← Chapters

လွန်မလာနဲ့နော်

Vol. 14 Ch. 197

လွန်မလာနဲ့နော်

Vol. 14 Ch. 197

ကောချွန်းရုက ရှောင်ယွမ်ရှစ်ရဲ့ ရင်ခွင်ထဲ ဝင်ကာ မျက်ရည်ကျပြခဲ့သည်။

သူမ ငုံ့ကိုင်းထားသည့် မျက်နှာထက်မှာ အမုန်းတရားတွေ ပြည့်နှက်နေပြီး ရှောင်သခင်မကြီးနှင့် အမျိုးသမီးဝမ်ကို အစိမ်းလိုက် ဝါးမျိုပစ်ချင်နေသည်။

ဒီလူတွေ မြောက်ပိုင်းနယ်စပ်ကိုသွားသည့်အခါ လမ်းမှာ လူလွှတ်ပြီး ငွေတွေလုယူခိုင်းပြီး ခြေထောက်တွေကို ချိုးခိုင်းပစ်မည်။

မဟုတ်ပါက အကြိမ်များစွာ အရိုက်ခံထားရသည့် သူမ ဒေါသကို ဖြေနိုင်မည်မဟုတ်ပေ။

"သူက ကျွန်မ လူ မဟုတ်ဘူး၊ သူတို့ စွပ်စွဲနေကြတာပဲ။"

သူမက သေတော့မတတ် ငိုပြခဲ့သည်။ "ယောက္ခမက ကျွန်မကို မကြိုက်မှတော့ ကြိုးတစ်ချောင်းပဲ ပေးလိုက်ပါတော့လား၊ ကျွန်မကိုယ်ကျွန်မ ဆွဲကြိုးချသေလိုက်ပါ့မယ်။"

ရှောင်သခင်မကြီးက သူမကို ဖိအားပေးကာ သေစေကြောင်း စောင်းပါးရိပ်ခြေပြောတာ ဖြစ်သည်။

သို့ပေမယ့် ရှောင်သခင်မကြီးက ဘယ်လိုလူလဲ။ သူမကို မရပ်မနား ဒုက္ခပေးမည့် ရွာသူ ဖြစ်သည်။

သူမက ခါးစည်းကြိုးကို တကယ်ဖြုတ်ပြီး ပေးလိုက်လေသည်။ "လုပ်လေ၊ ငါ့ခါးစည်းကြိုး နင့်ကိုပေးတယ်၊ နင်ကိုယ်နင် မသတ်သေလို့ကတော့ ငါကိုယ်တိုင် သတ်ပစ်မယ်။"

ရှောင်သခင်မကြီးက ဒီလောက် အရှက်မဲ့လိမ့်မည်ဟု ကောချွန်းရု မထင်မိခဲ့ပေ။

သူမ ကိုယ်ခန္ဓာက တောင့်တင်းသွားခဲ့သည်။

ရှောင်ယွမ်ရှစ်က သူ့ဇနီးရဲ့ တုံ့ပြန်မှုကို ခံစားမိလိုက်သည်။

ရှောင်ယွမ်ရှစ်က မည်းမှောင်နေသည့် မျက်နှာထားဖြင့် ပြောလိုက်သည်။ "တော်ကြတော့။"

သူက မေးခဲ့သည်။ "အမေ သူက ချွန်းရုရဲ့ လူ ဆိုတာ သက်သေရှိလား။"

သူကတော့ ဖွင့်ပြောစရာမလိုဘဲ နားလည်သည်။

စောနက ထိုအမျိုးသမီး သူ့ကို ခေါင်းခါပြခဲ့တာလည်း သူမြင်ခဲ့သည်။

ရှောင်သခင်မကြီးက ခနဲ့ခဲ့သည်။ "ငါတို့မှာ သက်သေ မရှိပေမယ့် သူလုပ်တယ်ဆိုတာ သေချာတယ်။"

သူမက မြေပြင်ပေါ်က အမျိုးသမီးကို ညွှန်ပြခဲ့သည်။ "စောနက ဒီခွေးမကို ပေးခဲ့တော့ နင့်မိန်းမ ခိုင်းတာလို့ပြောခဲ့တယ်။"

သူတို့အဆောင်ကို ပြန်ရောက်တုန်းက ဒီခွေးမကို ရိုက်နှက်ပြီး ကောချွန်းရု ခိုင်းတာလားဟု မေးခဲ့သည်။

သူမက ဝန်မခံခဲ့သော်လည်း ခဏလောက် ကြက်သေ သေသွားခဲ့သည်။

ဒါဟာ သူတို့ သိနေတာကြောင့် အံ့သြသွားခြင်း ဖြစ်သည်။

ရှောင်ယွမ်ရှစ်က လက်မြှောက်ကာ မျက်ခုံးတွေကို ပွတ်လိုက်သည်။ "အမေ လူတစ်ယောက်ကို သူခိုးလို့စွပ်စွဲချင်ရင်တောင် ခိုးရာပါပစ္စည်းပြရတယ်၊ ဒီလို အကျိုးသင့် အကြောင်းသင့် မရှိလို့ မရဘူး။"

ရှောင်သခင်မကြီးက သူ့ကို ဒေါသတကြီး ပြောခဲ့သည်။ "မျိုးမစစ်ကောင် နင့်တူက သေစေနိုင်မယ့်ရောဂါ ကူးစက်ခံထားရတာတောင် နင်က အဲ့ကောင်မကို ကာကွယ်ပေးနေသေးတယ်၊ ကောင်းပြီလေ၊ အဲ့ကောင်မလုပ်ခိုင်းတာ မဟုတ်ဘူးဆိုတော့လည်း ငါတို့က ဒီကိစ္စကို တရားရုံးကို တိုင်တန်းပြီး စုံစမ်းခိုင်းရမှာပဲ၊ တကယ်ပဲ သူ မလုပ်ခဲ့ဘူးဆိုရင် ဒူးထောက်အရိုအသေပေးပြီး ငါတောင်းပန်မယ်။"

ထိုစကားတွေက ရှောင်ယွမ်ရှစ်နှင့် ကောချွန်းရုရဲ့ အမူအရာကို ပြောင်းသွားနိုင်စေခဲ့သည်။

သူတို့သာ အရာရှိတွေကို တိုင်တန်းခဲ့ပါက အမှန်တရား ရှာတွေ့တာ မတွေ့တာထက် အရင်ဆုံး သူတို့ရဲ့ ဂုဏ်သိက္ခာ ပျက်စီးနိုင်သည်။

ဒါ့အပြင် အဖြေမှန်ကို ရှာတွေ့နိုင်ဖို့က အခွင့်အရေးများသည်။

ရှောင်ယွမ်ရှစ်က ရူးမတတ် ဖြစ်နေသည်။ "အမေ အိမ်တွင်းရေးကိစ္စတွေကို အပြင်မထုတ်ပါနဲ့၊ အမေ ဘာဖြစ်လို့ ကျွန်တော်တို့ ဂုဏ်သိက္ခာကို အမြဲဖျက်စီးချင်နေတာလဲ။"

"ထွီး ဒီလို အဆိပ်ပြင်းတဲ့မိန်းမကိုယူပြီး ပြဿနာရှာတာက နင်လေ၊ နင်က ကိုယ့်တူ ကိုယ်တောင် မချမ်းသာပေးဘူး၊ နင်တို့နှစ်ယောက်လုံးက သားရဲတိရိစ္ဆာန်တွေပဲ။"

ရှောင်သခင်မကြီးက ကောချွန်းရုကို ဒိုင်းသဖွယ် ကာထားပေးသည့် ရှောင်ယွမ်ရှစ်ကို ထုရိုက်ခဲ့လေသည်။

ရှောင်ယွမ်ရှစ်က ရိုက်ချက်တွေကို အမြန်ရှောင်ခဲ့သည်။

ရှောင်မိသားစုဟောင်းကို ဆင်ခြေပေးနေလို့ အသုံးမဝင်ဘူးဆိုတာ ရှောင်ယွမ်ရှစ် သိသည်။

အကျိုးအမြတ်ဖြင့် သူတို့ရဲ့ အာရုံစိုက်မှုကို လမ်းပြောင်းပေးရမည်။ "အကြီးဆုံးမြေးကို မြောက်ပိုင်းနယ်စပ်ကို သွားစေချင်တယ်မလား၊ အနာဂတ်မှာ သူ မြို့တော်ပြန်ပြောင်းလာဖို့ ကျွန်တော့် အကူအညီလိုတယ်။"

ရှောင်သခင်မကြီးက ခနဲ့ခဲ့သည်။ "ဒါဆိုလည်း မသွားဘူးဟေ့၊ ငါ့သားကြီး ငါ့မြေးကြီးနဲ့ ဒီတိရိစ္ဆာန်ကို ဆွဲခေါ်ပြီး တရားသူကြီးမင်းဆီကို သွားတိုင်ကြတာပေါ့။"

သူမရဲ့ အကြီးဆုံးမြေးနှင့် ကျန်လူတွေက ထိုတိရိစ္ဆာန်မကို တကယ် ခေါ်သွားဖို့ လုပ်ခဲ့သည်။

ရှောင်ယွမ်ရှစ်က ခေါင်းကွဲမတတ် ဖြစ်နေသည်။ "အမေ တကယ်ပဲ ဘာလုပ်ချင်နေတာလဲ။"

သူတို့က တရားရုံကို ခေါ်မသွားပါက တောင်းဆိုချက် ရှိနိုင်သည်။

ရှောင်မိသားစုဟောင်းရဲ့ နည်းဗျူဟာက ရောက်စခါနှင့် တူညီနေဆဲ ဖြစ်သည်။

ဒါက သေချာပေါက် သူရဲ့ သားဆိုးနှင့် ချွေးမမိုက်တို့ သင်ပေးလိုက်ခြင်း ဖြစ်နိုင်သည်။

ကောချွန်းရုကိုလည်း သူ မကျေနပ်ပေ။

ရှစ်ချင်းလျို့က ကိုင်တွယ်ရခက်မှန်း သိရက်နဲ့ ဘာကြောင့် ရှောင်မိသားစုဟောင်းက လူတွေကို ပို့ပြီး ကိုယ့်ရှူးကိုယ်ပြန်ပက်အောင် လုပ်ရသနည်း။

အခုတော့ သူတို့က မနာကျင်သည့်အပြင် နောက်ကျောကတောင် ဓားထိုးခံခဲ့ရသေးသည်။

သူ တကယ် စိတ်ဖိစီးနေပြီဖြစ်သည်။

ထိုစကားကြားတော့ ရှောင်သခင်မကြီးက အေးစက်စွာ ခနဲ့ခဲ့သည်။ "ငါ့ဆန္ဒ နှစ်ခုကို ဖြည့်ဆည်းပေးမယ်ဆိုရင် မတိုင်ကြားတော့ဘူး၊ မဟုတ်ရင်တော့ ဒီအဆိပ်ပြင်းတဲ့မိန်းမကို လက်စားချေရမယ်။"

ဒီလိုဖြစ်မယ်ဆိုတာ ရှောင်ယွမ်ရှစ် သိပြီးသား ဖြစ်သည်။ "ပြောပါဦး။"

ထိုအချိန်မှာ ကောချွန်းရုက အန်ချင်သလို ခံစားနေရသည်။

သူမက မူလက ရှစ်ချင်းလျို့နှင့် ရှောင်ဟန်ကျန့် ပြောင်းစေ့ ထောက်ပံ့ပေးခြင်း ယုတ်လျော့အောင် ဖျက်စီးဖို့ ရှောင်သခင်မကြီးနှင့် တခြားလူတွေကို လွှတ်လိုက်တာဖြစ်သည်။

သူတို့တွေ ကျရှုံးတာကို သူမ မြင်ချင်ခဲ့သည်။

သို့ပေမယ့် သူတို့က ရှောင်မိသားစုဟောင်းရဲ့ အကြီးဆုံးမြေးရဲ့ ကိုယ်လုပ်တော်ရဲ့ အကြောင်းကို ရှာတွေ့သွားလိမ့်မည်ဟု မထင်မိခဲ့ပေ။

ပြောစရာမလိုအောင် မျိုးမစစ်ကောင် ရှောင်ဟန်ကျန့် လုပ်တာပဲ ဖြစ်မယ်။

သူမကို ပိုစိတ်တိုစေတာက သူက အံ့ဖွယ်သမားတော်ရဲ့ တပည့် တကယ် ဖြစ်လာခြင်း ဖြစ်သည်။

အကယ်၍ သူမ ခင်ပွန်းသာ အံ့ဖွယ်သမားတော်ရဲ့ တခြားတပည့်ကို ရှာမတွေ့ခဲ့ပါက ရှောင်ဟန်ကျန့်ဆီ အကူအညီတောင်းရမည်လား။

စောနက ဒီအဖွားကြီးက သူ့ကို အမြုံမလို့ ခေါ်ခဲ့သေးတယ်။

ဒါက သူမကိုအထိနာစေသည်။

သူမ တကယ် ကလေးတစ်ယောက် ရှိချင်သည်။

အခု သူမက မငြင်းဆိုဘဲ ရှောင်သခင်မကြီးရဲ့ တောင်းဆိုချက်ကို စောင့်နေလေသည်။

ရှောင်မိသားစုဟောင်းက ဒီကိစ္စကို သွားတိုင်ကြားလိုက်မှာကိုလည်း သူမ တကယ်ကြောက်နေသည်။

သူမက သူမခင်ပွန်းရဲ့ တူအတွက် ရောဂါရှိသည့် ကိုယ်လုပ်တော်ကို စီစဥ်ပေးခဲ့ကြောင်း တခြားလူတွေသိသွားပါက သူမ မြို့တော်မှာ မည်သို့ဆက်နေထိုင်ရမည်နည်း။

ရှောင်သခင်မကြီးက ခေါင်းမော့ကာ ရင်ကော့လိုက်သည်။ "အရင်ဆုံး နင့်မျိုးဆက်အတွက် ကိုယ်လုပ်တော် နည်းနည်းယူ ရမယ်။"

"မရဘူး။" ကောချွန်းရုရဲ့ အမူအရာက ပြောင်းသွားကာ ချက်ချင်း စူးရှစွာ အော်ခဲ့သည်။

ရှောင်သခင်မကြီးက ကောချွန်းရုကို ဆိတ်လိုက်လေသည်။ "နင်က အမြုံမလေ၊ နင်က ကလေး မမွေးနိုင်မှတော့ ငါ့သားရဲ့ မျိုးဆက်က မရှိဘူး၊ နင် ဘာဖြစ်လို့ ဒီလောက် ရက်စက်ရတာလဲ၊ နင်သဘောမတူရင် ငါကတော့ တော်ဝင်ခုံရုံးကိုသွား နင်နဲ့ ငါ့သား ကွာရှင်းဖို့ သွားတင်ပြရမှာပဲ၊ ကလေးတစ်ယောက် မမွေးနိုင်တာကိုက မကောင်းမှု ခုနှစ်ပါးကို ကျူးလွန်ထားပြီးသားပဲ။"

ရှစ်ချင်းလျို့က ဒီသားရဲနှစ်ကောင်ဖြင့် စကားမများဖို့ မှာထားခဲ့သည်။

ဘာကိစ္စပဲဖြစ်ဖြစ် အရာရှိအာဏာပိုင်တွေဆီ တိုင်တန်းဖို့ မှာထားသည်။

ဤနည်းဖြင့်ဆိုပါက သားရဲနှစ်ကောင် အရှုံးပေးလိမ့်မည်။

မျှော်လင့်ထားသည့်အတိုင်း ကောချွန်းရုရဲ့ မျက်နှာက အစိမ်းရောင် ပြောင်းသွားကာ ဘာမှ ထပ်မပြောတော့ပေ။

အကယ်၍ သူမ၏ ယောက္ခမတွေက ရှောင်ယွမ်ရှစ်နှင့် ကွာရှင်းခိုင်းမည် ဆိုပါက သူတို့ရဲ့ လူမှုအသိုင်းအဝန်းက ဝတ္တရားကျေပွန်မှုကို ပိုအလေးပေးသည်။

အဲ့လိုမဖြစ်ခဲ့ရင်တောင် ဒီအဖွားကြီးက တကယ်လုပ်ချင်ရင် တကယ်ဖြစ်နိုင်တယ်။

ထိုစကားကြားလိုက်တော့ ရှောင်ယွမ်ရှစ်က သူ့မိဘအပေါ် အနည်းငယ် အမြင်ပြောင်းသွားခဲ့သည်။

သူ့မိဘတွေက သူ့အပေါ် အနည်းငယ် ဂရုစိုက်ဟန်ပေါ်သည်။ မဟုတ်ပါက အခွင့်အရေးကို သူ့အတွက် ဆုံးရှုံးခံမည်နည်း။

ကောချွန်းရုက ခေါင်းမော့ကာ ရှောင်ယွမ်ရှစ်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

သူက တကယ် ကိုယ်လုပ်တော် လိုချင်နေတာပဲ။

အရင်တုန်းကတော့ ငါကသာ သူ လိုချင်တဲ့ တစ်ဦးတည်းသောလူလို့ ပြောခဲ့တာလေ။

ရှောင်ယွမ်ရှစ်က ဒီအခြေအနေငြိမ်သက်ဖို့ အရင်လုပ်ဖို့လိုကြောင်း အကြည့်ဖြင့် သူမကို နှစ်သိမ့်ခဲ့လေသည်။

ကိုယ်လုပ်တော်ယူရင်တောင် သူတို့ကို သူထိမည်မဟုတ်ပေ။

သူ့အကြည့်ကိုမြင်မှ ကောချွန်းရုက စိတ်သက်သာရာရသွားခဲ့သည်။

သို့သော်လည်း သူမ ခံစားချက်က မကောင်းပေ။

သူမက အမျိုးသမီးခုန်နှင့် ရှောင်သခင်မကြီးကို ထပ်မုန်းတီးလာခဲ့သည်။

သူတို့ကြောင့် မဟုတ်ပါက သူမလည်း ကလေးပျက်ကျကာ ကျန်မာရေး ချို့ယွင်းမည် မဟုတ်ပေ။

သူမက လက်သီးကို တင်းတင်းဆုပ်ခဲ့သည်။

အနာဂတ်မှာ ဒီရန်ငြိုးကို သူတို့နှင့် သေချာပေါက် ရှင်းရမည်။

ရှောင်ယွမ်ရှစ်က ရှောင်သခင်မကြီးကို ကြည့်လိုက်သည်။ "အမေ ဒုတိယ တောင်းဆိုချက်က ဘာလဲ။"

သခင်မကြီးက မချေမငံပြောခဲ့သည်။ "နင့်တူရဲ့ ရောဂါက ကုသဖို့ မလွယ်ဘူး၊ ဆေးကောင်းကောင်းဝယ်ဖို့ လိုတယ်၊ ဒါက နင့်မိန်းမရဲ့ အမှားဆိုတော့ သူတာဝန်ယူရမယ်၊ ငါတို့က နောက်နှစ်ပတ်နေရင် မြို့တော်က ထွက်ခွာမှာဆိုတော့ စံအိမ်သိုလှောင်ခန်းထဲက ပစ္စည်း သုံးပုံ နှစ်ပုံကို ယူသွားမယ်။"

ကောချွန်းရုက မျက်လုံးပြူးသွားခဲ့သည်။ "လွန်မလာနဲ့နော်။"

တရားရုံးတော်က မတော်တဆမှုပြီးကတည်းက ပစ္စည်းတွေအကုန် သိုလှောင်ခန်းထဲ ပြန်ထားပြီးပြီ ဖြစ်သည်။

စစ်သူကြီးစံအိမ်က ပိုင်ဆိုင်သမျှ အကုန် ဖြစ်သည်။

သူတို့သာ သုံးပုံ နှစ်ပုံ ယူသွားမှတော့ ဘာကျန်တော့မှာလဲ။

စစ်သူကြီးရှောင်က သူ့ရဲ့ ခယ်မကို ဒုတိယမင်းသားနှင့် အိမ်ထောင်ချပေးရန် စီစဥ်ပြီးပြီဖြစ်သည်။

ထို့ကြောင့် သူ့ခယ်မအတွက် ခမ်းနားကြီးကျယ်သည့် ခန်းဝင်ပစ္စည်း ပြင်ဆင်ပေးရန် လိုအပ်သည်။

ဒီအဖွားကြီးတို့က တော်တော်လောဘကြီးတာပဲ။

All Chapters