နေအိမ်အထိ မီးကူးဆက်ခြင်း (၁)
Vol. 46 Ch. 684
တရုတ်နိုင်ငံတွင် ဒီရေပမာ ပြောင်းလဲသွားပြီး လူတိုင်းသည် ဆိုနီ၊ တိုရှီဘာနှင့် အခြားကုမ္၌ဏီ (၂)ခုကို အပြစ်တင် လာကြသည်။ တစ်ချိန်တည်းမှာပင် ဖူကွမ်းကျန့်နှင့် လီကျယ်ခိုင်တို့သည် ဟောင်ကောင်သို့ ပြန်သွားကြသည်။
လီကျယ်ခိုင်သည် သူ့ဖခင်နှင့် စကားပြောနေပြီး ထိုကုမ္ပဏီများကို ဖိအားပေးရန် မျှော်လင့် နေသည်။
လက်ရှိတွင် ပင်မကုန်စည်ပို့ဆောင်ရေးမှာ ပင်လယ်ပြင်ဖြစ်ပြီး မဟာလူသားလီသည် ဆိပ်ကမ်းများ ဘုရင်ဖြစ်ပေသည်။ ဤသည်မှာ မဟာလူသားလီသည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်ရသည့် အကြောင်းအရင်းပင်။ ဩဇာလွှမ်းမိုးမှုအရ သူ့ထက် ချမ်းသာသူ သူဌေးကြီးများထက်ပင် ပို၍ ဩဇာညောင်းပေသည်။
အဘယ့်ကြောင့်ဆိုသော် မဟာလူသားလီကို ရက်စက်သူအဖြစ် သတ်မှတ်နိုင်သောကြောင့် ဖြစ်သည်။ သင့်ကို ငွေရှာရန် လမ်းကြောင်း ပေးထားသော်လည်း သင်၏ သယ်သူပို့ဆောင်ရေးစရိတ် အဆများစွာ တိုးလာပေလိမ့်မည်။ ထို့ကြောင့် ကုမ္ပဏီ များစွာသည် မဟာလူသားလီကို စော်ကားချင်စိတ် မရှိကြချေ။
မဟာလူသားလီ၏ အထင်ရှားဆုံး ရင်းနှီးမြုပ်နှံမှုမှာ ဆိပ်ကမ်းများဖြစ်ပြီး ပိုင်ဆိုင်မှု၊ စွမ်းအင်၊ နည်းပညာ စသည်ဖြင့် ဆိပ်ကမ်းများကို စီမ်ခန့်ခွဲခြင်းသည် ပိုင်ဆိုင်မှုထက်ပို၍ အမြတ်အစွန်းများသည်ဟု ထင်မှတ်ထားသော်လည်း ဆိပ်ကမ်းများသည် မဟာလူသားလီ၏ အကြီးမားဆုံး ပိုင်ဆိုင်မှု ဖြစ်သည်။ အခြားနိုင်ငံများ၏ နိုင်ငံရေး လွှမ်းမိုးနိုင် ရန် သူ့ဆိပ်ကမ်းများကို အသုံးချနိုင်ပေသည်။
မဟာလူသားလီ ထုံးစံအတိုင်း ငြိမ်သက်နေပေသည်။ လက်ဖက်ရည်ခွက် ကောက်ကိုင်ကာ တစ်ငုံသောက်ပြီးနောက် လီကျယ်ကျီအား..
“မင်း ဘယ်လိုထင်လဲ..”
လီကျယ်ကျီ သူ့ဖိခင်နှင့် ညီဖြစ်သူအား ကြည့်၍ လေးလေးနက်နက်ဖြင့်..
“ကျနော်တော့ အဲ့ကုမ္ပဏီတွေကို နည်းနည်းတော့ သတိပေးသင့်တယ် ထင်တယ်.. ကျုပ်တို့ မိသားစုက ထိုင်ဟွာကုန်တိုက် လုပ်ငန်းစုမှာ ရှယ်ယာတွေ ပါထားတဲ့အပြင်.. ညီလေးကလဲ ဥက္ကဋ္ဌ ဆိုတာ ဂျပန်ကုမ္ပဏီတွေ သိပြီးသားပဲ.. အခုလို တောင်းဆိုချက်တွေ ထုတ်ဖော်လာတယ်ဆိုတာ ကျုပ်တို့ကို လေးစာမှုမရှိကြောင်း ပြတာပဲ..
