← Chapters

ငြင်းပယ်ခြင်း

Vol. 46 Ch. 678

ငြင်းပယ်ခြင်း

Vol. 46 Ch. 678

(၃)ရက်အကြာတွင် ကျုံးချင်ရှန့်သည် နို့လက်ဖက်ရည်အတွက် စုစုပေါင်း အရောင်းပမာဏ လက်ခံရလိုက်သည်။ သို့ရာတွင် စက်ရုံများအား ထုတ်လုပ်မှု တိုးမြှင့်ရန် အကြောင်းမကြားသေးဘဲ စောင့်ကြည့်နေလိုက်သည်။ ယခုအချိန်သည် အရောင်းမြှင့်တင်ရေး ကာလဖြစ်သဖြင့် နို့လက်ဖက်ရည်သည် ဈေးသက်သာ,ပေသည်။ တစ်ပတ်ကြာ အရောင်းမြှင့်တင်ရေး ကာလအတွင်း ရောင်းအား ဆက်ကောင်းနေသေးကြောင့် စောင့်ကြည့်ချင်သေးသည်။

အရောင်းမြှင့်တင်ရေးကာလ အပြီးတွင် ဈေးဝယ်သူများသည် နို့လက်ဖက်ရည် မဝယ်ယူပါက ဤထုတ်ကုန်ကို မအောင်မြင်ဟု သတ်မှတ်မည်ဖြစ်သည်။ အနည်းဆုံး ဈေးနှုန်း ပျက်သွားပေမည်။ ဈေးနှုန်းပြင်၍ ထပ်စမ်းကြည့်ရ ပေလိမ့်မည်။

နို့လက်ဖက်ရည် ဝယ်သူသော ဈေးဝယ်သူများ ဆက်ရှိနေသေးပါက ဤသည်ကို အောင်မြင်သည်ဟု ယူဆရလိမ့်မည်။ ရုပ်မြင်သံကြား ကြော်ငြာများနှင့် အခြားဈေးကွက် ရှာဖွေရေး ဗျူဟာများဖြင့် ဤနို့လက်ဖက်ရည်သည် လီဟဟ၏ အထင်ကရ ထုတ်ကုန်များထဲမှ တစ်ခု ဖြစ်လာပေလိမ့်မည်။

ထိုင်ဟွာကုန်တိုက်တွင် နို့လက်ဖက်ရည် အရောင်းမြှင့်တင်ရေး ပြီးသွားသည်နှင့် လီဟဟသည် ‘သန်မာခြင်း’ အုပ်စု၏ ဂျယ်လီကို စတင်ကြော်ငြာလိုက်သည်။ ‘သန်မာခြင်း’အုပ်စု တွင် ဖြန့်ဖြူးရေး လမ်းကြောင်း များစွာ မရှိချေ။ ၎င်းတို့၏ ထုတ်ကုန်များကို ကွမ်ကျိုးတွင်သာ ရောင်းချခဲ့ဖူးပေသည်။ အဝေးဆုံး ရောင်းချဖူးသည်မှာ ကွမ်ကျိုး တောင်ပိုင်း ထိသာဖြစ်သည်။

ယခု လီဟဟ မှ ဝယ်ယူပြီးနောက် ကျုံးချင်ရှန့်သည် ဂျယ်လီ စက်ရုံငယ် (၂)ခုကို အလျှင်အမြန် ဝယ်ယူပြီး ‘သန်မာခြင်း’ အုပ်စုတွင် ပေါင်းထည့်ပေးလိုက်သည်။ ထို စက်ရုံ(၂)ခုသည် ‘သန်မာြခင်း’ အုပ်စုအတွက် ဂျယ်လီများ ထုတ်လုပ်ရပေလိမ့်မည်။

‘သန်မာခြင်း’အုပ်စု၏ ထုတ်လုပ်မှုသည် နေ့ချင်း ညချင်း တိုးလာတော့သည်။

ထုတ်လုပ်မှု တိုးလာသော်လည်း အမှတ်တံဆိပ် အသိအမှတ်ပြုမှု မရသေးချေ။ ဈေးကွက်တွင် လူကြိုက် အများဆုံး ဂျယ်လီ အမှတ်တံဆိပ်မှာ ချင်းချင်း ဂျယ်လီဖြစ်ပြီး၊ ဒုတိယနေရာတွင် ချင်ဝမ် ဖြစ်ပေသည်။ သို့ရာတွင် ကုမ္ပဏီ (၂)ခုစလုံး၏ ဈေးကွက်ဝေစုမှာ အတူတူသာပင်။ မည်သည့် ကုမ္ပဏီမှ ဈေးကွက်ဝေစု ပိုမို သိမ်းပိုက်ထားနိုင်ခြင်း မရှိသေးချေ။

