သံလက်သီကျူး၏ သဘောထား
Vol. 46 Ch. 688
“ဒေါက်.. ဒေါက်.. ဒေါက်..”
ဒါရိုက်တာ ဖန်း တံခါးခေါက်ကာ ရုံးခန်းအတွင်း ဝင်သွားသည်။ သံလက်သီးကျူး ခေါင်းပင်မော့မကြည့်ဘဲ မေးလိုက်သည်..
“ဘာကိစ္စလဲ…”
“ဝန်ကြီးချုပ်… ဂျပန်ဝန်ကြီးချုပ်ရုံကနေ ဖိတ်စာပို့ထားပါတယ်.. သူတို့တွေ ခင်ဗျားကို ဂျပန်ကို လာလည်ဖို့ ဖိတ်ထားတာ..”
“မသွားဘူး.. ငါ အလုပ်ရှုတ်နေတယ်လို့သာ သူတို့ကို ပြန်ပြောလိုက်..”
“ဟုတ်ကဲ့.. သိပါပြီ..”
ဂျပန်ဝန်ကြီးချုပ် တိုမီချီ မူရာယာမာသည် သူ့ရုံးခန်းအတွင်း လမ်းလျှောက်နေပေသည်။ ဂျပန်တွင် နောက်ထပ် ဘဏ္ဍာရေး အကျပ်အတည်းနှင့် ရင်ဆိုင်ရတော့မည်လော။ ယခုအချိန်တွင် ယခင်အကျပ်အတည်းနှင့် မတူတော့ချေ။ ယခုတစ်ကြိမ် အကျပ်အတည်းသည် အပျက်သဘောဆောင်သည့် သတင်းအချို့ကြောင့် ဖြစ်ပေါ်လာပြီး ကမ္ဘာတစ်ဝှမ်းရှိ ဂျပန်ကုမ္ပဏီများအပေါ် ယုံကြည်မှု ကင်းမဲ့စေပေသည်။ ထိုအကျပ်အတည်းသည် ဂျပန်ကုမ္ပဏီ တော်တော်များများ ဒေဝါလီ ခံရနိုင်ပေသည်။
ဤအကျပ်အတည်း ပိုဆိုးမလာခင် ဖြေရှင်းရပေလိမ့်မည်။ မူလဇစ်မြစ်ကို ကောင်းစွာ ကိုင်တွယ်ရမည်။ တရုတ် အစိုးရ အနေဖြင့် အဖြစ်အပျက်အားလုံးကို နားလည်မှု လွှဲမှားကြောင်း တရားဝင်ထုတ်ပြန်နိုင်ပါက ပြဿနာ အများစု ဖြေရှင်းနိုင်ပေလိမ့်မည်။ သို့ရာတွင် တရုတ်အစိုးရသည် သဘောထား တင်းမာနေမည်မှာ သေချာပေသည်။ ဂျပန်သည် ယခုတစ်ကြိမ်တွင် ဆုံးရှုံးမှု ကြီးကြီးမားမား ကြုံတွေ့ရပေလိမ့်မည်။
သို့ရာတွင် တရုတ်အစိုးရသည် ၎င်းတို့၏ ဖိတ်ကြားချက်ကို ငြင်းဆန်မည်ဟု တိုမီချီ မူရာယာမာ ထင်မထားချေ။ တရုတ်သည် ယခုနှစ်အတွင်း ဂျပန်သို့ မသွားလိုသလော။ သူ၏ တရားဝင် ဖိတ်ကြားမှုကို မည်သည့်အတွက် ငြင်းပယ်ခဲ့သနည်း။
တိုမီချီ မူရာယာမာသည် သူ့လူများကို သံလက်သီးကျူးနှင့် ချက်ချင်း ဆက်သွယ်ခိုင်တော့သည်။ သံလက်သီး ကျူးနှင့် စကားပြောချင်နေပြီး တရုတ်မှ သံတမန်များကို ဂျပန်သို့ စေလွှတ်ရန် ဆန္ဒမရှိလျှင်ပင် သူ့အနေဖြင့် တရုတ်သို့ သွားရောက် လည်ပတ်နိုင်ပေသည်။
“မစ္စတာ ကျူး.. ဂျပန်နိုင်ငံကို လာလည်ဖို့ တရုတ်နိုင်ငံကိုယ်စားပြုအနေနဲ့ ဖိတ်ကြားပါတယ်.. နယ်ပယ်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်လို့ ရတာပေါ့.. စစ်ရေး ပူးပေါင်း ဆောင်ရွက်မှု ကိစ္စလဲ ပြောလို့ရပါတယ်..”
