← Chapters

သူက ဉာဏ်ကောင်းသည့်လူတွေကို သဘောကျသည်

Vol. 14 Ch. 202

သူက ဉာဏ်ကောင်းသည့်လူတွေကို သဘောကျသည်

Vol. 14 Ch. 202

လျန့်ရှောက်ဟန်က တခစ်ခစ်ရယ်မောနေသည့် ခိုင်မာသည့် သူငယ်ချင်းဆက်ဆံရေးရှိသည့် သူတို့ကို ကြည့်နေခဲ့သည်။

သူက စကားဝိုင်းထဲ ဝင်မပါနိုင်ခဲ့ပေ။

သူက စိတ်ခံစားချက် ကောင်းမနေပေ။

သို့သော်လည်း ရှစ်ချင်းလျို့က ထိုအထက်တန်းလွှာတွေနှင့် ကောင်းမွန်စွာ ရောနှောနေထိုင်နိုင်တာ သိသာသည်။

ရှီလွေ့နှင့် ကျန်အထက်တန်းလွှာက လူတွေရဲ့ စိတ်ထားက မောက်မာလှသည်။

သူတို့က သူစိမ်းကိုဆိုရင် ပုံမှန်အားဖြင့် နှစ်သက်လေ့မရှိပေမယ့် အခုမှ သူစိမ်းကို သူတို့တွေ တစ်ဦးချင်းဆီ ကောင်းမွန်စွာ ဆက်ဆံတာကို ပထမဆုံး မြင်ဖူးတာဖြစ်သည်။

ပြီးနောက် သူတို့က လူတိုင်းကို ညီတူညီမျှ ဆက်ဆံသည်။

ဒါဟာ ခက်ခဲသော်လည်း ရှစ်ချင်းလျို့က လုပ်နိုင်ခဲ့သည်။

သူမကို ပိုကြည့်လေလေ သူမက မရိုးရှင်းဘူးဟု သူခံစားလာရသည်။

သူက ပြုံးကာ မေးခဲ့သည်။ "မင်းပြောခဲ့တဲ့ ဆွယ်တာနဲ့ ဘောင်းဘီရှည်တွေကို ရှောင်းမှာလား။"

အရင်က နှစ်ခါလောက်ဓားဖြင့်ထိုးခံခဲ့ရသဖြင့် သူ့ကို တစ်စုံပေးဖို့ မတောင်းရဲတော့ပေ။

သူမ ငြင်းလိုက်မှာကိုစိုးပြီး သူ့ရဲ့ မြင့်မြတ်သည့် အဆင့်အတန်းကို ထိန်းသိမ်းထားချင်သေးသည်။

သူမသာ မိတ်ဆွေအသစ်ဖွဲ့ချင်ပါက သေချာပေါက်ကို လက်ဆောင်တစ်စုံပေးလိမ့်မည်။

သို့သော် ရှစ်ချင်းလျို့က ထိုမင်းသားနှင့် ဘာဆက်ဆံရေးမှ ရှိမနေချင်ပေ။ "နောက်တစ်ခါကျရင် ကျွန်မတို့က မြို့တော်မှာ ရောင်းချမှာပဲ၊ အရှင့်သား စိတ်ဝင်စားရင် ဝယ်ပြီး စမ်းကြည့်လို့ ရပါတယ်။"

ဘုရင်ကြီးက အသက်၄၀တောင် မရှိသေးပေ။

ဘုရင်ကြီးက ရည်မှန်းချက် ပြင်းပြလှသည့် ဘုရင်ကြီး ဖြစ်သည်။

သူက အလုပ်ကိုကြိုးကြိုးစားစားလုပ်ပြီး တာ့လျန်ကို စည်းစနစ်ကျစွာ အုပ်ချုပ်တာက သူ၏ မွေးရာပါပင်ကိုယ်စရိုက် ဖြစ်သည်။

လွဲချော်မှုတွေသာ မရှိခဲ့ပါက သူက တာ့လျန်ကို ဆယ်စုနှစ်တစ်ခု၊ နှစ်ခု သို့မဟုတ် ဒီထက် ကြာရှည်စွာ ပိုအုပ်ချုပ်နိုင်မည်ဖြစ်သည်။

သဘာဝအားဖြင့် တခြားလူတွေက ထီးနန်းကို တပ်မက်နေကြလိမ့်မည်။ ထိုအထဲမှာ သူ့သားတော်တွေလည်း ပါသည်။

ထို့ကြောင့် အရဲစွန့်ပြီး သူမက အာရုံစိုက်ခံရဖို့ မလိုပေ။

အကယ်၍ သူမသာ ရှေ့ဆက်လျှောက်ချင်ပါက ဘုရင်ကြီး၏ဘက်တွင်သာ ရပ်တည်ရမည်။

ဒါဟာ သူမနှင့် သူမခင်ပွန်း တွေးထားသည့်အရာဖြစ်သည်။

သေချာပေါက်ကို သူမက ရွှေပေါင်ကြီးကို ဖက်တွယ်မှာကြောင့် ဘာကြောင့် ဒီလောက် ပမွှားလေးတွေကို အာရုံနောက်ခံရမည်နည်း။

ဒီမင်းသားက အလွန်ရည်မှန်းချက်ကြီးသည်။

အခုကိုသူက ညီလာခံကလူတွေ သူ့ဘက်ပါအောင် သွေးဆောင်နေပြီဖြစ်သည်။

အနာဂတ်မှာ တခြားလူတွေကို သူအရှုံးမပေးမှာလည်း သဘာဝဖြစ်သည်။

သို့သော် သူမနှင့် သူမခင်ပွန်းက ဤကဲ့သို့ ရည်မှန်းချက်ကြီးသည့် မင်းသားတွေနှင့် အဆက်အဆံ မပြုချင်ပေ။

ဘာပဲဖြစ်ဖြစ် တတ်နိုင်သမျှ ဝေးဝေးသာ နေချင်သည်။

ဒါဟာ လုပ်သင့်လုပ်ထိုက်သည့် အရာဖြစ်သည်။

ဒါ့အပြင် ဘုရင်ကြီးသာမက အိမ်ရှေ့စံကို အနိုင်လိုချင်သည့် မင်းသားတွေလည်း ရှိသေးသည်။

နောက်ဆုံးအနိုင်ရရှိသူက ဘယ်သူဖြစ်မလဲဆိုတာ မသေချာသေးပေ။

အိမ်ရှေ့စံမင်းသားက သိုသိုသိပ်သိပ်နေဖို့ အလွန်ဉာဏ်ကောင်းသည်။

အနည်းဆုံးတော့ သူက အာဏာစွမ်းအားတွေကြောင့် စုံလုံးကန်း မသွားခဲ့ပေ။

လျန့်ရှောက်ဟန်က သက်ပြင်းချလိုက်သည်။ ဒီအမျိုးသမီးက တကယ်ကိုသူ့ကို အရှက်ရစေတာပဲ။

တကယ်တော့ သူက အမှန်ကို သိပြီးသားဖြစ်သည်။

အကယ်၍ သူသာ ရှစ်ချင်းလျို့ဆီက တောင်းဆိုခဲ့ပါက "ကျွန်တော်မျိုးမက အရှင့်သားနဲ့ မရင်းနှီးဘူး၊ ဒါကြောင့် လက်ဆောင်ပေးဖို့ မသင့်လျော်ပါဘူး။"ဟူသော စကားတွေဖြင့် ပိတ်ပင်နိုင်သည်။

ရှစ်ချင်းလျို့က သူ့နှင့်ဝေးဝေးနေချင်တာကိုတွေ့တော့ လျန့်ရှောက်ဟန်က စိတ်ရှုပ်နေခဲ့သည်။

သူက ဝတ်ကျေတမ်းကျေ ပြန်ဖြေခဲ့သည်။ "ကောင်းပြီ။"

တစ်နာရီလောက်ကြပြီးနောက် မိုးတိတ်သွားသဖြင့် သူတို့က မိုးကာတဲကထွက်ကာ မြင်းရထားလုံးဆီ ဝင်သွားခဲ့လေသည်။

ရှီရုံနှင့် ရှစ်ချင်းလျို့က မြင်းရထားလုံးတစ်ခုဆီ ဝင်ထိုင်ခဲ့သည်။

ရှီရုံက လေသံတိုးတိုးဖြင့် ပြောခဲ့သည်။ "လျို့လျို့၊ ငါ့ရဲ့ ဒုတိယဝမ်းကွဲအစ်ကိုက လူကောင်း မဟုတ်ဘူး၊ သူနဲ့ ဝေးဝေးနေတာ ကောင်းမယ်။"

သူမက အထက်တန်းလွှာက အမျိုးသမီးဖြစ်သော်လည်း နန်းတွင်းမှာ ကြီးပြင်းလာတာကြောင့် ကိစ္စအများကြီးကို သိသည်။

ရှစ်ချင်းလျို့က ပြုံးကာ မေးခဲ့သည်။ "သူက ဘာလို့ လူကောင်း မဟုတ်တာလဲ။"

ရှီရုံက ပြန်ဖြေခဲ့သည်။ "သူက လက်ထပ်ယူမလိုလိုနဲ့ မင်းစိုးရာဇာမိသားစုက အမျိုးသမီးတွေကို သွေးဆောင်ခဲ့ပြီးတော့ နောက်ဆုံးတော့ ဘယ်သူ့ကိုမှ မယူခဲ့ဘူး၊ အဲ့အမျိုးသမီးတွေ အိမ်ထောင်ကျသွားရင်တောင် သူ့ကို အမှတ်ရနေလိမ့်မယ်၊ နင့်စကားနဲ့ ပြောရရင် သူက ဆန်ကုန်မြေလေးပဲ။"

ဒုတိယမင်းသားက ထိုသို့ဖြစ်လိမ့်မည်ဟု ရှစ်ချင်းလျို့ မထင်မိခဲ့ပေ။ "သူက တကယ့်ဆန်ကုန်မြေလေးပဲ။"

သို့ပေမယ့် သူကထူးချွန်သည့် ဆန်ကုန်မြေလေးဖြစ်ကာ မင်းသားဟူသော တော်ဝင်ဂုဏ်ပုဒ် ရှိသေးသည်။

သူ့ရဲ့ ညှို့ဓာတ်နှင့် နူးညံ့မှုကို တမင်လစ်ဟပြသထားပါက အမျိုးသမီးတွေ သူ့ကို လွယ်လွယ်ချစ်မိနိုင်သည်။

ရှီရုံက ပြောခဲ့သည်။ "သူက ဒီနေ့ ဒီကိုလာပြီး နင့်ကိုဖြားယောင်းတာပဲနေမယ်။"

သူမ အသံက ပိုပြီးနူးညံ့လာခဲ့သည်။ "သူက ရည်မှန်းချက်ကြီးတယ်၊ ဒါပေမဲ့ ငါတို့က တော်ဝင်မိသားစုရဲ့ အရေးကိစ္စထဲ ဝင်ပါဖို့ မသင့်လျော်ဘူး။"

သူမက ရှစ်ချင်းလျို့ကို သူငယ်ချင်းတစ်ယောက်လို စစ်မှန်စွာ ဆက်ဆံသည်။

မဟုတ်ပါက နောက်ဆုံးသတိပေးချက်ကို သူမ ထုတ်ပြောမည် မဟုတ်ပေ။

မင်းသားတွေက သူမကို သွေးဆောင်ဖို့ အကြိမ်များစွာ ကြိုးစားခဲ့ပေမယ့် သူမက ငြင်းပယ်ခဲ့သည်။

ရှစ်ချင်းလျို့ရဲ့ နှလုံးသားလေးက နွေးထွေးသွားခဲ့သည်။ သူမက ခေါင်းငြိမ့်ပြကာ ပြုံးပြခဲ့သည်။ "ငါ နားလည်တယ်၊ ငါတို့ကို အကျိုးအမြတ်မျှဝေပေးမယ့်လူကိုဆိုရင် ဘယ်သူ့ကိုမဆို ငါတို့ သစ္စာရှိရမယ်၊ သူတို့နဲ့ ပူးပေါင်းဖို့ စိတ်မဝင်စားဘူးဆိုရင်တော့ ဘာလို့ စိတ်ရှုပ်ခံနေမှာလဲ။"

သူမရဲ့ သူငယ်ချင်းကောင်းက ဉာဏ်ကောင်းတာကို ရှီရုံ သိသည်။

ထို့နောက် သူမက စကားလမ်းကြောင်းပြောင်းလိုက်သည်။ "ငါ ဆွယ်တာအစုံ ၂စုံ လိုချင်တယ်။"

ရှစ်ချင်းလျို့က တခစ်ခစ် ရယ်မောခဲ့သည်။ "၄စုံ ပေးမယ်။"

သူမက အသံထွက်အောင်ရယ်ခဲ့လေသည်။ "အား… လျို့လျို့က အရမ်းသဘောကောင်းတာပဲ။"

အရှေ့ရထားလုံးမှာထိုင်နေသည့် လျန့်ရှောက်ဟန်က ရှီရုံရဲ့ လွန်လွန်ကဲကဲ ရယ်သံကြီးကို ကြားလိုက်တော့ ဆွံ့အသွားခဲ့သည်။

ကြည့်ရတာ သူ့ဝမ်းကွဲညီမကို ဘယ်သူမှ လက်ထပ်ယူချင်ပုံမရပေ။

သူက ရှီလွေ့တို့အဖွဲ့နှင့် မရင်းနှီးချင်သော်လည်း သူ့ဘက်ပါလာအောင် သွေးဆောင်ချင်သည်။

ရှီရုံက မယ်တော်ကြီးနှင့် ဘုရင်ကြီး၏ အလေးပေးခြင်းခံရတာကြောင့် မင်းသားတိုင်းက သူမနှင့် ကောင်းမွန်သည့် ဆက်ဆံရေး လိုချင်သည်။

ရှီမိသားစုက မယ်တော်ကြီး၏ မိဘမျိုးရိုးဖြစ်တာကြောင့် ရှီလွေ့က မယ်တော်ကြီး၏ အလေးပေးခြင်းခံရသည်။

သူတို့ကိုသာ သူ့ဘက်ပါလာအောင် သွေးဆောင်နိုင်ပါက အသုံးဝင်လာနိုင်သည်။

လျန်မိသားစုက သိုသိုသိပ်သိပ် နေသော်လည်း စစ်တပ်အာဏာကို ကိုင်ဆောင်ထားကာ ညီလာခံရဲ့ အလေးပေးခြင်းခံရသူ ဖြစ်သည်။

သူတို့တွေရဲ့ မျိုးရိုးအမည် "လျန်"က အရင်ဘုရင်ကြီးကိုယ်တိုင် ချီးမြင့်ခဲ့တာ ဖြစ်သည်။

လျန်ယို့ရှောင်က စီးပွားရေးလုပ်ဆောင်ရာ၌လည်းတော်သည်။

သူအကျိုးအမြတ်ရအောင် တခြားလူတွေကို သူ့ဘက်ပါလာအောင် သွေးဆောင်ချင်သည်။

ဖေးယွီကျယ်ရဲ့ မိသားစုက ချင်းလျိုအရာရှိတွေရဲ့ ပင်မ ဖြစ်သည်။

သူတို့က ညီလာခံရဲ့ အလေးပေးခံရသူသာမက စာသင်သားတွေကြားမှာလည်း ဂုဏ်သတင်းကြီးသည်။

သခင်ကြီးဖေးက ဖေးယွီကျယ်ကို ပျိုးထောင်ပေးမည့် သတင်းကြားနေကာ သူ့ကို သူ့ဘက်ပါအောင် သွေးဆောင်နိုင်ပါက အကျိုးအမြတ်ရှိသည်။

အခု သူမြင်တွေ့ရသည့် အမြင်အရ ထိုအထက်တန်းလွှာက သခင်လေးတွေက ရှစ်ချင်းလျို့အပေါ် အာရုံစိုက်နေကြတာတွေ့တော့ သူ တကယ် အံ့သြရသည်။

အကယ်၍ သူသာ ရှစ်ချင်းလျို့ရဲ့ နှလုံးသားကို အနိုင်ရပါက ကျန်သည့် အထက်တန်းလွှာက သခင်လေးတွေကိုပါ သူ့ဘက်ပါအောင် လုပ်နိုင်မည်ဖြစ်သည်။

