုက်က ပေးသွင်းသူတွေနဲ့ စာချုပ်တွေ သက်တမ်း တိုးတော့မယ်လေ.. လက်ရုန်းတွေ ပြုတ်နေတော့ ကူညီဖို့ ပြန်လာတာ.. ဒါ မင်းအတွက် ငါတို့ သေချာ ပြင်ဆင်ထားတဲ့ စာချုပ် အသစ်ပဲ… ရော့..”
ဖူကွမ်းကျန့် စာဖိုင်တစ်ခု ပစ်ပေးလိုက်သည်။
“မန်နေဂျာဖူ.. ဒီစာချုပ် တစ်ခုခုများ မှားနေလား.. ဈေးတွေ အရမ်းနည်းနေတယ်..”
“ဒါက ငါတို့ ကမ်းလှမ်းထားတဲ့ နှုန်းထားအသစ်ပါ.. နှုန်းထားအသစ် လက်ခံရင် စာချုပ်ချုပ်ကြတာပေါ့.. လက်မံခရင်တော့ မေ့လိုက်ပါတော့..”
ဖူကွမ်းကျန့် ပြန်ဖြေလိုက်သည်။
“ဘယ်လို ပြောလိုက်တာလဲ.. ဒီဈေးနှုန်း ငါလက်မခံရင် ငါတို့ ပစ္စည်း လက်ကျန်တွေ မင်း မဝယ်တော့ဘူးပေါ့..”
“အဲ့လိုပဲ ဖြစ်သွားတယ်..”
“အခု စာချုပ် သက်တမ်းက (၁)နှစ်ပါ.. မင်းတို့စာချုပ်တွေ သက်တမ်း ကုန်နေပြီ..”
“မင်းရဲ့ စာချုပ်က နံပတ်(၃)နဲ့ (၄)ကို တစ်ချက်ကြည့်လိုက်.. ဈေးနှုန်းကို လက်မခံနိုင်ရင် စာချုပ်ကို အချိန်မရွေး ရပ်စဲနိုင်တယ်ဆိုတာ သေချာဖော်ပြထားတယ်.. စာချုပ်ကို လက်မှတ်မထိုးခင် ဒီအခြေအနေတွေ သေချာ ရှင်းပြပြီးသား.. ငါကိုယ်တိုင် မင်းကိုရှင်းပြဖူးတာ မှတ်မိနေပါသေးတယ်..”
စီးပွားရေးသည် အမြတ်အစွန်းအတွက် ဖြစ်သည်။ သင့်ဈေးနှုန်းသည် အခြားသူများထက် မြင့်နေပါက သင့်ထုတ်ကုန်များကို မိမိတို့ မည်သည့်အတွက် ဝယ်ယူမည်နည်း။
“မန်နေဂျာဖူ.. မင်းအခုလုပ်ပုံတွေ မဟုတ်သေးဘူးနော်.. ငါတို့ထုတ်ကုန်တွေ ရောင်းကောင်းနေပြီဆိုတာ သိသင့်တဘ်.. ဈေးကွက်ဝေစုကို အခြေခံပြောရရင် ဒုတိယ အကြီးဆုံး ဈေးကွက်ဝေစု ငါတို့ရထားတယ်..”
“မင်းက ဒုတိယလို့ပဲ ပြောတာလေ.. တရုတ်နိုင်ငံရဲ့ နံပတ်(၁)က ငါတို့နဲ့ စာချုပ် ချုပ်ထားပြီးပြီ.. မင်းတို့ မပါလဲ ရနေပြီ..”
တရုတ်နိုင်ငံတွင် ဒုတိယအကြီးဆုံး ဈေးကွက်ဝေစု ရရှိခြင်းနှင့် ပတ်သက်၍ မည်သည့်အရာ ကောင်းမွန်သနည်း။ ကမ္ဘာ့နံပတ်(၁) အမှတ်တံဆိပ် အများအပြားသည် ၎င်းတို့ ထုတ်ကုန်များကို မိမိတို့ ကုန်တိုက်များတွင် ရောင်းချ နေပေသည်။
“မင်းတို့ တော်တော် ဟုတ်နေကြတယ်ပေါ့.. နောင်တ မရမိစေနဲ့..”
“စာချုပ်အသစ် လက်မှတ် မထိုးချင်ဘူးထင်တယ်.. နောင်အတွက်တော့ စိတ်မကောင်းပါဘူး.. မနက်ဖြန် ငါတို့ ကုန်တိုက်မှာ မင်းထုတ်ကုန်တွေ ရောင်းတာ နောက်ဆုံးနေ့ ဖြစ်မယ်.. ကျေးဇူးတင်ပါတယ်.. မင်းအခု သွားလို့ရပြီ.. တာ့ဖေး ကုမ္ပဏီက မန်နေဂျာဝမ်ကို ဖုန်းဆက်ပေး..”
