ဒါဟာ သူမ တမင်လုပ်တာပဲဖြစ်မည်
Vol. 14 Ch. 200
လျန်ဟန်ရှောင်က တုံ့ဆိုင်းခြင်းမရှိ လှည့်ထွက်သွားပြီး သူနှင့် အနည်းငယ် လှမ်းသည့် နေရာကို ရောက်နေသည့် ရှစ်ချင်းလျို့ကို ကြည့်နေလိုက်သည်။
သူက ခေါင်းကိုက်လာခဲ့သည်။
သူက အမူအရာကို ထိန်းကာ ပြောလိုက်သည်။ "မိန်းကလေး ကျေးဇူးပြုပြီး ခဏနေပါဦး။"
ထိုစကားကြားတော့ ထိုလူက သူမနှင့် ဒီနေရာမှာ တွေ့အောင် တမင်လုပ်တာဖြစ်ကြောင်း ရှစ်ချင်းလျို့က သေချာသွားခဲ့သည်။
သူက နောက်ပြန်လှည့်ကြည့်ပြီး မျက်ခုံးပင့်ခဲ့သည်။
သူမက စိတ်မရှည်သည့် အသံဖြင့် မေးလိုက်သည်။ "ဘာလဲ။"
လျန်ဟန်ရှောင်က ထပ်ပြီး အံ့သြသွားခဲ့ပြန်သည်။
မြို့တော်က အမျိုးသမီးတွေက သူ့ကိုတွေ့သည့်အခါ ရှက်သွေးဖြာသွားခြင်း သို့မဟုတ် ယဥ်ယဥ်ကျေးကျေး ဆက်ဆံတတ်သည်။
ဒီလို အေးစက်ကာ စိတ်မရှည်သည့် အမျိုးသမီးကို သူ ပထမဆုံး တွေ့ဖူးတာ ဖြစ်သည်။
လျန်ဟန်ရှောင်က အရင်ဦးဆုံး စကားစပြောဖို့သာ တတ်နိုင်တော့သည်။ "ငါ ဒဏ်ရာရထားလို့၊ ပတ်တီးကူစည်းပေးလို့ ရမလား။"
ရှစ်လျင်းလျို့က ချက်ချင်း ခေါင်းခါပြလိုက်သည်။ "မရဘူး။"
လျန်ယို့ရှောင်က ကြက်သေ သေသွားခဲ့သည်။
ဒီမိန်းမရဲ့ နှလုံးသားက ကျောက်တုံးနဲ့ လုပ်ထားတာများလား။
သူက ပြောခဲ့သည်။ "ငါ ကျေးဇူးပြန်ဆပ်ပါ့မယ်။"
ရှစ်ချင်းလျို့က ထပ်ပြီး ခေါင်းခါပြခဲ့သည်။ "အမျိုးသားနဲ့ အမျိုးသမီးက နီးနီးကပ်ကပ် မနေသင့်ဘူး၊ ကျွန်မက အိမ်ထောင်ရှိပြီးသားပါ၊ ရှင့်ကို ပတ်တီးစည်းပေးလိုက်ရင် ရှင့်ကို ထိမိပြီး ကျွန်မ ဂုဏ်သိက္ခာပျက်စီးလိမ့်မယ်။"
လျန်ဟန်ရှောင်က အသံတိတ်နေခဲ့သည်။
သူမရဲ့ စကားတွေက အကျိုးအကြောင်း ညီညွှတ်သော်လည်း ဝတ်ကျေတန်းကျေ ပြောနေသလို ခံစားနေရသည်။
မကြာသေးခင်က သူပဲ အထက်တန်းလွှာသခင်လေးတွေနဲ့ လျှောက်ပတ်သွားနေခဲ့တာ မဟုတ်ဘူးလား။
ဘာလို့ သူနဲ့ကျမှ နီးကပ်လို့ မရတာလဲ။
လျန်ဟန်ရှောင်က ဒုတိယ တောင်းဆိုချက်ကိုသာ တောင်းဆိုရန် တတ်နိုင်တော့သည်။ "ငါ့ကို ကူညီပေးဖို့ တစ်ယောက်ယောက် ခေါ်ပေးလို့ ရမလား။"
ဒီတစ်ကြိမ်တော့ ရှစ်ချင်းလျို့က သဘောတူခဲ့သည်။ "ကိစ္စမရှိပါဘူး။"
ထို့နောက် သူမက လည်ပင်းနားက ဝီစီကို ယူမှုတ်လိုက်သည်။
ထိုအရာက ရှီရုံကို ခေါ်ဖို့ ဖြစ်သည်။
ဝီစီသံက လေထဲမှာ ချက်ချင်း ပြန့်လွင့်သွားခဲ့သည်။
လျန်ဟန်ရှောင်က ဆွံ့အနေခဲ့သည်။
ဒီအမျိုးသမီးက သူ့ကို ကူညီဖို့အတွက် တခြားလူခေါ်ပေးလိမ့်မယ်ဟု သူ မထင်မိခဲ့ပေ။
သူ့လူတွေကို သွားရှာပေးပြီး ကူညီပေးသင့်တာ မဟုတ်ဘူးလား။
သူက သတိအနေအထားဖြင့် မေးလိုက်သည်။ "ဘာလုပ်တာလဲ။"
ရှစ်ချင်းလျို့က ပုခုံးတွန့်ပြခဲ့သည်။ "အကူအညီခေါ်ပေးတာလေ။"
သူမက ကြင်နာသည့်လေသံဖြင့် ထည့်ပြောခဲ့သည်။ "စိတ်မပူပါနဲ့။ သူတို့ မကြာခင်ရောက်လာတော့မှာပါ။"
သူမက သူ လိုချင်သလိုမျိုး လုပ်ပေးကာ သူ ဆင်သည့် ထောင်ချောက်ထဲ မဆင်းခဲ့ပေ။
သူက အလွန်အကျွံ တွေးတောနေသည်။
လျန်ဟန်ရှောင်က မကျေမနပ် ခံစားလိုက်ရသည်။ "ငါ့လူတွေကို ရှာပေးဖို့ ကူညီခိုင်းတာကွ။"
ရှစ်ချင်းလျို့က နှုတ်ခမ်းကိုတင်းတင်းစေ့ခဲ့သည်။ "ခေါ်လိုက်တဲ့လူတွေကလည်း ရှင့်ကို ကူညီပေးမယ့်လူတွေပါပဲ၊ ဘယ်သူဖြစ်ဖို့ဆိုတာ အရေးမကြီးဘူး။"
လျန်ဟန်ရှောင်က ဆွံ့အသွားခဲ့သည်။ ဒီအမျိုးသမီးက တမင်သက်သက် လုပ်တာ ဖြစ်မယ်။
သိက်မကြာခင်မှာပဲ သူက မြင်းခွာသံတွေ ကြားလိုက်ရလေသည်။
ရှီရုံနှင့် သူမရဲ့ အခြွေအရံ အနည်းငယ်က ပေါ်လာခဲ့လေသည်။
သူမ အရင်ဆုံးလုပ်သည့်အရာက ရှစ်ချင်းလျို့ကိုကြည့်ကာ မေးခြင်းဖြစ်သည်။ "လျို့လျို့ အဆင်ပြေရဲ့လား။"
ရှစ်ချင်းလျို့က ပြုံးကာ ပြန်ဖြေခဲ့သည်။ "အဆင်ပြေပါတယ်။"
သူမက သိပ်မဝေးသည့်နေရာက အမျိုးသားကို ညွှန်ပြကာ ပြောလိုက်သည်။ "အဆင်မပြေတာက သူလေ။"
ရှီရုံက ညွှန်ပြသည့်နေရာကို လိုက်ကြည့်ပြီး ထိုလူကို မြင်ပြီးနောက် ကြက်သေ သေသွားခဲ့သည်။ "ဒုတိယဝမ်းကွဲအစ်ကိုတော် ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ၊ ဒဏ်ရာရထားတာလား။"
