← Chapters

တိုမီချီ မူရာယာမာ၏ ဆုံးဖြတ်ချက်

Vol. 46 Ch. 689

တိုမီချီ မူရာယာမာ၏ ဆုံးဖြတ်ချက်

Vol. 46 Ch. 689

တိုမီချီ မူရာယာမာသည် အလုပ်ရှုတ်သည့် လေသံကြားလိုက်သည့်အခါ အံ့အားသင့်သွားသည်။ ဂျပန် ဝန်ကြီးချုပ် ဖြစ်သည့်နေမှစ၍ မည်သူမှ သူ့ကို ချုပ်နှောင် မထားနိုင်ကြချေ။

အခြားတစ်ဖက်တွင် နိုင်ငံကြီးတစ်ခု၏ ထိပ်တတန်း အရာရှိတစ်ယောက် ဖြစ်သော်လည်း တိုမီချီ မူရာယာမာ အနေဖြင့် စိတ်မသက်မသာ ခံစားရနေဆဲပင်။ စော်ကားသကဲ့သို့ ခံစားနေရသည်။

သို့ရာတွင် တိုမီချီ မူရာယာမာ အနေဖြင့် စော်ကားခံရလျှင်ပင် သူဘာလုပ်နိုင်မည်နည်း။ ဒေါသကြီးနေယုံမှ လွဲ၍ ဘာမှ လုပ်၍မရချေ။ အမှန်တကယ်တွင် ဤအဖြစ်အပျက်သည် ဂျပန်၏ အမှားဖြစ်ပြီး တရုတ်နှင့် ငြင်းခုံနိုင်သည့် နည်းလမ်းမရှိချေ။

တိုမီချီ မူရာယာမာသည် ထိုကုမ္ပဏီများ၏ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများကို လည်ပင်းညှစ်ချင်နေသည်။ ထိုလူများသည် တစ်နိုင်ငံလုံးကိုသာ သူတို့နှင့် ဆွဲခေါ်သွားသည်။ သူပင် မလွတ်ချေ။ ဤဖြစ်ရပ်ကြောင့် သူ၏ နိုင်ငံရေးလောက အဆုံးသတ်သွားနိုင်ပေသည်။

“တိုရှိဘာ.. ဆိုနီ.. ပန်နက်ဆိုးနစ်.. ရှပ်ဖ် နဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေအားလုံး ဆက်သွယ်လိုက်.. ပြီးတော့ မီဆူဘီရှီ၊ မစ်ဆု၊ ဆမ်မီတိုမိုနဲ့ ပတ်သက်တဲ့ တခြား ဓာတုဗေဒ ကုမ္ပဏီက ဥက္ကဋ္ဌတွေကို ဒီနေရာ ချက်ချင်းလာဖို့ ပြောလိုက်..”

တိုမီချီ မူရာယာမာအတွက် အကြီးမားဆုံး ခေါင်းခဲစရာမှာ သံလက်သီးကျူး၏ ဂျပန်အစိုးရထံ တောင်းပန်ရန် တောင်းဆိုခဲ့ပြီး ထိုတောင်းပန်မျုကို အနည်းဆုံး ဝန်ကြီးချုပ်မှ ထုတ်ပြန်ရမည် ဖြစ်သည်။

ဝန်ကြီးချုပ်အဖြစ် တိုမီချီ မူရာယာမာမှ တောင်းပန်ခဲ့ပါက ပြည်သူများသည် သူ့အားမည်သို့ ရှုမြင်ကြမည်နည်း။ သူ့ရှေ့သို့ပင် အရောက်လာကြကာ ရာထူးမှ ဆင်းခိုင်းကြပေလိမ့်မည်လော။

ဤကာလတွင် တိုမီချီ မူရာယာမာသည် အကောင်းဆုံး လုပ်ဆောင်ခဲ့သည်ဟု ခံစားနေရသည်။ ဂျပန်နိုင်ငံ၏ စီးပွားရေး ပြန်လည်ကောင်းမွန်လာမည့် လက္ခဏာများ ပြသခဲ့သည်။ လွန်ခဲ့သော (၅)နှစ်၊ အထွတ်အထိပ် အခြေအနေနှင့် ဝေးနေသေးသော်လည်း မနှစ်ကထက်တော့ ပိုကောင်းလာနေပေသည်။