*******
ဤရက်ပိုင်းအတွင်း ထိုင်ဟွာကုန်တိုက်၏ ပေးသွင်းသူများသည် ဈေးနှုန်းအသစ်နှင့် ပတ်သက်၍ ထိုင်ဟွာ ကုန်တိုက်၏ ရပ်တည်ချက် အခိုင်အမာ တွေ့လိုက်ရသည်။ နှုန်းထားအသစ်မှာ အလွန်နည်းပါးလွန်းသည်။ ထိုင်ဟွာ ကုန်တိုက်များ၏ အရောင်းပမာဏသည် အခြား လက်လီရောင်းချသူများထက် ပိုများပေသည်။ ပေးသွင်းသူများ သည် ဈေးနှုန်းအသစ်ကို သဘောတူပါက ထိုင်ဟွာကုန်တိုက်ဘက်မှာ နောက်ပိုင်းတွင် လိုက်လျောမှု အနည်းငယ် ပေးသွားမည်ဖြစ်သည်။
သို့ရာတွင် ပေးသွင်းသူများ သဘောမတူပါက ညှိနှိုင်း၍ ရပေသည်။ သို့ရာတွင် ပေးသွင်းသူများသည် ထိုင်ဟွာ ကုန်တိုက်နှင့် လက်တွဲဖြုတ်ရန် ရွေးချယ်ပါက တောင်းပန်ယုံသာပင်။ ထိုင်ဟွာ ကုန်တိုက်မှ ထိုပေးသွင်းသူကို ချက်ချင်း ထုတ်ပယ်မည်ပင်။
အထူးသဖြင့် ဖုန်းယွီပင်။ သူသည် အလွန် ရက်စက်ကာ ပေးသွင်းသူများနှင့် မည်သည့်အခါတွင်မှ မညှိနှိုင်းချေ။ ပေးသွင်းသူများသည် သူသတ်မှတ်ထားသည့် နှုန်းထားအတိုင်း လိုက်နာရမည်ဖြစ်ကာ သဘောမတူပါက ချက်ချင်း ထွက်သွားရန် ဖုန်းယွီ တမ်းပြောမည်သာပင်။
ဤသည်က လက်ရှိအနေအနေပင်။ ထိုင်ဟွာကုန်တိုက်များတွင် ၎င်းတို့၏ ထုတ်ကုန်များကို ရောင်းချလိုသော ကုန်အမှတ်တံဆိပ် များလွန်းလှပေသည်။ ထိုင်ဟွာ ကုန်တိုက်များသည် ပေးသွင်းသူများကို ရွေးချယ်မှုများ ပြုလုပ်ရပြီး ပေးသွင်းသူတိုင်းနှင့် စာချုပ် ချုပ်ဆိုခြင်း မလုပ်ခဲ့ချေ။ ထိုင်ဟွာ ကုန်တိုက်များတွင် စင်အလုံအလောက် မရှိသေးခြင်းကြောင့်ပင်။
ထိုင်ဟွာ ကုန်တိုက်မှာ သတ်မှတ်ချက်များအတိုင်း စာချုပ် ချုပ်လိုသူများသည် ၎င်းတို့၏ လက်တွဲမှု ဆက်လက် ထိန်းထားနိုင်မည်ဖြစ်သည်။ လက်မှတ်ရေးထိုးရန် ငြင်းဆိုသူများသည် ၎င်းတို့ ထုတ်ကုန်များကို နောက်နေ့တွင် လျော့ဈေးများဖြင့် တွေ့မြင်ရမည် ဖြစ်သည်။ ထိုင်ဟွာ ကုန်တိုက်သည် ၎င်းတို့၏ ပစ္စည်းလက်ကျန်အားလုံးကို ရောင်းချပြီးသည်နှင့် စင်ပေါ်မှ လုံးဝ ဖယ်ရှားပစ်လိမ့်မည်။ နောက်တစ်နေ့တွင် စင်ပေါ်၌ ပစ္စည်းတူ အမှတ်တံဆိပ် အသစ်တစ်ခု ပေါ်လာမည် ဖြစ်သည်။
အမည်မသိ အမှတ်တံဆိပ် တစ်ခု ဖြစ်သော်လည်း ထိုင်ဟွာ ကုန်တိုက်များတွင် ရောင်းချလိုက်သည်နှင့် ဝယ်သူများသည် ပစ္စည်းကောင်း တစ်ခုဟုသာ ထင်မြင်လာပေလိမ့်မည်။ ထိုင်ဟွာ ကုန်တိုက်များသည် သက်တမ်းလွန်သော သို့တည်းမဟုတ် အရည်အသွေးနိမ့်သော ထုတ်ကုန်များ တွေ့ရပါက ဖောက်သည်ကို (၁၀)ဆ ပြန်လျော်မည်ဟု ကတိပေးထားလေသည်။
စာချုပ်များ သက်တမ်းတိုးရန် တစ်ပတ်အတွင်း မပြီးသတ်ခဲ့လိုက်သည်။ အမှတ်တံဆိပ်များ၏ အနည်းဆုံး (၁၀)ရာခိုင်နှုန်းသည် ထိုင်ဟွာကုန်တိုက်မှ ပျောက်ကွယ်သွားကာ အမှတ်တံဆိပ် အသစ်များဖြင့် အစားထိုးလိုက်သည်။ သုံးစွဲသူများသည် ယခင်ကထက်ပင် ရွေးစရာပိုများလာပေသည်။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)