ညစ်ပတ်မှု
Vol. 46 Ch. 683
ထိုင်ဟွာကုန်တိုက်သည် ၎င်းတို့၏ ဆောင်းပါးများ ထုတ်ဝေသည့်အခါ လူများသည် ဂျပန်ကုမ္ပဏီများ၊ အထူးသဖြင့် အနှီကုမ္ပဏီ (၄)ခုကို သံသယ ဝင်လာကြသည်။ ထိုကုမ္ပဏီ (၄)ခုသည်လည်း စတင် လက်တုံ့ပြန်ခဲ့ကြသည်။
၎င်းတို့ကုမ္ပဏီများ’ အခြေအနေနှင့် ပတ်သက်သည့် ဆောင်းပါးများကို ထုတ်ဝေလာကြတော့သည်။ ၎င်းတို့သည် တရုတ်နိုင်ငံတွင် ရင်းနှီးမြုပ်နှံထားသည့် ကုမ္ပဏီ မည်မျှရှိကြောင်းနှင့် တရုတ်အတွက် အလုပ်အကိုင် မည်မျှ ဖန်တီး ပေးနိုင်ကြောင်း ထုတ်ဖော် ပြောဆိုထားပေသည်။ တစ်နည်းအားဖြင့် ၎င်းတို့သည် တရုတ်နိုင်ငံ၏ စီးပွားရေးအတွက် သိသိသာသာ ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့ကြောင်း လူတိုင်း သေချေချင်နေခြင်းပင်။
၎င်းတို့သည် ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီ (၅၀၀)တွင် အဆင့်အတန်း တစ်ခုထိ ပြသနိုင်ခဲ့ပေသည်။ ဤသည်မှာ ၎င်းတို့ ကုမ္ပဏီများ မည်မျှ ဩဇာညောင်းကြောင်း ပြသရန်နှင့် တရုတ်အစိုးရမှ ၎င်းတို့ကို တောင်းဆိုခဲ့ကြောင်း သွယ်ဝိုက် ပြောဆိုခြင်းပင်။
အထူးသဖြင့် ထိုင်ဟွာကုန်တိုက် လုပ်ငန်းစုသည် ထိုကုမ္ပဏီ (၄)ခုကို မတရား ပြုမူနေပေသည်။ ထိုင်ဟွာကုန်တိုက် လုပ်ငန်းစု၏ သဘောထားသည် ၎င်းတို့ကို များစွာ စိတ်မကောင်း ဖြစ်ရကြောင်း ဖော်ပြထားသည်။
လူအများသည် ထိုအစီရင်ခံစာ ဖတ်ပြီးသည့်အခါ စိုးရိမ်မှုများ ဖြစ်သွားသည်။ ထိုကုမ္ပဏီများ တရုတ်မှ ပြောင်းရွှေ့ သွားပါက လူတော်တော်များများ အလုပ်လက်မဲ့ ဖြစ်ကာ တရုတ်၏ စီးပွားရေးလည်း နိဂုံးချုပ်သွားပေလိမ့်မည်။
ကုမ္ပဏီ(၄)ခု ပြောခဲ့သည်မှာ ဟာသတစ်ခုသာပင်။ ထိုဂျပန် ကုမ္ပဏီများ မရှိလျှင် အခြားနိုင်ငံများမှ ကုမ္ပဏီများ တရုတ်တွင် ရင်းနှီးမြုပ်နှံလာမည်သာပင်။ ဒေသအာဏာပိုင်များသည် ၎င်းတို့ထံတွင် ရင်းနှီးမြုပ်နှံ၍ မရချေ။ ထိုစက်ရုံးများ တရုတ်မှ ထွက်သွားလျှင်ပင် ထိခိုက် နစ်နာမည် မဟုတ်ချေ။ အမှန်တကယ်ကို တရုတ်မှ နှုတ်ထွက်သွားပါက မည်သူ ဆုံးရှုံးနစ်နာမည်ဆိုသည်မှာ သိသာပေသည်။
ဖုန်းယွီ ထိုဆောင်ပါး ဖတ်ပြီးသည့်အခါ သက်ပြင်းချလိုက်သည်။ ၎င်းသည်မှာ ပြန်လည် တိုက်ခိုက်ရန် အခွင့်အရေးကောင်းပင်။
ဖုန်းယွီသည် ထိုဆောင်များပါးကို ထုတ်ဝေရန်အတွက် သတင်းစာဌာနများကို ချက်ချင်း ဆက်သွယ်လိုက်သည်။ ခေါင်းဆောင်ကျားကိုပင် ဖုန်းဆက်ကာ ယခင်က ၎င်းတို့ ရိုက်ကူးထားသည့် ဇာတ်လမ်းတွဲများကို ထုတ်လွှင့်ပေးရန် ပြောလိုက်သည်။
၎င်းတို့၏ ဦးတည်ချက် အားလုံးမှာ ဂျပန်ကုမ္ပဏီများကိုသာပင်။ ဤတစ်ကြိမ်တွင် ဖုန်းယွီသည် ၎င်းတို့အား တိုက်ခိုက်ရန် ပတ်ဝန်းကျင် ညစ်ညမ်းမှုကို အသုံးချခဲ့သည်။
ဖုန်းယွီသည် ဆိုနီနှင့် အခြားကုမ္ပဏီများ မည်မျှကြီးမားကြောင်း ကြေငြာသည်အထိ စောင့်ဆိုင်းနေခြင်းပင်။ သို့မဟုတ် ပါက သိသာသော သက်ရောက်မှု ရှိမည် မဟုတ်ချေ။ ယခုမူ အချိန်အခါ ကျရောက်လာပေပြီ။ ပုံများ၊ လူများနှင့် တည်နေရာအားလုံး တိကျစွာ ဖော်ပြထားပေသည်။ အရပ်ဖက် ဆရာဝန်များနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားများမှလည်း ၎င်းတို့၏ ကျွမ်းကျင်မှုနယ်ပယ် အမြင်များကို ဖော်ပြခဲ့ကြသည်။ ၎င်းတို့သည် အစီရင်ခံစာများ၏ ဖတ်ရှုနှုန်း တိုးမြင့်စေသွားတော့သည်။
ဤအစီရင်ခံစာများသည် ထိုကုမ္ပဏီများကြောင့် ဖြစ်ပေါ်လာသည့် လေထုညစ်ညမ်းမှုနှင့် ပတ်သက်၍ လူအားလုံး ယုံကြည်မည် မဟုတ်သော်လည်း လူအများစုမှာ ထိုဆောင်းပါးများကို ယုံကြည်နေကြဆဲပင်။ လူများသည် ပုံမှန်အားဖြင့် အဆိုးမြင်သတင်းများကို ပို၍ အာရုံစိုက်တတ်ကြပေသည်။ ထိုသတင်းများမှာ အံ့ဩစရာ ကောင်းလွန်း ၍ဖြစ်ပေသည်။
ညနေပိုင်းတွင် သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုအကြောင်း ဆွေးနွေးထားသည့် အထူးအစီအစဉ်တစ်ခု ထုတ်လွှင့် လိုက်သည်။
“လျှပ်စစ် အစိတ်အပိုင်းတွေမှာ မြေရှားသတ္တုူ ပိုမိုပါဝင်ကာ စွန့်ပစ်မှုကို ထိန်းညှိပေးမှရမယ် လူတွေဟာ သတ္တူဓာတ် ပါတဲ့ ညစ်ညမ်းရေတွေ သောက်မိရင် ကျန်းမာရေး ထိခိုက်မယ်….. မောပန်းနွမ်းနယ်မယ်.. ဆံပင်တွေ ကျွတ်မယ်.. လူ့ကိုယ်ခံအား ကျဆင်းခြင်းနှင့် အသက်ရှုရ ခက်ခဲခြင်းတွေကို ခံစားရပါလိမ့်မယ်.. ပိုပြီး ပြင်းထန်မယ်ဆိုရင် နှလုံး ရောဂါပါ ဖြစ်စေနိုင်ပါတယ်.. နိုင်ငံတကာမှာပဲ ဖြစ်ဖြစ်.. တရုတ်နိုင်ငံမှာပဲ ဖြစ်ဖြစ် မြေရှားသတ္တုအတွက် စည်းမျဉ်းတွေ အရမ်းကို တင်းကြပ်ထားပါတယ်.. အခုတော့ တိုရှီဘာ စက်ရုံတွေ အနားက ရေနမူနာတွေကို ဓာတ်ခွဲခန်း စမ်းသပ်မှု အဖြေတွေ မြင်တွေ့ရမှာ ဖြစ်ပါတယ်..”
“သတင်းထောက်စွေ့.. ကျုပ်က ပေကျင်း ရေအရည်အသွေး ထိန်းချုပ်ရေး သုတေသန ပညာရှင် ပါမောက္ခ လီချန်ထျန်းပါ.. အဲ့ဒီ ရေနမူနာ ဓာတ်ခွဲစမ်းသပ်တာကို ကျုပ်တို့ ဆောင်ရွက်ခဲ့ပါတယ်..”
“စမ်းသပ်မှု အဖြေက ဘယ်လိုလဲ..”
သုတေသီမှ ခေါင်းရမ်းကာ..
“ဓာတ်သတ္တု ညစ်ညမ်းမှုက ကန့်သတ်အဆင့်ထက်ကို အနည်းဆုံး (၈)ဆ ဖြစ်နေပါတယ်.. တစ်ချို နမူနာတွေဆိုရင် အဆပေါင်း (၄၆)ဆထိ ရှိပါတယ်.. ဒီရေဆိုရင် သောက်သုံးဖို့ အသင့်လျော်တဲ့အပြင် သုံးစွဲဖို့ကို မသင့်လျော်ပါဘူး.. ရေချိုး၊ အဝတ်လျော်ကြမယ်ဆိုရင်ကို နေမကောင်းတာတွေ ဖြစ်ကြပါလိမ့်မယ်.. ဒီ ညစ်ညမ်းမှုကို ခံနိုင်ရည်မရှိခင် နောက်မျိုးဆက် အနည်းငယ်ဆိုရင်ပဲ ဗီဇပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်.. ဒါပေမယ့် ကျုပ်တို့ ခန္ဓာကိုယ်တွေက အဲ့ဒါကို ခုခံနိုင်ဖို့ဆိုရင် မျိုးဆက် ဘယ်လောက်တောင် ကြာနိုင်မလဲ.. ကျုပ်တို့ သက်တမ်းကိုတောင် အများဆုံး အနှစ်(၅၀)ထိ တိုသွားစေလောက်တယ်..”
“ခနလေး.. ပါမောက္ခလီ သက်တမ်း အနှစ်(၅၀)ဆိုတာ ဘာကို ဆိုလိုတာလဲ..”
“အဲဒါကို ပြောချင်တာ… တကယ်လို့ တစ်ယောက်ယောက်က ဒီအခြေအနေမှာ နေထိုင်မိရင် သီအိုရီအရ အနှစ်(၃၀)ထက် ပိုပြီး အသက်ရှင်နိုင်မှာ မဟုတ်ဘူး.. ဒါပေမယ့် ဒီလူတွေရဲ့ ကိုယ်ခံစွမ်းအား တိုးမြင့်ဖို့အတွက် ကျုပ်တို့ တွက်ချက်ထားပါ တယ်.. ဆေးဝါးကုသမှုတွေနဲ့တောင် အသက်က နှစ်(၅၀)ကျော် ရှင်သန်ဖို့ မဖြစ်နိုင်ဘူး.. ကင်ဆာဖြစ်နိုင်ခြေဆို သာမန်လူတွေနဲ့ ယှဉ်ရင် အဆ (၁၀၀၀၀) ပိုများပါတယ်..”
“အဆ (၁၀၀၀၀)တောင်လား..”
စွေ့ကျင်းယီ အံ့ဩသွားသည်။ ၎င်းညစ်ညမ်းမှုသည် ဤမျှ ပြင်းထန်မည်ဟု သူမျှော်လင့် မထားချေ။
“ဟုတ်တယ်.. ဒါကြောင့် စက်ရုံအနီးအနားတွေမှာ နေထိုင်သူတွေကို ခန္ဓာကိုယ် စစ်ဆေးဖို့ အကြံပေးချင်ပါတယ်.. သတ္ထုညစ်ညမ်းမှုကြောင့် ထိခိုက်မှုရှိမရှိ စစ်ဆေးရပါမယ်.. ဒါတွေအကုန်လုံး အဲ့ဒီက စက်ရုံတွေကြောင့် ဖြစ်တာမို့ သူတို့ တာဝန်ယူသင့်ပါတယ်..”
***********
“မင်္ဂလာပါ.. ကျုပ်က တရုတ်နိုင်ငံ လေထု အရည်အသွေး သုတေသန ဓာတ်ခွဲခန်းက သုတေသီ တစ်ယောက် ဖြစ်တဲ့ ပါမောက္ခ ကျောင်းလီကန်းပါ.. အဲ့ဒီ လျှပ်စစ် စက်ရုံတွေက ထုတ်လွှတ်နေတဲ့ အငွေ့နမူတာတွေကို ကျုပ်တို့ စုဆောင်းထားပါတယ်.. နမူနာတွေမှာ ခဲမှုန် ပါဝင်မှု အရမ်းမြင့်မားလွန်းပါတယ်.. ဒီခဲမှုန်တွေကို အဲ့စက်ရုံတွေရဲ့ အပူချိန်မြင့် မီးဖိုတွေက ထုတ်လွှတ်ထားတာပါ.. ဒီ အမှုန်အမွှားတွေကို စစ်ထုတ်တဲ့ နည်းလမ်းနဲ့ အလွယ်တကူ ဖယ်ရှားလို့ ရပါတယ်.. အဲ့စက်ရုံတွေက အခိုးအငွေ့တွေကို စစ်ထုတ်ခြင်းမလုပ်ဘဲ ဘာလို့ တိုက်ရိုက် ထုတ်လွှတ် နေတယ်ဆိုတာ အရမ်းသိချင်ပါတယ်.. ဒီစက်ရုံတွေမှာ စစ်ထုတ်တဲ့ စက်တွေရှိပါတယ်.. ဘာလို့ မသုံးကြတာလဲ.. အဲ့ စက်ပစ္စည်းတွေက အလှပြဖို့ သက်သက်ပဲလား ဒါမှမဟုတ် ကုန်ကျစရိတ် သက်သာအောင် လုပ်နေကြတာလား.. သဘာဝ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတယ်ဆိုတာ ဂရုမစိုက်ကြဘူးလား..”
************
“အားလုံး မြင်တဲ့အတိုင်းပါပဲ… အခု စက်ရုံရဲ့ အပြင်ဘက်မှာပါ.. မီးခိုးမြူတွေ အများကြီး ရှိနေပါတယ်.. ဒီနေရာနဲ့ ပတ်သက်ပြီး လမ်းသွားလမ်းလာ တစ်ချို့ကို မေးမြန်းပါ့မယ်.. မင်္ဂလာ ညနေခင်းပါ ခင်ဗျာ.. ကျုပ်က CCTV က သတင်းထောက် စွေ့ကျင်းယီပါ..”
“ငါ မင်းကို သိတယ်.. မင်းအစီအရင်တွေ ကြည့်ရတာ အရမ်းကြိုက်တယ်.. CCTV ရဲ့ အစီအစဉ်တွေ အရမ်းကောင်း တာပဲ..”