အားလုံး အဆင်ပြေ ချောမွေ့သွားပါက ဝန်ကြီးချုပ်အဖြစ် သက်တမ်းကုန်ဆုံး နိုင်ပေလိမ့်မည်။ ဂျပန်နိုင်ငံ၏ စီးပွားရေး ပြန်လည်ကောင်းမွန်လာစေရန် ကူညီဆောင်ရွက်ပေးခဲ့သည့် ဝန်ကြီးချုပ်အနေဖြင့် ဂျပန်နိုင်ငံသားများ အားလုံး၏ သဘောကျ နှစ်သက်ခြင်းခံရမည် ဖြစ်ကာ ၎င်းတို့၏ မိသာစု အနာဂတ်မျိုးဆက်များသည်လည်း အမြင့် သို့တက်လှမ်းနိုင်ပေလိမ့်မည်။

သို့ရာတွင် ယခုမူ ထိုအိပ်မက်များ ပျက်စီးခဲ့ရလေပြီ။ တိုမီချီ မူရာယာမာသည် အတုံးငယ်လေးများ ဖြင့် အိမ်ဆောက် နေချိန် ကလေးငယ်တစ်ယောက် ရောက်လာ၍ အားလုံး ပြိုကျသွားရသလိုသာပင်။

ဂျပန်နိုင်ငံ၏ ဂုဏ်သိက္ခာ ထိခိုက်စေသည့် ကုမ္ပဏီများ ပေးဆပ်ရပေလိမ့်မည်။ တိုမီချီ မူရာယာမာသည် ဝန်ကြီးချုပ် ဖြစ်ခဲ့သော်လည်း ဤဖြစ်ရပ်အတွက် သူ့ကို အပြစ်မတင်သင့်ချေ။

“ဝန်ကြီးချုပ်.. ကျုပ်တို့ ဘယ်တော့မှ တောင်းပန်လို့မရဘူး.. တောင်းပန်လိုက်ရင် ပြည်သူကို ဒေါသ ထွက်စေ လိမ့်မယ်.. ဂျပန်ဆိုတာ တရုတ်အစိုးရထက် အဆင့်ပိုမြင့်တဲ့ နိုင်ငံလေ.. ကျုပ်တို့ ဒီကောင်တွေကို ဘယ်လိုလုပ် ဦးညွှတ်ရမှာလဲ.. ပြီးတော့ အရင်က တရုတ်နိုင်ငံကို သိမ်းပိုက်ခဲ့ဖူးတယ်.. အဏုမြဓဗုံးကြောင့်သာ မဟုတ်ရင် ကျုပ်တို့က အခုဆို ကမ္ဘာမှာ အင်အားအကြီးဆုံး နိုင်ငံ ဖြစ်လာလိမ့်မယ်.. ကျုပ်တို့က ကမ္ဘာ့ နံပတ်(၁) စွမ်းအားကြီး နိုင်ငံ ဖြစ်နေလောက်ပြီ..”

“မင်း အဲ့လိုပဲ တကယ်ထင်လား..”

တိုမီချီ မူရာယာမာသည် ထိုအကြံပေးကို အေးစက်စက် ကြည့်လိုက်သည်။ မည်မျှအထိ မိုက်မဲလိုက် သနည်း။

“ကန့်ကွက်ပါတယ်.. တောင်းပန်သင့်တယ်လို့ ထင်ပါတယ်.. တရုတ်နိုင်ငံရဲ့ ကြီးထွားလာမှုကို ရပ်တန့်ဖို့ နည်းလမ်း မရှိတဲ့အပြင် ငါတို့ရဲ့ စီးပွားရေး ပြန်လည်ကောင်းမွန်လာဖို့အတွက် တရုတ်နိုင်ငံရဲ့ ဈေးကွက် လိုနေသေးတယ်.. ဒီနှစ်ပိုင်းအတွင်း တရုတ်နိုင်ငံရဲ့ အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်လာတဲ့ အချက်ကို ထည့်စဉ်းစားပြီး တွန်းအား သွားပေးလို့ မရဘူး.. တရုတ်ဈေးကွက်ကို မဝင်နိုင်ရင် စီးပွားရေးက နောက်တစ်ကြိမ် ထပ်ဆုတ်ယုတ်သွားလိမ့်မယ်.. အဲ့လိုသာ ဖြစ်လာရင် မင်းလဲ ရာထူးမြဲနေအုံးမယ်လို့ ထင်လား..”

အခြား အကြံပေး တစ်ယောက်က ဆိုလာပြန်သည်။

“ကျုပ်လဲ တောင်းပန်သင့်တယ်လို့ ထင်တယ်.. တောင်းပန်ခြင်းက တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ပိုကောင်းအောင် တည်ဆောက်နိုင်လိမ့်မယ်.. ဒါ့ကြောင့် တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ်တွေ လက်မှတ် ထိုးနိုင်မယ်ဆိုရင် ငါတို့စီးပွားရေးလဲ အမြန်ဆုံး ပြန်ထူထောင်နိုင်လိမ့်မယ်.. ဒီပြဿနာမှာ ပါတဲ့ ကုမ္ပဏီတွေက လက်တစ်ဆုပ်စာပဲရှိတာ.. ငါတို့ ဂျပန်မှာ တခြားကုမ္ပဏီတွေ အများကြီး ရှိသေးတယ်.. ပါဝင်ပတ်သက်နေတဲ့ ကုမ္ပဏီတွေကို တရုတ်နိုင်ငံက ထွက်ခိုင်းပြီး တရုတ်မှာ ကျန်နေတဲ့ စက်ရုံတွေကို တခြားကုမ္ပဏီ ပြန်ရောင်းလို့ရတယ်.. အဲ့နည်းနဲ့ဆို ဂျပန်နိုင်ငံ အမြတ်အစွန်း ရမယ့်အပြင် ဂျပန်နိုင်ငံရဲ့ ပုံရိပ်လဲ ပြန်ပြောင်းနိုင်မယ်.. တကယ်လို့ ကျုပ်တို့ မတောင်းပန်ရင် ငါတို့နဲ့ တရုတ်အကြားက ဆက်ဆံရေး ယိုယွင်းလာမယ့် အပြင် ကျန်နေတဲ့ ငါတို့ ကုမ္ပဏီတွေ တရုတ်နိုင်ငံမှာ ကြီးထွားလာမှာ မဟုတ်တော့ဘူး.. ပါဝင် ပတ်သက်တဲ့ ကုမ္ပဏီတွေရဲ့ စက်ရုံတွေကို အာဏာပိုင်တွေက ပိတ်ပစ်ပြီး နိုင်ငံတကာ တရားရုံးတွေမှာလဲ အဲ့အမှု ရှုံးရအုံးမှာ.. အဲ့ဒါ အမှန်တရားပဲ.. ငါတို့ ရင်ဆိုင်မှရမယ်..”

တိုမီချီ မူရာယာမာသည် ထိုအကြံပေး၏ စကားကြားသည့်အခါ မျက်လုံးများ ဝင်းလက်လာသည်။ ကုမ္ပဏီ အချို့ကို ဖိနှိပ်ကာ အချို့ကို ပံ့ပိုးပေးနိုင်သည်လော။ ဤသည်က အဖြေကောင်း တစ်ခုပင်။ သူသည် ထိုကုမ္ပဏီများအား ၎င်းတို့၏ စက်ရုံများ ရောင်းချရန်နှင့် တရုတ်ဈေးကွက်သို့ ဝင်ရောက်ရန် ဤအခွင့်အရေးကို အခြား ဂျပန် ကုမ္ပဏီကို အသုံးပြုခွင့် ပေးရပေမည်။ ကုမ္ပဏီ အသစ်သည် သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်စေရန် အစီအမံများ ဆောင်ရွက် ထားသမျှ ကာလပတ်လုံး ၎င်းတို့သည် အမြတ်အစွန်းများ ရနေမည်သာ။ ဤဖြေရှင်းချက်သည် တိုမီချီ မူရာယာမာ အတွက် လုပ်ငန်းကြီးတစ်ခုအား သူ့ဘက်ပါအောင် ဆွဲခေါ်နိုင်ပေလိမ့်မည်။ ပါလီမန်တွင် ဤလုပ်ငန်းများမှ အဖွဲ့ဝင် အများအပြား ထောက်ခံကြပေမည်။ တိုမီချီ မူရာယာမာသည် ၎င်းတို့၏ ပံ့ပိုးကူညီမှု ရနိုင်ပါက ဝန်ကြီးချုပ်ရာထူး ဆက်လက်ရယူရန် သူ့အတွက် ပြဿနာ ရှိတော့မည် မဟုတ်ချေ။

သို့ရာတွင် ဂျပန်မှ တောင်းပန်ရမည် ဆိုပါက မည်သို့ တောင်းပန်သင့်သနည်း။ ဂျပန်သည် မည်သည့် အတိုင်းအတာ အထိ တောင်းပန်နိုင်မည်နည်း။ ဤသည်ကို သေချာ ဆွေးနွေးရပေလိမ့်မည်။

*********

“ဒါ ငါ့ဆုံးဖြတ်ချက်ပဲ.. မင်းတို့တွေ ညွှန်ကြားချက်အတိုင်း လုပ်ကြ…”

တိုမီချီ မူရာယာမာ အခိုင်အမာ ပြောလိုက်သည်။

“ဘာလို့လဲ.. ငါတို့အတွက် ဆုံးဖြတ်ချက်ချရအောင် မင်းက ဘာမို့လဲ.. ငါတို့ရဲ့ စွန့်ပစ်ပစ္စည်း သန့်စင်ရေး အဆောက်အုံတွေ အဆင့်မြှင့်ဖို့ ပြဿနာမရှိဘူး.. ဒါပေမယ့် သူတို့ကို လျော်ကြေးပေးဖို့တော့ ငါတို့ သဘောမတူနိုင်ဘူး.. တရုတ်က သူတို့ဆီမှာရှိတဲ့ ငါတို့ ဘဏ်အကောင့်တွေ ပိတ်ထားတယ်.. ဂျပန်ဝန်ကြီးချုပ် အနေနဲ့ ငါတို့ ငွေတွေ ပြန်ရအောင် လုပ်ပေးမယ့်အစား ငါတို့ကပဲ တရုတ်ကို ငွေပေးစေချင်နေတာလား..”

ကုမ္ပဏီကြီးများမှ ဥက္ကဋ္ဌများသည် ကိုင်တွယ်ဖြေရှင်းရန် မလွယ်ကူချေ။ ၎င်းတို့အားလုံးသည် ကန်ဒေါ်လာ ဘီလီယံများစွာ တန်ဘိုးရှိသော ပိုင်ဆိုင်မှုများ ထိန်းချုပ်ထားပြီး ဝန်ထမ်းပေါင်းများစွာ ရှိနေပေသည်။ အချို့ ကုမ္ပဏီတွင် ဝန်ထမ်းပေါင်း (၁)သိန်းကျော်ရှိပေသည်။

ထို့အပြင် ဂျပန်ဝန်ကြီးချုပ်သည် မကြာခဏ ပြောင်းလဲလေ့ရှိပြီး ထိုဥက္ကဋ္ဌများသည် ၎င်းတို့၏ ရာထူးများကို ဆယ်စုနှစ်များအထိ ထိန်းသိမ်းနိုင်ကြပေသည်။ ထို့အပြင် လွတ်တော်အတွင်း ပြည်သူများ၏ ထောက်ခံမှုကိုလည်း ရရှိထားပြီး ဝန်ကြီးချုပ်ကို မကြောက်ကြချေ။ ဝန်ကြီးချုပ်မှ ချမှတ်သည့် ဤဆုံးဖြတ်ချက်သည် ၎င်းတို့၏ အမြတ်ငွေများအပေါ် သက်ရောက်မှု ရှိပေလိမ့်မည်။

“ငါက ဂျပန် ဝန်ကြီးချုပ်လေ.. အစိုးရကို ကိုယ်စားပြုတယ်.. မင်းတို့အားလုံး ဂျပန်နိုင်ငံရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်း အောင်လုပ်ပြီး ကမ္ဘာတစ်ဝှမ်းက ဂျပန်ကုမ္၌ဏီတွေအတွက် အကျပ်အတည်း ဖန်တီးခဲ့ကြတယ်.. မင်းတို့အားလုံး ဒီအခြေအနေကို လက်မခံနိုင်ပေမယ့် ကျန်တဲ့ကုမ္ပဏီတွေကတော့ ပစ်မှတ်ထားနေကြပြီ.. မင်းတို့အားလုံး လွှတ်တော်ထဲမှာ လူတစ်ချို့ရဲ့ ထောက်ခံမှု ရနိုင်တယ်.. ဒါပေမယ့် လူနည်းစုပဲ ရမယ်.. မင်းတို့အားလုံး လူတွေရဲ့ အမြတ်အစွန်းအပေါ် သက်ရောက်မှု ထင်ရှားအောင် လုပ်ခဲ့ကြတာလေ..”

တိုမီချီ မူရာယာမာ အခိုင်အမာ ပြောလိုက်သည်။

“အဲ့လိုဆိုလဲ တရုတ်နိုင်ငံကို လျော်ကြေး ပေးလိုက်ရုံပေါ့.. တရုတ်နိုင်ငံက ငါတို့ စက်ရုံတွေ တခြားကုမ္ပဏီတွေကို ဈေးသက်သက်သာသာနဲ့ ဘာလို့ ရောင်းပေးရမှာလဲ.. မင်းပြောတဲ့ နှုန်းထားတွေက သူတို့ကို စက်ရုံတွေ အလကား ပေးလိုက်ရသလိုပဲ.. တရုတ်နိုင်ငံက ထွက်ရမယ် ဆိုရင်တောင် စက်ရုံတွေမှာ ရှိတဲ့ စက်ကိရိယာတွေက ဈေးမြင့်မြင့် နဲ့ပြန်ရနိုင်သေးတယ်..”

“မင်းတို့တွေ အဲ့လိုမလုပ်ရင် မင်းတို့ရဲ့ ရိုးသားမှုကို ဘယ်လိုပြနိုင်မှာလဲ.. လူတွေက မင်းတို့ကို ဘယ်လိုလုပ် ယုံကြည် နိုင်ကြမလဲ.. ဒါ အကျပ်အတည်းကြီးပဲ.. ဒီအကျပ်အတည်း ဘယ်လောက်နက်ရှိုင်းတယ်ဆိုတာ မင်းတို့ သိပြီး သားပါ.. ဒီစက်ရုံတွေ စွန့်လွှတ်လိုက်ရလို့ ဆုံးရှုံးမှု နည်းနည်း ဖြစ်စေနိုင်ပေမယ့် နောင်မှာ မင်းတို့ ဆုံးရှုံးသွားတဲ့ ငွေတွေ ပြန်ရှာနိုင်တဲ့ အခွင့်အရေး ရှိသေးတယ်.. ငါပြောစရာတော့ ကုန်ပြီ.. မင်းတို့ ဆုံးဖြတ်ချက်တွေ ပြောတော့..”

ဆိုနီ ဥက္ကဋ္ဌမှ ရုတ်တရက်ထ၍..

“ငါတို့ ဆိုနီက လူသိရှင်ကြား တောင်းပန်မှာပါ.. ဒါပေမယ့် တရုတ်မှာ စက်ရုံတွေ မရှိတော့ လျော်ကြေးငွေနဲ့ ဘာမှ မဆိုင်ပါဘူး.. ကမ္ဘာ့ တခြားဒေသက ငါတို့စက်ရုံတွေမှာ ပြဿနာ တစ်ခုမှ မရှိပါဘူး.. ဒါပေမယ့် ကျုပ်တို့က ငွေအမြောက်အများ လှူဒါန်းနေတုန်းပဲလေ.. တခြားပြောစရာမရှိရင် ကျုပ်သွားတော့မယ်.. အလုပ်တွေ အရမ်းများ နေတယ်..”

ကျန် ဥက္ကဋ္ဌများ အံ့ဩသွားသည်။ သင်သဘောတူနိုင်သော်လည်း မိမိတို့မှာမူကား…..။

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters