← Chapters

ပံ့ပိုးမှု

Vol. 46 Ch. 680

ပံ့ပိုးမှု

Vol. 46 Ch. 680

“ဒါ မင်း အကြောင်းပြချက်လား..”

“ဟုတ်ပါတယ်.. တခြား အကြောင်းပြချက်တွေလဲ ရှိသေးတယ်.. ဒီကောင်တွေ အရမ်းမာနကြီးလွန်းတယ်.. ကျုပ်တို့ တရုတ်တွေကို အရမ်းနှိပ်ချပြီး အခွင့်အရေးယူဖို့ အကြိမ်ကြိမ်ကို စာချုပ်တွေနဲ့ ကိုင်ပေါက်နေတာ..”

ဖုန်းယွီ ပြန်ဖြေလိုက်သည်။

“ဒါဆိုရင် အစိုးရအနေနဲ့ မင်းတို့ကို ဘယ်လို ပံ့ပိုးပေးသင့်လဲ.. မင်း စောစောက ပြောတဲ့ စကားတွေ တစ်ကမ္ဘာလုံး အသိပေးရမှာလား”

သံလက်သီးကျူး မေးလိုက်သည်။

“တစ်ကမ္ဘာလုံးကိုပြောဖို့က တရုတ်အစိုးရ လုပ်ဖို့ မလိုပါဘူး.. တရုတ်အစိုးရက ဂျပန်အစိုးရကို ပြောပြီး ဖိအားပေး ဖို့ပဲ လိုတာ.. အဲ့လောက်ဆို လုံလောက်ပါပြီ.. လောလောဆယ် ဂျပန်က သူတို့ စီးပွားရေးအတွက် အကူအညီတွေ လိုနေတယ်.. အဲ့လိုမှ မဟုတ်ရင် သူတို့ စီးပွားရေး ဆုတ်ယုတ်သွားမှာ.. တရုတ်နိုင်ငံရဲ့ နိုင်ငံတကာအဆင့်အတန်း တိုးလာပြီ.. ဆိုဗီယက် ယူနီယံ ဖျက်သိမ်းပြီးနောက်ပိုင်း.. ရုရှားနဲ့ အနီးအနား နိုင်ငံ တော်တော်များများ ကျုပ်တို့နဲ့ သံတမန်ဆက်ဆံရေး တည်ဆောက် ထားကြတယ်.. အမေရိကန်က ရုရှားကို တန်ပြန်အရေးယူမှု အနေနဲ့ ကျုပ်တို့နဲ့ လက်တွဲချင်နေတယ်.. အနားမှာရှိတဲ့ ရန်သူကို တိုက်ခိုက်ဖို့အတွက် အဝေးက ရန်သူနဲ့ မိတ်ဖွဲ့တာက ဟိုးရှေးရှေး ကတည်းက နည်းဗျူဟာပဲ.. ပြောချင်တာက တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အတိုးတက်ဆုံးဆုံး နိုင်ငံတွေထဲက တစ်ခုပဲ.. ဂျပန်ရဲ့ နိုင်ငံရေး အဆင့်အတန်းက ကျုပ်တို့နဲ့ နှိုင်းယှဉ်လို့မရဘူး.. အဲ့ဒါကြောင့် ဂျပန်တွေ တခြားနိုင်ငံ တွေဆီက အထောက်အပံ့တွေ မရတော့တာ.. ဒီကောင်တွေ ကျုပ်တို့ကို တွန်းအားပေးလိမ့်မယ်..”

ဖုန်းယွီ လက်ရှိ နိုင်ငံတကာ ကိစ္စများကို သုံးသပ်ပြလိုက်သည်။

“အမေရိကန်က ဂျပန်ကို မထောက်ခံဘူးလား.. ဒုတိယ ကမ္ဘာစစ် အပြီး ဂျပန်က အမြန်ဆုံး ကောင်းလာပြီး အမေရိကန်ရဲ့ ပံ့ပိုးမှုနဲ့ အင်အား အကြီးဆုံးနိုင်ငံ ဖြစ်လာတာလေ..”