သက်လတ်ပိုင်း အမျိုးသမီး စိတ်လှုပ်ရှားစွာ ပြန်ဖြေပေသည်.
“အခုလို ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. မေးခွန်းလေး နည်းနည်း ပေးပါရစေ.. ဒီမှာ မီးခိုးမြူတွေ အများကြီးပဲ.. ဘယ်အချိန်က စရှိနေတာလဲ မှတ်မိလား..”
မေးခွန်းကို ကြားသည့်အခါ ထိုအမျိုးသမီး ဒေါသတကြီးဖြင့် စက်ရုံကို လက်ညှိုးထိုးပြရင်း..
“စက်ရုံစတည်ကတည်းက မီးခိုးမြူတွေ ပေါ်လာတာ.. အရင်တုန်းကဆို ဒီနေရာက အရမ်းသန့်ရှင်းပြီး အရမ်းလှတာ.. အခုဆို ဒီနေရာကို ကြည့်စမ်းပါအုံး.. လေထဲမှာကို ညှော်နံ့တွေနဲ့.. အထက်လူကြီးတွေကို တိုင်ထားပေမယ့် ဘယ်သူမှ ဂရု မစိုက်ကြပါဘူး..”
ထို့နောက် ကင်မရာသည် စက်ရုံကို မြင်ကွင်းချဲ့ပြလိုက်သည်။ ပေါ်လာသည်မှာ တိုရှီဘာ (တရုတ်) လျှပ်စစ် ပစ္စည်း စက်ရုံပင်။
“အာ.. နေအုံး .. မပြီးသေးဘူး.. ဆူညံသံတွေဆိုလဲ ဆက်တိုက်ပဲ.. ကြားလား…. အဲ့ ဆူညံသံက နေ့ရော ညပါ ဆက်တိုက်ပဲ.. ငါတို့တွေ ကောင်းကောင်းကို အိပ်လို့မရဘူး..”
“အခုရော ဘယ်လိုတွေ ဖြစ်နေလဲ..”
စွေ့ကျင်းယီ ထပ်မေးလိုက်သည်။
ထိုအမျိုးသမီးမှာ ကူကယ်ရာမဲ့သည့် အမူအရာဖြင့်..
“တဖြည်းဖြည်းနဲ့ ကျင့်သားရလာတာပေါ့.. ငါ့သားလေး ဘွဲ့ရပြီး တခြားပြည်နယ်တွေမှာ အလုပ်လုပ်တယ်.. ကျောင်းတက်တုန်းကဆို အိမ်တောင် ပြန်မလာချင်ဘူး.. သူပြန်လာတိုင်း ချောင်းတွေ အရမ်းဆိုးတာလေ.. နောက်နှစ်လောက်ဆို ရွှေ့တော့မှာပါ… ဒီလိုနေရာမျိုးက နေထိုင်ဖို့ လုံးဝကို မသင့်တော်တာ..”
**********
ရုပ်မြင်သံကြားအစီအစဉ် အပိုင်းတစ်ခုလုံး ထိုစက်ရုံများကြောင့် ဖြစ်ပေါ်လာသည့် ညစ်ညမ်းမှုများအကြောင်း ပြောနေခြင်းပင်။ သို့ရာတွင် ထိုစက်ရုံများကို အထူးတလည် ရွေးချယ်ထားကြောင်း ကြည့်ရှုသူများ သိနိုင်ပေသည်။ အစီအစဉ်တွင် ပြသထားသည့် စက်ရုံများအားလုံးသည် တိုရှီဘာနှင့် အခြားကုမ္ပဏၑီ (၃)ခုဖြစ်နေပေသည်။
ယခု ထိုကုမ္ပဏီများကို မည်သူမှ မထောက်ခံတော့ချေ။ လူအားလုံး ဝိုင်း၍ လက်ညှိုးထိုးလာကြတော့သည်။ ထိုဆိုးညစ်သော စီးပွားရေးသမားများသည် သူအသက်ကိုရင်း၍ အမြတ်ထုတ်နေကြသည်။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)