ရှီရုံ၏ စကားကို ကြားမှ ရှစ်ချင်းလျို့က ထိုလူက ဘယ်သူလဲဆိုတာ သိသွားခဲ့သည်။
ထိုလူက ဒုတိယမင်းသား ဖြစ်သည်။
ဒါ့အပြင် သူ ဒီနေရာမှာ ပေါ်လာရသည့်အကြောင်းအရင်းက ပိုစဥ်းစားစရာဖြစ်သွားခဲ့သည်။
လျန်ဟန်ရှောင်ကလည်း အံ့သြသွားခဲ့သည်။ "ဝမ်းကွဲညီမတော်ကကော ဒီမှာ ဘာလုပ်နေတာလဲ။"
လျန်ဟန်ရှောင်က ရှင်းပြခဲ့သည်။ "ဒီကို အမဲလိုက်ဖို့ ထွက်လာပေမယ့် တောထဲမှာ မထင်မှတ်ဘဲ လုပ်ကြံတဲ့လူနဲ့ ဆုံခဲ့တယ်လေ၊ ငါဒဏ်ရာရသွားတော့ ငါ့လူတွေက သူ့နောက်လိုက်သွားပြီး ငါက ထွက်ပြေးပြီး ဒီကိုရောက်ခဲ့တာပဲ။"
ရှီရုံက တစ်ခုခု မူမမှန်တာ ခံစားမိသော်လည်း ဆက်မမေးခဲ့ပေ။ "ညီမတော်က သူငယ်ချင်းတွေနဲ့ အမဲလိုက်ဖို့ထွက်ခဲ့တာလေ။"
ထို့နောက် သူမက သူမ အနောက်ကလူတွေကို ညွှန်ကြားခဲ့သည်။ "ဒုတိယမင်းသားရဲ့ ဒဏ်ရာတွေကို သွားကူညီပေးလိုက်ဦး။"
သူတို့ထဲမှ တစ်ယောက်က ပြန်ဖြေခဲ့သည်။ "အမိန့်တော်အတိုင်းပါ။"
လျန်ဟန်ရှောင်ဆီမှာ လိမ်းဆေးကောင်းကောင်းရှိနေသည်။
သူက ထိုဆေးကို ထုတ်ပေးပြီး ဒဏ်ရာကို လိမ်းစေကာ ပတ်တီးစည်းခိုင်းခဲ့သည်။
သူ့ဒဏ်ရာက မနက်သော်လည်း နာကျင်နေဆဲ ဖြစ်သည်။
ဒဏ်ရာကို ကုသပေးပြီးနောက် ရှီရုံက သူ့ကို ထားခဲ့လို့ မကောင်းပေ။ "ဒုတိယဝမ်းကွဲအစ်ကို ခဏနေရင် ညီမတော်တို့ မြို့တော်ကို ပြန်တော့မှာ၊ လိုက်ခဲ့မလား။"
လျန်ဟန်ရှောင်က ခေါင်းငြိမ့်ပြခဲ့သည်။ "ငါ့လူတွေလည်း ဘယ်မှာရှိလဲ မသိဘူးဆိုတော့ လိုက်မယ်လေ။"
ထို့နောက်သူက ရှီရုံရဲ့ အစောင့် အကူအညီဖြင့် ထရပ်ပြီး မြင်းပေါ်တက်ခဲ့သည်။
အမဲဆက်လိုက်ဖို့ မကောင်းတာကြောင့် သူတို့ အကုန်လုံး တောင်အောက် အရင်ဆင်းပြီး တော်ဝင် ယာစိုက်ခင်းကို ပြန်မည်ဖြစ်သည်။
သူတို့က တောင်အောက် ဆင်းနေရင်း ရှစ်ချင်းလျို့က လျန်ဟန်ရှောင်ကို ရုတ်တရက် ကြည့်ကာ မေးလိုက်သည်။ "မင်းသားတွေက အပြင်ထွက်ရင် လိမ်းဆေးဆောင်ထားရတာ ကြိုက်တာလား။"
လျန်ဟန်ရှောင်က ကြက်သေ သေသွားခဲ့သည်။ "ကျန်တဲ့လူတွေတော့ မသိပေမယ့် ငါကတော့ မကြာခဏ ယူသွားလေ့ ရှိတယ်။"