ဒါရိုက်တာဖန်း ကြားဖြတ်ဝင်ပြောလိုက်သည်။

“ဂျပန်က တစ်ကမ္ဘာလုံး ဝယ်ဖို့ မကြိုးစားရင် ဒီလောက် မြန်မြန် ဆုတ်ယုတ်သွားမှာ မဟုတ်ဘူး.. အမေရိကန်က ဂျပန်ကို ဒီလောက်ထိ ခပ်မြန်မြန် ပြန်ကောင်းလာစေချင်မှာ မဟုတ်ဘူး.. ပြီးတော့ အမေရိကန်ရဲ့ ဝယ်လိုအား ထက်ဝက်ကိုပဲ ကြည့်လေ.. အထူးသဖြင့်တော့ ဒီမကောင်းတဲ့ စိတ်ထားနဲ့ အိမ်နီးချင်း နိုင်ငံတစ်ခု အားကောင်း မောင်းသန် ပေါ်လာမှာမျိုး ကျုပ်တို့ မလိုချင်ဘူး..

“ဒီတစ်ခေါက် ဂျပန်အစိုးရက ပေကျင်းအစိုးရကို တောင်းပန်ဖို့ တောင်းဆိုလာတော့ တရုတ်အစိုးရအနေနဲ့ ကျုပ်တို့ကို အသံထွက်ရမှာ မဟုတ်ဘူးလေ.. ပေကျင်းအစိုးရက တောင်းပန်လိုက်ရင် ဂျပန်အစိုးရက တောင်းဆို မှုတွေ ပိုကဲပြီး သူတို့ကို အရှုံးပေးဖို့ ကြိုးစာလာမှာ.. ကျုပ်တို့ အစိုးရလိုချင်တာ အဲလိုကြီးတော့ မဟုတ်ဘူး မို့လား..”

သံလက်သီးကျူးနှင့် ဒါရိုက်တာဖန်းတို့ အကြည့်ချင်း ဖလှယ်လိုက်သည်။ ဖုန်းယွီ၏ ခွဲခြမ်းစိတ်ဖြာမှုမှာ ကွက်ကျားမိုး ရွာထားသော်လည်း သာမန်အားဖြင့် ရည်ညွှန်းချက် မှန်နေပေသည်။ ၎င်းတို့သည် ဤအဖြစ်အပျက်ကို ခွဲခြမ်းစိတ်ဖြာကာ ကောက်ချက်ချထားမှုသည် ဖုန်းယွီနှင့် အတူတူသာပင်။ ဂျပန် ကုမ္ပဏီများသည် တရုတ်အစိုးရ၏ သဘောထားကို စမ်းသပ်ရန် သူတို့အစိုးရ၏ ပံ့ပိုးကူညီမှုများ ရှိနေသည်ဟု ခံစားနေရပေသည်။

ထိုနှစ်ယောက် ဘာမှ ပြန်မပြောဘဲ ငြိမ်နေသည်ကို မြင်ရသည့်အခါ ဖုန်းယွီမှပင် ဆက်လက်၍..

“သမိုင်းစာအုပ်တွေထဲမှာ ရေးထားတာ မှတ်မိသေးလား.. ချင်မင်းဆက် လက်ထက်မှာ ထိပ်တန်းလူမှုရေးအဆင့် အစိုးရအရာရှိတွေရဲ့ နောက်ကွယ်မှာ နိုင်ငံခြားသားတွေ ဆိုတဲ့ ဆိုရိုးစကားလေ.. အခုထိအောင် တရုတ်လူမျိုး တော်တော် များများ အဲ့အတိုင်း သဘောထားနေတုန်းပဲ.. နိုင်ငံခြားသားတွေ တရုတ်ထက် အဆင့်အတန်း မြင့်တယ်လို့ တော်တော်များများ ခံစားနေရတာ.. တခြားနိုင်ငံက ကုမ္ပဏီတွေနဲ့ ညှိနှိုင်းဖို့ သွားတယ်ဆိုရင်ပဲ ကျုပ်တို့က တရုတ်ကုမ္ပဏီလို့ သိလိုက်တာနဲ့ ကျုပ်တို့ကို တမ်းအထင်ကြီးကြတယ်.. ဂျပန်ကုမ္ပဏီတစ်ချို့ သူတို့ကို ဆက်သွယ်လာတဲ့အကြောင်း ကျုပ်တို့ကို ပြောတယ်.. ပြီးတော့ ဂျပန်အစိုးရရဲ့ မူဝါဒတွေက ကျုပ်တို့ ကုမ္ပဏီတွေရဲ့ စည်းကမ်းထက် ပိုကောင်းနေတယ်.. ဒေသန္တရာ အစိုးရ တော်တော်များများ အဲ့လိုတွေလုပ်နေပြီး ပြည်သူတွေ ရပိုင်ခွင့် ဆုံးရှုံးနေရတယ်.. အဲ့ဒါကိုက ပြောချင်စရာဖြစ်နေတယ်.. နိုင်ငံခြားသားတွေက ကျုပ်တို့ထက် ပိုသာနေတယ် ပေါ့လေ..”

ဖုန်းယွီ ပုံကြီးချဲ့ ပြောနေခြင်းမဟုတ်ချေ။ ထိုင်ဟွာကုန်တိုက် လုပ်ငန်းစုသည် ၎င်းတို့၏ မြေနေရာများအတွက် ညှိနှိုင်းနေစဉ် ထိုသို့သော ကိစ္စများ ဖြစ်လာပေသည်။ အကယ်၍ ထိုင်ဟွာကုန်တိုက် လုပ်ငန်းစုတွင် ဟောင်ကောင် ရှယ်ယာရှင်များ မပါဝင်ပါက ညှိနှိုင်းရန် ပို၍ပင် ခက်ခဲပေလိမ့်မည်။

ဤနှစ်ပိုင်း ဟောင်ကောင်သည် (၁၉၉၇)ခုနှစ်တွင် ပြန်လည် ရောက်ရှိလာသည့်တိုင် ဟောင်ကောင် ကုမ္ပဏီများသည် အခြားနိုင်ငံများ၏ ကုမ္ပဏီများထက် တရုတ်အစိုးရ၏ ထောက်ပံ့မှု ပိုရပေသည်။ ဤသည်မှာ ဟောင်ကောင်နှင့် မကာအိုတို့ ချောမွေ့စွာ ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် ဖြစ်ပေသည်။

သံလက်သီးကျူး မျက်မှောင်ကြုတ်ကာ ဒါရိုက်တာဖန်းကို ကြည့်လိုက်သည်။ ဒါရိုက်တာဖန်းသည် အချို့နေရာများ တွင် အမှန်တကယ် ဖြစ်နေကြောင်း ဝန်ခံလိုက်သည်။ ထိုသတင်းမျိုး ယခင်ကတည်းက ကြားထားရပေသည်။

“ငါတို့ အစိုးရ အရာရှိတစ်ချို့က နိုင်ငံရေးအရ အသိအမှတ်ပြုမှုတွေ ရဖို့အတွက် သူတို့အဓိက တန်ဖိုးတွေ မေ့နေကြတယ်.. သူတို့ ထမ်းဆောင်နေရတဲ့ အဓိပ္ပါယ်ကို မေ့သွားကြတယ်..”

သံလက်သီးကျူး စိတ်ပျက်စွာ ပြန်ဖြေလိုက်သည်။

လက်လက်သီးကျူးသည် တရုတ်စီးပွားရေးကို အရှိန်မြှင့်လိုပြီး တရုတ်နိုင်ငံကို စီးပွားရေးအရ နောက်တစ်ဆင့်သို့ ပို့ဆောင်ပေးချင်ပေသည်။ တရုတ်နိုင်ငံကို အတတ်နိုင်ဆုံး အချိတ်တိုအတွင်း ကမ္ဘာ့နိုင်ငံများကို အမှီလိုက် စေချင်သည်။

သို့ရာတွင် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလဲအလှယ်အနေဖြင့် အခြားသူများကို ဦးညွှတ်လိုစိတ် မရှိချေ။ အခြားသူများကို ဦးညွှတ်ခြင်းသည် အန္တရာယ်ရှိသော အချက်ပြမှုတစ်ခု ဖြစ်ပြီး ပြင်းထန်သည့် အကျိုးဆက်များ ဖြစ်လာနိုင်ပေသည်။ ဤသည်မျိုး သူခွင့်မပြုနိုင်ချေ။

ဒါရိုက်တာဖန်းမှ..

“ဂျပန်အစိုးရကို ဖိအားပေးမယ်ဆိုရင်တောင် ရလဒ်ကောင်းကောင်း ထွက်လာမှာ မဟုတ်ဘူး.. သူတို့က ကျုပ်တို့ကို လျစ်လျူရှုပြီး ဒီကိစ္စက စီးပွားရေး အငြင်းပွားမျု တစ်ခုလို့ပဲ ပြောလိမ့်မယ်..”

“ဟောင်ကောင်က မဟာလူသားလီဟာ ဒီထိုင်ဟွာကုန်တိုက် လုပ်ငန်းစု ရှယ်ယာရှင်တွေထဲက တစ်ယောက်ဆိုတာ မမေ့နဲ့.. သူက ကမ္ဘာ့ကျော် ပုဂ္ဂိုလ် တစ်ယောက်.. ကမ္ဘာ့အရေးအကြီးဆုံး ဆိပ်ကမ်းတွေရဲ့ (၄၀)ရာခိုင်နှုန်း သူ့လက်ထဲမှာ ရှိတယ်လို့ ပြောလို့ရတယ်.. ဂျပန်ထုတ်ကုန်တွေရဲ့ (၈၀)ရာခိုင်နှုန်း ပင်လယ်ရေကြောင်းကနေ ပို့ရတာ.. တကယ်လို့ ဂျပန်က မဟာလူသားလီနဲ့ အငြင်းပွားမှု ဖြစ်မယ်ဆိုရင် သူတို့ရဲ့ သယ်ယူပို့ဆောင်ရေး စရိတ်တွေ သိသိသာသာ တိုးလာလိမ့်မယ်..”

“မစ္စတာလီ ဝင်ပါချင်နေတာလား..”

ဒါရိုက်တာ ဖန်း မေးလိုက်သည်။

“သူလုပ်မှာပေါ့.. အခု တစ်ယောက်ယောက်က ထိုင်ဟွာကုန်တိုက် လုပ်ငန်းစု တစ်ခုလုံးကို ရန်စတာလေ.. ဒါမျိုးကိစ္စ သူဘယ်လိုလုပ် သည်းခံမှာတုန်း.. ပြီးတော့ သူဆိုတာ မဟာလူသားလီလေ..”

ဖုန်းယွီ အခြားကိစ္စများစွာကို သေချာမသိသော်လည်း မဟာလူသားလီကို စည်းရုံးနိုင်မည်ဟုယုံကြည်ထားပေသည်။

“မင်းလဲ တစ်ခုခုတော့ လုပ်သင့်တာမဟုတ်ဘူးလား..”

သံလက်သီးကျူး ရုတ်တရက် မေးလိုက်သည်။

ဖုန်းယွီ သူ့နှာခေါင်းကို ပွတ်ရင်း..

“ကျုပ်မှာ ဩဇာနည်းနည်းရှိတော့ တစ်ချို့ နေရာတွေမှာ နည်းနည်းလေး ဖိအားပေးလို့ရပါတယ်.. ဒါပေမယ့် အစိုးရရဲ့ ကူညီပံ့ပိုးမှုတွေရဖို့တော့ မျှော်လင့်နေရတုန်းပဲ..”