ကျုံးချင်ရှန့်သည် သူ့လူများအား စုံစမ်းရန် စေလွှတ်လိုက်သည်။ ‘သန်မာခြင်း’အုပ်စု၏ ဂျယ်လီသည် အလွန် အရသာရှိပြီး အရောင်းမြှင့်တင်ရန် ရန်ပုံငွေမရှိသဖြင့် အသိအမှတ်ပြု မခံရသည့် အမှတ်တံဆိပ်တစ်ခု ဖြစ်နေ ပေသည်။ သင့်လျော်သည့် ဖြန့်ဖြူးရေး လမ်းကြောင်းလည်း မရှိခဲ့ချေ။

ယခုမူကား ကွဲပြားသွားပေပြီ။ ‘သန်မာခြင်း’အုပ်စု၏ ပထမဆုံး အရောင်းမြှင့်တင်ရေး လှုပ်ရှားမှုပြုလုပ်သည့် ခြေလှမ်းမှာ ထိုင်ဟွာ ကုန်တိုက်တွင် ဖြစ်သည်။

ယခုအကြိမ်တွင် အခမဲ့ နမူနာများ မပါရှိချေ။ ‘သန်မာခြင်း’အုပ်စုသည် ၎င်းတို့၏ ပါကင်စနစ် ပြောင်းလဲလိုက်သည်။ အထုပ်ထဲတွင် နောက်ထပ် ဂျယ်လီ(၂)ခွက် ပိုထည့်ကာ မြင်သာအောင် ပြသပေးထားသည်။ ဤသည်က ဈေးဝယ်သူများကို လျော့ဈေးပေးခြင်းဖြစ်ကြောင်း ခံစားရစေပေလိမ့်မည်။

ထို့အပြင် ‘သန်မာခြင်း’အုပ်စုသည် ထိုင်ဟွာကုန်တိုက်၏ ကုန်ပစ္စည်းပြ နေရာတွင် လီဟဟ၏ ကာတွန်း ဇာတ်ကောင်ပုံစံအတိုင်း ပုံစံဖော် နေရာချထားပေသည်။ ဤသည်မှာ ကြီးမားလွန်းသည့် ပြယုတ်တစ်ခုဖြစ်ပြီး ကလေးများပင် အဝေးမှ မြင်နိုင်ပေသည်။

‘သန်မာခြင်း’အုပ်စု အမှတ်တံဆိပ်ကို လူများ မသိကြသော်လည်း ဈေးဝယ်သူများ ဝယ်ယူနေကြပေသည်။ အခြား ဂျယ်လီ အမှတ်တံဆိပ်များကို စင်ပေါ်တွင်သာ တင်ထားပေသည်။ ဂျယ်လီ တံဆိပ်အားလုံး၏ အရသာသည် တူညီနေခြင်းကြောင့်ပင်။ သို့ရာတွင် ‘သန်မာခြင်း’အုပ်စု၏ ထုတ်ကုန်များသည် ဈေးသက်သာပြီး သရုပ်ဖော်ထားမှု မှာလည်း ဆွဲဆောင်အားကောင်းပေသည်။ ကလေးများသည် ထိုပြယုတ်ကို မြင်သည့်အခါ ‘သန်မာခြင်း’အုပ်စု၏ ဂျယ်လီများကို ဝယ်ပေးရန် ပူဆာကြတော့သည်။

ကျုံးချင်ရှန့်သည် ‘သန်မာခြင်း’အုပ်စု၏ ထုတ်ကုန်များ ကောင်းကောင်း ရောင်းရနေသည်ကို တွေ့မြင်ရပြီး ‘သန်မာခြင်း’အုပ်စုအတွက် CCTV တွင် ကြော်ငြာအကွက် တစ်ခု ဝယ်ပေးရန် ဆုံးဖြတ်လိုက်သည်။ သူသည် ‘သန်မာခြင်း’အုပ်စုကို တရုတ်နိုင်ငံ၏ နံပတ်(၁) ဂျယ်လီ အမှတ်တံဆိပ်အဖြစ် မြင်တွေ့လိုပေသည်။

**********

ထိုင်ဟွာကုန်တိုက်၏ ထုတ်ကုန်ပြနေရာ၌ ထုတ်ကုန်များ နေ့စဉ် ပြောင်းလဲနေပြီး အချို့သော ကုန်အမှတ်တံဆိပ် များသည် ၎င်းတို့၏ ထုတ်ကုန်များ ရောင်းချရန်အတွက် အရောင်းမြှင့်တင်ရေး အသ်စများ ဖန်တီးရန်ပင် လာရောက် လေ့လာ သင်ယူကြပေသည်။ ၎င်းတို့၏ အရောင်းမြှင့်တင်ပွဲများကို နောင်တွင် ပိုမို သာလွန်အောင် ဖန်တီးရန် ဖြစ်ပေသည်။

သို့ရာတွင် ကုန်အမှတ်တံဆိပ်များ မည်မျှပင် ရောင်းအားကောင်းနေသည်ဖြစ်စေ ထိုင်ဟွာ ကုန်တိုက်မှ ငွေရှာဖေသွားမည်ပင်။ အရောင်းမြှင့်တင်ရေး ကုန်ကျစရိတ်ကိုလည်း ထိုင်ဟွာကုန်တိုက်မှ ပေးချေခြင်း မရှိချေ။ အရောင်းမြှင့်တင်ရေးအတွက် ကုမ္ပဏီများမှ အခကြေးငွေ ပေးရပေသည်။

ထိုင်ဟွာ ကုန်တိုက်များတွင် ရောင်းအားကောင်းခြင်းကြောင့် ကုမ္ပဏီ အများအပြားမှ စတင်သတိထားမိလာ ကြတော့သည်။ ယနေ့ လူ(၄)ဦးသည် ပေကျင်း ထိုင်ဟွာ ကုန်တိုက်သို့ ရောက်လာပေသည်။ ထိုင်ဟွာ ကုန်တိုက်များတွင် ၎င်းတို့၏ ထုတ်ကုန်များ နေရာချထားနိုင်ရေး ဆွေးနွေးရန်ဖြစ်ပေသည်။

“မန်နေဂျာကောင်း.. ငါတို့က နိုင်ငံတကာ အမှတ်တံဆိပ်တွေဆိုတော့ ထိုင်ဟွာကုန်တိုက်မှာ ငါတို့ ပစ္စည်းတွေ ရောင်းမယ်ဆိုရင် မင်းတို့ ကုန်တိုက်ရဲ့ အဆင့်အတန်း တိုးသွားမျာ သေချာတယ်ဆိုတာ သိထားရလိမ့်မယ်..”

၎င်းတို့အထဲမှ တစ်ယောက်သည် မောက်မာစွာ ပြောလာပေသည်။

“ဟုတ်တယ်.. ငါတို့ အမှတ်တံဆိပ်က ဥရောပနဲ့ အမေရိကန်မှာ အရမ်း နာမည်ကျော်တာ.. ငါတို့ရဲ့ အဓိက ဖောက်သည်တိုင်းက ထပ်တန်း မိသားစုဝင်တွေဖြစ်တဲ့အပြင် သူတို့အတွက် အကောင်းဆုံး ရွေးချယ်မှုတွေပဲ.. မင်း ကုန်တိုက်တွေမှာ ငါတို့ ပစ္စည်းတွေ ရောင်းရင် ဈေးဝယ်သူတွေလဲ တိုးလာလိမ့်မယ်..”

နောက်တစ်ယောက်မှ ထပ်ပြောပြန်သည်။

“ငါတို့မှာ အထူးစည်းကမ်းချက်တော့ ရှိတယ်.. အဲ့ ကောင်တာမှာ ငါတို့ ထုတ်ကုန်တွေ သီးသန့် ရောင်းရမယ့်အပြင်.. ငါတို့ ပစ္စည်းတွေကို ကုန်ပစ္စည်းပြတဲ့ နေရာမှာ အခမဲ့ ပြခွင့်ပေးရမယ်.. ထင်ထင်ရှားရှား အမြင်ရဆုံး နေရာပဲ လိုချင်တယ်.. ငါတို့ ပစ္စည်းတွေ အရောင်းမြှင့်တင်ရေးအတွက် မင်းတို့ဘက်က လုပ်ပေးရမယ်.. အဲ့ဒါကလဲ မင်းတို့ ကုန်တိုက်အတွက် အကောင်းဆုံး အရောင်းမြှင့်တင်ရေးပွဲ တစ်ခု ဖြစ်လာလိမ့်မယ်..”

“ငါတို့က ကမ္ဘာ့အကြီးအကျယ်ဆုံး လျှပ်စစ်နိုင်ငံဖြစ်တဲ့ ဂျပန်ကလေ.. ငါတို့က လျှပ်စစ် ထုတ်ကုန်တွေမှာ အဆင့်မြင့်ဆုံး နည်းပညာတွေကိုပဲ ကိုယ်စားပြုတယ်.. ငါတို့ အမှတ်တံဆိပ်ကို မသိတဲ့လူ မရှိဘူး..”