သူက လေးပင်စွာ ခေါင်းခါလိုက်သည်။

ဒီနေ့ သူ့အစီအစဥ် ကျရှုံးခဲ့တာ သိပ်နှမြောဖို့ကောင်းသည်။

ရှီလွေ့နှင့် ကျန်လူတွေက လွန်ကဲသည့် ရယ်သံကြီးကို ကြားလိုက်တော့ သူတို့က ရှီရုံကို ကြိတ်ဆဲလိုက်ကြသည်

ဒီမိန်းကလေးက မိန်းကလေးဖြစ်နေတာကို အခွင့်ကောင်းယူပြီး ရှစ်ချင်းလျို့ဆီက အကျိုးအမြတ်ရယူနေပြန်ပြီထင်တယ် ဟမ့်။

မြို့တော်က အရှေ့နန်းဆောင်တွင်ဖြစ်သည်။

မော့ချင်းလင်က အေးစက်ကာ ခက်ထန်သည့်အသွင်ရှိသည့် လူတစ်ဦးနှင့် စစ်တုရင် ကစားနေသည်။

ခဏနေတော့ သူကပြောခဲ့သည်။ "ငါရှုံးပြီ၊ မင်းရဲ့ စစ်တုရင်ကစားတဲ့ စွမ်းရည်က ပိုတိုးတက်လာတာပဲ။"

လျန်ဟန်ချန်ရဲ့ အေးစက်သည့်မျက်နှာက အပြုံးရိပ်ထင်သွားခဲ့လေသည်။ "နောက်တစ်ခေါက် မင်းပြန်လာရင် မင်းရဲ့စစ်တုရင်စွမ်းရည်က ငါနဲ့ရင်ဘောင်တန်းနိုင်ဖို့ မျှော်လင့်တယ်။"

သူတို့နှစ်ယောက်လုံးက အေးစက်ခက်ထန်သော်လည်း လျန်ဟန်ချန်က သာလွန်သည့်ပင်ကိုယ်စရိုက်ရှိကာ စွမ်းရည်တွေကို အကုန်ထုတ်မပြတတ်ပေ။

တစ်ဖက်က မော့ချင်းလင်ကတော့ သူ့စွမ်းရည်တွေကို တည်တည်ငြိမ်ငြိမ်သာ ထုတ်ပြတတ်သည်။

ထိုအချိန်မှာပဲ တံခါးခေါက်သံနှင့်အတူ လူတစ်ဦး ဝင်လာခဲ့သည်။

မော့ချင်းလင် ရှိသော်လည်း သူက သူ ဒီနေ့တွေ့ခဲ့သမျှကို တင်ပြခဲ့သည်။

သခင်လေးမော့ရှေ့မှာ ဘာမှဖုံးကွယ်ထားစရာမလိုကြောင်း အိမ်ရှေ့စံမင်းသား အမိန့်ပေးထားတာ ဖြစ်၏။

ဒုတိယမင်းသားက လုပ်ကြံခံရသလို ဒဏ်ရာရဟန်ဆောင်ပြီး ရှစ်ချင်းလျို့ဖြင့် နီးကပ်အောင် ကြိုးစားခဲ့ကြောင်းကြားတော့ မော့ချင်းလင်က ကြက်သေသေသွားခဲ့သည်။

လျန်ဟန်ချန် လက်ဝေ့ယမ်းပြလိုက်တော့ ထိုလူက ချက်ချင်းထွက်သွားခဲ့သည်။

သူက မော့ချင်းလင်ကိုကြည့်ကာ မေးခဲ့သည်။ "အရမ်းအံ့သြသွားလား။"

မော့ချင်းလင်က ခေါင်းငြိမ့်ပြခဲ့သည်။ "တစ်ယောက်ယောက်ကို အနိုင်ယူဖို့ ဒုတိယမင်းသားက ဒီလိုအကြံထုတ်လိမ့်မယ်လို့ မထင်မိခဲ့ဘူး။"

လျန့်ဟန်ရှောက်က ခနဲ့ခဲ့သည်။ "သူက အမြဲသွေးဆောင်ဖြားယောင်းတဲ့နည်းလမ်းကို သုံးခဲ့ပြီး အမြဲ အသုံးဝင်ခဲ့တာလေ၊ သူ ဒီလှည့်ကွက် သုံးပြီး မကြာခင် တတိယမင်းသား အရှုံးကြီး ရှုံးလိမ့်မယ်လို့ ယူဆတယ်။"

သို့ပေမယ့် သူ သတိမပေးခဲ့ပေ။

တတိယမင်းသားဖြင့် ဒုတိယမင်းသားကို ဖြည်းညှင်းစွာ တိုက်ခိုက်ခိုင်းမည်။ သူက ပွဲကြည့်ရမှာကိုပင် ပိုစိတ်လှုပ်ရှားနေသည်။

သူက စနောက်သလို ပြောခဲ့သည်။ "ဒါပေမဲ့ ရှစ်ချင်းလျို့ရဲ့ နည်းလမ်းက ငါ့ကိုအံ့သြစေတယ်။"

ဟိုးတုန်းကဆိုရင် သူ့အစ်ကိုတော်က ထိုလှည့်ကွက်ကို အမျိုးသမီးတွေအပေါ် ထုတ်သုံးတိုင်း အမြဲအောင်မြင်ခဲ့သည်။

မော့ချင်းလင်က ပြောခဲ့သည်။ "ရှစ်ချင်းလျို့က သာမာန် အမျိုးသမီး မဟုတ်ဘူး၊ ဒါ့အပြင် သူနဲ့ ရှောင်ဟန်ကျန့်က သိပ်ပြီး ဆက်ဆံရေးကောင်းတာ၊ ဒုတိယမင်းသား စိတ်ပျက်သွားမှာပဲ စိုးရတယ်။"

ဒုတိယမင်းသားက ဤနည်းတွေသုံးကာ တခြားလူတွေကို သွေးဆောင်တာမျိုးကို သူ သဘောမကျပေ။

လျန့်ရှောက်ဟန်က ပြုံးကာ ပြောခဲ့သည်။ "မင်းဆီက တခြားလူကို ချီးကျူးတာ ကြားရခဲတယ်၊ အခွင့်ကြုံရင် ရှောင်ဟန်ကျန့်တို့ ဇနီးမောင်နှံနဲ့ ဆုံချင်သေးတယ်၊ အခု မင်းသာ သူတို့နဲ့ ဆက်ဆံရေးကောင်းရင် ငါ့အစ်ကိုတော်တွေရဲ့ တော်ဝင်ဂုဏ်ပုဒ်က ကြာကြာခံမှာ မဟုတ်ဘူး။"

မော့ချင်းလင်က သူ့ဝမ်းကွဲညီအစ်ကိုဖြစ်ကာ သူယုံကြည်ရသည့် လူတွေထဲကတစ်ယောက် ဖြစ်သည်။

သူတို့မိသားစုရဲ့ အဆင့်အတန်းကြောင့် သူတို့က အတူတူ ပေါင်းသင်းဖို့ ကံတရားပါခဲ့ကာ မော့ချင်းလင်က သူ့ကို ထောက်ပံ့ဖို့ ဘယ်တော့မှ မဖုံးကွယ်ခဲ့ပေ။

မော့ချင်းလင်က ရယ်လိုက်သည်။ "ရှောင်ဟန်ကျန့်တို့လင်မယားက သွေးဆောင်ဖို့မလွယ်ဘူး၊ သူတို့က သိပ်ဉာဏ်ကောင်းပြီး အသိဉာဏ်ကြွယ်တယ်၊ ငါတို့ဘက် ရပ်တည်မှာ မဟုတ်ဘူး။"

လျန့်ဟန်ရှောက်က လက်ထဲက စစ်တုရင်စေ့ကို ကစားကာ သာမာန်ကာလျှံကာ ပြောလိုက်သည်။ "ငါတို့ဘက် မပါလည်း ရပါတယ်။"

သူက ဉာဏ်ကောင်းသည့်လူတွေကို သဘောကျသည်။

All Chapters