ဂျပန်က သူတို့ထုတ်ကုန်တွေကို အနောက်ဘက် ဒါမှမဟုတ် အာရှရဲ့ ကျန်ဒေသတွေကို ပို့ချင်တယ်ဆိုရင် အဆင်ပြေဆုံးနဲ့ ချွေတာနိုင်ဆုံး သယ်ယူပို့ဆောင်ရေး လမ်းကြောင်းက ပင်လယ်ရေကြောင်း ပို့ဆောင်ရေးပဲ.. အဲ့ ဂျပန်ကုမ္ပဏီတွေ ဆိပ်ကမ်းတွေမှာ ပြောစရာ ရှိချင်ရှိလိမ့်မယ်.. သူတို့ကြောင့်မဟုတ်ရင် ဆိပ်ကမ်းတွေ ဝယ်တဲ့နေရာမှာ ငွေကုန်ခံစရာမှ မလိုတာ.. အခုအချိန်က သူတို့ကို သင်ခန်းစာ တစ်ခု သင်ပေးရတော့မယ့် အချိန်ပဲ.. ကျုပ်တို့ လီမိသားစုကို စော်ကားလာတဲ့ အကျိုးဆက်တွေ သူတို့သိအောင် ပြောပေးရမျာပေါ့..
ပြီးတော့ တရုတ်အစိုးရအနေနဲ့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဘာမှမလုပ်ဘဲ နေလိမ့်မယ်ထင်တယ်.. ကျုပ်တို့မိသားစုက ထိုင်ဟွာကုန်တိုက်မှာ ရှယ်ယာရှိနေတော့ တရုတ်အစိုးရက ကျုပ်တို့ကုမ္ပဏီကို တော်တော်လေး အာရုံစိုက် ထားတယ်.. အဲ့ကုမ္ပဏီတွေကို သတိပေးလိုက်ရင် တရုတ်အစိုးရရဲ့ ရည်ရွယ်ချက်နဲ့လဲ တူသွားလောက်မယ်.. တရုတ်အစိုးရက ကျုပ်တို့ပေါ် အထင်ကြီးမှုလဲ မြှင့်တင်နိုင်တာပေါ့… ဒါ အကျိုးရှိလိမ့်မယ်..”
မဟာလူသားလီ ခေါင်းညိတ်လိုက်သည်။
“တရုတ်အစိုးရလဲ ဘေးထွက်နေမှာတော့ မဟုတ်ဘူး.. ငါတို့ကို သေချာပေါက် ထောက်ခံလိမ့်မယ်.. အဲ့လူ အနီးကပ် ရှိနေတယ်ဆိုတာ မမေ့နဲ့.. တရုတ်နိုင်ငံက စွမ်းအား မြင့်တက်လာတယ်ဆိုတာ ဘယ်နိုင်ငံမှ လျစ်လျူရှုလို့ မရဘူး.. ဘယ်နိုင်ငံနဲ့ ရင်ဆိုင်ရပါစေ တရုတ်အစိုးရအနေနဲ့ ပြတ်ပြတ်သားသား ရပ်တည်သွားလိမ့်မယ်.. ဒီအဖြစ်အပျက်က စီးပွားရေး အငြင်းမွားမှုကနေ နိုင်ငံတကာ အဆင့်အထိ ကြီးထွားလာတာ.. အဲ့လူ ဂျပန်ကို ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူး..”
လိကျယ်ခိုင် မျက်လုံးများ တောက်ပလာကာ..
“အဖေ.. သဘောတူပြီလား..”
“ဟုတ်တယ်.. ငါ ဘာလို့ သဘောမတူရမှာလဲ.. ထိုင်ဟွာကုန်တိုက်မှာလဲ ရှယ်ယာတွေပါတယ်.. ကျန်တဲ့ကောင် တွေကို နမူနာပြတယ်ဆိုတာ ရှေးကတည်းက နည်းဗျူဟာ တစ်ခုပဲလေ.. တခြားလူတွေကို ငါတို့ရဲ့ စည်းမျဉ်းတွေ လိုက်နာခိုင်းပြီး သူတို့ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေ လိုက်နာစရာမလိုဘူး.. အခု အဲ့ကုမ္ပဏီနည်းနည်းလေးက ငါ့လွှမ်းမိုးမှုတွေ ပြသဖို့ အခွင့်အရေး ပေးနေပြီလေ.. ကျယ်ကျီ အခုပဲ ဖုန်းဆက်လိုက်.. အဲ့ကုမ္ပဏီတွေရဲ့ သင်္ဘောတွေ ဆိုက်ကပ်ခြင်းကို တားမြစ်ဖို့ ငါတို့ဆိပ်ကမ်းအားလုံးကို အကြောင်းကြားလိုက်.. အဲ့ကုမ္ပဏီတွေ ငါတို့ ဆိပ်ကမ်တွေမှာ သူတို့ ကုန်စည်တွေ သယ်ခွင့် မပေးနဲ့.. အဲ့ကုမ္၌ဏီတွေ အကြောင်းပြချက် တောင်းရင် သူတို့အတွက် အကြောင်းပြချက် မရှိဘူးလို့ပဲ ပြောလိုက်..”
မဟာလူသားလီသည် သာမန်အားဖြင့် ကြင်နာပုံပေါ်ပေသည်။ သို့ရာတွင် ယခုအချိန်မျိုးတွင် သူ့ကိုယ်သူပင် ကြောက်ရပေသည ်။
“အို့.. ဖုန်းယွီက အဲ့ကုမ္ပဏီတွေရဲ့ ရှယ်ယာဈေးနှုန်းတွေကို ဖိနှိပ်ပြီး အမြတ်အစွန်းရအောင် အခွင့်အရေး အသုံးချဖို့ ဖူမိသားစုကို ပြောလိုက်တယ်.. ကျုပ်တို့ သူတို့နဲ့ လက်တွဲမလား..”
လီကျယ်ခိုင် မေးလိုက်သည်။
“ရှယ်ယာဈေးနှုန်းတွေကို နှောက်ယှက်စရာ မလိုပါဘူး.. ငါတို့က ဖူရုံချီနဲ့ ကွဲတယ်.. သူ့ကုမ္ပဏီက ငွေကြေး ဈေးကွက်နဲ့ ပတ်သက်ပြီး အတွေ့အကြုံ အများကြီးရှိတယ်.. အဲ့လိုလုပ်ဖို့ကလဲ အန္တရာယ် အရမ်းများပြီး ဒုက္ခရောက်ဖို့က အလွယ်လေးရယ်.. ဖြစ်နိုင်ရင် ဝေးဝေးသာနေ.. အကူအညီ တောင်းလာရင်တော့ ငါတို့ ဝင်ပါကြ တာပေါ့..”
********
“ဦးလေး ဖုန်းယွီ ခင်ဗျားကို မှာလိုက်တယ်.. သူက အဲ့ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေကို ဖိနှိပ်ပြီး ငွေရှာဖို့ နဲ့ သူတို့ ရှယ်ယာတွေ ရအောင်ယူဖို့ အခွင့်အရေး လိုချင်နေတယ်.. အခု အချိန် တန်ပြီလို့ ပြောခိုင်းလိုက်တယ်..”
“ငါသိတယ်.. ဒီတစ်ခါ ငါကိုယ်တိုင် ကိုင်တွယ်လိုက်မယ်.. ကွမ်းကျန့် ဒီအဖြစ်အပျက်ကနေ ငါတို့ အနိုင်ရဖို့ အခွင့် အလမ်းက ဘာလဲ..”
ဖူရုံချီ ပြန်မေးလိုက်သည်။
“ကျုပ်တို့ဘက်မှာ အနိုင်ရဖို့ (၉၅)ရာခိုင်နှုန်းကျော် အခွင့်အရေးရှိတယ် ထင်တယ်..”
“အို့.. မင်းဘာလို့ အဲ့လိုထင်တာလဲ.. အဲ့ကုမ္ပဏီတွေက ဘီလီယံ တော်တော်များများ တန်ကြေးရှိတယ်.. ဒီကောင်တွေ အားလုံးက နိုင်ငံတကာ လုပ်ငန်းစုတွေ.. ဒီကောင်တွေ သူတို့ အားသာချက်တွေကို ပေါင်းပြီး ဂျပန်အစိုးရရဲ့ ကျောထောက် နောက်ခံလဲရှိတယ်.. မင်းတို့တွေ နိုင်မယ်ဆိုတာ သေချာလား..”
“တရုတ်အစိုးရရဲ့ ကူညီမျုတွေလဲ ရှိတယ်.. ဖုန်းယွီ အထက်အရာရှိတွေဆီက အကူအညီရထားပြီးသား.. ပြီးတော့ တရုတ်အစိုးရအနေနဲ့ ကျုပ်တို့ကို ကူညီပေးရင် တော်တော် အကျိုးရှိမှာ.. ဂျပန်စီးပွားရေးက တရုတ်နိုင်ငံထက် အားကောင်းနေပေမယ့် တရုတ်ဈေးကွက်ရဲ့ အလားအလာကို လူတိုင်းသိတယ်.. နိုင်ငံ တော်တော် များများက တရုတ်နဲ့ ကုန်သွယ်ချင်နေကြတော့ တရုတ်အစိုးရက ဂျပန်နဲ့ ရင်ဆိုင်ဖို့ ပိုပြီး ယုံကြည်မျု ရှိလာတယ်.. ပြီးတော့ ဖုန်းယွီက ဂျပန်မှာ စိတ်ဝင်စားစရာ တစ်ခု ဖြစ်လာလိမ့်မယ်တဲ့.. အဲ့ကောင်မှာ ဝှက်ဖဲတွေ ရှိသေးတယ်ထင်တယ်..”
“သူ့အစီအစဉ်က ဘာမှန်းတောင်း မသိသေးဘဲ မင်းတို့ အောင်မြင်မယ်ဆိုပြီး မင်းယုံနေတယ်ပေါ့..”
ဖူကွမ်းကျန့် အပြုံးသဲ့သဲ့ ပြုံးရင်းဖြင့်..
“ကျုပ် ယုံကြည်မှုကို သက်သေပြနိုင်တဲ့ နောက်ထပ် တစ်ချက်ရှိသေးတယ်.. ဖုန်းယွီက အဲ့ကုမ္ပဏီတွေရဲ့ ရှယ်ယာ ဈေးနှုန်းတွေ ဖိနှိပ်ဖို့ ဦးလေးကူညီမယ်ဆိုတာ သေချာတယ်တဲ့..”
“ဟား… ဟား….”
**********
“ဥက္ကဋ္ဌ ကြီး .. ဒါ ဒီနေ့ သတင်းစာပါ..”
နိုရီရိုအိုဂါ၏ လက်ထောက်သည် သတင်းစာတစ်စောင် လာပေစကာ ပြောစရာ ရှိနေပုံဖြင့် ခေတ္တရပ် ရပ်နေပေသည်.
“ဘာပြောစရာရှိလဲ..”
“ဥက္ကဋ္ဌ ကြီး သတင်းစာ အရင်ဖတ်လိုက်ပါအုံး..”
သတင်းစာလော။ ယနေ့ အရေးကြီး သတင်းတစ်ခု ရှိနေသည်လော။ မိမိတို့၏ ဂိမ်းစက် ရောင်းချခြင်း အစီရင်ခံစာ ပါနေသည်လော။ နစ်တန်ဒိုသည် မိမိတို့နှင့် ပြိုင်ရန် ဂိမ်းစက်အသစ် မိတ်ဆက်နေသည်လော။
နိုရီရိုအိုဂါ ဖတ်ရန်ပြင်လိုက်သည်။ ခေါင်းစဉ်ကို မြင်သည့်အခါ မျက်နှာချက်ချင်း ပြောင်းသွားသည်။
တိုရှီဘာ၊ ဆိုနီနှင့် တရုတ်နိုင်ငံရှိ အခြားကုမ္ပဏီ အချို့၏ စက်ရုံများသည် လေထု ညစ်ညမ်းမှု ဆိုးရွားစေခဲ့သည်။ အလုပ်သမားများ၏ ကျန်းမာရေးနှင့် ဘေးကင်းရေးကို လျစ်လျူရှုထားပြီး အလုပ်နှင့်ပတ်သက်သော ထိခိုက်ဒဏ်ရာ ရှိသူ အများအပြားကိုလည်း လျစ်လျူရှုထားပေသည်။
တရုတ်အစိုးရသည် ထိုဖြစ်ရပ်များနှင့် ပတ်သက်၍ စိုးရိမ်နေပြီး ထိုကုမ္ပဏီများအပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် လိုလားနေကြသည်။ ဂျပန်ကုမ္ပဏီများသည် ဂျပန် ဂုဏ်သိက္ခာ ထိခိုက်စေပြီး ဂျပန်နိုင်ငံ၏ ဂုဏ်သိက္ခာ ထိခိုက်စေခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် ဂျပန်နိုင်ငံ၏ စီးပွားရေးလည်း ထိခိုက်ပေလိမ့်မည်။
ဤသည်က မည်သည့်အဓိပ္ပါယ်နည်း။ ဆိုနီသည် တရုတ်နိုင်ငံတွင် မည်သည့် စက်ရုံမှ မရှိချေ။ သို့ရာတွင် ဆိုနီနှင့် တိုရှိဘာ ပူးပေါင်းပြီးနောက် တရုတ်နိုင်ငံရှိ တိုရှီဘာစက်ရုံများသည် ဆိုနီ၏ ထုတ်ကုန်များ ထုတ်လုပ်ရန် ကူညီပေးခဲ့သည်။
သို့ရာတွင် တိုရှီဘာ စက်ရုံများကြောင့် ဖြစ်ရသည့် ညစ်ညမ်းမှု၊ အလုပ်နှင့်ပတ်သက်၍ ထိခိုက်ဒဏ်ရာ ရမှုများသည် ဆိုနီနှင့် မည်သို့ ပတ်သက်နေသနည်း။ သတင်းတွင် ဆိုနီကို မည်သည့်အတွက် ဖော်ပြထားသနည်း။
ထို့အပြင် ထိုကိစ္စသည် ခေါင်းကြီးပိုင်းအထိ ရောက်သွားပေသည်။ မိမိ မည်သည့်အတွက် သတိမထားမိသနည်း။ ယခု ဂျပန်သတင်းစာတွင် ဖော်ပြပြီးသား ဖြစ်သွားသည့်အတွက် ဆိုနီ၏ အမှတ်တံဆိပ် ပုံရိပ်အတွက် လုံးဝ မကောင်းချေ။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)