မန်နေဂျာကောင်း လှောင်ပြုံး ပြုံးလိုက်သည်။ သူ့ရှေ့ရောက်နေသည့် လူများမှာ တရုတ်များသာပင်။ ဂျပန်ကုမ္ပဏီ တစ်ခုတွင် အလုပ်လုပ်နေကြသည်ကို နားလည်နိုင်သော်လည်း ဤမျှ မောက်မာရန် လိုအပ်သည်လော။ ထိုလူတွေ မည်သည်များ မှားနေသနည်း။

မန်နေဂျာ ကောင်းအနေဖြင့် ထိုလူများကို ဂျပန်များဟု ထင်ပေးရမည်လော။

အခြားနိုင်ငံများ၏ ထုတ်ကုန်များ မည်မျှကောင်းကြောင်း ကြွားလုံးထုတ်ရန် လိုအပ်သည်လော။ တရုတ်နိုင်ငံတွင် ကောင်းမွန်သည့် လျှပ်စစ် ပစ္စည်းမရှိကြောင်း ပြောနေသည့်နှယ်ပင်။ vcd မူပိုင်ခွင့်များမှာ တရုတ်နိုင်ငံမှ ပိုင်ထား သည်ကို မေ့မထားသင့်ချေ။

“မင်းတို့ ပြောလို့ ပြီးပြီလား..”

“မန်နေဂျာကောင်း.. မင်းဆုံးဖြတ်ချက်က ဘယ်လိုလဲ..”

“ဘယ်လိုမှ မဟုတ်ဘူး.. မင်းတို့တွေ ပြန်လို့ရပြီ.. ငါတို့ ထိုင်ဟွာကုန်တိုက်က မင်းတို့ စည်းကမ်းတွေ လက်ခံမှာ မဟုတ်ဘူး..”

မိမိတို့ တောင်းဆိုမှုကို လက်မခံဘူးလော။ ဂျပန်ကုမ္ပဏီမှ ကိုယ်စားလှယ်များ မတ်တပ်ရပ်လိုက်ကြသည်။ မည်သို့ ဖြစ်နိုင်မည်နည်း။ မိမိတို့သည် နာမည်ကြီး ကမ္ဘာကျော် ကုန်အမှတ်တံဆိပ်မှ လူများဖြစ်ပေသည်။ မိမိတို့၏ အမှတ်တံဆိပ်ကို ကြားသိသော အခြားကုန်တိုက်အားလုံးသည် ၎င်းတို့ ကုန်တိုက်များတွင် မိမိတို့ ထုတ်ကုန်များကို ရောင်းချနိုင်ရေးအတွက် အကျိုးကျေးဇူးများဖြင့်ပင် တောင်းတောင်းပန်ပန် ပြောဆိုကြပေလိမ့်မည်။ ထပ်မံ ဆွေးနွေးရန်ပင် မလုပ်ဘဲ ငြင်းပယ်ခဲ့သည်လော။ မိမိတို့အား မည်သူ ငြင်းပယ်ခဲ့သနည်း။

“မန်နေဂျာကောင်း.. ငါ သေချာမကြားလိုက်ရဘူး.. မင်း ဘာပြောလိုက်တာလဲ..”

ကိုယ်စားလှယ်တစ်ဦးမှ ရှူတည်တည်ဖြင့် ပေးလိုက်သည်။

“မင်းတို့ စည်းကမ်းတွေကို ထိုင်ဟွာကုန်တိုက်က လက်မခံဘူးလို့ ငါပြောလိုက်တာလေ.. အခု သေချာ ကြားရပြီလား.. မင်းတို့တွေ သွားလို့ရပါပြီ..”

မန်နေဂျာကောင်း စုတ်သတ်လိုက်သည်။ သင်တို့ အမှတ်တံဆိပ်သည် အလွန်ကောင်းသည် ထင်နေသည်လော။ ထိုင်ဟွာကုန်တိုက် မဖွင့်ခင် မန်နေဂျာလီ အားလုံးကို ဖိတ်ကြားခဲ့ပြီး အားလုံးမှ မည်သို့ ပြောခဲ့သနည်း။

မိမိတို့ ထိုင်ဟွာကုန်တိုက်သည် မအောင်မြင်နိုင်ဟု အားလုံး ထင်မှတ်နေကြပြီး မိမိတို့ အခြေအနေများ မလုံလောက် ဟု ခံစားမိနေကြသည်။ ညှိနှိုင်းဆွေးနွေးရန် အရည်အချင်း မပြည့်မှီကြောင်းနှင့် မိမိတို့အား ပယ်ချလိုက်သည်ဟု အားလုံးပြောထားပေသည်။ ယခု.. သင်တို့အားလုံး မိမိတို့ ကုန်တိုက်များတွင် ကုန်ပစ္စည်းများ လာရောင်းချင် နေကြသည်လော။

သင်တို့ ပစ္စည်းအားလုံးသည် မိမိတို့ စည်းကမ်းအတိုင်းသာ ရှိရမည်ဖြစ်ပြီး လက်ရှိ စာချုပ်ပါ စည်းကမ်းများကို လိုက်နာနိုင်ရပေလိမ့်မည်။ သို့ဆိုပါက အဆင်ပြေပေလိမ့်မည်။ သို့ရာတွင် သင်တို့အားလုံး ဘဝင်ကိုင်လွန်း နေကြပေသည်။ မိမိတို့ ထိုင်ဟွာ ကုန်တိုက်များသည် မိမိတို့ အဆင့်အတန်း မြှင့်တင်ရေးအတွက် သင်တို့ ပစ္စည်းများ လိုအပ်ကြောင်း ပြောနေကြသည်လော။ မိမိတို့ ကုန်တိုက်များတွင် သင့်အမှတ်တံဆိပ်များ ပြသချင်သည်လော။ ထိုင်ဟွာကုန်တိုက်တွင် အခြားကုမ္ပဏီ၏ အမှတ်တံဆိပ်ကို မည်သည့်အချိန်က မြင့်ခဲ့ရပေသနည်း။

အထူးကောင်တာနှင့် အထင်ရှားဆုံးနေရာကို အခမဲ့ ပေးရမည်လော။ အိပ်မက်သာ ဆက်မက်နေစေချင်ပေသည်။

ဖိလစ် အမှတ်တံဆိပ်သည် သင်တို့ထက် ငယ်သည်လော။ သွမ်မဆင် အမှတ်တံဆိပ်သည် သင်တို့ထက် ငယ်သည်လော။ မိုတိုရိုလာ အမှတ်တံဆိပ်သည် သင်တို့ထက် ငယ်သည်လော။ ထိုတံဆိပ်များအားလုံး သင်တို့ထက် ပိုကျော်ကြားကာ ပို၍ ဂုဏ်ထည်ပေသည်။ ၎င်းတို့သည်ပင် မိမိတို့ စည်းကမ်းများကို လိုက်နာနေကြရပေသည်။

ထိုသူတို့သည် သူတို့ စည်းကမ်းများအတိုင်း လိုက်နာစေချင်ကာ မိမိတို့ထက် သာလွန်နေသယောင် ပြုမူနေကြ ပေသည်။ မိမိတို့တွင် ထိုကဲ့သို့ ကောင်တာမျိုး အလွတ်ရှိလျှင်ပင် သင်တို့အား ပေးမည် မဟုတ်ချေ။

ဥက္ကဋ္ဌ၊ မန်နေဂျာလီ၊ မန်နေဂျာဖုန်းနှင့် ကျန်လူများသည် အစောကတည်းက မိမိအား ထိုကဲ့သို့ ကုမ္ပဏီမျိုးများကို တုံ့ဆိုင်းမနေဘဲ ငြင်းဆန်ရန် ညွှန်ကြားထားပြီးသား ဖြစ်ပေသည်။

“ငါတို့ကုမ္ပဏီတွေနဲ့နဲ့ ညှိနှိုင်းဖို့ ငြင်းတာက မင်းကုမ္ပဏီ တစ်ခုလုံးကို ကိုယ်စားပြုပြီး ငြင်းတာလား.. မင်းတစ်ယောက်တည်း ဆုံးဖြတ်ချက်လား.. ဒါမှမဟုတ် ထိုင်ဟွာ ကုန်တိုက်ရဲ့ ဆုံးဖြတ်ချက်လား..”

၎င်းတို့အထဲမှ တစ်ယောက်သည် မောက်မာအေးစက်စွာ မေးလိုက်သည်။

မန်နေဂျာကောင်းသည် မန်နေဂျာဖုန်း၏ စကားတစ်ခွန်းကို မှတ်မိထားပေသည်။ မဲ့ပြုံး ပြုံးကာ ထိုလူများကို ကြည့်၍…

“မြင်းကောင်း တစ်မကောင် စားကျက်သတ်မှတ်ထားရင် ဘယ်တော့မှ ဝေ့လည်နေမှာမဟုတ်ဘူး.. မင်းတို့တွေ ဟိုအရင်တုန်းက ငါတို့ကို ငြင်းထားသလိုမျိုး အခု ငါတို့ဘက်က မင်းတို့ကို ငြင်းနေတာ..”

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters