← Chapters

နေအိမ်အထိ မီးကူးဆက်ခြင်း (၂)

Vol. 46 Ch. 685

နေအိမ်အထိ မီးကူးဆက်ခြင်း (၂)

Vol. 46 Ch. 685

ပန်နက်စိုးနစ် ဥက္ကဋ္ဌသည် အလုပ်သို့ ရောက်လာကာ သူ့လက်ထောက်အား…

“ငါတို့ ထိန်းချုပ်ထားတဲ့ သတင်းစာ ရှိလား.. ဆိုနီ.. တိုရှီဘာနဲ့ တရုတ်နိုင်ငံက ကုမ္ပဏီတွေ ရုတ်ရုတ်သဲသဲ ဖြစ်ရတဲ့ အကြောင်းအရင်းကိုရော သတင်းပို့ထားလား..”

“ပို့ထားပါတယ်.. စာရွက်စာတမ်းတွေနဲ့ တခြား သတင်းစာ တော်တော်များများမှာလဲ အဲ့ကိစ္စ ဖော်ပြထားတယ်.. ပြီးတော့ မနေ့က CCTV ရဲ့ နာမည်ကြီး သတင်းအစီအစဉ် အခန်းဆက်ကိုလဲ နေ့လည်ပိုင်း သတင်းအနေနဲ့ ထုတ်လွှင့်ဖို့ စီစဉ်ထားတယ်.. အခန်းဆက်က တိုရှီဘာ.. ဆိုနီနဲ့ တခြားကုမ္ပဏီတွေရဲ့ အပျက်သဘောဆောင်တဲ့ သတင်းအကုန် ချပြထားတယ်..”

ပန်နက်စိုးနစ် နှင့် ဆိုနီတို့သည် ပြိုင်ဘက်များ ဖြစ်ကြပြီး ပန်နက်စိုးနစ်သည် တစ်ချိန်က ထိုကုမ္ပဏီများထက် သာလွန်ခဲ့ပေသည်။ ယခုမူ ကုမ္ပဏီ (၄)ခုစလုံးသည် ပန်နက်စိုးနစ်ထက် ပိုကောင်းနေပေသည်။ ယခု ထိုကုမ္ပဏီများ ဒုက္ခရောက်နေပေပြီ။ ဤသည်က ပန်နက်စိုးနစ်အတွက် အလွန်ကောင်းမွန်သည့် အခွင့်အရေး တစ်ခုပင်။

ထိုကုမ္ပဏီ (၄)ခု နောက်ကွယ်မှ နိုင်ငံရေးသမားသည် ၎င်းတို့အား အထူးကုသမှု မရပါက ဤကုမ္ပဏီ (၄)ခုသည် မည်ကဲ့သို့ လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက်လာနိုင်မည်နည်း။

ထိုအဖြစ်အပျက်မှာ ပေါက်ကွဲသွားသည်။ ထိုကုမ္ပဏီ (၄)ခု၏ ရှယ်ယာများ ကျဆင်းရုံသာမက ၎င်းတို့ကို ကျောထောက်နောက်ခံ ပြုထားသော နိုင်ငံရေးသမားများလည်း ပါဝင်မည် ဖြစ်သည်။ ဤသည်မှာ ပန်နက်စိုးနစ် ထိပ်တန်းသို့ တဖန်ပြန်ရောက်လာပါက ဆိုနီ၊ တိုရှီဘာ နှင့် အခြားကုမ္ပဏီများကို ကျော်ဖြတ်ရန် အခွင့်အရေး ဖြစ်ပေသည်။

ထို့ကြောင့် အိုက်ဝါ၏ ကိုယ်စားလှယ် ဟီတာရို နာကာဂျီမာသည် ဖုန်းယွီကိုယ်စား ပန်နက်စိုးနစ် ဥက္ကဋ္ဌထံ ဆက်သွယ်ကာ ဆိုနီ၊ တိုရှီဘာနှင့် ကျန်ကုမ္ပဏီ (၂)ခုကို မီဒီယာမှတဆင့် ပစ်မှတ်ထားစေချင်ကြောင်း စနည်းနာ ခိုင်းလိုက်သည်။

အိုက်ဝါမှလည်း မူပိုင်ခွင့်ကို ခွင့်ပြုပေးမည်ဟုဆိုကာ ချက်ချင်း သဘောတူလိုက်ကြသည်။

ဆိုနီ၊ တိုရှီဘာ နှင့် ကျန်ကုမ္ပဏီ (၂)ခုကို ပြဿနာ တက်စေရုံဖြင့် ပန်နက်စိုးနစ်ဘက်မှ သဘောတူရန် လုံလောက် နေပေပြီ။ ပန်နက်စိုးနစ်မှလည်း ထိုကုမ္ပဏီများသည် အလွန်များနေပြီဟု ခံစားနေရသည်။

ထိုကုမ္ပဏီများသည် တရုတ်နိုင်ငံ၏ အရင်းအမြစ်များကို ရယူယုံဖြစ်ပါက လက်ခံနိုင်သေးသည်။ သို့ရာတွင် ပတ်ဝန်းကျင်ကို ညစ်ညမ်းစေပြီး ထိခိုက်ဒဏ်ရာရ အလုပ်သမားများကို လျစ်လျူရှုသည်က လွန်လွန်းပေသည်။ ဂျပန်များအားလုံး အရှက်ကွဲကြရတော့သည်။ ထိုစက်ရုံများသည် သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ထုတ်ကုန်များ ထုတ်လုပ်ခြင်းဖြင့် ငွေရှာနိုင်ပေသည်။ ၎င်းတို့သည် မည်သည့်အတွက် သဘာဝ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသနည်း။ ပတ်ဝန်းကျင်ကို ဖျက်စီးမိလျှင်ပင် အခြားသူများကို မသိစေသင့်ပေ။ ဖမ်းမိလျှင်ပင် ဒေသအာဏာပိုင်များမှ ၎င်းတို့ကို ခွင့်ပြုချက်ပေးခြင်း သို့တည်းမဟုတ် အခြားနိုင်ငံများ၏ စက်ရုံများမှလည်း အလားတူ အကြောင်းပြချက်ကောင်းများ ရှာရပေလိမ့်မည်။

တရုတ်နိုင်ငံရှိ အခြားနိုင်ငံများ၏ စက်ရုံများသည် လေထုညစ်ညမ်းမှုကို ပြင်းထန်စွာ သက်ရောက်မှု မဖြစ်စေသင့်ချေ။ ၎င်းတို့ကြောင့် ပျက်စီးသွားသည့် ပမာဏမှာ ဤမျှ မပြင်းထန်သင့်ချေ။

အမှန်တကယ်တွင် တိုရှီဘာနှင့် အခြားစက်ရုံများသည် ဤကိစ္စကို သေချာဖုံးဖိထားကြပေသည်။ ၎င်းတို့သည် ဒေသ အာဏာပိုင်များကိုသာ ဂရုစိုက်ပေသည်။ ယခုမူ ၎င်းတို့သည် ဖော်ထုတ်ခံလိုက်ရပြီး အထူးပစ်မှတ်များ ဖြစ်လာပေပြီ။

ဟီတာရို နာကာဂျီမာသည် ပန်နက်စိုးနစ်နှင့် ဆက်သွယ်ယုံသာမက ဂျပန်နိုင်ငံရှိ အဖွဲ့အစည်းကြီးများနှင့်လည်း ဆက်သွယ်ခဲ့သည်။ ထိုကုမ္ပဏီများသည် DVD အစည်းအရုံး အဖွဲ့ဝင်များ ဖြစ်သည်။ ဤအဖြစ်အပျက်နှင့် ပတ်သက်၍ မီဒီယာများအား ၎င်းတို့ထိန်းချုပ်မှုအောက်တွင် ဖြန့်ဝေကာ သူတို့အတွက် အကျိုးအမြတ်အချို့ဖြင့် ကတိပေး ကမ်းလှမ်းခဲ့သည်။

ထိုကုမ္ပဏီများသည် အကျိုးအမြတ်အနည်းငယ် ရရှိပြီးသည်နှင့် တပြိုင်နက် ၎င်းတို့သည် ပြိုင်ဘက်များကို ဖိနှိပ်ကာ ကွာခြားချက် ချဲ့ထွင်နိုင်ပေလိမ့်မည်။ DVD မဟာမိတ် အဖွဲ့နှင့် DVD အစည်းအရုံးတို့သည် စက်မှုလုပ်ငန်း စံနှုန်းများ အတွက် ပြိုင်ဆိုင်နေကြဆဲပင်။ အကယ်၍ ထိုကုမ္၌ဏီ (၄)ခု၏ ဂုဏ်သိက္ခာ ထိခိုက်သွားပါက ၎င်းတို့၏ တိုးတက်မှု နှောင့်နှေးသွားပေတော့မည်။

အမြတ်အစွန်း။ ထိုကုမ္ပဏီများသည် အမြတ်အစွန်းများ လိုချင်နေပေသည်။ ကုန်အမှတ်တံဆိပ် သို့တည်းမဟုတ် ကုမ္ပဏီ၏ ဂုဏ်သတင်းများသည် ဖုန်းဘွီကို ကူညီရန် ၎င်းတို့အတွက် အသေးအဖွဲ့မျှသာ ဖြစ်ပေသည်။ ၎င်းတို့၏ အဓိက ရည်မှန်းချက်မှာ ဆိုနီ၊ တိုရှီဘာနှင့် ကျန်ကုမ္ပဏီ (၂)ခုကို ပြဿနာတက်စေခြင်းမှ ရရှိမည့် အကျိုးအမြတ်များ ဖြစ်ပေသည်။

ကုမ္ပဏီ အားလုံးသည် DVD နည်းပညာများအတွက် ခွင့်ပြုချက် ရယူလိုကြသည်။ DVD ၏ အလားအလာ ကောင်းကာ အားလုံး အမြတ်အစွန်း ရချင်ကြသည်။

မုန့်မှာ ကြီးနေသော်လည်း ခွဲဝေရမည့်သူ နည်းပါက ပမာဏကြီးကြီး ရကြပေလိမ့်မည်။

သို့အတွက် ထိုကုမ္ပဏီများအားလုံး ပူးပေါင်းပါဝင်ချင်ကြပြီး ဆိုနီ၊ တိုရှီဘာနှင့် ကျန်ကုမ္ပဏီ (၂)ခုအပေါ် အမုန်းမိုး ရွာသွန်းကြတော့သည်။ တစ်ချိန်တည်းမှာပင် ကုမ္ပဏီများသည် ၎င်းတို့၏ အမှတ်တံဆိပ်ပုံရိပ်ကို မြှင့်တင် နိုင်ကြသည်။ ဤသည်မှာ ၎င်းတို့အတွက် အခွင့်ကောင်းဖြစ်ပြီး ထိုအခွင့်အရေးကို မည်သို့ လက်လွှတ်ခံမည်နည်း။

**********

“တိုရှီဘာနဲ့ တရုတ်နိုင်ငံက ကုမ္ပဏီတစ်ချို့ကြောင့် ဖြစ်လာတဲ့ လေထုညစ်ညမ်းမှုနှင့် ပတ်သက်၍ ပန်နက်စိုးနစ်မှ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်.. နိုင်ငံရပ်ခြားတွင်တွင် မည်သည့် ကုမ္ပဏီမှ ထိုသို့ မလုပ်သင့်ကြောင်း… တိုရှီဘာ.. ဆိုနီနှင့် ကျန်ကုမ္ပဏီ (၂)ခုတို့ဟာ တရုတ်နိုင်ငံမှာ ၎င်းတို့ လုပ်ရပ်ကြောင့် ဂျပန်နိုင်ငံအတွက် အရှက်ရ စေကြောင်း… ချက်ချင်း တောင်းပန်သင့်ပြီး ၎င်းတို့ ငြင်းဆိုနေတဲ့ လုပ်ရပ်တွေ ရပ်သင့်ကြောင်း ပါရှိပါတယ်..

အိုက်ဝါ ဥက္ကဋ္ဌ ဟီတာရို နာကာဂျီမာသည် အိုက်ဝါ၏ လမ်းလျှောက် သီချင်းဖွင့်စက်ဖြင့် ဆိုနီကို အနိုင်ယူနိုင် ခဲ့ပြီး… အိုက်ဝါ၏ CD စက်များသည်လည်း လိုက်လျောညီထွေ ဖြစ်စေပါတယ်.. အိုက်ဝါ ထုတ်ကုန်များသည် ကောင်းမွန် ခြင်းကြောင့်သာမက အမှတ်တံဆိပ် ပုံရိပ်သည်လည်း ဆိုနီထက် ပိုကောင်းကာ ဝန်ထမ်းတိုင်းကို မိသားစုကြီးတစ်ခု ပမာ ဆက်ဆံထားခြင်းကြောင့် ဖြစ်ကြောင်း…

တိုရှီဘာနှင့် ကျန်ကုမ္ပဏီတွေရဲ့ ပတ်ဝန်းကျင် ညစ်ညမ်းစေတဲ့ သတင်းတွေကို အခြား ဥရောပနဲ့ အမေရိကန် မီဒီယာ များကပင် ဖော်ပြခဲ့ပြီးနောက်ပိုင်း သတင်းထောက် အများအပြားကို အဖြစ်အပျက်မှာ ပါဝင်တဲ့ ကုမ္ပဏီတွေကို ဆက်သွယ်ဖို့ စေလွှတ်ခဲ့တာ ကျုပ်တို့ တွေ့မြင်နေရပါတယ်.. ဒါပေမယ့် တိုရှီဘာ ဥက္ကဋ္ဌနဲ့ ကျန်ကုမ္ပဏီတွေနဲ့ အခုထိ တွေ့ခွင့်မရသေးပါဘူး…

သူတို့ရဲ့ အပြစ်တွေကို ဖုံးကွယ်ဖို့ နှုတ်ဆိတ်နေတာများလား… တရုတ်နိုင်ငံရဲ့ မီဒီယာတွေမှာ ဖော်ပြထားတဲ့ သတင်းကို ပြန်လည် ဖြေရှင်းဖို့အတွက် ပါဝင်တဲ့ ကုမ္ပဏီတွေဘက်က တစ်စုံတစ်ရာ ထွက်ပေါ်လာခြင်း မရှိပါဘူး.. ဓါတ်ပုံ နဲ့ ဗွီဒီယိုတွေကနေ အဲ့ကုမ္ပဏီတွေရဲ့ အမှတ်တံဆိပ်တွေကို ကျုပ်တို့ ထင်ထင်ရှားရှား တွေ့မြင် နေရပါတယ်..”

***********

နေ့လည်ဘက်တွင် ထိုအဖြစ်အပျက်အား ဂျပန် မီဒီယာများတွင် ဖော်ပြခဲ့သည်။ ဤအဖြစ်အပျက်မှာ နိုင်ငံရေးသမား အချို့၏ သတင်းကိုပင် လွှမ်းမိုးသွားတော့သည်။

ထိုအဖြစ်အပျက်သည် ပန်နက်စိုးနစ်နှင့် အခြားသော ကုမ္ပဏီများ အယူအဆ ကွဲလွဲမှုဖြစ်သည်။ ဖူရုံချီသည် မီးလောင်ရာ လေပင့်လုပ်ရန် သူ့အဆက်မသွယ်များများ သုံးခဲ့ပေသည်။ ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာ ဈေးနှုန်း များကို ဖိနှိပ်ရန် အရိုးရှင်းဆုံးနည်းလမ်းမှာ ကုမ္ပဏီအား ယုံကြည်မှုဆုံးရှုံးစေကာ အစုရှယ်ယာရှင်းများသည် ၎င်းတို့ကိုင်ထားသည့် အစုရှယ်ယာများ စွန့်လွှတ်ခြင်းဖြင့် ရှယ်ယာဈေးများ ထိုးကျသွားပေလိမ့်မည်။

ဖူမိသားစုသည် ဒေသများစွာ၌ ဖြန့်ဖြူးရေးလမ်းကြောင်း များစွာရှိပေသည်။ ၎င်းတို့၏ ထုတ်ကုန်များကို မကြာခဏ ကြော်ငြာပေးရသည့်အတွက် ထိုဒေသရှိ မီဒီယာများနှင့် ဆက်ဆံရေးကောင်းများ ရှိပေသည်။ ငွေအနည်းငယ်ဖြင့် ထိုအဖြစ်အပျက်ကို မီဒီယာများတွင် သတင်းတင်ရန် လွယ်ကူလွန်းလှပေသည်။

ထိုသတင်းအား လူအများ သတိထားမိလာသည့်အခါ ကျန်မီဒီယာများသည်လည်း အခမဲ့ သတင်းတင်ကြပေလိမ့် မည်။ အဘယ့်ကြောင့်နည်း ဟူမူ ထိုသတင်းသည် မိမိစာဖတ်သူများကို ဆွဲဆောင်နိုင်ပြီး မီဒီယာအတွက် အမြတ်အစွန်းများ ယူဆောင်လာနိုင်ခြင်းကြောင့်ပင်။

ထို့အပြင် နိုင်ငံတော်တော် များများသည်လည်း ဂျပန်နိုင်ငံအား မုန်းတီးနေကြပေသည်။ အဓိက အကြောင်းအရင်း မှာ ဂျပန်များသည် မာနကြီးကာ ဂျပန်ကုမ္ပဏီများ၏ လောဘကြီးလွန်းခြင်းကြောင့် ဖြစ်သည်။ ဤသည်မှာ ဂျပန် ကုမ္ပဏီများကို အသရေဖျက်ရန်နှင့် ဂျပန်ပုံရိပ်ကိုပင် ညှိုးနွမ်းစေမည့် အခွင့်အရေးကြီး ဖြစ်ပေသည်။ ထိုအခွင့်အရေး ကို မည်သို့ လက်လွတ်ခံကြမည်နည်း။

ညနေပိုင်းတွင် ဂျပန်ကို ထိတ်လန့်စေမည့် နောက်ထပ် သတင်းတစ်ခု ထွက်ပေါ်လာသည်။

ဆိပ်ကမ်းများ၏ဘုရင် မဟာလူသားလီသည် သူပိုင်ဆိပ်ကမ်းများ၌ တိုရှီဘာ၊ ဆိုနီနှင့် ကျန်ကုမ္ပဏီ (၂)ခုတို့ကို စီးပွားရေး လက်တွဲလုပ်ဆောင်မည် မဟုတ်ကြောင်း ကြေညာခဲ့သည်။ အကြောင်းပြချက်မူကား လူတိုင်းသိထားပြီး ဖြစ်လောက်ပြီဟု ပါရှိပေသည်။

ထိုကဲ့သို့ ‘လူတိုင်းသိထားပြီး’ ဆိုသည်မှာ မဟာလူသားလီပေးသည့် အကြောင်းပြချက်ဖြစ်သည်။ ထိုစကား၏ နောက်ကွယ်မှ အဓိပ္ပါယ်အစစ်အမှန်မှာ မည်သို့နည်း။ လူအများ မှန်းဆသော်လည်း အဓိက အကြောင်း အရင်းမှာ ဟောင်ကောင်ကို တရုတ်နိုင်ငံနှင့် ပြန်လည် ပေါင်းစည်းရေးဟု လူတိုင်းယုံကြည်ထားပြီး မဟာလူသားလီသည် တရုတ်အစိုးရနှင့် ပေါင်းစည်းနိုင်ရန် ဤအခွင့်အရေးကို ရယူလိုခြင်း ဖြစ်ပေသည်။

သို့ရာတွင် ထိုထုတ်ပြန်ချက်သည် မဟာလူသားလီအနေဖြင့် မည်သည်ကို ဆိုလိုသည်ဖြစ်စေ၊ ထိုသတင်း ထွက်လာပြီးနောက် ဆိုနီ၊ တိုရှီဘာနှင့် ကျန်ကုမ္ပဏီ(၂)ခု၏ ရှယ်ယာဈေးများ ထိုးချကျသွားတော့သည်။ ထိုကုမ္ပဏီများ၏ သယ်ယူပို့ဆောင်ရေး စရိတ်များ မြင့်တက်လာကာ ကြီးမားကျယ်ပြန့်သော တရုတ်ဈေးကွက်ကို ဆုံးရှုံးရလိမ့်မည်၏ ရှယ်ယာရှင်းအားလုံး ခံစားခဲ့ကြသည်။ ထို့အပြင် တရုတ်နိုင်ငံရှိ စက်ရုံများကို ပိတ်ပစ်လိမ့်မည် ဖြစ်ကာ ထိုကုမ္ပဏီများ၏ ထုတ်လုပ်မှု စွမ်းရည်ကို ထိခိုက်မည် ဖြစ်ပြီး ထုတ်လုပ်မှု ကုန်ကျစရိတ်မှာလည်း ပိုမို မြင့်တက်လာပေလိမ့်မည်။ ထို့ကြောင့် ကုမ္ပဏီများသည် အမြတ်အစွန်းများ လျော့ကျစေကာ ၎င်းတို့သည် အနီရောင် အမှတ်သို့ပင် ရောက်သွားနိုင်ပေသည်။

ထိုအခြေအနေမျိုးတွင် မည်သူသည် ထိုကုမ္ပဏီများ၏ ရှယ်ယာများ ဆက်လက်ကိုင်ထားချင်မည်နည်း။

********

“ဝုန်း…..”

နိုရီရို အိုဂါ ဘောပင်ကိုင်ရင်းဖြင့်ပင် စားပွဲခုံအား ထုပစ်လိုက်တော့သည်။ မည်သည့် ပုံစံ ဖြစ်သွားသနည်း။

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters