ကန့်လန့်ကာ နောက်ကွယ်မှ လူ
Vol. 46 Ch. 681
“ဟူး…. မစ္စတာ နိုရီရို ညွှန်ကြားထားတဲ့အတိုင်း အားလုံး စီစဉ်ပေးပါ့မယ်..”
“ဟား… ဟား… ဟား.. ဒီတစ်ခါတော့ ဆိုနိက ဒီအခွင့်အရေးကို အသုံးချပြီး တရုတ်ဈေးကွက် ကျအောင် အသုံးချလို့ ရပြီ… ဒီအချိန် လူတိုင်းမှာ ရပိုင်ခွင့်တွေ ရှိနေပြီ.. မင်းတို့ (၃)ယောက်လဲ အတူတူပဲ.. အားလုံးကို အကောင်းဆုံး ဆုချမှာ သေချာတယ်..”
“ဒါပေမယ့်.. ငါတို့ အရမ်းများသွားလား.. ဘာပဲဖြစ်ဖြစ် ငါတို့က တရုတ်တွေပဲလေ.. ငါတို့ တရုတ်ကုမ္ပဏီကို ထိခိုက်ဖို့ ဂွင်ဖန်နေကြတာ.. ကောင်းတယ်လို့တော့ မခံစားရဘူး..”
“ခံစားလို့ မကောင်းဘူးလား.. ဘာ စိတ်မကောင်းဖြစ်စရာ ရှိလဲ.. မင်း အရင်ကုမ္ပဏီမှာ အလုပ် လုပ်တုန်းက မင်း ခေါင်းဆောင် မင်းကို ဘယ်လို ဆက်ဆံလဲ.. အဲ့တုန်းကဆို ငွေ ဘယ်လောက် ရလို့လဲ.. ဘောနပ်တွေရော၊ ထောက်ပံ့ ကြေးတွေရော ပေါင်းတာတောင် ယွမ်(၅၀၀)ပိုလို့လား.. အခုဆို မင်း တစ်လကိ အနည်းဆုံး ယွမ်(၁၀၀၀၀)ရနေပြီ.. ဟို လစာနဲ့ ယှဉ်ရင် ဘယ်လောက်တောင် ပိုနေပြီလဲ..”
“ဟုတ်ပါတယ်လေ.. ငါတို့တွေ ငွေအတွက် အလုပ်လုပ်နေကြတာပဲ.. ငါတို့ မိသားစုအတွက် အပိုဝင်ငွေ ရှာမှရမယ်..”
၎င်းတို့၏ မိသားစု စား၊ ဝတ်၊ နေ ရေး အကြောင်းပြကာ တရားမျှတမှု ခေါင်းစဉ်ဖြင့် ကြိုးစားနေကြပေသည်။
၎င်းတို့မျာ အရက်သောက်ရင်း ဆွေးနွေးနေကြခြင်းပင်။ ယခုခေတ်တွင် ငွေကိစ္စသာပင်။ မည်သည့်နိုင်ငံ၊ မည်သည့် လူမျိုးကိုမှ ဂရုမစိုက်ချေ။ ၎င်းတို့ကို ကောင်းကောင်း ပေးထားသူကိုသာ သိတတ်သည် အသိစိတ် ရှိနေတော့သည်။
ထိုလူများသည် ၎င်းတို့ ကုမ္ပဏီမှ ထိုင်ဟွာကုန်တိုက်နှင့် စကားပြောရန် ညွှန်ကြားလာခြင်းပင်။ ၎င်းတို့၏ ကုမ္ပဏီ များသည် ၎င်းတို့ထုတ်ကုန်များကို ထိုင်ဟွာကုန်တိုက်များသို့ တင်သွင်းလိုပေသည်။ ညှိနှိုင်းရ လွယ်မည်ထင်ကာ အခြေအနေကောင်းများ မျှော်လင့်ထားသည်။ ၎င်းတို့ သူဌေးများထံမှ ဆုရပိုင်ခွင့်များ ရချင်နေကြပေသည်။
သို့ရာတွင် ထိုင်ဟွာကုန်တိုက်မှ ၎င်းတို့၏ စကားများကို ဂရုမစိုက်ခဲ့ချေ။ ထိုင်ဟွာကုန်တိုက်၏ ဒု-အထွေထွေ မန်နေဂျာမှ ၎င်းတို့နှင့် လက်တွဲ လုပ်ဆောင်ရန် စိတ်မဝင်စားကြောင်း တိုက်ရိုက် ပြောလာပေသည်။
ထိုလူများသည် ၎င်းတို့၏ အဆင့်မြင့် အရာရှိများထံ သတင်းပို့ရန်မှလွဲ၍ ရွေးစရာ မရှိတော့ချေ။ နောက်ဆုံးတါင် ဆိုနီ၏ အာရှ လုပ်ငန်းဆောင်ရွက်မှု တာဝန်ခံသည် နိုရီရိုအိုး မှ ထိုင်ဟွာကုန်တိုက်အတွက် ပြဿနာ ဖန်တီးရန် နည်းလမ်းတစ်ခု စဉ်းစားစေချင်ကြောင်း အဘိုးကြီး ဟူကို ပြောလာပေသည်။ ၎င်းတို့အတွက် ပြဿနာ ကြီးကြီး မားမား ဖန်တီးနိုင်လေ ကောင်းလေဟု ပြောလာပေသည်။
ဤထိုင်ဟွာကုန်တိုက်သည် အလွန် အမြတ်အစွန်းရခဲ့ပေသည်။ အကယ်၍ ပြဿနာ ဖြစ်လာပါက ဖုန်းယွီ၊ ဖူကွမ်းကျန့်နှင့် ကျန်လူများ မလွဲမသွေ အာရုံပျံ့လွင့် သွားပေလိမ့်မည်။ ထို့နောက် အိုက်ဝါ လျှပ်စစ်၊ လေနှင့်မိုး လျှပ်စစ်တို့တွင် ၎င်းတို့၏ စွမ်းအင်များကို အာရုံစိုက်ရန် အချိန်ရှိတော့မည် မဟုတ်ချေ။ ဖုန်းယွီသည် ထိုင်ဟွာ ကုန်တိုက် လုပ်ငန်းစုကို ကူညီရန် ကုမ္ပဏီ(၂)ခုမှ ရန်ပုံငွေများပင် သုံးရနိုင်ချေရှိပေသည်။
ဤနည်းအားဖြင့် ၎င်းတို့၏ DVD နည်းပညာများ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသွား ပေလိမ့်မည်။ ဆိုနီ၊ တိုရှီဘာနှင့် အခြားကုမ္ပဏီများသည် လေနှင့်မိုး လျှပ်စစ်ပစ္စည်းကို ကျော်တက်နိုင်မည် ဖြစ်ပြီး လေနှင့်မိုး ပိုင်ဆိုင်မှုများကိုပင် ဝယ်ယူခွင့် ရရှိနိုင်ပေလိမ့်မည်။
ထို့ကြောင့် အဘိုးကြီး ဟူသည် အစီအစဉ်ကို စဉ်းစားရန် အခြားလူများနှင့် တိုင်ပင်ဆွေးနွေးခဲ့ပြီး အကြံတစ်ခု ရလာပေသည်။ ထိုင်ဟွာ ကုန်တိုက် လုပ်ငန်းစုကို စွပ်စွဲကာ ထိုင်ဟွာကုန်တိုက်မှ ၎င်းတို့ကို ငြင်းပယ်ခဲ့ပေသည်။ ထိုင်ဟွာကုန်တိုက် လုပ်ငန်းစုကို ဖိအားပေးရန်၊ မိမိတို့ အဆင့်အတန်း ပိုမိုမြင့်မားလာစေရန်အတွက် နိုင်ငံတကာ အငြင်းပွားမှုတစ်ခု အဖြစ်ရောက်သည့်တိုင် ဤပြဿနာကို ကြီးထွားစေလိုက်သည်။ ၎င်းတို့ (၄)ဦးသည် ယခင်က အစိုးရ အရာရှိများ ဖြစ်ကြပြီး နည်းလမ်း ဟောင်းများကို ကောင်းစွာ အသုံးချတတ်ကြပေသည်။
ထိုသို့သော အဆင့်အထိ တိုးလာခဲ့သည့် မည်သည့် အဖြစ်အပျက်မဆို အသေးအမွှား ကိစ္စ မဟုတ်တော့ချေ။
သို့ရာတွင် ၎င်းတို့(၄)ဦးသည် နှစ်ပေါင်းများစွာ အစိုးရဌာနမှ ထွက်ခွာခဲ့ကြကြောင်း သတိမေ့နေကြသည်။ ယခု အချိန်တွင် တရုတ်သည် ထွန်းကားသော နိုင်ငံဖြစ်လာပေပြီ။ ခေါင်းဆောင်ကြီးသည် အနီးကပ်ရှိနေဆဲဖြစ်ပြီး အခြားသော နယ်ချဲ့နိုင်ငံများမှ တရုတ်နိုင်ငံကို ပစ်မှတ်ထားခြင်းကို ကာကွယ်မည့် အလံတစ်ခုအဖြစ် မားမားမတ်မတ် ရပ်နေပေသည်။
တရုတ်နိုင်ငံသည် ပူးပေါင်းဆောင်ရွက်ရေးကိစ္စကို ဂျပန်နှင့် ညှိနှိုင်းသည့်အခါ တရုတ်နိုင်ငံ၏ ရပ်တည်ချက် ခိုင်မာ လာတော့သည်။ သို့ရာတွင် တရုတ်နိုင်ငံသည် နိုင်ငံတကာ ဥပဒေများနှင့် မရင်းနှီးသေးသဖြင့် သဘောတူညီချက် တွင် ဟာကွက်များ ရှိနေပေသည်။ ထို ဟာကွက်များကို ဂျပန်ကုမ္ပဏီမှ အခွင့်ကောင်းယူသွားပေသည်။
သို့ရာတွင် တရုတ်သည် ဂျပန်ကို ကြောက်နေကြောင်း ရယ်မောနေပေလိမ့်မည်။
ဂျပန်လူမျိုးများသည် သန်မာသူများကိုသာ ကိုးစားကြသည့် အမျိုးအစား ဖြစ်ပေသည်။ ၎င်းတို့ထက် သန်မာသူနှင့် တွေ့ရပါက အလိုလို အောက်ကျခံတတ်သူများ ဖြစ်ပေသည်။
(၈၀)ခုနှစ် နောက်ပိုင်းတွင် ဂျပန်စီးပွားရေးသည် အထွတ်အထိပ်သို့ ရောက်သွားပေသည်။ ၎င်းတို့သည် ကမ္ဘာ့စီးပွားရေး အင်အား အကောင်းဆုံးနိုင်ငံဟု ယူဆကြပြီး အမေရိကန် တစ်ခုလုံး ဝယ်ယူရန် ကြိုးစားခဲ့ကြသည်။
နောက်ဆုံးတွင် ဂျပန်၏ စီးပွားရေး ပေါက်ကွဲကာ စတော့ဈေးကွက် ပျက်သွားပေသည်။ ၎င်းတို့၏ စီးပွားရေးကို ပံ့ပိုးသူများ၏ အိမ်ခြံမြေများ ပျက်စီးသွားသည် အထိပင်။ ၎င်းတို့၏ ထုတ်လုပ်နေဆဲ ကုမ္ပဏီ အများအပြား ပြိုလဲသွားကာ ဂျပန်၏ စီးပွားရေး ကျဆင်းသွားသည်။ ၎င်းတို့၏ မာနသည်သာ ဘဝဂ်ညံ ကျန်နေပေသည်။
တရုတ်နိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းနေချိန်တွင် နည်းပညာများ အားနည်းနေချိန်၌ ဖြစ်ပျက် ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် ဆိုဗီယက် ယူနီယံသည် ကမောက်ကမ ဖြစ်နေပြီး တရုတ်နှင့် ပူးပေါင်း၍ မရချေ။ ထို့ကြောင့် တရုတ်သည် အရင်းအမြစ်များကို ဂျပန်နှင့် ဖလှယ်ရန် တရုတ်၏ နည်းပညာများနှင့် စီးပွားရေး အင်အား တိုးမြှင့်လာစေရန် ကြိုးပမ်းခဲ့သည်။
ဂျပန်သည် ၎င်းတို့ စီးပွားရေးကို ကယ်တင်ရန် ကြီးမားသော ဈေးကွက်တစ်ခု လိုအပ်နေပေသည်။ ထို့ကြောင့် နှစ်ဖက်စလုံးသည် ၎င်းတို့၏ ယခင်ရန်သူများကို လျစ်လျူရှုကာ စီးပွားရေးနယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက်လာကြသည်။ ထိုအချိန်တွင် နှစ်ဖက်စလုံး၌ အုံရန်သူဖြစ်သည့် အမေရိကန် ရှိနေပေသည်။
နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက်သည် မှားယွင်းခြင်း မရျိချေ။ ချမှတ်ထားသည့် မူဝါဒများနှင့် ပဏာမ သဘောတူညီချက်သည် မှန်ကန်ပေသည်။ ထို ပေါ်လစီများကို အောက်ခြေလူများ စတင် အကောင်အထည် ဖော်သည့်အခါ ပြဿနာများ ရှိလာပေသည်။
အစပိုင်းတွင် ဂျပန်တို့သည် တရုတ်ပြည်တွင် လာရောက် ရင်းနှီးမြုပ်နှံစဉ်က နှိမ့်ချနေကြသည်။ နောက်ဆုံး၌ ဂျပန်သည် အမေရိကန်ကို ရှုံးနိမ့်ခဲ့ခြင်းကြောင့် ၎င်းတို့၏ မာနကြီးတတ်သည့် သဘာဝမှာ နှလုံးအိမ်ထဲတွင် ကိန်းအောင်လာကြတော့သည်။
၎င်းတို့သည် တရုတ်ပြည်သို့ ရောက်ပြီး တရုတ်ပြည်တွင်းမှ အရာရှိများ၏ နှိပ်စက်မှုကို ခံရပြီးနောက် ၎င်းတို့၏ ဇာတိရုပ်များ စပြလာတော့သည်။ တရုတ်များကို မထီမဲ့မြင်ပြုကာ နှိမ့်ချ ဆက်ဆံလာသည်။ ၎င်းတို့၏ စီးပွားရေး နည်းလမ်းဖြင့် တရုတ်ကို ထိန်းချုပ်နိုင်သည်ဟု ခံစားလာရပြီး ဂျပန်သည် အထွတ်အထိပ်သို့ တဖန် ပြန်တက်လာ ပေတော့မည်။
ထို့ကြောင့် ဂျပန် ရင်းနှီးမြုပ်နှံသည် စက်ရုံများ တရုတ်နိုင်ငံတွင် အများအပြား ပေါ်လာခဲ့သည်။ ယင်းစက်ရုံ များသည် အနောက်တိုင်းမှ ရင်းနှီးမြုပ်နှံထားသည့် အခြားစက်ရုံများနှင့် မတူချေ။ ထိုစက်ရုံများသည် အမြတ်ရနေ သရွေ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုကို လျစ်လျူရှုထားကြသည်။ ဒေသခံ အရာရှိများသည် ၎င်းတို့၏ နိုင်ငံရေး ဂုဏ်ရှိန်များ ရနေသရွေ့ စက်ရုံများကိစ္စ ဖုံးကွယ်ပေးထားမည် ဖြစ်ကြောင်း ဂျပန်များ သိနေပေသည်။
၎င်းတို့ကို ကူညီရန် ငြင်းဆန်သည့် အရာရှိများပင်လျှင် စက်ရုံများမှ ငွေအနည်းငယ် ပေးကမ်းလိုက်ပါက စိတ်ပြောင်း သွားပေလိမ့်မည်။ ထိုကိစ္စများကြောင့် ဂျပန်များ ပိုမို မောက်မာလာပေသည်။
သို့ရာတွင် ထိုဂျပန်ကုမ္ပဏီများသည် တရုတ်နိုင်ငံတွင် ငွေရှာနေခြင်းကြောင့် ဆိုနီ အကြပ်ရိုက်နေပေသည်။ ပထမ တွင် ၎င်းသို့ အလွန်အမြတ်အစွန်းရှိသော လမ်းလျှောက်သီချင်းဖွင့်စက် ဈေးကွက်ရှိပေသည်။ ဤ ဈေးကွက်ကို ၎င်းတို့ထံမှ အိုက်ဝါ လုသွားပေသည်။ အိုက်ဝါသာ သူတို့ လက်အောက်တွင် ရှိနေပါက ကောင်းပေလိမ့်မည်။ သို့ရာတွင် နိုရီရိုအိုဂ သည် အိုက်ဝါ ရှယ်ယာများကို ဖုန်းယွီအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချခဲ့ပြီး ဆိုနီအတွက် ပြသနာတစ်ခု ဖြစ်လာတော့သည်။
ဆိုနီသည် တရုတ်နိုင်ငံရှိ မရှိမဖြစ် ထုတ်ကုန်အများစုမှာ လမ်းလျှောက် သီချင်းဖွင့်စက်နှင့် CDစက်များ ဖြစ်သည်။ သို့ရာတွင် ဂျပန်ထုတ်ကုန် ဆန့်ကျင်ရေး လှုပ်ရှားမှုသည် တရုတ်နိုင်ငံတွင် ရုတ်တရက် ပေါ်လာပြီး ဆိုနီ၏ ထုတ်ကုန်များသည် နေ့ချင်းညချင်း လူကြိုက်နည်းသွားတော့သည်။
သို့အတွက် ဆိုနီသည် တရုတ်ဈေးကွက်မှ ထွက်ခွာသွားရပြီး အခြားသော ဂျပန် ကုမ္ပဏီများသည်လည်း ယင်းလှုပ်ရှားမှုကြောင့် ပြင်းထန်စွာ ထိခိုက်ခံခဲ့ရသည်။ သို့ရာတွင် ဆိုနီသည် ထိခိုက်မှု အများဆုံး ဖြစ်သည်။ တရုတ် ဆိုနီသည် ဈေးကွက်မှ ထွက်ခွာရပြီး အခြားကုမ္ပဏီများသည် မုန်တိုင်းဒဏ်ကြားမှ ဆက်လက် ရှင်သန်နိုင်ခဲ့ကြ သည်။
နောက်ပိုင်းတွင် လေနှင့်မိုး လျှပ်စစ်မှ VCD စက် တီထွင်ခဲ့သည်။ လျှပ်စစ် လုပ်ငန်းသည် ဂျပန်နိုင်ငံ၏ အင်အား အကောင်းဆုံး စက်မှုလုပ်ငန်းဖြစ်ပြီး လေနှင့်မိုးသည် ဆိုနီမှလွဲ၍ အခြား ကုမ္ပဏီ အများအပြားကို မူပိုင်ခွင့် ခွင့်ပြုချက်များ ထုတ်ပေးခဲ့သည်။
လေနှင့်မိုး လျှပ်စစ်နှင့် ဆိုနီတို့သည် DVD စံနှုန်းများ အတွက် ပြိုင်ဆိုင်နေကြပေသည်။ အဖွဲ့ နှစ်ခုစလုံးသည် ကုမ္ပဏီ အသီးသီးမှ ပံ့ပိုးကူညီမှုများ ရှိနေပြီး စက်မှုလုပ်ငန်း စံနှုန်းများ သတ်မှတ်ရန် မဟာမိတ်ဖွဲ့ခဲ့ကြသည်။
ဖုန်းယွီကို အမုန်းဆုံး ကုမ္ပဏီ ပြပါဆိုလျှင် ဆိုနီသာ ဖြစ်ပေလိမ့်မည်။
အဘိုးကြီး ဟူနှင့် အခြားကိုယ်စားလှယ် (၃)ယောက်သည် ထိုအကြံအစည်ကို အကောင်အထည် ဖော်ပြီးနောက် ပထမဆုံး သဘောတူသူမှာ နိုရီရိုအိုဂ ဖြစ်ပေသည်။ ဖုန်းယွီကြောင့် မဟုတ်ပါက သူသည် ယခုအချိန်တွင် ယာယီ ဥက္ကဋ္ဌ မဟုတ်ဘဲ အစစ်အမှန် ဥက္ကဋ္ဌ ဖြစ်နေလောက်ပေပြီ။
ဆိုနီသည် ၎င်း၏ ဂိမ်းစက် မိတ်ဆက်တော့မည် ဖြစ်သည်။ တရုတ်ဈေးကွက်အား စွန့်လွှတ်လိုက်ရပါက အမှိုက်ဖြစ်သွား ပေလိမ့်မည်။ နစ်တန်ဒိုသည် ယခင်က တရုတ်တွင် ကျရှုံးခဲ့သော်လည်း ဆိုနီ ကျရှုံးမည်ဟု မဆိုလိုချေ။ ယခုတစ်ကြိမ်တွင် တရုတ်၏ ဆိုနီ ရုံးခန်းမှ ဝန်ထမ်းများအားလုံးသည် တရုတ်လူမျိုးများ ဖြစ်ပေသည်။
နိုရီရို အိုဂ သည် အဘိုးကြီး ဟူ၏ တင်ပြချက်ကို ဖုန်းဖြင့် နားထောင်ပြီး အလွန် ဝမ်းသာသွားသည်။ ဖုန်းယွီ။ သင့်နှင့် ထိုက်တန်သည်ကို ရရှိရန် အချိန်ကျရောက်ပေပြီ။ သင့်ကိုယ်သင့် ကယ်တင်ရန် ကြိုးစားနေချိန်အတွင်း မိမိတို့၏ ဆိုနီသည် တရုတ်ဈေးကွက်သို့ ပြန်လည် ဝင်ရောက်လာပေလိမ့်မည်။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)