တိုမီချီ မူရာယာမာ သူ့ဘက်မှ ရိုးသားမှု အပြည့် ပြသထားပေသည်။ စစ်ဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု မပြုဘဲ တံခါးပိတ် ဆွေးနွေးမှု ပြုလုပ်မှသာ အမေရိကန် ဝင်ရောက်စွက်ဖက်မည် ဖြစ်သည်။
“တရုတ်က ကြားနေနိုင်ငံဆိုတော့ စစ်ပွဲတွေမှာ ဝင်ပါမှာ မဟုတ်ပါဘူး.. ဂျပန်နဲ့ စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်စရာလဲ မလိုပါဘူး.. ကျုပ်တို့ရဲ့ စီးပွားရေးလဲ ကောင်းနေတော့ ဂျပန်နဲ့ ပူးပေါင်းဖို့ မလိုသေးပါဘူး.. ခင်ဗျားတို့ ဂျပန်ကုမ္ပဏီတွေကို ကျုပ် စိတ်မဝင်စားဘူး..”
သံလက်သီးကျူး ပြတ်ပြတ်သားသားပင် ငြင်းပယ်လိုက်သည်။
ဤသည်က ပယ်ချခံရခြင်းပင်။ သံလက်သီးကျူးသည် ပူးပေါင်းဆောင်ရွက်မှုအတွက် ဂျပန်၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့သည်။ ဂျပန်၏ လေတပ်နှင့် ရေတပ်တွင် အဆင့်မြင့်လက်နက်များ တရုတ်ထက် ပိုရှိနေပေသည်။ တိုမီချီ မူရာယာမာသည် သံလက်သီးကျူး စိတ်ဝင်စားမည်ဟု ထင်ခဲ့ပေသည်။ သို့ရာတွင် သူ၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သည်။
အကြောင်းပြချက်မှာ ဟာသတစ်ခုသာပင်။ တရုတ်နိုင်ငံသည် အနောက်တောင်ပိုင်းဒေသ၌ စစ်ဖြစ်နေဆဲပင်။ တိုက်ပွဲငယ် အများအပြား ဖြစ်နေဆဲပင်။ ဤတိုက်ပွဲများကို စစ်ပွဲတွင်ပါဝင်သည်ဟု မယူဆနိုင်ဘူးလော။
“မစ္စတာကျူး.. ဂျပန်မှာ ကမ္ဘာ့အတိုးတက်ဆုံး နည်းပညာ အများကြီး ရှိပါတယ်.. ကျုပ်တို့က တရုတ်နိုင်ငံမှာ ဖက်စပ် စက်ရုံတွေ ထူထောင်နိုင်တဲ့အပြင် အဲ့နည်းပညာတွေလဲ ခင်ဗျားဆီကို ပို့ပေးနိုင်ပါတယ်.. ဒါက တရုတ်နိုင်ငံရဲ့ စက်မှုလုပ်ငန်း နည်းပညာတွေ တိုးမြှင့်သွားမှာပါ.. ဒီတော့ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရမ်းကောင်းပါတယ်..”
“တောင်းပန်ပါတယ်.. သဘာဝ ပတ်ဝန်းကျင်ကို ပျက်စီးစေတဲ့အပြင် အလုပ်သမားတွေရဲ့ လူမှုဘဝကို လျစ်လျူရှုတဲ့ ကုမ္ပဏီတွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ ကျုပ်စိတ်မဝင်စားပါဘူး.. ပြီးတော့ ဂျပန်နိုင်ငံနဲ့ ဖက်စပ် စက်ရုံတွေ အားလုံး တရုတ်ကနေ နှင်ထုတ်မှာပါ.. တရုတ်မှာ စက်ရုံတွေ တည်ဆောက်ဖို့ဆိုတာ အဲ့လို ကုမ္ပဏီတွေ မပါပါဘူး..”
သံလက်သီးကျူး ပွင့်ပွင့်လင်းလင်းသာ ပြန်ဖြေလိုက်သည်။
တိုမီချီ မူရာယာမာ ထိုစကားကြားသည့်အခါ ထိတ်လန့်သွားတော့သည်။
“မစ္စတာကျူး.. ကျေးဇူးပြုပြီး အဲ့လို မလုပ်ပါနဲ့.. ကျုပ်တို့တွေ ဒီအတောအတွင်း ကောင်းကောင်း လုပ်နိုင်ခဲ့ကြတာပဲ.. ကျုပ်တို့ ကုမ္ပဏီတွေကို တရုတ်ကနေ နှင်ထုတ်လိုက်မယ်ဆိုရင် တရုတ်နိုင်ငံရဲ့ စီးပွားရေးအပေါ်မှာ သက်ရောက်မှုတွေ သိသိသာသာ ရှိလာလိမ့်မယ်ဆိုတာ ထည့်စဉ်းစားသင့်ပါတယ်..”
သို့တိုင်အောင် တရုတ်သည် ထိုခြိမ်းခြောက်မှုများကို မည်သည့်အခါတွင်မှ လက်မခံခဲ့ချေ။ စစ်တိုက်ရမည် ဆိုလျှင်ပင် တရုတ်သည် မည်သူ့ကိုမှ ကြောက်မည် မဟုတ်ချေ။
“မင်းတို့တွေ တရုတ်ပြည်ထဲက ထွက်သွားချင်လား.. ကောင်းပါတယ်.. ထွက်သွားဖို့ အားပေပါတယ်.. အမေရိကန်.. ဂျာမနီနဲ့ တခြားနိုင်ငံတွေ ကျုပ်ဆီ ဆက်သွယ်ထားကြတာ ခင်ဗျားမသိသေးလို့ပါ.. သူတို့တွေ ကျုပ်တို့နဲ့ ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုတွေ လိုချင်နေတယ်.. အဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမှာ စက်မှုဖွံ့ဖြိုးတိုးတက်မှုတွေ ပါတယ်.. ကျုပ်တို့ စီးပွားရေးတော့ နည်းနည်း ထိခိုက်သွားနိုင်တယ်.. ဒါပေမယ့် ခံနိုင်ရည် ရှိပါသေးတယ်.. ဂျပန် စက်မှုလုပ်ငန်းက တော်တော်လေး အားကောင်းတယ်.. ဒါပေမယ့် ခင်ဗျားရဲ့ စက်မှုလုပ်ငန်းတွေ မပါလဲ ကျုပ်တို့ တိုးတက်ကြီးပွားနိုင်ပါသေးတယ်..”
အရှေ့မြောက်ပိုင်းရှိ စက်မှုမြို့ဟောင်းများသည် မကြာမီ နှစ်များအတွင်း ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လာသည်။ ယခင် ဆိုဗီယက်ယူနီယံမှ ကျွမ်းကျင်ပညာရှင် အများအပြား ထိုနေရာတွင် အလုပ်လုပ်နေကြဆဲဖြစ်ပြီး တီထွင်ထားသည့် နည်းပညာအသစ်များ အားလုံး တရုတ်အပိုင်ဖြစ်ပေသည်။ ဂျပန်ကုမ္ပဏီများကဲ့သို့ မဟုတ်ပေ။ တရုတ်များသည် သူတို့အတွက် အလုပ်လုပ်နေရပြီး တီထွင်ထားသမျှ နည်းပညာအားလုံး ဂျပန်အပိုင်ပင်။ အစိုးရ အနေဖြင့် မည်သည့်ဘက်ကို ပံ့ပိုးသင့်ကြောင်း သိသာနေသည်။
ဂျပန်ကုမ္ပဏီများ တရုတ်နိုင်ငံမှ ထွက်ခွာသွားခြင်းကို အားပေးသည်လော။ မည်သို့ ဖြစ်နိုင်မည်နည်း။ ဂျပန် ကုမ္ပဏီများသည် တရုတ်နိုင်ငံတွင် အများဆုံး ရင်းနှီးမြုပ်နှံခဲ့ကြသည်။ တရုတ်အစိုးရ ရူးသွားပြီလော။
တိုမီချီ မူရာယာမာသည် တရုတ်အစိုးရ မရူးသေးကြောင်း သိပေသည်။ မည်သည့်အတွက်ဆိုသော် ဂျပန်ကုမ္ပဏီများ တရုတ်မှ ထွက်သွားရန် မဖြစ်နိုင်ကြောင်း တရုတ်အစိုးရ သိနေ၍ ဖြစ်သည်။ အကယ်၍ ဂျပန်ကုမ္ပဏီများသည် တရုတ်နိုင်ငံမှ အမှန်တကယ် ထွက်သွားပါက ဂျပန်နိုင်ငံသည် ဆုံးရှုံးမှု ပိုမို ကြီးမားလာမည် ဖြစ်သည်။
တရုတ်နိုင်ငံမှ နှုတ်ထွက်ခြင်းသည် တရုတ်နိုင်ငံ၏ စီးပွားရေးအပေါ် သက်ရောက်မှု ရှိနိုင်သော်လည်း ဂျပန်၏ ရင်းနှီးမြုပ်နှံမှုကြောင့် အခြားနိုင်ငံမှ ရင်းနှီးမြုပ်နှံမှုများသည်လည်း ဆက်လက် ဝင်ရောက်နေအုံးမည်သာပင်။ ထို့အပြင် လက်ရှိ စက်ရုံများနှင့် ကျွမ်းကျင် လုပ်သားများ ရှိနေပေသည်။ ဤသည်က နိုင်ငံခြားမှ တိုက်ရိုက် ရင်းနှီးမြုပ်နှံသူများကို ပို၍ ဆွဲဆောင်နိုင်ပေလိမ့်မည်။
ထို ဂျပန်ကုမ္ပဏီများသည် အခြားနေရာများတွင် စက်ရုံအသစ်များ ပြန်လည်တည်ဆောက်ရန် လိုအပ်သဖြင့် အချိန်ယူရပေလိမ့်မည် ဖြစ်ပြီး ဆုံးရှုံးမှု ပိုများလာမည် ဖြစ်သည်။ သယ်ယူပို့ဆောင်ရေး စရိတ်များ တိုးလာခြင်းကြောင့် ၎င်းတို့၏ ကုန်ကျစရိတ်များ တိုးလာပေလိမ့်အုံးမည်။ တရုတ်ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ၎င်းတို့၏ ကြိုးပမ်းထားမှုများအားလုံး အဟောသိကံ ဖြစ်ရပေတော့မည်။
တရုတ်နိုင်ငံ စီးပွားရေးသည် ထိုသို့သော ဒဏ်များ ခံနိုင်ရည် ရှိပေသည်။ မည်သို့ပင် ဆိုစေကာမူ တရုတ်လူမျိုးများ သည် ဆယ်စုနှစ်များစွာ ဆင်းရဲနေပေသည်။ ၎င်းတို့သည် နောက်(၁)နှစ် (၂)နှစ်အထိ စောင့်နိုင်ပေသေးသည်။ သို့ရာတွင် ဂျပန်စီးပွားရေးသည် လွန်ခဲ့သော နှစ်အနည်းငယ်ကပင် ပျက်စီးသွားခဲ့သည်။ ဤနှစ်အနည်းငယ်အတွင်း ဂျပန်ဝန်ကြီးချုပ်သည် (၇)ကြိမ်၊ (၈)ကြိမ်ထိ ပြောင်းလဲခဲ့ပေသည်။ အကယ်၍ ဂျပန်ကုမ္ပဏီများ တရုတ်နိုင်ငံမှ နှုတ်ထွက်ပါက တိုမီချီ မူရာယာမာ ကိုယ်တိုင် ရာထူးမှ မကြာမီ နှုတ်ထွက်ရပေလိမ့်မည်။
တိုမီချီ မူရာယာမာ ဤသို့ မဖြစ်စေလိုချေ။ သူ့ကိုသူ သက်သက်ပြမည် မဟုတ်ပေ။ ထို့အပြင် သူသည် အာဏာ သက်တမ်းကြာလာလေလေ အနားယူချိန်တွင် အကျိုးကျေးဇူးများ ပိုများလေလေ ဖြစ်သည်။ သူ့မိသားစု ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း စွမ်းအားရှိရန် လိုအပ်ပေသည်။
“မစ္စတာကျူး ခင်ဗျားမှားနေပြီ.. ကျုပ်က အဲ့လို ပြောချင်တာမဟုတ်ပါဘူး.. ကျုပ်ပြောချင်တာက သဘာဝ ပတ်ဝန်းကျင် ပျက်စီးစေတဲ့ ကုမ္ပဏီတွေကို တရုတ်ကနေ ထွက်ခိုင်းလိုက်မယ်.. ကျန်တဲ့ ကုမ္ပဏီတွေတော့ တရုတ် နိုင်ငံမှာ ရင်းနှီးမြုပ်နှံမှု တိုးလုပ်ပါ့မယ်.. နယ်ပယ်စုံ ပူးပေါင်းပြီး အတူတူ ကြီးပွားတိုးတက်ချင်ပါတယ်..”
တိုမီချီ မူရာယာမာ ပြောစကားများကို သံလက်သီးကျူး ဂရုမစိုက်ချေ။ သူလိုချင်သည်မှာ ဤအရာများ မဟုတ်ချေ။ အချိန် အတော်ကြာသည်အထိ စောင့်ဆိုင်းနေသော်လည်း တိုမီချီ မူရာယာမာထံမှ တောင်းပန်စကား မကြားရသေးချေ။
“တကယ်ပဲလား.. ဘာသာပြန်တာ အမှားအယင်းတော့ ဖြစ်နိုင်ပါတယ်.. ဒါပေမယ့် ကျုပ်တို့နိုင်ငံကို ညစ်ညမ်းစေတဲ့ ကုမ္ပဏီတွေ တရုတ်နိုင်ငံကနေ ထွက်သွားရုံနဲ့ မရပါဘူး.. ကျုပ်တို့ကို လျော်ကြေးပေးမှ ရမယ်.. လျော်ကြေးမှာ လေထုညစ်ညမ်းမှု ကင်းစင်ရေးအတွက် ကုန်ကျစရိတ်တွေ၊ ညစ်ညမ်းမှုကြောင့် မကျန်းမာတဲ့သူတွေ ကုသစရိတ်တွေနဲ့ တခြား ဆက်စပ် ကုန်ကျစရိတ်တွေ ပါပါတယ်.. နိုင်ငံတကာ ဥပဒေနဲ့အညီ ဒဏ်ကြေး ပေးဆောင်ရမှာ ဖြစ်ပါတယ်..”
“ဟုတ်ပါတယ်.. အဲ့ကုမ္ပဏီတွေကိုလဲ အရေးယူပါ့မယ်.. ကျုပ်တို့ ကုမ္ပဏီအများစုကတော့ ကျင့်ဝတ်သိက္ခာ စောင့်ထိန်းနိုင်ကြပါတယ်.. ဟိုကုမ္ပဏီတွေက စုန်းပြူးသက်သက်ပါ.. ခင်ဗျား ဂျပန်ကို လာတဲ့အခါ လျော်ကြေးငွေ ပမာဏ တို့တွေ ဆွေးနွေးလို့ရပါတယ်..”
“ကျုပ် မအားသေးပါဘူး.. အဲ့ဘက်က လာရင်ပိုကောင်းမယ်.. ပြီးတော့ ခင်ဗျား မလာခင် အဲ့ကုမ္ပဏီတွေရဲ့ လုပ်ရပ်အတွက် ခင်ဗျား ဧကရာဇ်ကို လူသိရှင်ကြား တောင်းပန်ဖို့ ပြောလိုက်ပါ..”
ဘာ။ ဧကရာဇ်ကို တောင်းပန်ခိုင်းသည်လော။ ဧကရာဇ် သဘောတူလျှင်ပင် တိုမီချီ မူရာယာမာ၏ ဝန်ကြီးချုပ် သက်တမ်း နောက်ဆုံးနေ့ရက် ဖြစ်သွားပေလိမ့်မည်။ ဂျပန် ဧကရာဇ်သည် ဂျပန်ကို ကိုယ်စားပြုပေသည်။ ဧကရာဇ် မှ မည်သို့ တောင်းပန်မည်နည်း။
“မစ္စတာကျူး.. ဧကရာဇ်ကြီးက ဒီကိစ္စ ဝင်စွက်ဖက်မှာ မဟုတ်ပါဘူး.. ဒီနေ့ကိုပဲ တရားထိုင်နေပါတယ်.. နိုင်ငံခြားရေး ဝန်ကြီး တောင်းပန်တာ လက်ခံပေးပါ.. အဲ့ဒါ ကျုပ်တို့ အတတ်နိုင်ဆုံးပါပဲ..”
တိုမီချီ မူရာယာမာ ညှိနှိုင်းရန် ကြိုးစားတော့သည်။
“ဂျပန်နိုင်ငံခြားရေး ဝန်ကြီးလား… ရိုးသားပုံမရဘူးပဲ… ပြောစရာ မလိုတော့ပါဘူး..”
“ခနလေးပါ မစ္စတာကျူး.. နိုင်ငံခြားရေး ဝန်ကြီးနဲ့ မလုံလောက်ရင် တရုတ်နိုင်ငံကို တောင်းပန်ဖို့ ဂျပန်ကို ကိုယ်စား ပြုပြီး တခြားဝန်ကြီးတွေ ဒါမှ မဟုတ် လွှတ်တော်ကိုတောင် စေခိုင်းလို့ရပါတယ်..”
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)