"ဒီလိုမျိုး အရင်ကလည်း ဖြစ်ဖူးခဲ့တယ်လေ။" သူက ထပ်ထည့်ပြောခဲ့သည်။
ရှစ်ချင်းလျို့က သူ့ကို အလွန် အံ့သြစွာ ကြည့်ခဲ့သည်။ "ဒါဆိုရင်တော့ ရန်သူတွေ အများကြီးရှိတာပဲ၊ မြို့တော်မှာတောင် ချုံခိုတိုက်ခိုက်ပြီး လုပ်ကြံရဲတယ်နော်။"
ရန်သူများတယ်ဆိုတာ ဘာပြောတာလဲဟု လျန်ဟန်ရှောင်က တွေးလိုက်လေသည်။ စကား ဘယ်လို ပြောရမလဲဆိုတာ ဒီမိန်းမ မသိဘူးလား။
ပြီးတော့ လူကို လေးလေးစားစားလည်း မရှိဘူး။ ငါက မင်းသားပါ ဟု လျန်ဟန်ရှောင်က တွေးလိုက်လေသည်။
ရှစ်ချင်းလျို့ တစ်ခုခုကို သတိထားမိသွားလားဆိုတာ လျန်ဟန်ရှောင် မသိပေ။
သူက တောင့်တင်းသည့် အပြုံးတစ်ခုကို အားတင်းပြုံးခဲ့သည်။ "ငါ့ကို လုပ်ကြံတဲ့လူက သိပ်ရဲတင်းတာပဲ၊ လူလွှတ်ပြီး စုံစမ်းခိုင်းရမယ်။"
ရှစ်ချင်းလျို့က ပြုံးပြပြီး ဘာမှ မပြောခဲ့ပေ။
တော်ဝင်ယာခင်းကို ရောက်တော့ ပုံမှန်ဆိုရင် အမြဲအေးစက်နေသည့် စိုက်ပျိုးမွေးမြူရေးဝန်ကြီးက သူ့လူတွေကို ဦးဆောင်ကာ ရှစ်ချင်းလျို့ဆီ ဝန်းရံတာကို လျန်ဟန်ရှောင် တွေ့လိုက်လေသည်။
သူက စိုက်ပျိုးရေးနှင့် ပတ်သက်သည့် မေးခွန်းများစွာကို မေးခဲ့သည်။
ရှစ်ချင်းလျို့ရဲ့ ယုံကြည်ချက်ရှိရှိ ပြန်ဖြေသည့် အဖြေတွေက စိုက်ပျိုးမွေးမြူရေးဝန်ကြီးနှင့် တခြားလူတွေကို အံ့သြကာ စိတ်လှုပ်ရှားသွားစေခဲ့သည်။
သူမက ရွာသူနှင့် မတူသလို မင်းစိုးရာဇာမိသားစုက အမျိုးသမီးတွေနှင့်လည်း ကွဲပြားသည်။
စိတ်ဝင်စားစရာကောင်းလှသည်။
ရှစ်ချင်းလျို့က စိုက်ပျိုးမွေးမြူရေးဝန်ကြီးနှင့် တခြားလူတွေကို သဘာဝဓာတ်မြေသြဇာပြုလုပ်နည်း သင်ကြားပေးခဲ့ကာ သူတို့က စမ်းကြည့်နေပြီး အလုပ်ရှုပ်နေကြသည်။
စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနမှာ အလုပ်လုပ်ဖို့ ရှစ်ချင်းလျို့ကို စိုက်ပျိုးမွေးမြူရေးဝန်ကြီးက ဖိတ်ခေါ်ခဲ့သည်။
စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနမှာ သူမကို ခြွင်းချက်အနေဖြင့် ထားကာ ရာထူးကောင်းကောင်းရဖို့ ဘုရင်ကြီးဆီကို တင်ပြမည့်အကြောင်းကိုပါ ပြောခဲ့သည်။
သို့သော်လည်း ရှစ်ချင်းလျို့က ယဥ်ကျေးစွာ ငြင်းပယ်ခဲ့သည်။
သူမက အိမ်မှာလုပ်စရာကိစ္စ အများကြီး ရှိသေးသည်။
ဒါ့အပြင် သူမ ခင်ပွန်း၊ ယောက္ခမတို့နှင့်အတူတူ အချိန်ကုန်ရတာ ပိုသဘောကျသည်။
သူမ တစ်ယောက်တည်း မြို့တော်ကို မလာချင်ပေ။
စိုက်ပျိုးမွေးမြူရေးဝန်ကြီးက နှမြောတသဖြစ်ဟန် ဖော်ပြခဲ့သည်။
သူမ အချိန်မရွေး လာလို့ ရကြောင်း ပြောကာ သူမ မြို့တော်မှာ ရှိခိုက် မေးစရာရှိတာတွေ မေးလို့ရမလားဆိုသည့်အကြောင်း ပြောခဲ့တော့ ရှစ်ချင်းလျို့က သဘောတူခဲ့သည်။
သူတို့နှစ်ယောက်က စကားဝိုင်းကို လျှို့ဝှက်မထားခဲ့တာကြောင့် ဒုတိယမင်းသား၊ ရှီရုံနှင့် တခြားလူတွေလည်း အကုန်ကြားခဲ့သည်။
ရှီရုံကတော့ ဖြစ်နေကျလို့သာ ပြုမူခဲ့သည်။
သူမရဲ့ လျို့လျို့က ဤကဲ့သို့ အံ့ဖွယ်ကောင်းတာ ဖြစ်သည်။
ဒုတိယမင်းသားက ထပ်ပြီး ထိတ်လန့်သွားခဲ့သည်။
အသက်ကြီးပြီး ခေါင်းမာသည့် စိုက်ပျိုးမွေးမြူရေးဝန်ကြီးကို ခြွင်းချက်အနေဖြင့် ထားစေကာ အမျိုးသမီးက ဦးဆောင်နိုင်ခဲ့သည်။
ဤအချင်းအရာကို ကြည့်ခြင်းဖြင့် သူမက တကယ်လုပ်နိုင်စွမ်းရှိတာ ဖြစ်သည်။
စိုက်ပျိုးမွေးမြူရေးဝန်ကြီးနှင့် တခြားလူတွေက အလုပ်ရှုပ်နေသဖြင့် ရှစ်ချင်းလျို့တို့က တော်ဝင်ယာစိုက်ခင်းကနေ ပြန်ခဲ့လေသည်။
အပြန်လမ်းမှာ ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းလိမ့်မည်ဟု မည်သူမှ မထင်မိခဲ့ပေ။
အရှေ့လမ်းက ရွှံ့ထူနေသဖြင့် လမ်းလျှောက်ဖို့ မလွယ်ပေ။
ရှီရုံရဲ့ လူတွေက ဇရပ်စုတ်လေးတစ်ခုမှာ အရင်မိုးခိုဖို့ အကြံပြုခဲ့လေသည်။
ထို့ကြောင့် သူတို့က ဇရပ်စုတ်လေးဆီ သွားခဲ့လေသည်။
သူတို့ရောက်သည့်အချိန်မှာပဲ ထိုနေရာမှာ သူတို့သိသည့်လူတွေ ရှိနေတာကို တွေ့လိုက်လေသည်။
ရှီရုံက ရှီလွေ့၊ လျန်ယို့ရှောင်နှင့် တခြားလူတွေကိုကြည့်ကာ မေးလိုက်လေသည်။ "နင်တို့က ဒီမှာ ဘာလုပ်နေတာလဲ။"
ရှီလွေ့က မြင်းရထားလုံးပေါ်က ဆင်းရင်း ကိုယ်ပေါ်က မိုးစက်တွေကို ခါလိုက်လေသည်။ "မြို့တော်မှာ ပျင်းနေတာနဲ့ မင်းကို ရှာပြီး အမဲလိုက်ဖို့ လုပ်မလို့ လာခဲ့တာ၊ မိုးသည်းသည်းမဲမဲ ရွာချလာမယ်လို့ ဘယ်ထင်မလဲ၊ ငါတို့လည်း ဒီမှာ မိုးလာခိုရင်း မင်းတို့နဲ့ ဆုံတာပဲ။"
သူ စကားပြောပြီး မော့ကြည့်လိုက်တော့ အနောက်ကနေ လိုက်ဝင်လာသည့် ဒုတိယမင်းသားကို တွေ့လိုက်လေသည်။
သူက အစက ကြက်သေ သေသွားပေမယ့် သာမာန်ကာလျှံကာ အရိုအသေ ပေးလိုက်လေသည်။ "ဒုတိယမင်းသားကို အရိုအသေပေး နှုတ်ခွန်းဆက်သပါတယ်။"
လျန်ယို့ရှောင်နှင့် ကျန်လူတွေကလည်း ရှေ့တိုးလာကာ အရိုအသေ ပေးလိုက်လေသည်။ "ဒုတိယမင်းသားကို အရိုအသေပေး နှုတ်ခွန်းဆက်သပါတယ်။"
ဒုတိယမင်းသားက နူးညံ့ဖော်ရွေသည့်ဟန် ဆင်မြန်းလိုက်သည်။ "ယဥ်ကျေးနေစရာ မလိုပါဘူး၊ အပြင်မှာ ဒီလိုတွေ လုပ်နေစရာ မလိုဘူး။"
ခဏနေတော့ သူတို့နှင့် ပါလာသည့် အစောင့်တွေက မီးမွေးခဲ့သည်။
လူတိုင်းက စုဝေးကာ ထိုင်လိုက်ကြသည်။
ရာသီဥတုက နဂိုကတည်းက အေးနေကာ မိုးက အပြင်မှာ ဆက်ရွာနေတာကြောင့် ပိုအေးနေသည်။
သူတို့သခင်လေးတွေ မအေးအောင်လို့ ရေနွေးတည်ကာ သကြားနှင့် ချင်းပြုတ်ရည် လုပ်ပေးနေသည့် အခြွေအရံတွေလည်း ရှိသေးသည်။
ရှစ်ချင်းလျို့ ထိုင်ပြီးသည်နှင့် သူမက ရှီလွေ့၊ ရှီရုံနှင့် တခြားလူတွေနှင့် စကားပြောကာ ရယ်မောနေခဲ့သည်။
သူမက တောက်ပပြီး ရွှင်ပျကာ တက်တက်ကြွကြွရှိပုံပေါ်သည်။
ဒုတိယမင်းသားက လက်ဖက်ရည်ခွက်ပူပူလေး ကိုင်ထားပြီး သူမကို ကြည့်နေပေမယ့် သူ့အတွေးတွေကတော့ တစ်ခုခုတွေးနေပုံရသည်။
သူမကို တစ်ယောက်ယောက် စိုက်ကြည့်နေတာကို ရှစ်ချင်းလျို့က ခံစားမိခဲ့သည်။
သူမက ဒုတိယမင်းသားကို လှည့်ကြည့်ကာ မျက်ခုံးပင့်ပြခဲ့သည်။ "ဘာလို့ ဒီလိုကြည့်နေတာလဲ၊ ကျွန်မလို လှပတဲ့မိန်းကလေးကို အရင်က မမြင်ဖူးခဲ့ဘူးလား။"
သူမရဲ့စကားကိုကြားတော့ ရှီလွေ့နှင့်ကျန်လူတွေက ပါးစပ်ထဲက လက်ဖက်ရည်တွေ ထွေးထုတ်မိခဲ့လေသည်။ "ဖွီး။"
ရှစ်ချင်းလျို့က တကယ့်အံ့ဖွယ်မိန်းမပဲ။