ထိုဂျပန်ကုမ္ပဏီများသည် ၎င်းတို့အစိုးရ၏ ကျောထောက်နောက်ခံရှိကာ ဈေးကွက်တန်ဖိုးမှာ ကုမ္ပဏီ တစ်ခုလျှင်ပင် ကန်ဒေါ်လာ ဘီလီယံများစွာ ရှိပေသည်။ ကုမ္ပဏီတစ်ခုတည်းသာ ဆိုပါက ဖုန်းယွီအနေဖြင့် ၎င်းတို့ကို မကြောက်ချေ။ သို့ရာတွင် ကုမ္ပဏီ (၄)ခု ပေါင်းစပ်လိုက်သည့်အခါ ဖုန်းယွီတစ်ယောက်တည်းဖြင့် အနိုင်ရရန် မဖြစ်နိုင်တော့ပေ။

ဖုန်းယွီအတွက် ကံကောင်းသည်မှာ ဂျပန်ကုမ္ပဏီများသည် စည်းလုံးမှု မရှိချေ။ ဖုန်းယွီသည် ပန်နက်စိုးနစ်နှင့် အခြားကုမ္ပဏီများအား အကျိုးခံစားခွင့် အနည်းငယ်ပေးကာ ဆိုနီနှင့် အခြားကုမ္ပဏီ(၃)ခုကို ပစ်မှတ်ထားရန် ပြောထားပေသည်။ အမှန်တကယ်၌ ထိုကုမ္ပဏီများသည် ပြိုင်ဘက်များ ဖြစ်ပေသည်။ ၎င်းတို့ကို ဂျပန်နိုင်ငံရေး ပါတီ အသီးသီးမှ ထောက်ခံထားကြလေသည်။

ထို့အပြင် ဖုန်းယွီသည် လူအများ၏ ထင်မြင်ယူဆချက်များကို အသုံးချနိုင်ပေသည်။ ထိုင်ဟွာကုန်တိုက်ကို ပိုမိုမြင့်မားသည့် လူမှုကျင့်ဝတ်များနှင့်အညီ နေရာယူနိုင်ထားသည့် အားသာချက် တစ်ခုရှိနေပေသည်။

မဟာလူသားလီကို အကူအညီတောင်းခြင်း အပါအဝင် ၎င်းနည်းဗျူဟာများ အားလုံးသည် တရုတ်အစိုးရ၏ ကူညီ ပံ့ပိုးမှုကဲ့သို့ အရေးမကြီးချေ။ တရုတ်အစိုးရမှ ကူညီပံ့ပိုးပါက ဂျပန်ကုမ္ပဏီ အခု(၄၀)ဆိုလျှင်ပင် မှုနေမည် မဟုတ်ချေ။

ထို့အပြင် ထိုကုမ္ပဏီ (၄)ခုသည် DVD စံနှုန်းများအတွက် လေနှင့်မိုး လျှပ်စစ်နှင့် ယှဉ်ပြိုင်ထားပေည်။ ဖုန်းယွီသည် ၎င်းတို့ကို တိုက်ခိုက်ရန် DVD တွေ့ဆုံပွဲကို သုံးနိုင်ပေသည်။

လူအများရှေ့တွင်ပင် ပန်နစိုးနစ်နှင့် အခြားကုမ္ပဏီများသည် ဖုန်းယွီဘက်မှ ရပ်တည်ကြပေလိမ့်မည်။

ဖုန်းယွီသည် ဆိုနီနှင့် ကျန်ကုမ္ပဏီ (၃)ခုကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြောင်း သံသယ ရှိနေပေသည်။ လေနှင့်မိုး လျှပ်စစ်နှင့် အိုက်ဝါ လျှပ်စစ်တို့သည် ထိုင်ဟွာကုန်တိုက် လုပ်ငန်းစု၏ အစုရှယ်ယာဝင်ဖြစ်ကြောင်း ၎င်းတို့ သိကြပေသည်။ ရှယ်ယာရှင်များမှာ ဖုန်းယွီနှင့် ဖူကွမ်းကျန့်တို့ ဖြစ်သည်။ ထိုကုမ္ပဏီများသည် လေနှင့်မိုး လျှပ်စစ်နှင့် အိုက်ဝါ လျှပ်စစ်တို့ကို နှောင့်နှေးစေရေး ထိုင်ဟွာကုန်တိုက်လုပ်ငန်းစုကို တိုက်ခိုက်ရန် ၎င်းတို့၏ အစိုးရကို တမင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးပုံဖော်ထားခြင်း ဖြစ်နိုင်သည်။ သို့မှသာ DVD နည်းပညာများ တီထွင်ရန် အချိန်ပိုရနိုင်ပေလိမ့်မည်။

ဖုန်းယွီသည် သံလက်သီးကျူးကို DVD ကိစ္စများပါ ပြောပြလိုက်သည်။ ဤသည်မှာ တရုတ်နိုင်ငံကို အများကြီး အကျိုးပြုခဲ့သည့် ကိစ္စဖြစ်သည်။ အကယ်၍ ဂျပန်ကုမ္ပဏီများသည် သူ့ထက်သာသွားပါက တရုန်နိုင်ငံ၏ သူသုံး လျှပ်စစ်ပစ္စည်းများသည် ဂျပန်နိုင်ငံနှင့် ဆက်လက်တွေ့နေရပေလိမ့်အုံးမည်။

“ငါ VCD အမှတ်တံဆိပ်အကြောင်း သိတယ်.. မင်းတို့မှာ ထုတ်ကုန် အသစ်ရှိလား.. အားလုံး ဦးဆောင်နိုင်ရမယ်.. နိုင်ငံခြား ကုမ္ပဏီတွေကနေ မူပိုင်ခွင့် ခွင့်ပြုချက် အခကြေးငွေ ရနေတဲ့ တရုတ်ကုမ္ပဏီလေ.. မင်းတို့ တော်တယ်..”

သံလက်သီးကျူး အနေဖြင့် တရုတ် ကုမ္ပဏီ တစ်ခုသည် ဂျပန် လျှပ်စစ် လုပ်ငန်းများထက် သာလွန်နေနိုင်ကြောင်း သိရသည့်အတွက် စိတ်လှုပ်ရှားနေမိသည်။ ဤလုပ်ငန်းနယ်ပယ်သည် ဂျပန်နိုင်ငံ၏ အားသာချက်ပင်။ ယခင်က VCD အကြောင်း ကြားဖူးထားသော်လည်း ထိုကိစ္စနှင့် ယှဉ်တွဲနေသည့် အကျိုးကျေးဇူးများကို မသိရသေးချေ။

ယခုကဲ့သို့ အလားအလာရှိသည့် ကုမ္ပဏီ တစ်ခုသည် တရုတ်နိုင်ငံ၏ ဂုဏ်ယူစရာ ဆိုပါက တရုတ်အစိုးရမှ မဖြစ်မနေ ပံ့ပိုးပေးရပေလိမ့်မည်။

ထိုကုမ္ပဏီများ၏ ရည်ရွယ်ချက်မှာ DVD နည်းပညာ တိုးတက်မှု နှောင့်နှေးစေရန်ဖြစ်သည်။ လုံးဝ မအောင်မြင်စေရပေ။

အမှန်တကယ်တွင် တရုတ်အစိုးရသည် နှစ်ပေါင်းများစွာ နှုတ်ဆိတ်နေခြင်းပင်။ ယခုအချိန်တွင် အခြားနိုင်ငံများ တရုတ်နိုင်ငံမှ ဘာမဟုတ်သည့် ကိစ္စလောက်နှင့် ကျော၍မရနိုင်ကြောင်း ဂျပန်ကို နမူနာ ပြရမည် အချိန်ပင် ဖြစ်တော့သည်။

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters